အရပ်ရှည်စေရန် စားသင့်သည့် အစားအစာများ


လေ့လာမှုအများအပြားအရ သင် စားသုံးတဲ့အစားအစာက ကြီးထွားနှုန်းပေါ်မှာ သိသိသာသာ သက်ရောက်မှုရှိတယ်လို့ သိရပါတယ်။ အပျိုဖော်၊ လူပျိုဖော်ဝင်ပြီးနောက်ပိုင်းမှာ အရပ် ဆက်လက်ရှည်ဖို့အတွက် စားသုံးသင့်တဲ့အစားအစာရှိသလို ရှောင်သင့်တဲ့ အစားအစာတွေလည်း ရှိပါတယ်။ အောက်ပါအာဟာရအုပ်စုတွေက အရပ်ရှည်ဖို့အပြင် ကျန်းမာရေးကောင်းဖို့အတွက်ပါ အရေးကြီးတဲ့ကဏ္ဍမှာ ပါဝင်ပါတယ်။
taller.jpg
၁။ သတ္တုဓာတ်များ

အရပ်ရှည်ဖို့အတွက် သတ္တုဓာတ်တွေကို မှန်ကန်တဲ့ပမာဏရရှိအောင် စားသုံးဖို့ လိုအပ်ပါတယ်။ ဒီသတ္တုဓာတ်တွေက ခန္ဓာကိုယ်အတွင်း ကြီးထွားဖို့ ကြွက်သားတွေနဲ့ ကိုယ်တွင်းအင်္ဂါတွေကို လောင်စာရရှိဖို့အပြင် ပျက်စီးနေတဲ့အစိတ်အပိုင်းတွေကို ပြုပြင်ဖို့အတွက် အသုံးဝင်ပါတယ်။ ကယ်လ်စီယမ်က သတ္တုဓာတ်ထဲမှာ အရပ်ရှည်ဖို့အတွက် အရေးကြီးဆုံးပါ။ ကယ်လ်စီယမ်အပြင် ဖော့စပရပ်စ်ဓာတ်ကလည်း အရပ်ရှည်ဖို့ လိုအပ်ပါတယ်။ ဒီသတ္တုဓာတ်နှစ်မျိုးစလုံးကို နို့နဲ့ နို့ထွက်ပစ္စည်းမှာ ရရှိနိုင်ပါတယ်။ ငါး၊ အသားနဲ့ ဟင်းသီးဟင်းရွက်တွေမှာလည်း ဖော့စပရပ်စ်ဓာတ်များစွာပါဝင်ပါတယ်။
…………………………………………………………………………..
၂။ ဗီတာမင်များ

ဗီတာမင်ကလည်း အရပ်ရှည်ဖို့အတွက် အရေးပါတဲ့အာဟာရပါ။ ကျန်းမာပြီး အရပ်ရှည်ဖို့အတွက် လုံလောက်တဲ့ပမာဏရှိတဲ့ ဗီတာမင်တွေကို ရရှိဖို့ လိုအပ်ပါတယ်။ ရေမှာ ပျော်ဝင်တဲ့အမျိုးအစားနဲ့ အဆီမှာ ပျော်ဝင်တဲ့ အမျိုးအစား နှစ်မျိုးရှိတဲ့အထဲမှာ အသား၊ ငါးနဲ့ နို့ထွက်ပစ်္စည်းတွေဟာ အဆီနဲ့ ရေမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင်အမျိုးအစားဖြစ်ပြီး ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကတော့ ရေမှာပျော်ဝင်နိုင်တဲ့ ဗီတာမင် အမျိုးအစားဖြစ်ပါတယ်။
…………………………………………………………………………..
၃။ ပရိုတင်း

ပရိုတင်းက ကြွက်သားတည်ဆောက်ဖို့အတွက် လိုအပ်ပါတယ်။ အရပ်ရှည်ဖို့အပြင် ကြွက်သားတွေ ပြည့်ပြည့်၀၀တည်ဆောက်နိုင်ဖို့၊ ဒဏ်ရာရ ကြွက်သားနဲ့ အသုံးပြုများတဲ့ ကြွက်သားတွေကို ပြန်လည်ပြုပြင်ဖို့ ပရိုတင်းဓာတ်ကို လုံလုံ
လောက်လောက် စားသုံးဖို့ လိုအပ်ပါတယ်။ တစ်သျှူးတွေ တည်ဆောက်ဖို့နဲ့ ပြန်လည်ပြုပြင်ဖို့ လိုအပ်တဲ့ Essential Aminoaicd တွေ အကုန်ပါဝင်တဲ့ ပရိုတင်းကို Complete Protein လို့ ခေါ်ပါတယ်။ အသား၊ ငါး၊ ဒိန်ခဲ၊ ကြက်ဥနဲ့ နို့ထွက်ကုန်ပစ္စည်းတွေမှာ Complete Protein များစွာ ပါဝင်ပါတယ်။ ခန္ဓာကိုယ်တည်ဆောက်ဖို့နဲ့ တစ်သျှူးတွေ ပြန်လည်ပြုပြင်ဖို့ အရေးကြီးတဲ့ အမိုင်နိုအက်စစ်အနည်းငယ်သာ ပါဝင်တဲ့ ပရိုတင်းကို Incomplete Protein လို့ ခေါ်ပါတယ်။

ဒီပရိုတင်းတွေက တခြားပရိုတင်းအမျိုးအစားတွေနဲ့ ပေါင်းစပ်ပြီး ခန္ဓာကိုယ်ရဲ့ ကြီးထွားမှုနဲ့ ပြုပြင်မှုလုပ်ငန်းတွေကို ပြုလုပ်ပေးနိုင်ပါတယ်။ အခွံမာသီး၊ ဥ၊ အစေ့အဆန်နဲ့ ပဲအမျိုးမျိုးမှာ Incomplete Protein တွေ များစွာ ပါဝင်ပါတယ်။
…………………………………………………………………………..
၎။ ကာဗိုဟိုက်ဒရိတ်

ကာဗိုဟိုက်ဒရိတ်က စွမ်းအင်ရရှိဖို့အတွက် အကောင်းဆုံးသော အာဟာရဖြစ်ပြီး သူ့မှာ ကြီးထွားဖို့နဲ့ အရပ်ရှည်ဖို့အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ်္တုဓာတ် အနည်းငယ်သာ ပါဝင်ပါတယ်။ ဒါကြောင့် ကာဗိုဟိုက်ဒရိတ်များများစားတာက အရပ်ရှည်တာကို ရပ်တန့်နိုင်ပါတယ်။ ကာဗိုဟိုက်ဒရိတ်တွေက အင်ဆူလင်အဆင့်ကိုလည်း မြင့်မားနိုင်တာမို့ Low Glycemic Index အမျိုးအစားဖြစ်တဲ့ ဆန်လုံးညိုနဲ့ ကောက်နှံတစ်ခုလုံး ပါဝင်စာတွေကိုသာ စားသုံးသင့်ပါတယ်။
…………………………………………………………………………..
၅။ အဆီများ

အဆီမှာ ပြည့်ဝဆီနဲ့ မပြည့်ဝဆီဆိုပြီး နှစ်မျိုးရှိပါတယ်။ ဒီအဆီနှစ်မျိုးစလုံးပါဝင်မှု များတဲ့ အစားအစာတွေက ကြီးထွားမှုကို ရပ်တန့်စေနိုင်ပါတယ်။ ဒါကြောင့် အရပ်ရှည်လိုသူတွေအနေနဲ့ အဆီပါဝင်မှုနည်းတဲ့အစာကိုသာ စားသုံးစေလိုပါတယ်။ အဆီစားသုံးတာများတာက ကြီးထွားမှုကို ရပ်တန့်ရုံသာမက ကိုယ်အလေးချိန်ကိုပါ မြင့်တက်စေနိုင်တာမို့ ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။ မလိုင်အပြည့်ပါတဲ့ နွားနို့၊ အနီရောင်အသားလိုမျိုး ပြည့်ဝဆီပါဝင်မှုများတဲ့အစားအစာတွေကို လျှော့စားပါ။ မပြည့်ဝဆီတွေကတော့ ပြည့်ဝဆီလောက် ကယ်လိုရီရော ကိုလက်စထရောပါ ပါဝင်မှု မများပါဘူး။ ဟင်းသီးဟင်းရွက်ဆီက မပြည့်ဝဆီ အမျိုးအစားပါ။
…………………………………………………………………………..
၆။ ရေ

အရပ်ရှည်ဖို့အတွက် ရေကလည်း အလွန်အရေးပါပါတယ်။ ခန္ဓာကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ငန်းဆောင်တာ ချောမောဖို့အတွက် ရေလိုအပ်ပါတယ်။ ရေဟာ နေ့စဉ် လှုပ်ရှားမှုပြုလုပ်နေရတဲ့ အဆစ်တွေ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်အောင် ချောဆီသဖွယ် ပြုမူပေးပါတယ်။

#ဒေါက်တာခင်မိုးမိုး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.