လူမှုကွန်ရက်ဖေစ့်ဘွတ်ခ်တွင် ပျံ့နှံ့နေသည့် အချစ်ရေးကိစ္စကို ပြန်လည်ဖြေရှင်းမည်မဟုတ်ဟု ယုသန္တာတင်ဆို

  

လူမှုကွန်ရက်ဖေစ့်ဘွတ်ခ်တွင် ဧပြီလ ၁၈ ရက်နေ့က စတင်ပျံ့နှံ့ခဲ့ပြီး ပရိသတ်များ စိတ်ဝင်စားနေကြသည့် အချစ်ရေးကိစ္စကို ပြန်လည်ဖြေရှင်းမည်မဟုတ်ကြောင်း သရုပ်ဆောင် ယုသန္တာတင် က ပြောကြားသည်။

“ ဒီကိစ္စက ညီမကို နာမည်ဖျက်တာမျိုး၊ သိက္ခာချတာမျိုး ဖြစ်တဲ့ အတွက် ဒီကိစ္စနဲ့ ပတ်သက်ပြီး ညီမဘက်က အများကြီး ဖြေရှင်းစရာ အကြောင်းမရှိပါဘူး။ အချိန်တန်ရင် သူ့ဟာနဲ့သူအဖြေပေးသွားမှာပါ။ ညီမကျန်တာတော့ ဘာမှမပြောတတ်ပါဘူး “’ဟု လူမှုကွန်ရက်ဖေစ့်ဘွတ်ခ်တွင် ပျံ့နှံ့နေသည့် အချစ်ရေး ကိစ္စအပေါ် ၎င်းက ထပ်လောင်း ပြောဆိုသည်။

လူငယ်သရုပ်ဆောင် မိုးယံဇွန်နှင့် ယုသန္တာတင် တို့ အပြန်အလှန်ပြောဆို ထားကြသည်ဟု ဆိုသည့် Chatbox Massage များနှင့် အသံဖိုင် (Voice Mail) မှာ လူမှုကွန်ရက်ဖေစ့်ဘွတ်ခ်တွင် ဧပြီလ ၁၈ ရက်နေ့က ပျံ့နှံ့ခဲ့ခြင်း ဖြစ်ပြီး ပရိသတ်အများစုနှင့် အွန်လိုင်းအခြေပြုဖျော်ဖြရေး Page များက ပြန်လည် မျှဝေခဲ့ကြသည်။

“ လူဆိုတာမျိုးကတော့ ဦးနှောက်ရှိတဲ့သူ ၊ ဦးနှောက်ပါတဲ့သူ ၊ စဉ်းစားတတ်တဲ့သူဆိုရင်တော့ စဉ်းစား တတ်မှာပဲလေ။ ညီမကျန်တာတော့ ဘာမှမပြောချင်ပါဘူး “’ဟု သရုပ်ဆောင် ယုသန္တာတင်က ပြောကြားသည်။

လူမှုကွန်ရက်ဖေစ့်ဘွတ်ခ်တွင် တွင် ပျံ့နှံ့ခဲ့သည့် အချစ်ရေး သတင်းနှင့်ပတ်သက်ပြီး သရုပ်ဆောင် မိုးယံဇွန်က “ ဪ အဆင်ပြေနေပါတယ် ခင်ဗျာ။ လူသိမခံချင်လို့ အနုပညာသမားတွေလည်း ဖြစ်နေတော့ အေးအေး ဆေးဆေး နေချင်နေတာပါ။ ချစ်သူတွေဆိုတော့ ချစ်တဲ့ ကြည်နူးတဲ့ပုံလေးတွေရှိတာ မဆန်းပါဘူး။ လူတိုင်းချစ်သူ ဖြစ်ရင် ဒီလိုပုံတွေရှိကြမှာပါ။ တချို့ပုံတွေက ကျွန်တော့် MTV က ပုံလေးတွေပါဗျာ။ ဒါပေမဲ့ Chatbox Massage တွေကတော့ အရမ်းကို ရယ်ရပါတယ်။ Voice Mail တွေကို အံ့လည်းအံ့ဩမိပါတယ် “ ဟု သူ၏ ဖေစ့်ဘွတ်ခ်စာမျက်နှာပေါ်တွင် ယနေ့(ဧပြီလ ၁၉ ရက်) နံနက်ပိုင်းက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။ 
   (ဓာတ်ပုံ- Moe Yan Zun Facebook)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.