ကျေးဇူးပြု၍ကျွန်မကိုအမျှဝေပေးပါ(စ-ဆုံး)

aq26.jpg

[၁]

မစောနှင်းဆက်။ကြာခဲ့ပြီ။အမကျွတ်လွှတ်သွားခဲ့ပြီနော်။
နောင်ဘဝမှာဤအဖြစ်ဆိုးမျိုးနဲ့မကြုံရပါစေနဲ့လို့
ဆုတောင်းပေးလိုက်ပါတယ်…..

“ကျွန်မကိုမထားခဲ့ပါနဲ့၊မောင်”
“ဟာကွာ၊ဒီမိန်းမ”
“ဖျန်းးးးးး”
နှုးညံ့လှသည့် ပါးနုသွေးလေးအား
ရက်စက်လှသောဓားသွားထက်က
ရိုက်ခတ်ဘိသကဲ့သို့။
မစောနှင်းဆက်၏ ပါးပြင်မှာ
လက်ဝါးရာကြီးနီရဲပြီးကျန်
ခဲ့လေသည်။
မျက်ရည်စီးချောင်းလေးက
အလိုလျောက်ပါးပြင်ထက်၌
စီးဆင်းကြလာသည်။
နူးညံ့လှသည့်ပါးကို
လက်ဖြင့်အသာအရာ
သူမကိုင်လိုက်သည်။
သူမပြောလိုက်သည်။
“နင်ငါ့ကို ကြိုက်သလိုနှိပ်စက်ပါ,
ဒါပေမယ့် ဗိုက်ထဲကနင်နဲ့ရထားတဲ့
အပြစ်ကင်းစ်င်တဲ့ကလေးကိုတော့
လူ့လောကထဲမရောက်သေးဘဲမနှိပ်စက်ပါနဲ့ဟာ,
ကလေးအတွက်စဉ်းစားပါအုံးဟာ”
“ဘာ!ကလေးအတွက်,ဟုတ်လား”
မျက်နှာ၌ရုပ်မာလှသောအပြုံးနှင့်
ရီနေသော ခွန်ပိုင်။
သားအတွက်ဘာဖြစ်ဖြစ်ရင်ဆိုင်မယ့်
မစောနှင်းဆက်။
သူမကံမကောင်းရှာပါဘူး။
အချစ်ကိုရူးမိုက်လွန်းခဲ့လို့
သူမရှုံးနိမ့်ခဲ့ရပြီ။
အောက်မှလဲကျပြီးမထနိုင်သော
သူမကိုထူဖော်မရဘဲလှည့်ထွက်သွားသည့်
ခွန်ပိုင်။သူမခွန်ပိုင့်ခြေထောက်အား
လှမ်းဆွဲထားသည်။
မျက်ရည်များကလည်းအဆက်မပြတ်
မြစ်သဖွယ်စီးဆင်းနေသည်။
“ခွန်ပိုင်၊စဉ်းစားပါအုံးဟာ၊
ငါတို့သားမိအတွက်နင်စဉ်းစားပါအုံးဟာ၊
နင်အဲ့ဒီမယားငယ်ကိုဘာလို့တွယ်တာနေရတာလဲဟာ”
“ဘာ!မယားငယ်….ဟုတ်လား!ကဲကွာ”
ဆွဲထားသည့်ခြေထောက်နှင့်ခွန်ပိုင်တစ်ယောက်
စောနှင်းဆက်၏မျက်နှာအားကန်လိုက်သည်။
“အားးးးး”
တွန့်လိမ့်သွားသည်။နာကျင်အောင်ခံစားလိုက်ရရှာမည်။
သူမတားလို့မရတဲ့အဆုံး၌
ခွန်ပိုင်အားလက်လွှတ်လိုက်တော့သည်။
ခွန်ပိုင်အားသူနောက်ဆုံးတွေ့လိုက်ရခြင်းပင်။
သူမကြိုးစားထလိုက်သည်။
အားကုန်သုံးပြီးထလိုက်၏။
ဒဏ်ရာများနှင့်သူမ
အောက်ထပ်ဆင်းသွားသည်။
ခွန်ပိုင်တစ်ယောက်လည်းကားဖြင့်
စောနှင်းဆက်နှင့်ဝေးရာသို့ထွက်သွား၏။
သူမလှေကားကိုတင်းကြပ်စွာကိုင်ထား၏။
လှေကားအားဆင်းလာသည်။
အောက်ထပ်သို့ရောက်သော်
ကြိုးတစ်ချောင်းကိုသူမယူလာသည်။
ခုံတစ်လုံးကိုလည်း
ဒဏ်ရာများခဏမေ့ထားကာ
ကြိုးစားသယ်လာသည်။
တမာပင်နား၌ချလိုက်သည်။
ခုံပေါ်သို့သူမတက်လိုက်သည်။
ကြိုးချည်ပြီးလည်ပင်းသို့စွတ်လိုက်သော်
သူမအောက်သို့ပြန်မဆင်းလာတော့ပေ။
သူမလောကကြီးမှအပြီးထွက်ခွာသွားပြီ။
သူမပြန်မလာတော့ပေ။
ကျွန်မတို့ကိုပင်မနှုတ်ဆက်ဘဲ
ထွက်ခွာသွားရက်သည်…….

[၂]

ခွန်ပိုင်ကိုသူမသိပ်ချစ်ခဲ့သည်။
သူမသည်သူဌေးသမီး။
ရွှေကဲ့သို့သောစည်းစိမ်
များကိုစွန့်ပစ်ပြီး
ဆင်းရဲသားခွန်ပိုင်နောက်အား
ကောက်ကောက်ပါအောင်
လိုက်ခဲ့လေသည်။
အလုပ်လည်းမလုပ်တတ်မကိုင်တတ်သည့်
သူတို့၂ယောက်အတွက်ဘဝကကြမ်းတမ်းခဲ့သည်။
ခွန်ပိုင်အတွက်သူဘာမဆို
လုပ်မည်ဟူသော
ခံယူချက်ကြောင့် သူမဆင်းရဲမှုဒဏ်အား
ကျေကျေနပ်နပ်ကြီးခံလိုက်သည်။
မိဘများသူမကြောင့် အရှက်ရခဲ့သည်။
သူမအားအမွေပြတ်စွန့်လွှတ်သည်ကို
ဂရုမထား။ကိုယ်ပြုတဲ့ကံကိုယ်ခံ
ဆိုသကဲ့သို့ပင်။
ကိုယ်လုပ်လို့ဖြစ်ခဲ့တာဘဲဆိုပြီးဖြေသိမ့်ခဲ့သည်။
ဖြစ်ခဲ့မှတော့ အဆုံးထိဆက်လျှောက်ရုံပေါ့
ဆိုပြီးကိုယ်ထူကိုယ်ထခဲ့သည်။
ခွန်ပိုင်အတွက် သူမဘာလုပ်ရလုပ်ရလုပ်မည်ဆိုကာ
ရက်ကွက်ထဲ၌ဈေးရောင်းခဲ့သည်။
ဟင်းသီးဟင်းရွက်များအား သူမရက်ကွက်ထဲတွင်
လှည့်လည်ရောင်ရရှာသည်။
ချွေးထွက်လို့ဆက်မလျောက်၍မရ။
နေပူလို့ဆက်မလျှောက်၍မရ။
ဝမ်းရေးအတွက်သူမကြိုးစားရှာသည်။
သို့သော်ခွန်ပိုင်တစ်ယောက်
ဘာအလုပ်မှမလုပ်။
စောနှင်းဆက်ရသမျှပိုက်ဆံသာဖြုန်းတက်၊သုံးတတ်သူ။
ရုပ်ကသားနားလှသမျှစော်တိုင်းကြိုက်၏။
သို့သော်ဆင်းရဲမှန်းမသိ။မိန်းမရှိမှန်းမသိ။
အိမ်ပေါ်သို့ တနေ့တစ်ယောက်ခေါ်လာ၏။
စောနှင်းဆက်တစ်ယောက်ဒါတွေကိုသူမသိ။
ပတ်ဝန်းကျင်ရဲ့စကားသံများကြောင့် သူမစုံစမ်းခဲ့သည်။
ခွန်ပိုင်တစ်ယောက်ခြေရှုပ်နေကြောင်းသိလိုက်ပြီ။
သူဌေးသမီးတစ်ယောက်နှင့်ဖြစ်နေသည်။
ထိုထောက်ပံ့မှုကြောင့် သားသားနားနားနေနိုင်သည်။
ကားစီးနိုင်သည်။စောနှင်းဆက်၁ယောက်
ခွန်ပိုင်ကားပေါ်လည်းမထိုင်ဖူး၊ယူပြီးနောက်ပိုင်း
ခွန်ပိုင်ဆီက ယုယမှု၊ကြင်နာမှုများဆို၍မရှိတော့ပေ။
ချစ်သူဘဝကထက်စိမ်းကားခဲ့သည်။
ရက်စက်ခဲ့သည်။
သူမတနေ့တော့ဈေးသွားရောင်းတော့မည်
ဟုဆိုကာထွက်လာပြီး အကွယ်တစ်ခု၌
စောင့်ကြည့်နေသည့်အဖြစ်အား
ခွန်ပိုင်မသိ။အရင်နေ့များကဲ့သို့
ကားတစ်စီးဖြင့် အိမ်ထဲသို့ဝင်လာသည်ကို
တွေ့နေရ၏။ကောင်မလေးတစ်ယောက်ဆင်းလာပြီး
ခွန်ပိုင့်ကိုပြေးဖက်လိုက်သည်။
စောနှင်းဆက်လက်ကိုကျစ်ကျစ်ပါအောင်
ဆုပ်ကိုင်လိုက်ပြီး သူမရင်ဘက်ကိုထုနေ၏။
မျက်ရည်များကျလာပြီ။သူမခွန်ပိုင့်အားဒီအချိန်မှာ
ဝင်တွေ့လိုက်ကသူမရှုံးမည်။
သူ့သိက္ခာအတွက်လည်းငဲ့လိုက်ပြီး
မျက်ရည်များကိုပါးပြင်ပေါ်မှဖယ်ချကာ
ဈေးရောက်ထွက်ခဲ့သည်။
အိမ်သို့ပြန်နေကြအချိန်ပြန်ပြီး
မသိသကဲ့အိမ်ထဲဝင်ခဲ့၏။
ထိုင်ခုံ၌ခပ်တည်တည်ထိုင်နေသောခွန်ပိုင်အား-
“စောနက ကားနဲ့လာတဲ့တစ်ယောက်က
ဘယ်သူလဲ”
“ဟာ!ဘယ်၁ယောက်လည်း,ဘာတွေလာပြောနေတာလဲကွာ!”
“ဘာတွေပြောနေတာလဲဆိုတာနင့်
ကိုယ်နင်အသိဆုံးပါဘဲဟာ,နင်မလိမ်ပါနဲ့”
“ဟာ!မင်းဘာလဲကွာ,ကိုယ့်ဘာသာ
အေးဆေးနေစမ်းပါ”
“အေးအေးဆေးဆေးနေတယ်,ဇာတ်ရှုပ်တာနင်လေ,
အရှုပ်တွေကိုအိမ်သယ်လာတာနင်လေ”
“ဟာကွာ,နားငြီးလိုက်တာ,ဒီမိန်းမနဲ့တော့”
“တောက်!!!!”
ခွန်ပိုင်တောက်ခေါက်ပြီးအိမ်ခန်းထဲသို့
ဝင်သွားသော်စောနှင်းဆက်လည်း
ဘာမျှဆက်မပြောနိုင်တော့ပေ။

သူမအငိုတိတ်ပြီးလုပ်စရာရှိတာတွေဆက်လုပ်လိုက်တယ်။
နောက်တစ်နေ့ဈေးထွက်ရောင်းသော်မနေ့ကပုံ
စံအတိုင်းလုပ်သည်။
ခွန်ပိုင်နောက်တစ်ယောက်နှင့်
ဖောက်ပြန်သည်ကိုတွေ့ရပြန်ပြီ။
ဘာမျှမပြောဘဲဈေးဆက်ရောင်း
တယ်။အိမ်ပြန်ရောက်တော့
ခွန်ပိုင်မရှိဘူး။
ခဏကြာတော့ကားတစ်စီးရောက်လာတယ်။
ခွန်ပိုင်ကားပေါ်ကဆင်းလာသည်။
စောနှင်းဆက်၁ယောက်ခွန်ပိုင်ကိုမြင်တော့
သူ့ဆီကိုသွားပြီး
“ဖျန်းးးးးဖျန်းးးးး”
ပါးကိုဘယ်ပြန်ညာပြန်ချလိုက်သည်။
သူမနှုတ်ခမ်းအားကိုက်ထားပြီး
လက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်တယ်။
“စောနှင်းဆက်,,,,မင်းငါ့ကိုဘာလို့ရိုက်တာလဲ”
“ငါရိုက်ချင်လို့ရိုက်တာမဟုတ်ဘူး,,,ငါ့လက်
တောင်နင့်ပါးကိုထိရမှာရွံတယ်,ငါအတန်
တန်တာနေတဲ့ကြားကကိုနင်
လုပ်တာ,,,အဲ့ဒီတော့ငါမှားတာမဟုတ်ဘူး
ဆိတာနင်သင့်တယ်,နောက်ပြီးနင်သိထားသင့်တာ
ငါ့မှာနင်နဲ့ရတဲ့ရင်သွေးလေး
ရှိနေပြီ,,,နင်ဖခင်ကောင်း
တစ်ယောက်ပြီသအောင်ကြိုးစားပါတော့ဟာ”
“ဘာ!နင့်မှာငါနဲ့ရတဲ့ကိုယ်ဝန်ရှိနေပြီ,,,ဟုတ်လား,
မဖြစ်နိုင်တာတွေကိုယုံလွယ်အောင်မပြောစမ်းပါနဲ့
ဟာ,,,ရှိရင်လည်းအဲ့ကလေးကိုဖျက်ချလိုက်,နင့်ဘာသာ
မွေးချင်မွေးမမွေးချင်နေ,,,ငါနဲ့မဆိုင်ဘူး,တာဝန်တော့လာမယူခိုင်းနဲ့နော်”
စောနှင်းဆက်မျက်နှာကိုလက်ညှိုးထိုးပြောလိုက်သည်။
“နင်အဲ့လိုလွယ်လွယ်နဲ့မပြောနဲ့,
ငါ့သားလေးကဘယ်သူ့ကိုအဖေလို့
သွားခေါ်ရမှာလဲ,နင်ထွက်သွားလို့မဖြစ်ဘူး,”
ဒီလိုနဲ့ပြသာနာတွေအကြီးကျယ်တက်ပြီး
ခွန်ပိုင်တစ်ယောက်အိမ်ပေါ်ကနေအပြီးဆင်းသွား
တယ်။စောနှင်းဆက်လည်း
နောက်ဆုံးတော့ အသက်ကိုပါ
မနှမျောဘဲအဆုံစီရင်ခဲ့သည်။

စောနှင်းဆက်ဆုံးသွားသည်ကို
ခွန်ပိုင်သိသည်။
သူမအိမ်နှင့်ခြံလေးတစ်လုံးဖြစ်အောင်
ပိုက်ဆံတွေရင်း၊ရွှေတွေထုခွဲ
ရောင်းချပြီးစုခဲ့ရတာတွေကို
ခွန်ပိုင်တစ်ယောက်
လွယ်လွယ်လေးအသုံးချလိုက်၏။
ိအိမ်နှင့်ခြံအားရောင်းစားလိုက်သည်။
(ခုခေတ်ဈေးနှင့်ဆိုလျှင်သိန်းထောင်ချီရ၏။)
ရောင်းစားပြီးသော် ဤမြို့နှင့်အဝေးဆုံးအားထွက်သွားပြီး
အိမ်ထောင်သစ်တစ်ခုကိုထူထောင်လိုက်သည်။
ဝယ်သွားသည့်သူကလည်း
ထိုအကြောင်းများကိုမသိပေ။
သို့သော် လှူချင်စိတ်ပြင်းထန်နေခြင်းကြောင့်
ဘုန်းကြီးကျောင်းတစ်ကျောင်းအားလူလိုက်သည်။
ဘုန်းကြီးလည်းနွေရာသီတရားစခန်းဖွင့်ရန်အတွက်
အလှူရှင်များအားပြောလိုက်သည်။
ထို့နောက်အားချင်းဆောက်ကြ၏။
ထိုသို့ဆောက်နေချိန်တွင်
အလုပ်လုပ်သည့်သူများအနက်
ထို၌၂ယောက်ကအစောင့်အနေနှင့်အိပ်ကြသည်။
ညအချိန်တွင် စောနှင်းဆက်
မကျွတ်လွတ်သေးသဖြင့်
အစောင့်၂ယောက်အိပ်နေချိန်တွင်
ဟိုဘက်သွားလိုက်ဒီဘက်သွားလိုက်လုပ်နေသည်ကို
အလုပ်သမားတစ်ယောက်တွေ့သည်။
“ဘာကြီးလဲမသိဘူး၊ဖြူဖြူကြီးက”
ထပြီးကြည့်လိုက်သည်။
သူ့ရှေ့တည့်တည့်တွင်စောနှင်းဆက်တစ်ယောက်
ငုတ်တုတ်ထိုင်နေသည်ကိုတွေ့သော်-
“သရဲဗျို့,,,,,,,,.သရဲ”
“အားးးးးးးးးးးးးးးးး”
ငယ်သံပါအောင်အော်နေသည်ကြောင့်အလုပ်သမားတွေလည်းနိုးလာသည်။
“ဟာ!ဘာလဲကွာ,,,မင်းကလဲ,အိပ်နေတာကို,
ဘယ်မှာလဲသရဲ”
အိပ်ချင်မူးတူးနှင့်မေးနေသည့အမေးကိုအဖြေကား,,,,
“မင်းးးးမင်းးးးမင်းးးရှေ့ရှေ့ရှေ့”
“ဟာမင်းကလည်းကွာ,,.ပြောစရာရှိတာမပြောဘူး”
“ဟျောင့်,,.မင်းရှေ့မှာငုတ်တုတ်ကြီးထိုင်နေတယ်လေကွာ”
အဲ့ချိန်မှမျက်လုံးပွတ်ပြီးကြည့်လိုက်သော်,,,
အမှန်ပေ။စောနှင်းဆက်ငုတ်တုတ်ကြီးထိုင်ပြီး
သူတို့၂ယောက်အားကြည့်နေ၏။
ထို့နောက်ရယ်ပြလိုက်သည်။
သူတို့လည်းဘာလုပ်ရမှန်းမသိတော့ဘဲ
“အားးးးးးးသသသသသရဲဗျို့”
အပြင်ကိုထွက်ပြေးကြသည်။
ရပ်ကွက်အတွင်းပတ်ပြေးသော်မီးကင်း
စောင့်သည့်သူများဆီရောက်တော့မှ
သူတို့လည်းအသက်ရှုနိုင်တော့သည်။
“ဟာဗျာ,,,တော်တော်လန့်သွားတ်,ကျွန်တော်တို့၂ယောက်ကို
ငုတ်တုတ်ကြီးထိုင်ကြည့်
နေတာဗျာ၊ရယ်တောက်ရယ်ပြလိုက်သေတယ်”
ထိုအခါမီးကင်းစောင့်သည့်လူက
“အေး၊စောနှင်းဆက်ခဗျာအကျွတ်ရှာသေးဘဲကို”
“စောနှင်းဆက်!ဟုတ်လား ဘကြီး”
“အေးဖြစ်ပုံကဒီလိုကွ”
အကြောင်းအရာများကိုပြောပြပြီးသော်
“အော်သနားပါတယ်ဗျာကောင်မလေးက၊
ဒါပေမယ့်ကျွန်တော်တို့လည်းကြောက်တယ်ဗျ”
“အေးပေါ့ကွာ၊ဒါပေမယ့်အလုပ်တော့
ပြီးအောင်လုပ်ပါ”
“ခုတော့အဲ့အိမ်မှာပြန်မအိပ်ရဲတော့တာအမှန်ဘဲဗျာ၊
ကျွန်တော်တို့ကိုဒီမှာပေးအိပ်ပါနော်”
“အေး,,,,အေး,,,အိပ်ကြ,,,အိပ်ကြ”
ထို့နောက် သူတို့၂ယောက်ဘယ်သူမျှမပြောသော်
လည်းသိသွားကြ၏။
နောက်ပိုင်းတရားစခန်းဖွင့်သည့်
အချိန်၌သရဲခြောက်သည်
ဟုနာမည်ကြီးနေ၏။

[၃] [ဇာတ်သိမ်းပိုင်း]

ထိုတရားစခန်းအား ကျွန်မအဘွားနှင့်
အဘွားသူငယ်ချင်း၂ယောက်
ဝင်လေသည်။သရဲခြောက်မှန်း
လည်းသိကြသည်။
သို့သော်အသက်လည်းရလာပြီဆိုပြီးနီးနီးနားနား၌
တရားစခန်းဝင်ကြသည်။
“ခင်ညွှန့်ရေ,,,”
“အေး,မြပြော,လာရင်းကိစ္စ”
“ငါရယ,်နင်ရယ်,စိမ်းခက်တို့ တရာစခန်းဝင်ရအောင်”
“အေး,,,ငါတို့သူငယ်ချင်း၃ယောက်လည်း
အသက်ရလာကြပြီ,ကောင်းတာပေါ့ဟယာ,
ဒါနဲ့စိမ်းခက်ကကော လိုက်မယ်လို့ပြောလား”
“ငါတို့သူငယ်ချင်း၃ယောက်ဘယ်တုန်းက
မစည်းလုံးလို့လဲဟယ်,သူကလိုက်မယ်တဲ့ပြောပြီးပြီ,နင်ဘဲ
ကျန်တော့လို့နင့်ကိုလာပြောတာ,နင်သဘောကကော?”
“လိုက်မှာပေါ့,ငြင်းစရာလိုသေးလို့လား,ဒါပေမယ့်
အိမ်မှာက……”
ကျွန်မလည်းထွက်ပြီးပြောလိုက်သည်။
“ဘွားဘွား,သမီးအတွက်စိတ်ပူမနေနဲ့,ရတယ်,
အန်တီလေးဆို့အိမ်မှာသွားနေရလည်းအဆင်ပြေတာဘဲ,
ဘွားဘွားသားစိတ်ချပြီးသွားပါ”
“အေးပါကွယ်,ငါ့သမီးလေးအဆင်ပြေရင်ပြီးရောပါ,
အေးမြ,အဲ့ဆိုငါတို့၃ယောက်သွားမယ်လေ,ဘယ်နေ့လည်း?”
“မနက်ဖြန်သွားတာပေါ့ဟယ်”
“ဘယ်မှာဝင်မှာလဲအဲ့ဒါဆို”
“နီးနီးနားနားပေါ့ဟယ်,ဘာရှိလို့လဲ,သာသနာ့ရိပ်သာ
သွားတာပေါ့”
“အေးအေးမြ,မနက်ဖြန်တွေ့ကြတာပေါ့”
အသက်၆၀ကျော်ရှိကြပြီဖြစ်သော် ယခု
ထိအခင်မင်မပြတ်ရှိနေသေးသည်။
(ဘွားစိမ်းခက်ကတော့ဆုံးသွားပါပြီ)
၆၀ကျော်သာပြောသည်။ကျွန်မတို့၁၃၊၁၄နှစ်သမီးထက်
တက်ကြွသည်။အလုပ်၊အလှူအတန်းမည်ကိုမဆို
တက်တက်ကြွကြွလုပ်ဆောင်တက်ကြသည်။
ကျွန်မလည်းမနက်ဖြန်အဘွားတရားစခန်း
သွားရန်အတွက်လိုအပ်သည်များကို
ကူညီပေးနေလိုက်တယ်။
“သာသနာ့ရိပ်သာမှာ သရဲခြောက်တယ်ဆို,,,ဟုတ်လားဘွားဘွား”
“အော်မမြင်ရတဲ့ဝိညာဉ်တွေဆိုတာ
ရှိတာဘဲလေ၊သမီးရဲ့”
“ဘွားမကြောက်ဘူးလား၊”
“အော်၊ဘွားတို့အသက်အရွယ်ကကြောက်ရမယ့်အရွယ်မှမဟုတ်တော့တာ”
“အဘွားအဆင်ပြေရင်ပြီးတာပါဘဲ”
ဒီလိုနဲ့သူငယ်ချင်း၃ယောက်
“သာသနာ့ရိပ်သာ”တွင်၁လစခန်းဝင်ကြသည်။
သရဲခြောက်သည်ဟုလည်းအသံမကြားသို့သော်
တမာပင်အကျော်ဘက်ကိုမသွားဖို့တား
ထား၏။တမာပင်အကျော်ဘက်မှအိမ်သားများကိုလည်း
အသုံးမပြုဘဲအဆောင်သစ်ကအိမ်သာများသာအသုံး
ပြုရန်ပြောကြားထားတယ်။သို့သော် တညက……
ဘွားမြ၁ယောက်
“ဟာ,,,ခင်ညွန့်နဲ့စိမ်းခက်ရေ,ငါတော့ဗိုက်တွေ
တော်တော်ရစ်နေတယ်,တရားတောင်မထိုင်နိုင်တော့ဘူး,
ငါအရမ်းအောင့်နေပြီ,သွားတော့မယ်ဟယ်”
“အေးအေး,ဖြည်းဖြည်းသွားအုံး,မိုးရွာထားတာ,
ချောလဲနေအုံးမယ်”
“အေးပါ,အေးပါ”
ဘွားမြ၁ယောက်တားမြစ်ထားသည်ကိုမသိတော့ပေ။
ချွေးဇောများလည်းပျံနေ၏။
သတိလည်မထားမိပေ။
အိမ်သာကလည်းတော်တော်စုတ်နေ၏။
ကြာပြီဖြစ်၍ဆွေးလည်းဆွေမခိုင်လည်းမခိုင်တော့ပေ။
အိမ်သာ၏နောက်တွင် တမာပင်ရှိသည်။အစကတော့
ဘွားမြလည်းသတိမထားမိသည်မှာအမှန်ပေ။
ခဏအကြာမှသူစဉ်းစားမိသည်။
အိမ်သာကမှောင်နေ၏။သို့သော်
အမိုးဖွင့်ထားသည့် အတွက်လရောင်၏အလင်းသားရှိသည်။
သူသိလိုက်ပြီ။သရဲခြောက်တော့မည်ဆိုသည်ကိုလည်းသူသိ
၏။အသာလေးအပြင်ကိုထွက်မယ်အလုပ်
ရေခပ်လိုက်သည်။
အပြည့်ရှိနေသောရေ တစက်မျှပင်မကျန်တော့ဘဲဖြစ်သွား၏။
သူချွေးတွေလည်းပျံလာပြီ။
ဘာလုပ်ရမှန်းလည်းမသိတော့ပေ။
မျက်စိအားမှိတ်ထားသည်မှဖွင့်ကြည့်လိုက်သည်။
စောနှင်းဆက်အဘွားမြရှေ့တည့်တည့်တွင်ထိုင်ပြီးအဘွား
အားပြုံးပြကာ
“ကျေးဇူးပြု၍ကျွန်မကိုအမျှဝေပေးပါ၊
ကျွန်မဒီဘဝကနေကျွတ်ချင်လို့ပါ”
“အားးးးးးးးးးးးးးးးး”
ဘွားမြငယ်သံပါအောင်အော်လိုက်သည်။
ကျွန်မအဘွားနှင့်ဘွားစိမ်းခက်တို့ကလည်း
ကြားကြားချင်းလာသည်။
တွေ့လိုက်ရသည့်မြင်ကွင်းကား
အဘွားမြတစ်ယောက်ကြောက်လန့်ပြီးအော်ကာဘေးမှနံရံများ
ကိုလက်နှစ်ဘက်ဆန့်ထုတ်သလိုဖြစ်သွားသဖြင့်
အိမ်သာကာထားသည့်၎ခြမ်းလုံးပွင့်ထွက်သွားသည်။
အိမ်သာလည်းဆွေးပြီးယိုင်နေပြီဖြစ်သဖြင့်
ပွင့်ထွက်သွားသည်။
ဘွားဘွားနှင့်ဘွားစိမ်းခက်တို့လည်းတခြားသူများ
အားအကူညီတောင်းလေ၏။
ဘွားမြမှာတော့ စောင့်ကြောင့်ထိုင်နေရင်း
သတိမေ့နေသည်။ထိုအခါ အခြားသူများကလည်းဝိုင်း
ှပြီးသတိရအောင်ပြန်လုပ်ကြရသည်။
သတိရလာတော့မှဘွားဘွားတို့လည်းစိတ်အေးသွားရသည်။
ဘွားမြတစ်ယောက်ဆေးရုံပါတက်လိုက်ရသေးသည်။
ဘွားမြလည်းနောက်မှစောနှင်းဆက်အကြောင်းသိသော်
ကျောင်းအတွက်လှူရင်းစောနှင်းဆက်အတွက်အမျှပေး
ဝေပေး၏။စောနှင်းဆက်လည်း
အမျှအတန်းနှင့်ကုသိုလ်ကောင်းမှုတို့ကြောင့်
ကောင်းရာမွန်ရာဘဝသို့ရောက်မည်ဟုကျွန်မယုံကြည်ပါ
တယ်။ကျွတ်လွတ်သွားခဲ့သည်မှာ ယခုနှင့်ဆို
၎နှစ်ရှိခဲ့ပါပြီ…………………

*ဤအဖြစ်အပျက်များအားပြောပြသည့် ဘွားမြ
အားကျေးဇူးအထူးတင်ပါတယ်ရှင့်။

The End
5:01PM
Written by Shin Min Eain

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.