ဘ၀ခြားလဲချစ်နေမယ် ( စ / ဆုံး )

56.jpg
ယမုံ… နင့်ကို ၀ဏ္ဍ ခိုးခိုးကြည့်နေတယ်.. တွေ့လား.. မသိမသာကြည့်လိုက်.. ပေါ်တင်ကြီး သွားမကြည့်နဲ့ .. ဟိုက ရှက်သွားမယ် ခ်ခ်ခ်..
. သီတာ အပြောကြောင့် ယမုံ ခေါင်းလေး စောင်းပီး.. မသိမသာ လှမ်းကြည့်လိုက်တယ်…
ဝဏ္ဍ က ယမုံကို ခိုးကြည့်နေရင်း ယမုံ ဒီဘက် လှည့်လာတော့ ရှက်ကိုးရှက်ကန်းနဲ့ အအေး သောက်မလိုလုပ်လိုက်.. ငါးမုန့်ကြော် ကိုက်မလို လုပ်လိုက်နဲ့.. အိနြေ္ဒပျက်နေတာမြင်တော့…
ယမုံတစ်ယောက် ခိုးရယ်မိတယ်… အင်္ကျီအဖြူ လည်ကတုံးလက်ရှည်လေးကို ခေါက်တင်ထားပီး ယောပုဆိုးလေးနဲ့ ၀ဏ္ဍက ခေတ်ဆန်တယ်ဆိုတဲ့ ယောင်္ကျားလေးတွေထက် ပိုကြည့်ကောင်းနေ တယ်…
ဒါမယ့် မိန်းကလေးဘ၀ဆိုတော့ အိုက်တင်တော့ နည်းနည်းခံရမှာပေါ့…
ယမုံ သွားမယ်လေ ပိုက်ဆံရှင်းပီးပီ… ဘာတွေး နေတာလဲ…. ဆိုတဲ့ သီတာရဲ့ စကားကြောင့် တွေးနေတဲ့ အတွေးတွေကို ရပ်ပီး စာသင်ခန်းဘက်ကို လျောက်လာလိုက်တယ်…
ဝဏ္ဍက ယမုံကို အရမ်းချစ်တာ… ဒါပေမယ့် ယမုံကို ချစ်တာ ဖွင့်မပြောရဲခဲ့ဘူး…
ဟျောင့် ၀ဏ္ဍ မင်း ယောင်္ကျားမဟုတ်ဘူးလား ချစ်ရင် ချစ်တယ် ပြောလိုက်ပါလား.. မင်းကွာ ယောင်္ကျားမဟုတ်တဲ့အတိုင်းပဲ…
အေးကွာ.. လူဝိုင်း.. ငါလဲ ယမုံအရှေ့ရောက်ရင် ခြေတွေဒူးတွေတုန်ပီး အလိုလိုနေရင်း မောလာတယ်… ဒါမယ့် ငါယမုံကို အရမ်းချစ်တယ် ယမုံသာငါ့ဘ၀… ငါသူ့ကို သိပ်ချစ်တာ သူသိရင် ကောင်းမှာပဲ သူငယ်ချင်းရာ…
အဲလိုနဲ့ တစ်နေ့ကျတော့ ယမုံကို ဖွင့်ပြောဖို့ အကြောင်းဖန်လာတယ်…
ကျောင်းသားသစ်တွေကြိုဆိုပွဲမှာ ယမုံနဲ့ ကျွန်တော် ဘေးချင်းယှဉ်ထိုင်ရတယ်…
ဘေးကနေထိုင်နေတဲ့ သူမရဲ့ ကိုယ်သင်းနံ့လေးက ကျွန်တော်ရင်တွေ တဒုန်းဒုန်း ခုန်အောင် စွဲဆောင်လွန်းနေတယ်… သူမရဲ့မျက်နှာပါးပါးလေးက ဘေးတိုက်ကြည့် တော့.. နှာတံချွန်ချွန်လေးနဲ့… အရမ်းလှတာပဲ ဗျာ….
တစ်ဖက် ယမုံစိတ်ထဲမှာလည်း ၀ဏ္ဍက သူဘေးမှာ လာထိုင်ထဲက ရင်တွေတဒိတ်ဒိတ်ခုန်နေတာ ဘေးက ၀ဏ္ဍကြားသွားမှာစိုးလို့ လက်နဲ့ဖိထား ရတယ်….. တစ်ချက်တစ်ချက် မျက်ဝန်းချင်း ဆုံတဲ့ အချိန် ရင်ဘတ်နှစ်ခုထဲမှာ မီးတောင်ပေါက်ကွဲ သလို ၀ုန်းဒိုင်းကျဲနေတာကို နှစ်ယောက်သားက လွဲပြီး ဘယ်သူသိနိုင်မှာလဲ….
အဲဒီနေ့ကစပြီး ၀ဏ္ဍနဲ့ ယမုံ တစ်ယောက်ကို တစ်ယောက် စိတ်ဝင်စားခဲ့ကြပြီး သူငယ်ချင်းတွေ ရဲ့ ဖေးမကူညီမှုနဲ့ ချစ်သူဘ၀ကို ရောက်ရှိခဲ့တယ်. ချစ်သူဘ၀မှာလဲ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေ ယုံကြည်မှုတွေနဲ့ တည်ဆောက်ပီး ဘ၀တစ်ခုကို ထူထောင်ဖို့..
ကျောင်းပီးတဲ့အခါ မိဘတွေကို ဖွင့်ပြောပြီး
လက်ထပ်ဖို့အထိ စဉ်းစားခဲ့ကြတယ်.. တိုင်တည် ခဲ့ကြတယ်… ဘယ်တော့မှ မခွဲဘူးလို့ သစ္စာတွေ ဆိုခဲ့ကြတယ်…. အဲလိုနဲ့ချစ်သူသက်တမ်း ၁နှစ်စွန်းစွန်းရောက်တဲ့အချိန်….
ကို… မျက်နှာလဲ မကောင်းပါလား.ဘာဖြစ်တာလဲ.. ဘာမှမဖြစ်ပါဘူး.ယမုံ.. ခေါင်းလေးနည်းနည်းမူး နေတာ…
ကို… နှာခေါင်းမှာ… သွေးတွေ… သွေးတွေ…
ဟာ.. နှာခေါင်းသွေး လျှံနေပီ…
ဟာကွာ… ခေါင်းကို အပေါ်မော့ထား … တစ်သျှူးနဲ့သုတ်ထားပေးတယ်… ရေလေးရှူလိုက်နော်….
ကို.. သက်သာလား..
အင်း.. သက်သာပါတယ် ယမုံ… ဆေးခန်းသွားပြ လိုက်မယ်….
မနက်ဖြန်.. ဆုံနေကျ နေရာလေးမှာပဲ စောင့်နေနော်.. ကို ပြန်လာခဲ့မယ်…
ယမုံတစ်ယောက် ၀ဏ္ဍကို စောင့်နေတာ တစ်နာရီ ကျော်ကျော်ကြာနေပီ…
ဝဏ္ဍတစ်ယောက် ခုထိမရောက်လာသေးဘူး…
ခဏနေတော့.. လူဝိုင်း ရေးကြီးသုတ်ပြာ ပြေးလာတယ်…
ယမုံ… ၀ဏ္ဍဆေးရုံတင်ထားရတယ်… ခုသွေးသွင်း ထားရတယ်… အဲဒါလာပြောတာ…
ငါအခုဆေးရုံသွားမလို့ နင်လိုက်မှာလား…
ဝေ့ကျလာတဲ့ မျက်ရည်စတွေကို လက်ခုံနဲ့ သုတ်ပီး ….
အေး.. ငါလဲ လိုက်မယ်လေ… မြန်မြန်လေး လုပ်ပါ လူဝိုင်းရယ်.. ငါ့ရင်တွေ ပူလှပီ……
ဆေးရုံရောက်တော့ .. ကုတင်ပေါ်မှာ ၀ဏ္ဍ ..
မျက်နှာလေးက အနည်းငယ်ဖျော့နေတာက လွဲပြီး ကျန်တာအကောင်းကြီးပဲ…
သွေးပုလင်းက တစ်စက်ချင်းဆီကျနေတဲ့ သွေးစက်တွေကို ကြည့်ပြီး ပြိုဆင်းလာတဲ့ မျက်ရည်စတွေကို မျက်တောင်လေးနဲ့ ပုတ်ထုတ် လိုက်တယ်….
ဆရာဝန်ကပြောတယ်… သွေးဖြူအုတွေ များနေတာတဲ့… ဒါဆို ဒါဆို သွေးကင်ဆာပေါ့.. ဒါဆို သွေးကင်ဆာပေါ့…
ကိုရယ်… ယမုံကို ထားခဲ့တော့မှာလား… ကို အရမ်းချစ်တယ်ဆိုတဲ့ ယမုံ ကို ဘေးမှာ ရောက်နေပီလေ… ကျောင်းပီးရင် လက်ထပ်ကျ မယ်ဆို…. ကို ပြောခဲ့တာလေ… ခုတော့ ခုတော့.. အဟင့်အဟင့်…
ဝဏ္ဍရဲ့ လက်ဖ၀ါးလေးတွေကို ဆုပ်ကိုင်ရင်း ကျလာတဲ့ မျက်ရည်စတွေကို မထိန်းနိုင်ပဲ.. တတွတ်တွတ် ရေရွတ်နေမိတော့တယ်….
ကို့ရဲ့ အရင်က ပြည့်ဖောင်းခဲ့တဲ့ မျက်နှာ ၀ိုင်းဝိုင်း လေးက ခုတော့ တော်တော်လေး ချောင်ကျသွား တယ်နော်… ကို ထမင်းလဲ မစားဘူးဆို… အရင်က ကိုကိုလက်မောင်းလေးတွေက ကြွက်သားတွေနဲ့ တင်းနေတာ… ခုတော့ ပျော့တွဲတွဲဖြစ်နေပီနော်.. ဒါပေမယ် ကို ရဲ့ မျက်နှာလေးက အရင်လို မပြည့်တော့ပေမယ့် ယမုံအတွက်တော့ စွဲဆောင်မှု အပြည့်ပါပဲ… ကိုရယ်… ယမုံကို တစ်ယောက်ထဲ မထားသွားပါနဲ့နော်…
ယမုံတစ်ယောက် ပြောသမျှ စကားတွေကို ၀ဏ္ဍ ကြားတစ်ချက် မကြားတစ်ချက်နဲ့…
ခန္ဓာကိုယ်တစ်ခုလုံး..အားမရှိသလို ခြေတွေ လက်တွေလဲ မလှုပ်နိုင်ဘူး… ယမုံကတော့ နေ့တိုင်းလာပါတယ်… ယမုံလာရင် ကျွန်တော် ပျော်တယ်…
သူမမျက်နှာလေးကို ကြည့်ပီး သူမရဲ့ လက်ဖ၀ါး လေးကို ဆုပ်ကိုင်ပြီး နေရတာ ကျွန်တော် ပျော်တယ်…
ဟင်….ယမုံ ငိုနေတယ်.. ယမုံကျွန်တော်လက်ကို ကိုင်ပီး ငိုနေတယ်… ကျွန်တော်သိတယ်.. ကျွန်တော်စကားတွေအများကြီးပြောချင်တယ်…
ဒါပေမယ့် ကျွန်တော်ပြောတဲ့ စကားတွေက လည်ချောင်းဝမှာတင် ပျောက်ကွယ်သွားတယ်…
အဲလိုနဲ့ ၅ရက်မြောက်နေ့မှာ ကျွန်တော်ညာဘက်တစ်ခြမ်းလုံး လှုပ်လို့ မရတော့ဘူး… ကျွန်တော်အာရုံကြောတွေကို ချုပ်ကိုင်ခဲ့ပီ …
ကျွန်တော်ဘေးမှာ ယမုံငိုနေတယ်… ကျွန်တော် သေရတော့မှာလား… ကျွန်တော်ချစ်တဲ့ ယမုံကို ခွဲခွာရတော့မှာလား….
ကျွန်တော်မသေချင်ဘူး… ကျွန်တော် ယမုံ ဘေးမှာ နေချင်သေးတယ်….
ညတစ်ချက်ထိုးလောက်လဲကျကော… ကျွန်တော် အမြင်တွေေ၀၀ါးလာတယ်… ဒါပေမယ့် ပြောနေတဲ့ အသံတွေ ကျွန်တော်ကြားရတယ်.
ယမုံငိုနေတာ ကျွန်တော်ကြားတယ်.. ဒါပေမယ့် ကျွန်တော်မမြင်ရတော့ဘူး….
အသံတွေက တစ်ချက်တစ်ချက် ဝေးသွားလိုက် နီးလာလိုက်နဲ့…..
အဲလိုနဲ့ ကျွန်တော်တစ်ချက် သတိလစ်သွားတယ်. ကျွန်တော် သတိရလာတော့… ကျွန်တော့်ကုတင် ဘေးမှာ လူတွေ ၀ိုင်းနေပါလား…
ယမုံငိုနေပါလား.. မေမေ.. ဖေဖေ.. ညီမလေး.. အားလုံး ငိုနေကြပါလား….
ဒါဆို.. ငါ.. ငါ. သေသွားပီလား…. ငါယမုံကို စွန့်လွှတ်ရပီလား….
ယမုံ ကို ဘေးမှာ ရှိတယ်လေ… ယမုံ ..ယမုံ..ယမုံ.
ကျွန်တော်မျက်နှာကို လက်ဝါးနဲ့အုပ်ပီး ရှိုက်ကြီး တငင်ငိုချလိုက်တယ်….
ကျွန်တော်ငိုနေတာ ဘယ်သူမှမသိဘူး…. ယမုံလဲ မသိဘူး.. မေမေ ဖေဖေ ညီမလေး သူတို့လဲ မသိဘူး…..
ကျွန်တော် ယမုံအနောက်ကနေ တစ်ကောက်ကောက် လိုက်နေမိတယ်….
*****—*****—-*****—-*****
အဟင့်အဟင့်..ဟီးးဟီးးဟီးးး ကိုရယ်.. ယမုံတို့ ကတိတွေပေးခဲ့တယ်လေ.. ကျောင်းပီးရင် လက်ထပ်မယ်လို့ ကတိတွေပေးခဲ့ကြတယ်လေ…ခုတော့ ခုတော့ .. အီးးဟီးးဟီးး.
စိတ်ကိုထိန်းပါ ယမုံရယ်… သေတဲ့သူက သေသွားပီ.. နင်ခုလိုနေတာ သူသိရင် သူလဲ ဘယ်စိတ်ကောင်းပါ့မလဲ….
သူလဲ ခုနင့်ဘေးမှာ ရှိချင်ရှိနေမှာပါ…. သော်တာရဲ့ စကားကိုကြားတော့….
ယမုံ..ယမုံ..ကို ဘေးမှာလေ.. ဒီမှာလေ… ယမုံ ဘေးမှာထိုင်နေတယ်လေ.. ကို့ကို မမြင်ဘူးလား..ယမုံ…
ဝဏ္ဍပြောတာတွေကို ယမုံတစ်ယောက်မကြားနိုင် တော့ဘူး…
ယမုံတစ်ယောက် အိမ်ကိုပြန်လာခဲ့တယ်… လမ်းထိပ်ရောက်တော့ ကို အရမ်းကြိုက်တဲ့ …
ချောကလက်ဘီစကစ်လေး ၀င်ဝယ်တော့…
ကောင်မလေး… နင်နဲ့တူတူပါလာတဲ့ ကောင်လေးက အထဲမ၀င်ဘူးလား.. အပြင်မှာ ဘာလို့ ရပ်နေတာလဲ…
ဟင်… အဒေါ် ဘာပြောလိုက်တယ်… ဘယ်သူပါ လာလို့လဲ…
ဟိုမှာလေ .. အဲ.. ခုနကတောင် ရှိနေသေးတာ.. အင်္ကျီအဖြူလေးနဲ့လေ….
ယမုံတစ်ယောက် မျက်ရည်တွေ မထိန်းနိုင်တော့ ဘူး…. အဒေါ် ချောကလက်ဘီစကစ်. ၂ထုပ်ပေးပါ…
ကို… ယမုံဘေးမှာ အမြဲနေပေးပါနော်… ကို သွားချိန်မတန်သေးသရွှေ့ ယမုံဘေးမှာ နေပေး ပါနော်…. ကိုရယ်…
ဝဏ္ဍ ယမုံပြောတာတွေကို ကြားတယ်…ဒါပေမယ့် ယမုံကို ဘယ်လို ပြောရမလဲ… ငါပြောတာတွေကို သူသိအောင် ဘယ်လိုပြောရမလဲ….
ယမုံအိမ်ရှေ့ရောက်တော့.. ကို.. လိုက်ဝင်လို့ရအောင် ယမုံခွင့်တောင်း ပေးမယ်…ကို ယမုံဘေးမှာ ရှိနေရင် ယမုံကျေနပ်ပါပီ…
ယမုံအိမ်နဲ့ခြံမှာ စောင့်ကြပ်တဲ့ ပုဂ္ဂိုလ်တွေကို အိမ်ပိုင်ရှင် တစ်ယောက်အနေနဲ့ ကျွန်တော်ကို ၀င်ခွင့်ပေးဖို့ပြောခဲ့တယ်….
ကျွန်တော် ယမုံအိမ်ထဲ ၀င်ခွင့်ရခဲ့တယ်…
ကျွန်တော်ဝင်တဲ့အချိန် အိမ်ပေါ်ထပ်ထက်မလို့ လုပ်တော့…. ၀ုန်းဆို နောက်ပြန်လဲကျသွားတယ်.
ကျွန်တော်တက်လို့မရဘူး…. ယမုံကတော့ လှေကား တစ်ဝက်လောက်ထိတက်ပီး…. တစ်စုံတစ်ခုကို သတိရပီး ပြန်ဆင်းလာတယ်…
ပီးတော့ အသံတိုးတိုးလေး ပြောတယ်…
ကို မေမေ ဘုရားရှိခိုးနေတယ်… အဲဒါ အိမ်အောက်ထပ်မှာပဲ ယမုံနဲ့တူတူနေနော်….
ကို့ကို အရမ်းလွမ်းတာပဲကွာ.. ဘာလို့ ယမုံတို့ကို ခွဲသွားရတာလဲ ဟင့်ဟင့်အဟီးးး…..
ကျွန်တော်ယမုံဘေးမှာထိုင်ပြီး ယမုံပြောသမျှကို မျက်ရည်အတိုင်းသားနဲ့ နားထောင်နေမိတယ်…
ကျွန်တော်ယမုံကို စကားတွေအများကြီးပြောချင် ပေမယ့် ပြောခွင့်မရခဲ့ဘူး…..
ကျွန်တော်ယမုံကို သိပ်ချစ်တယ်…. ဒါပေမယ့် ဒီဘ၀မှာ မပေါင်းရတော့ဘူး….
အဲလိုနဲ့ ရက်လည်တဲ့နေ့ကို ရောက်လာတယ်…
ခါတိုင်းအမြဲရနေတဲ့ ကိုကိုဆွတ်တဲ့ ရေမွှေးနဲ့လေး အမျှမဝေခင်ထိ ရနေတုန်းပဲ…
ဒါကို ယမုံအနားမှာ ရှိနေတယ်ဆိုတဲ့ သဘောပေါ့. အမျှဝေ သာဓုလဲ ခေါ်ပီးကော… ရေမွှေးနံ့လေး မရတော့ဘူး….. ယမုံ တွေးလိုက်မိတယ်…
ကိုကို ကောင်းရာဘ၀ကို ရောက်သွားပီလို့ ယမုံ ယုံကြည်ပါတယ်…..
အချိန်ပြက္ခဒိန်စာရွက်တွေ တစ်ရွက်ပြီး တစ်ရွက် ကုန်ဆုံးခဲ့လေပီ……
ယမုံ ပြက္ခဒိန် စာရွက်ကို ကြည့်ရင်း….
အော် ဒီနေ့ဆို ကိုကိုဆုံးတာ ၁၀နှစ် ပြည့်ခဲ့ပီပဲ…
ငါတောင်အသက် ၃၀ ကပ်နေပီ… ကို ကော ခု ဘယ်ဘ၀များ ရောက်နေမလဲ ဆိုပီး တစ်ယောက် ထဲ တွေးရင်း… တဘက်ကလေး.ပခုံးပေါ်တင်ပြီး ကိုကို နေ့နံ ဗုဒ္ဓဟူးနေ့ …
ဂြိုလ်တိုင်အရှေ့မှာ ဘုရားရှိခိုးဖို့ အသွား….
ယမုံ…….
ဟင်… နာမည်ခေါ်သံကြားလို့ လှည့်ကြည့် လိုက်တော့…. ၉နှစ်အရွယ်ကောင်လေးတစ်ယောက်….
ကို…. ပါးစပ်က လွှတ်ခနဲ့ ယောင်ပြီး ထွက်သွား မိတယ်.. ဟုတ်ပါတယ်.. ကိုကို ငယ်ငယ်က ရုပ်အတိုင်းပဲ….
ယမုံ… ကိုလေတဲ့….
၉နှစ်ကလေးက သူမကို ယမုံတဲ့လေ….
ယမုံပြုံးလိုက်မိတယ်……
သေချာတာပေါ့ အဲဒါ ကိုကိုပဲလေ….
၇နှစ်ခန့်အကြာ……
မောင်ဝဏ္ဍစိုးနဲ့ မနှင်းယမုံတို့ ၏ မင်္ဂလာဧည့်ခံပွဲ ဆိုတဲ့ ဆိုင်းဘုတ်ကြီးက ၀င့်ထည်စွာ လှပစွာ ကြည်နူးစွာ… ဖြင့်…..
ချစ်သောသူတိုင်းပေါင်းဖက်နိုင်ပါစေ…
ပြီးပါပြီ….

Writer- ဇေယန ( ရာမည )

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.