နတ်စိမ်းဘဝနှင့်••သွေးသစ္စာရှင်

57.jpg

{စ/ဆုံး}

{၁}
~~~~~~~~~~~~~~~~~~~~
“””အူဝဲ•••အူဝဲ••••အူဝဲ•••””””
မြလှတစ်ယောက်••မွေးကင်းစကလေးငယ်၏
အော်သံကြောင့်••သေတော့မလားထင်ရတဲ့ဝေဒနာက
ယူပစ်သလိုပျောက်သွားရသည်။
“””သမီးလေးတော့•••ငယ်ငယ်လေးနဲ့
လှလိုက်တာ•••မျက်ခုံးလေးထင်းနေတာပဲ”””
သမီးလေးဆိုသည့်အသံကြောင့်••မှေးနေသော••
မျက်လုံးကိုအားယူဖွင့်လိုက်ကာ•••
ဝမ်းဆွဲသည်ကလည်း••အလိုက်တသိ
ကလေးအားမြလှရှေ့ကိုတိုးပေးလိုက်သည်။
ပီတိအဟုန်က•••မျက်လုံးမှတစ်ဆင့်အသွေးအသား
ထဲထိစိမ့်ဝင်စီးသွားကာကြက်သီးမွေးညင်းပင်ထလာသည်။
နီတာရဲ••သမီးလေးက••လပြည့်ဝန်းလိုပြည့်ဖြိုးလင်းလက်
နေလေသည်။•••••
“”သမီးလေး•••မေ့သမီးလေးးး”””
ဝမ်းသာလွန်း၍••မျက်ရည်ပင်စို့လှသည်။
မြလှဆိုတာနာမည်သာမြလှပါ•••ငွေကြေးပြည့်စုံပေမယ့်
အကျည်းတန်လှသော••ရုပ်ရည်ဆိုတာ
ကိုယ်တိုင်လည်းသိပါသည်။
ခင်ပွန်းဖြစ်သူကိုရွှေတိုးကိုယ်တိုင်လည်း••
အကျည်းတန်သူဖြစ်ရာ•••
သမီးလေးကဖြူဖြူဖွေးဖွေးလှလှလေးဆိုတော့
သူမတို့အတွက်တကယ်ပင်••ဘုရားကပေးသော
လက်ဆောင်ဖြစ်လေသည်။
“”ကိုရွှေတိုးက••ကလေးကိုကြည့်ချင်နေပြီတဲ့”””
“””သန့်ရှင်းရေးလုပ်နေတုန်းမိညက်ရေ”””
အိမ်နားမှကောင်မလေးမိညက်အား••ဝမ်းဆွဲသည်ဒေါ်
ခင်စိန်ကအော်ပြောလိုက်ရင်း•••
“””ရပြီ••ရပြီ•••ဝင်လာလို့ရပြီ”””
ကိုရွှေတိုးက••စိတ်လှုပ်ရှားစွာဝင်လာသည်။
“”သမီးလေး:-)ဟားးးးငါ့သမီးလေး
ချောလိုက်တာ””
ကိုရွှေတိုးမှာလည်းမြလှနည်းတူ••ပီတိမျက်ရည်တွေပါ
စို့လာသည်။••ချစ်ဇနီးမျလှကပြုံးပြုံးကြီးကြည့်
နေလေသည်။
သမီးနီတာရဲလေးအား••
ဝမ်းဆွဲသည်••ဒေါ်ခင်စိန်လက်သို့အပ်လိုက်ကာ
ဇနီးသည်လက်ကိုကိုင်၍•••
“”လှလှရယ်••အရမ်းကျေးဇူးတင်ပါတယ်••အစ်ကို့အတွက်
သမီးလှလှလေးမွေးပေးလို့••လှလှစိတ်ထားမွန်မြတ်လို့
သမီးလှလှလေးကိုဘုရားကပေးတာ””
ဇနီးသည်နဖူးမှဆံစလေးများပွတ်သတ်ကာ••
ချစ်ကြင်နာသော••မျက်ဝန်းများနှင့်
ကြည့်လိုက်သည်။
မြလှလည်းရွှေတိုးနည်းတူ••ရွှေအိုးလက်ကိုတန်ပြန်
ဆုပ်ကိုင်ထားလိုက်သည်။
တကယ်တော့မြလှနဲ့ရွှေတိုးက••တစ်ကောင်ကြွက်တစ်မျက်နှာချင်းတူတူ ကံတူအကျိုးပေး••ဖြစ်လေသည်။
ထင်းခွေ၊ရေခပ်၊အဝတ်လျှော်ရွာရဲ့
အောက်ခြေသိမ်းအလုပ်မှန်သမျှ အလုပ်လုပ်ရင်း
ဝမ်းကျောင်းနေရသူဖြစ်သည်။
ရွှေတိုးမှာလည်းထိုနည်းတူပင်•••
နာမည်ကသာရွှေတိုး:-)လူကတစ်ရွာလုံးရဲ့ခိုင်းဖတ်ဖြစ်သည်။
ဘဝတူချင်းစာနာသနားကာ••အချစ်များစွာဖြင့်
တွယ်တာ၍••တူနှစ်ကိုယ်တဲအိုပျက်တွင်^•
ဘဝနှစ်ခုကို••အစပြုခဲ့ကြသည်။
တစ်ကောင်ကြွက်ချင်းတူတူမို့သားသမီးရတနာ
တောင့်တလှသော်လည်း•••ယခုအိမ်ထောင်သက်
ငါးနှစ်ကြာမှ••ယခုသမီးလေးရလာတာဖြစ်သည်။
မမြလှမှာမချမ်းသာသော်လည်းစိတ်ထားမွန်မြတ်သည်။
တတ်အားသမျှ••ရှိစုမဲ့စုငွေလေးဖြင့်
လှူတန်းမှုပြုသည်။••ရွှေတိုးမှာရုပ်ရည်မလှပသော်လည်း
စိတ်ထားလှသော••ဇနီးသည်ကြောင့်
စိတ်ချမ်းမြေ့ရသည်။
ယခုမူ••ဇနီးမောင်နှံတို့မျှော်လင့်ချက်အတိုင်းသားသမီး
တည်းဟူသောရတနာကိုပိုင်ဆိုင်ပေပြီ။
ရွှေတိုးမှာ••သမီးလေးအား••
“”ရွှေဥ””ဟုနာမည်ပေးခဲ့သည်။
သမီးလေးရွှေဥ••ရလာသည်မှစ၍••
မြလှအားယခင်အလုပ်တွေဘာမှမခိုင်းတော့ဘဲ
သမီးလေးအနားနေစေကာ••မိမိမှာကား
အလုပ်ကိုနှစ်ဆပိုကြိုးစားခဲ့သည်။
သမီးလေး••တစ်နှစ်အရွယ်အထိ••
အိမ်စရိတ်••သမီးလေးစရိတ်ကိုအတော်ရုန်း
ကန်ရှာဖွေရသည်။•••
သမီးလေးနှစ်နှစ်သားအရွယ်ရောက်တော့^•
“”မေမေ””””ဖေဖေ””ဟုပပီကလာပီကလာ
ခေါ်ကာ••စကားအချို့ကိုလည်းတီတီတာတာပြောတတ်
လာတော့••ကြိုးစားရုန်းကန်ဖို့အင်အားဖြစ်ရသည်။
သမီးလေးသည်••တစ်ခါတစ်လေ••
တစ်ယောက်ထဲထူးထူးဆန်းဆန်းစကား
တွေလည်းပြောနေတတ်သည်။
“”ငါ^•သီရိစန္ဒာ•လေး^•ခစ်••ခစ်”””
တစ်ယောက်ထဲပြောလည်းပြောသဘောတကျလည်း
ရယ်တတ်သေးသည်။ဒါကို••ရွှေတိုးတို့ဇနီးမောင်နှံက
အမှုမဲ့အမှတ်မဲ့ထားမိသော်လည်း
သမီးလေးသုံးနှစ်ပြည့်တွင်•••
သူတို့ဘဝတစ်ဆစ်ချိုးပြောင်းလဲခဲ့သည်။
ထိုနေ့က•••ရွှေတိုးကထင်းခုတ်သွားသည်။
မြလှကအိမ်နောက်တွင်တည်ချက်နေသည်။
••သမီးလေးငြိမ်ချက်သားကောင်းနေတာကြောင့်
တည်ချက်ရာမှထွက်လာကြည့်ရာ••
သမီးလေးအားမတွေ့ရတော့။
အိမ်ကသေးသေးလေး••မျက်လုံးတစ်ချက်ဝေ့ကြည့်
လိုက်ရုံနှင့်တစ်အိမ်လုံးမြင်နေရသည်။
“”ဘုရားရေ••သမီးလေးဘယ်ပျောက်သွားလဲ””
ထိုစဉ်
“”မေမေ••မေမေ”””
သမီးလေးအသံသေးသေးလေးကအိမ်အောက်ဘက်ဆီမှ
ကြားရတာမို့စိုးရိမ်တကြီးအိမ်အောက်သို့
ဆင်းလာခဲ့လိုက်သည်။
ဝါးလှေကားသေးသေးလေးကိုသမီးဘယ်လို
ဆင်းလိုက်တာလဲ။
အိမ်အောက်ရောက်တော့ရုတ်တရက်သမီးကိုမတွေ့။
“””လှလှ••ဘာဖြစ်တာလဲ””
“”ဟင်••အစ်ကိုတောင်ပြန်လာပြီ”””
“”ခစ်••ခစ်””
အသံကြောင့်အိမ်အောက်ကြည့်လိုက်ရာ
“”ဟင်••လှလှသမီးလေးကဒီအိမ်အောက်ဘယ်လို
ရောက်သွားရတာလဲ••မကြည့်ထားဘူးလား
သမီးရယ်••”””
အိမ်ကနိမ့်တာမို့ကလေးတစ်ယောက်အသာလေး
ဝင်ရပေမယ့်••လှလှတို့ကလေးဖက်ထောက်ဝင်ရသည်။
သမီးလေးကချီလည်းမရဘဲပေကပ်ထိုက်နေလေသည်။
“”တူးးးမေမေ••ဒီထဲ”””
လက်သေးသေးလေးဖြင့်မြေကြီးကို
ကုတ်ခြစ်ကာ••ပြောနေသော••သမီးစကားကို
ရုတ်တရက်နားမလည်။အတင်းအကျပ်ချီပြန်တော့အာခေါင်ခြစ်
အော်ငိုပြန်သည်။
စိတ်တိုင်းကျစေရန်သမီးလေးကုတ်ခြစ်ပြနေသော
နေရာအား••လက်နှင့်^မြေသား•အနည်းငယ်•••
ကုတ်ခြစ်လိုက်ရာ••အရာဝတ္ထုမာမာတစ်ခုကိုစမ်းမိသည်။
“”လှလှ••အိမ်နံရံကသံတူရွင်းယူခဲ့””
လှလှက••အပြင်ပြန်ထွက်ကာသံတူရွင်းယူ၍••
ပြန်ဝင်လာသည်။••••
ရွှေတိုးသည်•••သံတူရွင်းနှင့်••သမီးလေးကုတ်ခြစ်ပြ
ခုဏစမ်းမိသော••နေရာကို••တူးဆွလိုင်ရာသေတ္တာထောင့်
စွန်းတစ်ခုဖြစ်နေလေသည်။
သမီးလေးကသူ့အမေလက်ထဲရောက်နေပြီ။
ရွှေတိုးတူးရင်းဆွရင်းဖြင့်သေတ္တာတစ်ခုဖြစ်နေကြောင်းသိရသည်။
“”ခစ်•••ခစ်””
သမီးလေးကသဘောတကျရယ်လိုက်ပြန်သည်။
ရွှေတိုးမြေကြီးပေါ်ရောက်လာပြီဖြစ်သော
အလျားတစ်ပေခွဲအနံနှစ်ပေလောက်ရှိမည့်
တ္တောလေးအားစိတ်လှုပ်ရှားစွာဖွင့်လိုက်သည်။
“”ကျွိ•••ကျွီ•••ကျွီ••”””
သံတူရွင်းနှင့်ကလော်ကာဖွင့်လိုက်ပေမယ့်
သံချေးကပ်နေတာမို့ရုတ်တရက်ပွင့်မလာ။
နည်းနည်းအားယူဖွင့်လိုက်ရာ•••ရှေးဟောင်း
လက်ရာအမျိုးမျိုးနှင့်••ရွှေအတိပြီးသော
လက်ဝတ်ရတာနာများဖြစ်နေလေသည်။
“””သမီးလေး•••ငါတို့သမီးလေးက:-)
သာမန်မိန်းကလေးမဟုတ်ဘူး•••
ချမ်းသာပြီ••လှလှ••အစ်ကိုတို့သမီးလေးကိုတင့်တင့်တယ်
တယ်မွေးမြူနိုင်ပြီ။
လှလှသမီးလေးအားတင်းတင်းကျပ်ကျပ်ပွေ့ဖက်လိုက်သည်။
“”ခစ်••ခစ်••ခစ်””
ရယ်သံလေးကချစ်စဖွယ်ပျံ့လွင့်သွားလေသည်။

~~~~~~~~~~~~~~~~~~~~
{၂}

၁၅နှစ်ခန့်ကြာသော်

သူဌေးကြီးဦးရွေတိုးနှင့်သူဌေးကတော်
ဒေါ်မြလှ••ကောင်းမှုတော်••••
ဘုန်းတော်ကြီးကျောင်းအဝင်မုဒ်ဦးတွင်ရွှေရောင်
စာတမ်းနှင့်ရေးထိုးထားခြင်းဖြစ်သည်။
ဦးရွှေတိုးမှာပြီးစီးသွားသော••
မုဒ်ဦးအားကြည့်၍••ပီတိအဟုန်••
ကရင်ထဲစိမ့်တက်လာသည်။
လွန်ခဲ့သော••ဆယ့်ငါးနှစ်ကရွှေတိုး
ခုတော့သမီးလေးအကျိုးပေး၍•••
သူဌေးဦးရွှေတိုးဖြစ်နေလေပြီ။
သမီးလေးက•••ယခုမြို့ပေါ်တွင်ကျောင်းတက်ကာ
ရွှေတိုးငယ်ငယ်ကမသင်ရသော••
စာပေပညာများသင်ယူနေလေပြီ။
ငယ်ငယ်တုန်းက••နာမည်ပေးခဲ့သော
“”ရွှေဥ””နာမည်သည်ပျောက်ကာ••
သမီးလေးက””သီရိစန္ဒာဖြစ်နေလေပြီ””
အကြောင်းမှာ•••
သမီးသည်••သူတို့ဇနီးမောင်နှံအား
ထူးဆန်းသော••ဇာတ်လမ်းတစ်ပုဒ်
ပြောပြခဲ့သည်။
သမီးလည်းအရွယ်ရောက်နေပြီမို့••
သမီးပြောစကားများသည်••ယုံနိုင်စရာမရှိပေမယ့်
တကယ်အဖြစ်အပျက်အဖြစ်
ဇနီးမောင်နှံလက်ခံယုံကြည်ခဲ့သည်။
ဦးရွှေတိုးမှာ•••သမီးလေးပြောသော
အကြောင်းအရာအား ပြန်ပြောင်းသတိရရင်း
အတွေးရေယာဉ်ကြောတွင်နစ်မျောသွားရသည်။
~~~~~~~~~~~~~~~~~~
လွန်ခဲ့သောနှစ်ပေါင်းများစွာက•••
ထို””နန်းတော်ရွာ””လေးသည်••^မျိုးနွယ်စုတစ်ခု၏ရွာဖြစ်သည်။
နန်းစဉ်နန်းဆက်ဖြစ်၍•••
နန်းတွင်းအရှုပ်အထွေးကြောင့်•••
ပညာရှိအမတ်ကြီးနှင့်တကွ••နန်းတွင်းအပေါင်းအပါ
တစ်ချို့ထိုရွာသို့
တိမ်းဆောင်လာခဲ့သည်။
ထိုနေရာတွင်ရွာကြီးတစ်ရွာတည်ကာ••
“”နန်းတော်ရွာ””ဟုအမည်ပေးခဲ့သည်။
အမတ်ကြီး••ဦးပညာတွင်••မိတဆိုးသမီးလေး••
အလွန်တရာချောမော••လှပသော••သီရိစန္ဒာ
ဟူသော••သမီးလေးရှိသည်။
ထို့အပြင်မွေးစားသား•••တိက္ခလည်းရှိသည်။
ဦးပညာသည်••ကြွယ်ဝပြည့်စုံသူမို့
တစ်ပိုင်တစ်နိုင်••သယ်လာသော
ရွှေထည်ငွေထည်များသည်ပင်•••
မနည်းမနော။•••လောဘကြောင့်
အန္တရာယ်ရှိနိုင်တာမို့ မြေကြီးထဲမြုပ်ထားလိုက်သည်။
သစ္စာရှိလှသော••ငယ်ကျွန်•••မောင်သစ္စာ
ကြောင့်လည်းထိုသို့ချောချောမောမော
တိမ်းရှောင်လာနိုင်ခဲ့ခြင်းဖြစ်သည်။
ပြောမည့်သူမရှိလျှင်••ဒီလိုခေါင်ဖျား၍
နေပြည်တော်နှင့်ဝေးလံသောနေရာကို••
နန်းတွင်းမှ••ဘယ်လိုမှရှာတွေ့ရန်မဖြစ်နိုင်။
ဒီလိုနဲ့••ဦးပညာသည်•••
ထိုနေရာတွင်ရွာတည်၍•••တရားမျှတစွာ
အုပ်ချုပ်လာခဲ့ရာ•••အေးအေးချမ်းချမ်းနှင့်တစ်
နှစ်တင်းတင်းပြည့်ခဲ့သည်။
ဤတွင်•••
သီရိစန္ဒာနှင့်•••အိမ်ကျွန်မောင်သစ္စာတို့
လူငယ်တို့သဘာဝချစ်ကြိုက်ခဲ့ကြလေသည်။
မောင်သစ္စာသည်••ငယ်ကျွန်ဟုဆိုရသော်လည်း
ကာယဗလနှင့်••ပြည့်စုံ၍
တိုက်ရေးခိုက်ရေးလည်းကျွမ်းကျင်လှကာ••
မျိုးနွယ်စု၏ တပ်မှူးလေးဆိုကားမမှားပေ။
လှပသောသီရိစန္ဒာနှင့်•••
ယောကျာ်းပီသခန့်ညားသော မောင်သစ္စာ
တို့သည်••တစ်ဦးနှင့်တစ်ဦး••မေတ္တာသက်ဝင်
ချစ်ခင်ကြသည်ကို••အလိုမကျသည်ကား
ဦးပညာ၏မွေးစားသားတိက္ခ။
တိက္ခသည်••လက်တွေ့တွင်••
သဘောထားပြည့်ဝဟန်ဆောင်ထားသော်လည်း
မွေးစားညီမဖြစ်သူသီရိစန္ဒာအား
တစ်ဖက်သတ်စွဲလန်းနေသူဖြစ်သည်။
သီရိစန္ဒာမှာမူ••အစ်ကိုကြီးဟုမှတ်ယူကာ
လေးလေးစားစားပင်ဆက်ဆံလေသည်။
မောင်သစ္စာနှင့်ချစ်ကြိုက်နေသည် ကိုသိသည်နှင့်
နဂိုဒေါသကြီးသောတိက္ခမှာယမ်းပုံမီးကျတော့သည်။
ပိုဆိုးသည်ကားးး
ဦးပညာကိုယ်တိုင်မောင်သစ္စာနှင့်သီရိစန္ဒာ
အားဦးပညာကိုယ်တိုင်ကြည်ဖြူနေခြင်းပင်။
တိက္ခသည်••သည်းမခံနိုင်သည့်အဆုံး••
ခရီးထွက်ဟန်ပြုကာ••ဦးပညာတို့
တိမ်းဆောင်နေသောနေရာကို နေပြည်တော်
အားသတင်းပေးလိုက်သည်။
ထိုနေ့ကားးးး
နန်းတော်ရွာလေး၏••သွေးချောင်းစီးသောနေ့
တိက္ခ၏သတင်းပေးမှုကြောင့်
နန်းတွင်းမှတပ်များရောက်လာကာ•••
ရွာလေးအားဖျက်ဆီးခြင်းခံရသည့်အပြင်
ဦးပညာပါ••လည်ပင်းပေါ်ဓားရောက်မှ
တိက္ခလက်ချက်မှန်းသိတော့သည်။
“”မင်း••မင်းကျေးဇူးကန်းကောင်”””
“””ဟားးးးဟားးးးးခင်ဗျားကြီးကခုမှသိတာကိုးးးး
သားထက်ကျွန်ကိုဦးစားပေးတာကို”””
ဦးပညာမှာတက္ခမျက်စိရှေ့တွင်ပင်အသက်ပျောက်
သွားလေသည်။•••
အင်အားချင်းမမျှတာမို့မောင်သစ္စာမှာ•••
သတ်ရင်းပုတ်ရင်းခြေကုန်လက်ပမ်းကျလာသည်။
မတတ်သာတော့သည့်အဆုံး••သီရိစ္ဒာအား
လက်ဆွဲကာထွက်ပြေးတော့သည်။
“”ဟားးးးဟားးးးးပြေးလို့လွတ်ရိုးလားးးး
တယ်••ကျွန်ကကျွန်လိုမနေ••သီရိစန္ဒာကို
မှန်းရဲရတယ်လို့””
သီရိစန္ဒာမှာ••မောင်သစ္စာလက်အားတင်းတင်းဆုတ်ကိုင်လိုက်ရင်း•••
“”မောင်ကြီး•^•””””
“””မကြောက်ပါနဲ့နှမ••မောင်ကြီးသေရမှမကြောက်ပါဘူး
မောင်ကြီးသေသွားရင်သာ••နှမလွတ်အောင်ပြေးပါ”””
“”စိတ်ချပါမောင်ကြီးးးမောင်ကြီးနောက်
ဖဝါးခြေထပ်လိုက်ခဲ့ပါ့မယ်””””
“””မောင်ကြီးအသက်နဲ့လဲပြီးနှမကိုကာကွယ်ပါ့မယ်”””
ပြော၍••တိက္ခနှင့် ဓားချင်းယှဉ်လိုက်သည်။
တိက္ခမှာအပျော်အပါးသာမက်၍ အရည်အချင်းညံ့
ဖျင်းလှရာ••မကြာမီမောင်သစ္စာ၏ဓားက
တိက္ခကုန်ပိုးပေါ်မိုးမိသည်။
ထိုစဉ်••••
“””မောင်ကြီး••••”””
ရန်သူ့ဓားအောက်တွင်သီရီစန္ဒာအား
တွေ့လိုက်သည်နှင့်•••မောင်သစ္စာသည်
ဓားအားလွတ်ချလိုက်သည်။
အခွင့်ကောင်းစောင့်နေသောတိက္ခမှာ•••
ဓားကိုကောက်ယူ၍••မောင်သစ္စာ၏
ဘယ်ဖက်ရင်အုံဆီစိုက်သွင်းလိုက်လေတော့သည်။
“””မောင်ကြီး•••••””””
မောင်သစ္စာမှာ••ပါးစပ်ကသွေးများပွက်ကနဲအန်ကျလာကာ
သီရိစန္ဒာအားကြည့်၍•••
“””မောင်ကြီးသွေးနဲ့သစ္စာပြုတယ်•••
မောင်ကြီးးဝိညာဉ်တည်နေသရွေ့နှမကို••ဘယ်သူမှ
မပိုင်ရဘူး”””
သီရိစန္ဒာမှာ•••ဇက်ကျိုးကျ၍••မျက်လုံးပြူးကာ
အသက်ပျောက်သွားသောမောင်သစ္စာအား
တွေ့သည်နှင့်•••ရန်သူ့လက်ထဲမှဓားကို
ယူကာ••မောင်သစ္စာနည်းတူ•••
ဘယ်ဖက်ရင်အုံအားထိုးစိုက်ချလိုက်သည်။
“””နှမဘဝရှိနေသရွေ့မောင်ကြီးကလွဲရင်
ဘယ်သူ့ဇနီးမှမဖြစ်စေရဘူး”””
ဤသို့သွေးများဖြင့်သစ္စာ
ပြု၍ချစ်သူနှစ်ဦးဘဝနိဂုံးချုပ်သွားသလို••••
ရွာကြီးမှာလည်း•••မီးလောင်တိုက်သွင်းခံလ်ုင်ရသည်။

{၃}

ဇာတ်သိမ်း

~~~~~~~~~~~

ဦးရွှေတိုးမှာ••သမီးလေး၏
အတိတ်ဘဝဇာတ်ကြောင်းအားတွေးရင်း•••
သမီးလေးအားလွမ်းဆွတ်လာသည်။
သမီးလေးသည်••အလွန်တရာလှပသူမို့
ချစ်သူခင်သူများလည်းပေါများလှကာ••
သမီးလေးကိုချစ်သမျှသော:-
ယောကျာ်းတိုင်းသည်••ဘေးဒုက္ခတစ်မျိုးမဟုတ်
တစ်မျိုးကြုံရသည်။
သမီးလေးသီရိစန္ဒာကိုယ်တိုင်မလိုလားပေမယ့်
သီရိစန္ဒာ၏အလှကွန်ယက်တွင်
ကျရှူံးသူတိုင်းဘေးဒုက္ခကြုံရလေသည်။
သီရိစန္ဒာသည်••••
ဆယ်တန်းဖြေပြီးသည်နှင့်••••
မိဘအားမခွဲနိုင်ဟုဆိုကာ•••ကောလိပ်ဆက်မတက်တော့။
မိဘနှစ်ပါးအား••ပြုစုလုပ်ကျွေးကာ•••
နေမြဲနေလာခဲ့သည်။

သူဌေးသူကြွယ်အချင်းချင်းကမ်းလှမ်းကြပေမယ့်•••
ဦးရွှေတိုးမှာ••အလိမ္မာဖြင့်ပင်ငြင်းဆိုခဲ့သည်။
ဦးရွှေတိုးသဘောအရဆိုလျှင်သမီးဖြစ်သူအား
အမျိုးကောင်းသားတစ်ယောက်နှင့်
အိမ်ထောင်ချပေးကာ•••မိမိတို့မရှိသည့်နောက်
မိသစုဘဝလေးနှင့်သမီးလေးအား
အေးအေးချမ်းချမ်းနေခဲ့စေချင်သည်။
ဒေါ်မြလှမှာမူ•••
သမီးလေးဘဝရှေ့ရေးအားတစ်စုံတစ်ရာ
ပြောကြားခြင်းမရှဘဲ
တရဘာဝနာ၌သာ••မွေ့လျော်တော့သည်။
သီရိစန္ဒာမှာလည်း•••မိဘနှစ်ဦးအား
အသက်ထက်ဆုံးလုပ်ကျွေးကာ•••
တရားရိပ်ခိုလှုံရန်စိတ်ကူးသည်။
ရှေးဘဝသစ္စာကြောင့်•••အခြားတပါးသောယောကျာ်းအပေါ်စ်တ်တိမ်းညွတ်ခြင်းမဖြစ်မိပေ။
သို့သော်••••
ဂြိုလ်ဆိုးတစ်ခုကား••မခေါ်ဆောင်ပါပဲ
သီရိစန္ဒာတို့ဆီရောက်လာခဲ့သည်။
သီရိစန္ဒာမြို့တွင်ကျောင်းတက်စဉ်ကသိရိစန္ဒာအား
အရူးအမူးစွဲလမ်းနေသော•••
မြို့ပိုင်မင်း၏သား••ရန်ကြီးအောင်သည်•••
ဖခင်အားကိုးနှင့်••သီရိစန္ဒာအားသိမ်းပိုက်ရန်ကြိုးစားခဲ့သည်။
ဦးရွှေတိုးမှာ•••မြို့အုပ်မင်း•••ကိုယ်တိုင်သမီးဖြစ်
သူအားလာရောက်တောင်းရမ်းတာမို့သမီးတားသည့်
ကြားမှပင် သဘောတူလိုက်သည်။
ထိုနေ့မှစ၍•••
ဦးရွှေတိုးမှာ••ရှေးခေတ်အဝတ်အစား
များနှင့်လူတစ်ယောက်၏ ညစဉ်ညတိုင်းသတ်ဖြတ်
ခြင်းခံရလေသည်။ရက်ကြာလာတော့လူ
ကအိပ်မရဘဲ••အရူးလိုဖြစ်လာလေသည်။
“”သမီးတားသားပဲဖေဖေရယ်••ဒါကသစ္စာဆိုပေမယ့်
သွေးကျိန်စာပါဖေဖေ••သမီးလည်းတားလို့မရဘူး
ဒါသမီးတို့ကံတရားပါ”””
သီရိစန္ဒာသည်စိတ်မကောင်းစွာရေရွတ်လိုက်သည်။
ထို့နောက်တစ်လအကြာတွင်•••ဦးရွှေတိုးမှာ
လူ့လောကကြီးအားစွန့်ခွာသွားလေတော့သည်။
ဦးရွှေတိုးနည်းတူ•••
ရန်ကြီးအောင်မှာလည်း••ထိုကဲ့သို့
ပင်သေဆုံးသွားလေသည်။
ဒေါ်မြလှမှာထိုစိတ်နှင့်ပင်••ဦးရွှေတိုးသေဆုံးပြီး
တစ်လအကြာ••သီရိစန္ဒာအား
လောကကြီးတွင်တစ်ယောက်ထဲထားခဲ့ပြန်လေသည်။
•••ထိုအချိန်မှစ၍••
သီရိစန္ဒာသည်•••အတွင်ပစ္စည်းအားလုံးနှင့်
မိမိပိုင်ဆိုင်သမျှအားစေတီတစ်ဆူ
တည်ထားကိုးကွယ်လိုက်သည်။
ထို့နောက်မိဘနှစ်ပါးနှင့်•••
သူမအနားတွင်••အမြဲရှိနေသောဘဝဟောင်းက
သစ္စာရှင်ချစ်သူ••မောင်သစ္စာအား
အမျှဝေခဲ့သည်။
ထို့နောက်အဝတ်တစ်ထည်ကိုယ်တစ်ခုနှင့်
ထိုရွာလေးမှထွက်သွားလေတော့သည်။
~~~~:~~~~~:~
တစ်နေ့•••နန်းတော်ရွာလေးသို့
သီလရှင်ဆရာလေးတစ်ပါးရောက်လာခဲ့သည်။
ဆရာလေးမှာ:-)••အလွန်တရာရှုချင်ဖွယ်သော
ရုပ်ရည်ရှိ၍•••ဖန်သားကဲ့သို့
ကြည်လင်သောမျက်နှာက သီလသမာဓိကိုဖော်
ကျူးနေသည်။
ဆရာလေးသည်•••သီရိစန္ဒာတည်ထားကိုး
ကွယ်သောစေတီပေါ်သို့တလှမ်းချင်းတက်သွားလေသည်။
ထိုဆရာလေးကား••သီရိစန္ဒာပင်တည်း။
ဆရာလေးသီရိစန္ဒာဘေးမှာတော့•••
ဆရာလေးသာမြင်နိုင်သော•••
ဘဝခြားကချစ်သူဟောင်း•••
တပ်မှုးလေးသစ္စာ••••
ထိုစဉ်•••လေပြင်းတစ်ချက်အဝေ့••
ရော်ရွက်ဝါများဝဲကနဲကျလာခြင်းနှင့်အတူ
“””ချွင်•••••ချွင်••••ချွင်••••”””
ဘုရားဆီမှဆည်းလည်းသံလေးလည်း
ပျံ့လွင့်သွားလေတော့သည်။

~~~~~~~~~~~~~~~~~~

The end.
Writer- Mon Mon Khaing

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.