အိမ်ထောင်သည် အမျိုးသမီးအချို့ကို ဖောက်ပြန်စေသော အချက်များ

ဖောက်ပြန်လေ့ရှိတဲ့ အမျိုးသမီးအများစုဟာ အောက်မှာဖော်ပြထားတဲ့အချက်တွေနဲ့ ဖောက်ပြန်လေ့ရှိကြတယ်လို့ ဆိုပါတယ်။ ဖောက်ပြန်ခြင်းဟာ မကောင်းပါဘူး။ ဒါကြောင့် Shwemom ပရိသတ်ကြီးအနေနဲ့ ရှောင်နိုင်ဖို့ ရည်ရွယ်တင်ဆက်ခြင်း ဖြစ်ပါတယ်။ 

ဖောက်ပြန်လေ့ရှိတဲ့ အမျိုးသမီးတွေကိုသာ ရည်ရွယ်ပြီး အခြားအိမ်ထောင်သည် အမျိုးသမီးများလည်း ဒီလိုမဖြစ်အောင် ဆင်ခြင်နိုင်စေဖို့ တင်ဆက်ထားခြင်းသာ ဖြစ်ပါတယ်။


(၁) အသက်အရွယ်ကြောင့်

တစ်ခါတလေ အသက်အရွယ်ဟာ အရမ်းအရွယ်တင်လွန်းနေတယ်၊ မိမိရဲ့ အိမ်ထောင်ဘက်ကကျတော့ အိုမင်းမစွမ်း အရွယ်ရောက်နေပြီဆိုရင် ငါဟာ အရွယ်အရ နုပျိုနေတဲ့ မိန်းမဖြစ်တယ်၊ လက်ရှိခံစားရတဲ့ သုခအရသာဟာ ကုန်ဆုံးသလောက် ဖြစ်နေပြီ။ ဒီအတိုင်းတော့ အရွယ်လွန်မခံနိုင်ဘူး။ တစ်ခြား အပျော်ရှာမယ်-ဆိုတဲ့ သဘောနဲ့ ဖောက်ပြန်မိတတ်ပါတယ်။
(၂) စည်းစိမ်ဥစ္စာကြောင့်

တစ်ခါတရံမှာ လောကဓံရဲ့ ရိုက်ပုတ်မှုဒဏ်ကြောင့် လင်ယောက်ျားရဲ့ လုပ်အားခနဲ့ မိမိဝတ်ချင်တာ မ၀တ်ရ၊ မိမိသွားလိုရာ မသွားရ၊ မိမိမှာ ပြီးပြည့်စုံခြင်းဆိုတာ မခံစားရတဲ့အတွက် စိတ်ထဲမှာ တင်းတိမ်ရောင့်ရဲ့မှု မရှိတဲ့အခါ တစ်စုံတစ်ယောက်သော ယောက်ျားက မိမိလိုချင်တဲ့ စည်းစိမ်ဥစ္စာတွေ ပေးစွမ်းနိုင်လောက်တယ်လို့ စိတ်ကူးမိပြီး ဖောက်ပြန်မိတတ်ပါတယ်။
(၃) တန်ပြန်တိုက်ခိုက်မှုအတွက်

ဒါကိုကျတော့ သူရွဲ့လို့ ကိုယ်လိုက်ရွဲ့တာလို့ ပြောလို့ရပါတယ်။ ယောက်ျားကလည်း လူမှုရေးအရ စည်းမစောင့်ဘူး၊ တွေ့ကရာ မိန်းမနဲ့ ဖောက်ပြန်တယ်။ ဒါကို ဇနီးဖြစ်သူက မကျေမနပ်ဖြစ်လို့ နီးစပ်ရာ အမျိုးသားနဲ့ ဇာတ်လမ်းဆင် အကွက်ချရင်းနဲ့ နက်နက်နဲနဲ ဖောက်ပြန်သွားတတ်ပါတယ်။
(၄) ရမ္မက်ဆန္ဒကြောင့်

ဒီအချက်ကတော့ အခြားအချက်တွေနဲ့ မတူပါဘူး။ ဒီကိစ္စကို ၀ါသနာပါလို့သာ ဖောက်ပြန်ခြင်း ဖြစ်ပါတယ်။ တစ်ချို့ ရွှေဘုံရွှေနန်း နေရပေမယ့် ဒရိုင်ဘာနဲ့၊ ခြံစောင့်နဲ့၊ မာလီနဲ့ … ဖောက်ပြန် အပျော်ရှာမိတတ်ပါတယ်။ တစ်ချို့ကျတော့ ဒီစိတ် ထွတ်အထိပ်ထိ ရှိတတ်ပြီး၊ တစ်ခါတလေ ဘယ်လောက်ထိ ဆိုးဝါးသလဲဆိုရင် တွေ့ကရာယောကျာ်းနဲ့ အခုတွေ့ အခုဖောက်ပြန် ဆိုတဲ့အထိ အခြေအနေ ဆိုးဝါးတတ်ပါတယ်။
(၅) အနေဝေးခြင်းကြောင့်

တစ်ချို့ လင်ယောက်ျားဟာ နိုင်ငံရပ်ခြား၊ နယ်စွန်နယ်ဖျားမှာ အလုပ်ကြောင့်၊ စီးပွားရေးကြောင့်၊ တာဝန်ကြောင့် ကာလရှည် သွားရောက်နေထိုင်တဲ့ အခါမျိုးမှာလည်း ဖောက်ပြန်တတ်ပါတယ်။ အမျိုးသမီးတိုင်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ယောက်ျားတွေထဲမှာတောင် ဒီလို အိမ်ထောင်သည် အမျိုးသမီးမျိုးကို လိုက်ဂွင်ဆင်ပြီး တစ်နပ်စားဉာဏ် ကြံတဲ့လိုင်းက သီးသန့်ရှိပါတယ်။
မဒီလေး (Shwemom)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.