အမျိုးသားများအတွက် အိမ်တွင်းလုပ် သဘာဝအားဆေး


အမျိုးသားခွန်အားအတွက် အားတိုးဆေးအမျိုးမျိုးကို ၀ယ်သောက်ရတာ ငွေကုန်နေလို့ စိတ်ညစ်နေသလား။ ဘာမှမပူနဲ့ ကိုယ်တိုင်လုပ် အိမ်တွင်း ကုထုံးနည်းတွေ အများကြီးရှိတယ်။ တစ်ခါတည်း အများကြီးပြောပြလိုက်ရင် ရောသွားပြီး မမှတ်မိမှာစိုးလို့ တစ်မျိုးစီကိုပဲ ပြောပေးမယ်။

(၁) ငှက်ပျောသီး ၂ လုံး (ဖီးကြမ်းပိုကောင်း)

(၂) ကြက်ဥ ၁ လုံး (သဘာဝကြက်ဥပိုကောင်း)

(၃) ပျားရည် (မွေးပျားမဟုတ်၊ သဘာဝပျား)

(၄) သကြား (ဆေးမဆိုးထားသော သကြားညို)
ဖျော်နည်း

ဖီးကြမ်းတစ်ဖီးရဲ့ ဘေးအစွန်ဆုံးအလုံး (၃ ထောင့်သီး)ကို ရွေးယူပါ။ တစ်ဖီးလုံးမှာ အဲဒီအလုံးက အကောင်းဆုံးပဲ။

ငှက်ပျောသီးကို အခွံခွာပြီး မတ်ခွက်၊ ဖန်ခွက်ထဲထည့်၊ ကြက်ဥဖောက်ထည့်၊ ပျားရည်ကို ထမင်းစားဇွန်း တစ်ဇွန်းထည့်၊ သကြားကို တစ်ဇွန်းထည့်၊ သမနေအောင် ရောမွှေလိုက်ပြီး စားပါ။ တာရှည်ခံစေတဲ့ ဓာတုပစ္စည်း လုံးဝမပါပဲ ကိုယ်တိုင်လုပ် သဘာဝစစ်စစ် အားတိုးဆေးမို့ ဘေးထွက်ဆိုးကျိုး မရှိပါဘူး။

ဒီ ၄ မျိုးစလုံးဟာ ကျားခွန်အားကို တိုးပွါးစေပြီး အားအင်ပြည့်ဝစေတာမို့နေတိုင်းတော့ မစားနဲ့။ တစ်ပတ်ကို ၃ ကြိမ်လောက်ပဲ စားပါ။ 
အရမ်းလွယ်ကူပြီး အကုန်အကျလည်း နည်း၊ ဘေးထွက်ဆိုးကျိုးလည်း မရှိ၊ ခွန်အားကိုလည်း တကယ်ပြည့်ဝစေတဲ့ နည်းလမ်းကောင်းကိုတော့ ညွန်ပေးလိုက်ပြီနော်။

Credit : အမျိုးသားနှင့်ကျန်းမာရေး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.