ဗိုက်သားအဆီလျှော့ချလိုပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်လိုပါက နေ့လယ်စာအတွက် စားသင့်တဲ့ အကောင်းဆုံး စားသောက်ဖွယ်ရာတွေအကြောင်း ကျွန်ုပ်တို့အားလုံး ကြားဖူးကြမှာပါ။ အသုပ်၊ ဟင်းသီးဟင်းရွက်၊ ဆာမွန်ငါးနဲ့ ကြက်ဆင်သားညှပ်ပေါင်မုန့်တို့က ပိုကောင်းတဲ့ ရွေးချယ်စရာတွေထဲက တချို့ဖြစ်ပါတယ်။
ဒါပေမယ့် လူအများအပြား ခေါင်းထဲမှာ ရှိနေတဲ့ မေးခွန်းတစ်ခုက နေ့လယ်စာအတွက် လုံးဝငြင်းပယ်သင့်တဲ့ အစားအစာက ဘာလဲ၊ gym မှာ အတန်ကြာ လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်ပြုလုပ်အပြီး အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ အစားအသောက်တွေဟာ ဘာလဲ ဆိုတာတွေဖြစ်ပါတယ်။
ဟုတ်ပါတယ်။ စည်သွပ်စွပ်ပြုတ်ရည်က အချိန်ကုန်၊ လူပင်ပန်းသက်သာပေမယ့် သူ့မှာ ဆိုဒီယမ်ပမာဏ မြင့်မားစွာပါဝင်ပါတယ်။ ဒီစွပ်ပြုတ်ရည်မှာ ဆားပါဝင်မှု ပမာဏမြင့်မားနေမှုက အာလူးကြော်လို တာရှည်ခံအောင် ပြုလုပ်ထားတဲ့ အဆာပြေအစားအစာတွေလိုပဲ ဆိုးကျိုးဖြစ်စေပါတယ်။ ဒါ့ကြောင့် နေ့လယ်စာအတွက် စွပ်ပြုတ်သောက်မယ်လို့ စဉ်းစားထားတယ်ဆိုရင် အိမ်မှာချက်ပြုတ်ထားတဲ့စွပ်ပြုတ်ကိုသာ ရွေးချယ်သင့်ပါတယ်။
Ref: shefinds