အောင်လံမြို့နယ်အတွင်း၌ အ၀ါရောင် လိပ်ပြာများ ကျရောက်နေမှုကြောင့် လူများ အရေပြားယားယံမှုများဖြစ်ပွားနေ

အောင်လံ၊ ဒီဇင်ဘာ ၂၆-မကွေးတိုင်းဒေသကြီးသရက်ခရိုင်အောင် လံမြို့တွင် လိပ်ပြာအ၀ါများ ကျရောက်မှုဖြစ်ပွားနေမှုကြောင့် လူများ တွင် အရေပြားယားယံသည့်ဝေဒနာများဖြစ်ပွားနေကြောင်း ဒေသခံများ ထံမှ သိရသည်။

“အခုလိုဆောင်းရာသီမှာ အများဆုံးတွေ့ရတာပါ။ လျှပ်စစ်မီး ရောင်ရှိတဲ့နေရာတွေမှာအများဆုံးတွေ့ရပါတယ်။ သူက အ၀ါရောင်လိပ် ပြာဖြစ်ပြီး သူ့ကိုကို တွယ်ထိမိရင်ဖြစ်ဖြစ်သူကိုယ်က လွင့်လာတဲ့အမှုန်က နေ လူတွေကို ယားယံစေတာပါ။ အခုအိမ်တိုင်းလိုလိုမှာ အဲ့ဒီလိပ်ပြာ တွေကိုတွေ့နေရပါတယ် ” ဟု တရော်ကုန်းရပ်ကွက်နေသူတစ်ဦးက ဒီဇင် ဘာ ၂၆ ရက်တွင် ပြောကြားသည်။


အဆိုပါလိပ်ပြာများမှာ အောင်လံမြို့နယ်အတွင်းရပ်ကွက် ကျေးရွာ နေရာများတွင် အနှံ့အပြားတွေ့ရှိနေရပြီး ကလေးသူငယ်များ ကိုင်တွယ် ထိတွေ့မိခြင်းကြောင့် အရေပြားယားယံကာ ဆေးခန်းများသို့ပြသနေ ကြရသည်။

“အရေပြားယားယံစေတဲ့အတွက် လာရောက်ပြသတာက ကလေး တွေ များပါတယ်။ သာမန်အဆင့်မို့ တစ်ကြိမ်ဆေးကုသမှုနဲ့ ပျောက် ကင်းပါတယ် ” ဟု အောင်လြံ မို့နယ်အထွေထွေရောဂါကု ဆေးခန်းဆရာ ၀န်တစ်ဦးကပြောသည်။

အဆိုပါအ၀ါရောင်လိပ်ပြာများမှာ ယခုနှစ်တွင် ပိုမိုများပြားစွာ ပေါက်ဖွားလာခြင်းဖြစ်ကာ ၎င်းင်းအားထိမိခြင်းနှင့် အ၀တ်အထည်များ တွင် ထိမိခြင်းမှအစပြု၍ လူများ၏အရေပြားယားယံမှုဖြစ်ပွားနေ ခြင်းဖြစ်သည်။

“ရာသီဥတုအခြေအနေကြောင့် လိပ်ပြာတွေပေါက်ပွားလာတာပါ။ အဲ့ဒီအတွက် သီးနှံစိုက်ခင်းတွေမှာ ထိခိုက်မှုရှိမရှိ စောင့်ကြည့်နေပါ တယ် ” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
ယခုအခါ အလားတူ အ၀ါရောင်လိပ်ပြာငယ်များကို ပဲခူးတိုင်း ဒေသကြီးအနောက်ခြမ်းရှိ ပြည်၊ ဇီးကုန်းမြို့နှင့်တောင်တွင်း ကြီးမြို့များ တွင်ပါ တွေ့ရှိနေရကြောင်းသိရသည်။   

One thought on “အောင်လံမြို့နယ်အတွင်း၌ အ၀ါရောင် လိပ်ပြာများ ကျရောက်နေမှုကြောင့် လူများ အရေပြားယားယံမှုများဖြစ်ပွားနေ”

  1. ထို လိမ်ပြာကြောင့်  ယါးယံ ခြင်းနင့်  အဆိပ် ရှိ့ တယ်ဟု ယူဆလျှ င် ကျွန်တော် မှာအဆိပ်ကိုနိုင်စေသည့် ယါးယံ ခြင်းကိုနိုင်သည့် ဆေးပင်ရှိ့ သည် မီးနစ် အနည်းငယ်အတွင်းပျောက်ကင်းစေနိုင်ပါသည်းးးးးး ရန်ကုန် မြို့  မင်္ဂလါဒုံ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.