Iphone နားကြပ်ကြောင့် လည်ပင်းပြတ်ပြီးသေတော့မလိုဖြစ်ခဲ့တဲ့ ဆယ်ကျော်သက်

 

iphone ear

နားကြပ် နားကြပ်ဟာ ခြံစည်းရိုးအငုတ်တစ်ခုမှာ ညှပ်သွားစဉ်အခါမှာတော့ လည်ပင်းပြတ်ခါနီးဖြစ်သွားခဲ့ပါတယ်။iphone ear

သူဟာ ဆိုင်ကယ်ပေါ်ခုန်တက်ခြင်းကို လေ့ကျင့်နေတာဖြစ်ပြီး ဆိုင်ကယ်ပေါ်ခုန်အတက်မှာ နားကြပ်ဟာ ခြံစည်းရိုးနဲ့ ငြိသွားခဲ့တာဖြစ်ပါတယ်။သူ့ရဲ့အမေ အန်ဂီဟာ သူကိုတွေ့တဲ့အခါမှာ သူ့ရဲ့ ဘယ်ခြေကျင်းဝတ်ဟာ အဆစ်လွဲနေခဲ့ပြီး ၀ိုင်ယာကြိုးကြောင့်ဖြစ်တဲ့ ဒဏ်ရာတွေဟာ သူခန္ဓာကိုယ် ၀မ်းဗိုက်ပိုင်းမှာ တွေ့ခဲ့ရပြီး အကြီးဆုံးဒဏ်ရာကတော့ သူ့ရဲ့လည်ပင်းဖြစ်ပါတယ်။နားကျပ်အတွင်းက ကြေးကြိုးလေးဟာ သူရဲ့လည်ပင်းကြွက်သားတွေကို လှီးဖြတ်သလိုဖြစ်သွား ပြီး သူ့ရဲ့ လေပြွန် ကိုထိမိဖို့ တည်းတည်းလေးလိုတော့ တာပဲဖြစ်ပါတယ်။iphone ear

အန်ဂီကတော့ ” ဘရက်ဒလေဟာ သူရဲ့ အိတ်ထဲမှာ Iphone ထည့်ထားပြီးတော့ နားကျပ်လည်းတပ်ထားပြီး ခြံစည်းရိုးကိုကျော်အတက် နားကျပ်ဟာ ခြံစည်းရိုးနဲ့ ငြိသွားပြီး သူရဲ့လည်ပင်းကို ဖြတ်လိုက်သလိုဖြစ်သွားပါတယ်။နားကြပ်ကြေးကြိုးဟာ လေပြွန်ကို မထိသွားတာ တော်တော်ကံကောင်းပါတယ်။ကယ်ဆယ်ရေးရဟတ်ယာဉ်ဟာ ဘရက်ဒလေကို ကွင်းစ်လန်း ကနေ့ ကိန်းမြို့ဆေးရုံကို ပို့ဆောင်ခဲ့ပြီးတော့ လည်ပင်းက ပြတ်ရာကို ၆ ချက် ချုပ်ခဲ့ရပြီးမှ ခြေထောက်ကိုတော့ ခွဲစိတ်မူပြုလုပ်ပြီး အခုတော့ အသက်အန္တရာယ်စိုးရိမ်စရာမရှိတော့ ဘူးလို့ဆိုပါတယ်။

iphone ear
Lumos (Shwemom)

One thought on “Iphone နားကြပ်ကြောင့် လည်ပင်းပြတ်ပြီးသေတော့မလိုဖြစ်ခဲ့တဲ့ ဆယ်ကျော်သက်”

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.