စမတ်ဖုန်းကို လက်တော့ပ်နဲ့ အားမသွင်းသင့်

အချိန်လုပြေးလွှားနေချိန်မျိုးမှာ ကျောက်ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်ပစ်သတ်နည်း တစ်နည်းအားဖြင့် တစ်ချက်ခုတ်နှစ်ချက်ဖြတ်နည်းတွေ စဉ်းစားတာ သဘာဝကျပါတယ်။ ကျွန်ုပ်တို့အများစု ဖုန်းအားသွင်းဖို့ မှီခိုအားထားတဲ့ နည်းလမ်းတွေထဲက တစ်ခုက လက်တော့ပ်နဲ့ ချိတ်သွင်းလိုက်ခြင်းပဲ ဖြစ်ပါတယ်။  ဒါပေမယ့် ဖုန်းကို ပုံမှန်အတိုင်းပဲ သွင်းပေးတာ ပိုကောင်းပါတယ်။
ဘာလို့လဲဆိုတော့ လက်တော့ပ်ကို မှီသွင်းတာ ဆုံးရှုံးနစ်နာမှုတွေရှိနိုင်ခြင်းကြောင့် ဖြစ်တယ်လို့ နည်းပညာပိုင်းကျွမ်းကျင်သူတချို့က ဆိုပါတယ်။  လက်တော့ပ်ကို မှီသွင်းတာက ဟက်ခ်လုပ်ဖို့ ဖုန်းဖွင့်ပေးနေတာပါ။ ဖုန်းနာမည်၊ serial နံပါတ်နဲ့ firmware info တွေကို မိမိကွန်ပျူတာနဲ့ စမတ်ဖုန်းကြား အပြန်အလှန်ရရှိနိုင်တယ်လို့ Tech Armor ရဲ့ အထွေထွေမန်နေဂျာနဲ့ တွဲဖက်တည်ထောင်သူ Eric Tong က ဆိုပါတယ်။ ဒါ ဟက်ကာတစ်ယောက်အတွက် သင့်ဖုန်းကို ဖောက်ဝင်ဖို့ လုံလောက်တယ်လို့ ဆိုပါတယ်။
ကွန်ပျူတာမှာ ဖုန်းအားသွင်းတာက လက်တော့ပ်ရဲ့ ဘက်ထရီအသုံးခံမှုလည်း ကျဆင်းစေနိုင်ပါတယ်။ အကြောင်းက ဖုန်းက သင့်လက်တော့ပ်ဘက်ထရီကနေ ပါဝါတွေ ဆွဲယူနေလို့ပါပဲ လို့ Tong  ကဆိုပါတယ်။  နောက်ထပ် မှတ်သားစရာအချက်တစ်ခုက သင့်ဖုန်းအားသွင်းကြိုးကို MFI-certified ဖြစ်ပါစေ။ MFI certification မရှိဘဲနဲ့ အဲဒီအားသွင်းကြိုး ရှေ့အလျောက်အလုပ်ဖြစ်မဖြစ် မသေချာဘူးလို့ Tong က ဆိုပါတယ်။
Ref: Shefinds

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.