စစ်ပွဲမြေပြင်ကျော်ဖြတ်ပြီး ၁၇ နှစ်ကြာအသုံးပြထားသည့်တိုင် ကောင်းမွန်စွာ အလုပ်လုပ်နေသေးတဲ့ Nokia 3310

 Nokia 3310 ကို ၂၀၀၀ ခုနှစ် စက်တင်ဘာလက မိတ်ဆက်ခဲ့ပြီး ဆဲလ်ဖုန်းဈေးကွက်ကို နှစ်ပေါင်းများစွာ စိုးမိုးခဲ့ပါတယ်။ ၇ နှစ်ကြာပြီးနောက် ဗြိတိသျှစစ်ပြန်တစ်ဦးဟာ သူ့ Nokia 3310 လက်ကိုင်ဖုန်းအသုံးပြုပြီး ဝရုန်းသုန်းကားအခြေအနေတွေ ဖြတ်သန်းခဲ့ရတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ ၎င်းစစ်သားရဲ့ ပြောဆိုချက်အရ ဒီဖုန်းဟာ အာဖဂန်နစ္စတန်နဲ့ အီရတ်စစ်ပွဲကို ကြံ့ကြံ့ခံခဲ့တဲ့အပြင် ခုအချိန်ထိလည်း ကောင်းစွာလည်ပတ် အလုပ်လုပ်နေသေးတယ်။

၄၉ နှစ်အရွယ် အငြိမ်းစားစစ်သား Dave Mitchell ဆိုသူဟာ Nokia 3310 ကို နေ့တိုင်းအသုံးပြုလျက်ရှိပါတယ်။ Dave Mitchell ဟာ သူ့ဟန်းစက်နဲ့ အနည်းငယ်ဝေးနေရရင် နေမထိထိုင်မသာဖြစ်ရတယ်လို့ သိရပါတယ်။ ၁၇ နှစ်ကြာ တောက်လျောက်အသုံးပြုခဲ့တာတောင် အဲဒီဖုန်းဟာ ကောင်းမွန်စွာ လည်ပတ်လုပ်ဆောင်လျက်ရှိတယ်လို့ Mitchell ရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ဖုန်းကို ၁၀ ရက် တစ်ခါပဲ အားသွင်းပါတယ်။ စမတ်ဖုန်းလည်း မလိုဘူးလို့ သူက ရှင်းပြခဲ့ပါတယ်။ အဲဒီ Nokia 3310 ကို အကြိမ်ကြိမ် မတော်တဆပြုတ်ကျခဲ့လို့ “virtually indestructible” လို့ နာမည်ပေးထားတယ်လို့ သူကဆိုပါတယ်။ ဖုန်းက တစ်ခုခုနဲ့ ထိမိတိုင်း ပြန်သုတ်ပြီး ပြန်ဖွင့်လိုက်ရင် ကောင်းမွန်စွာ အလုပ်လုပ်နေတာသာ တွေ့ရပါသတဲ့။

Ref: Mensxp

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.