မက်ဖူးနေကြ အိပ်မက်တွေနဲ့ သူတို့ရဲ့အဓိပ္ပာယ်တွေ

လူသားတွေ အားလုံး အိပ်မက်မက်ကြပါတယ်။ နေ့စဉ်ကြုံတွေ့နေရတာနဲ့ ပတ်သတ်ပြီး မက်ကြတာ
ရှိသလို တစ်ချို့ ကလည်း မသိစိတ်ကရောက်သွားတဲ့အရာတစ်ခုပေါ် စွဲမက်ထင်ကျန်ပြီး အိပ်မက်ထဲ
ပြန်မြင်ယောင်တာမျိုးဖြစ်တတ်ပါတယ်။ ကျွန်တော်တို့ ခဏခဏမက်လေ့ရှိပြီး အဓိပ္ပာယ်တွေကတော့သေချာမသိတတ်ကြပါဘူး။ ဒါဆို ဒီအိပ်မက်တွေရဲ့အဓိပ္ပာယ်တွေက ဘာတွေများဖြစ်မလဲ…

သွားကျိုးခြင်း

Image result for losing teeth

အိပ်မက်ထဲမှာ သွားကျိုးသွားတယ်လို့ အိပ်မက်မက်တယ်ဆိုရင် မင်းပြောခဲ့တဲ့အရာတစ်ခုအတွက်
နောင်တရနိုင်တာဖြစ်သလို မင်းအပေါ်ဂရုစိုက်သူအပေါ် အေးတိအေးစက် ဆက်ဆံမိခဲ့တာမျိုးတွေ
ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ပြန်မရနိုင်တော့တဲ့အရာတစ်ခုအပေါ် ပြန်လည်တမ်းတစိတ်ဖြစ်ပေါ်လာပါလိမ့်မယ်။

အပေါ်မှ ပြုတ်ကျခြင်း

Image result for falling

ဒါကတော့ လူတော်တော်များများဖြစ်ဖူးပါတယ်။ အပေါ်ကနေ ၀ုန်းခနဲပြုတ်ကျတဲ့ အိပ်မက်ဆိုတာ
နေ့ခင်းကြောင်တောင် အိပ်နေရင် ပိုအမက်များကြပါတယ်။ ဒီအဓိပ္ပာယ်ဟာ မင်းအတွက် ကောင်းမွန်တဲ့ အခွင့်ရေးတွေစောင့်မျှော်နေတယ်လို့ ဆိုပါတယ်။ မင်းအတွက် ဖိအားများကောင်းများနိုင်တယ်။ ဒါပေမယ့်ဒီဖိအားဟာ မင်းဘဝအတွက်အလှည့်အပြောင်းပါပဲ။ ဘာကိုမှ စိုးရိမ်ကြောင့်ကြစိတ်မရှိပဲ ရှေ့ကိုတည့်တည့်သာ ဆက်သွားပါလို့ပြောတာဖြစ်ပါတယ်။

မိမိသေခြင်း (သို့) တစုံတယောက်သေခြင်း 

Image result for die


ကိုယ်တိုင် ဖြစ်စေ (သို့) တစုံတယောက်သေတယ်လို့ အိပ်မက်မက်တယ်ဆိုရင် အရာတစ်ခုခုဟာ
မင်းဘဝကို တည့်တည့်မတ်မတ်လာနေပြီဖြစ်ပါတယ်။ စိတ်ဆိုး ၊ စိတ်ညစ်စရာ ဒါမှမဟုတ် အခြားတစ်ယောက်အပေါ် စိတ်ရှုပ်စရာကိစ္စတွေဖြစ်လာပါလိမ့်မယ်။ သူ့ဆီကနေ မင်းလစ်လျုရှုခံရတဲ့အခြေအနေမျိုးတွေ ကြုံလာပါလိမ့်မယ်။

အရမ်းနောက်ကျခြင်း

Image result for late

အလုပ် (သို့) ကျောင်းကိုသွားရင်း အင်မတန်နောက်ကျနေတယ်လို့ အိပ်မက်မက်တယ်ဆိုရင် မင်းဟာ စိတ်ဖိစီးမှုအလွန်များနေတာဖြစ်ပါတယ်။ တစ်ခုခုပေါ် တာဝန်ယူထားရတဲ့စိတ် ၊ အပျက်စီးများစွာကိုသယ်ဆောင်ထားရတဲ့ လူတစ်ယောက်လို စိတ်တွေမွန်းကြပ်နေပါတယ်။ ကိုယ့်ကိုယ်ကိုယ် အနားပေးနိုင်အောင် ကြိုးစားပါ။

သစ္စာဖောက်ခံရခြင်း 

Image result for cheating


အိပ်မက်ထဲမှာ ကိုယ့်ချစ်သူက သစ္စာဖောက်တယ်လို့ အိပ်မက်ရင် အပြင်မှာလည်း သူ့ကိုသံသယတွေနဲ့မဆက်ဆံလိုက်ပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ရိုးသားဖို့လိုသလို မင်းရဲ့ချစ်သူအပေါ်လည်း ပိုပြီးယုံကြည်မှုတွေပေးသင့်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.