ဆော်ဒီ မိန်းမပျိုကို သူ့ဆန္ဒ မပါဘဲ ဘယ်မှ မပို့ဘူးလို့ ထိုင်းကြေညာ

သြစတြေးလျနိုင်ငံမှာနိုင်ငံရေးခိုလှုံခွင့်ရဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မှာခေတ္တရပ်နားတဲ့ ဆော်ဒီအားရေးဗီးယားက မိန်းကလေးကို သူ့ဆန္ဒမပါဘဲ ဘယ်နေရာကိုမှ လွှဲပြောင်းပေးပို့မှာ မဟုတ်ဘူးလို့ ထိုင်းလူမှုဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့အကြီးအကဲက ပြောလိုက်ပါတယ်။

အသက် ၁၈ နှစ်အရွယ် မိန်းကလေး Rahaf Mohammed Alqunun ဟာ မိသားစုရဲ့အကြမ်းဖက်မှုကနေ လွတ်မြောက်ဖို့ ထွက်ပြေးလာတာဖြစ်ပြီး ဘန်ကောက် သုဝဏ္ဍဘူမိလေယာဉ်ကွင်းမှာ စစ်ဆေးစဉ် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာကော်မရှင်နာမင်းကြီးရုံးအရာရှိတွေရဲ့ အကူအညီနဲ့ ထိုင်းနိုင်ငံတွင်းကိုယာယီဝင်ရောက် ခွင့်ရခဲ့ပါတယ်။ သူ့ရဲ့ နိုင်ငံရေး ခိုလှုံရေးလျှောက်ခွင့်ရဖို့ အနည်းဆုံး ၅ ရက်ကနေ ၇ ရက်ကြာမယ်လို့လည်းဆိုပါတယ်။

Rahaf Alqunun ရဲ့အဖေဟာ တနင်္လာနေ့ညမှာ ဘန်ကောက်ကိုရောက်လာလိမ့်မယ်လို့ ထိုင်းလူဝင်မှုကြီးကြပ် ရေးရဲတပ်ဖွဲ့အကြီးအကဲ ဆူရာချတီ (Surachat) က ပြောပါတယ်။ ရာဟက်ဖ်ဟာ သူ့အဖေနဲ့တွေ့ချင်လား၊ ပြန်လိုက်သွားချင်လားဆိုတ ကာယကံရှင်ကိုမေးမယ်လို့ ပြောပါတယ်။
လောလောဆယ်မှာ ရာဟက်ဖ်က အိမ်မပြန်ချင်ဘူးပြောနေပြီး သူ့ကိုအတင်းအကြပ်တိုက်တွန်းမှာမဟုတ်ဘူး ၊ ထိုင်းဟာ လူ့အခွင့်အရေးဆိုင်ရာတရားဥပဒေ စိုးမိုးမှုရေးစည်းမျဉ်းတွေအတိုင်း လိုက်နာဆောင်ရွက်မှာပါလို့လည်း ဆူရာချတ်ကပြောပါတယ်။

( Rahaf ကို ထိုင်းအရာရှိများနှင့် လေဆိပ်မှ အထွက် တွေ့ရစဉ် Photo – AP )

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.