Brain abscess ဦးနှောက်တွင်း ပြည်တည်ခြင်း

အသက် ၂၅ ကျား၊ ဦးနှောက်အတွင်း ပြည်တည်အနာ ဆရာဝန်များ မှ ခွဲရမည်ဟုပြောပါတယ်။ ခွဲရင် ပြန်ကောင်းလာနိုင်ခြေ % သိချင်ပါတယ် ဆရာ။ ရောဂါဖြစ်ရတဲ့ အကြောင်းအရင်းနဲ့ ဆောင်ရန်ရှောင်ရန် များကို ဖြေကြားပေးစေလိုပါတယ်

ဆောရီး။ ပြည်ရှိနေတဲ့နေရာ၊ အနည်းအများ၊ လူနာရဲ့ကျန်းမာရေးအပေါ်မူတည်တယ်။ ကံတရားလည်း အားကိုးသင့်။

ဦးနှောက်တွင်းပြည်တည်တာက ပိုးဝင်လို့နဲ့ ထိခိုက်ဒဏ်ရာကနေ ဆက်ဖြစ်တယ်။ အရေးကြီးတယ်။ အရင်ကထက် ကုသနည်းတွေ ပိုကောင်းလာပါတယ်။ ယူအက်စ်အေမှာ တနှစ် လူနာပေါင်း ၁၅၀၀ ကနေ ၂၄၀၀ အထိရှိတယ်။ အသက် ၅၀ အောက် များတယ်။ ကလေးတွေ ၄-၇ နှစ်မှာလည်း ဖြစ်တယ်။ မွေးစကလေးတွေလည်းဖြစ်တာရှိတယ်။

လက္ခခံစားရနိုင်တဲ့ဏာများ
ခေါင်းကိုက်တာ ၆၉-၇၀% တွေ့ရတယ်။
ဖျားသူ ၄၅-၅၃% ရှိတယ်။
တက်သူ ၂၅-၃၅% ရှိတယ်။
ပျို့အန်သူ ၄၀% ရှိတယ်။
ပြည်တည်နေတဲ့ဘက်မှာ နာတယ်။

စိတ်အခြေအနေပြောင်းသူ ၆၅% ရှိတယ်။
စိတ်မရှင်းမလင်းဖြစ်ခြင်း၊
အိပ်ချင် လေးလံထိုင်းမှိုင်းနေခြင်း၊
စိတ်တိုခြင်း၊
အာရုံစိုက်နိုင်မှုနည်းခြင်း၊
ပြန်လည်တုန့်ပြန်မှုနည်းခြင်း၊
စိတ်ကူးစိတ်သန်းနှေးခြင်း၊
သတိလစ်ခြင်း။

အာရုံကြောထိခိုက်ခံရသူ ၅၀-၆၅% ရှိတယ်။
ကြွက်သားတွေအားနည်း၊
ကိုယ်တခြမ်းမလှုပ်နိုင်၊ အားနည်း၊
စကားပြောရခက်ခဲ၊
ထိန်းလုပ်ရတာတွေအားနည်း၊
လည်ပင်း ပခုံး နောက်ကျော တင်းတောင့်နေ၊
မျက်စိအရုပ်နှစ်ခုမြင်၊

ပိုးဝင်ခြင်းမှာ ဗက်တီးရီးယားနဲ့ ဖန်းဂတ်စ်ပိုးတွေကနေဖြစ်စေတယ်။ ပါရာဆိုက်ကနေဖြစ်တာလည်း ရှိတယ်။ ၉-၄၃% မှာ ပိုးက ကိုယ်ထဲတခြားနေရာကနေလာတယ်။ နှလုံးရောင်တာ၊ အဆုတ်ရောင်တာ၊ ဆီးအိမ်ရောင်တာ၊ ဗိုက်ထဲ တင်ပါးဆုံထဲကနေ လာတယ်။ နားအလယ်ပိုင်းကနေလည်းလာနိုင်တယ်။ ဦးခေါင်းထိခိုက်ဒဏ်ရာကနေလည်းရတယ်။

ပြည်ရှိနေတဲ့နေရာ၊ အရွယ်အစားနဲ့၊ လူနာရဲ့ကျန်းမာရေးအပေါ်မူတည်တယ်။ ၁ လက္မထက်ငယ်တာကို စုပ်ထုတ်လို့ ရနိုင်တယ်။ ပြည်အိမ်ထဲမှာ လေပါရှိနေသူ၊ ဆေးနဲ့မရသူ၊ ပြည်များလာသူ၊ ပေါက်ထွက်နိုင်လောက်သူတွေကို ခွဲစိတ်ကုသရပါမယ်။

၅-၂၃% တို့က သေဆုံးကြတယ်။ ဆောရီး။ နာတာရှည်ကျန်နေရသူတွေလည်းရှိတယ်။ လုံးဝကောင်းတာလည်း ရှိပါတယ်။

ဒေါက်တာတင့်ဆွေ
၇-၁-၂၀၁၉

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.