ပင်ပန်းနေတဲ့ မျက်လုံးတွေကို ဒီလို လေ့ကျင့်ခန်းလုပ်ပေးမယ်

နေ့စဉ် ကွန်ပျုတာကြည့်နေတဲ့သူတွေ၊ ဂိမ်းကစားနေတဲ့သူတွေပဲဖြစ်ဖြစ်၊ စာအရမ်းကြည့်ရလို့ မျက်လုံးတွေဝါးနေပြီဆိုရင် ဒီလေ့ကျင့်ခန်းလေးက သင့်မျက်လုံးကိုပြန်လည်အားပြည့်စေမှာပါ။ eye dropsတွေက တစ်ခဏတာ မျက်လုံးအေးစေမှာပါ။ လေ့ကျင့်ခန်းလုပ်ပေးမယ်ဆိုရင် မျက်လုံး ညောင်းညာခြင်းကိုသက်သာစေပါတယ်။

အနီး နဲ့ အဝေး

ဒီလေ့ကျင့်ခန်းကို ထပြီိးပဲဖြစ်ဖြစ်၊ ထိုင်ပြီးပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။ သင့်ရဲ့လက်မကို မျက်စိရှေ့ရဲ့
အဝေးမှာ ၁ဝလက်မလောက်ထားပြီး ၁ဝ- ၁၅စက္ကန့်လောက် စိုက်ကြည့်ပေးပါ။ ပြီးရင် ၁ဝပေဝန်းကျင်လောက်က ပစ္စည်းတစ်ခုကို ၁ဝ- ၁၅စက္ကန့်လောက် ထပ်ကြည့်ပါ။

ညာနဲ့ ဘယ်ကြည့်ခြင်း

ပုံမှာပြထားတဲ့အတိုင်း မျက်လုံးကို ဘယ်ဘက်ထောင့်ကပ်ပြီး ၅စက္ကန့်ကြာကြည့်ပေးပါ။ ပြီးရင် နောက်ထပ်ညာဘက်အခြမ်းကိုလည်း ၅စက္ကန့်ကြာထပ်ကြည့်ပေးပါ။ တစ်ကြိမ်ကို ၃ခေါက်လောက်လုပ်ပေးနိုင်ပါတယ်။

အပေါ်အောက်ကြည့်ခြင်း 

အပေါ်ကိုကြည့်မယ်၊ အောက်ကိုကြည့်မယ်။ စက္ကန့်ကတော့ ထားနိုင်သလောက်ထိထားပါ။
ဦးတည်ချက်တစ်ခုကို ၃ကြိမ်တိတိလုပ်ပေးဖို့ လိုပါတယ်။

မျက်လုံးလှည့်ခြင်း 

မျက်လုံးကို ပုံမှာပြထားတဲ့အတိုင်း မြှားအတိုင်းလှည့်ပေးရုံပါ။ ငါးကြိမ်စီလှည့်ပေးပါ။ အခေါက်ရေကတော့၃ခေါက်လောက်လုပ်ပေးဖို့လိုပါတယ်။

မျက်လုံးကို spa လုပ်မယ်

မျက်ဝန်းနားတစ်လျှောက် အရေးကြောင်းတွေနဲ့ အညှိုကွင်းတွေပျောက်ကင်းစေဖို့အတွက် spa လေးလုပ်မယ်ဆိုရင် ဒါလေးတွေစုထားလိုက်ပါနော်။ လိုအပ်တဲ့ပစ္စည်းတွေကတော့ မုန်လာဥနီ၊ ကြက်ဥနဲ့ ရှားစောင်းလက်ပတ်တို့ပဲဖြစ်ပါတယ်။ ဒီသုံးခုကို ရောမွှေကြိတ်ထောင်းပြီး ရလာတဲ့အနှစ်ကို မျက်ဝန်း တစ်ဝှိက်လိမ်းပါမယ်။ ၁၅- ၃ဝမိနစ်လောက်ကြာတာနဲ့ ရေဆေးချလိုက်ရင်တော့ ကြည်လင်ပြတ်သားတဲ့မျက်ကွင်းသစ်ကိုရရှိမယ့်အပြင် လှပတဲ့မျက်ဝန်းလေးကိုလည်း ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.