ခန္ဓာကိုယ်ပြောင်းလဲမှုတွေက သတိပေးနေတဲ့ ကျန်းမာရေးအန္တရာယ်

လေထုထဲကမမြင်ရတဲ့ ပိုးမွှားတွေဟာ လူတွေရဲ့နေ့စဉ်ဘဝကို အန္တရာယ်ဖြစ်စေပါတယ်။ ဒီလက္ခဏာတွေကို သင်လစ်လျုရှုထားမယ်ဆိုရင် အချိန်ကြာလာရင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
ဒါကြောင့် ပေါ့ပျက်ပျက်မနေပဲ ဒါလေးတွေကို သတိထားကြနော်…

နှုတ်ခမ်း ကွဲအက်

နှုတ်ခမ်းတွေ အဖက်လန်ပြီး ကွဲအက်ခြောက်ကပ်ခြင်းဟာ ဓာတ်မတည့်ခြင်းတစ်မျိုးဖြစ်ပါတယ်။
ကိုယ်နေ့စဉ်သုံးနေကြ အလှကုန်ပစ္စည်းတွေ၊ skin care တွေကို သေချာစစ်ဆေးသင့်ပါတယ်။
နောက်ပြီး ကိုယ်စားတဲ့ အစားစာတွေ၊ ဆေးတွေလည်း သတိထားပါ။ ဗီတာမင် ဘီ၊ အေနဲ့ အီးတို့
ချို့ တဲ့နေလို့လည်း ဖြစ်ပါတယ်။ မျက်ရည်ခန်းခြောက်ခြင်း၊ ပါးစပ်ခြောက်တာတို့က အစာခြေစနစ်နဲ့လည်းသက်ဆိုင်နေပါတယ်။

လက်သည်းကွဲအက်ခြင်း


ကျန်းမာတဲ့ လက်သည်းခွံဆိုတာ ဘယ်လိုဖြစ်မလဲ။ လက်သည်းခွံဟာ အရောင်မွဲတေပြီး ခြောက်ကပ်ကွဲအက်နေတယ်ဆိုရင် ဒါဟာ ကျန်းမာရေးသတိပေးနေတဲ့ လက္ခဏာပါ။ လက်သည်းတွေပါးလွှာပြီး ဖြူဖတ်ဖြူရော်ဖြစ်နေတယ်ဆိုရင် သံဓာတ်ချို့ တဲ့နေပြီး သွေးအားနည်းတာကြောင့်ဖြစ်ပါတယ်။
အဖြူရောင်အပျောက်တွေ လက်သည်းမှာပေါ်နေတာဆိုရင် Zinc, Copper နဲ့ အိုင်အိုဒင်းဓာတ်တွေ ဆုံးရှုံးနေလို့ပါ။

မျက်နှာနီရမ်းခြင်း


တစ်ချို့ လူတွေ မျက်နှာတွေ ခဏခဏနီရမ်းတတ်ကြပါတယ်။ အပူချိန်နဲ့ အရက်သေစာ သောက်စားခြင်းကြောင့်လည်း ဖြစ်နိုင်သလို ဒီအချက်တွေကြောင့်လည်း မျက်နှာနီရတာာ ဖြစ်ပါတယ်။ အမျိုးသမီးတွေဆို အသက် ၄ဝကျော်တဲ့အခါ ဟော်မုန်းတွေ လျော့နည်းလာပြီး သွေးဆုံးချိန်ရောက်လာပါတယ်။ မျက်နှာနီရမ်းခြင်းက demodicosis ကြောင့်ဖြစ်တဲ့ ပိုးမွှားတွေရှိနေလို့ပါ။

ဆံပင်ကျွတ်ခြင်း


လူတစ်ယောက်ဟာ တစ်နေ့ကို ဆံပင်မွှေး အပင် ၁ဝဝကျွတ်ပါတယ်။ ဒီထက်ပိုပြီး သင့်ဆံပင်ကကျွတ်နေပြီဆိုရင် ပုံမှန်မဟုတ်တဲ့ သိုင်းရွှိုက်အကျိတ်ကြောင့်ဖြစ်နိုင်သလို ၊ အရေပြားရောဂါနဲ့ autoimmune ကြောင့်ဖြစ်နိုင်ပါတယ်။ ဆံပင်တွေမတရားကျွတ်နေရင် ဆရာဝန်ဆီမှာ ဆွေးနွေးတိုင်ပင်ပြီး မိမိကျန်းမာရေးကို စစ်ဆေးပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.