BFFအတုအယောင်ဆိုတာ

ကိုယ့်နားမှာပေါင်းသင်း ဆက်ဆံတဲ့လူတိုင်းကတော့ ကိုယ့်အပေါ် ကောင်းနိုင်မဲ့သူတွေမဟုတ်ပေမဲ့၊ ကိုယ့်အပေါ်ချစ်လှပါ ရဲ့ခင်လှပါရဲ့BFFတွေပါ လို့ပြောနေတက်တဲ့သူတွေထဲမှာလည်း အယောင်ဆောင်ခင်မင်မှုတွေရှိတယ်ဆိုတာသတိထားပါ။ ကိုယ့်နားကလက်ရှိ ပေါင်းသင်းနေတဲ့သူတွေကြားမှာ ဘယ်လိုလူမျိုးတွေက ခင်မင်မှုအတုအယောင်တွေလဲဆိုတာ…

(၁) မလိုအပ်ပဲဦးစားပေးပြတယ်
သူငယ်ချင်းကို ချစ်လို့နေရာတကာမှာပွဲထုတ်တာနဲ့ ပတ်ဝန်းကျင်က မျက်နှာလိုချင်လို့ အိုဗာတင်းပြပြီး လူအများရှေ့မှာ အရမ်းခင်တက်သယောင် အရမ်းဦးစားပေးသယောင်ဆောင်တက်ပါတယ်။ စိတ်ထဲမှာတော့ကြိတ်ပြီး ပတ်ဝန်းကျင်ကပေးတဲ့ချီးကျူးစကားတွေ၊ Attentionတွေကို လိုချင်နေတာပါ။
(၂) လျို့ဝှက်လွန်းတယ်
သူတို့ဘာလုပ်လုပ်သိုသိုသိပ်သိပ်နဲ့ လျို့ဝှက်ကြတက်တယ်။ တစ်ခုခုဆို ကိုယ်ကသူတို့လုပ်ပြီးမှသိပြီး ကိုယ်မေးတဲ့ အခါ ငါလည်းအရေးမကြီးလို့မပြောပြတာပါ ၊ဘာညာနဲ့လျှော်တက်တယ်။ သူတို့အတွင်းစိတ်မှာ မသိမသာ နဲ့ကိုယ့်ကို ပြိုင်ဆိုင်နေတာကြောင့် သူတို့ရဲ့တိုးတက်ရာတိုးတက်ကြောင်းကို ကိုယ်နဲ့တိုင်ပင်ဖို့ဝန်လေးတက်ကြတာပါ။
(၃) လိုအပ်ရင်မရှိတော့ဘူး
ကိုယ့်အပေါ် တကယ်ကောင်းတဲ့သူဆိုတာ ကိုယ့်အခက်ခဲတွေကိုတက်နိုင်သမျှကူညီပေးတဲ့သူပါ။ ကိုယ်အဆင်ပြေနေတဲ့ အချိန်မှာသာ အနားမှာဝဲနေတက်ပြီး ကိုယ် နွံနစ်နေပြီဆို ရှောင်ထွက်သွားတဲ့သူမျိုး ဟာ သာပေါင်းညာစားအဆင့်သာရှိပါတယ်။
(၄) ကွယ်ရာမှာကဲ့ရဲ့တက်တယ်
ကိုယ့်ရဲ့အတွင်းကိစ္စရော အပြင်ကိစ္စတွေပါ ယုံယုံကြည်ကြည်တိုင်ပင်ထားပေမဲ့ နောက်ကွယ်မှာ ကိုယ့်အတင်းကို သွားပုပ်လေလွှင့်ပြောတက်တဲ့သူမျိုးပါ။ ကိုယ်သိသွားတဲ့ အခါ သူတို့မေးလို့ပြောမိတာပါဆိုပြီး ဆင်ခြေပေးတက်ပါတယ်။
(၅) အမှန်တိုင်းမဖြေဘူး
ကိုယ်မကောင်းတဲ့အရာတစ်ခုခုကို လုပ်မိတော့မဲ့ အချိန်မှာ ဒါမကောင်းဘူးမလုပ်နဲ့ထိခိုက်မယ်လို့ မပြောပဲ မဆိုးပါဘူး လုပ်ကြည့်လေဆိုပြီး ငြိမ်ငြိမ်လေးနဲ့ကြိတ်ပျော်နေတက်ပါတယ်။ ကိုယ့်ရဲ့ကောင်းမှုဆိုးမှုကို အမှန်တိုင်း လမ်းညွှန်မပြပဲ အတွင်းစိတ်ယုတ်မာတက်ကြပါတယ်။ ကိုယ့်တိုးတက်ရာတိုးတက်ကြောင်းကို ပိတ်ပင်ပြီးတားဆီးတက်ကြပါတယ်။
စစ်မှန်တဲ့ သူငယ်ချင်းကောင်းတွေ ကို ပိုင်ဆိုင်ကြပါစေလို့ဆုတောင်းရင်း…

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.