ဘယ်တော့မှ မလိုက်နာသင့်တဲ့ အချစ်ရေးအချစ်ရာ အကြံပေးစကားတွေ

အချစ်ဆိုတာ ခါးသီးခြင်းတွေရောစပ်ထားတဲ့ ချိုမြိန်ဆုံး စိတ်ခံစားမှုတွေဖြစ်သတဲ့။ တကယ်ချစ်တဲ့သူနဲ့ဘဝတစ်ခုကိုတည်ဆောက်တော့မယ်ဆိုရင် အခက်ခဲ ၊ ပြဿနာတွေကတော့ ရှိလာမှာပါပဲ။
ကြားလူတွေ ဝင်ရှုပ်တာရှိသလို နှစ်ယောက်ကြား စိတ်သဘောထားတွေမတိုက်ဆိုင်တဲ့အခါ
စကားတွေလွန် အကြောင်းမဲ့ စိတ်ညစ်ရတဲ့ပြဿနာတွေပဲ ပိုလာခဲ့ရတယ်။

တစ်ခါတစ်လေ ကိုယ့်ရဲ့အချစ်ရေးကိစ္စကို မဖြေရှင်းတတ်တော့တဲ့အခါ သူငယ်ချင်း မိတ်ဆွေတွေဆီကနေ အကူညီတောင်းတတ်ကြပါတယ်။ အကြံဥာဏ်ပေးသူ ကိုယ်တိုင်ကလွဲနေရင် မင်းကိုယ်တိုင်လည်းကောင်းမွန်တဲ့ RS တစ်ခုကို တည်ဆောက်နိုင်မှာမဟုတ်ပါဘူး။ ဒီတော့ အကျိုးမပြုနိုင်တဲ့ အချစ်ရေး အချစ်ရာအကြံပေးစကားတွေက ဘာတွေဖြစ်မလဲ…

” သူ့ထက်ကောင်းတဲ့လူအများကြီးပါ.. ” 

Image result for sugar daddy


နည်းနည်းတော့ ပြောရခက်ပါတယ်။ အခြေအနေပေါ်မူတည်တာပေါ့။ သူဟာတကယ်ပဲ မကောင်းတဲ့လူဆိုရင် ဒီစကားကိုလိုက်နာသင့်ပေမယ့် ခဏတာ စကားများတာလေးနဲ့ နောက်တစ်ယောက်ရှာပစ်တာကတော့ လွယ်လွန်းပါတယ်။ နောက်တစ်ယောက်ထပ်ရှာလည်း စကားများရဦးမှာပါပဲ။ ငွေရေးကြေးရေးကြောင့် သူ့ထက်ကောင်းတဲ့လူကို မင်းရှာမယ်ဆိုရင်လည်း တစ်ခုသတိထားရမှာက အဲ့ဒီပိုက်ဆံကပဲ မင်းရဲ့ပျော်ရွှင်မှုကို အချိန်မရွေးဖျက်ဆီးနိုင်တယ်ဆိုတာပါပဲ။

” ဘာမှမပြောနဲ့.. အခြေအနေတွေဆိုးအောင် မလုပ်ပစ်နဲ့ ” 

Image result for sad


ရေငုံနှုတ်ပိတ်နေတိုင်း ပြဿနာတွေဟာ ပြေလည်သွားမှာလား ? ကိစ္စတစ်ခုမှာ မင်းရဲ့စိတ်အခြေအနေကတော့ ဘယ်လို ၊ ဒါကို ဘယ်လိုမြင်ပါတယ်ဆိုတာ မင်းအနေနဲ့ ပြောခွင့်ရှိပါတယ်။ ဒါမှလည်း တစ်ဖက်ကသိပြီး တုံ့ပြန်လို့ရမှာပေါ့ ။ အတူတူစိတ်ခံစားချက်တွေ ဖလှယ်ပြီး ညှိနှိုင်းဖြေရှင်းပါ။ ဒါမှ တစ်ယောက်နဲ့တစ်ယောက်လည်း နားလည်နိုင်မှာပေါ့။

” သူ့privacy တွေ နင်သိခွင့်ရှိတယ်… ဒါနင့်အခွင့်ရေးပဲ “


လူတိုင်းမှာ ကိုယ်ပိုင်လျှို့ဝှက်ချက်ဆိုတာရှိပါတယ်။ သူနဲ့ပတ်သတ်ပြီး တစ်စိတ်တစ်ပိုင်းလောက်သာ သိထားသင့်ပါတယ်။ ဒီထက်ပိုပြီး အဆင့်ကျော်မယ်ဆိုရင် သူ့အပေါ်ချုပ်ကိုင်ထားရာ ရောက်သလို သူလည်း မလွတ်လပ်တော့ပါဘူး။ ငါလည်း သူ့နေရာမှာဆိုပြီး ကိုယ်ချင်းစာတတ်ပါစေ။ နှစ်ယောက်လုံးသက်တောင့်သက်သာဖြစ်စေဖို့ အချို့ ကိစ္စတွေဟာ သိထားဖို့မလိုပါဘူး။

” နင်လိုချင်တဲ့ type အတိုင်း ပုံသွင်းပေါ့ ချစ်ရင်လိုက်နာမှာပဲ ”

Image result for toxic relationship

ချစ်တာက ချစ်တာ။ အကျင့်ကတော့ ဖျောက်လို့ရမယ်မထင်ပါဘူး။ ဘယ်သူပဲဖြစ်ဖြစ် ချစ်လာရင်
သူ့ကို ကိုယ်လိုချင်တဲ့ပုံစံဘောင်ထဲ ဆွဲထည့်ချင်လာတယ်။ လူတစ်ယောက်ကို ပြောင်းလဲဖို့လွယ်မယ်ထင်သလား။ မိဘတွေတောင် သားသမီးကို ပုံသွင်းလို့မရတာ .. သွေးသားမတော်စပ်သူတစ်ယောက်ကို ” ငါ့ကိုချစ်ရင် ဒီလိုနေ .. ဟိုမှာစား .. ဒါကိုဝတ် ” ဆိုပြီး ပုံသွင်းလို့မရပါဘူး။ ခေါက်ရိုးချိုးနေတဲ့ အကျင့်ဗီဇဆိုတာ ပြင်ဖို့ခက်ပါတယ်။ အရှိကိုအရှိတိုင်း လက်ခံပြီး သူ့ပုံစံအတိုင်း မင်းချစ်ပေးနိုင်မှသာ ရေရှည်အဆင်ပြေပါလိမ့်မယ်။

အချို့ အကြံပေးစကားတွေက အသုံးဝင်ပါတယ်။ အဓိက ကိုယ့်ကိစ္စရဲ့အခြေအနေပေါ်မူတည်ပြီး
အကြံပေးစကားတွေနဲ့ ဆက်စပ်ကာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုသာ ချတတ်ဖို့လိုပါတယ်။
လူကောင်းတွေ့နိုင်ဖို့ဆိုတာ ခက်ခဲပါတယ်။ မှန်ကန်တဲ့လူတစ်ယောက်နဲ့ တွေ့ဆုံဖို့ မကောင်းတဲ့လူကိုတွန်းထုတ်လိုက်ရတာ ဘာမှမဖြစ်ပေမယ့် မကောင်းတဲ့လူအတွက်နဲ့ မှန်ကန်တဲ့လူတစ်ယောက်ကို ကျောခိုင်းပစ်မိရင် နောင်တရမှာ မင်းပါပဲ။

Credit- Trand Myanmar

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.