စမတ်ကျတဲ့ အမျိုးသမီးတွေ ဟာ ဘာကြောင့်မှန်ကန်တဲ့ လူတစ်ယောက်ကို လွယ်လွယ်ရှာ မတွေ့နိုင်တာလဲ

ပညာရေးမှာ သူ့နယ်ပယ်နဲ့သူကျွမ်းကျင်ပြီိး စမတ်ကျတဲ့မိန်းကလေးတွေဟာ လက်တွဲဖော်အစစ်မှန်ရဖို့ အချိန်တုံ့ဆိုင်းနေတတ်ပါတယ်။ ဒီမိန်းကလေးတွေဟာ ဥာဏ်ရည်မြင့်မားသလောက် သူတို့ဘဝမှာ အခက်ခဲတွေအများကြီး ကြုံခဲ့ရပါတယ်။ နောက်လည်း ဖြေရှင်းရမယ့်ပြဿနာတွေ အများကြီးကြုံနေရဦးမှာပါ။ ဒီလိုပြဿနာတွေကို သူမတို့အချိန်ပေးပြီး ဖြေရှင်းနိုင်သလောက် အချစ်ရေးမှာ အားနည်းနေတတ်ကြပါတယ်။ အဓိကတော့ တော်ရုံယောက်ျားမျိုးဟာ သူမစိတ်ကို မလွှမ်းမိုးနိုင်ဘူး။ တော်သည် မတော်သည်ထက် သူမအတွက် မစစ်မှန်တဲ့ယောက်ျားမျိုး ၊ အပျော်တွဲတတ်တဲ့ ယောက်ျားတွေနဲ့ အချိန်ဖြုန်းမိမှာကို စိုးရိမ်တာပါ။ ဒါကြောင့် ချစ်ရေးဆိုလာတဲ့ယောက်ျားတွေရှိလာရင်လည်း အချိန်ဆွဲပြီးစောင့်ကြည့်တတ်တယ်။ စိတ်မရှည်တဲ့ ယောက်ျားတွေကတော့ လစ်တာပေါ့။

သူမတို့မှာ ကိုယ့်အလုပ်၊ ကိုယ်ရည်မှန်းချက်နဲ့ အချိန်မလောက်ရတဲ့ကြားထဲ လူရွေးမှားမိတဲ့အခါ အချိန်တွေ၊ ပိုက်ဆံတွေ ဖြုန်းမိမှာကို အင်မတန်ကြောက်ပါတယ်။ သူမအတွက် ဘ၀မှာအချိန်က အရေးကြီးဆုံးမို့လို့ပါ။ နောက်ပြီး ဒီလိုမိန်းကလေးတွေဟာ ယောက်ျားလေးတွေရဲ့အမြင်မှာလည်း ဆွဲဆောင်မှု နည်းနေတတ်ပါတယ်။ အကြောင်းတွေကတော့ –

အပျော်တွဲမယ့်လူမျိုးကို သူတို့မကြိုဆိုဘူး
ဒီလိုလူမျိုးတွေဟာ သူမရဲ့အချိန်တွေကို တမင်သက်သက် လာဖြုန်းတီးမှာဖြစ်တာမို့ အစတည်းက သူမဘက်က ကြိုဆိုခြင်းမရှိပါဘူး။ နည်းနည်းလေး ဇာတ်လမ်းတောင်မစရသေးဘူး။ အလံနီပြပြီး ဒီလူတွေကို လမ်းတစ်ဝက်မှာတင် လှည့်ပြန်ခိုင်းတတ်တဲ့ အမျိုးသမီးတွေပါ။

Image result for Smart Women

ကတိစကားဟာ အဓိကပြဿနာ
သူမကို အပျော်သက်သက်လာတွဲသူတွေရဲ့ဆင်ခြင် ၊ ဆင်လက်တွေကို နားထောင်ဖို့အချိန်မရှိပါဘူး။ ကတိစကားတွေပေးပြီး လုပ်ချင်ရာလုပ်တာမျိုး ၊ ပြီးမှ အကြောင်းပြချက်တွေ အမျိုးမျိုးလာပေးတာ သူမလက်မခံနိုင်ပါဘူး။

တစ်ယောက်တည်းရှိလည်း ဖြစ်တယ်
လူတိုင်း လူတိုင်းဟာ တစ်ချိန်ချိန်မှာ တစ်ယောက်တည်း ဘဝခရီးကိုလျှောက်လမ်းရမှာပါပဲ။ ဒါပေမယ့် ဆေးပေးမီးယူ ဘဝလက်တွဲဖော်ဆိုတာလည်း ရှိသင့်ပါတယ်။ စစ်မှန်တဲ့လူမျိုးကို မတွေ့မချင်း အချိန်ထိ သူမတို့တစ်ယောက်တည်းနေရလည်း နေပျော်ပါတယ်။ နေတတ်တယ်။

အပြောတွေမှာ မသာယာတတ်

Image result for Smart Women


လက်ဆောင်တွေ ၊ စကားလုံးတွေနဲ့ မိန်းကလေးတစ်ယောက်ကို အပေါ်ယံဆွဲဆောင်တတ်တဲ့ ယောက်ျားတွေရဲ့မူယာမှာ သူမတို့ဟာ မကျရှုံးတတ်ပါဘူး။ လက်တွေ့ပဲ သက်သေပြသွားတာမျိုးကို သဘောကျပါတယ်။ သူမကို တလေးတစားဆက်ဆံသူမျိုးပဲဖြစ်ရမှာပါ။ ဒါကြောင့် မင်းဟာ အချိန်ကြာကြီး တစ်ယောက်တည်းဖြစ်နေလို့ ကိုယ့်ကိုကိုယ် အသုံးမကျလိုက်တာလို့ မတွေးပါနဲ့။ မင်းဟာလည်း စမတ်ကျတဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေတဲ့အတွက် မှန်ကန်တဲ့လူတစ်ယောက်ကို စောင့်ဆိုင်းနေတာဖြစ်ပါတယ်။ တစ်ယောက်အကြောင်း တစ်ယောက်မသိပဲ ချစ်ကြ ၊ ပြီးရင် ကွဲကြ ပြဲကြအဖြစ်မျိုးတွေကိုတွေ့ပြီး မင်းအနေနဲ့သံဝေဂရနေတာလည်း ဖြစ်နိုင်ပါတယ်။ စစ်မှန်တဲ့လူတစ်ယောက်ကို စောင့်ဆိုင်းရခြင်းဟာ မင်းအတွက် ထိုက်တန်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.