စိတ်ငြိမ်အေးချမ်းစေဖို့ ဘယ်လိုတရားထိုင်ကြမလဲ…

စိတ်ဖိစီးမှုတွေ ၊မကောင်းတဲ့အတွေးတွေ ၊ စိတ်အားငယ်မှုတွေ လျော့ကျစေဖို့ အကောင်းဆုံးကတော့ တရားထိုင်ခြင်းပါပဲ။ တရားထိုင်ရင် စိတ်ငြိမ်မယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ထပ်ရဦးမလဲဆိုတာ ပြောပြပေးသွားပါမယ်။

အခုမှ တရားစထိုင်မယ့်လူတွေအနေနဲ့ ဝင်လေ၊ ထွက်လေကို ဖြည်းဖြည်းနဲ့ပုံမှန်သတိကပ်ပြီး ရှုထုတ်ပေးရုံပါပဲ။ အကြောတွေအကုန်လျော့ ၊ သက်တောင့်သက်သာဖြစ်စေမယ့် အနေထိုင်မျိုးနဲ့ပဲ အရင်ထိုင်ပါ။ မိနစ်နည်းနည်းချင်းစီကနေ တဖြည်းဖြည်းအချိန်ကို ပိုပိုတိုးထိုင်သွားပေါ့။

အသက်ကြီးရင့်မှုကို လျော့ကျစေ၊ မှတ်ဥာဏ်ကောင်း ၊ ကိုလက်စထရောဓာတ်တွေလည်းလျော့ကျ၊ နှလုံးခုန်နှုန်း ပုံမှန်ဖြစ်၊ သွေးအားနည်းခြင်းနဲ့ အောက်စီဂျင်ဓာတ်ကိုမြှင့်တင်ပေးနိုင်ပါတယ်။ မနက်ခင်းတိုင်း နာရီဝက်လောက် တရားထိုင်ပေးရင်ပဲ တော်တော်ကောင်းနေပါပြီ။ အဲ့နေ့တစ်နေ့လုံးကတော့ ပေါ့ပါးပြီး အလုပ်လုပ်ရတာလည်း ကောင်းမှကောင်းပဲ။

တရားထိုင်တဲ့အခါ tension တွေမရှိဖို့လိုတယ်။ ထိုင်လိုက်ပြီဆိုတာနဲ့ ကိုယ့်ကိုယ်ကိုယ် သက်တောင့်သက်သာရှိရဲ့ လား သေချာစစ်ဆေးပါ။ လုံးဝ relax ဖြစ်နေဖို့လိုတယ်။ အဓိက သတိလေးကပ်နေဖို့ပါပဲ။ ဘေးနားကို အာရုံကိုတွေမပျံလွင့်စေနဲ့ ။ ကိုယ့်ဝင်လေ၊ ထွက်လေကို နှာခေါင်းမှာ သတိကပ်ထားပါ။ သတိကပ်နေတဲ့ကြားက စိတ်က ပျံလွင့်ဖို့ ကြိုးစားနေလေပြီလား .. ။ တရားထိုင်ဖူးတဲ့လူတိုင်းသိပါတယ်။ ဟိုနားက ယားသလို၊ ဒီနားက နာလာသလို ၊ အသံတွေကြားနေရသလို .. စသဖြင့် အနှောင့်ယှက်တွေဝင်လာတတ်တယ်။ စိတ်ကဖြစ်နေတာပါ။ ယားလို့ဆိုပြီး ယားတဲ့နေရာကို တကယ်သွားကုတ်ကြည့်။ အယားပြေသွားသလိုမခံစားရရင် စိတ်ကဖြစ်နေတာပါ။

🙂

ကိုယ့်ရဲ့ဝင်လေထွက်လေ အကြိမ်ရေကို မှတ်ထား။ ဥပမာ အခါ ၁ဝဝသတ်မှတ်ထားတယ်ဆို ၊ အကြိမ်ရေပြီးတာနဲ့ စက္ကန့်အနည်းငယ်လောက် မျက်လုံးဖွင့်လိုက်ပါ။ မျက်လုံးထဲမှာ အမြင်ကြည်လင်ပြီး စိတ်မှာလည်း လန်းဆန်းနေတယ်။ ဒါဆို စိတ်ပိုင်းဆိုင်ရာ challenges အတွက် အကောင်းဆုံးပြင်ဆင်လို့ရပြီ။ ပုံမှန်တရားထိုင်ပေးခြင်းဖြင့် စိတ်နှလုံးအေးချမ်းကြပါစေ… 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.