သူသာတကယ်ချစ်ရင် ဒါတွေကိုတုံ့ဆိုင်းမနေပဲ သင့်အတွက်လုပ်ပေးမှာပါ..

အချစ်နဲ့ပတ်သတ်ပြီး ဘာဖြစ်ပါတယ် ၊ ညာဖြစ်ပါတယ်လို့တော့ အဓိပ္ပာယ်တွေ မဖွင့်ဆိုပြတော့ပါဘူး။ တကယ်တမ်း အချစ်ဆိုတဲ့ အရာကအဓိပ္ပာယ်ဖွင့်မရအောင် ရှုပ်ထွေးလွန်းပါတယ်။ သေချာတာတစ်ခုကတော့ လူတစ်ယောက်ဟာ အချစ်ဆိုတာအရာကို နက်နက်ရှိုင်းရှိုင်းခံစားမိပြီဆိုရင် ဒါတွေကိုလုပ်ဖို့ သူ့အတွက် ဝန်မလေးတော့ဘူး။ မတွန့်ဆုတ်တော့ဘူး။ တကယ်ချစ်လာပြီဆို သူ့အလိုလိုပြောင်းလဲလာတာလေးတွေ ရှိပါတယ်..

နားထောင်ပေးတယ်
နားထောင်တာနဲ့ ကြားရုံလေးကြားခြင်းမှာ ကွခြားချက်တွေအများကြီးရှိပါတယ်။ မင်းကိုမချစ်တဲ့လူက မင်းပြောတာကို ကြားနေတယ်ဆိုရုံလောက်သာ နားထောင်ပေးနေမှာဖြစ်ပါတယ်။ မင်းပြောနေတဲ့စကားတွေကို အလေးထား အာရုံစိုက်နားမထောင်နေပါဘူး။ တကယ်ချစ်တဲ့လူဟာ သင်ပြောတဲ့စကားကို အမြဲတမ်းသေချာနားထောင်ပေးပါတယ်။ ပြောတာကိုနားထောင်ပြီး အကြံဥာဏ်တွေပေးနိုင်တဲ့ လူမျိုးမှသာ သင့်အပေါ်တကယ်ချစ်တဲ့လူပီသပါတယ်။

ရန်ဖြစ်ပြီးရင်လည်း ပြန်တောင်းပန်ဖို့ဝန်မလေး
ရည်းစားစုံတွဲတွေမှ မဟုတ်ဘူး။ လူနှစ်ဦး နှစ်ယောက် ဆက်ဆံရေးမှာ စိတ်အခန့်မသင့်စရာ၊စကား ကတောက်ကဆများရတာလေးတွေရှိပါတယ်။ ချစ်တဲ့လူနဲ့ ဆက်ဆံတဲ့အခါ ရန်ဖြစ်ရတာတွေပိုများတာပေါ့။ မထင်မှတ်ထားတဲ့ အမူကျင့်ကြောင့် တစ်ယောက်က စိတ်ဆိုးပြီဆိုရင် တကယ်ချစ်တဲ့လူက ပြန်ချော့ဖို့လည်း ဝန်မလေးပါဘူး။ လူဆိုတာ ကိုယ်ချစ်တဲ့လူကြောင့်သာ စိတ်ဆိုးစိတ်ကောက်ဖြစ်ရတာပါ။ ကိုယ့်ကိုသူချစ်လို့ စိတ်ဆိုးတယ်ဆိုတာ သိနေရင် ဘာဖြစ်လို့ပြန်မတောင်းပန်နိုင်ရမှာလဲ ? သူ့ကို စိတ်ဆိုးတဲ့အတိုင်းပစ်ထားတော့မှာလား ? တကယ်ချစ်တဲ့လူကတော့ မြန်မြန်ပြေလည်သွားအောင်ပဲ ညှိယူကြပါတယ်။ အချိန်ကြာသွားရင် နှစ်ယောက်ကြား အဖုထစ်တွေဖြစ်သွားမှာ မလိုလားဘူးလေ။

အနစ်နာခံတတ်တဲ့စိတ်
တစ်ချို့ က တကယ်ချစ်လာရင် ပါးစပ်ကတဖွဖွမပြောပါဘူး။ အလုပ်နဲ့ပဲ သက်သေပြလိုက်ကြတယ်။ ချစ်ကြောင်းတဖွဖွပြောတယ်ဆိုတာ တစ်စိတ်တစ်ပိုင်းလောက်ပဲ အရေးပါတာပါ။ တစ်ခုခုဆို မင်းအတွက် သူအနစ်နာခံလိုက်တာတို့၊ သူ့အတွက် ဘာအကျိုးမှမရှိမှန်းသိပေမယ့် မင်းအတွက်ကောင်းမယ်ထင်လို့ သူ့လုပ်စရာတွေကို အချိန်ပြောင်းဖို့ အစီစဉ်တစ်ခုချလိုက်တာတို့ပေါ့။ သူ့အနစ်နာခံလိုက်လို့ မင်းပျော်သွားတာမြင်ရင် သူလည်း စိတ်ချမ်းသာတယ်။ ဘာမှတော့မဟုတ်ပေမယ့် ချစ်တဲ့စိတ်ကြောင့်သာ အရာရာဖန်တီးနိုင်တာပါ။

ဘာမဆို ရင်ဆိုင်ရဲ
တကယ်ချစ်တတ်လာပြီဆိုရင် မင်းအနားမှာပဲအမြဲရှိချင်ပြီး ဆုံးရှုံးရမှာကိုလည်း စိုးရိမ်လာတယ်။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် မင်းလက်ကို သူတွဲထားပြီး ရင်ဆိုင်သွားဖို့အသင့်ပါပဲ။ မင်းအတွက်ဆို သူတို့ဘာမဆို တိုက်ခိုက်ရဲတယ်။

မင်းရဲ့အောင်မြင်မှုအတွက် သူအမြဲဂုဏ်ယူ
မင်းရဲ့အောင်မြင်မှုကို ဂုဏ်ပြုဖို့ ဝန်မလေးဘူး။ အောင်မြင်နိုင်ဖို့အတွက် ဘာတွေလိုအပ်မလဲဆိုတာ ဘေးနားကကူညီပေးတယ်။ စိတ်ဓာတ်ခွန်အားတွေပေးတယ်။ အောင်မြင်လာပြီဆိုလည်း သူကိုယ်တိုင်အောင်မြင်သလိုပဲ ဝမ်းမြောက်ပေးတတ်တယ်။

အဆက်သွယ် ဘယ်တော့မှမပြတ်စေ
သင်ဘာလုပ်နေလဲ.. ဘယ်သူနဲ့ရှိနေလဲဆိုတာ အမြဲတမ်းအဆက်သွယ်မပြတ်အောင် နေပါတယ်။ ဖုန်းခဏခဏဆက်ပြီး ဘယ်သွားရင်သွားတယ်။ ဂရုစိုက်သွား၊ အိမ်စောစောပြန်လို့ ပြောနေခြင်းဟာ သူမင်းကိုစိတ်ပူလို့ပါ။ လမ်းမှာတစ်ခုတစ်စုံဖြစ်ရင်လည်း သူချက်ချင်းသိနိုင်အောင်ပေါ့။ ဒါကြောင့် သူကဖုန်းခဏ ခဏဆက်နေတာပဲဆိုပြီး စိတ်မညစ်နဲ့နော်။ တကယ်ချစ်ရင် အပြစ်လို့ကိုမြင်မှာမဟုတ်ပါဘူး။

မိသားစု၊ သူငယ်ချင်းတွေနဲ့ပါ သိကျွမ်းအောင်နေ
သူတကယ်ချစ်ရင် မင်းရဲ့သူငယ်ချင်းတွေနဲ့ခင်အောင်နေ ၊ မိသားစုဝင်တွေနဲ့ လိုက်တွေ့ဖို့ထိပါ သူဆုံးဖြတ်ထားပါတယ်။ မင်းရဲ့သူငယ်ချင်းတွေက ဘယ်လို၊ မိသားစုနဲ့လည်း မင်းရဲ့နေထိုင်မှုက ဘယ်လိုလဲဆိုတာ သူသိချင်ပါတယ်။ သူ့အတွက် မင်းနဲ့ပတ်သတ်တဲ့အရာအားလုံးဟာ စိတ်ဝင်စားစရာချည်းပါပဲ။ နောက်ပြီး သူဟာ သင့်ဘဝရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်နိုင်အောင် ကြိုးစားနေခြင်းပဲဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.