

Credit – Yangon Police

တာချီလိတ်မြို့နယ်တွင် အိုက်စ်များ ဖမ်းဆီးရမိ
နေပြည်တော်၊ ဇန်နဝါရီ ၁၀
ဇန်နဝါရီ ၉ ရက်နေ့ ၂၁၅၀ အချိန် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်းရပ်ကွက်(က)၊ ဝမ်မိုင်ရပ်ရှိ ခရစ်ယာန်ဘုရားကျောင်း လမ်းတွင် စိုင်းရှဲန်လှ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေစစ်ဆေးရာ မော်တော် ဆိုင်ကယ်ရှေ့ခွကြားရှိ ကျောပိုးအိတ်အတွင်းမှ GUANYINWANG စာတန်းပါ တရုတ်လက်ဖက်ခြောက် အိတ်(၁၀)အိတ်ဖြင့် ထည့်ထားသည့် အိုက်စ် ၁၀ ကီလိုနှင့် လက်ကိုင်ဖုန်းနှစ်လုံးတို့ကို သိမ်းဆည်း ရမိခဲ့ပြီး ကွင်းဆက်အရ ၂၂၅၀ အချိန် သိမ်းဆည်းရမိခဲ့သည့်အိုက်စ်များကို ရောင်းချခိုင်းသူ ဒေါ်မွှေးလိန် အား တာချီလိတ်မြို့၊ ဆန်ဆိုင်းရပ်ကွက်(ခ)၊ ဟံသာဝတီလမ်းရှိ ၎င်း၏နေအိမ်တွင် လက်ကိုင်ဖုန်း တစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် စိုင်းရှဲန်လ(၃၂)နှစ်နှင့် ဒေါ်မွှေးလိန်(၄၈)နှစ်တို့အား မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်း ရရှိသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.