ရှမ်းလက်နက်ကိုင်အဖွဲ့နှင့် ပအိုဝ်းလက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြစ်သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့သည် ဇန်န၀ါရီလ ၉ ရက်နေ့ နေ့လယ်ပိုင်းတွင် မိုင်းပန်မြို့အတွင်၌ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း PNLO ပြန်ကြားရေးမှ ဒေါ်နန်းယဉ်ယဉ်စိုး က The Ladies News သို့ပြောကြားသည်။

တိုက်ပြွဲုဖစ်ပွားရခြင်းမှာ RCSS တပ်ဖွဲ့က PNLO တပ်ဖွဲ့များကို ၀င်ရောက် တိုက်ခိုက်သောကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်ဟု သူမက ပြောကြားသည်။

`အချိန်ကတော့ နေ့လယ် ၂ နာရီပေါ့နော်။ ကျွန်မတို့ တပ်ဖွဲ့တွေ ရှိတဲ့နေရာကို လာပြီးတိုက်တာပါ။ ၂နာရီခွဲ
မှာ သူတို့ပြန်ဆုတ်သွား ပါတယ်။ တိုက်ပွဲဖြစ်တာက ပန်းပီဒေသမှာ ပါ` ဟု ဒေါ်န်းယဉ်ယဉ်စိုး က ပြော
ကြားသည်။
RCSS ပြန်ကြားရေးမှ Tai Freedom ကလည်း မိုင်းပန်မြို့နယ် နားမွန်ကျေးရွာအုပ်စု ပန်းပီရွာအနီးတွင် ၄င်းတို့ တပ်ဖွဲ့များနှင့် PNLO တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားသည်ဟု သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလမှ စတင်ကာ RCSS နှင့် PNLO တပ်ဖွဲ့များသည် မိုင်းပန်မြို့နယ်အတွင်း၌ တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့ရာ ယခုဆိုလျင် မိုင်းပန်ဒေသခံ ပအိုဝ်းတိုင်းရင်းသား ၅၀၀ ၀န်းကျင်သည် သံလွင်မြစ်ကို ဖြတ်ကူးကာ `၀` (UWSA) တောင်းပိုင်း ထိန်းချုပ်နယ်မြေတွင် စစ်ဘေးရှောင်ခိုလှုံနေရသည်။

RCSS နှင့် PNLO နှစ်ဖွဲ့စလုံးသည် NCA တွင် လက်မှတ်ရေး ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြစ်ပြီး။ NCA တွင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချင်းချင်းကြားတွင် ၄င်းတို့နှစ်ဖွဲ့သည် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု အများဆုံးအဖွဲ့များလည်းဖြစ်သည်။

အောင်ရဲနောင်
CREDID – The Ladies News

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.