သာယာလှပတဲ့ သဘာဝတရားနဲ့ ဝန်းရံနေတဲ့ အမျိုးသမီးဟာ ပိုမိုသက်ရှည်ကျန်းမာနိုင်

စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ ဖိစီးမှုမရှိနေရတဲ့ ဘဝမျိုးမှာ ဘယ်သူမဆို နေပျော်သလို သက်ရှည်ကျန်းမာနိုင်ပါတယ်။ အမျိုးသမီးအနေနဲ့ သာယာလှပတဲ့ သဘာဝတရားနားမှာ ရှင်သန်နေထိုင်ခွင့်ရမယ်ဆိုရင်ပိုပြီး သက်ရှည်ကျန်းမာနိုင်ကြောင်း ကျွမ်းကျင်ပညာရှင်များက ဆိုပါတယ်။

အသက်ကြီးလာတဲ့အခါ လေထုညစ်ညစ်ပြီး ဆူညံတဲ့ မြို့ ပြအောက်မှာ ဘယ်သူမှမနေထိုင်ချင်တော့ပါဘူး။ သစ်ပင်တွေ၊ အသီးနှံ့တွေစိုက်ပျိုးပြီး မိမိခြံဝန်းလေးထဲ တိတ်ဆိတ် အေးချမ်းစွာပဲ နေလာချင်ကြပါတော့တယ်။

အမျိုးသမီးတွေအတွက် စိမ်းစိုလန်းဆန်းတဲ့ ခြံဝင်းဟာ စိတ်ဖိစီးမှုလျော့နည်းစေသလို အံ့သြစရာကောင်းတဲ့ ကျန်းမာရေးသုခတွေကိုလည်း ရရှိစေနိုင်ပါတယ်။

Related image

မိမိခြံထဲမှာ အသီးရွက်လေးတွေ ကိုယ်တိုင်စိုက်ပျိုးပြီး လတ်လတ်ဆတ်ဆတ် ခူးစားတာဟာ ပိုးသတ်ဆေးတွေဖြန်းထားတဲ့ အသီးနှံ့တွေထက်စာရင် အများကြီးကျန်းမာရေးအတွက်ကောင်းစေမှာပါ။
ဒီလိုနေထိုင်မှုဟာ မိန်းမသားများတင်မဟုတ်ပဲ ယောက်ျားသားများအတွက်ပါ ကျန်းမာရေးနဲ့ လျော်ညီတဲ့နေထိုင်မှုပုံစံပဲဖြစ်ပါတယ်။ ဒါကြောင့် သက်ရှည်ကျန်းမာချင်တယ်ဆိုရင် ရေရှည် ကိုယ်တိုင်နေထိုင်မယ့် ပုံစံအတွက် ကြိုတင်စီစဉ်မှုတွေ လုပ်ထားဖို့လည်းလိုပါတယ်။

Image result for women with nature

ဟုတ်လား ၊ မဟုတ်လားဆိုတာ အခုပဲစိမ်းစိုသာယာ လှပတဲ့ ခြံဝန်းကြီးကို ဖန်တီးလိုက်ကြပါစို့ !

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.