ဒီအေတြးေတြက သင့္ကုိက်ရွံဳးမႈဆီသာ ဦးတည္သြားေစမွာ…

တစ္ခါတစ္ေလကုိယ္ကုိုယ္တုိင္ကပဲ ကုိယ့္ကုိယ့္ကုိယ္ယံုၾကည္မႈမရွိေအာင္၊စိတ္ဓာတ္က်ေအာင္လုပ္မိသြားတတ္ပါတယ္။အထူးသျဖင့္ ေအာင္ျမင္မႈပန္းတုိင္ကုိမေရာက္ေအာင္ ေႏွာင့္ယွက္ႏုိင္ဆံုး အေတြးေတြေပါ့။အေတြးေတြက ဘာမွသာမဟုတ္တယ္။လုပ္ငန္းတစ္ခုမလုပ္ျဖစ္ေအာင္၊အလုပ္ကိစၥပ်က္ျပားေအာင္ ၀င္ေႏွာင့္ယွက္တတ္ပါတယ္။သင့္မွာေရာ က်ရွံဳးမႈေတြဆီသာ ဦးတည္သြားေစမယ့္ဒီလုိအေတြးေတြရွိေနျပီလား?

*ကိစၥတစ္ခုခုကုိလုပ္ဖုိ႔ ကုိယ့္အသက္အရြယ္နဲ႔ျဖစ္ပါ့မလားဆုိျပီး တြန္႔ဆုတ္ေနတာမ်ိဳး
ကုိယ့္ရဲ႔အလိုဆႏၵေတြကုိျဖည့္ဆည္းဖုိ႔ဆုိရင္အသက္က ငယ္ငယ္ၾကီးၾကီး အေရးမပါေတာ့ပါဘူး။ဒါကုိမေမ့ပါနဲ႔

*ပုိက္ဆံေတြလည္းစုျဖစ္ေတာ့မွာမဟုတ္ပါဘူးလုိ႔ေတြးမိေနတာမ်ိဳး
ပုိက္ဆံက နည္းနည္းခ်င္းစီစစုမွျဖစ္တာပါ။အမ်ားၾကီးတစ္ခါတည္းစုစရာမလိုပါဘူး။ျဖည္းျဖည္းခ်င္းစုၾကည့္ပါ

*တကယ္လုိ႔ငါ့မွာ…ရွိရင္ ေပ်ာ္ရႊင္ရမွာပဲလုိ႔ ေတြးမိေနတာမ်ိဳး
တစ္ခုခုေပါ့။ဖုန္းအသစ္ေလးရွိရင္ ေပ်ာ္ရမွာပဲ၊ကားေလးတစ္စီးရွိရင္ ေပ်ာ္ရမွာပဲဆုိတာေတြက တကယ့္ေပ်ာ္ရႊင္မႈအစစ္မဟုတ္ပါဘူး။အဲ႔ဒါေတြပုိင္ရရင္ ေပ်ာ္ရႊင္ရတာက ခဏတာပါ။ဒါကုိ သတိျပဳမိဖုိ႔လိုပါတယ္။အဲ႔ဒီအရာေတြမရွိလဲ ေပ်ာ္ရႊင္ရတဲ႔ ေပ်ာ္ရႊင္မႈအစစ္ကုိရွာေဖြပါ

*ငါ ဒါကုိေနာက္မွလုပ္လိုက္မယ္
လူေတာ္ေတာ္မ်ားမ်ားေျပာေနက်၊ေတြးေနက်အေတြးပါပဲ။ဒါေပမဲ႔ တကယ္တမ္းသူတုိ႔မသိတာက ကုိယ့္မွာအခ်ိန္ဘယ္ေလာက္က်န္ေသးလဲဆုိတာပါပဲ။ေနာက္မွလုပ္လိုက္မယ္ဆုိတာထက္ ခ်က္ခ်င္းလုပ္လိုက္တာက ပုိျပီးစိတ္ခ်ရပါတယ္။

*ငါ ဘာလုပ္လုပ္အဆင္မေျပဘူး အျမဲက်ရွံဳးေနတာပဲ ငါကအရွံဳးသမားပဲ
တစ္ခုခုလုပ္လိုက္လုိ႔အဆင္မေျပဘူးဆိုျပီးစိတ္ဓာတ္က်ေနဖုိ႔မလိုပါဘူး။ကုိယ္လိုခ်င္တဲ႔အရာက အခုမဟုတ္ရင္ေတာင္ တျဖညး္ျဖည္းၾကိဳးစားရင္းရလာမွာပါပဲ။လက္ေလ်ွာ့လိုက္စရာသာ မလိုတာပါ။

*ဘယ္သူမွ ငါ့ကုိနားမလည္ၾကဘူး
ဒီအေတြးကလည္း လူေတာ္ေတာ္မ်ားမ်ားေတြးၾကတဲ႔အေတြးပါပဲ။တကယ္ေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ အေတြးကလည္းမတူတဲ႔အတြက္တစ္ေယာက္ကိုတစ္ေယာက္နားလည္ေပးဖို႔ဆုိတာခက္ပါတယ္။ကုိယ့္ကုိနားလည္ေပးဖုိ႔ အတင္းၾကိဳးစားေျပာေနမယ့္အစား ကုိယ္နဲ႔မတူညီတဲ႔တစ္ျခားတစ္ေယာက္ရဲ႔အျမင္ကုိ နားေထာင္ၾကည့္လိုက္တာ၊သူ႔ဘက္က ၀င္ေတြးၾကည့္လိုက္တာက ဘ၀မွာေနရထုိင္ရတာပုိအဆင္ေျပပါလိမ့္မယ္။

*ငါက သူမ်ားေတြလိုမေတာ္ဘူး။ငါလုပ္ႏုိင္မွာမဟုတ္ဘူး
မလုပ္ၾကည့္ရေသးဘူး၊လက္ေလ်ွာ့ေနတာက ပုိုျပီးက်ရွံဳးေစပါတယ္။အေကာင္းျမင္စိတ္ေလးထားပါ။သူတုိ႔ေတာင္လုပ္ႏုိင္တာ ငါကဘာလုိ႔မလုပ္ႏုိင္ရမွာလဲဆုိတဲ့အေတြးနဲ႔ ၾကိဳးစားၾကည့္ပါ။ကုိယ့္ကုိယ့္ကုိယ္ေျပာင္းလဲေစတာ ကုိယ္ပဲရွိပါတယ္။

ဒီလုိအေတြးေတြကုိ ေျပာင္းလဲမပစ္ပဲ အျမဲေတြးေနဦးမယ္ဆုိရင္ေတာ့ ေအာင္ျမင္မႈထက္ က်ရွံဳးမႈကုိ အရင္ဆံုးရင္ဆုိင္ရမွာမလြဲပါဘူး။ဒါေၾကာင့္မေကာင္းတဲ့အေတြးအျမင္ေတြကုိဖယ္ျပီး ဘ၀ကုိျဖတ္သန္းၾကည့္ပါ…

Ref:Brightside

Unicode

တစ်ခါတစ်လေကိုယ်ကိုုယ်တိုင်ကပဲ ကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှုမရှိအောင်၊စိတ်ဓာတ်ကျအောင်လုပ်မိသွားတတ်ပါတယ်။အထူးသဖြင့် အောင်မြင်မှုပန်းတိုင်ကိုမရောက်အောင် နှောင့်ယှက်နိုင်ဆုံး အတွေးတွေပေါ့။အတွေးတွေက ဘာမှသာမဟုတ်တယ်။လုပ်ငန်းတစ်ခုမလုပ်ဖြစ်အောင်၊အလုပ်ကိစ္စပျက်ပြားအောင် ဝင်နှောင့်ယှက်တတ်ပါတယ်။သင့်မှာရော ကျရှုံးမှုတွေဆီသာ ဦးတည်သွားစေမယ့်ဒီလိုအတွေးတွေရှိနေပြီလား?

*ကိစ္စတစ်ခုခုကိုလုပ်ဖို့ ကိုယ့်အသက်အရွယ်နဲ့ဖြစ်ပါ့မလားဆိုပြီး တွန့်ဆုတ်နေတာမျိုး
ကိုယ့်ရဲ့အလိုဆန္ဒတွေကိုဖြည့်ဆည်းဖို့ဆိုရင်အသက်က ငယ်ငယ်ကြီးကြီး အရေးမပါတော့ပါဘူး။ဒါကိုမမေ့ပါနဲ့

*ပိုက်ဆံတွေလည်းစုဖြစ်တော့မှာမဟုတ်ပါဘူးလို့တွေးမိနေတာမျိုး
ပိုက်ဆံက နည်းနည်းချင်းစီစစုမှဖြစ်တာပါ။အများကြီးတစ်ခါတည်းစုစရာမလိုပါဘူး။ဖြည်းဖြည်းချင်းစုကြည့်ပါ

*တကယ်လို့ငါ့မှာ…ရှိရင် ပျော်ရွှင်ရမှာပဲလို့ တွေးမိနေတာမျိုး
တစ်ခုခုပေါ့။ဖုန်းအသစ်လေးရှိရင် ပျော်ရမှာပဲ၊ကားလေးတစ်စီးရှိရင် ပျော်ရမှာပဲဆိုတာတွေက တကယ့်ပျော်ရွှင်မှုအစစ်မဟုတ်ပါဘူး။အဲ့ဒါတွေပိုင်ရရင် ပျော်ရွှင်ရတာက ခဏတာပါ။ဒါကို သတိပြုမိဖို့လိုပါတယ်။အဲ့ဒီအရာတွေမရှိလဲ ပျော်ရွှင်ရတဲ့ ပျော်ရွှင်မှုအစစ်ကိုရှာဖွေပါ

*ငါ ဒါကိုနောက်မှလုပ်လိုက်မယ်
လူတော်တော်များများပြောနေကျ၊တွေးနေကျအတွေးပါပဲ။ဒါပေမဲ့ တကယ်တမ်းသူတို့မသိတာက ကိုယ့်မှာအချိန်ဘယ်လောက်ကျန်သေးလဲဆိုတာပါပဲ။နောက်မှလုပ်လိုက်မယ်ဆိုတာထက် ချက်ချင်းလုပ်လိုက်တာက ပိုပြီးစိတ်ချရပါတယ်။

*ငါ ဘာလုပ်လုပ်အဆင်မပြေဘူး အမြဲကျရှုံးနေတာပဲ ငါကအရှုံးသမားပဲ
တစ်ခုခုလုပ်လိုက်လို့အဆင်မပြေဘူးဆိုပြီးစိတ်ဓာတ်ကျနေဖို့မလိုပါဘူး။ကိုယ်လိုချင်တဲ့အရာက အခုမဟုတ်ရင်တောင် တဖြညး်ဖြည်းကြိုးစားရင်းရလာမှာပါပဲ။လက်လျှော့လိုက်စရာသာ မလိုတာပါ။

*ဘယ်သူမှ ငါ့ကိုနားမလည်ကြဘူး
ဒီအတွေးကလည်း လူတော်တော်များများတွေးကြတဲ့အတွေးပါပဲ။တကယ်တော့ တစ်ယောက်နဲ့တစ်ယောက် အတွေးကလည်းမတူတဲ့အတွက်တစ်ယောက်ကိုတစ်ယောက်နားလည်ပေးဖို့ဆိုတာခက်ပါတယ်။ကိုယ့်ကိုနားလည်ပေးဖို့ အတင်းကြိုးစားပြောနေမယ့်အစား ကိုယ်နဲ့မတူညီတဲ့တစ်ခြားတစ်ယောက်ရဲ့အမြင်ကို နားထောင်ကြည့်လိုက်တာ၊သူ့ဘက်က ဝင်တွေးကြည့်လိုက်တာက ဘဝမှာနေရထိုင်ရတာပိုအဆင်ပြေပါလိမ့်မယ်။

*ငါက သူများတွေလိုမတော်ဘူး။ငါလုပ်နိုင်မှာမဟုတ်ဘူး
မလုပ်ကြည့်ရသေးဘူး၊လက်လျှော့နေတာက ပိုုပြီးကျရှုံးစေပါတယ်။အကောင်းမြင်စိတ်လေးထားပါ။သူတို့တောင်လုပ်နိုင်တာ ငါကဘာလို့မလုပ်နိုင်ရမှာလဲဆိုတဲ့အတွေးနဲ့ ကြိုးစားကြည့်ပါ။ကိုယ့်ကိုယ့်ကိုယ်ပြောင်းလဲစေတာ ကိုယ်ပဲရှိပါတယ်။

ဒီလိုအတွေးတွေကို ပြောင်းလဲမပစ်ပဲ အမြဲတွေးနေဦးမယ်ဆိုရင်တော့ အောင်မြင်မှုထက် ကျရှုံးမှုကို အရင်ဆုံးရင်ဆိုင်ရမှာမလွဲပါဘူး။ဒါကြောင့်မကောင်းတဲ့အတွေးအမြင်တွေကိုဖယ်ပြီး ဘဝကိုဖြတ်သန်းကြည့်ပါ…

Ref:Brightside

Credit – Treand Myanmar

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.