ပွေ့ဖက်ခြင်းတွေကနေ ပြောပြနေတဲ့ အဓိပ္ပာယ်လေးတွေ

အတွဲတွေကြားမှာ ချစ်လို့ဖက်သာ ဖက်နေပေမယ့် အဓိပ္ပာယ်လေးတွေသိထားတော့ ဖက်ရတာ
ပိုအရသာရှိတာပေါ့။ ဘယ်လိုဖက်ပုံဖက်နည်းတွေက ဘယ်လိုအဓိပ္ပာယ်တွေရှိလဲဆိုတာ ကြည့်လိုက်ရအောင် …

မွန်းကြပ်စေတဲ့ ပွေ့ဖက်ခြင်း


သင့်ရဲ့ချစ်သူက အတင်းကြပ်အောင်ပွေ့ဖက်ထားတယ်ဆိုရင် အဲ့ဒီနေ့မှာ သူ့အတွက် အဆင်မပြေမှုတွေ၊ စိတ်ပင်ပန်းမှုတွေရှိနေလို့ပါ။ ဒီလိုပွေ့ဖက်လာရင် သူ့ရဲ့စိတ်ဖိစီးမှုတွေကို အလိုက်တသိဖြေဖျောက်ပေးတတ်ပါစေ။

ပုံမှန် ပွေ့ဖက်ခြင်း


ဒါကတော့ တစ်ယောက်နဲ့တစ်ယောက်ကြား လေးစားမှုပြသတာမျိုးဖြစ်ပြီး အဲ့ဒီအခိုက်တန့်လေးမှာ
ရင်းနှီးမှုတွေပိုတိုးစေပါတယ်တဲ့။

အေးချမ်းတဲ့ ပွေ့ဖက်မှု


ပွေ့ဖက်ထားရင်း ခေါင်းလေးကိုပွတ်သပ်ပေးနေတဲ့ အဓိပ္ပာယ်ဟာ အားပေးနှစ်သိမ့်တဲ့ သဘောပါ။
ခက်ခဲတဲ့နေ့တွေမှာ ငါရှိတယ်.. ဘာမှမဖြစ်ဘူး.. အဆင်ပြေသွားလိမ့်မယ် ဆိုတဲ့အဓိပ္ပာယ်သက်ရောက်ပါတယ်။

သူငယ်ချင်း


ဒီလိုပွေ့ဖက်မှုမျိုးက သူငယ်ချင်းလိုခင်မင်မှုကိုလည်း ပြသလို နှစ်ယောက်ကြား လွတ်လပ်မှုတွေနဲ့
တည်ဆောက်ထားတဲ့ ဆက်ဆံရေး။ ချုပ်နှောင်မှုတွေကင်းတယ်လို့ အဓိပ္ပာယ်ရပါတယ်။

ကာကွယ်ခြင်း


ဒီလိုပွေ့ဖက်တာကို careless hug လို့လည်းခေါ်ပါတယ်။ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး။ မင်းကိုကာကွယ်ထားမယ်။ မင်းကိုပဲ ပွေ့ဖက်ချင်တယ်လို့ အဓိပ္ပာယ်ရပါတယ်။

နောက်သိုင်းဖက်ခြင်း


အနောက်ကနေ သိုင်းဖက်တယ်ဆိုရင် မင်းကိုလုံခြုံစေချင်တယ်။ သင့်ရဲ့ကောင်မလေးကို ဒီလိုအနောက်ကသိုင်းဖက်ပေးမယ်ဆို သင့်ရင်ခွင်ထဲမှာ သူမလုံခြုံသလိုခံစားရစေမှာပါ။

Credit – Treand Myanmar

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.