ငယ္ငယ္ရြယ္ရြယ္နဲ႔ဆံပင္ျဖဴေတြေပါက္ေနလုိ႔ စိတ္ညစ္ေနတဲ႔သူေတြအတြက္

ငယ္ငယ္ရြယ္ရြယ္နဲ႔ ဆံပင္ျဖဴေပါက္တာမ်ိဳးေတြရွိၾကပါတယ္။အဲ႔ဒီအခါ ေဆးအမည္းျပန္ဆုိးရတာနဲ႔ ၾကာေတာ့ ဆံပင္ေတြလည္းပ်က္စီးလာပါေရာ။တစ္ပင္ႏွစ္ပင္ေလာက္က ျပႆနာမရွိေပမဲ႔ နည္းနည္းေလးမ်ားလာျပီဆုိရင္ေတာ့ စိတ္ညစ္ရမွာအမွန္ပါပဲ။ဆံပင္လည္းျပန္မည္းခ်င္တယ္။ဆံပင္ပ်က္စီးတာလည္းမျဖစ္ခ်င္ဘူးဆုိတဲ႔သူေတြအတြက္ သဘာ၀အတုိင္းဆံသားျပန္လည္ မည္းနက္ေစမယ့္ နည္းလမ္းေကာင္းေလးေတြျပန္ျပီးေ၀မ်ွေပးပါမယ္။ဘယ္လုိနည္းလမ္းေကာင္းေလးေတြလဲဆုိရင္…

*အုန္းဆီနဲ႔သံပုရာရည္

ဆံပင္အတြက္လံုေလာက္တဲ႔အုန္းဆီအနည္းငယ္ရယ္၊သံပုရာရည္စားပြဲတင္ဇြန္းသံုးဇြန္းရယ္ကုိေရာစပ္ျပီးဦးေရျပားတစ္၀ုိက္ညင္သာစြာလိမ္းပါ။ျပီးရင္ဆံသားေတြကုိေသခ်ာျဖီးပါ။တစ္နာရီေလာက္ထားျပီးရင္ ေခါင္းေလွ်ာ္ရည္အေပ်ာ့စားေလးနဲ႔ ေလ်ွာ္ေပးနုိင္ပါျပီ။ဒီနည္းေလးကို တစ္ပတ္ကုိ
၂ခါျဖစ္ေစ သံုးခါျဖစ္ေစလုပ္ေပးပါ။

*Almond ဆီ
ဆံပင္ျဖဴလာတာသတိထားမိတဲ႔အခါ Almond ဆီေလးနဲ႔ပံုမွန္ႏွိပ္နယ္လိမ္းေပးမယ္ဆုိရင္ ဆံသားေတြျပန္ျပီးနက္ေမွာင္လာႏုိင္ပါတယ္။Almond ဆီကဆံသားကုိျပန္ျပီးအားျဖည့္ေပးတဲ႔အတြက္ တစ္လေလာက္ပံုမွန္လိမ္းေပးမယ္ဆုိရင္ သိသာတဲ႔ရလဒ္ကုိျမင္ေတြ႔ရမွာပါ။

*အာလူး

အာလူးေလးေတြကုိ ေရေႏြးပြက္ပြက္ထဲထည့္ျပဳတ္လို႔ ရလာတဲ႔အရည္ကုိအေအးခံပါ။ျပီးရင္ အဲ႔ဒီအရည္ကုိ ဆံသားအႏွံေလာင္းခ်ေပးတာကလည္းဆံပင္သားေတြျပန္ျပီးနက္ေမွာင္လာေစတယ္လုိ႔သိရပါတယ္။ဆံသားအေရာင္လည္းေတာက္ပေစျပီး သန္မာလာေစပါတယ္။

*Black coffee

Black coffee မႈန္႔ကုိ Hair mask အျဖစ္ သံုးေပးတာကလည္း သဘာ၀အတိုင္းဆံသားနက္ေမွာင္လာေစတဲ႔နည္းေလးပါ။ေကာ္ဖီမႈန္႔အနည္းငယ္ကုိေရနဲ႔ေရာစပ္လို႔ရလာတဲ႔အႏွစ္ေတြကုိ ဆံသားအရင္းကေန အဖ်ားထိလိမ္းေပးပါ။ေပါင္းတင္သလုိျဖစ္တဲ႔အျပင္ ဆံသားကုိလညး္နက္ေမွာင္သန္စြမ္းလာေစပါတယ္။

*ေထာပတ္သီး
ေထာပတ္သီးကလည္း ဗီတာမင္ဘီ၊ဗီတာမင္ 12 ပါ၀င္တဲ႔အတြက္ သဘာ၀အတိုင္း ဆံသားနက္ေမွာင္သန္စြမ္းေစပါတယ္။အသက္အရြယ္ရလာရင္ေတာင္သူမ်ားေတြထက္ ဆံပင္ျဖဴတာေႏွးခ်င္တယ္ဆုိရင္ ေထာပတ္သီးကုိ Hair mask အျဖစ္ပံုမွန္သံုးေပးသင့္ပါတယ္။ေထာပတ္သီးကုိၾကိတ္ေခ်ျပီးရလာတဲ႔အနွစ္ေတြကုိ ဆံသားအႏွံ႔လိမ္းေပးပါ။တစ္ပတ္ကိုတစ္ခါပံုမွန္လုပ္ေပးသြားရင္ ဆံသားေျခာက္ေသြ႔ၾကမ္းတမ္းတာေတြအတြက္ပါ ေျဖရွင္းျပီးသားျဖစ္သြားပါလိမ့္မယ္။

*ငရုတ္ေကာင္း

ငရုတ္ေကာင္းကလည္း ဆံပင္ျဖဴတာကုိကာကြယ္ေပးႏုိင္ျပီး ဆံသားနက္ေမွာင္လာေစပါတယ္တဲ႔။ငရုတ္ေကာင္းအမည္းေစ့ေလးေတြကုိၾကိတ္ေခ်ျပီး သံပုရာရည္အနည္းငယ္နဲ႔ေရာစပ္လိုက္ပါ။ျပီးရင္ ဦးေရျပားေပၚလိမ္းေပးပါ။၁၅မိနစ္၊နာရီ၀က္ေလာက္ၾကာတဲ႔အခါ ေရနဲ႔ေသခ်ာေဆးခ်ျပီး ပံုမုွန္ေခါင္းေလ်ွာ္သလို ေလ်ွာ္ေပးလို႔ရပါျပီ။ဒါက ဦးေရျပားမွာျဖစ္တတ္တဲ႔၀က္ျခံနဲ႔ေဗာက္ေတြကုိပါ ေသေစႏုိင္ပါတယ္။

ဒီနည္းလမ္းေလးေတြက ဆံပင္ျဖဴစေပါက္ေနတဲ႔လူငယ္ေလးေတြအတြက္ပဲ ပုိျပီးအသံုး၀င္ေစမွာပါ။ဆံပင္လံုး၀ျဖဴေနတဲ႔  လူၾကီးေတြအတြက္ေတာ့ ဒီနည္းလမ္းေလးေတြက ဆံပင္ကုိလံုး၀ျပန္ျပီးမည္းနက္ေစတာထက္ ဆံပင္အံုပိုေကာင္းလာျပီး ဆံပင္ေတြမကြ်တ္ေတာ့ေအာင္၊အရင္လုိဆံသားျမန္ျမန္ျဖဴတာမ်ိဳးမျဖစ္ေစေတာ့ေအာင္ ဆံသားထိန္းသိမ္းေပးတာမ်ိဳးပဲအသံုး၀င္ႏုိင္ပါတယ္။

Ref:speakingtree

Unicode

ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူပေါက်တာမျိုးတွေရှိကြပါတယ်။အဲ့ဒီအခါ ဆေးအမည်းပြန်ဆိုးရတာနဲ့ ကြာတော့ ဆံပင်တွေလည်းပျက်စီးလာပါရော။တစ်ပင်နှစ်ပင်လောက်က ပြဿနာမရှိပေမဲ့ နည်းနည်းလေးများလာပြီဆိုရင်တော့ စိတ်ညစ်ရမှာအမှန်ပါပဲ။ဆံပင်လည်းပြန်မည်းချင်တယ်။ဆံပင်ပျက်စီးတာလည်းမဖြစ်ချင်ဘူးဆိုတဲ့သူတွေအတွက် သဘာဝအတိုင်းဆံသားပြန်လည် မည်းနက်စေမယ့် နည်းလမ်းကောင်းလေးတွေပြန်ပြီးဝေမျှပေးပါမယ်။ဘယ်လိုနည်းလမ်းကောင်းလေးတွေလဲဆိုရင်…

*အုန်းဆီနဲ့သံပုရာရည်

ဆံပင်အတွက်လုံလောက်တဲ့အုန်းဆီအနည်းငယ်ရယ်၊သံပုရာရည်စားပွဲတင်ဇွန်းသုံးဇွန်းရယ်ကိုရောစပ်ပြီးဦးရေပြားတစ်ဝိုက်ညင်သာစွာလိမ်းပါ။ပြီးရင်ဆံသားတွေကိုသေချာဖြီးပါ။တစ်နာရီလောက်ထားပြီးရင် ခေါင်းလျှော်ရည်အပျော့စားလေးနဲ့ လျှော်ပေးနိုင်ပါပြီ။ဒီနည်းလေးကို တစ်ပတ်ကို
၂ခါဖြစ်စေ သုံးခါဖြစ်စေလုပ်ပေးပါ။

*Almond ဆီ
ဆံပင်ဖြူလာတာသတိထားမိတဲ့အခါ Almond ဆီလေးနဲ့ပုံမှန်နှိပ်နယ်လိမ်းပေးမယ်ဆိုရင် ဆံသားတွေပြန်ပြီးနက်မှောင်လာနိုင်ပါတယ်။Almond ဆီကဆံသားကိုပြန်ပြီးအားဖြည့်ပေးတဲ့အတွက် တစ်လလောက်ပုံမှန်လိမ်းပေးမယ်ဆိုရင် သိသာတဲ့ရလဒ်ကိုမြင်တွေ့ရမှာပါ။

*အာလူး

အာလူးလေးတွေကို ရေနွေးပွက်ပွက်ထဲထည့်ပြုတ်လို့ ရလာတဲ့အရည်ကိုအအေးခံပါ။ပြီးရင် အဲ့ဒီအရည်ကို ဆံသားအနှံလောင်းချပေးတာကလည်းဆံပင်သားတွေပြန်ပြီးနက်မှောင်လာစေတယ်လို့သိရပါတယ်။ဆံသားအရောင်လည်းတောက်ပစေပြီး သန်မာလာစေပါတယ်။

*Black coffee

Black coffee မှုန့်ကို Hair mask အဖြစ် သုံးပေးတာကလည်း သဘာဝအတိုင်းဆံသားနက်မှောင်လာစေတဲ့နည်းလေးပါ။ကော်ဖီမှုန့်အနည်းငယ်ကိုရေနဲ့ရောစပ်လို့ရလာတဲ့အနှစ်တွေကို ဆံသားအရင်းကနေ အဖျားထိလိမ်းပေးပါ။ပေါင်းတင်သလိုဖြစ်တဲ့အပြင် ဆံသားကိုလညး်နက်မှောင်သန်စွမ်းလာစေပါတယ်။

*ထောပတ်သီး
ထောပတ်သီးကလည်း ဗီတာမင်ဘီ၊ဗီတာမင် 12 ပါဝင်တဲ့အတွက် သဘာဝအတိုင်း ဆံသားနက်မှောင်သန်စွမ်းစေပါတယ်။အသက်အရွယ်ရလာရင်တောင်သူများတွေထက် ဆံပင်ဖြူတာနှေးချင်တယ်ဆိုရင် ထောပတ်သီးကို Hair mask အဖြစ်ပုံမှန်သုံးပေးသင့်ပါတယ်။ထောပတ်သီးကိုကြိတ်ချေပြီးရလာတဲ့အနှစ်တွေကို ဆံသားအနှံ့လိမ်းပေးပါ။တစ်ပတ်ကိုတစ်ခါပုံမှန်လုပ်ပေးသွားရင် ဆံသားခြောက်သွေ့ကြမ်းတမ်းတာတွေအတွက်ပါ ဖြေရှင်းပြီးသားဖြစ်သွားပါလိမ့်မယ်။

*ငရုတ်ကောင်း

ငရုတ်ကောင်းကလည်း ဆံပင်ဖြူတာကိုကာကွယ်ပေးနိုင်ပြီး ဆံသားနက်မှောင်လာစေပါတယ်တဲ့။ငရုတ်ကောင်းအမည်းစေ့လေးတွေကိုကြိတ်ချေပြီး သံပုရာရည်အနည်းငယ်နဲ့ရောစပ်လိုက်ပါ။ပြီးရင် ဦးရေပြားပေါ်လိမ်းပေးပါ။၁၅မိနစ်၊နာရီဝက်လောက်ကြာတဲ့အခါ ရေနဲ့သေချာဆေးချပြီး ပုံမုှန်ခေါင်းလျှော်သလို လျှော်ပေးလို့ရပါပြီ။ဒါက ဦးရေပြားမှာဖြစ်တတ်တဲ့ဝက်ခြံနဲ့ဗောက်တွေကိုပါ သေစေနိုင်ပါတယ်။

ဒီနည်းလမ်းလေးတွေက ဆံပင်ဖြူစပေါက်နေတဲ့လူငယ်လေးတွေအတွက်ပဲ ပိုပြီးအသုံးဝင်စေမှာပါ။ဆံပင်လုံးဝဖြူနေတဲ့  လူကြီးတွေအတွက်တော့ ဒီနည်းလမ်းလေးတွေက ဆံပင်ကိုလုံးဝပြန်ပြီးမည်းနက်စေတာထက် ဆံပင်အုံပိုကောင်းလာပြီး ဆံပင်တွေမကျွတ်တော့အောင်၊အရင်လိုဆံသားမြန်မြန်ဖြူတာမျိုးမဖြစ်စေတော့အောင် ဆံသားထိန်းသိမ်းပေးတာမျိုးပဲအသုံးဝင်နိုင်ပါတယ်။

Ref:speakingtree

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.