အသားအရည်ပြောင်းလဲမှုကနေတစ်ဆင့် သိနိုင်တဲ့ ရောဂါလက္ခဏာများ

သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ခန္ဓာကိုယ်အသားအရည်ပြောင်းလဲမှုကိုကြည့်ပြီး အလွယ်တကူသိနိုင်ပါတယ်။အသားအရည်ပေါ်မှာ ပြောင်းလဲမှုတစ်ခုခု ကိုမြင်တာနဲ့ကြိုတင် ကာကွယ်ဖို့ လိုနေပါပြီ။အဲ့ဒါကြောင့် အသားအရည်ပြောင်းလဲမှုပြဿနာတွေကဘာတွေလဲဆိုတာ ပြောပြပေးသွားပါမယ်။

၁။လက်မှာအမည်းကွက်လို ဖြစ်ပေါ်နေတယ်ဆိုရင်တော့ ကျောက်ကပ်ရောဂါရဲ့လက္ခဏာတစ်ခုပါတဲ့။သတိမထားမိပဲနေမယ်ဆိုရင် မကြာခင်မှာပဲ ကြွက်သားတွေနာကျင်ပြီးအရိုးတွေလွယ်ကူစွာကျိုးလာတာကိုခံစားရမှာပါ။ အဲ့ဒါကြောင့်လက်မှာအမည်းကွက်လေးတွေဖြစ်လာရင် ဆရာဝန်နဲ့ချက်ချင်းသွားပြသင့်ပါတယ်။

၂။လက်မှာ တဖြည်းဖြည်းနဲ့အသားအရောင်ကနေ အဖြူရောင်ဘက်ကိုပြောင်းသွားတယ် ဆိုရင်ဆရာဝန်နဲ့အမြန်ဆုံးပြပါ။မီလန်နိုဆိုက်စ်လို့ခေါ်တဲ့ဆဲလ်တွေကခန္ဓာကိုယ်အတွင်းက စနစ်တွေကို တိုက်ခိုက်နေတဲ့အတွက်ကြောင့်အဲ့ဒီနေရာတစ်ဝိုက်မှာရှိတဲ့ဆဲလ်တွေ ကပြန်မတွန်းလှန်နိုင်ပဲ အဖြူရောင်အဖြစ်ပြောင်းလာတာပဲဖြစ်ပါတယ်။ ဒါဟာလည်းကျောက်ကပ် အနီးတစ်ဝိုက်မှာဖြစ်ပေါ်နေတဲ့ရောဂါလက္ခဏာတစ်ခုပဲဖြစ်ပါတယ်။ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးတာကအကောင်းဆုံးဖြစ်မှာပါ။

၃။အသားအရည်ပေါ်မှာ အနီစက်တွေအများကြီးထွက်လာပြီဆိုရင် ဆရာဝန်နဲ့အမြန်ဆုံး သွားပြသင့်ပါပြီ။ မတည့်တဲ့အစားအစာစားမိတာဖြစ်စေ၊ဓာတုပစ္စည်းတွေနဲ့မတည့်တာဖြစ်စေ ခန္ဓာကိုယ်နဲ့ဓာတ်မတည့်တာကြောင့်အနီစက်တွေအများကြီးထွက်ပေါ်လာတာပဲဖြစ်ပါတယ်။

၎။သင့်လက်ချောင်းတွေကိုသတိထားကြည့်ပါ။အရင်ကထက်ပိုပြီးဖောရောင်လာတယ်ဆိုရင်ဆရာဝန်ဆီမြန်မြန်သွားသင့်ပါပြီ။အဲ့ဒါဟာ လည်ပင်းမှာအကြိတ်ဖြစ်လာတာကြောင့်တဖြည်းဖြည်း ကိုယ်ခန္ဓာအစိတ်အပိုင်းတွေယိုယွင်းပျက်စီးလာတာပဲဖြစ်ပါတယ်။အချိန်မီမကုသရင် တခြားအစိတ်အပိုင်းတွေကိုပါထိခိုက်နိုင်ပါတယ်။တခြားရောဂါလက္ခဏာတွေကတော့ တံတွေးထွေးတဲ့အခါမှာ ပုံမှန်ထွေးသလိုမဖြစ်ခြင်း၊အသားအရည်ခြောက်သွေ့ခြင်း ၊ဆံပင်တွေကျွတ်ခြင်းနဲ့ ရုတ်တရက်ကိုယ်အလေးချိန်ကျဆင်းခြင်းတို့ပဲဖြစ်ပါတယ်။

၅။ခန္ဓာကိုယ်မှာရှိနေတာထက် မှဲ့အသစ်တွေအများကြီးထွက်လာတာဟာ မျိုးရိုးလိုက်တာကြောင့်ဖြစ်နိုင်ပါတ်။နောက်ထပ်ဖြစ်နိုင်ချေတစ်ခုကတော့ ဟော်မုန်းမညီမျှမှုကြောင့်ဖြစ်ပါတယ်။မှဲ့တွေကပုံမှန်အားဖြင့် အန္တရာယ်မရှိပါဘူး။ဒါပေမဲ့ နာကျင်လာမယ်၊အရောင်နဲ့အရွယ်အစားပိုကြီးလာတာမျိုးဖြစ်လာရင်တော့ ဆရာဝန်ဆီသွားသင့်ပါပြီ။

၆။မျက်နှာမှာ ၀က်ခြံဖြစ်တာဟာ မျက်နှာအဆီအရမ်းပြန်လို့လည်းဖြစ်နိုင်သလို ဟော်မုန်းဓာတ် အပြောင်းအလဲကြောင့်လည်းဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲကအစာချေစနစ် မကောင်းတာကြောင့်လည်းဖြစ်နိုင်ပါတယ်။မျက်နှာမှာ ၀က်ခြံတွေအရမ်းများနေလို့ ပျောက်ကင်းချင်တယ်ဆိုရင် ပထမဆုံးဆရာဝန်နဲ့သွားပြဖို့ အကြံပေးချင်ပါတယ်။

၇။သင်က ပုံမှန်ထက်ပိုပြီးချိုင်းချွေးထွက်များနေတယ်ဆိုရင် လည်ပင်းကြီးရောဂါရဲ့လက္ခဏာတစ်ခု လို့ယူဆလို့ရပါတယ်။လည်ပင်းနဲ့ပတ်သက်တဲ့ရောဂါတစ်ခုဖြစ်တာကြောင့် အန္တရာယ်များပါတယ်။သတိထားမိတာနဲ့ ဆရာဝန်ဆီအမြန်ဆုံးသွားပြပေးသင့်ပါတယ်။

Credit – Trend Myanmar

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.