လျစ်လျူရှုမထားသင့်တဲ့ နှလုံးရောဂါအစလက္ခဏာများ

နှလုံးရောဂါဟာ ကြောက်စရာကောင်းတဲ့ရောဂါတစ်ခုဖြစ်ပါတယ်။ ရုတ်တရက်ဝမ်းသာတာ ၊၀မ်းနည်းလွန်းတာ၊အံ့သြသင့်တာ၊ကြောက်လန့်တာစသဖြင့်အလွန်အကျွံခံစားရတဲ့အခါ နှလုံးဖောက်တာတွေဖြစ်လာတတ်ပါတယ်။အထူးသဖြင့်သင်ဟာ အသက် ၆၀၊ဒါမှမဟုတ် အသက် ၆၀ကျော်နေတဲ့သူတစ်ယောက်ဖြစ်ပြီး အ၀လွန်နေမယ်။ဆီးချိုရောဂါရှိနေမယ်၊ကိုလက်စထရောနဲ့ သွေးဖိအားများနေမယ်ဆိုရင် နှလုံးရောဂါဖြစ်နိုင်ချေပိုများပါတယ်။

သင့်မှာနှလုံးရောဂါရှိနေလားဆိုတာကိုဒီအချက်လေးတွေကိုကြည့်ပြီးသိနိုင်ပါတယ်။

၁။ရင်ဘတ်နာကျင်မယ်၊အောင့်မယ်

ဒီအချက်က နှလုံးရောဂါရှိနေတဲ့အကြောင်းအများဆုံးပြလေ့ရှိတဲ့လက္ခဏာ တစ်ခုပါ။နှလုံးရောဂါ ရှိနေတယ်ဆိုရင် မကြာခဏဆိုသလိုရင်ဘတ်နာကျင်မယ် ၊ရင်ဘတ်အောင့်မယ် ၊အသက်ရှုမ၀ဖြစ်မယ် ၊စိတ်မသက်မသာဖြစ်တတ်ပါတယ်။လူအများစုကတော့ ဆင်တစ်ကောင် သူတို့အပေါ်မှာတက်ထိုင်နေသလိုပဲခံစားရတယ်လို့သူတို့ရဲ့ခံစားချက်ကိုပြောပြခဲ့ပါတယ်။

၂။အော့အန်၊အစာမကြေ၊ရင်ပူမယ်၊ဒါမှမဟုတ်အစာအိမ်နာကျင်မယ်

ဒီလိုလက္ခဏာတွေကတော့ နှလုံးဖောက်လာတဲ့အခါဖြစ်လေ့ရှိပါတယ်။အမျိုးသမီးတွေမှာ ဒီလိုလက္ခဏာတွေပိုပြီးဖြစ်လေ့ရှိတယ်လို့သိရပါတယ်။တကယ်လို့သင်ဟာ အစာစားပြီးလို့ဒီလိုခံစားရတာပဲဖြစ်ဖြစ်၊အစာမစားခင်ခံစားရတာပဲဖြစ်ဖြစ် ဆရာဝန်ဆီအမြန်ဆုံးသွားပြဖို့မမေ့ပါနဲ့။

၃။လက်မောင်းနာကျင်မယ်

နောက်ထပ်လေ့လာချက်အရ နှလုံးရောဂါရဲ့လက္ခဏာတစ်ခုဟာ ခန္ဓာကိုယ်ဘယ်ဘက်တစ်ခြမ်း နာကျင်တာပဲဖြစ်ပါတယ်။အများအားဖြင့် ရင်ဘတ်နာကျင်တာကနေစပြီး လက်မောင်းဆီကို ပျံ့နှံ့နာကျင်စေတာပဲဖြစ်ပါတယ်။

၎။မကြာခဏမူးဝေမယ်

အစာနဲ့ရေကိုလုံလောက်စွာမစားထားတဲ့အခါ ခန္ဓာကိုယ်ကအားနည်းလာပြီးမကြာခဏဆိုသလို မူးဝေတာတွေဖြစ်တတ်ပါတယ်။ဒါပေမဲ့ မူးဝေနေတဲ့အချိန်မှာရုတ်တရက်ဆိုသလို အသက်ရှုမ၀ဖြစ်လာပြီး ရင်ဘတ်ကပါနာကျင်လာမယ်ဆိုရင်တော့ဆရာဝန်ဆီမြန်မြန်ပြေးသင့်ပါပြီ။

၅။လည်ချောင်းနဲ့မေးရိုးနာကျင်မယ်

အများအားဖြင့်ဒီလက္ခဏာဟာ နှလုံးရောဂါရဲ့လက္ခဏာတစ်ခုမဟုတ်ပါဘူး။ကြွက်သားတွေ နာကျင်တဲ့အခါ၊အအေးမိတုပ်ကွေးဖြစ်တဲ့အခါမှာသာဒီလိုဖြစ်လေ့ရှိပါတယ်။ဒါပေမဲ့ရောဂါ လက္ခဏာတွေကလည်းဆက်စပ်နေတဲ့အတွက်မပေါ့သင့်ပါဘူး။ရင်ဘတ်ကအရင်နာကျင်လာပြီး နာကျင်မှုက လည်ချောင်းနဲ့မေးရိုးကိုပျံ့နှံ့နာကျင်လာတယ်ဆိုရင်တော့ နှလုံးရောဂါလက္ခဏာ တစ်ခုဖြစ်လာနိုင်ပါတယ်။ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးဖို့လိုအပ်နေပါပြီ။

၆။အလွယ်တကူမောပန်းလာမယ်

လှေကားတက်တာ၊ကားပေါ်ကပစ္စည်းတွေချတာ၊ဟိုနားဒီနားသွားပြီးပင်ပန်းတာစသဖြင့် လေးလေးပင်ပင်အလုပ်ဘာမှမလုပ်ရပဲ ပင်ပန်းနွမ်းနယ်နေမယ်ဆိုရင်ဆရာဝန်နဲ့ပြသသင့် ပါတယ်။နှလုံးရောဂါလက္ခဏာတစ်ခုဖြစ်နိုင်သလို တခြားရောဂါလက္ခဏာတွေရဲ့အစဖြစ်နိုင်ပါတယ်။ မပေါ့ဆသေးပါဘူး။

၇။အိပ်နေရင်းဟောက်မယ်

အိပ်နေရင်းဟောက်တာ၊ယောင်တာကတော့ လူတိုင်းလိုလိုဖြစ်တတ်ကြတဲ့အရာတစ်ခုပါ။ဒါပေမဲ့ အရင်နဲ့မတူပဲ ကျယ်လောင်စွာဟောက်လာမယ်၊ အိပ်ပျော်နေရင်းလည်ပင်းညှစ်ခံရသလို ခံစားလာရမယ်ဆိုရင်တော့ သတိထားသင်ပါပြီ။အိပ်ပျော်နေရင်းဟောက်တာဟာ အသက်ရှုကြပ်လို့ဟောက်တာဖြစ်တဲ့အတွက် လွန်လွန်ကဲကဲဟောက်နေရင်တော့ သင့်ရဲ့နှလုံးကို ဖိအားတစ်ခုအနေနဲ့သက်ရောက်မှုရှိနိုင်ပါတယ်။အဲ့ဒါကြောင့်ဆရာဝန်နဲ့တိုင်ပင်ပြီးညအိပ်တဲ့အခါ အသက်ရှုလမ်းကြောင်းအဆင်ပြေချောမွေ့အောင်ဆွေးနွေးကြည့်သင့်ပါတယ်။

၈။ချွေးထွက်များမယ်

ပုံမှန်ချွေးထွက်တာလောက်ကတော့စိုးရိမ်စရာမရှိပါဘူး။ဒါပေမဲ့နေရင်းထိုင်ရင်း၊လှုပ်ရှားမှုမရှိပဲ လက်တွေ၊ခြေတွေထိချွေးတွေစီးကျနေမယ်ဆိုရင်တော့ဆေးရုံကိုမြန်မြန်သွားသင့်ပါပြီ။ကိုယ်တိုင်ကားမမောင်းမိဖို့သတိထားပါ။

၉။ခြေထောက်၊ခြေဖ၀ါး၊ခြေကျင်းဝတ်တွေရောင်ရမ်းမယ်

ဒီလက္ခဏာကိုတော့နှလုံးရောဂါရှိသူတွေမှာအများဆုံးတွေ့ရပါတယ်။သင့်ရဲ့နှလုံးဟာ အလုပ်ကောင်းကောင်းမလုပ်နိုင်တဲ့အတွက်ဒီလိုအကျိုးသက်ရောက်မှုတွေဖြစ်လာတာပါ။နှလုံးကသွေးကိုကောင်းကောင်းမစုပ်ယူနိုင်တဲ့အတွက် သွေးတွေက သွေးကြောတွေဆီပြန်ရောက်သွားပြီး အခုလိုရောင်ရမ်းမှုတွေဖြစ်လာစေတာပါ။

Source:WebMD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.