သင့်မှာ ရှိကောင်းရှိနေနိုင်တဲ့ စိတ်ရောဂါအနုစားတွေ

စိတ်ရောဂါဆိုတာက စိတ်မူမမှန်တာပါ။ ပုံမှန်စိတ်မဟုတ်တာလို့လည်းခေါ်ပါတယ်။ဒီတော့ ပုံမှန်စိတ်မှာတစ်ခုခုထူးခြားလာတာမျိုး၊လွန်ကဲတာပဲဖြစ်ဖြစ် နိမ့်ဆင်းတာပဲဖြစ်ဖြစ် ပုံမှန်ထက်ပိုပြီး တစ်ခုခုထူးခြားလာပြီဆိုတာနဲ့ ဒါဟာ စိတ်ရောဂါထဲမှာအကျုံးဝင်သွားပါပြီ။ ဥပမာအားဖြင့် ဒေါသအလွန်ကြီးတဲ့လူတွေဟာ ဒေါသစိတ်ကိုမထိန်းချုပ်နိုင်တဲ့၊သာမန်လူတွေမှာဒေါသကိုထိန်းချုပ်တဲ့ စိတ်တစ်မျိုးသူ့ဆီမှာချို့တဲ့နေတဲ့ စိတ်ရောဂါဖြစ်နေတာပါ။လူတစ်ကိုယ်စိတ်တစ်မျိုးဖြစ်နေတာရယ် ကိုယ်ဖြတ်သန်းလာရတဲ့ ပတ်ဝန်းကျင်အနေအထား၊ဘဝအခြေအနေတွေရယ်က ကိုယ့်စိတ်ကိုပုံပြောင်းစေပါတယ်။ဒီတော့ လူတိုင်းနီးပါးမှာ စိတ်ရောဂါတစ်မျိုးမဟုတ်တစ်မျိုးကတော့ ရှိနေတာများပါတယ်။လူတွေမှာ မထင်မရှားကပ်တွယ်နေတတ်တဲ့ စိတ်ရောဂါအနုစားတွေကတော့…

စိတ်ကျရောဂါ

စိတ်ကျရောဂါက အသက်အရွယ်မရွေးဖြစ်တတ်ပါတယ်။ ပြီးတော့ ရောဂါအနုစားရှိသလို အရင့်စားလည်းရှိပြန်ပါတယ်။ ဒါ့အပြင် စိတ်ကျရောဂါဆိုတာက အဖြစ်အများဆုံးရောဂါတွေထဲမှာတစ်ခုအပါအဝင်ဖြစ်တဲ့အပြင် သူ့ကြောင့် လူပေါင်းများစွာအသက်ဆုံးရှုံးနေကြတဲ့ရောဂါလည်းဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ အားအင်ကုန်ခန်းလာမယ်၊စိတ်ပူပန်ရှုပ်ထွေးလာမယ်၊စိတ်အနှောက်အယှက်ဖြစ်လွယ်မယ်၊စိတ်ဓာတ်ကျမယ်၊အကြောင်းရေရေရာရာမရှိပဲ ဝမ်းနည်းကြေကွဲနေမယ်။ဒီိရောဂါက အနားယူချိန်တွေလျော့နည်းလာတဲ့အခါ၊အိပ်ရေးတွေပျက်တဲ့အခါ ဖြစ်တတ်ပါတယ်။ အိပ်ရေးပျက်တာများလွန်းလို့ ကော်ဖီလို လူကို လန်းဆန်းစေတဲ့ ပစ္စည်းတွေနဲ့ အသက်ဆက်နေရတဲ့အခါ ပိုပြီးပြင်းထန်စွာဖြစ်တတ်ပါတယ်။ စိတ်ကျရောဂါအနုစားဆိုရင် အလိုလိုပျောက်သွားတာမျိုးရှိနိုင်ပေမယ့် အနုစားထက်နည်းနည်းပြင်းမယ်ဆိုခဲ့ရင်တော့ စိတ်ကုဆရာဝန်နဲ့ဆွေးနွေးဖို့လိုအပ်နေပါပြီ။

စိတ်တက်ရောဂါ

စိတ်ကျရောဂါရှိသလို စိတ်တက်ရောဂါလည်းရှိပါတယ်။စိတ်တက်ရောဂါဆိုတာကတော့ တစ်ခုခုကြောင့်အလွန်အမင်းပျော်ရွှင်သွားတာ၊မူမှန်မဟုတ်တဲ့ပျော်ရွှင်ခြင်းမျိုးတွေခံစားနေရတာပါ။ သာမန်ကိစ္စရပ်လေးတစ်ခုကိုတောင် ကမ္ဘာတစ်ခုလုံးအပိုင်ရလိုက်သလိုမပြီးနိုင်မစီးနိုင်ပျော်နေတတ်တယ်ဆိုရင်တော့ သင့်မှာစိတ်တက်ရောဂါဖြစ်နေတာသေချာပါပြီ။ တစ်ခုခုကိုအလွန်အကျွံဝမ်းနည်းတတ်၊ပျော်ရွှင်တတ်တဲ့သူတွေ၊ပျော်နေရင်းနဲ့မှ ရုတ်တရက်တစ်ခုခုအကြောင်းစဉ်းစားမိပြီးဝမ်းပန်းတနည်းငိုကြွေးတတ်သူတွေဟာ စိတ်အတက်အကျမြန်တဲ့ရောဂါကိုခံစားနေရတာဖြစ်ပြီး အဲ့ဒီရောဂါဟာ ပြင်းလာရင် အသက်ဆုံးရှုံးနိုင်သည်အထိကြောက်ဖို့ကောင်းတာကြောင့် ကိုယ့်မှာအဲ့ဒီရောဂါရှိနေတယ်ထင်ရင် အနုစားကနေအပြင်းစားကိုမရောက်ခင်ဆရာဝန်နဲ့အမြန်ဆွေးနွေးပါ။ စိတ်ရောဂါကုဆရာဝန်ဆိုတာရူးလို့ပြတာချည်းပဲမဟုတ်ပါဘူး။ရူးမှာစိုးလို့ကြိုတင်ကာကွယ်တဲ့သဘောနဲ့လည်းပြလို့ရပါတယ်။ရှက်စရာမလိုပါဘူး။

စိတ်မွန်းကျပ်တဲ့ရောဂါ

ဒီရောဂါကို အင်္ဂလိပ်လို Normopathy လို့ခေါ်ပါတယ်။ စိတ်ပညာရှင်တွေရဲ့အဆိုအရ လူတိုင်းဟာ Normopathy အပျော့စားကိုသူတို့ရဲ့ငယ်ဘဝမှာခံစားခဲ့ရဖူးတယ်လို့ဆိုပါတယ်။ Normopathy ဆိုတာက လွယ်လွယ်ပြောရရင် လူတွေရဲ့အကြိုက်ကိုလိုက်လုပ်ပေးပြီးလူတွေစိတ်ကျေနပ်အောင်နေထိုင်ရင်းကိုယ့်ကိုယ်ကိုယ်ပျောက်ဆုံးသွားတတ်သူတွေဟာ ရုတ်တရက်တစ်ချိန်ချိန်မှာ ချုပ်တည်းထားသမျှတွေပွင့်ထွက်ပြီး ဆိုးရွားပြင်းထန်တဲ့အလုပ်တွေလုပ်မိတတ်တဲ့ရောဂါပါ။ Normopathy က လူတွေရဲ့အတွင်းထဲမှာအချိန်တွေအကြာကြီိးနေနေပြီိး တစ်ခါတစ်လေမှပေါ်လာတတ်တာကြောင့် ကိုယ့်ကိုယ်ကိုယ်တောင် အဲဒီိ့ရောဂါရှိလို့ရှိနေမှန်းသိမှာမဟုတ်ပါဘူး။ဒီရောဂါကတော့ အပေါ်ကရောဂါတွေလိုမဟုတ်ပါဘူး။အနုစားအခြေအနေမှာတောင် အန္တရာယ်ကြီိးမားတဲ့ရောဂါဖြစ်ပါတယ်။

စိတ်ကူကယ်ရာမဲ့ရောဂါ

မြန်မာလိုအဆင်ပြေအောင်ပေးထားရတဲ့နာမည်ကအတော်လေးဆန်းပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ သူ့ရဲ့ အဓိပ္ပါယ်ကိုတိကျစွာဖော်ပြလျက်ရှိပါတယ်။ဟုတ်ပါတယ်။ ကူကယ်ရာမဲ့စိတ်အခြေအနေကိုဖြစ်ပေါ်စေတဲ့ စိတ်ရောဂါပါ။သူ့ကို Abjection လို့ခေါ်ပါတယ်။ ဒီရောဂါကတော့ လူတိုင်းမှာမွေးကတည်းကပါလာတာဖြစ်ပြီး အသက်ကြီးတဲ့အခါမှာ ပတ်ဝန်းကျင်အခြေအနေတွေက ဒီရောဂါကိုလှုံ့ဆော်ပေးခဲ့ရင် ရောဂါအနုအရင့်လိုက်ပြီး လူကိုဒုက္ခပေးနိုင်တဲ့ရောဂါပဲဖြစ်ပါတယ်။ လူတွေက မွေးမွေးချင်းမှာ မိခင်ခန္ဓာကိုယ်ထဲကနေ အပြင်ရောက်လာချိန်မှာ မိခင်ခန္ဓာကိုယ်နဲ့ကိုယ့်ခန္ဓာကိုယ်နဲ့သပ်သပ်စီ၊တခြားစီ၊လုံးဝကွဲထွက်သွားလို့ခံစားလိုက်ရတဲ့အကြောက်တရားက Abjection ရောဂါရဲ့အစပါ။ အသက်ကြီးလာတဲ့အခါမှာ ပတ်ဝန်းကျင်အခြေအနေတွေရဲ့လှုံ့ဆော်မှုကြောင့်ဒီိရောဂါဟာ အနည်းနဲ့အများပြန်ပေါ်လာတတ်ပါတယ်။ ဥပမာ.. အဖေ၊အမေ၊တိမ်းပါးသွားတဲ့အချိန်တို့၊လောကကြီိးမှာဘယ်အရာမှမမြဲပါလားဆိုတာ နားလည်သွားချိန်မှာ ရင်ထဲကိုအရှိန်ပြင်းပြင်းနဲ့ဝင်ဆောင့်တဲ့အကြောက်တရားတို့ဟာ Abjection ရဲ့ ခေါင်းထောင်ထလာခြင်းပါ။

အသွင်ပြောင်းစိတ်ရောဂါ

ဒါကတော့ ယောက်ျားစိတ်ကနေမိန်းမစိတ်ကို အသွင်ပြောင်းသွားတာကိုပြောတဲ့ရောဂါမဟုတ်ပါဘူး။ဒီရောဂါရဲ့ထူးခြားချက်က အခြားစိတ်ရောဂါတွေလိုမျိုးခံစားရတာအတူတူချည်းပေမယ့် သူက အနုစားဆိုရင် အဲ့ဒီ့ရောဂါရှိသူကိုအခြားသူတွေက အားကျနေရပြီး ရောဂါရင့်လာမှ ကိုယ့်ကိုယ်ကိုယ်သတ်သေတာမျိုးတွေဖြစ်တတ်တဲ့ရောဂါပါ။ သူ့ကို sublimation လို့ခေါ်ပါတယ်။ ရောဂါရဲ့သဘောသဘာဝက ချစ်ဖို့ကောင်းပါတယ်။ အဲ့ဒါကတော့ စိတ်တွင်းမှာခံစားနေရတဲ့ ခံစားမှုတွေကို တစ်ခုခုအဖြစ်အသွင်ပြောင်းပစ်တတ်တဲ့ရောဂါပါပဲ။အသိသာအထင်ရှားဆုံးဥပမာကတော့… အနုပညာရှင်တွေပါ။အကုန်လုံးတော့မဟုတ်ပါဘူး။အနုပညာကိုဖန်တီိးသူတွေဖြစ်တဲ့.. သီချင်းရေးသူ၊စာရေးဆရာ၊ပန်းချီဆရာ၊သံစဉ်ဖန်တီးသူ၊ပန်းပုထုသူ..စသဖြင့် အဲ့ဒီိလိုအနုပညာတစ်ခုခုအဖြစ် ခံစားချက်တွေကိုအသွင်ပြောင်းပစ်လိုက်တတ်တဲ့သူတွေဟာ Sublimation ဆိုတဲ့စိတ်ရောဂါကိုခံစားနေရသူတွေဖြစ်ပါတယ်။

ခုပြောပြသွားတာတွေကတော့ လူတွေမှာအဖြစ်အများဆုံး စိတ်ရောဂါအနုစားတွေပါ။ အနုစားဆိုပေမယ့် စိတ်ရောဂါဆိုတာမျိုးက ခန္ဓာကိုယ်ကရောဂါတွေလိုဓာတ်မှန်ရိုက်ကြည့်ပြီးဘယ်ကလောက်အထိဖြင့်ကြီးထွားနေပြီဆိုတာမျိုး စမ်းသပ်သိရှိနိုင်တာမျိုးလုံးဝမဟုတ်တဲ့အတွက် နေ့တဓူဝအလုပ်တွေနဲ့ကိုယ်အလုပ်များနေတုန်းမှာ စိတ်ရောဂါကအတွင်းထဲမှာထုထည်ကြီးထွားနေတာလည်းဖြစ်နို်င်ပါတယ်။ဒါကြောင့်မပေါ့ဆပဲ စိတ်ကုဆရာဝန်နဲ့ မှန်မှန်တွေ့ဆုံဆွေးနွေးသင့်ကြောင်းအကြံကောင်းပေးပါရစေ။စိတ်ကုဆရာဝန်တွေကသိပ်ကိုဈေးကြီးနေခဲ့ရင်တော့ ကိုယ့်ရဲ့သက်ဆိုင်ရာဘုရားရဲ့တရားတော်တွေကိုနှလုံးသွင်းနေတာက အန္တရာယ်အကင်းဆုံးနဲ့အထိရောက်ဆုံးကုသနည်းပါပဲ။

Ref- IO9/We come from future site

Unicode Format













Ref- IO9/We come from future site

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.