ခုခ်ိန္ထိလက္ခံယံုၾကည္ထားဆဲအခ်စ္ဒႆနေတြက တကယ္တမ္းက် အသံုးမ၀င္…

တစ္ခါတစ္ေလ ကုိယ္ေတြငယ္ငယ္ေလးကတည္းကသိလာတဲ႔အစြဲဟာ မွားေနရင္ေတာင္ေဖ်ာက္ရခက္တာေတြရွိပါတယ္။ဒီလုိပါပဲ အခ်စ္နဲ႔ပတ္သက္ျပီးကိုယ္ေတြလက္ခံယုံၾကည္ထားေပမဲ႔ တကယ္တမ္းက်ေတာ့ အသံုးမ၀င္တာေတြရွိပါတယ္။ကုိယ္ေတြက လက္ခံယံုၾကည္ျပီးက်င့္သံုးတဲ႔အခါမွာေတာ့ အနည္းငယ္လြဲမွားမႈေတြျဖစ္ကုန္ေတာ့တာပါပဲ။ဒီေတာ့ ဘယ္လိုအယူအဆ၊ဒႆနေတြက မွားယြင္းေနလဲဆိုရင္…

*ဆန္႔က်င္ဘက္ျဖစ္ေနတာက ပုိျပီးဆြဲေဆာင္မႈအားေကာင္းတယ္
သူမ်ားနဲ႔မတူ ထူးျခားေနတဲ႔လူကုိ လူေတြက ပုိျပီးစိတ္၀င္စားတတ္တာအမွန္ပါ။ဒါေပမဲ႔တကယ္တမ္းခ်စ္ၾကျပီဆုိရင္ေတာ့ ကုိယ္နဲ႔အက်င့္စရုိက္ခ်င္း၊စိတ္ထားခ်င္းတူညီတဲ႔သူကုိပဲခ်စ္သြားတတ္ၾကတာ မေမ့ပါနဲ႔။ကုိယ့္ရဲ႔ပင္ကုိယ္ပံုစံအတုိင္း ကုိယ္ခ်စ္တဲ႔သူကုိ ခ်ဥ္းကပ္တာအေကာင္းဆံုးပါ။

*ေျပာင္းလဲပစ္ႏုိင္တယ္လုိ႔ယံုၾကည္ထားၾကတယ္
ကုိယ့္ကုိခ်စ္ရင္ ေျပာင္းလဲမွာပဲဆုိတာ သူ႔ဘက္ကစိတ္မပါရင္အလကားပါပဲ။ေျပာင္းလဲဖုိ႔ၾကိဳးစားခ်င္တဲ႔စိတ္မရွိတဲ႔သူဟာ ကုိယ္ဘယ္ေလာက္ေျပာေျပာႏွစ္ေတြဘယ္ေလာက္ၾကာၾကာေျပာင္းလဲမွာမဟုတ္ပါဘူး။ကုိယ္နဲ႔ခ်စ္သူေတြျဖစ္ရင္၊ကိုယ္နဲ႔လက္ထပ္ျပီးရင္ေျပာင္းလဲယူလို႔ရမွာပဲဆုိတဲ့အေတြးကုိေမ့လိုက္ပါ။ကုိယ္ဘယ္ေလာက္ပဲၾကိဳးစားေျပာငး္လဲ ေျပာင္းလဲ တစ္ဦးတစ္ေယာက္ခ်င္းရဲ ႔အက်င့္စရုိက္ေတြ၊စိတ္သေဘာထားေတြ၊ေရြးခ်ယ္မႈေတြ၊အမူအက်င့္ေတြကုိေျပာင္းလဲလုိ႔မရပါဘူး။

*ကုိယ့္လက္တြဲေဖာ္က အားလံုးျပည့္စံုေနရမယ္
မိန္းကေလးတစ္ခိ်ဳ႔က ဒီစံသတ္မွတ္ခ်က္ၾကီးကုိ ကုိင္စြဲေနတုန္းပါ။တကယ္ေတ့ာ မိန္းကေလးတုိင္းလုိလုိ ကုိယ့္ခ်စ္သူလက္တြဲေဖာ္က အားလံုးျပီးျပည့္စံုေနတာလိုခ်င္ၾကတာပါပဲ။ဒါေပမဲ႔ ဒီလုိစံသတ္မွတ္ခ်က္ၾကီးနဲ႔တုိင္းတာေရြးခ်ယ္ေနတဲ႔အခ်ိန္ သင့္အေပၚတကယ္ေကာင္းေပးႏုိင္တဲ႔သူ၊နားလည္ေပးႏုိင္တဲ႔သူကုိလက္လႊတ္လိုက္ရႏုိင္တယ္ဆုိတာ မေမ့ပါနဲ႔။ခ်စ္သူစံုတြဲဆုိတာ တစ္ေယာက္လိုအပ္ခ်က္တစ္ေယာက္ျဖည့္ဆည္းေပးလုိ႔ တစ္ေယာက္ကုိတစ္ေယာက္နားလည္မႈနဲ႔ေရွ႔ဆက္ရတာမ်ိဳးပါ။

*အခ်စ္မွာ သက္တမ္းကုန္ဆံုးရက္ရွိတယ္
တကယ္တမး္စစ္မွန္တဲ႔အခ်စ္ကုိပုိင္ဆုိင္ထားတယ္ဆုိရင္သက္တမ္းကုန္ဆံုးရက္ဆုိတာ ဘာမွန္းေတာင္သိမွာမဟုတ္ပါဘူး။တစ္ေယာက္ကုိတစ္ေယာက္အျမဲဂရုစုိက္ေနတယ္။တစ္ေယာက္အျမင္တစ္ေယာက္ဖလွယ္တယ္။တစ္ေယာက္ျပႆနာ တစ္ေယာက္၀ုိင္းကူေျဖရွင္းေပးတယ္ဆုိရင္ အဲ႔ဒီစံုတြဲရဲ႔အခ်စ္ေရးက သက္တမ္းကုန္ဆံုးရက္၊မခ်စ္ေတာ့တဲ႔တစ္ေန႔ဆုိတာ ရွိပါေတာ့မလား။လမ္းခြဲျပတ္စဲၾကတယ္ဆုိတာ တစ္ေယာက္ကုိတစ္ေယာက္တကယ္လည္းမခ်စ္သလို အဲ႔လူက ကုိယ့္အတြက္မွန္ကန္တဲ႔လူမဟုတ္တာေၾကာင့္လည္းပါပါတယ္။ဒီတစ္ေယာက္နဲ႔လြဲတုိင္း၊ခ်စ္သူရည္းစားေတြျပတ္စဲတာျမင္တုိင္း အခ်စ္ဆုိတာ သတ္မွတ္ရက္ေရာက္ရင္ကုန္ဆံုးသြားတဲ႔အရာလုိ႔မယူဆေစခ်င္ပါဘူး။

*ျမင္ျမင္ခ်င္းအခ်စ္ဆုိတာရွိတယ္
ျမင္ျမင္ခ်င္းအခ်စ္ဆုိတာ တကယ္ေတာ့မရွိပါဘူး။ဒါေပမဲ႔ မိန္းကေလးတစ္ေယာက္က ေယာက်ာ္းေလးတစ္ေယာက္ကိုသေဘာက်ဖုိ႔ဆုိရင္ေတာင္အခ်ိန္ ၄၅စကၠန္႔ယူရပါတယ္။တစ္ခါတည္းျမင္ျပီးၾကိဳက္သြားတာမဟုတ္ပဲ ၄၅စကၠန္႔အတြင္းၾကိဳက္သြားတာမ်ိဳးကုိ ျမင္ျမင္ခ်င္းအခ်စ္ဆုိတာထက္ အခိ်န္ခဏေလးအတြင္းေပါက္ဖြားလာတဲ႔အခ်စ္လုိ႔ေျပာရင္ရမယ္ထင္ပါတယ္။လူတစ္ေယာက္ကုိၾကိဳက္သြားဖုိ႔ အခ်ိန္ ၄၅စကၠန္႔၊အၾကည့္ ၆ခ်က္ အနည္းဆံုးလိုအပ္တယ္လုိ႔ ေလ့လာသူကြ်မ္းက်င္ပညာရွင္ေတြက ရွာေဖြေတြ႔ရွိထားခဲ႔တာပါ။

စံသတ္မွတ္ခ်က္ေတြ၊အယူအဆေတြကုိေမ့ျပီး ကုိယ့္ရဲ ႔ခံစားခ်က္အစစ္အမွန္၊ပံုရိပ္အစစ္အမွန္နဲ႔သာအခ်စ္ကုိရွာေဖြပါ

Unicode

တစ်ခါတစ်လေ ကိုယ်တွေငယ်ငယ်လေးကတည်းကသိလာတဲ့အစွဲဟာ မှားနေရင်တောင်ဖျောက်ရခက်တာတွေရှိပါတယ်။ဒီလိုပါပဲ အချစ်နဲ့ပတ်သက်ပြီးကိုယ်တွေလက်ခံယုံကြည်ထားပေမဲ့ တကယ်တမ်းကျတော့ အသုံးမဝင်တာတွေရှိပါတယ်။ကိုယ်တွေက လက်ခံယုံကြည်ပြီးကျင့်သုံးတဲ့အခါမှာတော့ အနည်းငယ်လွဲမှားမှုတွေဖြစ်ကုန်တော့တာပါပဲ။ဒီတော့ ဘယ်လိုအယူအဆ၊ဒဿနတွေက မှားယွင်းနေလဲဆိုရင်…

*ဆန့်ကျင်ဘက်ဖြစ်နေတာက ပိုပြီးဆွဲဆောင်မှုအားကောင်းတယ်
သူများနဲ့မတူ ထူးခြားနေတဲ့လူကို လူတွေက ပိုပြီးစိတ်ဝင်စားတတ်တာအမှန်ပါ။ဒါပေမဲ့တကယ်တမ်းချစ်ကြပြီဆိုရင်တော့ ကိုယ်နဲ့အကျင့်စရိုက်ချင်း၊စိတ်ထားချင်းတူညီတဲ့သူကိုပဲချစ်သွားတတ်ကြတာ မမေ့ပါနဲ့။ကိုယ့်ရဲ့ပင်ကိုယ်ပုံစံအတိုင်း ကိုယ်ချစ်တဲ့သူကို ချဉ်းကပ်တာအကောင်းဆုံးပါ။

*ပြောင်းလဲပစ်နိုင်တယ်လို့ယုံကြည်ထားကြတယ်
ကိုယ့်ကိုချစ်ရင် ပြောင်းလဲမှာပဲဆိုတာ သူ့ဘက်ကစိတ်မပါရင်အလကားပါပဲ။ပြောင်းလဲဖို့ကြိုးစားချင်တဲ့စိတ်မရှိတဲ့သူဟာ ကိုယ်ဘယ်လောက်ပြောပြောနှစ်တွေဘယ်လောက်ကြာကြာပြောင်းလဲမှာမဟုတ်ပါဘူး။ကိုယ်နဲ့ချစ်သူတွေဖြစ်ရင်၊ကိုယ်နဲ့လက်ထပ်ပြီးရင်ပြောင်းလဲယူလို့ရမှာပဲဆိုတဲ့အတွေးကိုမေ့လိုက်ပါ။ကိုယ်ဘယ်လောက်ပဲကြိုးစားပြောငး်လဲ ပြောင်းလဲ တစ်ဦးတစ်ယောက်ချင်းရဲ ့အကျင့်စရိုက်တွေ၊စိတ်သဘောထားတွေ၊ရွေးချယ်မှုတွေ၊အမူအကျင့်တွေကိုပြောင်းလဲလို့မရပါဘူး။

*ကိုယ့်လက်တွဲဖော်က အားလုံးပြည့်စုံနေရမယ်
မိန်းကလေးတစ်ချို့က ဒီစံသတ်မှတ်ချက်ကြီးကို ကိုင်စွဲနေတုန်းပါ။တကယ်တေ့ာ မိန်းကလေးတိုင်းလိုလို ကိုယ့်ချစ်သူလက်တွဲဖော်က အားလုံးပြီးပြည့်စုံနေတာလိုချင်ကြတာပါပဲ။ဒါပေမဲ့ ဒီလိုစံသတ်မှတ်ချက်ကြီးနဲ့တိုင်းတာရွေးချယ်နေတဲ့အချိန် သင့်အပေါ်တကယ်ကောင်းပေးနိုင်တဲ့သူ၊နားလည်ပေးနိုင်တဲ့သူကိုလက်လွှတ်လိုက်ရနိုင်တယ်ဆိုတာ မမေ့ပါနဲ့။ချစ်သူစုံတွဲဆိုတာ တစ်ယောက်လိုအပ်ချက်တစ်ယောက်ဖြည့်ဆည်းပေးလို့ တစ်ယောက်ကိုတစ်ယောက်နားလည်မှုနဲ့ရှေ့ဆက်ရတာမျိုးပါ။

*အချစ်မှာ သက်တမ်းကုန်ဆုံးရက်ရှိတယ်
တကယ်တမး်စစ်မှန်တဲ့အချစ်ကိုပိုင်ဆိုင်ထားတယ်ဆိုရင်သက်တမ်းကုန်ဆုံးရက်ဆိုတာ ဘာမှန်းတောင်သိမှာမဟုတ်ပါဘူး။တစ်ယောက်ကိုတစ်ယောက်အမြဲဂရုစိုက်နေတယ်။တစ်ယောက်အမြင်တစ်ယောက်ဖလှယ်တယ်။တစ်ယောက်ပြဿနာ တစ်ယောက်ဝိုင်းကူဖြေရှင်းပေးတယ်ဆိုရင် အဲ့ဒီစုံတွဲရဲ့အချစ်ရေးက သက်တမ်းကုန်ဆုံးရက်၊မချစ်တော့တဲ့တစ်နေ့ဆိုတာ ရှိပါတော့မလား။လမ်းခွဲပြတ်စဲကြတယ်ဆိုတာ တစ်ယောက်ကိုတစ်ယောက်တကယ်လည်းမချစ်သလို အဲ့လူက ကိုယ့်အတွက်မှန်ကန်တဲ့လူမဟုတ်တာကြောင့်လည်းပါပါတယ်။ဒီတစ်ယောက်နဲ့လွဲတိုင်း၊ချစ်သူရည်းစားတွေပြတ်စဲတာမြင်တိုင်း အချစ်ဆိုတာ သတ်မှတ်ရက်ရောက်ရင်ကုန်ဆုံးသွားတဲ့အရာလို့မယူဆစေချင်ပါဘူး။

*မြင်မြင်ချင်းအချစ်ဆိုတာရှိတယ်
မြင်မြင်ချင်းအချစ်ဆိုတာ တကယ်တော့မရှိပါဘူး။ဒါပေမဲ့ မိန်းကလေးတစ်ယောက်က ယောကျာ်းလေးတစ်ယောက်ကိုသဘောကျဖို့ဆိုရင်တောင်အချိန် ၄၅စက္ကန့်ယူရပါတယ်။တစ်ခါတည်းမြင်ပြီးကြိုက်သွားတာမဟုတ်ပဲ ၄၅စက္ကန့်အတွင်းကြိုက်သွားတာမျိုးကို မြင်မြင်ချင်းအချစ်ဆိုတာထက် အချိန်ခဏလေးအတွင်းပေါက်ဖွားလာတဲ့အချစ်လို့ပြောရင်ရမယ်ထင်ပါတယ်။လူတစ်ယောက်ကိုကြိုက်သွားဖို့ အချိန် ၄၅စက္ကန့်၊အကြည့် ၆ချက် အနည်းဆုံးလိုအပ်တယ်လို့ လေ့လာသူကျွမ်းကျင်ပညာရှင်တွေက ရှာဖွေတွေ့ရှိထားခဲ့တာပါ။

စံသတ်မှတ်ချက်တွေ၊အယူအဆတွေကိုမေ့ပြီး ကိုယ့်ရဲ ့ခံစားချက်အစစ်အမှန်၊ပုံရိပ်အစစ်အမှန်နဲ့သာအချစ်ကိုရှာဖွေပါ

Credit – Treand Myanmar

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.