EXmo is Scam Or Not !!


#dpakyaw

( ဒါကို ကျွန်တော် တကယ်မရေးချင်ဘူးဗျာ။ အလုပ်တွေ များနေလို့ပါ။ မပြည့်စူံသေးလို့ ဖြစ်နိုင်ချေတွေ ကူစဉ်းစားကြပါအုံး)

“ဒီရက်ပိုင်း သိုင်းလောကမှာ ဆူညံနေတာကတော့ Exmo Site Scam ဖြစ်သွားပြီးဆိုတာပါဘဲ။လာမေးတဲ့သူကလည်း အများကြီးဗျ”

ဒီအကြောင်းအရောကို ရေးသင့် မရေးသင့်အတော်လေး ချိန်နေရပါတယ်။ အရင်လို့ Post တွေမတင်ဖြစ်တာလည်းကြာပြီမလား။ နောက်ဆုံးတော့ နောက်လူတွေ မဖြစ်သင့်တာ မဖြစ်ရအောင် တင်ပေးလိုက်ပါတယ်။ ( ယခု Post က နည်း နည်းရှည်ပင်မဲ့ Trader တိုင်း သိထားသင့်ပါတယ်။ ဒါဆို Share လိုက်ကြပါအုံး )

ကျွန်တော်တို့ သိတဲ့အတိုင်း ဘယ် System မှ မလုံခြုံပါဘူး။ 
Exmo Scam ဖြစ်သွားပြီးလားလို့ လာမေးရင် ကျွန်တော်အနေနဲ့ ” No ” လို့သာဖြေမှာပါ။ 

ဘာကြောင့်လည်းဆိုတော့ – 

(၁) ကျွန်တော် နေ့တိုင်းနီးပါ Ex မှာ ငွေ အဝင်/အထွက် , Buy / Sell ရှိနေပါတယ်။
(၁)လက်ရှိ ကျွန်တော် Exmo မှာ Trade နေပါတယ်
(၂) ကျွန်တော် Exmo မှာ Error တက်သမျှ တစ်ခါမှ မဆုံးရှံးပါဘူး ( Deposit Error, Withdraw Error , Ex code Error )
(၃) Exmo မှာ ကျွန်တော် Coin တွေ တစ်ခါမှ မပျောက်ဘူးသေးပါဘူး ( ကျွန်တော် ကံကောင်းနေတာလား)
စသည့်အကြောင်းပြချက်တွေ ရှိပါတယ်။ 

ဒါပင်မဲ့ Exmo မှာ Error တွေတော့ဖြစ်တက်ပါတယ်-
(၁) System Fault 
(၂) User Fault

(၁) System Fault
——-
စက်ရုံထွက် ပစ္စည်းတိုင်းက အကောင်းထွက်လာတာမှ မဟုတ်တာ တစ်ချို့တစ်လေ အနာအစာလေး တွေပါလာတက်ပါတယ်။ ဒါကိုလူတိုင်းသိကြမှာပါ။ ဒီလို System Error ( or) System Fault ဆိုရင်တော့ 100% ပြန်ရမှာပါ။။ ( ကျွန်တော်အတွေ့အကြုံအရ Ex-Code Error တက်ခဲ့ဘူးပါတယ်။ Support ကိုတင်ပြီး General Support ကနေ technical department ကို တစ်ဆင့်တင်ရပါတယ်။ TD ကို တင်ရင်တော့ (၃) ရက်ကနေ (၅)ရက်အထိ စောင့်ရတက်ပါတယ်။ ဒါပင်မဲ့ System Error ဖြစ်တဲ့ အတွက်ကျွန်တော်ရဲ့ မူလ Balance ထဲ ပြန်ပေါင်းပေးပါတယ်။ System error ဆိုရင်တော့ Support ကို မဖြစ်မနေတင်ဖို့ လိုပါတယ်။ Support မတင်ရင် သူတို့ မသိနိုင်ပါဘူး။ ဥပမာပေးရရင် –
ATM မှာ ငွေထုတ်ပြီး ငွေမထွက်လာဘဲ မိမိအကောင့်ထဲက ငွေနှုတ်သွားသလိုပေါ့ )

(၂) User Fault

အိုဟိုးဟိုးးးးးးးး ဒီအမှားကတော့ လုံးဝ ( လုံးဝ) ပြန်မရနိုင်ပါဘူး။ User Fault လို့ပြောရင် အကောင့်မှားလွဲတာကနေ အကောင့်အဟက်ခံရသည်အထိပါ, ပါတယ် ။ ဒါကြောင့် ကျွန်တော်တို့ အကောင့်ဖွင့်တဲ့ အခါ Two Step , Trust IP,Trust Device စသည့် Two Factor တွေခံကြရပါတယ်။ မိမိရDevice တွေကလည်း တိုက်ရိုက် Hack ခံရနိုင်ပါတယ်။ ဒါကြောင့် ဘယ်သူကိုမှ ယုံမှတ်ပြီး ပုံမအပ်ပါနဲ့။ 

အကောင့် စဖွင့် ဖွင့်ခြင်း T&C မှာ ထည့်ရေးထားတက်ပါတယ် ( ကျွန်တော်တို့တွေ မဖတ်ဘဲ Agreed (or) Accept လုပ်တက်ကြပါတယ်။ ကျွန်တော်လည်း မဖတ်ပါဘူးဗျာ )

နောက်တစ်ခုက ငွေကြေးနှင့် ဆိုင်သည့် Site များမှာ ( AML ) ခေါ် ( ငွေကြေးခဝါချမှု) ဥပဒေတွေရှိပါတယ်။ ( AML) နှင့် ထိရင်တော့ မိမိအကောင် Ban ခံရပါလိမ့်မယ် ။ Read Exmo AML -> https://exmo.com/en/docs/aml မှာ လေ့လာနိုင်ပါတယ်။ 

နောက်တစ်ချက် Balance ထဲက Coin တွေပျောက်သွားရတဲ့အကြောင်းအရင်း-

(၁) Site Error
(၂) တန်ဖိုး လျော့ချသက်မှတ်ခြင်း
(၃) အကောင့် Hack ခံရခြင်း

(၁) Site Error

မိမိ အသုံးပြုသည့် Site က Error ဖြစ်ရင်တော့ ပြန်ရနိုင်ပါတယ်။ ခဏတာ ပျောက်သွားခြင်းဖြစ်ပြီး systam stable ဖြစ်သွားရင် မိမိ coin တွေ ပြန်ရောက်နေတယ်ပါတယ်

(၂) တန်ဖိုး လျော့ချသက်မှတ်ခြင်း

တစ်ချို့ Coin တွေမှာ တန်ဖိုးလျော့ချ သက်မှတ်တာတွေ ရှိပါတယ်။ ( Yobit လို့ Site သုံးတဲ့ သူတွေ သိပါလိမ့်မယ်)။ 10000:1 တို့ 1000:1 တို့လိုပေါ့။ ဆိုလိုတာက ဒီလို Coin တွေက တန်ဖိုးပြောင်းလဲ သက်မှတ်ချက်ပေါ်မူတည်ပြီး Coin တွေ ပျောက်သွား (or) နည်းသွားတက်ပါတယ်

(၃) အကောင့် အဟက်ခံရခြင်း

အထက်ဖော်ပြပါ (၂) ချက်မဟုတ်ရင်တော့ ဒီအချက်ဖြစ်ဖို့များပါတယ်။ 
ဒါကတော့ မိမိ အကောင့် အဟက်ခံရရင် Hacker တွေက မိမိ Coin ကို တစ်ခြား Coin နှင့် Sell လုပ်ပြီး ထုတ်သွားတက်ပါတယ် ( Zec/ BTC, Zec/ETH -> Withdraw) ။ ဒါဆိုရင်လည်း မိမိ coin တွေ ပျောက်သွားတက်ပါတယ်
ဥပမာ – ကျွန်တော် Zec coin တွေပျောက်နေတယ်ဆိုပါစို့ ကျွန်တော်အနေနဲ့ Trade History ( Not Transation History) မှာ Deal မှာ တစ်ချက်သွားကြည့်ပါ မိမိ ဝယ်/ရောင်း လုပ်ခဲ့သမျှတွေ ရှိပါလိမ့်မယ်။ ဒီနေရာမှာ အလျှင်းသင့်လို့ ပြောရပါမှာ ZEC Address Confirmation မှာ ရှိတဲ့ Balance ကို အတည်မှတ်ယူလို့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ အောက်မှာ ကျွန်တော် Address Transation ( Confirmation ) မှာ ငွေပြပင်မဲ့ တစ်ကယ့် မူရင်း အကောင့်မှ ငွေမရှိတော့ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်ရောင်းလိုက်လို့ပါ။ ကျွန်တော်ရောင်းခဲ့တာကို အောက်က ဓာတ်ပုံမှာကြည့်နိုင်ပါတယ်။

နောက်ဆုံးအနေနဲ့ ပြောချင်တာက ဘယ် Site ကို မဆို 2- Factor ထားပါ။ Mail ကိုလည်း 2- Step On ပါ။ အကြောင်းအရာတစ်ခုဖြစ်လာရင် ထောင့်ပေါင်းစုံနေအောင် တွေးကြည့်ပါ။ ဖြစ်လာတဲ့ ပြသာနာကို စိတ်အေးအေး နှင့် ဖြေရှင်းပါ။ အရာရာကို positive အဖြစ်တွေယူကြည့်ပါ။ နောက်ဆုံးေုပာချင်တာက မိမိဘာသာတွေးပြီး မိမိဘာသာ စိတ်ကြိုက်ဆုံးဖြတ်ချက်ချပါ။ * Ur Hero in Ur Life !!

ဘာပဲဖြစ်ဖြစ် User Fault ရော Factory Fault ပါ ကင်းနိုင်ကြပါစေ။ အားလုံးဆုံးရှံးမှုတွေနည်းပြီး အဆင်ပြေကြပါစေ

D Pa Kyaw
Crypto Exchange Service
Help Line – 09451104040, 09795292441, +1(409)292744ဆို 

* မည်သူမဆို Share နိုင်ပါတယ်။ တိုက်ရိုက်ကူးယူလိုပါလျှင် အသိပေးစေချင်ပါတယ်။ 
#exmo , #ex , #scam , #dpakyaw

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.