မနက်အိပ်ယာထတိုင်းစိတ်ရောလူပါပင်ပန်းနေတက်သလား

မနက်ရောက်လို့အိပ်ယာထတဲ့ အချိန်မှာ စိတ်မကြည်လင် မလန်းဆန်းတာမျို၊ နွမ်းနယ်နေတာမျိုးဖြစ်တက်ပါတယ်။ မနက်ထတဲ့ချိန်ဒီလိုကြီး မကြည်မလင်နဲ့ ပင်ပန်းနွမ်းနယ်မှုနဲ့ နိုးထတဲ့ နေ့တွေဟာ တစ်နေ့လုံးအတွက် စိတ်ရှုပ်ထွေးစေပြီး တစ်နေ့တာဟာ သာယာနိုင်တော့မှာမဟုတ်ပါဘူး။ ဒါကြောင့် မနက်စောစော အိပ်ယာထထချင်း စိတ်လေးလန်းဆန်း ကြည်နုးနေအောင်ဘယ်လို နည်းလမ်းလေးတွေကို လုပ်ဆောင်သင့်လဲ၊ ဘာတွေကိုရှောင်ရှားသင့်လဲဆိုတာ…

(၁) အိပ်ခံနီးအစားရှောင်ပါ
အိပ်ယာဝင်ခံနီး အချိန်ကြမှ အစားစာတာ မျိုးမလုပ်ပါနဲ့။ ဗိုက်အရမ်းစာလို့(ဒါမှမဟုတ်) ဆေးတစ်ခုခုသောက်ရမှာမို့လို့ အစားစားမှဖြစ်မယ်ဆိုရင် သိပ်ပြီး ဗိုက်တင်းသွားစေတာမျိုးမဟုတ်ပဲပေါ့ပေါ့ပါးပါး အစားစာမျိုးစားပါ။ ကဖိန်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ လိုအရာမျိုးတွေ၊ ၀ိုင်အနီရောင်လိုဟာမျိုးတွေကို ရှောင်ရှားပါ။ ဒီလိုအစားသောက်တွေကြောင့် အိပ်ချိန်ကို အိပ်ပျော်အောင် ကြိုးစားနေရပါလိမ့်မယ်။ ဒီလိုကြိုးစားပြီး အိပ်ရတာကြောင့်မနက်ရောက်တဲ့အခါကောင်းကောင်းမနိုးပဲစိတ်မကြည်မသာဖြစ်တက်ပါတယ်။
(၂) အိမ်သာဝင်ထားပါ
ညကိုယ်စအိပ်တော့မယ်ဆိုတဲ့ အချိန်ကို သတ်မှတပြီးရင် အိပ်ယာမ၀င်ခင်အချိန်မှာ အိမ်သာဝင်ထားပါ။ လူတော်တော်များများဟာ အိပ်ယာဝင်တော့မယ်လို့သတ်မှတ်ပြီးရင်ချက်ချင်းမအိပ်တက်ကြသေးပဲစာအုပ်ဖတ်တာ ၊ ဂိမ်းဆော့တာ၊ ဖုန်းသုံးတာ စတဲ့ ကိစ္စတွေကို အိပ်ယာပေါ်မှာ လုပ်လေ့ရှိပါတယ်။ ဒါကြောင့်အာ့လိုအရာတွေ အားလုံးပြီးသွားလို့တကယ်အိပ်တော့မယ်ဆိုတဲ့ အချိန်ရောက်ရင်အိမ်သာဝင်ထားပါ။ ဒီလိုမှမဟုတ်ပဲ အိပ်ယာပေါ်မှာစာဖတ်ရင်း အိပ်ပျော်သွားတဲ့အခါ ကျောက်ကပ်က တစ်ဖန်ပြန်လည်အလုပ်လုပ်တဲ့အချိန်ဖြစ်သွားတာကြောင့် ညဘက်အိပ်နေရင်းအိမ်သာသွားချင်လာတက်ပါတယ်။ ညဘက် အိမ်သာထသွားရခြင်းကြောင့်ပင်ပန်းပြီး မနက်ကို မလန်းဆန်းပဲနိုးလာစေပါတယ်။
(၃) ရည်ရွယ်ချက်တစ်ခုနဲ့နိုးထပါ
လူတိုင်းဟာ တစ်နေ့တာအတွက်တာဝန်တွေဝတ္တရားတွေမျိုးစုံကို လုပ်ကိုင်ဖို့ရှိပြီးသားပါ။ ကိုယ့်ရဲ့မနက်တိုင်းကို ကောင်းမွန်တဲ့အတွေးတွေ ကောင်းမွန်တဲ့ရည်မှန်းချက်တွေနဲ့ ငါဒီနေ့ဘာလုပ်ရမယ်၊ဘယ်သူနဲ့တွေ့ရမယ်ဆိုတဲ့ အတွေးမျိုးနဲ့ကောင်းမွန်စွာနိုးထပါ။ ဒီလိုနိုးထခြင်းဟာတစ်နေ့တာအတွက် အကောင်းဆုံးခွန်အားတစ်ခုလည်းဖြစ်ပါတယ်။
(၄) အားကစားတစ်ခုပုံမှန်လုပ်ပါ
မနက်အိပ်ယာထထခြင်းမှာ အားကစားတစ်မျိုးကို ပုံမှန်လုပ်ပေးပါ။ အိပ်ယာထထခြင်း စိတ်မကြည်လင်မှုကို ခံစားနေရရင်တောင် အားကစားတစ်ခုခုကို လုပ်လိုက်တာကြောင့် ကိုယ်ခန္ဓာကိုယ် ပေါ့ပါးလန်းဆန်းစေပြီး စိတ်ကို ကြည်လင်လန်းဆန်းစေပါတယ်။
မနက်တိုင်းကို ကောင်းမွန်ကြည်လင်စွာနိုးထနိုင်ပြီး နေ့ရက်တိုင်းကို ရည်ရွယ်ချက်ရှိရှိလျှောက်လှမ်းနိုင်ပါစေလို့ဆုတောင်းရင်း…..

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.