မျက်နှာအဆီ ဖယ်ရှားနည်း

လူတိုင်းမှာ မတူညီသော မျက်နှာပုံစံ ၊ ကိုယ်လုံးကိုယ်ပေါက်နဲ့ ခန္ဓာကိုယ် အချိုးအစားရှိကြပါတယ်။ ဒါပေမယ့် မိမိပါးပြင်တွေ သို့မဟုတ် မေးနှစ်ထပ်ဖြစ်လို့ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်နေတယ်ဆိုရင်တော့ ၄င်းပြသနာတွေကို သင်ကိုယ်တိုင် ကိုင်သွယ်ဖြေရှင်းနိုင်ပါတယ်။ ဒီနည်းလမ်းများတွေကို နေ့စဉ်လိုက်နာကျင့်သုံးပါက သင့်မျက်နှာအပါအဝင် သင့်ခန္ဓာကိုယ်တစ်ခုလုံး သေးသွယ်အဆီလျော့ကာ အကောင်းဆုံး အနေအထားသို့ ရောက်ရှိလာမှာအမှန်ဖြစ်ပါတယ်။

ဆားနဲ့သကြားရှောင်ပါ

ခန္ဓာကိုယ်ကို အချိန်တိုအတွင်း ပြောင်းလဲပေးမယ့် ရိုးရှင်းနည်းလမ်းလေး တစ်ခုရှိပါတယ်။ ဆားနဲ့ သကြားကို အလွန်အကျွံစားသုံးပါက အပိုရေဓာတ်တွေ ထိန်းသိမ်းပေးပါလိမ့်မယ်။ အလျင်အမြန်ဖြေရှင်းနည်း နောက်တစ်မျိုးမှာ တစ်နေ့ ဆိုဒီယမ် ၁,၅၀၀ မီလီဂရမ်နဲ့ သကြားကို ၂၀ ဂရမ်ထက် ပိုမစားသုံးသင့်ပါဘူး။

လေ့ကျင့်ခန်းလုပ်ပါ

သင့်ခန္ဓာကိုယ်တစ်ခုလုံး ပြည့်ဖောင်းဖို့ စိုးရိမ်နေလျှင် လေ့ကျင့်ခန်း ပိုလုပ်ဖို့ လိုအပ်ပါတယ်။ တစ်ပတ် ၅ ကြိမ် အချိန် မိနစ် ၆၀ ကြာ လုပ်သင့်ပါတယ်။ တစ်နေရာတည်း ပုံမှန်လုပ်ရတဲ့လေ့ကျင့်ခန်းထက်  ရွေ့ရှားသွားလာ လှုပ်ရှားတဲ့ လေ့ကျင့်ခန်းများဆောင်ရွက်ပါ။  အဲဒီလိုလုပ်ပေးပါက ကယ်လိုရီတွေပိုမိုလောင်ကျွမ်းလာမှာဖြစ်ပါတယ်။

ရေများများသောက်ပါ

ရေဓာတ်ခန်းခြောက်တာ သင့်အစာစားချင်စိတ် ကင်းဝေးစေနိုင်တယ်။ ရေများများသောက်ခြင်းကြောင့် အသားအရေ ရွန်းစိုလှပစေပြီး အစာချေဖျက်မှု ပိုမိုအားကောင်းစေပါတယ်။ သံပုယို၊ ဂျင်းစတဲ့ အဆိပ်ကိုဖယ်ရှားပေသောအရည်တွေက ရေထက် နှစ်ဆပိုလို့တောင်ကောင်းမွန်ပါသေးတယ်။

အချိန်မှန်မှန်အိပ်ပေးပါ

အိပ်စက်ခြင်းက သင့်ခန္ဓာကိုယ်ကို ပုံမှန်ပြန်လည်ဖြစ်စေပါတယ်၊ ခုခံအားစနစ် ကြံ့ခိုင်စေပြီး ဟော်မုန်းများ အညီအမျှဖြစ်အောင် ထိန်းပေးပါတယ်။ စွမ်းအင်နဲ့ အဆီလောင်ကျွမ်းစေနိုင်စေရန် ညတိုင်း အနည်းဆုံး ၇ နာရီကြာ အိပ်ဖြစ်အောင် အိပ်ပေးပါ။

Ref: popsugar

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.