Category Archives: ပြည်တွင်းသတင်း

Sky Net ဟု တိုက်ရိုက် ဖော်ပြထားခြင်း မရှိသော်လည်း နေပြည်တော်တွင် သင်္ကြန်မဏ္ဍပ် တည်ဆောက်ခဲ့သော မီဒီယာ ကုမ္ပဏီကြီး တစ်ခုက နှစ်သစ်ကူး လက်ဆောင် ငွေသား ကျပ်သိန်း ၅၀ ကို အရေးကြီး ပုဂ္ဂိုလ်၏ ကိုယ်ရေး အရာရှိအား ပေးခြင်းအတွက် နိုင်ငံတော် သမ္မတရုံးက အသိပေး ကြေညာချက် ထုတ်ပြန်

  
Sky Net ဟု တိုက်ရိုက် ဖော်ပြထားခြင်း မရှိသော်လည်း နေပြည်တော်တွင် သင်္ကြန်မဏ္ဍပ် တည်ဆောက်ခဲ့သော မီဒီယာ ကုမ္ပဏီကြီး တစ်ခုက နှစ်သစ်ကူး လက်ဆောင် ငွေသား ကျပ်သိန်း ၅၀ ကို အရေးကြီး ပုဂ္ဂိုလ်၏ ကိုယ်ရေး အရာရှိအား ပေးခြင်းအတွက် နိုင်ငံတော် သမ္မတရုံးက အသိပေး ကြေညာချက် ထုတ်ပြန်
Sky Net ဟု တိုက်ရိုက် ဖော်ပြထားခြင်း မရှိသော်လည်း နေပြည်တော်တွင် သင်္ကြန်မဏ္ဍပ် တည်ဆောက်ခဲ့သော မီဒီယာ ကုမ္ပဏီကြီး တစ်ခုက နှစ်သစ်ကူး လက်ဆောင် ငွေသား ကျပ်သိန်း ၅၀ ကို အရေးကြီး ပုဂ္ဂိုလ်၏ ကိုယ်ရေး အရာရှိအား ပေးခြင်းအတွက် နိုင်ငံတော် သမ္မတရုံးက ဧပြီ ၂၀ ရက်စွဲဖြင့် သတိပေး ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။

“မီဒီယာကုမ္ပဏီကြီး တစ်ခုအား ငွေကြေးပေးအပ်ခြင်း မပြုရန် ပညာပေး အသိပေး” ဟု ခေါင်းစဉ်တပ်ထားသော အဆိုပါ အသိပေးကြေညာချက်တွင် အချက်သုံးချက် ဖော်ပြခဲ့ပါသည်။

ပထမ အချက်တွင် “အဂတိလိုက်စားမှု အလေ့အထ အချိန်တိုကာလအတွင်း လုံးဝ ပပျောက်သွားစေရန်အတွက် ထုတ်ပြန်ထားသည့် “လက်ဆောင်ပစ္စည်း လက်ခံခြင်းနှင့် ပတ်သက်သည့် လမ်းညွှန်ချက်” အားလိုက်နာခြင်း မရှိဘဲ ဆောင်ရွက်လာသည့် မီဒီယာကုမ္ပဏီကြီးတစ်ခုအား သမ္မရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ညွှန်ကြားချက်အရ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ဧပြီ ၂၀ ရက်နေ့ရက်စွဲဖြင့် ပညာပေး အသိပေးသည့် အကြောင်းကြားစာ ပေးပို့ခဲ့သည်” ဟု ဖော်ပြခဲ့ပါသည်။

ဒုတိယအချက်တွင် ပေးပို့ခဲ့သည့် အကြောင်းကြားစာပါ ဖော်ပြချက်များကို စာပိုဒ်ခွဲလေးခုဖြင့် ဖော်ပြခဲ့ပါသည်။

ထိုသို့ဖော်ပြရာတွင် “လက်ဆောင်ပစ္စည်း လက်ခံခြင်းနှင့် ပတ်သက်သည့် လမ်းညွှန်ချက်” ကို အလေးအနက်ထား လိုက်နာဆောင်ရွက်ရန် ၂၀၁၆ ခုနှစ်ဧပြီ ၁ ရက်နေ့တွင် သက်ဆိုင်ရာ ဌာနအားလုံးသို့ ပေးပို့ထားပြီး အများပြည်သူ သိရှိရန်လည်း ဖော်ပြခဲ့ပြီးဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ထို့နောက် ပေါ်ပေါက်ခဲ့သော ဖြစ်စဉ်ကို ဆက်လက်ဖော်ပြရာတွင် “နေပြည်တော်တွင် မဟာသင်္ကြန်ကို သိုက်သိုက်မြိုက်မြိုက် ကျင်းပရာတွင် မီဒီယာကုမ္ပဏီကြီး အနေဖြင့်လည်း မဏ္ဍပ်တည်ဆောက်ကာ ပါဝင်ဆင်နွှဲခဲ့ပါသည်။ ထိုသို့ပါဝင်ဆင်နွှဲရာတွင် အစိုးရအဖွဲ့ ၀န်ကြီးဌာနများမှ ပုဂ္ဂိုလ်တို့ကိုလည်း ဖိတ်ကြားကာ ဧည့်ခံမှုပြုလုပ်ခဲ့သည်။ ထိုသို့ ဖိတ်ကြားဧည့်ခံသူများအနက် အရေကြီးပုဂ္ဂိုလ်၏ ကိုယ်ရေးအရာရှိလည်း ပါဝင်ပါသည်။ ထိုသို့ လာရောက်သူများကို နှစ်သစ်ကူး လက်ဆောင်ပေးရာ၌ ကိုယ်ရေးအရာရှိအား ငွေသားကျပ်သိန်း ၅၀ ပါအထုပ်ကို ပေးအပ်ရာတွင် သက်ဆိုင်ရာ အရာရှိမှ ငွေသားဟု မသိသဖြင့် ယူဆောင်ခဲ့ပြီး စစ်ဆေးကြည့်ရာတွင် ငွေများဖြစ်နေသဖြင့် လမ်းညွှန်ချက်တွင် ပါရှိသည့်အတိုင်း အထက်အကြီးအကဲထံ တင်ပြခဲ့ပါသည်။ အဂတိလိုက်စားမှုသည် ကနဦးအဆင့်တွင် လက်ဆောင်ပစ္စည်းပေးရာမှ စတင်နိုင်သဖြင့် နိုင်ငံတော် သမ္မတရုံးအနေဖြင့် လက်ဆောင်ပစ္စည်း လက်ခံခြင်းနှင့် ပတ်သက်သည့် လမ်းညွှန်ချက်ကို ထုတ်ပြန်ခြင်း ဖြစ်ပါသည်” ဟု ဖော်ပြခဲ့သည်။

ထို့နောက် “မီဒီယာကုမ္ပဏီကြီး အနေဖြင့် ပေးအပ်သည့် ငွေကြေးသည် စေတနာဖြင့် ပေးအပ်သည့်တိုင် ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်ဘောင်ထက် များစွာကျော်လွန်ပါသည်။ ဤကိစ္စသည် ယခုအစိုးရလက်ထက်တွင် ပထမအကြိမ် ပေါ်ပေါက်သည့် ကိစ္စဖြစ်သဖြင့် ပညာပေးကာလဟု သတ်မှတ်ပြီး ယခုကိစ္စကို ဆက်လက်အရေးယူ ဆောင်ရွက်ခြင်းပြုမည် မဟုတ်ပါ။ အဂတိ လိုက်စားမှုကို ပပျောက်အောင် ဆောင်ရွက်ရာတွင် အဓိက “မူ” မှာ “မပေးရန်”၊ “မယူရန်” ဖြစ်ပါသည်။ ထို့ကြောင့် အနာဂတ်တွင် လက်ဆောင်ပစ္စည်း ပေးမှုများကို လမ်းညွှန်ချက်ဘောင်ထက် ကျော်လွန်စွာ ဆောင်ရွက်ခြင်း မပြုရန် သက်ဆိုင်ရာ ကုမ္ပဏီအား လေးနက်စွာ အကြောင်းကြားခဲ့ပါသည်” ဟု ဆက်လက်ဖော်ပြခဲ့သည်။

နောက်ဆုံးစာပိုဒ်ခွဲငယ်၌ လက်ဆောင်ပေးအပ်သည့် ငွေသားကျပ်သိန်း ၅၀ အား နွေရာသီတွင် ရေရှားပါးသဖြင့် သောက်သုံးရေ ရရှိရေး ဆောင်ရွက်သည့် လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနသို့ အလှူငွေအဖြစ် ပေးလှူမည်ဖြစ်ပါကြောင်း ဖော်ပြခဲ့သည်။

ထို့အပြင် လက်ဆောင်ပစ္စည်း ပေးအပ်ခြင်း၊ လက်ခံခြင်းနှင့် စပ်လျဉ်း၍ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်နှင့်အညီ လိုက်နာဆောင်ရွက်ရေးအတွက် စီးပွားရေး လုပ်ငန်းရှင်များ၊ ပြည်သူများကပါ ၀ိုင်းဝန်ကူညီ ဆောင်ရွက်ပေးခြင်းဖြင့် အဂတိလိုက်စားမှုများ အချိန်တိုကာလအတွင်း တိုက်ဖျက်ပေးကြပါရန် မေတ္တာရပ်ခံလျက် သတင်းထုတ်ပြန်အပ်ပါသည်ဟု ဖော်ပြခဲ့ပါသည်။
သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သော မီဒီယာ ကုမ္ပဏီကြီး၏ အမည်၊ အရေးကြီးပုဂ္ဂိုလ်၏ အမည်၊ ကိုယ်ရေးအရာရှိတို့၏ အမည်များကို အများပြည်သူ သိရှိစေရန် ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်း မရှိသော်လည်း နေပြည်တော်တွင် မဏ္ဍပ်တည်ဆောက်ခဲ့သော မီဒီယာကုမ္ပဏီများထဲတွင် Sky Net တစ်ခုသာရှိပြီး အဆိုပါ Sky Net မဏ္ဍပ်ဖွင့်ပွဲနေ့သို့ တက်ရောက်ခဲ့သော ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ သင်္ကြန်အတက်နေ့တွင် Sky Net မဏ္ဍပ်သို့ သွားရောက်ခဲ့သည့် ဒေါက်တာ တင်မျိုးဝင်းတို့၏ ပုံရိပ်များမှာ Sky Net ရုပ်သံလိုင်း ကြည့်ရှုခဲ့သူများအကြား ရေပန်းစားခဲ့ပါသည်။

“နေပြည်တော်မှာ သင်္ကြန်မဏ္ဍပ်ဆောက်တဲ့ မီဒီယာဆိုလို့ Sky Net မဏ္ဍပ်တစ်ခုပဲ ရှိတာပါ။ ဒါကို ထုတ်ပြန်ချက်မှာ Sky Net လို့တိုက်ရိုက်မပြောဘဲ မီဒီယာ ကုမ္ပဏီကြီးတစ်ခုလို့ ဖော်ပြတာဟာ မီဒီယာအားလုံးကို ဂုဏ်သိက္ခာချသလို ဖြစ်နေတဲ့အတွက် ဒီလိုအသုံးအနှုန်းကို ကန့်ကွက်ပါတယ်။ နံပါတ်နှစ်အချက်က အရင်အစိုးရ လက်ထက်မှာ သိန်းထောင်သောင်းချီ ပေးတာတွေ ရှိခဲ့ပေမယ့် အခုပေးတဲ့ သိန်း ၅၀ ဆိုတာ နည်းတယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမဲ့ ဒါဟာ အခုလက်ရှိ အစိုးရကို ဂုဏ်သိက္ခာချတာဖြစ်ပြီး အစိုးရအဖွဲ့တစ်ခုလုံးနဲ့ သက်ဆိုင်ပါတယ်။ နံပါတ်သုံးအချက်က ၁၆ ရက်နေ့မှာ ဖြစ်ခဲ့တယ်ဆိုရင်တောင် ဘာကြောင့်၂၀ ရက်နေ့ရောက်မှ ထုတ်ပြန်ခဲ့တာပါလဲ။ နံပါတ်လေးအချက်က ဒီငွေတွေကို အလှူငွေအဖြစ် မသိမ်းသင့်ပါဘူး။ ဥပဒေကြောင်းအရဆိုရင် ဒီငွေသိန်း ၅၀ ဆိုတာ သက်သေခံပစ္စည်း ဖြစ်ပါတယ်။ ဒါကို စေတနာနဲ့ ပေးတယ်လို့လည်း မသုံးသင့်ပါဘူး။ ပြီးတော့ ဒီလိုငွေသိန်း ၅၀ ကို ကိုယ်ရေးအရာရှိ တစ်ယောက်တည်းကိုပဲ ပေးခဲ့တာလား၊ ဖိတ်ကြားဧည့်ခံခဲ့တဲ့ အစိုးရ၀န်ကြီးဌာန ပုဂ္ဂိုလ်တိုင်းကို ပေးခဲ့တာလားဆိုတာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့လိုပါတယ်။ ဒီဖြစ်စဉ်ကို ဥပဒေကြောင်းအရ အရေးမယူဘူးဆိုရင်တောင် ပေးတဲ့မီဒီယာ ကုမ္ပဏီကြီးကို စံနမူနာပြအဖြစ် အမည်ပျက်စာရင်းသွင်းဖို့ လိုပါတယ်။ နောက်ဆုံးတစ်ချက် ပြောလိုတာက ပညာပေးကာလဆိုတာကို ဘယ်တုန်းက သတ်မှတ်လိုက်တာလဲ၊ ဘယ်အချိန်ထိလဲ ဆိုတာပါ။ ဒါတွေကို ကြေညာချက်မှာ ရှင်းရှင်းလင်းလင်း ပြောသင့်ပါတယ်” ဟု The Daily Eleven သတင်းစာ၏ အယ်ဒီတာချုပ် ဦးဝေဖြိုးက ပြောကြားခဲ့ပါသည်။

“လက်ဆောင်ပစ္စည်း လက်ခံခြင်း” နှင့်ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ထားသော ကြေညာချက်တွင် အစိုးရအဖွဲ့ဝင်၊ အစိုးရမှ ဖွဲ့စည်းထားသော ကော်မရှင်/အဖွဲ့အစည်းဝင်၊ ပြည်သူ့ဝန်ထမ်းတို့သည် မိမိ၏ ရာထူးကြောင့် ပေးအပ်သည်ဟု ယူဆသည့် အဖွဲ့အစည်း/လူပုဂ္ဂိုလ်ထံမှ ပေးအပ်သော လက်ဆောင်ပစ္စည်းများကို လက်ခံခြင်းမပြုရန် တားမြစ်ထားပါသည်။
သို့သော် ခြွင်းချက်အနေဖြင့် လက်ဆောင်ပစ္စည်း တန်ဖိုးကျပ်ငွေ ၂၅၀၀၀ မပိုသော လက်ဆောင်ပစ္စည်း (အဖွဲ့အစည်းတစ်ခု/လူပုဂ္ဂိုလ်တစ်ဦးထံမှ လက်ခံရယူသည့် လက်ဆောင်ပစ္စည်းသည် တစ်နှစ်လျှင် ကျပ် ၁၀၀၀၀၀ တန်ဖိုးထက် မပိုစေရ)၊ မိမိ၏ တရားဝင်ရာထူးကြောင့် မဟုတ်ဘဲ မိသားစုဆက်ဆံရေး၊ ပုဂ္ဂိုလ်ရေး ခင်မင်မှုအရ (တားမြစ်ချက်များနှင့် အကျုံးဝင်သော လက်ဆောင်ပစ္စည်း မဖြစ်စေရ) ပေးအပ်သော လက်ဆောင်ပစ္စည်း၊ အခါကြီး ရက်ကြီးများတွင် တစ်နှစ်တစ်ခါ ဂါဝရပြုပေးအပ်သည့် (ဥပမာ- သီတင်းကျွတ်ကန်တော့သော ပစ္စည်း၊ ခရစ္စမတ်လက်ဆောင်) ကျပ်ငွေ ၁၀၀၀၀၀ ထက်မပိုသော လက်ဆောင် ပစ္စည်းများကို လက်ခံခွင့်ပြုထားသည်။

Elevn Media Group

အရှိန်လွန်ကား အိမ်ထဲဝင်၍ မိခင်သေဆုံးပြီး အသက် ၅ နှစ်အရွယ်သားငယ် ပြင်းထန်စွာ ဒဏ်ရာရ 

  
ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း ပြည်ခရိုင်ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မှ ပဒါန်းဘက်သို့ မောင်းနှင်လာသောယာဉ်တစီးသည် အရှိန်မထိန်းနိုင်ဘဲ လမ်းနံဘေးနေ မစန်းကြည်၏အိမ်အတွင်းသို့ ဝင်ရောက်တိုက်မိ၍ မစန်းကြည် (အသက်၄၆နှစ်) (ဘ) ဦးအောင်ကြည်သည် နေရာတွင်ပွဲချင်းပီးသေဆုံးပြီး သားဖြစ်သူ အသက် ၅ နှစ်ခန့်အရွယ် ကလေးငယ်မှာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့မှု ဧပြီ ၂၀ နေ့လည် ၁း၃၀ ခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

  
ဖြစ်စဉ်မှာ ပုသိမ်မုံရွာလမ်းမကြီး တောင်မှမြောက်သို့ ရန်ပိုင်ထွန်း (အသက် ၂၈ နှစ်) သင်္ဃန်းကျွန်းမြို့နယ်နေသူ မောင်းနှင်၍ ဖိလစ်ပိုင်လူမျိုးတဦး လိုက်ပါလာသော 5D8507 Surf အမျိုးစားကားသည် မိုင်တိုင်အမှတ် ၁၇၇ ရှိ ကျီးပင်ကျေးရွာနေ မစန်းကြည်၏နေအိမ်အတွင်း အရှိန်လွန် ဝင်ရောက်ကာ တိုက်မိခဲ့ခြင်းဖြစ်သည်။ အမှုကို ကျီးပင်ရဲကင်းစခန်းမှ ၃၀၄/က ၃၃၇/၃၃၈တို့ဖြင့် အမှုဖွင့်ထားရှိပြီး ရဲလုပ်ငန်းများအတိုင်း ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ထန်ထန်မဲဇလီ

ယဉ်တိုက်မှု့ ဖြစ်ပွား၊ မြေးအဖွား ၂ ဦးသေဆုံး၊ ကျန်လူနာ ၄ ဦး မော်လမြိုင်ဆေးရုံသို့ အရေးပေါ် ပို့ ဆောင်

  
ယနေ့ 20.4.16 မနက် ၁၀ နာရီခန့်တွင် ချောင်းနှစ်ခွနှင့် ဘုရားကုန်းကျေးရွာကြား နံပါတ် ၄ တံတားအနီးတွင် ကားနှင့် သုံးဘီးဘေးတွဲ ဆိုင်ကယ် တိုက်မှု့ ဖြစ်ပွားခဲ့ပါသည်။

  
သုံးဘီးဆိုင်ကယ် ပေါ်၌ လိုက်ပါလာသည့် ခရီးသည် ၆ ဦးမှာ ပြင်းထန်စွာ ဒါဏ်ရာ ရရှိခဲ့၍ ခနခ တိုက်နယ် ဆေးရုံတွင် ရရှိဒါဏ်ရာကြောင့် မြေးအဖွား ၂ ဦးသေဆုံးသွား ပါသည်။

ကျန်ရှိ အရေးပေါ် လူနာ ၄ ဦးအား မော်လမြိုင် ဆေးရုံသို့ ပို့ဆောင်သွားကြောင်း ကနဦး သတင်း ရရှိပါသည်။

Credit- ချောင်းနှစ်ခွ

Han Ko Ko Tun (facebook)

အင်းစိန်မြို့နယ်ကိုယ်စားပြု ပြည်သူ့လွတ်တော်အမတ် ဦးမောင်မောင်ဦး အင်းစိန်ဆေးရုံသို့ သွားရောက်ကြည့်ရှု

 
မနေ့က အွန်လိုင်းလူမူကွန်ယက်တွင် ပျံ့ နှံ့ခဲ့သော အင်းစိန်ဆေးရုံကြီး ရှိ အမျိုးသားခွဲစိပ်ဆောင်တွင် အိမ်သာများနှင့် အမှိုက်ပုံးများ ပြည့်လျှံပြီး အနံ့အသက်မကောင်းမှု့များ ဖြစ်ပေါ် နေကြောင်း ကို တင်ပြခဲ့ပါသည်။

  
ထိုကိစ္စနှင့် ပတ်သက်၍ အင်းစိန်မြို့ နယ်၏ အရွေးချယ်ခံ ကိုယ်စားလှယ်များ ဖြစ်သော ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦး/ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးဝေဖြိုးဟန်တို့သည် ယနေ့ နေ့လည်ပိုင်းတွင်အင်းစိန်ဆေးရုံသို့ သွားရောက်ကာ ဆေးရုံးအုပ်ကြီး ဒေါက်တာ အေးအောင်နှင့်တွေ့ ဆုံပြီး။ ဆေးရုံ သပ်ရပ်သာယာရေးအတွက် ရင်းရင်းနှီးနှီး ပြောဆိုဆွေးနွေးခဲ့ပြီး ဆေးရုံး အုပ်ကြီးမှ လိုအပ်ချက်များကို ပြန်လည်ဆွေးနွေးခဲ့ ပါသည်။
သတင်းနှင့် ဓါတ်ပုံ – ကျော်စွာဦး

ရွှေတိဂုံဈေးတန်းတွင် ဈေးရောင်းသည့် အစ္စလာမ်ဘာသာဝင်အား တားမြစ်ခဲ့သည့်ကိစ္စမဘသအဖွဲ့ကြီးနှင့် လုံးဝမသက်ဆိုင်ဘဲ မျိုးချစ်ရဟန်းတော်များသမဂ္ဂ(ရန်ကုန်)၏ ရပ်တည်ချက်သာဖြစ်ကြောင်း ကာယကံရှင် အတွင်းရေးမှူး ဆရာတော်ဦးသုစိတ္တ ရှင်းလင်း

  

ပြီးခဲ့သည့် မြန်မာနှစ်ဆန်းတစ်ရက်နေ့(၁၇-၄-ဝ၁၆)က ရွှေတိဂုံဘုရားဈေးတန်း တွင် ဈေးရောင်းချမှုပြုလုပ်ခဲ့သည့် အစ္စလာမ်ဘာသာဝင် ဈေးသည်တစ်ဦးအား တားမြစ် ပိတ်ပင်ခဲ့သည့်ကိစ္စမှာ အမျိုး ဘာသာ သာ သနာစောင့်ရှောက်ရေး၊ မဘသအဖွဲ့ကြီးနှင့် လုံး ဝသက်ဆိုင်ခြင်းမရှိဘဲ

 မျိုးချစ်ရဟန်းတော်များ သမဂ္ဂ(ရန်ကုန်)၏ ရပ်တည်ချက်နှင့် လုပ်ရပ် သာဖြစ်ကြောင်း အဆိုပါအဖွဲ့ အတွင်းရေးမှူး ဆရာတော် ဦးသုစိတ္တက ရှင်းလင်းပြောဆို လိုက်သည်။

  
 နှစ်ဆန်းတစ်ရက်နေ့က ရွှေတိဂုံဈေးတန်း တွင် ဈေးရောင်းရန်သွားရောက်ခဲ့သည့် အစ္စလာမ်ဘာသာဝင် ကိုရဲကိုကိုအား မျိုးချစ်ရဟန်း တော်များသမဂ္ဂ ဆရာတော်များမှ ဘုန်းကြီး ကျောင်းထိ ခေါ်ဆောင်သွားပြီး ရိုက်နှက်မှုပြု လုပ်ခဲ့ကြောင်း၊ ကာလတန်ဖိုးအရင်း ကျပ်ငွေ ၄ သိန်းကျော်တန်ဖိုးရှိ ခါးပတ်များကိုလည်း သိမ်းဆည်းသွားကြောင်း Myanmar Muslim Media မှ ရေးသားဖော်ပြထားပြီးအခြားလူမှု ကွန်ရက်စာမျက်နှာများပေါ်တွင်လည်း ဝေဖန် မှုများစွာ ထွက်ပေါ်လာခဲ့သည်။

 အဆိုပါကိစ္စနှင့်ပတ်သက်၍ ဝေဖန်ဆန့် ကျင်သူများဘက်မှ မဘသအဖွဲ့ကြီးပေါ် စွပ်စွဲ အပြစ်ပုံချနေခဲ့သော်လည်း အစ္စလာမ်ဘာ သာဝင် ဈေးသည်အား ကိုယ်တိုင် တားဆီး ရိုက်နှက်မိခဲ့ကြောင်း ဝန်ခံထားသည့် ဆရာ တော် ဦးသုစိတ္တကမူ ဖော်ပြပါဖြစ်စဉ်မှာ မဘသအဖွဲ့ကြီးနှင့် လုံးဝမသက်ဆိုင်ကြောင်း ၂ဝ၁၆ ခု၊ ဧပြီလ ၂ဝ ရက်နေ့၊ နေ့လည် ၁ နာရီခွဲခန့်က သာကီသွေးဂျာနယ်သို့ ရှင်းလင်း မိန့်ကြားလိုက်ခြင်းဖြစ်သည်။ 
 ‘ဒီကိစ္စက နှစ်ဆန်းတစ်ရက်နေ့တုန်းက တကယ်ဖြစ်သွားတာလည်း ဟုတ်တယ်။ သူတို့ တွေဘက်က ချဲ့ကားပြောဆိုနေတာတွေလည်း အမှန်ပဲ။ 

 ဒီရွှေတိဂုံဘုရားမှာ ဘာသာခြားတွေဈေး လာမရောင်းဖို့ ဦးဇင်းတို့ တောင်းဆိုခဲ့တာ ခုမှ မဟုတ်ဘူး။ ခု နှစ်ဆန်းတစ်ရက်နေ့ကဖြစ်တဲ့ ကိစ္စကျတော့ ဒီကုလားကို တားတဲ့အချိန်က သူက ဗမာပစ္စည်းပါလို့ပြောပြီး ဦးဇင်းတို့ကို ဆောင့်တွန်းပြီး ထွက်ပြေးဖို့ကြိုးစားတာကြောင့် ဦးဇင်းက ခြောက်ရိုက်,ရိုက်လိုက်တာ။ ဒူးနဲ့တိုက် လိုက်တာလည်း ဝန်ခံတယ်။ ဒီကိစ္စက ဦးဇင်းတို့ မျိုးချစ်ရဟန်းတော်များသမဂ္ဂနဲ့ပဲဆိုင်တယ်။ ဦးဇင်းတို့အဖွဲ့ရဲ့ ရပ်တည်ချက်၊ လုပ်ရပ်ပဲဖြစ်ပြီး မဘသအဖွဲ့နဲ့ လုံးဝ(လုံးဝ) မသက်ဆိုင်ပါဘူး’ ဟု အတွင်းရေးမှူး ဆရာတော်ဦးသုစိတ္တက မိန့် ကြားခဲ့ခြင်းဖြစ်သည်။

 ဆရာတော်များအနေဖြင့် အဆိုပါဈေး သည်အား ဘုန်းကြီးကျောင်းခေါ်သွားသည်မှာ မှန်သော်လည်း အဓိကအကြောင်းရင်းမှာ နောက်နောင်မရောင်းရန်အတွက် ခံဝန်ကတိ လိုချင်၍သာဖြစ်ကြောင်း၊ ကျောင်းရောက်ချိန် တွင် ရိုက်နှက်ဆဲဆိုခြင်းမရှိကြောင်း ဦးသုစိတ္တ က ဆက်လက်မိန့်ကြားသည်။ 
 ဆရာတော်က ‘ဒီကုလားကို ကျောင်းထဲ ခေါ်သွားရတာ ရိုက်ဖို့နှက်ဖို့ မဟုတ်ဘူး။ နောက်နောင် လာမရောင်းတော့ပါဘူးဆိုတဲ့ ခံဝန်ချုပ်မှာ လက်မှတ်ထိုးဖို့ ခေါ်လာတာ။ အဲ ဒါကို ကျောင်းထဲမှာ ခေါ်ရိုက်ပါတယ်၊ ပိုက်ဆံ လုပါတယ်၊ ပစ္စည်းတွေ သိမ်းပါတယ်ဆိုပြီး တော့ သူတို့မွတ်ဆလင်အဖွဲ့တွေက ပုံကြီးချဲ့ပြီး အမှုတွေဖွင့်နေတာ။

 ဦးဇင်းလုပ်ခဲ့တာက လူအများရှေ့မှာသာ ခြောက်ပြီး လုပ်လိုက်တာ၊ ကျောင်းရောက်တော့ သူ့ကို ခြိမ်းခြောက်တာ၊ ရိုက်နှက်တာတွေမလုပ် ခဲ့ဘူး။ ထမင်းကျွေး၊ ရေတိုက်လိုက်ရတာကိုကျ တော့ ထည့်မပြောဘဲ ရိုက်တယ်နှက်တယ်ဆိုပြီး ပဲ ဖွနေကြတာ’ဟု မိန့်ကြားသည်။

 အစ္စလာမ်ဘာသာဝင်အား ဈေးရောင်း ခွင့်ပိတ်ပင်ရခြင်းနှင့်ပတ်သက်၍ ဆက်လက် မေးမြန်းခဲ့ရာတွင်လည်း ‘ဦးဇင်းတို့ ရွှေတိဂုံဘုရားနား သူတို့ဈေးလာရောင်းတဲ့အထဲမှာ ရိုးရိုး သာမန်အဝတ်အစားနဲ့မဟုတ်ဘဲ ဘူခါရ်တွေခြုံ ပြီး ယောက်ျားမှန်းမသိ၊ မိန်းမမှန်းမသိ လာ ရောင်းတာတွေရှိခဲ့တယ်။ မိန်းမမှန်းမသိ၊ ယောက်ျားမှန်းမသိနဲ့ အဲဒီဝတ်ရုံတွေခြုံပြီး ဘု ရားကြီးကို အကြမ်းဖက်ဗုံးခွဲသွားရင် ဘယ်သူမှ မတတ်နိုင်ဘူး။ ဒီအတွက် ရွှေတိဂုံဘုရားကြီး ဘေးအန္တရာယ်မကျရောက်ရေးအတွက် ကာ ကွယ်ရမယ်ဆိုတဲ့အသိနဲ့ ဦးဇင်းတို့က ဒီကုလား တွေ ဈေးလာမရောင်းဖို့ တားခဲ့တာ။ မျိုးချစ်ရ ဟန်းတော်များသမဂ္ဂအနေနဲ့ကတော့ နောက် လည်း လုပ်သင့်တာတွေ လုပ်သွားဦးမှာပဲ’ဟု မိန့်ကြားသွားသည်။ 

   ကိုမိုးအောင်

မဘသ-ဗဟို Online Media နှင့် သာကီသွေးဂျာနယ်

From Myint Zaw Facebook

မြန်မာ – အိန္ဒိယနယ်စပ်တွင် ဗုံးနှစ်လုံးပေါက်ကွဲ

မြန်မာ-အိန္ဒိယနယ်စပ် မိုးရေးမြို့အနီးတွင် ယနေ့(ဧပြီလ ၂၀ ရက်) နံနက် ၉နာရီခန့်က ဗုံးနှစ်လုံး ဆက်တိုက် ပေါက်ကွဲခဲ့ ကြောင်း တမူးမြို့ခံများက ပြောကြားသည်။

တမူးမြို့မဈေးနှင့်နီးသည် တစ်ဖက်ကမ်းနယ်စပ်တစ်နေရာတွင် ပေါက် ကွဲခဲ့ခြင်းဖြစ်သော်လည်း နယ်စပ် နန်း ဖာလုံဈေး၏အရောင်းအဝယ်ကို ထိခိုက်ခြင်းမရှိကြောင်း၊ ယင်းပေါက်ကွဲမှု ဖြစ်ပွားရာနေရာသည် အိန္ဒိယနိုင်ငံအတွင်းဖြစ်ပြီး မိုးရေးမြို့အတွင်း မဟုတ်ခြင်း၊ နယ်စပ် ဂိတ်နှင့်ဝေးသဖြင့် နယ်စပ်ဂိတ်များဖြစ်သော ဂိတ် ၁ နှင့် ဂိတ် ၂ ကို မပိတ်ခြင်းကြောင့် နှစ်ဖက်နိုင်ငံမှ ဈေးရောင်း ဈေးဝယ်များဖြင့် ပုံမှန်အတိုင်း ရောင်းဝယ်မှုများ ပြုလုပ်နေကြောင်း အဆိုပါဈေးကော်မတီအတွင်းရေးမှူး ဦးငယ်က ပြော ကြားသည်။

မြန်မာ – အိန္ဒိယနှစ်နိုင်ငံ နယ်စပ်မြို့များ ဖြစ်သော မိုးရေးနှင့်တမူးမြို့တို့တွင် မကြာခဏ ပေါက်ကွဲမှုများ ဖြစ်ပေါ် နေခြင်းကြောင့် ပြည်သူများအနေဖြင့် ရိုးနေပြီဖြစ်သည့်အတွက် ထူးထူးခြားခြား စိုးရိမ်ခြင်း မရှိဘဲ ပုံမှန် အတိုင်း သွားလာလျက်ရှိကြောင်း တမူးလူငယ်ကွန်ရက်ဝင် ဦးယဉ်ကိုဦးက ပြောကြားသည်။

ဖြူးဆေးရုံမှ အထက်တန်းသူနာပြု အသတ်ခံရ 

တောင်ငူ၊ ဧပြီ ၂၀

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ် ခုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသော အသက် ၃၃ နှစ်အရွယ် အထက်တန်းသူနာပြုတစ်ဦး ဧပြီ ၁၉ ရက် မွန်းလွဲ ၂ နာရီခန့်က ခင်ပွန်းသည်နှင့် စကားများရန်ဖြစ်ရာက အသတ်ခံခဲ့ရကြောင်း ယင်းဆေးရုံဝန်ထမ်း အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။ 

ဆေးရုံဝန်ထမ်းလိုင်းခန်းနေအိမ်တွင် ယင်းဆေးရုံ၏ အထက်တန်းသူနာပြု မသိန်းသိန်းဝင်းသည် အသက် ၂၃နှစ် အရွယ် ခင်ပွန်းဖြစ်သူ ကိုအုံချစ်ပိုင်နှင့်အတူ ထမင်းစားနေစဉ် အရက်သောက်မှုနှင့်ပတ်သက်ပြီး စကားများ ရန်ဖြစ်ခဲ့ကြောင်း၊ ယင်းနောက် လုံးထွေးသတ်ပုတ်စဉ် ခင်ပွန်းသည်က ရှစ်လက်မခန့်ရှိသော မီးဖိုချောင်သုံး ဓားဖြင့် ဇနီးသည်၏ ညာဘက် ရင်အုံကို ထိုးရာက ဇနီးသည်မှာ နေရာတွင် သေဆုံးခဲ့ကြောင်း ဖြူးမြို့မရဲစခန်း၏ ကနဦး စစ်ဆေးချက်များအရ သိရှိရသည်။

 “သူ့ယောက်ျားက အရက်သောက်တတ်ပြီး အခင်းဖြစ်တဲ့နေ့ကလည်း အရက်မူးနေတာ။ သွားဖမ်းတုန်းကလည်း လိုင်ခန်းထဲမှာ တစ်ယောက်တည်း ထိုင်နေပြီး သတိလည်း မရှိတော့တဲ့ အနေအထားမျိုး တွေ့ခဲ့ရတယ်” ဟု ဖြူးမြို့မရဲစခန်းမှ နယ်ထိန်းရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ လူသတ်မှုနှင့်ပတ်သတ်၍ ကိုအုံချစ်ပိုင်ကို (ပ)၁၅၆/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီး စစ်ဆေးနေကြောင်း ဖြူးမြို့မရဲစခန်းထံမှ သိရှိရသည်။

 စင်ကာပူတွင် လူနာတစ်ယောက်ကို ရိုက်နှက်မှုကြောင့် မြန်မာသူနာပြုတစ်ဦး ထောင်တစ်နှစ်ကျခံရ

လွန်ခဲ့သည့်နှစ် ဖေဖော်ဝါရီလက စင်ကာပူစိတ်ရောဂါဆေးရုံကြီး(IMH)တွင် ခုခံနိုင်စွမ်းမရှိသည့် လူနာတစ်ယောက်ကို ထိုးကြိတ်ရိုက်နှက်မှုအတွက် မြန် မာနိုင်ငံက သူနာပြုတစ်ဦးသည် ဧပြီ ၁၇ ရက်က ထောင်ဒဏ်တစ် နှစ် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပါ သည်။
ဆေးရုံတွင် ကာလရှည်စွာနေနေရသည့် အသက် (၅၆) နှစ်အရွယ် စိတ်ရောဂါဝေဒနာရှင် မစ္စတာကောင်အာဟိုးကို နာကျင်ထိခိုက်အောင် လုပ်ခဲ့မိသည်ဟု အသက်(၂၆)နှစ်အရွယ် မြန်မာသူနာပြု အောင်ဖြိုးသူက ၀န်ခံခဲ့ပါသည်။

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ လက သူနာပြုအောင်ဖြိုးသူသည် လူနာကို လက်သီးဖြင့် ထိုးခြင်း၊ ကန်ကျောက်ခြင်းများကို အကြိမ် ကြိမ်ပြုလုပ်ခဲ့၍ လူနာမှာ နံရိုးနှစ်ချောင်း ကျိုးခဲ့သည်။

အိပ်ရာထဲမှာနေရသည့် မစ္စ တာ ကောင်သည် ရောဂါအများအပြားရှိပြီး ဆက်သွယ်စကားပြော ရန်လည်း ခက်လှသည်ဟု စင်ကာ ပူတရားရုံးက ကြားနာသိရှိရ သည်။ သူသည် အကူအညီဖြင့်သာလှုပ်ရှားသွားလာနိုင်သည်။

သူနာပြုအောင်ဖြိုးသူ ည ဘက်တာဝန်ကျသည့် အချိန်တွင် လူနာ မစ္စတာကောင်က နံနက် ၅ နာရီ ၅၅ မိနစ်၌ အိပ်ရာကထရန် ကြိုးစားရာမှ ဆူညံအိပ်ရေးပျက် လန့်နိုးခဲ့ရသည်ဟု စုံစမ်းစစ်ဆေး ချက်များအရ သိရသည်။

သူနာပြုအောင်ဖြိုးသူက မစ္စ တာ ကောင်ကို ညာဘက်နောက် ကျောကိုထိုးခဲ့၏။ ထို့နောက် လူနာ၏ မျက်နှာကို စောင်ဖြင့်အုပ်ကာ ခေါင်းကို အကြိမ်များစွာထိုးကြိတ် ပြန်သည်။

ထိုမျှနှင့် မပြီးသေးဘဲ ခြေ ထောက်နှင့် ကန်သလို ရိုက်ရန် ဆွဲချခဲ့သည်။ ဘယ်ဘက်နံရိုးကို လည်း ဆယ်ခါမက ရိုက်နှက်ခဲ့ သည်။

မစ္စတာကောင်မှာ ပြန်လည် ခုခံနိုင်စွမ်းမရှိသဖြင့် တစ်ချိန်လုံး ငြိမ်ခံနေခဲ့ရသည်ဟု ဒုတိယအစိုးရရှေ့နေ မာဟန်ဖန်က ပြောကြားသည်။

 လူနာစောင့်ကြီးကြပ်သူက မစ္စတာကောင်ကိုယ်ပေါ်မှာ ဒဏ် ရာအနာတရများကို တွေ့သော အခါ ဖြစ်စဉ်ကို ရှင်းပြရန် သူနာ ပြု အောင်ဖြိုးသူကို မှတ်တမ်းရေး ခိုင်းသည်။ ထိုအခါ သူနာပြု အောင်ဖြိုးသူက လူနာသည် သူ့ ဘာသာအနာတရဖြစ်အောင် လုပ်ခြင်းဖြစ်သည်ဟု ရေးသားခဲ့သည်။

မစ္စတာကောင်သည် အ လက်ဇန်ဒရာဆေးရုံကြီးသို့ လွှဲ ပြောင်းခြင်းခံရပြီး ထိုဆေးရုံ၌ သူ့ ကိုယ်က ဒဏ်ရာများစွာကို တွေ့ ခဲ့ရသည်။ သူ၏ ဘယ်ဘက်နံရိုး နံချောင်းကျိုးနိုင်သည့် အခြေအ နေကိုလည်း ဓာတ်မှန်ရိုက်ကြည့် ပြီး အတည်ပြုနိုင်ခဲ့၏။

ထိုကဲ့သို့ လူနာကို နှိပ်စက် ညှဉ်းပန်းခဲ့သည့်အတွက် စင်ကာပူအစိုးရရှေ့နေ မာဟန်ဖန်က အ နည်းဆုံးထောင်ဒဏ်တစ်နှစ်ကျခံ စေရန် စွဲဆိုခဲ့သည်။

သူက မြန်မာသူနာပြုအောင် ဖြိုးသူသည် သူနာပြုတစ်ယောက် ၏ ယုံကြည်မှုနှင့် တာဝန်ကို အလွဲ သုံးစားလုပ်ပြီး လူနာကို ကရုဏာ မဲ့စွာ ညှဉ်းပန်းနှိပ်စက်ခဲ့သည်ဟု ဆိုပါသည်။ လူနာသည် အိပ်ရာ ပေါ်မှာ လဲနေရပြီး တိုက်ခိုက်မှုကို ပြန်လည်ခုခံနိုင်စွမ်းမရှိကြောင်း။ ထို့ကြောင့် သူနာပြုအောင်ဖြိုးသူ အနေဖြင့် မည်သည့်အကြောင်းနှင့်မှ လူနာကို အကြမ်းဖက်တိုက်ခိုက်ရန်မလိုဟု သူက ပြောပါသည်။ ထို့ပြင် အောင်ဖြိုးသူ၏ နောက်ပိုင်း အပြုအမူကလည်း လုံးဝနောင်တမရသည့်ပုံကို ပြသည်ဟု အစိုးရရှေ့နေက စွဲချက်တင်ခဲ့ပါသည်။

ထိုစွပ်စွဲချက်ကို တရားသူ ကြီးက သဘောတူခဲ့ပြီး သည်လို မျိုး နောက်တစ်ကြိမ်မလုပ်ဝံ့ရန်အ တွက် အမှုနှင့် ပတ်သက်ပြီး ထိရောက်သော ပြစ်ဒဏ်ပေးရန် ထိုက်တန်ကြောင်း ပြောကြားခဲ့ သည်။ စင်ကာပူစိတ်ရောဂါဆေး ရုံကြီး (IMH)ကလည်း အောင်ဖြိုးသူကို အလုပ်မှ ထုတ်ပယ်ခဲ့ပြီး (IMH) စကောလားရှစ်နှင့် တက် ရောက်နေသည့် သူနာပြုသိပ္ပံသင် တန်းအတွက် စင်ကာပူဒေါ်လာ ၈၀,၀၀၀ ပေးဆောင်ရန် တာဝန် ရှိသည်ဟု တရားခံရှေ့နေက ပြောကြားခဲ့သည်။
ထိုအမှုမျိုးအတွက် အများ ဆုံးထောင်ဒဏ် ၁၀ နှစ်နှင့် ဒဏ်ငွေ(သို့မဟုတ်) ကြိမ်ဒဏ်အထိကျခံနိုင်ဖွယ်ရှိပါသည်။

(စင်ကာပူစထရိတ်တိုင်းမ်သတင်းစာ)

ဟားခါးမြို့၌ ဂက်စ်အိုးများ ရောင်းချ သည့် နေအိမ် တွင် မီးလောင်ကျွမ်း မှုဖြစ်ပွား

  

ဟားခါး ဧပြီ ၁၉ ။ ။ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဗိုလ်ချုပ် လမ်းရှိ Gas အိုးများရောင်းချသည့် (GASPA ဆိုင်) ဒေါ်++++ ၏နေ အိမ်တွင် ဧပြီ ၁၉ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ချိန်က မီးလောင်ကျွမ်း ခဲ့ကြောင်း သိရသည်။ 

  
အဆိုပါ မီးလောင်မှုဖြစ်ပွားသည့်ေ နရာ သို့ ပြည်နယ် ဝန်ကြီး ချုပ်နှင့် ပြည်နယ် အဆင့် အဖွဲ့အစည်းဝင်များ၊ ပြည်နယ်ရဲတပ်ဖွဲ့မှ

ဒုတိယပြည် နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး များ၊ ပြည်နယ် ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ ဝင် များ စုစုပေါင်း အင်အား (၃၀၀)ခန့်နှင့် မီးသတ်ယာဉ်(၅)စီး အုပ်ချုပ်မှုယာဉ်(၁)စီးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ ရာ ညနေ ၄ နာရီ ၃၅ မိနစ်က မီးကိုထိန်းနိုင်ခဲ့ပြီး ညနေ ၄ နာရီ မိနစ် ၄၀ အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။ 

အဆိုပါ မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ကာ(၂)ထပ် နေအိမ်တစ်လုံး၊ ဆိုင်ကယ် (၄)စီး ပျက်စီးဆုံးရှုံးခဲ့ရာ ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၁၁၅၀၀၀၀/- ခန့်ဖြစ်ကြောင်းနှင့် လူသေဆုံးမှုမရှိကြောင်း သိရသည်။

သတင်း နှင့် ဓာတ်ပုံ – AB