Category Archives: အချစ်ရေး

ယောက်ျားကောင်းတွေက မိန်းမတွေစိတ်ကြိုက် မဟုတ်ဘူး


မိန်းမကို အလိုလိုက်လွန်းသူတွေ ဘာကြောင့် လမ်းခွဲရတာလဲ

မဟုတ်ပါဘူး။ မိန်းမတွေက ယောက်ျားကောင်းတွေကို မလိုချင်တာ မဟုတ်ပါဘူး။ ယောက်ျားကောင်း

ဟန်ဆောင်နေတာကို မလိုချင်တာပါ။

ယောက်ျားတစ်ယောက်က ကောင်းလွန်းနေရင်၊ ကြင်နာလွန်းနေရင်၊ အလျော့ပေးလွန်းနေရင် မိန်းမတွေ မနှစ်မျို့တတ်ပါဘူး။ မိန်းမတွေဟာ အလွန်အကျွံ နှစ်သိမ့်သူတွေတွေ၊ ပေးဆပ်လွန်းသူတွေနဲ့ Mr. Nice Guy တွေကို မကြိုက်ကြပါဘူး။ အစစ်အမှန် စိတ်သဘောထားကိုပဲ ကြိုက်ကြတာပါ။

ယောက်ျားတစ်ယောက်ဟာ အဲဒီ လူမျိုးတွေထဲမှာ ပါဝင်နေရင် အစပိုင်းမှာ တော့ ပျော်စရာကောင်းပုံ ရပေမယ့် အမှန်တကယ်က သူဟာ ကိုယ့်ဘာသာ လိမ်ညာနေသူ တစ်ယောက် ဖြစ်နေလို့ပါ။

Mr. Nice Guy ဆိုတာ အရမ်း အလျော့ပေးတတ်ပြီး ဘယ်တော့မှ ပြန်မငြင်းဆန်သူမျိုးပါ။ သူ့ကိုယ်သူ Gentleman တစ်ယောက်ဆိုပြီး ကိုယ့်ဘာသာ ပြန်လေးစားစေဖို့ သင့်ကို လေးစားပြနေတာပါ။ အစစ်အမှန် မဟုတ်ပါဘူး။

Mr. Nice Guy တစ်ယောက်နဲ့ အတူနေရခြင်းဟာ အစစ်အမှန်မဟုတ်ပဲ အမြဲ အလျော့ပေးနေလို့ ပျင်းစရာ ကောင်းလှပါတယ်။ ကိုယ့်ဘာသာ ပြန်ပြီး Date လုပ်ထားရသလိုပဲ ပြန်ငြင်းစရာ မရှိပါဘူး။ အဖော်မပါပဲ တစ်ယောက်ထဲ ကနေရသလိုပါပဲ။

မိန်းမတွေဟာ လူ့ကန့်လန့်တွေကို မလိုချင်ပေမယ့် ကိုယ်ပိုင် အယူအဆ ခြေခြေမြစ်မြစ် ရှိတဲ့ ယောက်ျားကို လိုချင်ပါတယ်။ တကယ်လို့ လူတစ်ယောက်ဟာ အမြဲ သဘောတူနေမယ်ဆိုရင် သူလိမ်နေတာပါ။ ဘယ်တော့မှ အမြဲ သဘောမတူနိုင်ပါဘူး။

နှစ်သိမ့်သူ တွေကျတော့ သင့်ကို ဂရုစိုက်ပြီး သင် သဘောတူတာတွေကိုပဲ လုပ်လွန်းလို့ သူတို့ ဘာလိုချင်လဲ ဘာဖြစ်နေလဲဆိုတာ မပြကြပါဘူး။ သူတို့ဟာ သူတို့ကိုယ်သူတို့ ဘာလိုချင်မှန်း မသိသူတွေပါ။ ပြောရရင် ကိုယ့်ဘာသာ ပြန်လိမ်တတ်သူတွေပါ။

နှစ်သိမ့်သူတွေဟာ သူတို့ လိုချင်သူတစ်ယောက် ဆုံးရှုံးမှာကြောက်လို့ သူတို့ကိုယ်ပိုင်ဆန္ဒတွေနဲ့ ခံစားချက်တွေကို ချိုးနှိမ်ပြီး သင်ကျေနပ်အောင် လုပ်ပေးသူတွေပါ။ သူတို့ရဲ့ စိတ်ထား နောက်ကွယ်က အမှန်တရားကတော့ သူတို့ဟာ ကြောက်တတ်ပြီး အမြဲ လိုအပ်နေသူတွေပါ။

လိုအပ်သူတွေကျတော့ သူတို့ လိုချင်တာရဖို့ သင့်စိတ်တိုင်းကျလုပ်ပေးနေတဲ့သူတွေပါ။ သူတို့ လိုချင်တာက တစ်ခုပါပဲ။ သင်ပါပဲ။

အစပိုင်းမှာ ချစ်မြတ်နိုးမှု ပါဝင်သယောင် ထင်ရပေမယ့် ကြာလာတာနဲ့ ခံစားလာရပါတယ်။ လိုအပ်တဲ့သူတွေဟာ သူတို့ ခန္ဓာကိုယ်ထဲက ကွက်လပ်တစ်ခုကို သင်နဲ့ ဖြည့်ဖို့ ကြိုးစားနေသူတွေပါ။ ယောက်ျားတစ်ယောက်က ငယ်ငယ်က မရခဲ့တဲ့ မိခင်မေတ္တာကို ရချင်တာကြောင့် သင့်ဆီချဉ်းကပ်လာသူမျိုးတွေပါ။ မိန်းကလေးဆိုရင်တော့ အဖေပေါ့။

မိန်းမ တစ်ယောက်ဟာ အမေနေရာမှာထားခံလိုက်ရရင် သူ့ရဲ့ လိင်ဆွဲဆောင်မှုဟာ သုညအထိ ကျသွားပါတယ်။

Mr. Nice Guy တွေ၊ နှစ်သိမ့်သူတွေ၊ လိုအပ်သူတွေ အားလုံးမှာ ဘုံတူညီတာရှိပါတယ်။ သူတို့အားလုံးဟာ အလွန်အကျွံပေးဆပ်သူတွေပါပဲ။

ချစ်သူကို အလေးထားတာ၊ ဦးစားပေးတာက သဘာဝကျပေမယ့် အလွန်အကျွံ လုပ်တာကတော့ ပုံမလာပါဘူး။ ပျော့ညံ့လွန်းတဲ့ မိန်းကလေး၊ ယောက်ျားဆန်လွန်းတဲ့ မိန်းကလေးတွေကို ယောက်ျားတွေ မကြိုက်သလိုပဲ မိန်းမတွေကလဲ ကိုယ့်ဘာသာ ကိုယ် ဂရုစိုက်နိုင်ပြီး ကိုယ့်စိတ်ထဲက လိုအပ်ချက်တွေကို ကိုယ့်ဘာသာ ဖြည့်ဆည်းပေးနိုင်သူတွေကိုပဲ လိုချင်ကြတာပါ။

ဘဝ အစပိုင်းမှာ ခါးသီးတဲ့ အတွေ့အကြုံတွေ ရှိခဲ့တဲ့ ယောက်ျားလေး၊ မိန်းကလေးတွေဟာ အချစ်ကိုရဖို့ နှစ်သိမ့်လိုကြပါတယ်။ ပေးဆပ်လိုကြပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင်မာန၊ ကိုယ်ပိုင်လေးစားမှုကို အလွန်အကျွံ ပေးဆပ်ခြင်းနဲ့ မြှင့်တင်ကြပါတယ်။

ကိုယ့်လိုအပ်ချက်ကို ကိုယ့်ဘာသာ ဖြည့်နိုင်မှ ကျန်းမာတဲ့ ချစ်ဇာတ်လမ်းတစ်ခု ထူထောင်နိုင်မှာပါ။ ကိုယ့်ချစ်သူကို အသုံးချပြီး ဖြည့်လို့ မရပါဘူး။

မိန်းမတွေဟာ လူကောင်းတွေကို မကြိုက်ကြတာ မဟုတ်ပါဘူး။ လူကောင်း အစစ်အမှန်တွေကိုပဲ လိုချင်ကြတာပါ

ချိန်းတွေ့ဖို့ အရင်ကမ်းလှမ်းတဲ့ အမျိုးသမီးတွေကို အမျိုးသားတွေ ပိုသဘောကျ

 

အချစ်ရေးတစ်ခုမှာ မိန်းကလေးဘက်မှ ခြေလှမ်းစလှမ်းတဲ့အခါ အမျိုးသားတွေ ဒါကို သဘောကျနှစ်သက်ကြကြောင်း dating app စစ်တမ်းတစ်ခုအရ သိရပါတယ်။ ဒါဟာ အသက် ၁၈ ကနေ ၃၀ ကြားရှိ အမျိုးသား ၄,၅၅၀ နဲ့ အမျိုးသမီး ၂,၄၅၀ အပေါ် စစ်တမ်းကောက်ယူ လေ့လာခဲ့ခြင်းဖြစ်ပါတယ်။ စစ်တမ်းကောက်ခံရသူ အမျိုးသမီး ၆၂% လောက်က လူချင်းချိန်းတွေ့ရန် အရင်ကမ်းလှမ်းခဲ့ကြောင်း ဝန်ခံကြတယ်။ အမျိုးသား ၈၈% က အမျိုးသမီးများ အဲဒီလို လုပ်လာတဲ့အခါ တကယ်သဘောကျကြောင်း ပြောဆိုကြပါတယ်။

ပထမချိန်းတွေ့မှုအတွက် ကုန်ကျစရိတ်တွေ အနည်းဆုံးတော့ အမျိုးသားတွေ ပေးဆောင်သင့်ကြောင်း ၄၅ ရာခိုင်နှုန်းသော အမျိုးသမီးတွေ ယူဆနေချိန်မှာ ကိုယ့်ပိုက်ဆံကိုယ်ထုတ်ရှင်းတာဟာ ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုလို့ အမျိုးသမီး ၅၂% ယူဆကြပါတယ်။

အမျိုးသမီး ၉၁% ရဲ့ပြောဆိုချက်အရ တီရှပ်အဖြူနဲ့ ဂျင်းဘောင်းဘီအပြာက အမျိုးသားတစ်ယောက် ဝတ်ဆင်နိုင်တဲ့ ဆွဲဆောင်မှုအရှိဆုံးအဝတ်အစားလို့ သိရပါတယ်။ ဒါလည်း အမျိုးသားတွေကြား အရမ်းလူသိများတဲ့ ရွေးချယ်မှုတစ်ခုလည်း ဖြစ်ပုံရပါတယ်။

တက်တူးထိုးတာနဲ့ ပတ်သက်ပြီး အမျိုးသား ၈၉% က တက်တူးထိုးထားတဲ့ မိန်းကလေးတွေ  hot ဖြစ်တယ်လို့ ယူဆနေချိန်မှာ အမျိုးသမီး ၈၃% ကလည်း တက်တူးထိုးထားတဲ့ အမျိုးသားတွေ ဆွဲဆောင်မှုရှိတယ်လို့ မြင်ကြပါတယ်။

အပြင်မှာ လူချင်းမတွေ့မီ သို့မဟုတ် စကားလက်ဆုံမပြောမီ လူမှုမီဒီယာပေါ် ပရိုဖိုင်ဓာတ်ပုံနဲ့ ဆဲလ်ဖီပုံတွေကို အများစုစစ်ဆေးကြည့်ရှုကြသလိုပဲ အမျိုးသမီး ၅၈% ကလည်း သူတို့ အမျိုးသားတွေနဲ့အတူ အပြင်မထွက်ခင် လူမှုမီဒီယာပေါ်က သူတို့ပို့စ်တွေ အရင်စစ်ဆေးခဲ့ကြောင်း ဝန်ခံကြပါတယ်။

Ref: Indianexpress

သင့်အချစ်ရေးကို ဒီမှာတင် အဆုံးသတ်လိုက်သင့်ပြီလားဆိုတာ

သင့်အချစ်ရေးမှာ အဆင်မပြေတာတွေ သိပ်များနေတယ်လို့ ခံစားနေရပါသလား။ သင့်စိတ်ထဲမှာ တစ်ခုခုကို ဆုံးဖြတ်ချက် ချသင့်နေပြီလို့ ထင်ပေမယ့် ဒါဟာ တကယ်လုပ်သင့်မလုပ်သင့် ပြန်ချင့်ချိန်စဉ်းစားနေရပါသလား။ ခု အောက်မှာ ဖော်ပြပေးမယ့် အချက်တွေအတိုင်း သင့်အချစ်ရေးမှာ ကြုံနေရပြီဆိုရင်တော့ သင်ဟာ လက်ရှိ သင့်လက်တွဲဖော်နဲ့ ပျော်ရွှင်စရာကောင်းတဲ့ အနာဂတ်မျိုး ပိုင်ဆိုင်ဖို့ မသေချာတော့တာမို့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခု ချဖို့ အချိန်လို့ ပြောပါရစေ။

၁။ တစ်ယောက်နဲ့တစ်ယောက် အရင်လို ကိုယ့်အကြောင်း သူ့အကြောင်းတွေ မပြောဖြစ်တော့ဘူး။ တစ်နေ့စာတစ်နေ့တောင် သူဘာတွေလုပ်တယ်။ ကိုယ်ဘာတွေလုပ်တယ်ဆိုတာ အချင်းချင်း မပြောဖြစ်တော့ဘူး။

၂။ နှစ်ယောက်တည်း အတူရှိဖို့ဆိုတာ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခု မဟုတ်တော့တာကြာပြီ။

၃။သင်တို့ နှစ်ယောက်ထဲက တစ်ယောက်၊ ဒါမှမဟုတ် နှစ်ယောက်စလုံးမှာ ကိုယ့်ချစ်သူ ရည်းစားထက် ပိုရင်ဖွင့်ဖြစ်တဲ့ အလုပ်က လုပ်ဖော်ကိုင်ဖက် ဒါမှမဟုတ် ကျောင်းက သူငယ်ချင်း ရှိနေပြီ။ ကိုယ့်ချစ်သူကို မပြောဖြစ်တာတွေ သူ့ကို အကုန်ပြောဖြစ်တဲ့အထိကို ဖြစ်နေပြီ။

၎။ပြသနာတစ်ခုတည်းကိုပဲ ထပ်ခါ ထပ်ခါ ဖြေရှင်းနေကြရတယ်။

၅။ကိုယ့်အချစ်ရေးကို မိသားစု၊ သူငယ်ချင်းတွေကို ပြောပြတဲ့အခါ သူတို့တွေက ဖြစ်နေတဲ့ အခြေအနေတွေကို သဘောမကျကြဘူး။ တစ်ခုခုစဉ်းစားဖို့ ပြောလာကြပြီ။

၆။ ကိုယ့်ချစ်သူကို အမြဲတမ်းပဲ သံသယ၀င်နေမိတယ်။

၇။နှစ်ယောက်စလုံး ခံစားနေရတာက အရင်တုန်းကလိုလည်း မဟုတ်ကြတော့ဘူး ဆိုတာပဲ။ ဘာတွေပြောင်းလဲကုန်ပြီလဲလို့ အဖြေရှာမရနိုင်ဖြစ်နေတယ်။

၈။ ကိုယ့်ဘက်ကရော၊ သူ့ဘက်ကပါ ဂရုတစိုက်ဆိုတာမျိုး မရှိတော့ဘူး။

၉။ ဒီအချစ်ရေးအတွက် ကိုယ်လုပ်နိုင်သမျှ တတ်နိုင်သမျှ အားလုံးလုပ်ခဲ့ပြီးပြီလို့ ခံစားနေရတယ်။

၁၀။ သူမရှိရင် ငါဘယ်လိုနေမလဲ ဆိုတာမျိုး မကြာခဏတွေးတတ်နေပြီ။

၁၁။ တစ်ယောက်နဲ့တစ်ယောက် အနာဂတ်မှာ ဘယ်လိုဆိုတာမျိုး မပြောဖြစ်တော့ဘူး။ မစဉ်းစားဖြစ်ကြတော့ဘူး။

၁၂။သူနဲ့အရင်က နေ့တိုင်း အနည်းဆုံး နှစ်ရက်တစ်ခါလောက် တွေ့ဖြစ်ပေမယ့် ခုတော့ တစ်ပတ်တစ်ခါတွေ့ရလည်း ဘာမှမဖြစ်၊ ဆယ်ရက်တစ်ခါဆိုလည်း သင့်ဘက်က ဘာမှ မခံစားရတော့သလို ဖြစ်လာခဲ့ပြီ။

Ref:yourtango

အိပ်ရာထဲမှာ မိန်းကလေးတွေ တွေးတတ်သည့်အရာများ

မိန်းကလေးတစ်ယောက်နဲ့ အတူအိပ်တော့မယ်ဆိုရင် ကျွန်တော်တို့ ယောင်္ကျားလေးတွေရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး သူတို့တွေ ဘယ်လိုတွေးတတ်ကြမယ်လို့ ထင်ပါသလဲ။ ကြွက်သားတွေနဲ့ ဖုထစ်လှပနေတဲ့ ခန္ဓာကိုယ်က သူမကို အသက်ရှုမှားသွားစေနိုင်မှာလား၊ ဒါမှမဟုတ် သင့်ရဲ့ပစ္စည်းကြီးတာကို ပိုကောင်းတယ်လို့ ထင်နေမှာလား။ ဒါတွေတစ်ခုမှမဟုတ်ပါဘူး။ သူတို့တွေးနေကြတာတွေကို သိသွားရင် တကယ်ကို အံ့သြသွားပါလိမ့်မယ်။ ဒါ့ကြောင့် အမျိုးသမီးတွေကို စစ်တမ်းကောက်မေးမြန်းထားချက်တွေအရ အိပ်ရာထဲရောက်တဲ့အခါမှာ ယောင်္ကျားလေးတွေရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေနဲ့ ပတ်သက်ပြီး မိန်းကလေးတွေ ဘယ်လိုတွေးမိကြသလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ရင်ဘတ်မွှေးရှိတာကို သဘောကျပါတယ်။

အမျိုးသမီးတွေက ရင်ဘတ်မှာ အမွှေးအမျှင် အထူကြီးမဟုတ်တောင် အနည်းအကျဉ်းလောက် ပါတာမျိုးကို ပိုပြီးတော့ မိုက်တယ်လို့ ထင်ကြပါတယ်။ လုံးဝအမွှေးအမျှင်မရှိတာမျိုးထက် သန့်ရှင်းတဲ့အမွှေးအမျှင်ရှိတာကို သဘောကျတတ်ကြပါတယ်။

၂။ ပစ္စည်းကြီးတာကို ထိတ်လန့်တတ်ကြပါတယ်။

ယောင်္ကျားလေးတွေထင်သလို လိင်အင်္ဂါပစ္စည်းကြီးကြီးရှိလေ ပိုကောင်းလေဆိုတာနဲ့ လုံးဝဆန့်ကျင်ဘက်ပါပဲ။ လိင်အင်္ဂါကြီးသူနဲ့ ဆက်ဆံရတဲ့အခါမှာ မိန်းကလေးတွေက နာကျဉ်ကြရတဲ့အတွက် သာမာန်အရွယ်အစားကိုပဲ ပိုပြီး လိုလားတောင့်တတတ်ကြပါတယ်။

၃။ ၀မ်းဗိုက်ကြွက်သားတွေကို စွဲမက်တမ်းတကြပါတယ်။

ပြောစရာသိပ်လိုမယ်မထင်ပါဘူး။ ၀မ်းဗိုက်က ဘယ်လီကြွက်သားတွေက မိန်းကလေးတွေရဲ့ အကြိုက်ပါပဲ။

၎။ မျက်မှန်ကိုလည်း မချွတ်စေချင်ကြပါဘူး။

ယောင်္ကျားလေးတွေက မိန်းကလေးကို ကျောင်းသူဝတ်စုံဝတ်ခိုင်းပြီး အတူနေရတာကို သဘောကျသလိုပါပဲ။ မိန်းကလေးတွေကလည်း စာကြည့်မျက်မှန်တပ်ထားတဲ့ ပါမောက္ခစတိုင်ကို တောင့်တတတ်ကြပါတယ်။ ကိုင်းထူထူနဲ့ မျက်မှန်တွေက ယောင်္ကျားပီသပြီး အသိဉာဏ်ကြွယ်ဝတဲ့ စတိုင်ကိုဖြစ်စေတာကြောင့် အတူနေချိန်အတွင်းမှာ ပိုပြီး စိတ်ကြွစေလို့ဖြစ်ပါတယ်

၅။ ဆေးမင်ကြောင်တွေကလည်း စွဲဆောင်နိုင်ပါတယ်။

ဆေးမင်ကြောင် တက်တူးတွေက မိန်းကလေးအများစုအတွက် အရမ်းကိုမိုက်တယ်လို့ ခံစားရစေပါတယ်။ အိပ်ခန်းထဲမှာ ယောင်္ကျားလေးတစ်ယောက်က အင်္ကျီချွတ်လိုက်တဲ့အချိန် တက်တူးကိုမြင်လိုက်ရတာက မိန်းကလေးတွေရဲ့ စိတ်ကို ပိုပြီးလှုပ်ရှားတက်ကြွစေပါတယ်။

၆။ နဖူးပြောင်၊ ကတုံးက ညို့အားပြင်းတယ်လို့ ထင်တတ်ကြပါတယ်။

ယောင်္ကျားလေးတွေက နဖူးပြောင်လို့ ကတုံးတုန်းထားရတာကို စိတ်မလုံမခြုံဖြစ်တတ်ကြပါတယ်။ ဒါပေမယ့် မိန်းကလေးတွေကတော့ ဒါကိုပဲ ဆွဲဆောင်မှုတစ်ခုလို့ မြင်တတ်ကြပါတယ်။ ဒီလို နဖူးပြောင်ကတုံးက ပိုပြီး ယောင်္ကျားပီသပြီး အခြားယောင်္ကျားလေးတွေကို လွှမ်းမိုးနိုင်စွမ်းရှိတယ်လို့ ထင်ရလို့ဖြစ်ပါတယ်။

၇။ အနံ့အသက်ကလည်း အရေးကြီးပါတယ်။

မိန်းကလေးတွေက ရေမွှေးတွေ သုံးထားတာမျိုးထက် သာမာန်ရေချိုးဆပ်ပြာနံ့သင်းနေတဲ့ အမျိုးသားတစ်ယောက်ရဲ့ ကိုယ်လုံးကို ပိုသဘောကျလေ့ရှိပါတယ်။ အမွှေးအကြိုင်တွေ သုံးထားတာက တစ်ခုခုကို ဖုံးကွယ်ထားသလို ဖြစ်တာကြောင့်ပါ။

၈။ ဆံပင်ကို ဆွဲကိုင်ချင်တတ်ကြပါတယ်။

အတူနေတဲ့အချိန်မှာ ယောင်္ကျားလေးရဲ့ဆံပင်ကို ဆွဲရတာကို အကြိုက်တွေ့တတ်ကြပါသေးတယ်။ ဆံပင်ကို ဆွဲကိုင်တဲ့အခါမှာလည်း ဘာမှမလိမ်းကျန်ထားတာကိုမျိုးကို ပိုသဘောကျကြပါတယ်

၉။ ခြေသည်းတွေကိုလည်း ကြည့်တတ်ပါတယ်။

မိန်းကလေးတွေက ယောင်္ကျားလေးတစ်ယောက်ကို ကြည့်ရင်ခြေထောက်ကို အရင်ကြည့်တယ်ဆိုတာကို ကြားဖူးမှာပါ။ ဒီကိစ္စက အိပ်ရာထဲအထိ အကျုံးဝင်ပါတယ်။ ခြေသည်းတွေ သန့်ရှင်းသပ်ရပ်မှုမရှိတာကို မနှစ်မြို့တတ်ကြပါဘူး။

၁၀။ အဓိကနေရာက အမွှေးတွေ

သေချာသန့်ရှင်းသပ်ရပ်နေဖို့လိုပါတယ်။ ဒီအတိုင်းဖြစ်ချင်တိုင်းဖြစ် ပစ်ထားတဲ့ ဆီးခုံမွှေးတွေကို မိန်းကလေးတွေက ရွံ့တတ်ပါတယ်။ ဒါ့ကြောင့် ရိတ်သင့်ရင်ရိတ်၊ ညှပ်သင့်ရင် ညှပ်ပြီး သပ်သပ်ရပ်ရပ် ထိန်းသိမ်းတတ်ဖို့ လိုပါတယ်။


ယောက်ျားကောင်းတွေ လုံးဝ မလုပ်သင့်တဲ့ အရာ ၁၀ ခု

ကျွန်တော် အရင်က ယောက်ျားတွေ ချစ်သူမပေါ်မှာ လုပ်ပေးသင့်တဲ့ အရာတွေအကြောင်း ဆောင်းပါးတွေ ရေးတုန်းက ခုခေတ်မှာ ဒီလိုတွေ မလုပ်ကြတော့ဘူးဆိုပြီး ပြန်လှန်ပြောတဲ့ လူတွေ ရှိကြပါတယ်။

ပြောရရင်ယောက်ျားကောင်းတွေပဲ အဲဒီလို ပြုမူဆက်ဆံတာပါ။ တကယ်လို့ သင့်မှာ အဲဒီ အမူအကျင့်တွေ မရှိရင်တော့ ယောက်ျားကောင်း ဖြစ်ဖို့ ကြိုးစားဖို့ လိုသေးလို့ပါပဲ။ တခြားဘက်ကကြည့်ပြီး လုံးဝ မလုပ်သင့်တဲ့ အရာတွေကတော့

. သူမရဲ့ ရုပ်ရည်သွင်ပြင်ကို ဘယ်တော့မှ အပြစ်မပြောပါနဲ့

ဆံပင်လေး နည်းနည်းသာ ရှည်လိုက်ရင်” ” ပေါင်လေး နည်းနည်းသာ ကျသွားရင်ယောက်ျားကောင်းဆိုတာ သင့်ရုပ်ရည်နဲ့ ပါတ်သတ်ပြီး သင့်ကို နာကျင်အောင် ပြောမှာ မဟုတ်ပါဘူး။ အဲဒီလိုပြောတတ်လုပ်တတ်သူတွေဟာ သင့်ရဲ့ ကိုယ်ပိုင် ယုံကြည်စိတ်ကို လျော့နည်းသွားစေပြီး သူ့ကို မှီခိုစေလိုသူတွေပါ။

. သူမရဲ့ ကိုယ်ရေးကိုယ်တာတွေကို မနှောင့်ယှက်ပါနဲ့

ချစ်ဇာတ်လမ်းကောင်းတစ်ခုမှာ ဘာကိုမှ ဖုံးကွယ်ထားစရာ မရှိပါဘူး။ ဒါပေမယ့် အဲဒါဟာ သင့်ရဲ့ပါတနာ ဖုန်းကို ခဏထားခဲ့တိုင်း ခိုးကြည့်စပ်စုလို့ ရတယ် မဆိုလိုပါဘူး။ အဲဒီလို ခိုးကြည့်သူတွေဟာ သူတို့ဘာသာ လုံခြုံမှု မရှိပဲ သူတို့ပြသနာတွေကို သင့်အပေါ် ထိုးချချင်သူတွေပါ။

. သူမကို ဘယ်တော့မှ စိတ်ဓာတ် မကျပါစေနဲ့

လူတစ်ယောက်ရဲ့ ကိုယ်ပိုင်ယုံကြည်မှုဟာ သူ တခြားသူတွေရဲ့ရည်မှန်းချက်တွေကို ဘယ်လောက် အားပေးလဲဆိုတာနဲ့ တိုင်းတာလို့ရပါတယ်။ ယောက်ျားကောင်းတစ်ယောက်ဟာ သူ့ဘေးက လူအားလုံးကို ကူညီအားပေးဖို့ အသင့်ရှိနေပြီး ဘယ်တော့မှ စိတ်ဓာတ် မကျစေပါဘူး။

. သူမရဲ့ တန်ဖိုးကို သိထားပါ

သင့်ရဲ့ တန်ဖိုးကို သင့်ရဲ့ ပါတနာအပေါ် သက်သေပြဖို့ လိုပြီလို့ သိလိုက်တဲ့ ခဏဟာ လမ်းခွဲဖို့ အချိန်ပါပဲ။ ချစ်သူတစ်ယောက်ဟာ သင့်ရဲ့ တန်ဖိုးနဲ့ သင့်ကို အရှိအတိုင်း လက်ခံလို့ သင့်အနားမှာ နေတာပဲ ဖြစ်သင့်ပါတယ်။ သင် ဘာလုပ်လို့၊ သူတို့ကို ဘာပေးလို့ ရှိနေတာ မဖြစ်သင့်ပါဘူး။

. သူမကို နောက်ပိုင်း ပို့မထားပါနဲ့

ချစ်ဇာတ်လမ်းတစ်ခုဆိုတာ လူနှစ်ယောက်ရဲ့ ဘဝတွေ ပေါင်းစည်းသွားတာပါ။ ယောက်ျားတစ်ယောက်မှာ တစ်ကိုယ်ရည် အပန်းဖြေချိန် ရှိပေမယ့် သင့်ချစ်သူကိုလဲ သင့် အချိန်ဇယားရဲ့ ထိပ်ပိုင်းမှာ နေရာပေးထားသင့်ပါတယ်။ သင့်အိမ်အပြန်ကို သူစောင့်နေရတဲ့အချိန်က တူတူရှိတဲ့ အချိန်ထက် များတာ မဖြစ်သင့်ပါဘူး။

. သူမကို အထီးမကျန်ပါစေနဲ့

ချစ်ဇာတ်လမ်းဆိုတာ နှစ်လမ်းသွားတွေ ဖြစ်ရမှာပါ။ လူသားတွေအတွက် စိတ်ဓာတ်ကျတတ်တာ သဘာဝပါ။ သူမ စိတ်ဓာတ်ကျချိန်တွေမှာ သင်ဟာ သူမအတွက် ရှိနေပေးရပါမယ်။ မနက်တိုင်း သူမဘေးမှာ နိုးထပေးနိုင်ရပါမယ်။

. သူမအပေါ် ဘယ်တော့မှ မဖောက်ပြန်ပါနဲ့

ယောက်ျားကောင်း တစ်ယောက်ဟာ ဘယ်တော့မှ ဖောက်ပြန်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖောက်ပြန်ခြင်းဟာ သူ့ရဲ့ ချစ်သူအပေါ် ပေးထားခဲ့တဲ့ ကတိစကားကို ချိုးဖောက်တာ ဖြစ်နေလို့ပါ။

. သူမကို ဘယ်တော့မှ မလေးမစား မပြုပါနဲ့

လွယ်ကူ ရိုးရှင်းပေမယ့် ကျော်ပြီး အကြည့်ခံရတဲ့ အရည်အချင်းလေးပါ။ ယောက်ျားကောင်းတစ်ယောက်ဟာ သူ့ပါတ်ဝန်းကျင်က လူအားလုံးကို လေးစားတတ်ပြီး ဘယ်တော့မှ အဆင့်အတန်း မခွဲခြားတတ်ပါဘူး။ အရည်အချင်းရှိသူဟာ တန်းတူညီမျှခြင်းကို မကြောက်ပါဘူး။

. သူမနဲ့ပြောရမယ့် အရေးကြီးစကားဝိုင်းတွေကို မရှောင်ပါနဲ့

မိသားစုကြားမှာဖြစ်ဖြစ်၊ ချစ်သူကြားမှာ ဖြစ်ဖြစ် ပြသနာဆိုတာ မျက်နှာချင်းဆိုင် ရှင်းမှ ပြီးမယ်ဆိုတာ ယောက်ျားကောင်းတွေ နားလည်ပါတယ်။ ပြသနာဆိုတာ ဒီတိုင်း ကြာကြာထားလေ ပိုဆိုးလေပါ။ ဘယ်အချိန်မှာ ထိန်းထားပြီး ဘယ်အချိန်မှာ ဖွင့်ထုတ်ရမလဲဆိုတာ သိဖို့ အရေးကြီးပါတယ်။

၁၀. သူမကို ဘယ်တော့မှ အနိုင်မကျင့်ပါနဲ့

အနိုင်ကျင့်တယ်ဆိုတာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အမျိုးမျိုး ရှိပါတယ်။ အနိုင်ကျင့်တာဟာ တခြားသူတစ်ယောက်ရဲ့ စိတ်ဓာတ်ကို ပျက်စီးသွားစေပါတယ်။ ယောက်ျားကောင်းတစ်ယောက်ဟာ သူ့ထက် ဘယ်သူ့ကိုမှ နှိမ့်ချလိုစိတ် မရှိပါဘူး။


သင်တို့နှစ်ယောက် မလိုက်ဖက်ဘူးဆိုတာ သိသာစေတဲ့ အချက်များ

သင်က စုံတွဲတစ်တွဲ လိုက်ဖက်မှုရှိမရှိကို ဇာတာတွေ ၊ဗေဒင်တွေနဲ့ တွက်ချက်ပြီး ကြည့်ရတာကို မယုံကြည်တတ်တဲ့ လက်တွေ့သမားတစ်ယောက်ဆိုရင် အခုဖော်ပြမယ့်အချက်တွေကို ကြည့်ပြီး သင်တို့စုံတွဲက လိုက်ဖက်ညီတဲ့ စုံတွဲ ဟုတ်မဟုတ် အဖြေထုတ်ကြည့်နိုင်ပါတယ်။ ဘယ်လောက်ကြာအောင် တွဲလာတဲ့ စုံတွဲဖြစ်ပါစေ လိုက်ဖက်ညီမှုမရှိရင် ပျော်ရွှင်မှုထက် စိတ်ပင်ပန်းမှုတွေကိုပဲ ရရှိနိုင်မှာ ဖြစ်ပါတယ်။

သင်တို့နှစ်ယောက်လုံးရဲ့ သူငယ်ချင်းတွေက သင်တို့နှစ်ယောက်တွဲနေတာကို မထောက်ခံကြပါဘူး။

ကိုယ်နဲ့ ပုံစံတူ အကြိုက်တူတဲ့ သူငယ်ချင်းအသိုင်းအဝိုင်းထဲမှာ အတူရှိပေးဖို့ အဆင်သင့်မဖြစ်တဲ့ သင့်အဖော်က သင့်အတွက်လည်း လိုက်ဖက်တဲ့ လက်တွဲဖော်ကောင်းတစ်ယောက် အဖြစ်အမြဲရှိနေဖို့ ခက်ခဲမှာဖြစ်ပါတယ်။

သင်တို့နှစ်ယောက်တွဲပြီးနောက်ပိုင်း မိတ်ဆွေသစ်ထပ်မရဘူးဆိုတာကလည်း ပျော်ရွှင်တဲ့ စုံတွဲမဟုတ်ဘူးဆိုတာကို ပြပါတယ်။

ပျော်ရွှင်နေကြတဲ့ချစ်သူတွေက အတူတူ့ ဖြတ်သန်းချင်တဲ့ အချိန်တွေ၊ အကြောင်းအရာတွေများသလို ပွဲလမ်းသဘင်တွေ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ တွေ့ဆုံတာတွေအပြင် နှစ်ယောက်စလုံးနဲ့ ရင်းနှီးတဲ့ မိတ်ဆွေအပေါင်းအသင်းတွေကိုလည်း ရှာဖွေလေ့ရှိကြပါတယ်။

အမြဲတမ်းနီးပါး အရေးမပါတဲ့ အကြောင်းအရာတွေအတွက် ရန်ဖြစ်နေရလေ့ရှိတယ် ။

ဘယ်စုံတွဲမဆို ရန်မဖြစ်ရတာ မရှိပေမဲ့ ဘယ်လောက်သေးငယ်တဲ့ ကိစ္စအတွက်ပဲဆိုဆို သဘောထားခြင်း မတိုက်ဆိုင်တာများတဲ့အတွက် ရန်ပွဲတွေပဲ ဖြစ်နေရတတ်ပါတယ်။

ဟာသဓာတ်ခံခြင်းမတူတာ ။

တစ်ယောက်ရယ်ရတဲ့ အကြောင်းက နောက်တစ်ယောက်အတွက် အူကြောင်ကြောင်ဖြစ်နေတာက စရိုက်သဘာဝ မတူတာကို အလွယ်ဆုံး ပြသနိုင်တာပဲ ဖြစ်ပါတယ်။ အတူတူရယ်မောနိုင်တာက ချစ်သူနှစ်ယောက်ကို သံယောဇဉ်အတိုးစေနိုင်ဆုံးပဲ ဖြစ်ပါတယ်။နှစ်ယောက် စိတ်တူကိုယ်တူ ရယ်စရာဖြစ်ရပ် ရှားပါးတာကလည်း လိုက်ဖက်ညီတဲ့ စုံတွဲမဟုတ်ဘူးဆိုတာကို ပြနိုင်ပါတယ်။

တစ်ယောက်မှာ သတင်းကောင်းတစ်ခုရှိရင် အရင်ဆုံး အချင်းချင်းအသိပေးလေ့မရှိတာ။

ကိုယ့်ရဲ့ ထူးခြားတဲ့ ကိစ္စတစ်ခုခုကို သိခွင့်ရှိတဲ့သူက သူမဟုတ်ဘူးဆိုရင် ရေရှည် ပျော်ရွှင်နိုင်မယ့် ပတ်သက်မှုမျိုး မဖြစ်နိုင်ပါဘူး။

သင့်ဘဝထဲက လူတစ်ချို့နဲ့ သူ့ကို မိတ်ဆက်ပေးရမှာ ရှက်နေတတ်တာ။

ကိုယ်က အမြဲ ဂုဏ်ယူနေနိုင်မယ့် လက်တွဲဖော်တစ်ယောက် မဟုတ်ဘူးဆိုရင် ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ဆွေမျိုးတွေနဲ့ ကိုယ်အထင်ကြီးခံချင်တဲ့သူတွေရဲ့ရှေ့မှာ လက်တွဲပြီးထုတ်ပြရဲမှာ မဟုတ်ပါဘူး။ဒါက လိုက်ဖက်မှု မရှိတဲ့ စုံတွဲတွေရဲ့ အမှတ်အသားပဲ ဖြစ်ပါတယ်။

Ref:bustle

သူမ ဘာကြောင့် သင်နဲ့ တူတူအိပ်ရလဲ


မိန်းမတိုင်းကို ဆွဲဆောင်နိုင်တဲ့ နည်းလမ်းဆိုတာ မရှိပါဘူး။ ဒါပေမယ့် သင့်ကိုယ်သင် လိင်ဆွဲဆောင်မှုအား ပိုကောင်းလာအောင် ပြုပြင်နေထိုင်နိုင်တဲ့ အချက်လေးတွေတော့ ရှိပါတယ်။ ကျွန်တော်တို့ မိန်းကလေး အမြောက်အများကို စစ်တမ်း ကောက်ခဲ့ပြီး သူတို့ ဘာကြောင့် သင်နဲ့ တူတူအိပ်ရလဲဆိုတဲ့ ရိုးရိုးရှင်းရှင်းအချက်လေးတွေကို သိရှိခဲ့ရပါတယ်။ အဲဒါတွေကတော့

. ကြင်ကြင်နာနာ ပြုမူတတ်ပါတယ်

Date တစ်ခုပြီးနောက်မှာ အိမ်ဝထိ လိုက်ပို့ပေးပါတယ်။ သူမ ဖိတ်ခေါ်လို့ အိပ်ခန်းထဲရောက်သွားရပြီး နောက်နေ့မနက်မှာ သူမ ကြိုက်တဲ့ သတင်းစာနဲ့ ပြန်ပေါ်လာပါတယ်။ သူမ ဓာတ်မတည့်တဲ့ အစားအသောက်လေးတွေကို မှတ်ထားပြီး စားသောက်ဆိုင်မှာပါ သူမအကြိုက် ပြုမူတတ်ပါတယ်။ အဲလိုလူမျိုးအနားမှာ မိန်းကလေးတွေ နေပျော်ပြီး အဲလိုလူနဲ့ အိပ်ရာဇာတ်လမ်း ခင်းချင်တတ်ကြပါတယ်။

. စကားပြောကောင်းပါတယ်

Date အချို့ ပြီးပြီးနောက်မှာ ဇာတ်လမ်းစခဲ့ပါတယ်။ အိပ်ရာပေါ်မှာ အစပျိုးတုန်းမှာ ကောင်မလေးရဲ့ မျက်လုံးကို တည့်တည့် ကြည့်ပြီး လည်ပင်းကို နမ်းပါတယ်။ ပြီးတော့ သူမရဲ့ နားနား ကပ်ပြီးအရမ်းလှတာပဲလို့ ပြောပါတယ်။ အဲလို ယောက်ျားမျိုး၊ အပြုအမူမျိုးကို မိန်းကလေးတွေ ကြိုက်တတ်ပါတယ်။

. စွန့်စားရတာ တန်နေပါတယ်

ဒါကတော့ မိန်းကလေးက ခံစားရတာပါ။ ငါးရက်လောက်ပဲ သိကြသေးတဲ့ လူနှစ်ယောက်မှာ ကောင်မလေးကို ကောင်လေးက သံလိုက်နဲ့ ဆွဲငင်ထားသလို ခံစားရတယ်လို့ ပြောပါတယ်။ ကောင်မလေး သူ့အနားရောက်ရင်ကို အလိုလို လိင်ဆွဲဆောင်မှူ ခံစားနေရတာပါ။ ဒါကြောင့် ကောင်မလေးက စွန့်စားပြီး ဆက်ဆံလိုက်ပါတယ်။ ဒါကတော့ အချစ်ဆိုတာပါ။ ဖန်တီးယူလို့ မရပါဘူး။

. လက်ဖဝါးများ

ကျွန်မ သူငယ်ချင်းနဲ့ ကျွန်မဟာ သူငယ်ချင်း စည်းမကျော်ခင် လအနည်းငယ် နေခဲ့ပါတယ်။ တကယ် တွဲတဲ့အခါမှာတော့ ကျွန်မကို သူ့လက်တွေက အရမ်းဆွဲဆောင်နေပါတယ်။ ဖက်ထားရင် ကျောကုန်းမှာ၊ နမ်းရင် မျက်နှာကို ကိုင်ထားတဲ့ လက်တွေ၊ ဆံပင်ထဲကို ထိုးသွင်းထားတဲ့ လက်တွေကို ကျွန်မအရမ်းသဘောကျပါတယ်။ ခုထိ နှစ်နှစ်ကြာတဲ့ တိုင်အောင် သူ့လက်တွေ ကျွန်မတစ်ကိုယ်လုံး သွားနေတာ နှစ်သက်ဆဲပါလို့ အသက် ၂၈ အရွယ် Laura က ပြောခဲ့ပါတယ်။

. နားလည်ခြင်း

ယောက်ျားပေါင်းများစွာနဲ့ တွဲဖူးတဲ့ မိန်းကလေးတွေဟာ အချစ်သစ်ကို ရှာရင် တွန့်ဆုတ်တတ်ပါတယ်။ အဲဒိလို အခါမျိုးမှာ လိင်ကိစ္စကို တန်းမသွားပဲ သူမအတွက် ဂရုစိုက်ပြီး အစပျိုးပေးရပါမယ်။ သူမ ဘာကြိုက်တတ်လဲဆိုတာ အရင်ဆုံး သိအောင် လုပ်ထားရပါမယ်။ ပြီးမှ သေချာကာမှ နှစ်ယောက်တူတူ ဆက်ဆံရင် နှစ်ယောက်လုံး မကြုံဖူးတဲ့ ခံစားချက်မျိုး ရမှာပါ။

. ကိုယ့်ဘာသာ ယုံကြည်ချက် မြင့်ခြင်း

ကျွန်မဟာ လန်ဒန်ရောက်တုန်းက ဘားတစ်ခုမှာ သောက်နေတုန်းမှာ ကောင်လေးတစ်ယောက်က ကျွန်မအတွက် မှာပေးပါတယ်။ ကျွန်မတို့နှစ်ယောက် မျက်လုံးခြင်းဆုံမိတာနဲ့ ဆက်သွယ်မိသွားကြပြီး စကားတွေ ပြောဖြစ်ခဲ့ကြပါတယ်။ အပြန်မှာ သူ့အိမ် လိုက်သွားပြီး တစ်ညလုံး မနက်တိုင်အောင် ဆက်ဆံခဲ့ကြပါတယ်။ သူက ယုံကြည်ချက် အရမ်းမြင့်ပါတယ်။ သူ့အသံ၊ လှုပ်ရှုားမှု၊ ဆက်ဆံပုံတွေ၊ အားလုံးဟာ ယုံကြည်ချက် မြင့်နေပါတယ်။လို့ ၂၇ နှစ်ရွယ် Sarah က ပြောပြခဲ့ပါတယ်။

ကိုယ်မရှိတုန်း ကိုယ့်အိမ်ထောင်ဖက်က ကိုယ့်အိပ်ယာပေါ်မှာ ဖောက်ပြန်နေသလားဆိုတာ သိနိုင်မယ့် မွေ့ယာ

သင့် ဇနီး/ခင်ပွန်းက ကိုယ်အိမ်မှာ မရှိတဲ့အချိန်မှာ တခြားတစ်ယောက်ယောက်ကို ခေါ်ပြီး အတူအိပ်နေသလားဆိုတာကို သိနိုင်မယ့် အာရုံခံ မွေ့ယာတစ်ခုကို စပိန် နိုင်ငံမှ Durmet ကုမ္ပဏီက တီထွင်ခဲ့ပါတယ်။

အခုခေတ်မှာ ဖောက်ပြန်မှုတွေများလာတဲ့အတွက် စိတ်မအေးရတဲ့သူတွေ အများကြီးရှိပါတယ်။ မီဒီယာမျိုးစုံကနေလည်း ဖောက်ပြန်မှု သတင်းအမျိုးမျိုးကို မကြာခဏ ကြားနေရတဲ့အတွက် ကိုယ်တိုင်လည်း ဖောက်ပြန်ခံရမှာကို စိုးရိမ်တဲ့သူတွေ ရှိလာတာကြောင့် ချစ်သူရှာဖွေမှု စနစ်လို့ အမည်ပေးထားတဲ့ စနစ်ကိုသုံးပြီး တီထွင်ထားတာဖြစ်ပါတယ်လို့ Durmet ကုမ္ပဏီက ပြောပြခဲ့ပါတယ်။

မွေ့ယာရဲ့ စပရိန်ထဲမှာ တုန်ခါမှုကို ရှာဖွေတဲ့ အာရုံခံ ပစ္စည်းတွေနဲ့ ချစ်တင်းနှောတဲ့ သဘာဝကိုပါ သိစေနိုင်မယ့် တခြား အာရုံခံ ပစ္စည်းတွေလည်းထည့်သွင်းထားပါတယ်။ ပြီးတော့ တစ်မိနစ်အတွင်း မွေ့ယာကို ထိတွေ့တဲ့ အကြိမ်ပေါင်း၊ပြင်းအား စတဲ့အသေးစိတ် အချက်အလက်တွေကို မွေ့ယာကတဆင့် သင့်ဖုန်းဆီကို ပို့ပေးနေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အိပ်ယာပေါ်မှာ အတူနေတဲ့ ကြာချိန်ကိုပါ သိနိုင်အောင် ပြုလုပ်ထားတာ ဖြစ်ပါတယ်။

Durmet နည်းပညာအသစ်ကြောင့် သင့်ဇနီး/ခင်ပွန်းရဲ့ ဖောက်ပြန်မှုကို အနည်းဆုံးတော့ သင့်အိမ်က မွေ့ယာသိပြီး သင့်ကို အကြောင်းကြားနိုင်အောင် ဖန်တီးထားနိုင်ပြီ ဖြစ်ပါတယ်။

လူတွေကို သူတို့ ရိုးရိုးသားသားသာ အိပ်ပျော်နေခဲ့တာမှန်ရင် ကိုယ့်အိမ်ထောင်ဖက်က စောင့်ကြည့်နေခဲ့တယ်ဆိုရင်လည်း ကိုယ့်သစ္စာတရားကို မှတ်ကျောက်တင်တဲ့ သဘောသာဖြစ်လို့ ကျင့်ဝတ်ဖောက်ဖျက်တာမျိုး မဖြစ်ပါဘူးလို့ ဆိုထားပါတယ်။ဒီ မွေ့ယာမျိုး မှာယူချင်တယ်ဆိုရင် ဒေါ်လာ ၁၈၀၀ နဲ့ ကြိုတင် မှာယူနိုင်ပြီ ဖြစ်ပါတယ်။

Ref:sheknows

လျှို့ဝှက်စွာ ချစ်ကြိုက်နေကြတဲ့ Drake နဲ့ Rihanna

ပေါ့ပ် နဲ့ R&B အဆိုတော်မလေး ရီဟားနားဟာ “Work” ဆိုတဲ့ သီချင်းထဲမှာ Drake နဲ့ အတူ ပါဝင်သရုပ်ဆောင်ထားမှုတွေကို ကြည့်ပြီး တစ်ချို့ က ဒီအဆိုတော် နှစ်ယောက်ရဲ့  ကြားက ပတ်သတ်မှုတွေကို သံသယ ရှိလာကြပါတယ်။

အခုတော့ အားလုံး သံသယရှိတဲ့ အတိုင်းပဲ Drake နဲ့ ရီဟားနားတို့ဟာ လျှို့ဝှက်စွာ ချစ်ကြိုက်နေကြတာ လအနည်းငယ် ရှိနေပြီလို့ PEOPLE သတင်းဌာနက ဖော်ပြထားပါတယ်။

သူတို့ နှစ်ယောက်နဲ့ ရင်းနှီးတဲ့သူတွေ ပြောပြထားတာကတော့ သူတို့ နှစ်ယောက်လုံးဟာ သူတို့ရဲ့  အချစ်ရေးကို လျှို့ ဝှက်စွာနဲ့ပဲ ဆက်လက်ရှိနေစေချင်နေကြတယ်လို့လည်း သိရပါတယ်။ ဒီတစ်ပတ်ထဲမှာလည်း လော့အိန်ဂျလိစ်က ဖျော်ဖြေပွဲတစ်ခုမှာ ရီဟားနားက Drake နဲ့ ချစ်ကြိုက်နေကြတဲ့ ပုံစံမျိုးနဲ့ ဖျော်ဖြေခဲ့တာကိုလည်း ပရိသတ်ထောင်ပေါင်း များစွာက မြင်တွေ့ခဲ့ကြရပါတယ်။

အခြား သတင်း အရင်းအမြစ်တစ်ဦးက ပြောပြခဲ့တာကတော့ သူတို့ နှစ်ယောက်ဟာ The Nice Guy ဆိုတဲ့ နိုက်ကလပ်တစ်ခုမှာ တစ်ညလုံး အတူတူတွဲကခဲ့ကြပြီး တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင် သက်ဝင်နေတဲ့ ပုံမျိုးနဲ့ တွေ့ခဲ့ရတယ်လို့ PEOPLE သတင်းဌာန ကို ပြောပြလာပါတယ်။

Ref:elitedaily

ငယ်ရွယ်စဉ်မှာ အိမ်ထောင်ပြုခဲ့တာက အခွင့်အရေးတွေကို စတေးခဲ့ရတာများလား

ကျွန်မ အသက် ၂၀ အရွယ်မှာ အိမ်ထောင်ကျခဲ့ပြီး အမြဲကြားခဲ့ရတဲ့ စကားတစ်ခွန်း ရှိခဲ့ဖူးပါတယ်။ ဒါကတော့ “ရင့်ကျက်တဲ့ လူကြီးတစ်ယောက် ဖြစ်ဖို့အတွက် အိမ်ထောင်ပြုဖို့ မလိုဘူး ၊ဒါပေမဲ့ အိမ်ထောင်ပြုဖို့ အတွက်တော့ ရင့်ကျက်တဲ့ လူကြီး တစ်ယောက်ဖြစ်သင့်တယ်”တဲ့။ ဒီစကားကို ကျွန်မအိမ်ထောင်သက်ရလာပြီး အတွေ့အကြုံတွေ များလာတဲ့အခါမှ ပြန်ပြီးသုံးသပ်ကြည့်မိတယ်။ သိပ်မှန်တဲ့စကားပဲ ဆိုတာ သိခဲ့ရတယ်။

လူကြီးတစ်ယောက်ဖြစ်ချင်ရုံနဲ့ အိမ်ထောင်ပြုစရာမလိုပေမဲ့ အိမ်ထောင်ပြုလိုက်ပြီဆိုတာနဲ့ ရင့်ကျက်တဲ့ အရွယ်ရောက်ပြီးသူ တစ်ယောက်ဖြစ်အောင် ဘယ်လိုမြန်မြန်လုပ်နိုင်မလဲဆိုတာ သိဖို့ အရမ်းလိုအပ်သွားပါပြီ။ ကျွန်မလက်ထပ်ခဲ့တာက ဒုတိယနှစ်တက်နေတုန်းဖြစ်ပြီး ကျွန်မယောက်ျားကလည်း ကျောင်းပြီးဖို့ ကြိုးစားနေရတဲ့ လူငယ်တစ်ယောက်ပေါ့။ ကျောင်းသားဘဝရဲ့ လွတ်လပ်ပျော်ရွှင်မှုတွေကို အရင်ဆုံး စတေးခဲ့ရတယ်ဆိုတာ အိမ်မှုကိစ္စတွေနဲ့ နပန်းလုံးပင်ပန်းနေရတဲ့ အချိန်မှာမှ သဘောပေါက်လာခဲ့တယ်။

အိမ်ထောင်ရှင် ဘဝမှာ အပျိုဘဝ မိဘအိမ်မှာနေစဉ်ကလို ထမင်းချိုင့်လေးဆွဲပြီး ထွက်လာလို့မရသလို အိမ်ပြန်ရောက်တာနဲ့လည်း အဝတ်လေးလဲပြီး အနားယူလို့ မရခဲ့ပါဘူး။ ကျောင်းပြီးလို့ အလုပ်ရှာတဲ့အခါမှာလည်း အကန့်အသတ်အများကြီးရှိလာပြီး ဘဝတစ်ခုလုံး တိုးတက်နိုင်မယ့် အလုပ်အကိုင်တွေကို အကြောင်းအမျိုးမျိုးနဲ့ ငြင်းပယ်ခဲ့ရတာတွေ ရှိလာပါတယ်။ ဒုတိယ အကြိမ်မြောက် စတေးမှုလို့ ပြောရမယ်နဲ့ တူပါတယ်။

အရင်က ကျွန်မကိုယ်ကျွန်မ စွန့်စားလိုစိတ်ရှိပြီး လွတ်လပ်တဲ့ အတွေးတွေကို ပိုင်ဆိုင်တယ်လို့ ထင်ခဲ့ပေမဲ့ ကျွန်မသူငယ်ချင်းတွေက နေရာအနှံ့က စိတ်လှုပ်ရှားစရာကောင်းတဲ့ အလုပ်တွေကို စဉ်းစားစရာ မလိုဘဲရွေးချယ်နိုင်တဲ့အချိန်မှာ ကျွန်မမှာ ထည့်သွင်းစဉ်းစားရမယ့် အရာတွေက အများကြီးရှိလာတဲ့အတွက် အဲ့ဒီအချိန်မှာ ကျွန်မကိုယ်ကျွန်မ ဒေါသလည်းထွက်မိသလို စိတ်မကောင်းလည်း ဖြစ်ရပါတယ်။

နောက်တစ်ချက်က မရင့်ကျက်ခင်မှာ အိမ်ထောင်ပြုတယ်ဆိုတာ အရမ်းပင်ပန်းတယ်လို့ ပြောကြပါတယ် ။အကြောင်းရင်းကတော့ နုပျိုလတ်ဆတ်ပြီး အရာရာကို စူးစမ်းချင်တဲ့အရွယ်၊ ပြောင်းလဲလွယ်တဲ့ အရွယ်မှာ သွေးမတော် သားမစပ်လူနှစ်ယောက် အဆင်ပြေပြေ အတူနေနိုင်ဖို့အတွက် ချိုးနှိမ်လိုက်ရတာတွေ၊ မျိုသိပ်လိုက်ရတာတွေက ဒုက္ခတစ်ခုလို ဖြစ်လာတတ်လို့ပါပဲ။

ဥပမာ အရင်လို သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်ချင်တာ၊ ကိုယ်ကြိုက်တဲ့ အဝတ်အစား ဝတ်တာမျိုး နောက်ဆုံး ကိုယ်ကြည့်ချင်တဲ့ တီဗီလိုင်းတောင် ကိုယ့်စိတ်ကြိုက် အမြဲကြည့်နေလို့ မရတော့ဘဲ သူ့အကြိုက်ကိုလည်း အလှည့်ပေးရတာမျိုးတွေက အသေးအဖွဲလေးတွေဆိုပေမဲ့ မျိုသိပ်မှုတွေကို ကြာကြာသည်းမခံနိုင်တဲ့ အရွယ်ဖြစ်တဲ့အတွက် ပိုပြီး ပင်ပန်းတတ်ပါတယ်။ ဒီကြားထဲမှာ နှစ်ဘက်မိဘကို အားကိုးနေရသေးတဲ့ အချိန်ဖြစ်ရင် မလိုလားအပ်တဲ့ ပြဿနာတွေ အများကြီးကလည်း စောင့်နေသေးသလိုပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်ဘဝကို အခြေကျပြီး စိတ်ခံစားမှုတွေကို ထိန်းချုပ်နိုင်၊အိမ်ထောင့် တာဝန်ကို မငြိုမငြင်ထမ်းနိုင်တဲ့ အရွယ်တစ်ခုမှ လက်ထပ်တာက ရေရှည်တည်မြဲပြီး ပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုဖြစ်နိုင်ချေ ပိုများမှာပဲ ဖြစ်တယ်လို့ ဆိုချင်ပါတယ်။