Category Archives: နည်းပညာ

ကိုယ့်ဖုန်းကို ကိုယ်ဖျက်ဆီးသလို ဖြစ်နေတဲ့ အလေ့အကျင့်ဆိုးများ

ဖုန်းကို ပျက်စီးစေတဲ့ အချက်တွေထဲမှာ app များ ဒေါင်းလုဒ် ရယူခြင်းလည်း ပါဝင်တယ်။ အချို့ app တွေဟာ အန္တရာယ်ဖြစ်စေနိုင်တဲ့ ဆော့ဝဲလ်တွေ ပါနိုင်ပါတယ်။ စိစိစစ်စစ်ရှိကို ရှိရပါမယ်။ ဒါ့အပြင် မိမိဖုန်းကို ဖျက်စီးသလို ဖြစ်စေတဲ့ အရာတွေလည်း အများကြီး ရှိပါသေးတယ်။ အဲ့ဒါတွေကို ပြောပြရရင်တော့
နေရောင်ခြည်နဲ့ထိတွေ့ခြင်း
ဖုန်းကို နေပူထဲ ဘယ်တော့မှ မထားခဲ့ပါနဲ့။
ဘောင်းဘီနောက်ကျောအိပ်ကပ်ထဲ ထည့်သိမ်းထားခြင်း
နောက်ကပ်ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားတာဟာ ထိုင်ရင် ဖုန်းကို ကွေးသွားစေနိုင်ပါတယ်။
ဈေးပေါပေါဖြင့်ရသော အားသွင်းကြိုးများ
အဲဒီလိုအားသွင်းကြိုးအများစုက ပါဝါကို လိုသလောက် မဖြည့်ပေးနိုင်ပါဘူး။ တချို့ဆိုရင် ဘေးကင်းလုံခြုံမှုအပိုင်းကို လုံးဝထည့်သွင်းမထားတာပါ။
ဖုန်းကို တစ်ချိန်လုံးဖွင့်ထားခြင်း
ဖုန်းကို အနားမပေးဘဲ အဆက်မပြတ် အသုံးပြုခြင်းက ဘက်ထရီကို ပျက်စီးစေပါတယ်။
တခြားပစ္စည်းများနဲ့အတူ ရောပြီး ထည့်သိမ်းထားခြင်း
သော့တွဲများ၊ အကြွေစေ့တွေ စတာတွေနဲ့  အိတ်ကပ်ထဲ ထည့်သိမ်းထားပါက ဖုန်းမှာ ခြစ်ရာတွေ ဖြစ်စေနိုင်ပါတယ်။
Ref: youtube

ဖုန်းအားသွင်းပြီးတိုင်း ပလပ်ကြိုးဖြုတ်ထားသင့်တဲ့ အကြောင်းအရင်း

ဖုန်းအားသွင်းကြိုးတွေ သုံးစွဲပြီးတဲ့အခါ ပြန်ဖြုတ်ဖို့ တစ်ကြိမ်မဟုတ် နောက်တစ်ကြိမ် ကျွန်ုပ်တို့အများစု သတိပေးခံခဲ့ဖူးကြပါတယ်။ ဒါပေမယ့် ဘယ်သူတွေ တကယ် လိုက်နာကြပါသလဲ။ အားသွင်းကြိုးတွေကို ပလပ်မဖြုတ်ဘဲ ထားတာ ဘယ်လောက် ဆိုးကျိုးဖြစ်စေလဲ တကယ်သဘောပေါက်ပါက သင် ပြောင်းလဲလာပါလိမ့်မယ်။

ဖြစ်နိုင်ခြေကို မှန်းဆပြောဆိုမှုတချို့မှာ ဖုန်းအားသွင်းကြိုးမဖြုတ်ဘဲ ထားတာက မီးအားအများကြီး သုံးဖြုန်းပစ်တယ်လို့ ဆိုကြပါတယ်။ အသုံးမပြုတဲ့အချိန်မှာတောင် အားသွင်းကြိုးကနေတဆင့် စီးနေတဲ့ လျှပ်စီးပမာဏအနည်းငယ်ဟာ ကြီးမားတဲ့အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ဖြစ်ခဲပါတယ်။

အားသွင်းကြိုး ပလပ်ခေါင်းထိုးထားပြီး ပါးစပ်တွင်းထည့်ပြီးနောက် ကလေးငယ်တွေ အရေပြားအပေါ်ဆုံးလွှာ မီးလောင်ပျက်စီးမှု ဖြစ်တဲ့ ထူးခြားဖြစ်စဉ်တွေ ရှိခဲ့ဖူးပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒါ ကလေးတွေ အိမ်တွင်းမှာ လုပ်နေတဲ့ အရာတစ်ခုဖြစ်ပေမယ့် အသိပေးထားခြင်း မရှိပါဘူး။ ဖြစ်နိုင်ခြေရှိတဲ့ အန္တရာယ်တွေကို သတိရှိဖို့ လိုပါတယ်။

Ref: Shefinds

Hacker တစ်ယောက်က သင့်ဘဝကိုဘယ်လောက်အထိဖျက်ဆီးနိုင်လဲ

 

 

ဟတ်ကာ တစ်ယောက်က သင့်ဘဝကိုဘယ်လောက်အထိဖျက်ဆီးနိုင်တယ်လို့ထင်ပါသလဲ။ ဒီခေတ်ထဲမှာ အထူးသဖြင့်
အင်တာနက်အသုံးပြုသူတွေဟာ Security ကို ဂရုမပြုကြပါဘူး။ များသောအားဖြင့်မြန်မာနိုင်ငံမှာတော့အခုမှအင်တာ
နက်က ပိုမိုခေတ်စားလာတာဖြစ်တဲ့အတွက်လုံခြုံရေးအသိမရှိကြသေးပါဘူး။

တကယ်တော့ အင်တာနက်ဟာ အရမ်းကိုကြောက်ဖို့ကောင်းပါတယ်။ သင့်ရဲ့ဖုန်းပျောက်သွားရင်တောင် တော်တော်လေး
ကို အန္တာရာယ်ရှိပါတယ်။ အရာအားလုံးက ဖုန်းဆိုတဲ့အရာသို့မဟုတ် သင့်ရဲ့အချက်အလက်တွေအားလုံးက အင်တာနက်
ပေါ်မှာရှိနေပါတယ်။ ဒီတော့ ဟတ်ကာတစ်ယောက်က သင့်ဘဝကိုဘယ်လောက်အထိဖျက်ဆီးနိုင်လဲဆိုတာကိုသိချင်ရင်
အောက်ပါ ဗီဒီယိုလေးကိုကြည့်ကြည့်ပါ။ သူတို့နိုင်ငံမှာတော့ အင်တာနက်နဲ့ အကုန်လုံးချိတ်ဆက်ပြီးသားမို့လူတစ်ယော
က်ကို အိမ်ရာမဲ့ဖြစ်သွားအောင်လုပ်နိုင်ပါတယ်။

ဒီဗီဒီယိုကတော့ ပညာပေး ဗီဒီယိုဖြစ်ပြီး ဗီဒီယိုထဲမှာပါဝင်သူဟာ ဟတ်ကာတစ်ယောက်ကို စိန်ခေါ်ပြီး သူ့ကိုဟတ်ခိုင်းခဲ့
တာဖြစ်ပါတယ်။ အကျိုးဆက်ကတော့ရစရာမရှိအောင် စုတ်ပြတ်သတ်သွားတာပါပဲ။ ဘဏ်အကောင့်တွေ၊ အရေးကြီးတဲ့အချက်တွေအားလုံးပါသွားတဲ့အပြင် ဟတ်ကကသာ Black Hackerဆို သူ့ဘဝပျက်သွားတာကြာပါပြီ။ ဒါပေမယ့် ဒီဗီဒီယိုကိုရိုက်ကူးသူဟာ မိမိရဲ့ခြံလုံမှုရှိမရှိ စစ်ဆေးခိုင်းသလို လုပ်ခဲ့တာပါ။ သူ့ရဲ့Secruity ကို စမ်းသပ်ခဲ့တာပါ။ ဒါမှာ
ယိုယွင်းနေတဲ့ အပေါက်တွေကိုဖာလို့မှာပါ။ Shwemomပရိတ်သတ်ကြီးကို ကြည့်ဖြစ်အောင်ကြည့်စေချင်ပါတယ်။
Source: techinsider

Credit:Shwemom

ဂူဂဲလ်က ရှာဖွေကြည့်ရှုခဲ့တဲ့ history နဲ့ data တွေ ရှင်းလင်းနည်း

တကယ်လို့ သင် ဂူဂဲလ်ဝန်ဆောင်မှုက ရှာဖွေကြည့်ရှုခဲ့ထားတဲ့ သတင်းအချက်အလက်တွေအတွက် အနည်းငယ် စိုးထိတ်မှုရှိပါက အောက်ပါ ဒေတာအချက်အလက်တွေနဲ့ history တွေ ရှင်းလင်းနည်း လမ်းညွန်ချက်အတိုင်း လိုက်နာဆောင်ရွက်ပါ။

·         ပထမဦးဆုံး သင့် Google history နဲ့ ဒေတာအချက်အလက်တွေ ရှာဖွေဖို့ ပင်မစာမျက်နှာကို သွားပါ။

·         နောက် မိမိကြည့်ချင်တဲ့ ဒေတာကို ရွေးပါ။

ဒီလိုပြုလုပ်နိုင်ဖို့အတွက် စာမျက်နှာရဲ့ ဘယ်ဘက်အပေါ်ထောင့် line ၃ ခုကို နှိပ်ပါ။ web and app activity ၊ voice and activity ၊ device information ၊ location history ၊ YouTube watch history ၊ YouTube search history စတဲ့ ရွေးချယ်စရာတွေ တွေ့ရပါလိမ့်မယ်။

·         တစ်ခုကို ရွေးချယ်ပြီးနောက် ဒီ service  ဝန်ဆောင်မှုမှာ မိမိနဲ့ပတ်သက်တဲ့အချက်အလက် ဘာတွေ ရှိသလဲ ဖတ်ကြည့်ပါ။

အဲဒီသတင်းအချက်အလက်တွေ ရှင်းပစ်ချင်လား၊ မရှင်းပစ်ချစ်ဘူးလားဆိုတာ ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။

  • တကယ်လို့ အဲဒီ သတင်းအချက်အလက်နဲ့ ဒေတာအချက်အလက်တွေ ဖျက်ချင်ပါက စာမျက်နှာရဲ့ ညာဘက်အပေါ်ထောင့်က အစက်ကလေး ၃ခုကို နှိပ်ရပါမယ်။ “Delete” ရွေးပါ။

အချက်အလက်တွေ ဘယ်လောက်ထိ ရှင်းချင်လဲ ဆုံးဖြတ်နိုင်ပါတယ်။

Today ၊ yesterday နဲ့ advanced ၊ 4 weeks သို့မဟုတ် all time ကနေ ရွေးနိုင်ပါတယ်။ ပြီးတော့ ရွေးချယ်စရာတွေ select လုပ်ပြီး ရှင်းပစ်ပါ။ History နဲ့ ဒေတာအချက်အလက်တွေ ပျောက်သွားပါလိမ့်မယ်။

Ref: popsugar

စမတ်ဖုန်းနဲ့ စာဖတ်လို့ ပိုမိုအဆင်ပြေအောင် Font Size ပြောင်းနည်း

 

အီးမေးလ်းတွေ ပိုမိုလွယ်ကူစွာ ဖတ်ရှုနိုင်အောင် စမတ်ဖုန်းက text တွေ ပိုကြီးအောင် လုပ်နိုင်ပါသလား။ အဓိကသုံးစမတ်ဖုန်းပလက်ဖောင်းတွေမှာ text size ပိုကြီးလိုသူတွေအတွက် လွယ်ကူရိုးစင်းစွာ ပြုလုပ်နိုင်တဲ့ settings တွေ ပါဝင်ပါတယ်။ Zoom ချုံ့၊ချဲ့လုပ်နိုင်တယ်၊ အလင်းအမှောင်ချိန်ညှိမှု၊ အသံအနေအထားနဲ့ ဇာတ်ကြောင်းပြန်ခြင်းစတာတွေ touch screen အကူအညီနဲ့ လုပ်ဆောင်နိုင်ပါတယ်။ Android နဲ့ iOS system တွေရဲ့ မကြာသေးမီက ဗားရှင်းတွေမှာ ဒီလိုထိန်းကွပ်မှုတွေကို Accessibility settings ထဲမှာ ပါရှိပါတယ်။

iPhone မောင်းနှင်လည်ပတ်တဲ့ iOS မှာဆိုရင် Settings icon ကို ဖွင့် General ကို ရွေးပြီးနောက် Accessibility ကို ရွေးချယ်ပါ။ အဲဒီ settings ထဲမှာ Larger Text ဘေးက ခလုတ်ကို On လုပ်ထားရပါမယ်။ နောက် Larger Accessibility Sizes ကို On လုပ်ပြီး မိမိနဲ့ အဆင်ပြေတဲ့ ပုံစံကို slider နဲ့ ရွေ့လျားချိန်ညှိပေးပါ။

တချို့ app တွေမှာ text size ပြောင်းချင်မှပြောင်းလိမ့်မယ်။ ဒါပေမယ့် Mail ၊ Messages ၊ Contacts နဲ့ Calendar စတဲ့ မူလ iOS app တွေမှာ text size ပြောင်းတာတွေ့ ရပါလိမ့်မယ်။ iOS system font ဟာ အေးအေးလူလူ စာဖတ်ဖို့ ရိုးစင်းလွန်းတယ်လို့ ယူဆပါက Accessibility settings ကနေ Bold Text option စီစဉ်ပေးထားပါတယ်။

Android 7.0 စက်တွေမှာ Settings icon ကို ဖွင့်ပြီး Accessibility ကို ရွေးချယ်ရပါမယ်။ Font Size ကို နှိပ်ပြီး မိမိနှစ်သက်ရာအရွယ်အစားရွေးဖို့ slider လေး အသုံးပြုပါ။ Accessibility ထဲက Display Size controls က screen က အရွယ်အစားအတိုင်း တထေရာတည်း ချိန်ညှိနိုင်စေပါတယ်။

Ref: nytimes

ပြည်တွင်းပညာရှင် တီထွင်ထားသည့် ဒစ်ဂျစ်တယ် ဝှက်စာစနစ်သုံး VPN နည်းပညာ သရုပ်ပြ

 

computer-hacker

မြန်မာပညာရှင် တည်ထောင်သည့် Open in Close နည်းပညာကုမ္ပဏီက ပထမဆုံးသော
ကိုယ်ပိုင်တီထွင်ထားသည့် ဒစ်ဂျစ်တယ်စနစ်သုံး Cipher နည်းပညာအသုံးပြု
VPN (VirtualPrivate Network) ကို စမ်းသပ်ပြသခဲ့သည်။

မူရင်းအဓိပ္ပာယ်ကို မှန်ကန်သောနည်းလမ်းဖြင့် ပေါင်းစပ်မှသာ ပြန်ဆိုနိုင်မည့် စနစ်တကျ ပြောင်းလဲ
ထားသည်ကို ဝှက်စာ သို့မဟုတ် Cipher ဟု ခေါ်ပြီး အဆိုပါ VPN နည်းပညာကို အသုံးပြုကာ
အင်တာနက်ပေါ်တွင် မိမိဆက်သွယ်လိုသူမှအပ ပေးပို့သည့် အဓိပ္ပာယ်ကို မသိနိုင်အောင်
ပေးပို့နိုင်မည်ဖြစ်သည်။

Open in Close 2016နည်းပညာကို ကွန်ပျူတာအချင်းချင်းသာမကဘဲ IP Protocol
တွင် အလုပ်လုပ်နိုင်သော မည်သည့်အရာကိုမဆို (မိုဘိုင်းဖုန်းများ၊ စီစီတီဗီ
ကင်မရာများ၊VOIP) ချိတ်ဆက်အသုံးပြုနိုင်မည်ဟု သိရသည်။

အဆိုပါနည်းပညာကို နိုင်ငံခြားမှ ဝယ်ယူပါက ဈေးနှုန်းကြီးမြင့်ပြီး ပြည်တွင်း၌ တီထွင်ထားသောကြောင့်
ကုန်ကျစရိတ်ကို လျှော့ချပေးနိုင်မည့်အပြင် ပိုမိုလုံခြုံစိတ်ချရသော cipher algorithm ကို
အသုံးပြုတည်ဆောက်ထားသည်ဟု Open in Close နည်းပညာတီထွင်သူနှင့် ကုမ္ပဏီတည်ထောင်သူ
ဦးဝင်းသိန်းထွန်းက ပြောသည်။

Credit:The Myanmar Time

ဘက်ထရီအား ၃၀ ရာခိုင်နှုန်းကျန်သော်လည်း ပါဝါပိတ်ကျသည့် iPhone ပြဿနာ Android သို့  ကူးစက်ဖွယ်ရှိ


iPhoneများတွင် ဘက်ထရီအား ၃၀ ရာခိုင်နှုန်းကျန်ရှိနေသေးသော်လည်း ဖုန်းပါဝါအလိုအလျောက်ပိတ်ကျသွား သည့် ပြဿနာမှာယခုအခါ Android ဖုန်းများသို့  ကူးပြောင်းလာဖွယ်ရှိကြောင်း IT News သတင်းဌာနကဖော်ပြ ထားသည်။ လွန်ခဲ့သောရက်သတ္တပတ်အနည်းငယ်အတွင်းiPhoneအများစု၌ ဘက်ထရီအား ၃၀ ရာခိုင်နှုန်းခန့် ကျန်ရှိနေသေးသော်လည်း ဖုန်းပါဝါအလိုအလျောက်ပိတ်ကျသွားသောပြဿနာများ ဖြစ်ပွားခဲ့ကြောင်း၊ ယင်းပြဿနာသည် ယခုအခါ Android ဖုန်းများထံသို့ လည်းကူးစက်လာဖွယ်ရှိကြောင်း၊ အသုံးပြုသူများအနေဖြင့် ဖုန်းကိုအားသွင်းကြိုးနှင့် ခေတ္တပြန်လည်တပ်ဆင်ပေးရကြောင်း၊ ထို့ နောက်ဖုန်းပါဝါပြန်ဖွင့်လျင် ဘက်ထရီ ၃၀ ရာခိုင်နှုန်းပြန်ပြပြီးအသုံးပြု၍ ရကြောင်းသိရသည်။ 

iPhone 6S တွေမှာဘက်ထရီအား ၃၀ ရာခိုင်နှုန်းကျန်နေသေးပေမယ့် ပါဝါပိတ်သွားတဲ့ပြဿနာတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပါတယ်။ အဲဒီအချိန်မှာအားသွင်းကြိုးပါမလာဘူးဆိုရင် ဖုန်းကိုဆက်သုံးဖို့ ဆိုတာမဖြစ်နိုင်တော့ပါဘူး။ iPhone အသုံးပြုသူအများစုအတွက် အလွန်စိတ်အနှောက်အယှက်ဖြစ်စရာကိစ္စ ဖြစ်ခဲ့ပါတယ်။ အရေးကြီးတဲ့အချိန် တွေမှာ ဖုန်းပါဝါပိတ်ကျသွားတဲ့အတွက် လူပေါင်းထောင်သောင်းများစွာအဆင်မပြေဖြစ်ခဲ့ရပါတယ်ဟု iPhone ပါဝါ ပိတ်ကျသွားမှုကြောင့် အဆင်မပြေဖြစ်ရသူများကပြောပြသည်။ 

Apple Store များက ဖုန်းပါဝါပိတ်ကျမှုပြဿနာကိုဖြေရှင်းနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ hardware ပြဿနာမဟုတ်သည့်အတွက် ဖုန်းများကို factory reset ပြန်ချခိုင်းကြောင်း၊ သို့ သော် ပြဿနာမှာ ဖြစ်မြဲဖြစ်နေောကာင်း၊ ထို့ နောက် iphone က hardware ပြဿနာရှိကြောင်းထုတ်ပြန်ကြေညာပြီး ၂၀၁၅ စက်တင်ဘာမှ အောက်တိုဘာထုတ် iPhone 6S များတွင် ၄င်းပြဿနာရှိနေကြောင်း ထုတ်ပြန်ကြေညာသည်။ ဒီဇင်ဘာ (၆) တွင် iPhone က iOS Update တွင် ၄င်းအပြစ်ကိုကုစားပေးနိုင်မည့်စနစ်ကိုထည့်သွင်းဖြန့် ချိခဲ့ပြီးဘက်ထရီအားကျန်ရှိနေသေးသော်လည်း ဖုန်းပါဝါပိတ်ကျသွားသည့်ပြဿနာကိုကုစားနိုင်ရန် အချက်အလက်များကိုစုဆောင်းမည်ဖြစ်ကြောင်းသိရသည်။ 

၎င်းဘက်ထရီပါဝါပိတ်ကျသည့်ပြဿနာသည် Android ဖုန်းများတွင်လည်းကူးစက်လာဖွယ်ရှိနေကြောင်းသိရသည်။

Facebook ပေါ် အရည်အသွေးမြင့် ဓာတ်ပုံတွေ upload လုပ်ချင်သလား

 

Upload လုပ်လိုက်တဲ့ ဓာတ်ပုံတွေ ဖေ့စ်ဘုတ်ခ်ပေါ်တက်သွားရင် နဂိုအတိုင်း မဟုတ်တော့ပါဘူး။ ဘာကြောင့်လဲ။ ဓာတ်ပုံအရေအတွက် သန်း ၃၅၀ မက နေ့စဉ် upload တက်နေတာပါ။ အဲ့ဒီလို ဒေတာတွေ များလွန်းတာက ဆိုဒ်ကို နှေးကွေး သို့မဟုတ် ပျက်ကျစေနိုင်ပါတယ်။ ဒေတာအချက်အလက်တွေ ပေါ့ပါးစေဖို့နဲ့ ဆိုဒ်ပေါ်လည်ပတ်လုပ်ဆောင်မှု ပိုမိုမြန်ဆန်စေဖို့အတွက် ဖေ့စ်ဘုတ်ခ်က သင့်ဓာတ်ပုံတွေကို ပုံမှန်ဓာတ်ပုံတွေအတွက် ပုံမှန်အရွယ်အစား 720px ၊ 920px ၊ 2048px နဲ့ ကာဗာဖိုတိုတွေအတွက် 851px by 315px သို့ အရွယ်အစားနဲ့ ပုံစံကို အော်တိုပြောင်းပေးပါတယ်။

ဓာတ်ပုံကို ချုံ့ပေးပြီး ပုံတွေ ကြည့်ရဆိုးတဲ့ အနေအထားအထိ ကွာလတီ လျှော့ချလိုက်ပါတယ်။ဒီတော့ မိမိဓာတ်ပုံတွေ ချုံ့လိုက်လို့ သဘောမကျ ဖြစ်နေကြသူတွေ ဒါကို အဆင်ပြေအောင် ဘယ်လုပ်မလဲ။ နောက်တခါ ပုံတွေ upload လုပ်တဲ့အခါ ဒီအချက်တွေအတိုင်း လုပ်ဆောင်ကြည့်ရုံပါပဲ။

၁။ ဖေ့စ်ဘုတ်ခ်အနေနဲ့ သင့်ဓာတ်ပုံတွေကို ပုံမှန်အရွယ်အစားအတွက် 720px ၊ 920px ၊ 2048px သို့ resize လုပ်ဖို့ အကြံပြုထားပါတယ်။ ဒါကို ပုံတွေ upload မလုပ်ခင် image edit program နဲ့လုပ်ပါ။ ဒီနည်းက ပုံအရည်အသွေး ထိန်းသိမ်းပေးနိုင်ပါတယ်။

၂။ ဓာတ်ပုံတွေ ချုံ့မခံရအောင် ဖိုင်ဆိုဒ် 100MB အောက်သာ cover photo တင်ပါ။

၃။  မိမိဓာတ်ပုံကို sRGB color profile နဲ့ JPEG နဲ့ save လုပ်ဖို့ ဖေ့စ်ဘုတ်ခ် အကြံပြုထားပါတယ်။

၎။ Photo album ကို upload လုပ်တဲ့အခါ High Quality check box နဲ့ မဖြစ်မနေ tick လုပ်ပေးပါ။ uploading window ရဲ့ ဘယ်ဘက်ခြမ်းမှာ တွေ့ပါလိမ့်မယ်။

၅။ iPhone အသုံးပြုသူတွေအနေနဲ့ Facebook Account settings > Videos and photos > Upload HD သို့ သွားနိုင်ပါတယ်။ မိမိဓာတ်ပုံတွေကို HD ကွာလတီ upload လုပ်ပေးပါလိမ့်မယ်။ အလားတူပဲ Android သုံးသူတွေဟာ App settings > Account Settings > Photos > Upload HD သို့ သွားရောက်လုပ်ဆောင်နိုင်ပါတယ်။

Ref: Indiatoday

Facebook က သင့်ကို ကျန်းမာပျော်ရွှင်စေနိုင်မှာလား

Facebookကဲ့သို့သော လူမှုကွန်ရက်တော်တော်များများဟာ လူသန်းပေါင်းများစွာနဲ့ အကျွမ်းတ၀င် ရှိလာကြပါပြီ။ သူတို့တွေရဲ့ နေ့စဉ်ဘ၀တွေမှာ သူတို့ကိုယ်တိုင်တောင် မမှတ်မိနိုင်တဲ့ မိတ်ဆွေသူငယ်ချင်းတွေ တစ်ခါမှမသိခဲ့ဖူးတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ပါ ရင်းနှီးကျွမ်းဝင်လာကြပါတယ်။ ဒီလိုနဲ့ နာရီပေါင်းများစွာဟာ တခြားသော Facebook အသုံးပြုသူတွေနောက် လိုက်ရင်း ကုန်လွန်လာကြပါတယ်။ Facebook ရဲ့ ကျယ်ပြန့်လာတဲ့ ဆွဲဆောင်မှုတွေကြောင့်ပဲ အချိန်တစ်ခုကို ကျရောက်လို့လာပါတယ်။ အဲဒါကတော့ သင်ကိုယ်တိုင် ထိန်းကျောင်းဖို့နဲ့ သင့်ကို ထိန်းကျောင်းမခံမိစေဖို့ပါပဲ။ Facebook ကို အသုံးပြုရင်း သင့်ရဲ့ အချိန်တွေကို ပျော်ရွှင်စွာ ဘယ်လိုကုန်ဆုံးမလဲဆိုတဲ့ အချက်အလက် တချို့ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ တွေ့မြင်သမျှ စာတွေ ဓာတ်ပုံတွေ ဗီဒီယိုတွေ တခြားသောလင့်ခ်တွေအတွက်ချည်းပဲ အသုံးမပြုပါနဲ့။
သင့်ကိုယ်ပိုင်လည်းဖြစ်တဲ့ အဓိပ္ပာယ်လည်းလေးနက်တဲ့ အတွေးစိတ်ကူးတွေနဲ့ စတင်ကြည့်ပါ။ နောက်ထပ် အကျိုးကျေးဇူးတွေအနေနဲ့ကတော့ Facebookပေါ်က မိတ်ဆွေသူငယ်ချင်းတွေနဲ့ အပြင်လောကမှာ တွေ့ဆုံကြည့်ဖို့ပါပဲ။ သင် ပျော်ရွှင်မှာပါ။
၂။ Shawn Achor ဆိုတဲ့ စိတ်ပညာရှင်ကတော့ လူမှုကွန်ရက်ကြောင့် သင့်ကို အရေးပါစေနိုင်တဲ့ ပြောင်းလဲမှုတွေရှိစေနိုင်ကြောင်း သူရဲ့ The Happiness Advantage ဆိုတဲ့စာအုပ်မှာ ရေးသားဖော်ပြထားပါတယ်။
တွေ့ရှိချက်တွေအရတော့ သင်က Facebook အသုံးပြုရင်း  အချိန်ကုန်တယ်လို့ တွေးမိနေတယ်ဆိုရင်တော့ သင့်ကို ပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ဖက်မှာတော့ တခြားလူတွေအပါအ၀င် သင့်မိတ်ဆွေ သူငယ်ချင်းတွေကို အခါမလပ် ဆက်သွယ်နေနိုင်မှာပဲဖြစ်ပါတယ်။ ဒါလည်း ပျော်စရာပဲမဟုတ်လား။
၃။ သင့်အနေနဲ့ သင်ဘယ်လို အတွေးအခေါ်မျိုးတွေ မျှဝေမယ်ဆိုတာရယ် သင်ဘယ်လိုစာမျိုးတွေဖတ်မယ်ဆိုတာရယ်ကို ထိန်းချုပ်ထားလို့ရပါတယ်။
လူပုဂ္ဂိုလ်တစ်ဦးချင်းစီဆီကနေ သင်ဘာတွေသိချင်သလဲဆိုတာကိုပါ သင်ကိုယ်တိုင်အတွက် ရွေးချယ်ခွင့်ပေးထားပါသေးတယ်။ နောက်ထပ် Facebookရဲ့ လုပ်ဆောင်နိုင်စွမ်းတစ်ခုကတော့ သင့်မိသားစုတွေ သင့်အရင်းနှီးဆုံးသူငယ်ချင်းတွေ သင့်လုပ်ဖော်ကိုင်ဖက်တွေကိုပါ အစုအဖွဲ့တစ်ခုချင်းစီ စုဖွဲ့ထားနိုင်တာပဲဖြစ်ပါတယ်။
၎။ သင်ကြိုက်နှစ်သက်တဲ့ ဂီတဘန်တွေ စတိုင်းဆိုင်တွေ စာရေးဆရာတွေ စသည်တွေကို Like လုပ်ထားခြင်းဖြင့်လည်း သူတို့ရဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီသိရှိနေနိုင်ဦးမှာဖြစ်တဲ့အတွက် သင့်ကို ပျော်ရွှင်မှုပေးနိုင်မှာပါ။
၅။ ဟားဗတ် နဲ့ ကိုလံဘီယာတက္ကသိုလ်တွေရဲ့ လေ့လာတွေ့ရှိချက်တွေအရတော့ တခြားသော Facebook အသုံးပြုသူတွေကို တလေးတစားပြောဆိုဆက်ဆံခြင်းအားဖြင့် သင့်ကိုယ်ပိုင် ပျော်ရွှင်မှုတွေကို ရရှိလာနိုင်မှာဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ကတော့ သင့်ကို Facebook အစရှိတဲ့ လူမှုကွန်ရက်တွေက စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကောင်းမွန်စေသလား။ ဆိုးဝါးစေသလားဆိုတာ သင့်ကိုပဲမူတည်နေပါတော့တယ်။
Ref:psychologytoday

သင့် စမတ်ဖုန်းဟက်မခံရအောင် ကာကွယ်ဖို့ နည်းလမ်း (၅) သွယ်

တစ်နေ့တစ်နေ့ စမတ်ဖုန်းနဲ့ အချိန်ဘယ်လောက်ကုန်ခဲ့လဲ သေချာပြန်စဉ်းစားကြည့်ပါ။ ပျှမ်းမျှအားဖြင့် လူတစ်ယောက်ဟာ နေ့စဉ် ၄ နာရီမက စမတ်ဖုန်းအသုံးပြုကြပါတယ်။ ဖုန်းပြောတာကစ မိမိကြိုက်နှစ်သက်တဲ့ app တွေ ဒေါင်းလုဒ်ဆွဲတာ၊ အွန်လိုင်းကနေ ဈေးဝယ်တဲ့အထိ ဒီကိရိယာတွေကို နည်းလမ်းပေါင်းစုံအတွက် အသုံးပြုကြပါတယ်။ ပုံတွေကို ကလိခ်နှိပ်၊ အရေးကြီး စာရွက်စာတမ်းတွေ save လုပ်၊ တခါတရံ ကျွန်ုပ် ATM/Web banking pin တွေပါ သိမ်းဆည်းကြပါတယ်။

စမတ်ဖုန်းက ကျွန်ုပ်တို့ဘဝမှာ မရှိမဖြစ် ကိရိယာတစ်ခု ဖြစ်လာပါပြီ။ မိမိစမတ်ဖုန်းသာ ပျောက်သွားခဲ့ရင်ဆိုတဲ့အတွေးက ကျောချမ်းစဖွယ်ကောင်းလှပါတယ်။ ကံမကောင်းစွာနဲ့ပဲ နယူးဒယ်လ်ဟီးနဲ့ မမ်ဘိုင်းလိုနေရာမျိုးမှာ မိုဘိုင်းဖုန်း အလုံးရေ ၄၀ ကျော် နေ့စဉ်ခိုးခံနေရကြောင်း သတင်းထုတ်ပြန်ချက်တွေက ဖော်ပြထားပါတယ်။ ဒီတော့ မိမိစမတ်ဖုန်း အခိုးမခံရ၊ ဟက်မခံရအောင် ကာကွယ်စောင့်ရှောက်ဖို့ အချိန်ရောက်ပါပြီ။

၁။ လျို့ဝှက်လုံခြုံရေးစနစ် အဓိက

Android က မိမိဖုန်းထဲက ဒေတာအားလုံး လုံခြုံအောင် ကာကွယ်ပေးထားပါတယ်။ ဒေတာတွေ ပြန်ဖော်ဖို့ စက်ဖွင့်တိုင်း password သို့မဟုတ် PIN ရိုက်ထည့်ဖို့ လိုအပ်ပါလိမ့်မယ်။ စိတ်ပျက်စရာ ထင်ရပေမယ့် မိမိဖုန်း သူများဆီ မှားယွင်းရောက်ရှိသွားခဲ့ပါက password သို့မဟုတ် PIN မရှိဘဲ ဒေတာတွေ ဝင်ကြည့်နိုင်စရာအကြောင်း မရှိပါဘူး။ အဲဒါကို ဖုန်းအတွင်းရှိ Android device ရဲ့ Security Settings ကတဆင့် activate လုပ်နိုင်ပါတယ်။ App တွေ၊ ဖိုင်တွေ ကာကွယ်ဖို့ applock ၊ document locker (Android) နဲ့ Signal (iOS) စတဲ့ app တွေကိုလည်း အသုံးပြုနိုင်ပါတယ်။

၂။ မသိတဲ့ Wi-Fi တွေ ချိတ်မသုံးပါနဲ့

ဖုန်းထဲက ကိုယ်မသိတဲ့ Wi-Fi network တွေ မသုံးပါနဲ့။ မိမိ mobile service provider ကနေ data pack ကိုပဲ ဝယ်သုံးပါ။ သင့် bank account တွေ စီမံလုပ်ဆောင်ဖို့ လုံခြုံမှုမရှိတဲ့ free Wi-fi ထက် သင့်ကိုယ်ပိုင် internet data ဖွင့်သုံးတာ ပိုစိတ်ချရပါတယ်။

၃။ ကိုယ်မသိတဲ့ app resource

Google play နဲ့ Apple App store နှစ်ခုလုံးမှာ မှန်ကန်ကြောင်းအတည်ပြုနိုင်တဲ့ app သို့မဟုတ် game တွေ ရှိကြပါတယ်။ အဲဒီ app တွေကို စမတ်ဖုန်းနဲ့ ဝင်ကြည့်ပြီး စိတ်ချလက်ချ download ရယူနိုင်ပါတယ်။ သင့်ကို ဘယ်ကနေမှန်းမသိတဲ့ web link ကနေ app ကို download ရယူဖို့ မေးတဲ့ website/ mailer တွေ ပလိုပျံနေအောင် ရှိပါတယ်။ မလုပ်ပါနဲ့။ အဲဒီ app က app store မှာ မရှိဘူးဆိုရင် ဒေါင်းလုဒ်ဆွဲ၊ install လုပ်ခြင်းမျိုး မပြုပါနဲ့။

၎။ Anti-virus ကို install လုပ်ထားပါ

မိမိစမတ်ဖုန်းကနေ ဝက်ဘ်ဆိုဒ်တွေ မွှေနှောက်ရှာဖွေပြီး ဒေါင်းလုဒ်ဆွဲတတ်ပါက anti-virus တစ်ခုခု ထည့်သွင်းပါ။ AVG Free ၊ Avast စတဲ့ free anti-virus စတဲ့ app တွေ များစွာ ရှိပါတယ်။ ဒါပေမယ့် Norton သို့မဟုတ် Kaspersky Adroid antivirus app ကို ဝယ်သုံးဖို့ အကြံပြုလိုပါတယ်။ ဒီ app တွေက ဗိုင်းရပ်စ်ရန်မှ ကာကွယ်စောင့်ရှောက်ပေးပြီး ဘယ်ဝက်ဘ်ဆိုဒ်တွေ လုံခြုံစိတ်ချရလဲဆိုတာ ဖော်ပြပေးပါတယ်။

၅။ Update ပြုလုပ်ပါ

မိမိစမတ်ဖုန်း software နဲ့ app တွေ up-to-date မပြတ်လုပ်ပေးပါ။ App တွေ update ရှိတိုင်းလုပ်ပေးပါ။

Ref: TOI