Category Archives: Story

မှင်စာ

aq25.jpg

( ဖြစ်ရပ်မှန် )

မနေ့က ကျနော် facebook ထိုင်ကြည့်ရင်း စာဝင်လာသံကြားရတော့ ဖွင့်ကြည့်မိလေသည် …။ စာက မိတ်ဆက်စာ…။ ညီလေးတစ်ယောက်မှ အခုလို မိတ်ဆွေဖြစ်ရတာ ဝမ်းသာကြောင်း ၊ ရေးတဲ့စာများကို ဖတ်ရှုရကြောင်း ၊
အမြဲအားပေးနေကြောင်း စသည်ဖြင့် ပြောလာသည်ကို တွေ့
ရပါသည် …။ ကျနော်ကလည်း ထပ်တူဝမ်းသာကြောင်း ပြန်
ပြောရင်း ညီလေးက သူ့အတွေ့အကြုံ တစ်ချို့နဲ့ သူသိချင်သည်
များကို မေးမြန်းလာပါသည်…။ သရဲ တစ္ဆေ စတဲ့ ဂမ္ဘီရအကြောင်း ရေးသားသူဆိုတော့ အခုလို လာရောက်မေးမြန်း
ကြတာက မထူးဆန်း…။

သို့သော်…ညီလေး မေးမြန်းတာက စိတ်ဝင်စားစဖွယ် ဖြစ်နေ
ပါသည်…။ သူက တစ်ခါ သရဲအခြောက်မခံဘူးကြောင်း ၊ အခု
ထိလည်း မမြင်ဘူးသေးကြောင်း ၊ သို့သော်…မှင်စာကိုတော့
ကိုယ်တွေ့ ကြုံ ဘူးကြောင်း ပြောပါသည်…။ မှင်စာ ဘယ်နှစ်မျိုးရှိလဲ…သူကြုံတွေ့ဘူးတဲ့ မှင်စာက စာမှာ ဖတ်ဘူးသလို
မဟုတ်ကြောင်း ၊ ဘာကြောင့် မတူရသလဲ…စသည်ဖြင့် မေး
မြန်းပါသည်…။ ဘယ်လို ကြုံတွေ့ဘူးသလဲ…ဆိုပြီး ကျနော်က
မေးမြန်းကြည့်လိုက်တော့ သူကိုယ်တွေ့ ကြုံ ခဲ့ဘူးတဲ့ မှင်စာ
အကြောင်းကို ပြောပြပါသည်…။

” အစ်ကို စိတ်ဝင်စားလား…စိတ်ဝင်စားတယ်ဆိုရင် ကျနော်
ပြောပြမယ်…”

“အေး…ပြောပြကွာ…အစ်ကိုလည်း သိရတာပေါ့…”

သို့နှင့် ညီလေးက သူ့အတွေ့အကြုံ ကို အောက်ပါအတိုင်း
ုပြန်လည် ပြောပြပါသည်…။ သူ့အတွေ့အကြုံကို ကျနော် ဆီ
လျော်အောင် ပြန်ရေးလိုက်ပါသည်…။

*****

ကျနော့်နာမည် နိုင်လင်းဦး…။ သူငယ်ချင်းတွေကတော့ ကျနော့်ကို ဒိုကြီးလို့ပဲ ခေါ်ကြတယ်…။ ကျနော့်အလုပ်က လမ်းဖောက် dozer စက်ကြီးကို မောင်းနေတော့ အလွယ်ခေါ်ကြ
တာပါ…။
အခုဖြစ်ရပ်က 2003- 2004 ခုနှစ်မှာ ကြုံတွေ့ခဲ့ရတာ…။
အဲဒီတုန်းက ကျနော် ပဲခူးရိုးမ ၊ အုတ်တွင်းအနောက်ဘက်မှာ
သစ်ထုတ်စခန်းမှာ အလုပ်လုပ်ခဲ့တယ်…။ အခုတော့ အနား
ယူသွားပါပြီ…။
ကျနော်အပါအဝင် လူအတော်များများက သရဲတစ္ဆေအကြောင်း ကြားဘူးကြပေမယ့် မကြုံ တွေ့ဘူးကြလို့ ယုံကြည်ပါ
တယ်…။ အခုထိလည်း သရဲတစ္ဆေ မကြုံ ဘူးသေးပါဘူးဗျာ..။
သရဲတစ္ဆေ မကြုံ တွေ့ဘူးပေမယ့် မှင်စာကိုတော့ တကယ်
လက်တွေ့ကြုံ ဘူးတယ်ဗျ…။ သရဲပေတ လောကမှာ မြန်မာ
အခေါ်အဝေါ်တွေက အများသား…။ သရဲ ၊ တစ္ဆေ ၊ ဘုတ်(ဖုတ်) ၊ ပြိတ္တာ ၊ ဘီလူး ၊ သဘက် ၊ မှင်စာ ၊ ကျတ် စသည်ဖြင့်ပေါ့ဗျာ
…။ အခု ပြောပြမှာက မှင်စာ အကြောင်းပါ …။
ကျနော်ဖတ်ဘူးသမျှ စာအုပ်တွေနဲ့ ပြောရရင် မှင်စာက သရဲတစ္ဆေ မျိုးနွယ်ဝင်ပါပဲ…။ မှင်စာ အမျိုးအစား ဘယ်နှစ်မျိုးရှိ
မှန်း ကျနော်မသိပါဘူး…။ ကလေးသရဲကို မှင်စာလို့ ခေါ်ကြတာတော့ သိတယ် …။ မှင်စာ ၊ သရဲ တစ္ဆေ ၊ သဘက်၊
ဘီလူး ဆိုပြီး အစဉ်လိုက် သက်တမ်းရင့်ရင် ရင့်သလို ပြောင်း
လဲသွားတတ်ကြတယ်လို့လည်း သိရတယ်…။
ဒါပေမယ့် စာအုပ်ထဲမှာ ရေးထားတာတွေက မှင်စာဆိုတာ က လူပုံစံလို အကောင်သေးသေး ၊ မျက်လုံးပြူးပြူး ၊ နားရွက်ချွန်ကားကား လို့ရေးထားတာ တွေ့ရပါတယ်…။
လူကို ဒုက္ခမပေးပေမယ့် စတတ် ၊ နောက်တတ်ကြတယ်လို့ ကြားဘူးတယ်…။များသောအားဖြင့် ညောင်ညို ပင်ကြီးတွေ ၊ ကုက္ကို ပင်ကြီးတွေမှာ နေထိုင်တတ်ကြောင်း သိရပါတယ်…။
တစ်ခါတစ်လေ ပင်လယ်သမုဒ္ဒရာထဲ လှေစီး ငါးဖမ်းထွက်
ကြတဲ့ တံငါသယ်တွေလည်း သူတို့လှေထဲမှာ မှင်စာလေးတွေကို တွေ့တတ်တယ်လို့ ကြားဘူးတယ်…။ကျနော်ကြုံတွေ့ဘူးတဲ့ မှင်စာကျတော့ အဲဒီလို ပုံစံမဟုတ်ဘူးခင်ဗျ…။
ဒီလိုပါ…။
2003-2004 ခုနှစ်ဝန်းကျင်မှာ ကျနော် ပဲခူးရိုးမ ၊ အုတ်တွင်း အနောက်ဘက် သစ်ထုတ်လုပ်ရေး စခန်းမှာ အလုပ်လုပ်ခဲ့
တယ်…။ အခုဖြစ်ရပ်က သစ်ထုတ်လုပ်ရေးစခန်း လုပ်ကွက်
(1.11) အရိုးတောင်မှာ ကြုံ တွေ့ခဲ့တာပါ…။
ကျနော်တို့ သစ်ထုတ်လုပ်ရေး စခန်းမှာ သစ်ထုတ်တဲ့ စခန်းကြီး ၊ စက်ကြီးစခန်း ၊ ဆင်စခန်းများဆိုပြီး သူ့စခန်းနဲ့သူ အလုပ်လုပ်ကြတယ်…။ ကျနော်ကတော့ စက်ကြီးခန်းမှာ အလုပ်လုပ်တယ်…။
တစ်ညမှာပေါ့ဗျာ…။
အဲဒီညမှာ ကျနော်တို့ ညမိုးချုပ်ခါနီးအချိန် အလုပ်နားပြီးတာနဲ့ အမောပြေဆိုပြီး အရက်ထိုင်သောက်ကြတယ်…။ အရက်သောက်ပြီးတာနဲ့ ချက်ပြုတ်စားဖို့သောက်ဖို့ဆိုပြီး ရိက္ခာကြည့်လိုက်တော့ ရိက္ခာပြတ်နေတာ တွေ့ရတယ်…။ မစားမသောက်နဲ့ အငတ်ခံလို့လည်း မဖြစ်ဘူး…။
ရိုးမတောမှာက မိုးချုပ်ခါနီးအချိန်ရောက်တာနဲ့ မှောင်နေပြီ…။ စားဖို့သောက်ဖို့အတွက် ရိက္ခာက မသွားယူလို့လည်း မဖြစ်ဘူး…။
ဒါနဲ့ ကျနော်လည်း ဆင်စခန်းမှာ ရိက္ခာသွားယူဖို့ဆိုပြီး စက်ကြီးစခန်းကနေ ထွက်လာလိုက်တယ်…။ ကျနော်တို့ စက်ကြီးစခန်းနဲ့ ဆင်စခန်းက သုံးမိုင်လောက်ဝေးတယ်…။ အဲဒီ
လမ်းခရီးက ဒေသခံကရင်တွေက ကြမ်းတယ်လို့လည်း ပြော
ကြတယ်…။ ကျနော်က တော်ရုံ အယုံအကြည်ရှိတဲ့သူမဟုတ်
ဘူးလေ…။ လက်တွေ့ကျကျ စမ်းသပ်မှ ယုံတတ်တယ်…။ သူတို့က ကြမ်းတယ်လို့ ပြောတာနဲ့ ကျနော်က ကြောက်ရမှာ
လားဗျာ…။ ဒါနဲ့ ကျနော်လည်း လိုရမယ်ရ လမ်းခရီးမှာ တစ်ခုခုဖြစ်ရင် ကာကွယ်နိုင်ဖို့ဆိုပြီး တူမီးသေနတ်နဲ့ ခါးမှာဆောင်ထားတဲ့ ဓားကို လွယ်ပြီး ဆင်စခန်းကို ထွက်လာခဲ့တယ်…။
ညမှောင်နေပြီ…။ အဲဒီည လ ကလည်း သာနေတယ်…။
အဲဒီလိုနဲ့ဗျာ…။ ကျနော် ဆင်စခန်းကို ထွက်လာရင်း
ဆင်စခန်းရောက်ခါနီးအလို သစ်ပုံကြီးဘေး တစ်နေရာမှာ
ရောက်လာတော့ ကြောင်ကြီးတစ်ကောင်ကို တွေ့မြင်လိုက်တယ်…။ ခန္ဓာကိုယ်က ခွေးလောက်နီးပါး ထွားကြိုင်းနေတယ်
…။ အမွေးအရောင်က အဖြူ အနီ အကြားနဲ့ဗျ …။ ညမှောင်နေ
တော့ သိပ်မသဲကွဲဘူး…။ လူက မူးနေတာလည်း ပါတာပေါ့..။
ဒါနဲ့ ကျနော်လည်း အဲဒီအကောင်ကို မြင်လည်း မြင်ရော..။
ဟုတ်ပြီ…ဆိုပြီးပါလာတဲ့ တူမီးသေနတ်နဲ့ ‘ဒိုင်း ‘ခနဲ ဆော်ထည့်လိုက်တယ် ။မထိဘူးဗျ …။ ရှောင်လိုက်တာ လှစ်ခနဲပဲ…။ အတော်မြန်တယ်…။ ဒါပေမယ့်…..ဒီကောင်က ကျနော် ဒီလောက် တူမီးသေနတ်နဲ့ပစ်တာ လုံးဝမပြေးဘူး…။
လှစ်ခနဲ ရှောင်ပြီး မလှမ်းမကမ်းမှာ ရပ်နေတယ်…။ သာမန် တိရိစ္ဆာန်သတ္တဝါကြောင်တစ်ကောင်ဆို ဘယ်နေမလဲ…။ ကျနော်လည်း နောက်ထပ်’ ဒိုင်း’ခနဲ ထပ်ပစ်လိုက်တယ်…။ ထပ်ရှောင်ပြီး ရပ်ကြည့်နေပြန်တယ်…။
ဟာ…ဒီလောက် ဖြစ်တဲ့ကောင်ကွာ ဆိုပြီး တစ်ဒိုင်းဒိုင်းနဲ့
ထပ်ဆော်လိုက်တယ်…။ သကောင့်သားလည်း ရှောင်လိုက်တာ လှစ်ခနဲ လှစ်ခနဲပဲ…။ ပြေးလည်း မပြေးဘူး…။ လူကို ပြောင်ပြနေသလို ဖြစ်နေတယ်…။မြန်တာတော့ အတော်မြန်
တယ်…။
နောက်ဆုံး ကျနော့် တူမီးသေနတ် ယမ်းကုန်သွားတဲ့အထိပဲဗျ…။ ယမ်းကုန်တော့ လူက အတော်ကြီးကို စိတ်တိုနေပြီ…။ ဒါနဲ့ သေနတ်မရှိတော့ ခါးမှာ ပါလာတဲ့ ဓားနဲ့ အဲဒီအကောင်ကို လိုက်ခုတ်နေလိုက်တယ်…။ ဒီကောင်က တကယ့်ကောင်ဗျာ…။ ကျနော့်ဓားချက်ကို လှစ်ခနဲ လှစ်ခနဲ ရှောင်ပြီး ပတ်ပြေးနေတယ်…။ ဝေးဝေးလည်း မပြေးဘူးဗျ …။ လူကို ပြောင်ပြနေသလို ဟိုနားပတ်ပြေး ၊ ဒီနားပတ်ပြေးနဲ့…။
သူအဲဒီလိုလုပ်ပြလေလေ ကျနော်စိတ်မရိုးမရွဖြစ်လေလေပဲ…။ စိတ်တိုတာ မကတော့ဘူး…။ အသေရရ အရှင်ရရ
ဆိုပြီး ကျနော်အဲဒီအကောင်နောက်ကို သဲကြီးမဲကြီး လိုက်နေ
မိတယ်…။
ကြာတော့ ဒီကောင်ပတ်ပြေးရင်းနဲ့ သစ်ပုံကြားတစ်ခုမှာ
ဝင်ပြေးလိုက်တယ်…။ ဖြစ်ချင်တော့ အဲဒီသစ်ပုံကြီးက ရှေ့မှာ
ဆက်တိုးလို့ မရဘူးဖြစ်နေတယ်…။ သူ့ခန္ဓာကိုယ်က အထဲဝင်နေပြီး ခြေထောက်နှစ်ခုက အပြင်မှာ ပေါ်နေတယ်…။
ဒါနဲ့ ကျနော်လည်း ‘မင်း ဘယ်ပြေးမလဲ ‘ဆိုပြီး သူ့ခြေထောက်ကို ဆွဲထုတ်လိုက်တယ်…။ သူက အတင်းရုန်းတာ
ပေါ့…။ တော်ရုံနဲ့ ဆွဲထုတ်လို့ မရဘူး…။
အဲဒီ အချိန်မှာပဲ ဆင်စခန်းက ဆင်ထိန်းတွေ ရောက်လာပြီး ” ဒိုကြီး…လွတ်လိုက်…လွတ်လိုက်…”ဆိုပြီး အတင်း
အော်ပြောနေကြတယ်…။
ကျနော်ကလည်း စိတ်တိုတိုနဲ့ လိုက်ဖမ်းနေရတဲ့သူဆိုတော့ “ဟာ…ဘာလို့ လွတ်ရမှာလဲဟ…ဒီမှာ ကြောင်ကြီးတစ်
ကောင် မိနေပြီ…ဝိုင်းကူဆွဲထုတ်ကြဦး…”ဆိုပြီး ပြန်ပြောလိုက်တယ်…။
ဆင်ထိန်း ဆင်ဦးစီးတွေက
“ဒိုကြီး…လွတ်လိုက်…အဲဒါ ကြောင်ကြီးမဟုတ်ဘူး…
မှင်စာ…မှင်စာ…..မင်း သူ့ကို သတ်ရင် မင်းလည်း သေလိမ့်မယ်…မင်း သူ့မျက်နှာကို အသေအချာကြည့်…”ဆိုပြီး အော်
ပြောကြတယ်…။
ဒါနဲ့ သူတို့တွေ ပြောထားတဲ့အတိုင်းပဲ အဲဒီအကောင်ကို
ရအောင် ဆွဲထုတ်ပြီး လရောင်အောက်မှာ အသေအချာ ကြည့်လိုက်တော့… လား…လား…။အခုမှ အဲဒီအကောင်မျက်နှာကို အသေအချာမြင်ရတော့ ကျနော်မှာ ကြက်သီးဖျန်းဖျန်းထပြီး တကယ်ကိုလန့်သွားတယ်…။ အမူးတွေ ပြေပြီး ဘာဖြစ်သွားမှန်း မသိဘူးဗျာ…။
အဲဒီအကောင်က လူမျက်နှာနဲ့ဗျ …။ ခန္ဓာကိုယ်က ခွေးခန္ဓာကိုယ်…။ ခြေထောက်က နွားခြေထောက်နဲ့…။ အခုမှ
အသေအချာ ကြည့်မိတယ်…။ ရုတ်တရက် ကြောင်ကြီးတစ်
ကောင်လို့ ထင်ရပေမယ့် ကြောင်ကြီးမဟုတ်ပဲ ဆင်ထိန်းတွေ
ပြောသလို မှင်စာ ဖြစ်နေတယ်…။ တကယ့်ကို ထူးဆန်းတဲ့ သတ္တဝါတစ်မျိုးပဲဗျာ…။ တစ်သက်နဲ့တစ်ကိုယ် ကျနော်တစ်ခါမှ မမြင်ဘူး ၊ မတွေ့ဘူး ၊ မကြုံဘူးတဲ့ သတ္တဝါ…။ ရှိတယ်လို့တောင် မထင်တဲ့ သတ္တဝါတစ်မျိုးပါ…။ တကယ့်ကို အံ့သြစရာ
သတ္တဝါပဲဗျာ…။
ဒါနဲ့ ကျနော်လည်း ပြန်လွတ်လိုက်တော့ ကျနော့်ရှေ့ကနေ
လှစ်ခနဲ သစ်ပုံကြီးဘေးကနေ တောထဲ ဝင်ပြေးသွားတယ်…။
ဆင်ထိန်းတွေ ပြောတော့မှ မှင်စာဆိုတာ ဒီလိုသတ္တဝါမျိုးပါလား ဆိုပြီး သိလိုက်ရတယ်ဗျာ…။ သူ့ကို သတ်လို့မရဘူးတဲ့…။ သတ်ရင် သတ်တဲ့သူလည်း မကြာခင်မှာပဲ အကြောင်းတစ်ခုခုကြောင့်သေသွားကြရတယ်တဲ့ဗျာ…။ အဲဒါပါပဲ…။ ကျနော်ကြုံတွေ့ဘူး
တဲ့ မှင်စာက…။ အဲဒီည ဖြစ်ရပ်ကို ကျနော် လုံးဝ မေ့လို့မရဘူး
ဗျာ…။

*****

“အဲဒီ အဖြစ်က ဖြစ်ရပ်မှန်လား …”

“ဖြစ်ရပ်မှန်ပေါ့ အစ်ကိုရ…ကျနော်ကိုယ်တိုင် ကြုံ တွေ့ရတာပါ…”

“ဪ…..”

“မယုံတဲ့သူဆိုရင် ကျနော်ဆီကို ကိုယ်တိုင်လာမေးလို့
ရတယ်…မလာနိုင်ဘူးဆိုရင် ဖုန်းနံပါတ်ပေးလိုက်မယ်…
097842732(- )…အဲဒီဖုန်းနံပါတ်ကို ဆက်လိုက်ပါ အစ်ကို ”

“ရပါပြီညီရေ…အဲဒီလောက်လည်း မလိုပါဘူးကွာ…”

“အမြဲအားပေးလျှက်ပါ…စာရေးဆရာတွေ မှန်သမျှ လေးစားပါတယ်….”

အထက်ပါ အကြောင်းအရာကို ကျနော့် facebook chat
box ကနေ ညီလေး ဒိုကြီးခေါ် နိုင်လင်းဦးကနေ လာရောက်
ပြောပြခြင်း ဖြစ်၏ …။
သည်ဖြစ်ရပ်က မဖြစ်နိုင်စရာ အကြောင်းမရှိချေ …။ တစ်လောကမှ facebook ပေါ်တွင် မျက်လုံးတစ်လုံးသာ ပါလာပြီး
မွေဖွားလာသော ကလေးငယ် ။ နိုင်ငံခြား ကားလမ်းဘေးတွင် အမည်မသိ လူလိုလို ၊ လိပ်လိုလို ၊ ဖွတ်လိုလို
သတ္တဝါ …စသည်ဖြင့် ကျနော်တို့ လူလောကတွင် ဆန်းကြယ်
သော သတ္တဝါမျိုးစုံ ရှိနေကြပါသည်…။
မြတ်ဗုဒ္ဓ၏ ဒေသနာတော်တွင်လည်း ဆန်းကြယ်သော ကံတရားကြောင့် ဘဝခန္ဓာထူးဆန်းထွေပြားစွာ ရရှိလာကြ
သော မြင်အပ် ၊ မမြင်အပ်သော သတ္တဝါမျိုးစုံအကြောင်း ရှိနေ
ပါသည်…။ မြင်အပ်သော သတ္တဝါထက် မမြင်အပ်သော သတ္တဝါတွေ မျိုးစုံရှိကြောင်းလည်း ပေတဝတ္ထု များတွင် ဖတ်ရှု
လေ့လာရပါသည်…။ လူ့ခန္ဓာကိုယ်နှင့် ဝက်ခေါင်းပြိတ္တာများ ၊
မြွေခန္ဓာကိုယ်နှင့် လူပြိတ္တာများ ၊ စသည်ဖြင့် မျိုးစုံရှိနေကြလေ
သည် …။ မှင်စာ ဆိုတာကလည်း ပေတမျိုးနွယ်ဝင်ဖြစ်ပြီး
ကံတရားအလျောက် ခန္ဓာကိုယ်တည်ဆောက်ပုံ မျိုးစုံရှိနေကြ
မည်သာ ဖြစ်၏…။
မြတ်ဗုဒ္ဓ၏ တရားသဘောအရ ဤသို့ ဘဝခန္ဓာရရှိလာနေ
ကြသည်မှာ အတိတ်ဘဝမှ ပြုစုပျိုးထောင်သော ကာယကံ ၊
ဝစီကံ ၊ မနောကံ တည်းဟူသော ကံတရား၏ အကျိုးပေး ရောင်ပြန်ဟပ်မှုကြောင့် ဖြစ်နေရကြောင်း မှတ်သားရဘူးပါ
သည်…။့  ကံ ၊ ကံ၏ အကျိုးပေးမှုကြောင့် သံသရာ
အထပ်ထပ် ကျင်လည် ၊ ဘဝခန္ဓာတွေ မျိုးစုံရရှိ ခံစားနေရ့ပြီး ကံတရားကြောင့် သံသရာလည်မဆုံး ဖြစ်နေရကြလေသည် …။ ကံတရား၏ အဆုံးသတ်ရေးမှာ ထက်မြက်သောဝိပဿ နာလမ်းစဉ်မှလွဲ၍ တစ်ခြားလမ်းစဉ်ဟူ၍ မရှိပါချေ …။အကြောင်းကံတရားရှိနေသေးသ၍ အကျိုးခန္ဓာ ရရှိနေကြဦးမည်သာ ဖြစ်နေကြတော့၏ …။ပုထုဇဉ် ပုဂ္ဂိုလ် သတ္တဝါများသည် အကြောင်းကံတရားတည်းဟူသော ပြဿ နာရင်းအမြစ်ကို အသေမသတ်နိုင်သေးသမျှ
အကြောင်းတိုက်ဆိုင်၍ အကျိုးပေးချိန်ကြုံတွေ့ရပါက ဤသို့
သော ဘဝခန္ဓာမျိုး မရရှိနိုင်ဟု အာမခံချက် မရှိကြချေ …။
ကံတရား၏ ဆန်းကြယ်မှု ၊ လောကကြီး၏ ဆန်းကြယ်မှုကား
သာမန်ဉာဏ်အမြင်ဖြင့် မည်သို့ ကြံစည်စိတ်ကူး၍ ရနိုင်ပါမည်
နည်း…။

( ပြီး )

မင်းကံစည်ဝင်း

Credit’ ဆရာ မင်းကံစည်ဝင်း

ဝဋ်ကြွေးကြမ္မာ

aq24.jpg

{စ/ဆုံး}
•••••••
””ဒိုင်း•••••••””””
“””ဝုန်းးးးးးဝူးးးးးးဝေါ”””
သေနတ်သံနှင့်တောတိုးသံများများက
တစ်တောလုံးဆူညံသွားလေသည်။
ထိတဲ့အကောင်ကထိ၍••မထိတဲ့အကောင်က
အသက်လုပြေးလွှားသွားကြလေပြီ။
ဒါကိုထွန်းအုပ်တို့လူစု
စုစုပေါင်းမျောက်ပစ်အဖွဲ့ခုနစ်ယောက်က
သနားရမည့်အစားးး
တဝါးဝါးတဟားဟားသဘောကျနေကြလေသည်။
“””ဟားးးးးဟားးးးတော်တော်များများထိကုန်ကြတယ်
ထင်တယ်”””
ထွန်းအုပ်၏အပြောကို•••
စောထီးက
“””အေးကွအနည်းဆုံးငါးကောင်ရှိလောက်တယ်”””
ကျန်လူများက•••မျောက်များပစ်ခတ်ရာ
သစ်ပင်ကြီးအောက်သို့ရောက်ကုန်ကြလေပြီ။
တောကြီးမို့ခြုံနွယ်ထူထပ်ကာ
တောစီးဖိနပ်စီးထားသည့်တိုင်
ဆူးငြောင့်ခလုတ်များကိုအတော်ရှောင်ရှားနေရသည်။
•••••ထွန်းအုပ်တို့တာဝန်ကျရာ
သစ်တောကြိုးဝိုင်းက••ခေါင်လှသည့်အပြင်
တောကြီးနှင့်ဆက်စပ်နေသည်မို့
သားရဲပေါသည်။
တောဆင်ရိုင်းအုပ်နှင့်တွေ့ရင်
တကယ်မလွယ်လှတာမို့
သေနတ်တွေကိုလိုင်စင်နှင့်ချထားပေးသည်။
ခုတော့သေနတ်ကတောဆင်ရိုင်းတွေ:-)
သားရဲတွေအန္တရာယ်မှမကာကွယ်ရပဲ
အပျော်တမ်းတောပစ်ထွက်စရာ•••
ကစားစရာလက်နက်ဖြစ်နေတော့သည်။
ထွန်းအုပ်သည် ခြုံနွယ်တွေတိုးဝှေ့ကာအလာ•••
ဝက်သစ်ချပင်ကြီးအောက်ခြေနားတွင်
လှုပ်လှုပ်ရွရွဖြစ်နေသော•••
ုမြင်ကွင်းကြောင့်
ခြေကိုဖွနင်းကာ ထိုအနားသို့ချည်းကပ်သွားလိုက်သည်။
“””ဟာ•••••”””””
မြင်လိုက်ရသောမြင်ကွင်းကြောင့်
ဟာကနဲဖြစ်သွားရသည်။•••
သေနတ်ဒဏ်ရာနှင့် အသက်ပျောက်နေပြီဖြစ်သော
မျောက်မကြီးသည်•••သစ်ပင်ပေါ်မှအကျ
မိမိကလေးအားထိခိုက်မှာစိုးတာကြောင့်
ရင်ခွင်ထဲအသေဖက်ထားပုံရသည်။
မျောက်သားပေါက်လေးမှာ•••
အမေမျောက်မကြီးသေသည်ကိုမသိရှာပဲ•••
နို့ကိုဆွဲလိုက်•••မျက်နှာကိုဆော့ကစားလိုက်နဲ့
ရှိနေရသည်။•••••
ထွန်းအုပ်အနားကပ်သွားတော့•••
လူမြင်သည်နှင့်မျောက်သားပေါက်လေးကမိခင်မျောက်မကြီး၏
ရင်ခွင်ထဲပိုတိုးကပ်သွားလေသည်။
ထွန်းအုပ်အနားကပ်သွားပြီးးးး
မိခင်မျောက်မကြီးမျက်နာမြင်တော့
ကျောထဲထိစိမ့်တက်သွားရသည်။
မချိမဆံနှင့်ဝေဒနာခံစားသွားရရှာသော
မျောက်မကြီး•၏မျက်လုံးများသည် မျက်ရည်စီး
ကြောင်းနှင့်ပြူးဝိုင်းနေကာ•••
တန်ပြန်ကျိန်စာတိုက်နေသယောင်ရှိသည်။
“””ထွန်းအုပ်ရေ•••ထွန်းအုပ်••••”””
သူ့နာမည်အော်သံကြောင့်သတိဝင်လာကာ
“””ဒီဘက်•••လာကြပါဦးကွာ””” သူခေါ်လိုက်သံကြောင့်စောထီးနှင့်အောင်သိန်းးးခွေးပုတို့ရောက်လာကြ
သည်။အောင်သိန်းကသူနှင့်တူတူ
ရွှေညောင်သစ်တောကြိုးဝိုင်းမှာတာဝန်ကျတာဖြစ်ပြီးးး
စောထီးနှင့်ခွေးပုက••ရွှေညောင်ရွာသား
တွေဖြစ်သည်။
အောင်သိန်းမှာမျောက်သားအမိကိုမြင်တော့
သူ့လိုပင်”””ဟာ”””ကနဲဖြစ်သွားလေသည်။
စောထီးက
“””ဒါများအဆန်းလုပ်လို့ဆရာတို့ရယ်•••
နေဝင်တော့မယ်••မျောက်သေ••ကြိုးတုတ်လိုက်တော့
မျောက်ကလေးကထားခဲ့•••ရှေ့ကသုံးယောက်ကသွားနှင့်ပြီ”””
ထွန်းအုပ်က
“””ကျုပ်ဒီမျောက်ကို သဂြိုလ်ပေးချင်တယ်ဗျာ•••
နောက်တောမပစ်တော့ဘူး”””
ထွန်းအုပ်အပြောကို အောင်သိန်းက•••
“”‘ငါလည်းထောက်ခံတယ်ကွာ””””
စောထီးနှင့်ခွေးပုကဝင်၍
“””စိတ်ထဲထားမနေပါနဲ့ဗျာ•••
တိရစ္ဆာန်ဆိုတာ လူချွတ်မှကျွတ်တာပါဗျ”””
ထွန်းအုပ်စိတ်တိုလာကာ•••
“””ကျုပ်စိတ်ထဲထင့်နေတယ်ခင်ဗျားတို့လိုရင်ယူဗျာ:-):-
မျောက်သားပေါက်လေးကိုကျုပ်ယူမယ်””””
ထွန်းအုပ်ပြောပြောဆိုဆို•••
မျောက်မကြီးရင်ခွင်ထဲမှမျောက်သားပေါက်လေးကို
ဆွဲယူလိုက်သည်။
သေဆုံးနေသည့်တိုင်မြဲမြံနေသော ကျောက်ကြီး၏
လက်များကသူ့ကလေးကိုပွေ့ထားဆဲ။
ထွန်းအုပ်မျောက်မကြီးအလောင်းနားကပ်ကာ
“””ကျုပ်မိုက်ပစ်ကိုခွင့်လွတ်ပါ:-)
နောက်ဘယ်တော့မှတောမပစ်တော့ပါဘူးးး
ဒီကလေးကိုလည်းသေချာစောင့်ရှောက်ပေးပါ့မယ်””””
ထိုအခါမှမျောက်ကလေးကိုသေချာယူလိုက်နိုင်လေသည်။
{၂}
မျောက်သားပေါက်လေးကိုယူပြီးသည်နှင့်
ထွန်းအုပ်နေရာမှလှည့်ထွက်လိုက်လေသည်။
အောင်သိန်းလည်းသူ့နောက်ကပါလာသည်။
ဖြစ်ချင်တော့•••နေလည်းဝင်လမ်းလည်းရှာမရတော့။
သူတို့ကဒီနယ်သားမဟုတ်တာထားတော့။
စောထီးနှင့်ခွေးပုတို့ပါလမ်းရှာမရတော့တာ
ဆန်းသည်။တဖြည်းဖြည်းနှင့်လမ်းရှာရင်းအမှောင်ကြီးစိုးလာတာမို့
တစ်နည်းစဉ်းစားရတော့သည်။
အရင်သွားနှင့်သော
အောင်မြင်၊ညီကျော်နှင့်ချစ်ညိုတို့ကိုလည်းမတွေ့ပေ။
ခွေးပုနှင့်စောထီးကမျောက်မကြီးအသေကောင်ကို
လက်နှစ်ဖက်ခြေနှစ်ကြိုးတုပ်ကာ တုတ်လျှိုသွင်း၍
ထမ်းထားရတာမို့လမ်းကပျောက်
မှောင်ကမှောင်နှင့်ခြေလက်တွေလည်းသေလာလေသည်။
အောင်သိန်းက
“””ဒီတိုင်းဆက်သွားနေလို့တော့အဆင်မပြေလောက်ဘူးကွ
တောနက်ပိုင်းဆိုတော့တောကောင်တွေလည်းကြောက်ရတယ်
ဒီညတောထဲမှာအိပ်ပြီးးးမနက်မှဆက်သွားရမယ်နဲ့တူတယ်”””
ခွေးပုက
“”ကျုပ်လည်းထောက်ခံတယ်•••
ညဘက်ကြီးတောခွေးအုပ်နဲ့တွေ့ရင်
တောကောင်ထက်ကြောက်စရာကောင်းတယ်”””
လေးယောက်သဘောတူညီချက်နှင့်
တောထဲညအိပ်ရန်ဆုံးဖြတ်လိုက်သည်။
ထွန်းအုပ်က
“””ဒီတိုင်းကြီးအိပ်လို့အဆင်ပြေမှာ
မဟုတ်ဘူးထင်တယ်•••လင့်စင်လေးလုပ်လိုက်ရင်ကောင်းမယ်”””
“””အေးကွ•••ဟောဟို••အပင်ဆိုအဆင်ပြေမယ်•••
အပေါ်ပိုင်းမှာ•••အခက်တွေလည်းများတယ်••••”””
စောထီးတို့ကတောသားဆိုတော့
ဒါမျိုးကျမြန်သည်။သစ်ကိုတွေချိုင်လိုက်ကာ
တောထဲမှနွယ်ကြိုးဖြင့်
သစ်ပင်ပေါ်တွင်ယာယီလင့်စင်လေးပြီးသွားလေသည်။
နေဖို့ကအဆင်ပြေပြီ။
ဗိုက်ထဲကအတော်ဆာလောင်လာကြသည်။
ညဦးပဲ့ရှိသေးတာမို့လင့်စင်ပေါ်မတက်သေးပဲ
မီးတစ်ဖိုအရင်ဖိုလိုက်သည်။
ထွန်းအုပ်ကပတ်ဝန်းကျင်လေ့လာကြည့်ရင်းးး
တောငှက်ပျောပင်တွေ့ရာ အသီးတွေမှည့်နေတာမို့
ဗိုက်ဆာတာပင်မေ့သွားရသည်။
မျောက်သားပေါက်လေးအတွက်တော့အစာရပြီ။
စောထီးနှင့်ခွေးပုကမူ
မျောက်မကြီးလက်တစ်ဖက်ချိုးလိုက်ကာ•••
မီးဖိုထဲပစ်ထည့်လိုက်သည်။
ထွန်းအုပ်မှာမကြည့်ရက်တာမို့လင့်စင်ပေါ်တက်ရန်ပြင်လိုက်သည်။
ရုတ်တရက်သူ့လက်ထဲကမျောက်သားပေါက်လေးခုန်ချလိုက်ကာ
လက်မရှိတော့သောမိခင်မျောက်မကြီးးးနားကပ်ကာ
နို့ကိုဆွဲစို့နေလေသည်။
ထိုမြင်ကွင်းကြောင့်အောင်သိန်းနှင့်ထွန်းအုပ်တို့ယောကျာ်းရင့်မာကြီးပင်
မျက်ရည်စို့များလေသည်။
ထွန်းအုပ်ကမျောက်လေးကိုဆွဲယူကာ
လင့်စင်ပေါ်တက်လိုက်သည်။
စောထီးနှင့်ခွေးပုကမီးဖိုထဲမှမျောက်လက်ကိုထုတ်ယူကာ
အမဲစများဖယ်ကာ
မြိန်ရေယှက်ရေစားသောက်နေကြလေသည်။
ညအနည်းငယ်နက်လာသည်နှင့်မျောက်မကြီးအသေကောင်ကို
မြေကြီးတွင်ထားခဲ့ကာ
လင့်စင်ပေါ်တက်လာကြသည်။
မျောက်ကလေးကိုတော့တောငှက်ပျောသီးအခွံနွာကျွေးကာ
ထွန်းအုပ်နှင့်အောင်သိန်းက
ပါလာသောရေဗူးထဲမှရေကိုသောက်ကာ
အာသာဖြေနေရသည်။
တောစောင့်နတ်တောင်စောင့်နတ်နှင့်မျောက်သားပေါက်လေးမေမေကိုပါမေတ္တာပို့သအမျှဝေကာ အိပ်ပျော်ရန်ကြိုးစားသော်လည်း
ဗိုက်ကဆာနေတာတာမို့မည်မျှပင်ကြိုးစားအိပ်စေကာ
မူအိပ်လို့မရ။
စောထီးနှင့်ခွေးပုတို့ကဟောက်သံပင်ပေးနေလေပြီ။
ညနက်လာသည်နှင့်တောထဲမှာမို့အအေးဓာတ်လည်း
ပိုကဲလာလေသည်။
ထိုစဉ်တောထဲဘက်ဆီမှ
•••”””ဝုန်းးးးးးဝရုန်းးးးးးးဝူးးးးးဝေါးးးးးး”””
တောတိုးသံတွေ နှင့်အသံဗလံပေါင်းစုံကတောထဲဘက်မှထွက်လာလေသည်။
“””ဝေ့•••စောထီးးးးး””””
‘””ဆရာလေးထွန်းအုပ်”””
မီးရောင်များနှင့်တောတန်းဘက်မှ••လူတစ်စုထွက်လာလေသည်။
ထွန်းအုပ်အရင်နိုးလာကာ
ပါလာသောမီးခြစ်ကိုခြစ်၍မီးခြစ်အလင်းရောင်ဖြင့်
နာရီကိုကြည့်လိုက်တော့
တစ်နာရီ။
ဒီအချိန်ကြီးဒီလူတွေလာတယ်ဆိုတာဖြစ်နိုင်ပါ့မလား။
လူကြီးသူမတွေပြောသလို•••တောခြောက်တာများလားးးး
ခဏနေတော့ခွေးပုရော•••
စောထီးပါနိုးလာလေသည်။
လူအုပ်ကြီးမှာလည်းသူတို့နေသော
လင့်စင်ရှိရာ မနီးမဝေးသို့ရောက်လာကြရာ
အောင်မြင်၊ညီကျော်နှင့် ချစ်ညိုတို့ပါပါလာကြတာတွေ့ရသည်။
ထို့နောက်မျက်နှာစိမ်းလူအချိုနှင့်
ရွာထဲမှ ဦးငွေယုံပါတွေ့ရသည်။
“””ဆရာလေးထွန်းအုပ်•ကျုပ်တို့လာခေါ်တာ”””
အောင်မြင်က•••သူနှင့်တူတူတာဝန်ကျတဲ့ထဲပါသည်။
“””မင်းတို့လမ်းပျောက်နေတာသိလို့စခန်းမှာ
မျောက်သေတွေထားခဲ့ပြီးရွာကလူတွေခေါ်ပြီးပြန်လာတာ””””
ထွန်းအုပ်ကလ့င့်စင်အောက်ဆင်းရန်ပြုနေသော
ခွေးပုနှင့်စောထီးအားးးး
“””ခင်ဗျားတို့ကြည့်လည်းလုပ်ဦး
ဗျာ•••ဒီချိန်ကြီးးးကျုပ်တို့ကိုလာရှာပါ့မလား
တောခြောက်တာမဖြစ်နိုင်ဘူးလားးး'””
စောထီးက
“””ဆရာလေးတို့ခေတ်ပညာတတ်ဖြစ်ပြီးအတွေးတိမ်ရန်ကော
ကျုပ်တို့တောသား ဆရာလေးတို့ထက်ပိုသိတယ်
မလိုက်ရဲရင်နေခဲ့ပေတော့””””
စောထီးနှင့်ခွေးပုကပြောချင်ရာပြောပြီးးး
လင့်စင်အောက်ဆင်းသွားလေပြီ။
အောင်သိန်းကတော့••••အိပ်ကောင်းဆဲ။
စောထီးနှင့်ခွေးပုနှစ်ယောက်သည်•••
မီးတုတ်နှင့်လူအုပ်နားတိုးသွားလိုက်သည်။
ထိုစဉ်မျောက်အော်သံလို
ကွိကွိကွကွအသံများကိုနားကွဲမတတ်ကြားရတာမို့
နားနှစ်ဖက်ကိုပိတ်လိုက်သည်။
ထွန်းအုပ်လင့်စင်ပေါ်ကနေကြည့်နေရာ
လူအုပ်ကြီးသည်
ပျောက်ချင်းမလှပျောက်ကွယ်သွားပြီးအရွယ်မျိုးစုံသော
မျောက်အုပ်ကြီးဖြစ်သွားလေသည်။
စောထီးတို့နှစ်ယောက်မှာ•••အံ့သြ
မှင်သက်ကာ လင့်စင်ဘက်ပြန်အလှည့်
မျောက်အုပ်ကြီး၏ဆွဲလွဲကုတ်ခြစ်မှုကိုခံလိုက်ရလေသည်။
ရုတ်တရက်••••စောထီးမှာ
သူ့ဆီအငြိုးတကြီးးးးတိုးဝင်လာသော
မျောက်တစ်ကောင်ကြောင့်အံ့သြသွားရသည်။
အကြောင်းမှာ သေနတ်ဒဏ်
သေနတ်ဒဏ်ရာနှင့်အသက်ပျောက်နေပြီးးးသော
လက်တစ်ဖက်ဖြတ်စားခံရသော
မျောက်မကြီးဖြစ်နေသောကြောင့်ပင်။
“”””အားးးးးး””””””
စောထီးနှင့်ခွေးပုတို့၏ အော်သံကြီးက
တစ်တောလုံးဟိန်းသွားလေသည်။
ထွန်းအုပ်မှာဆက်မကြည့်ရဲတာကြောင့်
မျက်လုံးကိုမှိတ်ချလိုက်သည်။
တစ်ညတာကရှည်ကြာလိုက်လေခြင်း။
~~~~~~~~~^^^^~~~~~~~~
{၃}
ဇာတ်သိမ်း
^^^^^^^~~~~~~~~~~~~~~
ဘယ်လိုအပ်ပျော်သွားသည်မသိ။
မျက်နှာပေါ်မှယားကျိကျိအထိအတွေ့
နိုးထလာရသည်။
နေတောင်ထွက်ပြီကော။
မျောက်သားပေါက်လေးက
သူ့လက်သေးသေးဖြင့် ထွန်းအုပ်မျက်နှာကို
ဆော့ကစားနေခြင်းဖြစ်သည်။
ထွန်းအုပ်လင့်စင်အောက်သို့မကြည့်
ရဲသေးပဲအိပ်နေသော
အောင်သိန်းကိုအရင်နိုးလိုက်သည်။
“””အောင်သိန်းးးးးထ•^^•ထကွာ””””
“””ဟေ့ကောင်••••ထကြည့်ပါဦးကွ”””
အောင်သိန်းကမျက်လုံးပွတ်ကာ
ဇဝေဇဝါကြည့်လိုက်သည်။
“”ဟင်ဘယ်နေရာလဲကွ”””
“””ညကတောထဲမှာအိပ်တာလေ•••စောထီးနဲ့ခွေးပုတော့
ဇာတ်သိမ်းမလှတော့ဘူး”””
ထွန်းအုပ်နှင့်အောင်သိန်းလင့်စင်အောက်သို့ကြည့်လိုက်ရာ
မျောက်မကြီးအသေကောင်မှာ:-)•••
ပျောက်ခြင်းမလှပျောက်နေပြီးးးးး
မြေကြီးပေါ်တွင်ဝမ်းလျားမှောက်နေသော
စောထီးနှင့်ခွေးပုကိုတွေ့ရလေသည်။
ထွန်းအုပ်ကမျောက်ကလေးကိုချီကာ သေနတ်ကို
တစ်ဖက်ကကိုင်၍
လင့်စင်အောက်ဆင်းလိုက်သည်။
အောင်သိန်းလည်းသေနတ်ကိုအသင့်အနေအထညးကိုင်
၍ သူ့နားကပ်ပါလာသည်။
စောထီးနှင့်ခွေးပူအလောင်းကိုမြင်တော့
စိတ်မကောင်းစရာ
တစ်ကိုယ်လုံးလက်သည်းနှင့်ခြစ်ထားသလို
ခြစ်ရာစင်းရာများဖြင့်
မျက်နှာကြီးဖူးယောင်ဖောင်းကား
ကာအသက်ပျောက်နေကြသည်။
ထူးဆန်းတာက•••
နှစ်ယောက်စလုံးလက်တစ်ဖက်စီရှိမနေကြခြင်းပင်။
မျောက်မကြီးသည်•••
ဝိညာဉ်ဘဝဖြင့်လက်စားချေလေသလော••••
ဝဋ်ကြွေးကြမ္မာကားကြောက်စရာ
ကောင်းပေစွ။
ရုတ်တရက်တောထဲဘက်မှတောတိုးသံများကြောင့်
ထွန်းအုပ်နှင့်အောင်သိန်းက
သေနတ်ကိုအသင့်ချိန်လိုက်ရာ
•••အောင်မြင်၊ညီကျော်၊ချစ်ညိုနှင့်
ရွာထဲကလူအချို့ဖြစ်နေလေသည်။
သေနတ်ကိုတော့မချမိသေး။
အောင်မြင်က
“””ဘယ်လိုဖြစ်တာလဲကွ•••မင်းတို့ကိုလာရှာတာ””””
“””မင်းသေချာပါတယ်နော်”””
ချစ်ညိုတို့လူစုက စောထီးနှင့်ခွေးပု
အလောင်းနားကပ်ကာ
“””ဒါ•••ဒါ••••ဘယ်လိုဖြစ်တာလဲ””””
ထွန်းအုပ်သေနတ်ကိုချလိုက်ကာ
မျောက်မကြီးကိုတွေ့ပုံမှစ၍••••
အစအဆုံးရှင်းပြလိုက်သည်။
ညီကျော်က••••
“”””ငါတို့လည်းလမ်းပျောက်နေတာ ခုနစ်နာရီ
လောက်မှစခန်းရောက်တာ•••
မင်းတို့ကိုလာရှာဖို့ပဲ့•••ဦးငွေယုံက
ဒီလိုအန္တရာယ်တွေကြိုမြင်လို့ခုမှလာတာ””””
ဦးငွေယုံက
“””ဒါနဲ့မျောက်အသေကောင်ကရော””””
“””ပျောက်သွားတယ်ဦးလေးးးး””””
“”””ဆန်းကြယ်လိုက်တာဗျာ”””
ညီကျော်ကညည်းသလိုဝင်ပြောလေသည်။
ထို့နောက်ခွေးပုနှင့်စောထီးကို•••
ရွာလူကြီးးးဦးငွေယုံနှင့်ပါလာသော
ရွာသားများကိုသက်သေထား၍
ထိုနေရာမှာပင်မြုပ်နှံလိုက်သည်။
သူတို့မိသားစုကိုတော့ အကြောင်းရာအလုံးစုံကို
ပြောပြနားချရတော့မည်။
ထွန်းအုပ်အောင်သိန်းနှင့်လူစုသည်
ခွေးပုနှင့်စောထီးအလောင်းအားမြုပ်နှံလိုက်ကာ
ကျောခိုင်းလိုက်ကြသည်။
ထွန်းအုပ်ပခုံးပေါ်မှာတော့
မျောက်သားပေါက်လေးးးးးး
ချက်ချင်းလက်ငင်းသော•••
ဝဋ်ကြွေးကြမ္မာသည် ကြောက်စရာ•••
ကောင်းလေစွတကားးးးးးး

~~~~~~~~~~~~~~~~~
The end.
6:28pm
M.M.K

*****သင်္ကန်းမကြောက်သော တစ္ဆေနဲ့ တစ္ဆေမကြောက်သော ကိုရင်ပဏ္ဍိ*****

. ကျွန်တော်ကိုရင်စ၀တ်တဲ့အရွယ်က အသက်၁၀နှစ်အရွယ်… ၀တ်တဲ့ဘုန်းကြီးကျောင်းက ကျွန်တော်တို့နယ်တစ်ခွင်မှာ နာမည်ကြီး… ဘာနာမည်ကြီးလဲဆိုတော့ သရဲအရမ်းခြောက်တယ် ဆိုပီး သတင်းမွှေးတယ်… တကယ်လဲ ခြောက်တယ်.. ခြောက်တဲ့သရဲတွေက ကိုရင် ဦးဇင်းတွေတောင်မကြောက်ဘူး… ဘုရားသားတော်တွေတောင် ခြောက်ခံထိတယ်...
ဘုန်းကြီးကျောင်းက ပရိယတ္တိစာသင်ကျောင်းဆိုတော့ စာသင်သားတွေလဲ စုံတယ်… နယ်ပေါင်းစုံက လာတဲ့ကိုရင်တွေ ဦးဇင်းတွေ … များသောအားဖြင့် ပအိုဝ့်တိုင်းရင်းသားတွေပိုများတယ်…. ဘုန်းကြီးကျောင်းမှာ အဆောင်၃ဆောင်ရှိတယ်.. အဆောင်၃ဆောင်လုံး သရဲခြောက်တယ်…. ကျွန်တော်ကလဲ ကိုရင်စ၀တ်ခါစဆိုတော့ ညဖက်တွေဆို ရွယ်တူကိုရင်လေးတွေ ရှိတဲ့ အဆောင်မှာ သွားအိပ်တယ်… အဲဒီထဲမှာ ကိုရင်ပဏ္ဍိ ကိုတော့ အခင်ဆုံးပဲ… အသက်က ၁၁နှစ်လောက်ရှိပြီး.. သရဲတစ္ဆေလဲမကြောက်တတ်ဘူး… တစ်ည ကျွန်တော်ကို ..
ကိုရင် သရဲကြောက်တတ်လား…
နည်းနည်းတော့ကြောက်တယ်..
သရဲတွေ့ဖူးလား..
မတွေ့ဖူးဖူး….
အဲဒါဆို ဒီညပြမယ် ကြည့်မလားတဲ့….
ကျွန်တော်လဲ ကြည့်မယ်ဆိုပြီးပြောလိုက်တယ်…
အဲဒါဆို တပည့်တော် နှိုးတဲ့အခါထကြည့်… အခုတော့ အိပ်တော့ဆိုပြီးပြောတယ်..
နေ့လည်က ကစားထားတော့ မောမောနဲ့အိပ်ပျော်သွားတယ်…
ဘယ်လောက်အိပ်ပျော်သွားလဲမသိဘူး.. ကိုရင်ထထထ ခဏနေဒီကောင်တွေ ထွက်လာတော့မယ်..ဆိုပီးနှိုးတော့မှ နိုးလာတယ်..
ပဏ္ဍိ သရဲက ဘယ်ကထွက်လာမှာလဲ…. အခုက ဘုန်းကြီးကျောင်းထဲမှာလေ… သရဲကအပြင်မှာရှိတာ မဟုတ်ဘူးလား …
ဘယ်ကလာ သရဲက ဒီအဆောင်ထဲမှာရှိတာ.. အောက်ထပ်မှာ ခဏနေထွက်လာတော့မှာ.. လာလာ ဆိုပြီး နှစ်ယောက်သား လှေကားအဆင်းနားကနေ ချောင်းနေတာ… အောက်ထပ်မှာက ကိုရင်ကြီးတွေ အိပ်နေတဲ့ ကုတင်တွေရှိတယ်…
လှေကားအောက်မှာတော့ လွတ်နေတာပေါ့…
ခဏနေ ပဏ္ဍိက ကိုရင် ဒီကောင်တွေလာပီ သေချာကြည့်….အဲလိုလဲပြောပြီးကော..
လှေကားအောက်ကနေ …ထွက်လာတာဗျာ အများကြီးပဲ….. ဒါပေမယ့် ထင်ထားသလို ကြောက်စရာပုံတွေမဟုတ်ဘူး…
ဝက်တွေဗျာ ၀က်တွေ အရွယ်တွေစုံနေတာပဲ… အကောင်သေးသေးကစ အကောင်ကြီးကြီးထိ မရှိဘူးဆို အကောင်၂၀လောက်ရှိမယ်…
လှေကားအောက်ကနေ ပြေးထွက်ပြီး… အဆောင်ဒေါင့်ဆုံးမှာ ရှိနေတဲ့ကုတင်အောက်ထဲကို ပြေးဝင်သွားကြတာ…
ကျွန်တော်ဆို အံ့သြလွန်းလို့ စကားတောင်မပြော နိုင်ဘူး…. နောက်တော့ ကိုရင်ပဏ္ဍိကို မေးတာ..
အဲဒီဝက်တွေက ဘာတွေလဲ … ပဏ္ဍိ.
အဲဒါတွေက မကောင်းဆိုးဝါးတွေပုံစံ
ပြောင်းထားတာ… သူတို့က ညတိုင်းမထွက်ဘူး..လပြည့်နေ့မှ ထွက်တာ…ငါတောင်အပေါ့ထသွားရင်းတွေ့လို့ သိရတာ ကျန်တဲ့ကိုယ်တော်တွေ မသိသေးဘူး..
ပဏ္ဍိကလဲ အဲဒါက ကြောက်ဖို့မကောင်းဘူး….
အုလိုပြောတော့ ပဏ္ဍိက…
ဒီအဆောင်မှာက ဒီလိုကောင်တွေပဲရှိတယ်… အလယ်ဆောင်မှာဆိုပိုဆိုးတယ်… နောက်နေ့ အဲဒီအဆောင်မှာ သွားအိပ်မယ်… အဲဒီအခါကျမှ လန့်မအော်နဲ့….
ဘာဖြစ်လို့လဲ ……..
ဘာလို့လဲဆိုတော့ အဲဒီအဆောင်မှာ သရဲတစ်ကောင်ရှိတယ်…. ငါ့ကိုတောင် စရောက်တုန်းက ခြောက်သေးတယ်….အိပ်နေရင် သင်္ကန်းကိုလာလာဆွဲတယ်… နောက်ပီးခြေထောက်လဲ လာလာဆွဲတယ်….. သူဒီမှာရှိကြောင်းပြတာဖြစ်မယ်ထင်တယ်… နောက်ပိုင်းငါ့ကိုမခြောက်တော့ဘူး…. ကိုရင်အသစ်တွေဆိုရင် အဲဒီအဆောင်မှာ သွားမအိပ်ရဲဘူး…..ဟိုတစ်လောက ကိုရင်အဂ္ဂ အဲဒီအဆောင်မှာအိပ်နေရင်း တီဗီကြည့်နေတာ…
သူခေါင်းအုံးထားတာက ဖက်ခေါင်းအုံး……
နောက်တီဗီကြည့်နေရင်း… ဖက်ခေါင်းကိုစမ်းမိတာ ဖက်ခေါင်းအုံး မဟုတ်တော့ပဲ လက်ပြတ်ကြီးပေါ်ကို ခေါင်းတင်ပြီး အိပ်နေတာ…. အဂ္ဂတစ်ယောက်အော်ပြီးပြေးတာ.. နောက်နေ့ တွေ အဲဒီအဆောင်ကိုမသွားရဲတော့ဘူး…..
အော်အဲလိုလား….. ဒီညသွားအိပ်မယ်လေ… ပဏ္ဍိ မင်းပါလိုက်ပေး…
အေးပါကွာ ငါလိုက်အိပ်ပေးမယ်…. ခြောက်ခံထိရင် ထွက်မပြေးနဲ့နော်…. ဟဟဟဟ
အဲဒီည ကျွန်တော်ရယ် ပဏ္ဍိရယ်.. အဲဒီအဆောင်မှာနေတဲ့ ဦးဇင်းဆီမှာ တီဗီကြည့်မလို့ဆိုပြီး ခွင့်တောင်းပြီး နေကြကော.. အချိန်နည်းနည်းလင့်တော့ မပြနါတော့ဘူး… ဒီမှာပဲအိပ်တော့မယ်ဆိုပြီးပြောတော့ ဦးဇင်းက ကိုရင်လေးဖြစ်ပါ့မလား.. နေရဲလို့လား..
နေရဲတယ် ဦးဇင်း.. ပဏ္ဍိလဲပါနေတာပဲ… တပည့်တော်ဘာမှလုပ်တာမှမဟုတ်တာ…
ဒါဆိုလဲ အိပ်ကွာ ခြင်ထောင်တော့မရှိဘူး..
ခြင်ဆေးထွန်းအိပ်ဆိုပြီး ပေးအိပ်တော့ ကျွန်တော်နဲ့ပဏ္ဍိလဲ ဖျာခင်းပြီး အိပ်ကော…
ကျွန်တော်ကတော့ မအိပ်ခင် စိတ်ထဲကနေ… ဒီအဆောင်မှာရှိတဲ့သူက ဘယ်လိုပုံစံလဲမသိဘူး.. မြင်ရရင်ကောင်းမယ်… အဲလိုတွေးပီး..
မအိပ်ခင်ဘုရားရှိခိုး.. ပဏ္ဍိဘေးမှာဝင်တိုးအိပ်တာပဲ…
အိပ်မပျော်ခင် ပဏ္ဍိကို..
ပဏ္ဍိငါလက်တို့ရင် ထနော်… အိပ်ပုတ်ကြီးမနေနဲ့…
အေးပါကွာ ငါမအိပ်ပါဘူး…. တစ်ခုခုထူးခြားရင် ခက်ကုတ်လိုက် မင်းဘေးမှာငါရှိနေတာပဲ….
အဲဒါဆိုလဲပြီးရောဆိုပီး… အိပ်လိုက်တာ…
မှေးခနဲဖြစ်တဲ့အချိန်… သင်္ကန်းကိုလာဆွဲသလိုခံစားလိုက်ရတယ်…. မျက်လုံးကမဖွင့်ကြည့်ရဲဘူး….. အဲဒါနဲ့ဘေးက ပဏ္ဍိကို လက်ကုတ်လိုက်တယ်….. ခဏနေတော့ ပဏ္ဍိက သူသိကြောင်း
လက်ပြန်ကုတ်တယ်…ခဏနေတော့ သင်္ကန်းလာပြန်ဆွဲပြန်ရော… သင်္ကန်းကလေထဲမှာလွှင့်နေသလို ခံစားမိတော့.. မျက်လုံးအသာလေးဖွင့်ကြည့်တာ…. တကယ်အဟုတ်ပဲ…. သင်္ကန်းက လေထဲမြောက်နေတာ.. တစ်ယောက်ယောက်ဆွဲနေသလိုပဲ….. အကောင်အထည်တော့မမြင်ရဘူး… ပဏ္ဍိလဲတွေ့တယ်. အဲဒီအချိန် ၀ုနးဆို ပဏ္ဍိ မတ်တပ်ထရပ်ပြီး အဲဒီသင်္ကန်းဘေးကို ပြေးသွားပြီး လက်သီးနဲ့ထိုးနေတာ… ကျွန်တော်မြင်တာကတော့ ပဏ္ဍိတစ်ယောက်ထဲ ..
ကြမ်းပေါ်မှာလိမ့်နေတာ… ပါးစပ်ကလဲ အော်နေတာ…
မင်းလားကွ ..ဆိုပြီး လေထဲကိုထိုးနေတာ… ခဏကြာတော့ အသံတွေကြားလို့ အပေါ်ထပ်မှာ အိပ်နေတဲ့စာချဆရာတော်ဆင်းလာမှ….. ပဏ္ဍိလဲ အထိုးရပ်လိုက်တယ်…. တစ်ကိုယ်လုံးလဲ ချွေးတွေ ရွှဲနစ်နေတာပဲ….
ဟဲ့ ပဏ္ဍိ ဘာဖြစ်တာလဲ….
ဘုရား… ဘယိကကောင်လဲမသိဘူး… တပည့်တော့သင်္ကန်းလာဆွဲလို့ ကြည့်လိုက်တာ.. မဲမဲပုပု အကောင်တစ်ကောင် ဖြစ်နေတာ…. တစ်ခါမဟုတ်နှစ်ခါမဟုတ်ဘူး လာလာဆွဲနေတာ..
အဲဒါအဲဒီကောင်က တပည့်တော်ကို ထိုးမလားဆိုပြီး စိန်ခေါ်တာ တပည့်တော်လဲ ဒေါသထွက်ပြီး ထိုးနေတာ.. သူကိုထိုးရတာ ဖွဲအိတ်ကိုထိုးနေရသလိုပဲ… ကြာလာတော့ မောလာတယ်.. သူကတော့ဘာမှမဖြစ်ဘူး… ဦးဇင်းနိုးလာမှ ဒီကောင် တံခါးဟထားတဲ့ ကြားကနေ ပြေးဆင်းသွားတယ် …..
ကျွန်တော်လဲ ပဏ္ဍိပြောတာကို ပါးစပ်အဟောာင်း သားနဲ့နားထောင်နေတာ.. ကျွန်တော်က ဘာမှကို မတွေ့တာ.. အဲတော့မှ ဦးဇင်းက ဒီကောင် ဘာလာလုပ်ပြန်ပီလဲမသိဘူး… ဦးဇင်း ဒီကောင် အဲလိုလိုက်စနေလို့ မောင်းထုတ်ထားတာ…. အဲဒီကောင်က စနောက်ရတာသဘောကျတယ် ထင်တယ်… ဒီကျောင်းကို ဘယ်သူမှမလာရဲအောင် ကိုစနောက်တော့တာပဲ.
ကဲကဲ ပြန်အိပ်တော့ … ဦးဇင်းလာအိပ်ပေးမယ်…
ဆိုပီး ဦးဇင်းက ကျွန်တော့်ကိုအလယ်မှာထားပြီး လာအိပ်ပေးတယ်… ..
မနက် အာရုဏ်တက်တော့ ပဏ္ဍိက ကိုရင်ထထထ
အာရုဏ်ဆွမ်းကြွရမယ်.. မျက်နှာသစ် .သင်္ကန်းရုံဆိုပြီးလာနှိုးတော့မှာ ကောက်ထပြီး မျက်နှာသစ်.. သင်္ကန်းရုံပြီး အာရုဏ်ဆွမ်းကြွ လိုက်သွားတာ.. ကိုရင်တွေအားလုံးတန်းစီပြီးကြွရတယ်… ကျွန်တော်က ၀ါစဉ်အနည်းဆုံးဆိုတော့ နောက်ဆုံး.. ကျွန်တော်ရှေ့မှာကတော့ ပဏ္ဍိ..
အဲလိုကြွလာတာ အပြန်ကျတော့ အိမ်သာတက်ချင်လာကော…. ကျောင်းကလဲ လမါးတစ်ကွေ့ကျန်သေးတယ်… ဒါပေမယ့် ဘုရားပေါ်ကဖြတ်သွားရင် နီးနီးလေး အဲဒါနဲ့ ပဏ္ဍိကို ခေါ်ပြီး ဘုရားပေါ်ကနေ ဖြတ်တာ… အချိန်က အလင်းရောင် မှုန်မှုန်လေးပဲမြင်နေရသေးတာ…. ဘုရားပေါ်မှာလဲ မှောင်နေတာ… ဘုရားပေါ်ကနေဖြတ်လာတော့…. ဘုန်းကြီးကျောင်းထဲအ၀င်နားက သရက်ပင်အောက် ရောက်ကော….
ဒီတစ်ခါကျွန်တော်မြင်လိုက်တာ… ပဏ္ဍိ ဟိုမှာ ဘာကောင်လဲ တွေ့လား.. သရက်ပင် အောက်မှာငုတ်တုတ်ထိုင်နေတာ မျောက်လားမသိဘူး….
မှောင်လဲမှောင်နေတော့ သိပ်မသဲကွဲဘူး….
ပဏ္ဍိက သေချာကြည့်ပြီး ဟာ…ဟိုကောင် ညကကောင်…ငါ့ကိာစောင့်နေတာဖြစ်မယ်….
ရော့ သပိတ်ကိုင်ထား.. ဒီမှာရပ်နေဆိုပြီး ခါးပန်းကြိုးကိုဖြုတ်ပြီး အဲဒီမဲမဲကောင်ကို လိုက်ရိုက်တာ. မဲမဲကောင်က ပထမတော့ ပဏ္ဍိကို ပြန်လုံးတယ်… ဒါပေမယ့် အနားမရောက်ဘူး… ပဏ္ဍိကနေပြီး ခါးပန်းကြိုးနဲ့ ဆီးရိုက်တာ…. ဖြန်းဖြန်းဖြန်း…….
အဲလို၃ချက်လောက်ထိကော ဟိုကောင် ၀င်မလုံး တော့ပဲ …. မြေကြီးမှာလိမ့်နေအောင်အော်နေတာ…
ပဏ္ဍိကလဲ ဘာမှတ်နေလဲ … မှတ်ထား …. အဲဒါဆရာတော် ခါးပန်းကြိုးကွ ဆိုပြီး ပြောလဲပြော ရိုက်လဲရိုက်… ခဏနေတော့… ဟိုမဲမဲကောင်က ထပြေးတာ….. ဘုရားဘေးက ဇရပ်ပျက်အနောက် ထဲကိုဝင်ပြေးသွားတာ….. ခဏနေတော့ ပဏ္ဍိ သပိတ်လာပြန်ယူတော့…. ပဏ္ဍိ မင်းဆရာတော်ခါးပန်းကြိုးဘယ်လိုရလာတာလဲ..
ဟဲဟဲ ဒီကောင် ဒီညထပ်လာရင် ရိုက်မလို့ ဆရာတော် လှမ်းထားတဲ့ ခါးပန်းကြိုးခဏဖြုတ်လာတာ… ဒီကောင်က ညထိမစောင့်ပဲ ပေါ်လာတော့ ခါးပနါးကြိုးစာ ကျွေးလိုက်တာပေါ့……
အဲဒါနဲ့ သပိတ်ကိုယ်စီလွယ်ပြီး ဆွမ်းစားဆောင်ထဲ ၀င်တော့ ဆရာတော် ကြိမ်လုံးကိုင်ပြီးစောင်နေ့တယ်…. လာခဲ့ ၂ကောင်လုံးဆိုပြီး …. ပဏ္ဍိကိုတော့ ခါးပန်းကြိုးကို ပိုင်ရှင်မသိပဲ ယူတာ ခိုးတာပဲဆိုပြီး တရွှမ်းရွှမ်းနဲ့ ဗျင်းတော့တာပဲ…. ကျွန်တော်ကိုတော့ ဒုလ္လဘ မို့လို့ မရိုက်တော့ဘူး…. ခေါင်းကိုပဲ ဒေါက်ကနဲ မြည်အောင် ခေါက်ပြီး… သွား ဆွမ်းသွားစားတော့..
နောက်နေ့ကစပြီး ကျွန်တော်လဲ ကျောင်းပြန်ဖွင့်တော့မှာမို့လို့ လူဝတ်ထွက်လိုက်ရတယ်… ပဏ္ဍိကတော့ ဘုန်းကြီးကျောင်းမှာ ကျန်ခဲ့တယ်.. ကျွန်တော်လဲ အချိန်ရရင် ရသလို ပဏ္ဍိနဲ့သွားတွေ့ပါတယ်… ပဏ္ဍိလဲ ဓမ္မာစရိယတန်းအထိရောက်ခဲ့တယ်.. နောက်ပိုင်း အဆက်အသွယ်ပြတ်သွားခဲ့တယ် .. အခုသတင်းကြားတာက လူထွက်ပြီး မိန်းမရနေပီလို့ ကြားတယ်…. ခုထိ ပြန်မတွေ့ရတော့ဘူး….. ဆရာတော်ကတော့ ကျွန်တော် ဘုန်းကြီးကျောင်းရောက်ဖြစ်တဲ့အခါတိုင်း..
မင်းသူငယ်ချင်း ပဏ္ဍိတော့ မိန်းမရသွားပီကွ… မင်းပဲကျန်တော့တယ်လို့ အမြဲပြောတယ်……
အခုရေးတဲ့စာကို တိုက်ဆိုင်လို့ ပဏ္ဍိ ဖတ်ဖြစ်ခဲ့ရင် ငါ့ဆီကို ဆက်သွယ်ပေးပါ…..
သတိရတယ်ကွာ…ငယ်ငယ်တုန်းက အချိန်တွေကို…..

Credit-ဇယန ( ရာမည )

သက်ဖြိုး သူ

Source’ သက်ဖြိုးသူ

***ရွာပြင်ကွင်း***

aq22.jpg

~~မိုးဦးကျခါစဖြစ်၍ ကျေးရွာများ၌ငါးရစ်ခုတ် ဖားဆန်ကွေးရိုက်တက်ကြလေသည်..

ချောင်းကြီးရွာသား ကိုသိုက်ညနေစောင်ချိန်ရောက် သဖြင့်ငါးရှာရန်ပြင်ဆင်နေလေသည် တို့အချိန်တွင်
ကိုသိုက်သူငယ်ချင်းများဖြင့်ကြသော စိုးကြီးနှင့် အောင်ဘတို့ ရောက်လာကြလေသည်

“ဟေ့ကောင် ကိုသိုက် မင်းပြင်လို့ဆင်လို့ပြီးပြီလား တို့ဒီ ညရွာပြင်ကွင်းမှာ ငါးသွားရှာကြမယ် မင်းလိုက်မှာလား”

“ဟာ ဟေ့ကောင်တေရွာပြင်ကွင်းက သချို င်္င်းကုန်းနဲ့နီးတယ်လေကွာမသွားချင်းပါဘူး ကြောက်တယ်ကွ”

“မင်းကလဲ တစ်ယောက်ထဲမှ မဟုတ်တာငါတို့လဲပါတာပဲကို”
“အေးလေ” စိုးကြီးရဲ့စကားကို အောင်ဘက ထောက်ခံလိုက်လေသည် အဲ့တော့လဲအဖော်ညီတော့ ကိုသိုက်က
“အေးဒါ ဆိုသွားမယ်ကွာ ဘယ်သူမှ မရှာတဲ့နေရာဆိုတော့ ငါးပိုရမှာကွ “”
စကားပြောရင်ညမှောင်လာလေသည် “ဟေ့ကောင် ကိုသိုက်မြန်မြန်လုပ်မှောင်လာပြီကွ တို့ကဒီညငါးမခုတ်တော့ဘူး ပိုက်တားမှာဆိုတော့ တအားညည့်နက် နေရင်မကောင်းဘူးကွ”
ကိုသိုက်ကလဲ”ငါက အစကငါးခုတ်မလို့ကွ မင်းတို့ကပိုက်တားမှာဆိုတော့ အဖော်ညီတော့ငါလဲ ပိုက်ပဲတားတော့မယ်ကွာ” ဟုဆိုကာ တန်း၌ချိတ်ထားသောပိုက်နှစ်ထည်အားယူပြီး ဓာတ်မီးအားလက်တဖက်က ကိုင်၍ သူငယ်ချင်းသုံးယောက် ရွာပြင်ကွင်းအားထွက်သွားကြလေသည်။

ရွာပြင်ကွင်းသို့ရောက်သောအခါ ပိုက်တားရန် ပြင်ဆင်ကြရင်း ကိုသိုက်က “ဟေ့ကောင်တေ သိပ်ဝေးဝေးသွားမတားကြနဲ့နော်”
“အေးပါကွမင်းကလဲကြောက်တက်လိုက်တာလွန်ရော ယောင်္ကျားကြီးဖြစ်ပြီးတော့”ဟုအောင်ဘကပြောလိုက်ရာ ကိုသိုက်က”ဟ ဟေ့ကောင်အောင်ဘက ယောင်္ကျားမှာလဲ ကြောက်တက်တဲ့ အသည်းနှလုံးပါတယ်ကွ မင်းသိလား”ဟုပြောလိုက်ရာ စိုးကြီးက ” ကိုသိုက်ရာ ရုပ်ကြမ်းကြီးနဲ့ကဗျာဆန်နေပြန်ပါပြီ”

“”ဟားးးးးးးးးး””
သူငယ်ချင်းသုံးယောက်ပိုက်တာရင်း ပွဲကြနေလေတော့သည် ။
ကိုသိုက်တို့သူငယ်ချင်းသုံးရောက် လဲပိုက်တားပြီး၍ တာပေါ်ပြန်တက်လာရင်း စိုးကြီးက “တို့မပြန်ပဲပိုက်တေတခါထဲပြန်ရုတ်သွားမယ်သက်လား ဟေ့ကောင်တေ”
ကိုသိုက်နဲ့အောင်ဘကလဲ
“အေး”
“အေး”
“တခါထဲပဲစောင့်ရုတ်သွားတာပေါ့ကွာ ရွာပြန်ပြီးနောက်တခါတော့ပြန်မလာချင်တော့ဘူး”
ဟုပြောရင်းတာပေါ်ကပေါက်နေတဲ့မြက်တေကိုဆွဲနှုတ်ပြီး ထိုင်စရာ လုပ်လိုက်ကြလေသည် မိုးဦးကျကာလဖြစ်၍ တာပေါ်၌ စိုစွတ်နေခြင်းကြောင့်ပေ
တာကသုံးခွဆိုင်ဖြစ်၍သူငယ်ချင်းသုံးယောက်သုံးပွင့်ဆိုင်ကြောချင်ကပ်၍ထိုင်နေရင်း စကားများပြောနေကြလေသည်။
ဖြစ်ချင်တော့ ကိုသိုက်မျက်နှာမူပြီ ထိုင်နေတာက သချိ င်္ုင်းကုန်းဘက် မိုးဦးကျဆိုပင်မဲ့ကောင်းကင်က တိမ်ကသိပ်မရှိ ကြယ်တောင် ပွင့်နေသည်။
အောင်ဘနှင့်စိုးကြီးကတော့ ငါးရရင် ဘယ်လိုချက်စားမယ် ပိုရင်သုံးဖို့ ရောင်းမယ်နှင့်ပြောပြီး ပီတိတေဖြစ်နေကြသည်။
ကိုသိုက်ကတော့ အောင်ဘနှင့်စိုးကြီးကို မှီနေရင်း သချိ င်္ုင်းကုန်းဘက်ကိုငေးနေမိ၏ စိတ်ထဲ၌လဲ

! သချိ င်္ုင်းကုန်းထဲက ကုက္ကိုပင်ကြီးကလဲ သရဲကြီးငုတ်တုတ်ထိုင်နေသလိုပဲကြောက်စရာကြီး!

ဟုတွေးနေမိသည် သူငယ်ချင်းတေစကားများပြောနေကြရင်းကိုသိုက်မှေးကနဲးဖြစ်သွား၍ လူကယိုင်းသွားသည် အောင်ဘနှင့်စိုးကြီးကတော့စကားပြောကောင်နေသည် စိုးကြီးက
” ဟေ့ကောင်ကိုသိုက်မှီရင်လဲကောင်းကောင်းမှီကွာ လှုပ်စိလှုပ်စိ လုပ်မနေနဲ့”
“အေးပါကွာ ငါလဲမင်းတို့ပြောတာနားထောင်ရင်းအိပ်ငိုက်သလို ဖြစ်သွားလို့ပါကွ” ဟုကိုသိုက်ကပြန်ပြောလိုက်လေသည်။
ပြောပြီး ကိုသိုက်တယောက် သချိ င်္ုင်းဘက်သို့လှမ်းကြည့်လိုက်သော အခါမှာတော့ သချိ င်္ုင်းထဲကနေမဲမဲအရာတခုကလှုပ်ရှားလာရင် သူတို့ရှိရာဘက်သို့လှမ်းလာလေသည် လှမ်းသောအရာသည် တလှမ်းလှမ်းတခါအရပ်ကရှည်လာလေသည် ကိုသိုက်ကြည့်နေရင်းမျက်လုံးတေပါပြူးကျယ်လာလေသည်
ကိုသိုက်လဲဘာမှမပြောပဲ သူဝတ်ထားသောလုံချည်အား ချွတ်ပြီးအောင်ဘနှင့် စိုးကြီးကိုလှမ်းစွတ်လိုက်လေသည် ဤသို့လုပ်လိုက်သောအခါ လုံချည်တကွင်းထဲ သုံးယောက်ဖြစ်သွားလေသည် အောင်ဘက
” ဟေ့ကောင်ကိုသိုက်ဘာလုပ်တာလဲကွ”
“ဘာလုပ်လဲမမေးနဲ့ ဟိုမှာ မင်းအမေလင်လာနေတာတွေ့လား” ဟု ပြောကာသချိ င်္ုင်းဘက်သို့ လက်ညိုထိုးပြလိုက်လေသည်

“ဟာ ဟို ဟိုမှာအရပ်ကြီးအရှည်ကြီးပဲ သရဲ သရဲ ပြေး ပြေးးးးး”
ဟုပြောကာ ထပြေးလေသည် ကိုသိုက်စွတ်ထားသော ပုဆိုးကိုမဖယ်အား ကြောက်လန့်၍ ထပြေးရာ

အောင်ဘက သူတို့ရွာဖြစ်တဲ့ချောင်းကြီးရွာဘက်

စိုးကြီးက တဖက်ရွာဘက်

ကိုသိုက်က လယ်ကွင်းပြင်ဘက်
သုံးယောက်သားပါးစပ်ကလဲ
“”သ သရဲ အားးးးး ကယ်ကယ်ကြပါအုံးဗျို့””
ဟုအော်ရင်း ပုဆိုးတကွင်းထဲလူသုံးယောက် ကိုယ်မျက်နှာမူတဲ့ဘက်ကိုယ်ပြေးနေရာ ရှေ့သို့မရောက်ပဲ အဲ့နားမှာပင် ဝိုင်းကြီးပတ်ပတ်ဒူဝေဝေဖြစ်နေတော့သည်
မဲမဲရရှည်ရှည်အကောင်ကြီးအနားရောက်အလာနှင့်မဲမဲကောင်ကြီးကငုတ်အကြည့် ကိုသိုက်ကလဲမော့အကြည့်နှင့် မျက်နှာတခုလုံးမီးလောင်ထာသောမီးလောင်ကွက်တေနှင့် မျက်လုံးဟောင်းလောင်နဲ့တွေ့လိုက်သောအခါမှာတော့

“”‘သသသသ သ”
အော်ရင်း ပုဆိုးကွင်းထဲ၌သတိလစ်သွားလေတော့သည် ။
…………………………………………………

အောင်ဘက စိုးကြီးကို လက်ဖမ်းဆွဲရင်း

” ……သားရဲ့ ဘယ်ဘက်ပြေးနေတာလဲ”

ဟုဆိုကားရွာဘက်မျက်နှာမူပေးလိုက်တော့မှ နှစ်ယောက်သားရွာသို့ပြေးကြလေတော့သည်

ကြောက်ကြောက်နှင့်ပြေးလာလိုက်ကြတာရွာ်ထိပ်ကိုရောက်မှန်မသိရောက်လာကြသည်
အဲ့တော့မှ စိုးကြီးက
“ဟာ အောင် အောင်ဘ ကို ကို ကိုသိုက်ကျန်ခဲ့ပြီ ”
ဟုပြောကာ နှစ်ယောက်သာ နောက်သို့ လှည့်ကြည့်လိုက်သောအခါ……….
သူတို့နှစ်ယောက်ကို စွတ်ထားသောပုဆိုးကွင်းထဲမှာပဲ မျက်လုံးအပြူးသားနှင့်သတိလစ်နေသော ကိုသိုက်အားတွေ့လိုက်ရလေတော့သည်…….
.¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿

# ပြီးပါပြီ#

အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ….

writer- Pyae Sone

ခင်ခင်ထိုက်နှင့်ဝိညာဉ်လှောင်အိမ်•••

aq21.jpg
{စ/ဆုံး}
~~~~~~~~~~
{၁}
“””အီးးးးးးဟီးးးးးးကျွန်မသမီးလေးလုပ်ပါဦးးးး
အစကချစ်သူနောက်လိုက်သွားတယ်မှတ်တာ•••
ခုသူ့ချစ်သူကလည်းသူ့အိမ်မှာရှိနေတယ်•••
လက်လှမ်းမီသမျှစုံစမ်းထားတာလည်းကုန်ပြီ••••””””
အသက်ငါးဆယ်အရွယ်••ပျောက်ဆုံးသူမိန်းကလေး၏မိခင်ဖြစ်ဟန်
တူသူမိန်းမကြီးမှာ ရင်ဘတ်စည်တီးနေလေသည်။
မောင်မိုးက••မိန်းမကြီးပြောသမျှ••ဆိုတာထက်
ငိုနေတာကိုနားထောင်ပေးနေတယ်ဆိုတာ
ပိုမှန်မည်။••••
စခန်းမှူးဦးမိုးအောင်နိုင်က••မြို့နယ်အစည်းအဝေးသွားတာမို့
စခန်းမှာမရှိပေ။
ဒုရဲအုပ်နေပိုင်ကလည်း
သူ့အမှုတွဲနှင့်သူရှုပ်နေပေသည်။
မောင်မိုးကသူမကိုတွေ့သည်နှင့် လက်ထောင်ပြကာ
ကူပါဦးပုံစံအချက်ပြလေသည်။
သူမနှင့်မိနော်က•••နေ့လည်စာအပြင်ထွက်သွားရာမှပြန်လာခြင်းဖြစ်သည်။
•••မောင်မိုးကထွက်စားတာမတွေ့ရသေးတာမို့
ဆာနေလောက်ပေပြီ။
“””မင်းထမင်းအရင် သွားစားလိုက်လေ
ဒီ caseကိုငါဆက်လုပ်လိုက်မယ်”””
“””ဟုတ်ကဲ့မမ•••ကျွန်တော်လည်းဗိုက်ဆာပြီ•••””””
နာရီကြည့်လိုက်တော့နေ့လည်တစ်နာရီ••••
မောင်မိုးထွက်သွားတော့^•••
ခင်ခင်ထိုက်ကအမှုသည်
မိန်းမကြီးဘက်မျက်နှာမူလိုက်သည်။
ရဲသားလေး••ထက်သူရိန်က••
မိန်းမကြီးပြောသမျှကိုမှတ်တမ်းယူရန်
Note bookနှင့်အသင့်ရှိနေပြီမို့
သူမမေးခွန်းစလိုက်သည်။
မောင်မိုးရှေ့မှာတော်တော်ငိုထားပြီးပုံရတာမို့
မိန်းမကြီးမှာ မျက်ခွံတွေမို့အစ်ကာ
မောလည်းအတော်မောနေပုံရသည်။
မိန်းမကြီးနံဘေးမှရုပ်ခပ်ဆင်တင်မျက်ရည်စို့စို့နှင့်
အသက်၄၀ကျော်ခန့်မိန်းမကြီးမှာ•••ထိုမိန်းမကြီး၏
ညီမဖြစ်နိုင်လောက်သည်။
ဒီဘက်ကမောင်မိုးတို့အရွယ်တစ်ယောက်ကိုတော့
ရှည်ရှည်ဝေးဝေးမှန်းမနေတော့ပဲ
သုမသိလိုသမျှကိုမေးလိုက်သည်။
“””ခု•••လူပျောက်တိုင်ချင်တာ•••ဘယ်သူ”””
“””ကျွန်မကဒေါ်သိင်္ဂီရွှေဇင်ပါ•••ဒီကကျွန်မညီမသက်ထားရွှေဇင်
သူကတော့ကျွန်မအစ်ကိုအကြီးရဲ့သားပါ””””
ခင်ခင်ထိုက်က
“”””ဟုတ်ပါပြီ•••ခုပျောက်နေတာက”””
ဒေါ်သိင်္ဂီရွှေဇင်ကတစ်ချက်ရှိုက်လိုက်ကာ••••
“””ကျွန်မရဲ့သမီးလေးယမင်းရွှေဇင်ပါ”””
“””ယမင်းရွှေစင်ရဲ့ပုံစဲနဲ့နောက်ဆုံးမပျောက်ခင်
တစ်ရက်ကအကြောင်းလေးပြောကြည့်ပါလား””””
ဒေါ်သိင်္ဂီရွှေဇင်က•••••••
“””ဒီလိုပါ••••••••
“””ယမင်းရွှေဇင်•••••
ဖအေမရှိပေမယ့်•••ထက်မြက်သော•••အမျိုးမြတ်သော
ဒေါ်သိင်္ဂီရွှေဇင်၏တစ်ဦးတည်းသော
သမီးလေးးးးး
လွတ်လွတ်လပ်လပ်နှင့်ပျော်ပျော်ရွှင်ရွှင်နေတတ်တာကလွဲရင်
လိမ္မာရေးခြားရှိတဲ့သမီးလေးဖြစ်လေသည်။
နောင်ရေးအတွက်လည်းစိတ်မပူရ။
ဖခင်ဖြစ်သူမကွယ်လွန်ခင်က
ဖခင်ဖြစ်သူ၏သူငယ်ချင်းရဲ့သားးး
နေမျိုးစည်သူ•••နှင့်စေ့စပ်ထားပြီးဖြစ်သည်။
သမီးလေးအသက်နှစ်ဆယ့်ငါးနှစ်တွင် လက်ထပ်ရန်သဘောတူညီခဲ့လေသည်။
နေမျိုးစည်သူတို့ကတော်ဝင်အမျိုးအနွယ်နန်းတွင်းအတွင်းဝန်
ရဲ့မျိုးဆက်ဖြစ်တာမို့
ရှေးဆန်ဆန်စည်းစနစ်ကြီးကြီးနေတတ်တာကလွဲရင်
ပျော်ပျော်ရွှင်ရွှင်ခေတ်မီတက်ကြွသော
သမီးလေးနဲ့စာလျှင်ကွာဟ
မှုတွေများပေမယ့်
သမီးလေးကိုတော့မြင်မြင်ချင်းသဘောကလက်ခံခဲ့သည်။
ခုခေတ်အနေအထားနှင့်နေမျိုးစည်သူလို••
လူမျိုးကရှားပါးတာမို့သမီးလေးအတွက်စိတ်ချမ်းသာခဲ့သည်။
နေမျိုးစည်သူကမိဘတွေမရှိတော့ပေမယ့်
အမွေအနှစ်ပေါင်းများစွာဖြင့် ဘယ်အမျိုးအဆွေမှ
အားမကိုးပဲ မိမိခြေထောက်ပေါ်တွင်သာရပ်တည်နေသူဖြစ်သည်။
သမီးထက်ငါးနှစ်ကြီးပြီးသမီးအပေါ်အနွံတာခံ
ချစ်ခင်တာမြင်ရတော့မိခင်တစ်ယောက်အနေနဲ့ကျေနပ်ပါသည်။
သမီးအသက်၂၃နှစ်ပြည့်မွေးနေ့မတိုင်မီတစ်ရက်တွင်ဖြစ်သည်။ထိုနေ့ကသမီးလေးသည် အဖြူရောင်ဝတ်စုံလေးနှင့်အရမ်းလှနေလေသည်။
သမီးလေးက
“””မေမေ•••သမီးးးးဝင်နီတို့နဲ့အပြင်သွားမယ်နော်•••
ပြီးတော့ ညနေကိုကိုနေနဲ့တွေ့ဖို့ပြောထားတယ်
သမီးနောက်ကျနေရင်စိတ်မပူနဲ့နော်”””””
“””မင်းမေ့မေ့သမီးလေးအရမ်းလှနေတယ်
သမီးကိုနေကိုအရမ်းဆိုးမနေနဲ့ဦးနော်””””
သမီးလေးကသူမပါးကိုရွတ်ကနဲနမ်းကာ•••
သူငယ်ချင်းတွေကားနှင့်လိုက်သွားလေသည်။
ထိုနေ့မှစ၍ပျောက်ခြင်းမလှပျောက်သွားတာ•••
ဒီနေ့နဲ့ဆိုသုံးရက်ရှိလေပြီ။
သူမအဆက်အသွယ်ရော•
နေမျိုးစည်သူအဆက်အသွယ်ပါနေရာ
အတော်နှံ့နေအောင်စုံစမ်းပြီးသော်လည်းးး
သတင်းအစအနပင်မတွေ့အောင်ပျောက်နေလေသည်။
အစကနေမျိုးစည်သူနှင့်ထင်ကာ •••
သဘောတူထားပါလျက်မိုက်ရကောင်းလားဟူသော
ဂရုဏာဒေါသနှင့် လွတ်ထားလိုက်သည်။
ဒါပေမယ့် နေမျိုးစည်သူဆီကဖုန်းဆက်လာခဲ့သည်။
သမီးလေးမလာကြောင်းပြောလာသည်။
~~~~~~~~~~~~~~~~~~
{၂}
ခင်ခင်ထိုက်နေ့လည်ကဒေါ်သိင်္ဂီရွှေဇင်ပြောသောအကြောင်းအရာများကို
ခေါင်းအေးအေးထားကာ စဉ်းစားမိသည်။
ရှေ့မှကော်ဖီခွက်ပင်အေးစက်နေလေပြီ။
ယမင်းရွှေဇင်ရဲ့သူငယ်ချင်းတွေလား••••
ဒါမှမဟုတ် ယမင်းရွှေဇင်၏ချစ်သူ
နေမျိုးစည်သူပေလော••••
တရားခံမပေါ်သရွေ့တော့ လူတိုင်းကိုသံသယရှိနိုင်လေသည်။
သူမအေပၚအက်ႌတစ္ထည္ထပ္ဝတ္လိုက္ကာ•••
ဒေါ်သိင်္ဂီရွှေစင်ပေးထားသော
လိပ်စာအတိုင်းးးးနေမျိုးစည်သူ၏အိမ်ဘက်ဦးတည်လိုက်သည်။
မိနော်ကနယ်မှအမျိုးတွေလာကြတာမို့အမျိုးတွေလိုက်ပို့ရင်းဒီနေ့
အပြင်မှာအိပ်မည်ဖြစ်သည်။
ဒေါ်စိင်္ဂီရွှေဇင်ပြောသော
လိပ်စာအရသူမမျက်စိရှေ့တွင်တွေ့နေသော••••
နေမျိုးစည်သူ၏အိမ်ကြီးကိုကြည့်ခြင်းအားဖြင့်
သူ၏ချမ်းသာကြွယ်ဝမှုကိုတွေ့နိုင်ပေသည်။
အိမ်ကရှေးဆန်လှစွာ သစ်ပင်ပန်းပင်စိမ်းစိမ်းစိုစိုတွေကြားခန့်ညားစွာ
တည်ရှိနေလေသည်။•••
သူမအိမ်ထဲဝင်ရန်ရပ်ကြည့်နေရာမှဆိုင်ကယ်ပေါ်အတက်:-)••••••
“”””တီ•••တီ••••••”””””
အနောက်မှကားဟွန်းသံကြောင့်လှည့်ကြည့်လိုက်မိသည်။
ကားကနောက်ဆုံးပေါ်ကားအကောင်းစားဖြစ်ကာ••••
ကားမှန်ချထားတာမို့မည်သူဆိုတာမမြင်ရ။
အထဲမှလူကတော့သူမကိုမြင်နေပုံရကာ•••
ကားမောင်းသူဘက်မှတံခါးဖွင့်ဆင်းလာလေသည်။
ဘယ်ကနေပွဲနေပွဲထိုင်လာသည်မသိ•••
ပြောင်ပြောင်လက်လက်ပုဆိုးအရောင်ကမျက်စိတွေပင်ကျိန်းသည်။
ဘန်ကောက်ပုဆိုးဆိုတာ ဒါမျိုးထင်ပါရဲ့။
အင်္ကျီမှာလည်းရွှေကြယ်သီးကွင်းတွေနှင့်မို့
အမြဲတစေတည်တင်းနေတတ်သော ခင်ခင်ထိုက်ပင်ပြုံးချင်သွားရသည်။
သူမကစမပြောရင်ဘာမှပြောလာမည့်ပုံမဟုတ်တာမို့
“””ကျွန်မကမြို့မရဲစခန်းက ခင်ခင်ထိုက်ပါ••••
ယမင်းရွှေစင်ကိစ္စပါ”””
သူမကပါလာသော••ကတ်ပြားအားထုတ်ပြလိုက်သည်။
နေမျိုးစည်သူက မျက်နှာတစ်ချက်ပျက်သွားကာ
“””ဒါဆိုဒီမှာပြောလို့မကောင်းလောက်ဘူးးးအိမ်ထဲကြွပါ””””
ခင်ခင်ထိုက်ကဆိုင်ကယ်ကိုအိမ်ထဲမောင်းဝင်လိုက်သည်။
အိမ်ကြီးကခန့်ညားပေမယ့်•••ပြင်ဆင်ထိန်းသိမ်းမှုလျော့ရဲလို့
လားမသိအရောင်မှာမှုန်မှုန်မှိုင်းမှိုင်းရှိလှသည်။
အိမ်ကြီးကစိတ္တဆန်ဆန် နေမျိုးစည်သူပုံစံကလည်း
ထူးထူးဆန်းဆန်းမို့ပိုလို့ပင်သံသယဝင်ဖွယ်ကောင်းနေလေသည်။ ဒါပေမယ့်သူမမေးသမျှကိုဒေါ်သိင်္ဂီရွှေဇင်ဖြေသလိုပင်ဖြေသွားသည်မှာ
သံသယဖြစ်ဖွယ်အလျဉ်းမရှိပေ။
သူမအားမလိုအားမရနှင့်•••အိမ်ပြန်လာတော့
ညနေခြောက်နာရီခွဲ။
ဆိုင်ကယ်မောင်းရင်းလေတိုးကာ အေးသလိုရှိလာတာမို့အင်္ကျီဇစ်ကိုဆွဲစေ့လိုက်သည်။
ထိုစဉ်•••အေးစက်စက်အရာတစ်ခုက သူမခါးကိုလှမ်းကိုင်လိုက်သလိုရှိသည်။
လမ်းကလည်းလူပြတ်တာမို့
သူမကြက်သီးထသွားရသည်။
ဆိုင်ကယ်ကရှေ့မတိုးပဲ•••လေးလေးလာသလိုရှိတာမို့လမ်းဘေးဆွဲချကာ
ရပ်ပစ်လိုက်သည်။
တော်တော်ထူးဆန်းသည်•••ဆိုင်ကယ်ကတစ်စုံတစ်ယောက်ဆင်းသွားသလို
ပေါ့ပါးသွားလေသည်။
မှောင်တော့မှာမို့••••သူမဆိုင်ကယ်ပေါ်ပြန်တက်ကာမောင်းထွက်ရန်အပြု
ဆိုင်ကယ်နောက်တွင်:-)••••
ဂါဝန်အနားစဖြူဖြူနှင့်ခြေဖြူဖြူတစ်စုံ•••••
တော်ရုံလူဆိုသွေးပျက်သွားမှာဖြစ်ပေမယ့်
ခင်ခင်ထိုက်ကဆိုင်ကယ်ကိုအေးဆေးပင်မောင်းထွက်လိုက်သည်။
တကယ်တော့ဝိညာဉ်ကသနားစရာ
ဆိုတာ သက်နှင်းဖြူအမှုမှာတည်းကပင်သဘောပေါက်ပြီးဖြစ်သည်။
တစ်ချက်တစ်ချက်ဆိုင်ကယ်မှန်ထဲကနေ•••
ဆံပင်အချို့လွင့်မျောနေတာမြင်ရသည်။
ဒီနေ့မိနော်မရှိတာ ကောင်းသည်။
မိနော်သိရင်ကြောက်လိမ့်မည်။
သူမဆိုင်ကယ်ကိုအိမ်ထဲမောင်းဝင်လိုက်သည်။
စားချင်စိတ်မရှိတာမို့•••ခြေဆေးပြီးအိပ်ရာထဲလဲလိုက်သည်။
“””အူ••••••ဝူ••••••ဝူးးးးးး”””
ခွေးအူသံများက••အိမ်ပြင်တစ်လျှောက် ဟိန်းနေလေသည်။
သူမတခါးဖွင့်ကာလိုက်ကာကိုအသာလှစ်ကြည့်လိုက်သည်။
လရောင်မသဲမကွဲတွင်•••အိမ်ရှေ့တွင်ခေါက်တုံ့ခေါက်ပြန်လျှောက်နေသော
ဖြူဖြူအရိပ်တစ်ခု။
”’ဒီညတော့ဒီလိုနေလိုက်ဦးးးယမင်းရွှေဇင်•••အဖြေတစ်ခုကိုမနက်ဖြန်ထုတ်တော့မှာ”””
သူမလိုက်ကာစကိုအသာချကာ အိပ်ပျော်အောင်အိပ်လိုက်သည်။
အိပ်မက်ထဲတွင်သူမကနေမျိုးစည်သူ၏အိမ်သို့
ညနေကအတိုင်းပြန်ရောက်နေသည်။
နေမျိုးစဉ်သူကိုမေးမြန်းနေစဉါတစ်လျှောက်
အဖြူရောင်ဂါဝန်နှင့်အမျိုးသမီးလေးတစ်ယောက်က
မျက်ရည်များဖြင့်သူမကိုငေးနေလေသည်။
ရုက်ရည်ကသွေးဆုတ်ဖြူရော်နေကာ•••
ဖြူသောဂါဝန်ကသွေးကွက်များဖြင့်
တစ်ဆိတ်အကျည်းတန်လှသည်။•••••
သူမအိမ်ပြန်ရန်အထသူမနောက်ကက်ပါလာလေသည်။
ဆိုင်ကယ်ပေါ်တက်ထိုင်လိုက်ကာ••••
သူမခါးအားလှမ်းဖက်လိုက်လေသည်။
“””ယမင်း••ကိုကယ်ပါမမ•••ယမင်းးအခန်းထဲမှာ
လှောင်ခံထားရတယ်•••ယမင်းကြောက်တယ်••••
မမကယမင်းတို့နဲ့အဆက်အစပ်ရှိတာသိနေတယ်•••
ယမင်းကိုဒီအခန်းထဲကထုတ်ပေးပါ””””
ယမင်းက•••ဆိုင်ကယ်နောက်ကနေတဖွဖွပြောလာလေသည်။
သူမအာရုံတွင်•••
အခန်းကျယ်ကြီးတစ်ခုအတွင်းးးး
မှောင်မှောင်မဲမဲနှင့်ဖယောင်းတိုင်မီးယောင်များနှင့်••••
အဖြူရောင်သတို့သမီးအပြင်အဆင်နှင့်
ကုတင်ပေါ်နှင်းဆီပွင့်ဖတ်တွေကြားအသက်ပျောက်နေသော
ယမင်းရွှေဇင်••••••”
“””””တီးးးးးတောင်•••တီးးးတောင်•••••”””””
လူခေါ်ဘဲလ်သံကြောင့်ခင်ခင်ထိုက်မှာ
အိပ်မက်လိုလိုတကယ်လိုလိုအဖြစ်မှနိုးထလာလေသည်။
“””မမ•••””””
“””အေးးးးမိနော်ရေ••••လာပြီ”””””
သူမတံခါးဖွင့်ပေးလိုက်တော့မိနော်ကဝင်လာလေသည်။
မိနော်နောက်ကမောင်မိုးးးး
“””ဟိုတစ်ယောက်ကဘယ်လိုပါလာတာလဲ””””
“””မိနော်တက္ကစီငှားဖို့လုပ်နေတုန်းးး
သူလိုက်ပို့တာမမ”””
မိနော်ရှင်းပြလိုက်တော့မောင်မိုးက
“”ဘာလဲ•••ကျွန်တော်ကမလာရဘူးလားးး:-)
“”လာလို့ရောက်လာပြီပဲ့ကဲကွာ•••ငါမျက်နှာသစ်လိုက်ဦးမယ်””””
“””အိပ်ပုပ်”””
သူမကမကြားသလိုဟန်ဆောင်ရင်းရေချိုးခန်းထဲဝင်ကာ
ရေပါတစ်ခါတည်းချိုးလိုက်သည်။
ဒီမနက်တော့ဆိုင်မှာနံနက်စာသွားစားရတော့မည်။
ဆိုင်ကယ်ယူမနေတော့ပဲမောင်မိုးကားနှင့်ပင်စခန်းသွား
လိုက်သည်။•••
နံနက်စာစားတော့ ညနေက••နေမျိုးစည်သူတို့အိမ်သွား
တာနှင့်ယမင်းရွှေဇင်အကြောင်းပြောတော့မောင်မိုးက•••
“””ဒီတစ်ခါတော့မမမှားပြီထင်တယ်•••
ယမင်းရွှေဇင်က သူ့ချစ်သူလေ သူသတ်ပါ့မလား”””
“””ငါ့စိတ်ရဲ့အဆက်အသွယ်ကိုငါယုံတယ်မောင်မိုးး
ယမင်းရွှေဇင်သက်ရှိထင်ရှားမရှိတော့ဘူး:-)””””
မိနော်က
“””နေမျိုးစည်သူသတ်တာတော့မဖြစ်နိုင်ဘူးထင်တယ်”””
“””မဟုတ်ဘူးနေမျိုးစည်သူပဲ
သူ့အမူအရာကအေးစက်စက်နဲ့သဘာဝထက်လွန်ကဲနေတယ်
ဒါကသံသယဖြစ်စရာပဲ စိတ်မှမူမှန်ရဲ့လား:-)
တရားခံကသေချာသလိုရှိကေမယ့်ဘယ်ကအစဖေါ်ရမလဲ။
ခင်ခင်ထိုက်ကသူမစိတ်အဆက်အသွယ်ကိုသူမယုံသည့်တိုင်••••
ကျန်တဲ့သူတွေကနေမျိုးစည်သူကိုသက်သေအထောက်အထားမရှိပဲ
ဘယ်လိုဝင်ဖမ်းရဲမလဲ။
“””တီ•••••တီ•••••”””
ဖုန်းလာတာကြောင့်သူမဖုန်းကိုင်လိုက်သည်။
“””အေးးးမောင်ကျော်ပြော••••””””
“””••••••••••••••”””
“”””အေး:-)•••မင်းတက်လိုက်ထာမသိသာစေနဲ့နော်””””
“”””•••••••””””
တစ်ဖက်ကဖုန်းအဆက်အသွယ်ပြတ်တောက်သွားသည်နှင့်
သူမဖုန်းချလိုက်သည်။
“””နေမျိုးစည်သူအိမ်နားမောင်ကျော်ကိုစောင့်ခိုင်းထားတာ
ခုအပြင်ထွက်သွားတယ်တဲ့••ငါတို့ခုသွားမလား””””
“””သွားကြတာပေါ့မမ”””
“”ငါ့စိတ်ထဲသေချာနေတယ်•••
ညကအိပ်မက်ထဲကအတိုင်းဆို••••
အိမ်ကြီးရဲ့အခန်းတစ်ခန်းထဲမှာ••••
ယမင်းရွှေဇင်ရှိတယ်•••^••””””
သူမတို့နေမျိုးစည်သူတို့အိမ်ရှေ့ရောက်တော့
တိတ်ဆိတ်နေလေသည်။
လူခေါ်ဘဲလ်နှိပ်လိုက်တော့ခြံစောင့်မာလီထွက်လာသည်။
ဟိုနေ့ကထိုမာလီမရှိပေ။အသစ်ခန့်လိုက်တာလားမသိ။
“””ကျွန်မတို့ရဲစခန်းကပါ ဦးနေမျိုးစည်သူခေါ်ထားလို့ပါ:-)
မာလီက
“”ကိုကိုကြီးကသူမဟုတ်ရင်ဘယ်သူမှတံခါးဖွင့်မပေးဖို့မှာထားပါတယ်”””
မောင်မိုးက•••
စိတ်မရှည်လှစွာ•••••
“””ဖွင့်ကွာ•••သူကိုယ်တိုင်ခေါ်ထားတဲ့ဧည့်သည်
မင်းအလုပ်ပြုတ်အောင်ပြောလို့ရတယ်••••”””
ထိုအခါမှမာလီကမျက်နှာငယ်လေးဖြင့်ဖွင့်ပေးလေသည်။
ခင်ခင်ထိုက်တို့အိမ်ထဲရောက်တော့နေမျိုးစည်သူမလာခင်
သုံးယောက်အခန်းတွေကိုအမြန်ရှာဖွေလိုက်သည်။
မာလီကမောင်မိုးလက်ချက်နဲ့••အိပ်မောကျနေလေပြီ။
မည်သည့်အခန်းမှာမှဘာမှမထူးခြားတာမို့
သုံးယောက်သားခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။
ထိုစဉ်•••
ခင်ခင်ထိုက်မျက်လုံးထောင့်မှာအရိပ်တစ်ခု•••••
အခန်းထောင့်ချိုးတစ်ခုကိုဖြတ်သွားသော
အရိပ်နောက်ထလိုက်ခဲ့သည်။•••••
ဖြူဖြူအရိပ်ကရှေ့မှသွားကာ•••
အခန်းကျယ်ကြီးတစ်ခုဆီရောက်တော့ရပ်တန့်သွားလေသည်။
ခင်ခင်ထိုက်ထိုအခန်းထဲဝင်လိုက်ရာ
များလှစွာသောပန်းချီကားတွေ။
ပန်းချီကားတိုင်းကစိတ္တဇဆန်ဆန်ပုံရိပ်တွေသာများလေသည်။
သူမလက်က•••ပန်းချီအားတစ်ခုဆီရောက်သွားကာ
နံရံမှဖြုတ်ချလိုက်သည်။••••
ထို့နောက်နံရံမှခုပ်လိုလိုအရာတစ်ခုကိုဖိချလိုက်ရာ•••••
“”””ကျွီ•••••••ကျွီ••••••”””
အခန်းထောင့်မှလူတစ်ယောက်ဝင်သာသည့်
တံခါးတစ်ခုပွင့်သွားလေသည်။
သူမအချိန်မဆွဲနေတော့ပဲထိုအခန်းထဲဝင်လိုက်သည်။
သူမအိပ်မက်ထဲကအတိုင်းအခန်းမှောင်မှောင်ထဲတွင်
ဖယောင်းတိုင်မီးယောင်များဖြင့်••••
အေးစက်တောင့်တင်းနေသော••••
အလောင်းတစ်လောင်းးးးး
သူမယမင်းရွှေစင်အလောင်းအားးး
အာရုံစိုက်နေစဉ်•••••
“””လက်မြောက်ထားလိုက်ပ့ါသူရဲကောင်းမမကြီးးး”””
နေမျိုးစည်သူ•••
သူမလှည့်ကြည့်လိုက်ရာသူမကိုပစ္စတိုအသေးစားဖြင့်ချိန်ထားသော
နေမျိုးစည်သူ။
“””ကျုပ်ချစ်သူနဲ့ကျုပ်နှစ်ယောက်တည်းအေးအေးဆေးဆေး
နေတာ ခင်ဗျားတို့လာနှောင့်ယှက်လို့ကျုပ်စိတ်ဆိုးသွားပြီ”””
“””ရှင့်ချစ်သူဟုတ်လားးးရှင့်ချစ်သူကဒီလိုပုံစံနဲ့ရှင်နဲ့နေချင်မယ်ထင်လား”””
“””နေရမှာပေါ့••ခုလည်းနေတာပဲလေ••••
နေမျိုးစည်သူဘဝမှာမဖြစ်ဘူးဆိုတာမရှိဘူးးး
ခုခင်ဗျားပါဆိုတော့•••ကျုပ်ရဲ့မင်းသမီးလေးအဖေါ်ရပြီ••••
ဟားးးးးးးးဟားးးးးးဟားးးးးး””””
နေမျိုးစည်သူ၏ရယ်သံကခြောက်ကပ်ကပ်နှင့်အခန်းထဲပျံ့လွင့်သွား
လေသည်။တကယ်မတုံ့မဆိုင်းနှင့်လုပ်မည့်ပုံ။
သူမဘက်သေနတ်ဦးလှည့်ကာခလုတ်ကို
ဖျစ်ညစ်လိုက်လေသည်။
“””ဒိုင်းးးးးးး””””
မောင်မိုးနောက်မှဝင်တွန်းလိုက်တာမို့သေနတ်က
ပစ်မှတ်လွဲသွားလေသည်။
တစ်ဆက်တည်းးးးးဟန်ချက်ပျက်သွားသော နေမျိးစည်သူ
အားဖမ်းချုပ်လိုက်လေသည်။
ခဏနေတော့မိနော်ဖုန်းဆက်ထားသဖြင့်
ဒုရဲအုပ်နေပိုင်နှင့်ရဲသားအချို့ယမင်းရွှေဇင်၏မိသားစုဝင်များပါရောက်လာကြလေံသည်။
~~~~~~~~~~~~~~~~:~
{၃}
ဇာတ်သိမ်း
~~~~~~~~~~~~~~~~~~~~~
တကယ်တော့နေမျိုးစဉ်သူမှာ ယဉ်ယဉ်လေးရူးနေခြင်းသာဖြစ်သည်။
ယမင်းရွှေဇင်ကိုတွေ့သည်မှစ၍
သူတစ်ယောက်ထဲယမင်းရွှေဇင်နှင့်ပတ်သက်သမျှကိုပိုင်ဆိုင်လေသည်။
နန်းတွင်းအနွယ်ဝင်တွေမို့
ရှေးမူနန်းရာကိုတန်ဖိုးထားလှသော
နေမျိုးစဉ်သူသည်••••
ခေတ်မီပွင့်လင်းသော••••
အနေအထိုင်လွတ်လပ်သော
ယမင်းရွှေဇင်ကိုနန်းဆန်ံဆန်သိမ်သိမ်မွေ့မွေ့နေရန်
နားချခဲ့သည်။
အစကတော့ယမင်းရွှေဇင်သည်
သူမကိုချဟ်၍ ချုပ်ချယ်သည်ဟု
သဘောပိုက်ကာ••••
ကျေနပ်မိခဲ့သေးသည်။
ယမင်းရွှေဇင်ကသီချင်းဆိုတာဝါသနာပါသည်။
သူငယ်ချင်းဖြစ်သူ၏စားသောက်
ဆိုင်တွင်လည်းတစ်ခါတစ်ခါဆိုပေးသည်။
ဒါကိုနေမျိုးစည်သူကသူ့ကိုအရွဲ့တိုက်သည်ဟု
သတ်မှတ်ထားသည်။
ယမင်းရွှေဇင်သည်•••
သူငယ်ချင်းများနှင့်အပျော်အခွေလေးလုပ်ရန်ကြိုးပမ်းရင်း
နေမျိုးစည်သူကိုအချိန်ပေးနိုင်မှုနည်းပါးသွားခဲ့သည်။
သူ့ရဲ့မနာလိုချုပ်ချယ်မှုများသော•••
အချစ်ကိုရှောင်တာလည်းပါ့သည်လေ။
သူနှင့်လက်ထပ်ပြီးမှသူ့သဘောကျနေရန်ဆုံးဖြတ်ထားသည်။
ယမင်းရွှေဇင်၏ ၂၃နှင့်ပြည့်မွေ့နေ့တသ်ရက်အလို••••
အိမ်ကထွက်လာတုန်းကတော့ဝင်နီတို့နှင့်••••
နောက်နော့ကိုကိုနေကဖုန်းဆက်ခေါ်တာမို့
ကိုကိုနေ့အိမ်ရောက်သွားရသည်။
••••ကိုကိုနေက•••
သူမအတွက်မွေးနေ့ကိုအထူးပြင်ဆင်ထားလေသည်။
စားပွဲဝိုင်းကြီးကြီးတွင်•••
ဝိုင်ခွက်လှလှလေးနှင့်ဖယောင်းတိုင်ယောင်စုံ
လေးစိုက်ထညးလေသည်။
ထို့နောက်ကိုကိုနေကကတ္တီပါဘူးထဲမှစိန်လက်စွပ်လေးကို
သူမလက်သူကြွယ်မှာစွပ်လိုက်သည်။
ရုတ်တရက်ကိုကိုနေ၏ဆွေးမြေ့ရီဝေနေသော
မျက်ဝန်းကြောင့်ယမင်းကျောထဲစိမ့်တက်လာရသည်။
“””ကိုကိုနဲ့တစ်သက်လုံးနေမယ်မှလားဟင်””””
“””ယမင်းတို့လက်ထပ်ပြီးရင်နေမှာ”””
“””မရဘူးယမင်းခုလက်ထပ်မယ်••••
မင်းလုပ်ချင်တာလုက်ဖို့သဘောမတူတော့ဘူး
ငါမကြိုက်တာတွေဆက်တိုက်ဆက်တိုက်လုပ်နေတာ
သသည်းမခံနိုင်တော့ဘူး”””
“””ယမင်းမွေးနေ့မှာကိုကိုနဲ့
ရန်မဖြစ်ချင်ဘူး•••ယမင်းပြန်တော့မယ်”””””
ယမင်းပြန်ရန်ခုန်မှထကာနေရညမှလှည့်အထွက်••••
“””မင်းကြိုက်သည်ဖြစ်စေ:••••မကြိုက်သည်ဖြစ်စေ•••
ကိုယ်နဲ့တသ်သက်လုံးနေရတော့မယ်•••••
ဟားးးးဟားးးးး””””
ဓားသွားကယမင်းကိုယ်ထဲတစ်ဆုံးထိစိုက်ဝင်သွားလေသည်။
အဖြူရောင်ဂါဝန်ကသွေးကွက်များဖြင့်အကျည်းတန်လှစွာ••••
“”””ဟားးးးးဟားးးးးဟားးးးး
မင်းကိုငါပိုင်တယ်•••ယမင်းရွှေဇင်••••••
~~~~~~~~~~~~~~~~~~~
နေမျိုးစည်သူသည်ယမင်းရွှေဇင်အားသတ်တာ
ထင်ရှားနေပြီမို့တရားဉပဒေအရအရေးယူလိုက်သည်။
ယမင်းရွှေစင်ရဲ့အလောင်းကိုတော့•••
မိသားစုဝင်များက ကောင်းကောင်းမွန်မွန်သဂြိုလ်ပြီးကြပြီဖြစ်သည်။
ဘယ်လိုပင်စိတ်မကောင်းဖွယ်ရာဖြစ်စေကာမူ
ဝဋ်ကြွေးလား၊ကံကြမ္မာလား
လွဲချရုံသာတတ်နိုင်တော့သည်။
နေမျိုးစည်သူကိုတော့စိတ်ကမူမမှန်တာမို့
ထောင်ပြောင်းလိုက်ရသည်။
ဘယ်နေရာရောက်ရောက်နေမျိုးစည်သူနှုတ်ဖျားမှာတော့••••
“””ဟားးးဟားးးမင်းကိုငါပိုင်တယ်ယမင်းရွှေဇင်””””
ဟူ၍တည်း•••••••••

The end.
3:32PM
M.M.K

သိုက်ကြိုး

aq17.jpg
{စ/ဆုံး}
{၁}
ဧကနှစ်ဆယ်လောက်ခြံကျယ်ကြီးက•••
နှစ်ရှည်ခံသစ်ပင်ကြီးများဖြင့်ညှို့ဆိုင်းနေလေသည်။
လူသွားလမ်းကလေးအဆုံးမှာတော့•••ကုန်းကမူလေးပေါ်မှ
နှစ်ထပ်••အိမ်နီနီကြီးကို••အဝေးမှပင်အတိုင်းသားမြင်နိုင်လေသည်။
အိမ်ကြီး၏အခြေအနေ အားကြည့်၍ ထိုအိမ်၏ပိုင်ဆိုင်မှုကို
ခန့်မှန်းနိုင်ပေသည်။•••
ထိုအိမ်နှင့်ခြံဝင်းအားပိုင်ဆိုင်သူမှာကား••
လူရွယ်တစ်ယောက်သာဖြစ်ချေသည်။
ထိုသူကား••••
မောင်ဖုန်းမြတ်စံ••••
တစ်ချိန်ကအထင်ကရသူဌေးကြီးဖြစ်ခဲ့သော•••
ဦးဖုန်းအံ့နှင့်ဒေါ်နန်းမြစံ၏တစ်ဦးတည်းသောသား
ဖြစ်လေသည်။
မိဘနှစ်ဦးမှာ•••သားဖြစ်သူ၏နောင်ရေးကို
ကြိုတွေးကာ•••ငွေကြေး ပြည့်စုံဖို့မလိုသော
ခေတ်မဆန်သော•••အိမ်ထောင်မှုနိုင်နင်း၍
မိန်းမပီသ••မဟာဆန်လှပသော••
မိမိတို့အိမ်တော်ထိန်းလူယုံ၏သမီးး
နုနုယဉ်နှင့်လက်ထပ်ထိမ်းမြားပေးခဲ့လေသည်။
ထို့နောက်သားဖြစ်သူ၏နောင်ရေးကို
စိတ်ချသွားသည့်အလား
ဇနီးမောင်နှံနှစ်ဦး ရှေ့ဆက်နောက်ဆက်ပင်
ကွယ်လွန်သွားကြသည်။••••
နုနုယဉ်၏ဖခင်မှာမူ•••
လူ့ဘောင်ဘဝကိုစွန့်လွတ်ကာ
ဖန်ရည်စွန်းသောသင်္ကန်းကိုဝတ်၍•••
အမြိုက်တရားရှာဖွေရန်ထိုမြို့လေးမှ ထွက်သွားသည်မှာ
၅နှစ်လောက်ရှိချေတော့မည်။
ခုဆိုလျှင်ထိုအိမ်ကြီးတွင်••
ဖုန်းမြတ်စံတို့ဇနီးမောင်နှံ•••ခြံစော့င့်ဦးဖိုးမမြှင့်တင်ရေး
ထမင်းချက်ဒေါ်စိန်နှင့်ဒေါ်စိန်၏ကျပ်မပြည့်ရှာသော
မြေးမလေး•••မိလဲ့သာလျှင်ရှိချေသည်။
ဖုန်းမြတ်စံမှာ•••တစ်ဦးတည်းသောသားပီပီ
အဖော်မင်လှကာ•••နုနုယဉ်
နှင့်လက်ထပ်ပြီးအိမ်ထောင်သက်၅နှစ်ကြာသည့်တိုင်
ရင်သွေးရတနာမရလေရကားးး
ခြေလှမ်းတွေပျက်လာလေသည်။
ခြံအလုပ်က••ယခင်ကိုယ်တိုင်ဦးစီးလုပ်ကိုင်ပေမယ့်
ယခုဆိုလျှင် မန်နေဂျာကိုထူးကိုသာလျှင်လွဲထားတော့သည်။
ကျန်းမာရေးစစ်ဆေးတော့လည်းနှစ်ယောက်စလုံး
အဆင်ပြေပါလျက်•••သားသမီးရမလာနိုင်တာက
ကံကိုပုံချယုံသာရှိတော့သည်။
မိဘသဘောတူ၍လက်ထပ်ထားကြသည်ဆိုပေမယ့်
တစ်ဦးကိုတစ်ဦးငယ်သံယောဇဉ်နှင့်
ချစ်ကြတာမို့•••
ဖုန်းမြတ်စံကလည်းမိမိကိုယ်ကိုယ်စိတ်ထွက်ပေါက်ရှာကာ
ဇနီးသည်အား••အပြစ်မပြောသလို•••
နုနုယဉ်မှာလည်း••ခင်ပွန်းဖြစ်သူအား
အပြစ်မတင်နိုင်ဖြစ်ရသည်။
ယောကျာ်းသားဖြစ်သူမှာ•••
သူ့နည်းသ့းဟန်နှင့်ထွက်ပေါက်ရှာနိုင်ပေမယ့်
နုနုရီတို့လိုမိန်းမသားဘဝမှာ•••
မျက်ရည်ကျရုံမှတစ်ပါးး
ဖြေသိမ့်စရာ တရားဘာဝနာသာရှိချေသည်။
အိမ်မှုကိစ္စလည်းဒေါ်စိန်နှင့်ချည်းလွတ်ထားကာလှည့်မကြည့်
ဖြစ်သည်မှာကြာလေပြီ။
အချိန်တိုးစိတ်ပုတီးတစ်ကုံးဖြင့်•••
အိမ်ရဲ့မလှမ်းမကမ်း•••
ဆုတောင်းပြည့်ဘုရားလေးမှာသာ•••အချိန်ကုန်နေရသည်။
တရားဘဝနာပွားနေစဉ်အတွင်းး
သောကပူဆွေးမှုကိုတဒင်္ဂအားဖြင့်မေ့ထားနိုင်လေသည်။
{၂}
တစ်နေ့•••••
နုနုယဉ်မှာ••အဓိဌာန်ပုတီးစိတ်နေစဉ်•••
အမွေးနံ့တစ်ခုကိုထူးထူးခြားခြားရလိုက်လေသည်။
ထိုအမွေးနံ့တွင်ငြိမ်းအေးမှုတစ်မျိုးသည်လည်းပါဝင်နေသယောင်
ရှိလေသည်။
အဓိဌာန်ပြည့်၍••ပုတီးစိတ်ခြင်းရက်နားလိုက်ပြီးးး
ဘုရားကိုဦးချပြီးပြန်အမော့•••
တစ်စုံတစ်ယောက်ကြည့်နေသလိုခံစားရတာမို့
ကြည့်လိုက်ရာ•••
ဝတ်ဖြူစင်ကြယ်နှင့် အသက်အရွယ်မှာ၇၀လောက်ခန့်မှန်းရမည်။
ဖြူသောမုတ်ဆိတ်မွေးကရင်ဘတ်အထိတွဲလောင်းကျနေပြီး
ဆံပင်ဖြူဖြူများနှင့်ရောထွေးနေလေသည်။
ထိုသူတော်စင်ကြီးးးက
“””ရတနာသုံးပါးကို ဦးထိပ်ထားတဲ့သမီး•••
ဘာသာတရားကိုင်းရှိုင်းတဲ့သမီးးး
မကြာခင်စိတ်ချမ်းသာရတော့မှာပါ””””
သူတော်စင်ကြီး၏အသံမှာ
အသက်အရွယ်နှင့်မလိုက်အောင်
ထည်ဝါခန့်ညားနေလေသည်။
နုနုယဉ်မှာ•••သူတော်စင်ကြီးအားဦးချလိုက်ကာ•••
“””အဘရယ်••••သမီးးကအဘထင်သလိုကံမကောင်းပါဘူးရှင်”””
“”ကံကောင်းလာတော့မယ်သမီး•••သမီးတို့မှာမိသားစုဝင်တိုးတော့မယ်
သမီးတို့ဇနီးမောင်နှံတောင့်တနေတဲ့သားသမီးရတနာရတော့မယ်”””
နုနုယဉ်မှာဝတ်ဖြူစင်ကြယ်နှင့်အဘစကားကြောင့်
အလွန်အမင်းအံ့သြသွားလေသည်။
နုနုတို့မှာသားသမီးမရှိတာ•••
သားသမီးရတနာတော့တနေတာ•••
ထိုသူတော်စင်ကြီးဘယ်လိုသိတာပါလိမ့်။
နုနုနှင့်မောင်နှစ်ယောက်စလုံးထိုသူတော်စင်ကြီးအား
မတွေ့ဖူးတာသေချာလေသည်။
သူတော်စင်ကြီးက••••
“”သမီးတို့သတိထားရမှာက•••
ခုရလာမယ့်ကလေးတွေဟာ••သာမန်
မဟုတ်ဘူး•••လူ့ဘောင်လောကရဲ့အရှုပ်တော်ပုံ
တွေနဲ့လားလားမှမအပ်စပ်ပေဘူး•••
သူတို့လာရခြင်းအကြောင်းက
သာသနာပြုဖို့ပါပဲ•••
အကောင်းဆုံးက••သမီးတို့ဇနီးမောင်နှံနှစ်ယောက်လုံးဟာ
ငါးပါးသီလကိုခါးဝတ်ပုဆိုးလိုမြဲရမယ်•••””””
နုနုယဉ်မှာ••မျက်ရည်စို့လာသည်အထိဝမ်းသာမိလေသည်။
“”အဘရယ်•••ဖြစ်နိုင်ရင်သမီးတို့
အိမ်အထိကြွခဲ့ပေးပါလားရှင်”””
“””အဘကိုတွေ့ချင်ရင်ဒီဘုရားလာခဲ့ပါ•••
ဘာပူဇော်သက္ကာရမှယူမလာပါနဲ့•••အဘဒီဘုရားမှာ
၉ရက်တိတိအဓိဌာန်ဝင်ထားတယ်••၉ရက်ပြည့်တဲ့ထိ
ရှိနေမှာပါ””””
“””ဟုတ်ကဲ့ပါအဘ••••နောက်တစ်ရက်နေရင်•••
သမီးခင်ပွန်းကိုပါခေါ်ခဲ့ပါ့မယ်””””
“””ကဲ•••အဘသွားပြီသမီးးးး”””
နုနုယဉ်မှာနောက်တစ်ကြီမ်ဦးချပြီးပြန်အမော့
သူတော်စင်ကြီးအားအရိပ်အယောင်ပင်မတွေ့ရတော့ပေ။
ဒီဆုတောင်းပြည့်ဘုရားလေးကအမိုးအကာလည်းမရှိဇရပ်လည်းမရှိ
ပူဇော်သက္ကာရလည်း လက်မခံသော
ထိုအဘသည်မည်သို့မည်ပုံ•••ဆိုတာနုနုယဉ်နားမလည်တော့ပေ။
ထိုဘုရား၏ထူးခြားချက်ကအမိုးအကာမရှိပေမယ့်
မည်မျှပင်နေပူစေကာမူ•••
ဘုရားပတ်ပတ်လည်ကအပင်ကြီးများ၏
အရိပ်ကြောင်အစဉ်အေးမြလေသည်။
သို့ပေမယ့်•••
ထိုသူတော်စင်ကြီး၏ဟန်ပန်အမူအရာအား
ကြည့်ခြင်းဖြင့် သူတော်စင်ကြီး၏စကားကိုအကြွင်းမဲ့ယုံမိသည်။
နုနုအိမ်ပြန်ရောက်တော့•••
ညနေလေးနာရီ။
ဒီနေ့ထူးထူးခြားခြားပင်
ခင်ပွန်းသည်မှာအိမ်ကိုစောဟောရောက်နှင့်နေလေသည်။
နုနုက•••
“””မောင်ဒီနေ့အိမ်ပြန်တာစောတယ်နော်•••””””
ဖုန်းမြတ်စံက•••
“””မောင်တို့ထမင်းလက်ဆုံစားချင်လို့လေ”””
နုနုယဉ်မှာ မယုံနိုင်စွာဖြင့်
“””နုနုနားကြားမှားတာ•မဟုတ်ပါဘူးနော်””””
“”””မဟုတ်ပါဘူးနုနုရယ်••••
ဒီအတောအတွင်းနုနုအပေါ်ဂရုစိုက်တာတွေ
ပျက်ကွက်ခဲ့ရင်မောင်တောင်းပန်ပါတယ်ကွယ်••••””””
မောင်ကပြောရင်းနုနုလက်ကိုလှမ်းကိုင်နှစ်သိမ့်တာမို့
နုနုလည်းပြန်လည်ဆုပ်ကိုင်လိုက်ရင်း
“””””နုနုဝမ်းသာလိုက်တာမောင်ရယ်•••••
နုလေမောင့်ကိုဝမ်းသာစရာစကား
ပြောစရာရှိတယ်••••””””
မောင်ကအံ့သြဟန်ဖြင့်•••
“”””မောင်လည်းပြောစရာရှိတယ်နုရဲ့”””
“””အင်းးမောင်အရင်ပြော”””
“””ဒီလိုနု••••••••
ထိုနေ့ဖုန်းမြတ်စံတစ်ယောက်အရသ်နေ့တွေနဲ့
မတူစိတ်ကြည်နေတာမို့ခြံထဲသွားလိုက်သည်။
အရင်ရက်တွေလိုသောက်ဖော်သောက်ဘက်တွေနှင့်
ဝိုင်းမထိုင်တော့။
ဲခြံထဲမရောက်တာကြာပြီမို့
လက်ဟင်းမှုတွေအများကြီးတွေ့ရသည်။
စာရင်းဇယားတွေတစ်နေကုန်ထိုင်စစ်လိုက်တာ
ငွေစာရင်းကွာဟမှုတွေလည်းအများကြီးတွေ့ရလေသည်။
မန်နေဂျာကိုထူးကတော့မျက်နှာပျက်နေလေသည်။
ထိုနေ့တွင်ခြံထဲမှာပင်•••အလုပ်သမားတန်းလျားမှ
ထမင်းတူတူစားလိုက်ကာ•••
အလုပ်သမားတွေလုပ်ထားသော
ဝါးကွပ်ပျစ်တွင်•••အနားယူရင်း
အိပ်ပျော်သွားလေသည်။
တစ်စုံတစ်ခု••လှုပ်နိုးခံရသလိုရှိတာမို့
ဖုန်းမြတ်စံမှာမျက်စိကိုပွတ်လိုက်ကာ
နံဘေးနဘီကြည့်လိုက်မိသည်။
ထိုစဉ်••ရာဇဝင်ထဲကလိုနန်းဝတ်နန်းစားနှင့်••ယောကျာ်းကြီး
နှစ်ယောက်နှင့်••အလွန်တရာလှပသော•••အရွယ်မတိမ်းမယိမ်းရှိသည့်
အမျိုးသမီးနှစ်ယောက်ကိုတွေ့ရလေသည်။
ထိုအထဲမှအကြီးဆုံးလူက••••
“””သင်တို့မှာသားသမီးမရဘူးကြားတယ်•••
ဒီကကျုပ်ဇနီးနဲ့ယောက်ဖတော်က•••
လူ့ဘောင်ဘဝမှာ••သာသနာပြုချင်တယ်••^•
လက်ခံပေးနိုင်မလား•••••”””””
ဖုန်းမြတ်စံမှာ•••
စိတ်ညှို့ခံရသူပမာ••••
“””ခင်ဗျားတို့ဘယ်သူတွေလဲ••••””””
“””ဆုတောင်းပြည့်စေတီ•••ဥသျှစ်ပင်နားမှာ•••သိုက်နန်းတစ်ခုရှိပါတယ်•••ခမည်းတော်မယ်တော်ခွင့်ပြုချက်နဲ့•••မောင်ရင်တို့မိသားစုဆီလာဖို့ခွင့်တောင်းတာပါ•••””””
“”””ကျုပ်ကလာဖို့ခွင့်ပြုတယ်ဆိုရင်ရော••””””
“””ဘုရားတရားမြဲပါ•••ငါးပါးသီလကိုစောင့်ထိန်းပါ•••
ဒီလိုဆိုရင်မိသားစုလည်းအကျိုးထူးခံစားရပါလိမ့်မယ်•••
တစ်ခုသတိထားရမှာက•••
သမီးလေးရဲ့နာမည်ကိုသီဟသူဇာလို့ပေးပြီးးး
သားလေးနဲ့နာမည်ကိုသီဟရာဇာလို့ပေးပေးပါ
သူတို့ဟာ••သာသနာပြုဖို့လူ့ဘောင်ဘဝမှာအိမ်ရာထူထောင်လို့မရပါဘူး•••ဒီလိုဖြစ်ခဲ့ပါက•••
သိုက်နန်းကအချိန်မရွေးပြန်ခေါ်နိုင်တယ်ဆိုတာပါပဲ”””””
ထိုလူကြီးစကားဆုံးသည်နှင့်
အားလုံးမှာ•••အငွေ့ဖြူဖြူများဖြစ်ကာ•••
ပျောက်ကွယ်သွားလေသည်။
ဖုန်းမြတ်စံမှာ••••
အော်ဟစ်ရင်းလှမ်းဆွဲလိုက်ရာ•••
“”””ဘုန်းးးးး”””
“””ဆရာ••••ဘာဖြစ်တာလဲ”””
အလုပ်သမားတွေစုပြုံရောက်ရှိလာကြသည်။
“””အိပ်မက်မက်တာပါ•••ရပါတယ်ကိုယ့်အလုပ်ကိုယ်လုပ်ကြ””””
ဖုန်းမြတ်စံမှာ•••အလုပ်သမားတွေကိုပြောလိုက်ရင်းးး
အိပ်မက်အကြောင်းအရာများကိုထိုင်တွေးနေမိသည်။
အိပ်မက်အကြောင်းအရာများက
တကယ့်အဖြစ်အပျက်သဖွယ်•••
အကြောင်းအရာများကအစီအရီပေါ်လာလေသည်။
~~~~~~~~~~~~~~~~~~
နုနုယဉ်မှာမောင်ပြောသောအကြောင်းအရာများကို
နားထောင်ကာအံ့သြတကြီးဖြင့်•••
သူမဘုရားတွင်ဝတ်ဖြူစင်ကြယ်
သူတော်စင်ကြီးနှင့်တွေ့ရပုံအလုံးစုံကိုပြန်ပြောင်းပြောပြလိုက်လေသည်၏
ဇနီးမောင်နှံနှစ်ဦးထိုတိုက်ဆိုင်သော:-)
အဖြစ်အပျက်ကိုနားလည်လက်ခံလိုက်ကာ•••
နောက်တစ်နေ့နံနက်တွင်••ဇနီးမောင်နှံနှစ်ဦး
သူတော်စင်ကြီးနှင့်ထပ်မံတွေ့ဆုံခဲ့လေသည်။
သူတော်စင်ကြီးမှာ•••
ငါးပါးသီလမြဲရန်•••
အလှူအတန်းရက်ရောရန်••
ဆိုဆုံးမ၍•••အဓိဌာန်ဝင်ပြီး၉ရက်ပြည့်သောအခါ•••
ထိုစေတီလေးမှတကယ်ပင်•••ပျောက်ကွယ်သွားလေသည်။
{၃}
ဇာတ်သိမ်း

သူတော်စင်ကြီး•••ပျောက်ကွယ်ပြီးနှစ်လအကြာ•••
နုနုယဉ်မှာတကယ်ပင်ကိုယ်ဝန်ရှိလာခဲ့လေသည်။
ကိုယ်ဝန်ရှိလာသည်မှစ၍
နုနုယဉ်မှာ••ယခင်ကြိုက်နှစ်စက်လှသော
အသားငါးများအားးအနံ့ခံ၍ပင်မရတော့••••
ဟင်းသီးဟင်းရွက်တွေသာစားတော့သည်။
ဖုန်းမြတ်စံမှာလည်းထိုအတောအတွင်းးးး
ခြံလုပ်ငန်းဦးစီးလုပ်ကိုင်ရင်းး
အလှူရေစက်လက်နှင့်မကွာဆိုသလို
လှူလာတန်းလာသည်မှာ••အကြိမ်အရေအတွက်ပင်
မမှတ်မိတော့ပေ။
ဒီလိုနဲ့ကိုးလလွယ်:-)•••ဆယ်လဖွားဆိုသလို•••
သာယာသော••••မနက်ခင်းတစ်ခုတွင်•••
သားတစ်ယောက်သမီးတစ်ယောက်အားးအောင်မြင်စွာမွေး
ဖွားနိုင်ခဲ့လေသည်။
တစ်နေ့ကလေးငယ်နှစ်ဦးအား•••
ပုခက်အတွင်းသိပ်ထားစဉ်•••••
မြွေအဖြူရောင်နှစ်ကောင်အားတွေ့လေသည်။
ထိုအချိန်တွင်••နုနုမှာဘုရားခန်းရောက်နေလေသည်။
ဖုန်းမြတ်စံကနို့ဘူးဆေးနေတာမို့ဒေါ်စိန်အာ့
ကြည့်ထားခိုင်းခြင်းဖြစ်သည်။
ဒေါ်စန်မှာကလေးပုခက်အတွင်းမြွေဝင်ခွေနေတာ•••
တွေ့တော့•••
“”””အားးးးးးးကိုကိုလေးးးးးမြွေမြွေ•••••””””””
ဖုန်းမြတ်စံမှာ•••အပြေးအလွှားရောက်လာကာ••••
အခန့်ဒေါင့်မှာ ဂေါက်ရိုက်တံကိုလှမ်းယူလိုက်ရင်းချွေးပျံလာသည်။
မြွေကိုရိုက်လိုက်ရင်မတော်ကလေးကိုကိုက်လိုက်ရင်
“””ဘုရားးးးးဘုရားးးးး””””
ထိုစဉ်နုနုရောက်လာကာ••••
“””မောင်•••မောင်•••ဘာမှမလုပ်နဲ့အသာနေ•••
ဒါဘဝဟောင်းကဆွေဟောင်းမျိုးဟောင်းတွေဖြစ်မယ်••••””””
ဖုန်းမြတ်စံကနားမဘည်သလိုကြည့်တော့••••
“””ညက••နန်းအိပ်မက်မက်တယ်မောင်ဟိုတစ်ခါအိပ်
မက်ထဲကလိုနန်းဝတ်နန်းစားတွေနဲ့ ••သားနဲ့သမီးကိုလာကြည့်ချင်တယ်လို့ပြောတယ်”””
နုနုပြောတော့ဖုန်းမြတ်စံမှာ•••ဂေါက်ရိုက်တံကို
ပြန်ချထားလိုက်သည်။
“””ဒါဆို•••မောင်တို့ဘယ်လိုလုပ်မလဲ”””
နုနုကဒေါ်စိန်ဘက်လှည့်ကာ••••
“””ဒေါ်စိန်နွားနို့ရှိသေးလား”””
“””ရှိတယ်မမလေး••””””
“”””ဒါဆို•••ပန်းကန်ပြားထဲထည့်ခဲ့နော်”””
ဓေါ်စိန်မှာ•••နုနုပြောသည့်အတိုင်းမနက်ကဝယ်ထားသော
နွားနို့ကို•••ပန်းကန်ပြားထဲထည့်လာလေသည်။
နုနုကပန်းကန်ပြားကိုကြမ်းပေါ်တွင်ချကာ••••
“””လာရောက်သုံးဆောင်ပါဆွေတော်မျိုးတော်တို့”””
ထိုသို့ပြောလိုက်သည်နှင့်•••ပုခက်တစ်ခုစီမှ•••
မြွေဖြူလေးနှစ်ကောင်မှာ•••နွားနို့ခွက်ဆီလာကာ
ကုန်စင်အောင်သောက်ကာ•••အခန်းပြင်ထွက်သွားလေသည်။
ဖုန်းမြတ်စံမြွေနှစ်ကောင်ထွက်သွားသော•••
အခန်းပြင်လိုက်ကြည့်ရာအစအနပင်မတွေ့ရတော့။
ထူးဆန်းလိုက်တာ••••••
~~~~~~~~~~~~~
ထိုအချိန်မှစ၍
သားနှင့်သမီးအားးးပြုစုလာရာ
ဦးဖုန်းမြတ်စံ•••ဒေါ်နုနုယဉ်တစ်ဖြစ်လည်း
သားသီဟရာဇာနှင့်•••သမီးးး•••သီဟသူဇာတို့သည်•••
အသက်တစ်ဆယ့်ရှစ်နှစ်အရွယ်သို့ရောက်လာ
လေသည်။•••••
စီးပွားရေးမှာလည်းဒီရေအလားတိုးတက်လာကာ
သူတို့မြို့လေးတွင်ဦးဖုန်းမြတ်စံ•••
ဒေါ်နုနုယဉ်ဆိုတာမသိသူမရှိလို့ပြောရပေမည်။
သီဟရာဇာမှာ•••အရွယ်ရောက်သည်နှင့်
သာသနာ့ဘောင်ဝင်ရန်တောင်းဆိုတာမို့
မိဘနှစ်ပါးမှာ•••ရင်ကွဲခံကာခွင့်ပြုပေးခဲ့ရလေသည်။
သမီးလေးမှာမူကား•••
လှသွေးကြွယ်လှကာ•
ဘာသာတစ်ရားကိုင်းရှိုင်း•••
လိမ္မာရေးချားရှိသူမို့•••
ဦးဖုန်းမြတ်စံ•••ဒေါ်နုနုယဉ်တွင်ခမည်းခမက်တော်ချင်သူ
လူကုန်ထံများကို
ငြင်းရမည်ပင်အားနာလှလေပြီ။တစ်နေ့•••
မြို့ဝန်ကိုယ်တိုင်••လူကြီးအစုံအလင်ဖြင့်
သမီးဖြစ်သူအားးးလာရောက်ကမ်းလှမ်းရာ
မတတ်သာသည့်အဆုံးလက်ခံလိုက်ရလေသည်။
သီဟသူဇာကိုယ်တိုင်လည်းမည်သည့်ရေစက်ကြောင့်
မသိ။မြို့ဝန်မင်းဦးငွေအုပ်၏သား
မင်းအုပ်အားမြင်သည်နှင့်
မေတ္တာသက်ဝင်ချစ်ခင်မိလေသည်။
စေ့စပ်ပွဲအားတစ်ပတ်အတွင်းစီစဉ်လိုက်ကာ•••
လက်ထက်ဖို့ရက်ပင်သတ်မှတ်လိုက်ကြလေသည်။
တစ်နေ့မင်းအုပ်တစ်ယောက်တည်းးး
သူဇာတို့အိမ်ရောက်လာခဲ့သည်။
ထိုအချိန်သူဇာကအိမ်ရှေ့ပန်းပင်ရေလောင်းနေချိန်။
မင်းအုပ်ကသူဇာ့ကိုမြင်သည်နှင့်
သူဇာ့ဆီတန်းလာလေသည်။
“””သူဇာကပန်းတွေချစ်တတ်တယ်နော်”””
မင်းအုပ်ကစကားစတော့•••သူဇာက•••
“””ပန်းတွေကအပြစ်ကင်းဖြူစင်တယ်လေ”””
“””သူဇာ့ကိုမမီပါဘူးကွယ်”””
“””အစ်ကိုကသူဇာ့ဘဝကို••
ဘယ်လောက်သိလို့လဲ:-)
အစ်ကို့ကိုလက်ထပ်ဖို့သူဇာလက်ခံလိုက်တာ•••
သူဇာအပြစ်ကြီးတစ်ခူလိုခံစားနေရတယ်”””
မင်းအုပ်မှာစိတ်မကောင်းဟန်ဖြင့်
“”ကိုယ့်ကိုမချစ်ပဲလက်ခံလိုက်ရလို့လားသူဇာ”””
“””ချစ်လို့လက်ခံလိုက်တာပါ”””
မင်းအုပ်က
“””ဒါဆိုရင် ဘာကများခက်ခဲနေဦးမှာလဲကွယ်••••”””””
သူဇာမှာမိမိဘဝဇာတ်ကြောင်းအားမင်းအုပ်နားလည်အောင်
ရှင်းပြလိုက်လေသည်။
“””တကယ်ဆိုသူဇာတို့ကအိမ်ထောင်ပြုလို့မရဘူး
သာသနာပြုဖို့ရောက်လာတာပါ•••
အစ်ကိုတော်ကတော့တာဝန်ကျေနေပြီ သူဇာသာအစ်ကို့ကိုချစ်ခဲ့လို့”””
“””အစ်ကိုနဲ့လက်ထက်ပြီးပြုလည်းရတာပဲကွယ်”””
“””သူဇာ့ဘဝကအစ်ကိုထင်သလောက်မလွယ်ပါဘူး
အခက်အခဲတွေကိုအစ်ကိုရင်ဆိုင်ရလိမ့်မယ်”””
မသ်းအုပ်ကယုံကြည်မှူအပြည့်ဖြင့်
“”အစ်ကိုတို့အတူရင်ဆိုင်ရအောင်”””
မင်းအုပ်မှာမျက်ရည်လွမ်းသောချစ်သူမျက်နှာအား
သနားဂရုဏာသက်စွာကြည့်၍ထွေးပွေ့လိုက်လေသည်။ ဒီလိုနဲ့လက်ထပ်ပွဲအထိချစ်ခရီးလမ်းသည်ဖြောင့်ဖြူးခဲ့လေသည်။
လက်ထပ်ပွဲအပြီးဇနီးမောင်နှံနှစ်ယောက်မင်းအုပ်တို့လက်
မှလက်ဖွဲ့သော•••အိမ်ကိုကားနှင့်အသွားးး
ရုတ်တရက်လမ်းကွေ့မှ ပစ္စည်းတင်ကားတစ်စီးထွက်လာကာ
“””ကျွီးးးးးးဒုန်းးးးးဝုန်းးးး”””
ကားတိုက်သောအရှိန်မှာပြင်းတာမို့
မင်းအုပ်တို့စီးလာသော
ကားငယ်မှာမီးလောင်ပေါက်ကွဲကာ•••
ရင်နင့်ဖွယ်ရာချစ်သူနှစ်ယောက်မှာ:-)
အစက်ဇီဝိန်ကြွေသွားရှာလေပြီတည်း။
ဦးဖုန်းမြတ်စံတို့ဇနီးမောင်နှံမှာ မိမိတို့
လက်ထပ်ပေး၍ဖြစ်ရတာမို့ယူကျုံးမရ
နောင်တတွေနှင့် ရင်နင့်ကြေကွဲရလေတော့သည်။
~~~~~~~~~~~:::
မြို့ပြင်သင်္ချိုင်း
သီဟသူဇာနှင့်
မင်းအုပ်တို့အုတ်ဂူလေးနှစ်ခုယှဉ်တွဲရှိနေလေသည်။
အုတ်ဂူနံဘေးတွင်တော့
နှစ်ဖက်မိဘနှင့် ဦးဇင်းလေးတစ်ပါး
ဦးဇင်းလေးက
“””တရားနဲ့ဖြေပါဒကာ၊ဒကာမတို့
ဒါကအစတည်းကမှားခဲ့တာ•••
ဦးဇင်းလည်းသိသိချင်းလာတာအခုတော့
လွန်ကုန်ပြီ•••
ဆွေတော်မျိုးတော်တွေသတိပေးထားလျက်နဲ့မလုပ်သင့်တာ
လုပ်ကြတာကိုးးးး
ဦးဇင်းကနယ်ဝေးရောက်နေလို့ဦးဇင်းသာ
စောလာခဲ့ရင်•••ဒီလိုဖြစ်မှာမဟုတ်ဘူး
ခုလည်းဒကာမလေးဆွေတော်မျိုးတော်ဆီပြန်ရောက်နေပါပြီလေ
ဒကာမင်းအုပ်အတွက်တော့စိတ်မကောင်းပါဘူး
ကဲဦးဇင်းလည်းကြွမယ်
တရားနဲ့စာဖြေကြပါ”””
သီဟရာဇာတစ်ဖြစ်လည်းဦးဇင်းလေးမှာ
ရှိုက်သံများနှင့်မြို့ပြင်သင်္ချိုင်းအားကျောခိုင်းလိုက်လေသည်။
အဝေးတစ်နေရာမှငေးနေသော•••
သီဟသူဇာတစ်ဖြစ်လည်းသိုက်နန်းရှင်မလေး၏
ရှိုက်သံကိုတော့•••မည်သူမျှမကြားနိုင်တော့ပြီတည်း။
~~~~~~~~~~~~~~~~~
The end.
9:50 pm
M.M.K

နာနာဘာဝခင်းသောထမင်းဝိုင်း[စ/ဆုံး]

aq16.jpg

[1]

ကျွန်မနာမည်’နွေးနွေး’ပါရှင့်,
ကျွန်မဘဝအတွက်ပထမဆုံးအကြိမ်အဖြ
စ်မမျှော်လင့်ပဲထိတွေ့ခွင့်ရခဲ့တဲ့ပရလောကကမိတ်ဆွေကောင်းတစ်ဦးအကြောင်း
ပြောပြချင်ပါတယ်,
အချိန်ကခဏလေးဆိုပေမဲ့ ကျွန်မအတွ
က်ကတော့တစ်သက်မမေ့နိုင်စရာအခိုက်အတန့်ပါပဲ,
ဒီအဖြစ်အပျက်ကကျွန်မအလယ်တန်း
ကျောင်းသူဘဝကဖြစ်ခဲ့တဲ့အဖြစ်အပျက်
ပေါ့,ခုဆိုကျောင်းတွေပြီးဘွဲ့တွေရလို့လုပ်
ငန်းခွင်တောင်ဝင်နေပါပြီ,
ဒါပေမဲ့ အဲ့ဒီအကြောင်းပြန်စဉ်းစားမိ
တိုင်းမနေ့တစ်နေ့ကဖြစ်ခဲ့သလိုခံစားရပြီး
ကြက်သီးမွှေးညှင်းတွေ’တဖွားဖွား’ပြန်ထ
ခဲ့ရတဲ့အထိတုန်လှုပ်မိနေတုန်းပဲ,
ပြီးတော့အဲ့ဒီအဖြစ်အပျက်ကို
“နာနာဘာဝခင်းသောထမင်းဝိုင်း”လို့
ခေါင်းစဉ်တပ်ချင်ပါတယ်,

ဟိုးလွန်ခဲ့တဲ့(၁၀)နှစ်ကျော်ကာလ,
ကျွန်မအလယ်တန်းမှာပညာသင်နေစဉ်
ကပေါ့,ဒါပေမဲ့ ကျွန်မတို့ကျောင်းကအထ
က်တန်းကျောင်း,တစ်နေ့ပေါ့,,,,,,,

“ကဲ,အားလုံးကိုဆရာမပြောစရာရှိတယ်,
ဒီနေ့အခန်းထဲကိုအသစ်ပြောင်းလာတဲ့
ကျောင်းသူတစ်ယောက်နဲ့မိတ်ဆက်ပေး
ချင်တယ်,ဆရာမတပည့်တွေကသူ့ကို
နွေးနွေးထွေးထွေးနဲ့ကြိုဆိုပေးပါ”
“ဟုတ်ကဲ့ပါ ဆရာမ”
ဆရာမဖြစ်သူကနံဘေးရှိကျောင်းသူဘက်
လှည့်၍,
“ကဲ,သမီး သမီးသူငယ်ချင်းတွေကိုမိတ်
ဆက်လိုက်ပါဦး”
“ဟုတ်ကဲ့ရှင့်”
“တို့နာမည် ဇာဇာ’ပါ,ဒီနေ့မှပြောင်းလာ
တဲ့ကျောင်းသူသစ်ပါ,အားလုံးနဲ့လဲသူင
ယ်ချင်းဖြစ်ချင်ပါတယ်,ဇာဇာ့ ကိုခင်ကြ
ပါနော်”

မိတ်ဆက်ပြီးတာနဲ့’ဇာဇာ’ကကျွန်မဘေး
မှာဝင်ထိုင်တယ်,ရိုးရိုးအေးအေးနဲ့ချစ်ဖို့
ကောင်းတဲ့သူငယ်ချင်းဆိုတော့ခဏအတွင်းမှာပဲ’ဇာဇာ့’ကိုကျွန်မအရမ်းခင်မိသွား
တယ်,သူလဲကျွန်မလိုပါပဲ,
‘ဇာဇာ’နေတာက ဟိုဘက်ရပ်ကွက်ကမူ
လတန်းကျောင်းရဲ့ဘေးမှာ,
ကျွန်မတို့(၂)ယောက်ဘယ်လောက်ထိခင်သွားကြလဲဆို တစ်ယောက်အိမ်တစ်
ယောက်လိုက်လည်ယုံတင်မကတော့ဘဲ
သူ့အိမ်ကိုယ်လိုက်အိပ်,ကိုယ့်အိမ်သူလိုက်အိပ်နဲ့,တကယ့်ညီမအရင်းအချာတွေလိုဖြစ်သွားကြရော,
အဲ့လိုနဲ့’ဇာဇာ’တို့ရဲ့အိမ်နီးနားချင်းဖြစ်တဲ့
မူလတန်းကျောင်းထဲကကျောင်းစောင့်
‘အန်တီဆွေ’တို့မိသားစုနဲ့ပါရင်းနှီးခွင့်ရခဲ့
တယ်,
‘အန်တီဆွေ’တို့မိသားစုကများများစားစား
တော့မရှိပါဘူး,သူရယ်သူ့သမီး’မခင်ထား’ရယ်,အမေတစ်ခုသမီးတစ်ခုပေါ့,
နောက်ပိုင်း’ဇာဇာ’တို့အိမ်လာလည်တိုင်း
‘အန်တီဆွေ’တို့အိမ်အရင်ဝင်တယ်,ပြီး
ရင်’အန်တီဆွေ’ဆီမှာပဲထမင်းစားတယ်,
‘အန်တီဆွေ’ကဟင်းချက်အရမ်းကောင်း
တာ,အိမ်မှာတောင်ထမင်းသိပ်မစားတဲ့
ကျွန်မက’အန်တီဆွေ’ချက်တာစားရင်
ခေါင်းကိုမဖော်တော့ဘူး,ထမင်းစားပြီး
‘အန်တီဆွေ’နဲ့စကားတွေဘာတွေပြော,
ပြီးမှ’ဇာဇာ့’ဆီသွား,စာကျက်စရာရှိတာကျက်,ပြီးတာနဲ့’ဇာဇာ’တို့ညီအစ်မတွေနဲ့
ဆော့တော့တာပဲ,
ပြီးမှအိမ်ကို’ဇာဇာ’တို့ညီအစ်မနှစ်ယောက်ကပြန်လိုက်ပို့တာ,
ကြာလာတော့အဲ့ဒါကပဲကျွန်မရဲ့ပတ်ဝန်း
ကျင်တစ်ခု,ကျွန်မရဲ့တစ်နေ့တာဖြတ်သန်းမှုလိုဖြစ်လာတော့တာပါပဲ,,,,,,,,,,

[2]

အချိန်တွေကြာလာတော့တစ်ယောက်နဲ့
တစ်ယောက်သံယောဇဉ်တွေပိုခဲ့ကြတယ်,’ဇာဇာ’တို့မိသားစုနဲ့လဲအရမ်းခင်သွားသ
လို’အန်တီဆွေ’တို့အိမ်ဆိုရင်လဲကျွန်မအ
တွက်တော့စားအိမ်သောက်အိမ်လိုဖြစ်
နေပြီ,’အန်တီဆွေ’ကလဲကျွန်မကိုအရမ်း
ချစ်တာ,ပြီးတော့သူအမြဲပြောပြောနေကြ
စကားရှိတယ်,
“နွေးနွေးနဲ့အန်တီကဘယ်ဘဝကရေစက်
ရှိခဲ့လဲမသိဘူး,နွေးနွေးကိုစမြင်လိုက်
တည်းကကိုယ့်သွေးသားအရင်းသမီး
လေးတစ်ယောက်လိုပဲချစ်တာ” တဲ့,
အဲ့ဒီစကားက’အန်တီဆွေ’ပြောနေကြ
စကားပဲ,

ကျောင်းစာမေးပွဲကြီးပြီးတော့လားရှိုးကအစ်ကိုတို့ဆီကျွန်မသွားလည်ဖြစ်ခဲ့တယ်,
တစ်လလောက်ပေါ့,ဒါပေမဲ့ အဖျားတွေအ
ရမ်းကြီးလို့အိမ်ကိုပြန်ခဲ့ရတယ်,
အိမ်မှာပဲနေပြန်ကောင်းတဲ့အထိအိမ်တွင်း
အောင်းနေပြီးအဖျားကျလို့သက်သာတာနဲ့
မရောက်တာလဲကြာ,သတိလဲရ,တွေ့လဲ
တွေ့ချင်နေတာနဲ့’ဇာဇာ’တို့အိမ်ကိုထွက်
ခဲ့တယ်,
‘အန်တီဆွေ့’ဆီအရင်ဝင်ဦးမှပဲဆိုပြီး
အန်တီဆွေတို့အိမ်ရှိတဲ့ကျောင်းထဲအရင်
ဝင်ခဲ့တာပေါ့,
ထူးဆန်းတာကဒီနေ့မှကျွန်မစိတ်တွေလေးနေပြီးသွားနေလာနေကြနေရာကိုလာ
ရတာတောင်စိတ်ထဲကဘာကိုခြောက်ခြား
လို့ခြောက်ခြားမှန်းမသိ,တစ်ခုခုကိုကြောက်နေမိသလိုပဲ,,

“ကျွီ,,,,,,,,,”
ကျောင်းရဲ့တံခါးမကြီးကိုဖွင့်လိုက်တော့
ထွက်ပေါ်လာတဲ့အသံနဲ့အတူလေပြင်းတစ်ချက်ဝှေ့သွားပြီးသစ်ရွက်ခြောက်တွေ
ဟိုဒီဝဲပျံကုန်ရော,ကျွန်မမျက်လုံးထဲလဲ
ဖုန်တွေအမှတ်မထင်ဝင်လာလို့စပ်သွား
ပြီးမြင်ကွင်းလဲခဏဝေဝါးဝါးဖြစ်သွားတဲ့
အချိန်,ရှေ့ကပျံဝဲနေတဲ့သစ်ရွက်ခြောက်
တွေကြားမှာလူအရိပ်မဲမဲသဏ္ဍာန်တစ်ခု
ကကျွန်မကိုစိုက်ကြည့်နေတာကိုမပီမပြင်
မှုန်ဝါးဝါးတွေ့လိုက်ရတယ်,ကျွန်မလဲ
စပ်နေတဲ့မျက်လုံးကိုအမြန်ပွတ်, ပြီး ပြန်
ဖွင့်ကြည့်တော့အားလုံးကအကောင်းအတိုင်း,လေလဲပြန်ငြိမ်သွားသလိုသစ်ရွက်
တွေလဲမြေပေါ်မှာမလှုပ်မယက်,
ဒါပေမဲ့ ရှေ့လှမ်းလှမ်းကမြင်နေရတဲ့သစ်
ပင်ကတော့ယိမ်းထိုးနေတယ်,အဲ့ချိန်တုန်း
ကတော့အမှုမဲ့အမှတ်မဲ့ပဲ,အဖြစ်အပျက်
တွေအားလုံးပြီးလို့နောက်မှသေချာပြန်စဉ်းစားကြည့်တော့လေမတိုက်ပဲတစ်ပင်ထဲယိမ်းထိုးခါယမ်းနေတဲ့သစ်ပင်ကပထမအချက်ပေးသံဖြစ်မှာပဲလို့တွေးမိတိုင်းပိုပြီး
ကြောက်လန့်လာမိတာပေါ့,
လက်ရှိရောက်နေတဲ့အခြေအနေကိုဆက်
ပြောပါရစေ,
အဲ့လိုနဲ့သစ်ပင်ကိုကျော်ပြီးလျှောက်လာလိုက်တာမြင်နေကျတွေ့နေကျကျောင်း
ဆောင်ကြီးကညနေနေဝင်ရီတရောအမှောင်သဲ့သဲ့အောက်မှာမလှုပ်မယက်ထီးထီးကြီးရှိနေတာကိုကြည့်ရင်းကျောထဲစိမ့်
ကနဲတစ်ချက်ဖြစ်သွားမိတယ်,ခါတိုင်းနေ့
တွေဆိုအိပ်တန်းတက်မဲ့ငှက်လေးတွေနဲ့
သူတို့အော်သံ,ပြီးတော့ပတ်ဝန်းကျင်က
အကောင်ငယ်လေးတွေရဲ့အော်သံတွေ
နဲ့ပတ်ဝန်းကျင်ကအသက်ဝင်နေသလောက်ဒီနေ့ကျမှထူးထူးဆန်းဆန်းကြီးခြောက်
ခြားဖို့ကောင်းလောက်အောင်ကိုတိတ်လို့,
ဆိတ်လို့,
ကျွန်မနာလန်ထူစ,မို့စိတ်ထဲကပဲထင်ယောင်ထင်မှားတွေဖြစ်နေရော့သလား,ဒါမှ
မဟုတ်,,,,,,,,,,,
မျိုးစုံခေါင်းထဲဝင်လာတဲ့အတွေးပေါင်း
သောင်းခြောက်ထောင်ကိုမေ့ပစ်ပြီး’အန်တီဆွေ’တို့အိမ်ရှိရာကိုခပ်သုတ်သုတ်လျှောက်လာခဲ့လိုက်တယ်,
‘အန်တီဆွေ’တို့အိမ်ရှေ့ရောက်တော့,
“ဟင်!တစ်အိမ်လုံးလဲမှောင်မဲနေပါလား,
အန်တီဆွေ’တို့မရှိကြဘူးလားမသိဘူး,
အန်တီဆွေရေ,,,,,အန်တီဆွေ”

၎,၅ခွန်းခေါ်သည့်တိုင်အိမ်ထဲကပြန်ထူးသံမကြားတာကြောင့်ကျွန်မလဲ’ဇာဇာ’တို့
ဆီသွားဖို့ပြန်အလှည့်,

[3]

“အန်တီရှိတယ် သမီး,လာလေ”
နောက်ကိုလှည့်ကြည့်တော့ဘယ်ချိန်ကဘယ်လိုထွက်လာမှန်းမသိတဲ့’အန်တီဆွေ’,ကျောက်ရုပ်ကြီးလိုမတုန်မလှုပ်ရပ်ပြီး
ကျွန်မကိုအေးစက်စက်ကြည့်ရင်းခြောက်
ကပ်ကပ်ပြောလိုက်တဲ့အသံကြောင့်,
“အန်တီဆွေ,ဘာဖြစ်နေတာလဲ မျက်နှာ
လဲသိပ်မကောင်းဘူး,နေမကောင်းဘူး
လား,ပြီးတော့အိမ်ကလဲမှောင်မဲနေတာ
ပဲ,မီးလေးဘာလေးထွန်းပါဦး”
“ကောင်းတယ်,မီးချောင်းပျက်နေလို့’ခင်
ထားကိုသွားဝယ်ခိုင်းထားတယ်,လာ,,,
အိမ်ပေါ်တက်”
ယတိပြတ်ပြောပြီးအိမ်ထဲလှည့်ဝင်သွားတဲ့
‘အန်တီဆွေ့’ကိုကြည့်ရင်းတစ်ခုခုမူမမှန်
ဘူးဆိုတာကိုတော့ကျွန်မသတိထားမိလိုက်တယ်,အိမ်ပေါ်ရောက်ရောက်ချင်းဘုရားစင်ကိုထွန်းဖို့ဖယောင်းတိုင်ကိုမီးညှိပြီး
ထွန်းဖို့အလုပ်,
“မထွန်းနဲ့”
နောက်ကနေထွက်လာတဲ့ဝမ်းခေါင်းသံကြီးနဲ့အော်လိုက်တဲ့’အန်တီဆွေ့’အသံ
ကြောင့်ကျွန်မ တွန့်ကနဲတစ်ချက်ဖြစ်သွား
ပြီး,
“ဘာ,ဘာလို့လဲ အန်တီဆွေ”
“ဘာမှမဖြစ်ဘူး,အဲ့ဒီမှာမီးလုံးဆင်မှာ,
သမီးထမင်းစားမယ်မလား,လာစားတော့
အန်တီပြင်ထားတယ်”
အန်တီဆွေ’ညွှန်ပြတဲ့ထမင်းဝိုင်းကိုကြည့်
ပြီးကျွန်မတော်တော်အံ့ဩသွားရတယ်,
ကျွန်မဖယောင်းတိုင်မီးညှိတဲ့အချိန်ကလွန်ရေကျွံရောရှိလှ ၁မိနစ်ပေါ့,ဒီအချိန်လေး
မှာထမင်းဝိုင်းကို’အန်တီဆွေ’ဘယ်လိုပြင်လိုက်လဲ,ဒါမှမဟုတ် အစတည်းကပြင်
ထားတဲ့ထမင်းဝိုင်းကိုမှောင်နေလို့ပဲကျွန်မမတွေ့လိုက်တာများလား,
ခပ်များများတောင်မတွေးနိုင်လိုက်ပါဘူး,
ဟင်းဝိုင်းကနေထွက်လာတဲ့အနံ့တွေကမွှေးလွန်းအားကြီးလို့ခံတွင်းပျက်တာကြာနေပြီဖြစ်တဲ့ကျွန်မချက်ချင်းတံတွေးတောင်
စို့သွားရတယ်,ထမင်းဝိုင်းမှာကပျာကယာ
ဝင်ထိုင်ပြီးစားတော့တာပေါ့,စပြီးစားလိုက်
တာနဲ့ကျွန်မပါးစပ်ထဲကထမင်းလုတ်ကို
ပြန်ပြီးထွေးမထုတ်မိအောင်မနဲကြိုးစားပြီး
မြိုချလိုက်ရတယ်,
“အန်တီဆွေ,ဟင်းတွေကတူးနေတာများ
လား”
“မတူးဘူး,ပုံမှန်အတိုင်းပဲ”
“ဟုတ်”
ကျွန်မခံတွင်းပျက်နေလို့များလား,ဘာပဲဖြစ်ဖြစ်ဟင်းအနံ့ကတော့ပုံမှန်အတိုင်းဆွဲ
ဆောင်နေလို့ခါတိုင်းလိုပဲကြိုးစားပြီးစားလိုက်တယ်,ဒါပေမဲ့ ကျွန်မတစ်ခုသတိထား
မိတာခါတိုင်းကျွန်မနဲ့တွေ့ရင်စကားတွေ
ရွှန်းရွှန်းဝေအောင်ပြောနေတတ်တဲ့’အန်
တီဆွေ’ကဒီနေ့မှစကားအရမ်းနေတဲ့အပြင်ပြန်ပြောတာကလဲခပ်ပြတ်ပြတ်ကြီး,ပြီး
တော့မျက်နှာကလဲဖြူ ဖတ်ဖြူ လျော်နဲ့
မျက်နှာလဲမကောင်းဘူး,သူတို့သားအမိချင်းများစကားများထားကြလို့လားပဲ,
အဲ့လိုတွေးပြီးကျွန်မလဲစားလက်စထမင်း
ကိုမြန်မြန်အဆုံးသတ်ပြီး’အန်တီဆွေ့’ကို
နှုတ်ဆက်ပြီးတာနဲ့’ဇာဇာ’တို့အိမ်ထွက်ခဲ့
လိုက်တယ်,

“ဟယ်,နွေးနွေး ဒီချိန်ကြီးမှရောက်လာတ
ယ်”
“ဟဲ့,ခါတိုင်းလဲ ဒီချိန်လာနေကြပဲကို,အန်
တီဆွေ’တို့အိမ်အရင်ဝင်တယ်,ပြီးရင်နင့်
ဆီလာတယ်လေ”
“အဲ့ဒါက’အန်တီဆွေ’ရှိတုန်းကလေ,ခု
‘အန်တီဆွေ’မှမရှိတော့တာကို”
“ဟဲ့,ဇာဇာ’ နင်ဘာတွေပြောနေတာလဲ,
ငါခုလေးတင်’အန်တီဆွေ’နဲ့တွေ့ခဲ့တာ,
ထမင်းခူးကျွေးလို့တောင်စားခဲ့သေးတ
ယ်ဟ”
“ဘာ,,,,,,! နင်,နင် တကယ်ပြောနေတာ
လား နွေးနွေး”
“အေးပေါ့ဟ”
“အမယ်လေး,,မေမေရေ,,မမရေ,,,လာပါ
ဦး,ဒီမှာ နွေးနွေးကအန်တီဆွေနဲ့တွေ့ခဲ့
လို့တဲ့”

‘ဇာဇာ့’မိသားစုတွေရောက်လာပြီးပြောပြ
တော့မှလွန်ခဲ့တဲ့၂ပတ်လောက်က’အန်တီဆွေ’ဆုံးသွားကြောင်း,သူ့သမီး’မခင်
ထား’လဲသူ့ဆွေမျိုးတွေနဲ့သွားနေကြောင်း
သိရတယ်,သိသိချင်းပဲကျွန်မတစ်ကိုယ်လုံးကသွေးတွေဆူပွက်သွားပြီးရင်တွေလဲ
ခုန်လိုက်တာမှ’တဒိုင်းဒိုင်း’နဲ့ကိုနေတာပဲ,
အရမ်းလဲကြောက်သွားမိတယ်,ဒါပေမဲ့
သိပ်တော့မယုံချင်သေးဘူး,အဲ့ဒါနဲ့’ဇာဇာ့’
မိသားစုတွေကကျွန်မကို’အန်တီဆွေ’တို့
အိမ်လိုက်ပြတယ်,
ရောက်လို့ကြည့်လိုက်တော့ဘာအသုံးအ
ဆောင်ပရိဘောဂမှရှိမနေတော့ဘဲဟာလာဟင်းလင်းကြီးဖြစ်နေတဲ့အိမ်အခွံကြီး
ကိုကြည့်ပြီးကျွန်မအားအင်တွေရုတ်တရက်အစုပ်ခံလိုက်ရသလိုခေါင်းထဲလဲ’မိုက်’
ကနဲတစ်ချက်ဖြစ်ပြီးလဲသွားတော့မလိုဖြစ်
လို့ဘေးကလူတွေဝိုင်းထိန်းပေးထားရတယ်,ခုနကတွေ့ခဲ့တဲ့’အန်တီဆွေ’က,,,,,,,
ကျွန်မလဲမစဉ်းစားတတ်တော့အောင်ခေါင်းတွေလဲရှုပ်လာ,အရမ်းလဲကြောက်လာ
တာနဲ့နေရာမှာပဲထိုင်ချပြီးစိတ်ရှိလက်ရှိငို
ချပစ်လိုက်တော့တယ်,ပြီးတော့ကိုယ့်ဆွေ
မျိုးအရင်းလိုဖြစ်နေတဲ့’အန်တီဆွေ့’အတွက်လဲစိတ်မကောင်းဘူး,အဲ့ဒီနေ့ကအိမ်ကို’ဇာဇာ’တို့မိသားစုတွေပြန်လိုက်ပို့လို့
ရောက်ခဲ့ရတာ,သူတို့တွေတွေ့လားမတွေ့လားတော့မပြောတတ်ဘူး,အိမ်ပြန်လမ်း
တစ်လျှောက်လုံးကြည့်မိတဲ့နေရာတိုင်းမှာ
‘အန်တီဆွေ’ကျွန်မကိုရပ်ကြည့်နေလို့အိမ်ရောက်တဲ့ထိမျက်လုံးကိုမဖွင့်ရဲဘူး,အိမ်
ရောက်လို့ရေမန်းတွေတိုက်,ဘုရားစာတွေရွတ်ပေးတော့မှအဆင်ပြေသွားတော့
တာ,နောက်ပိုင်းကျွန်မတို့လဲဖေဖေတာဝန်ကျတဲ့ဘက်ကိုပြောင်းလိုက်ရလို့’ဇာဇာ’
တို့နဲ့လဲထပ်မတွေ့တော့တာဒီနေ့ဒီချိန်ထိ
ပဲဆိုပါတော့,

အဲ့ဒီအကြောင်းအရာကကျွန်မဘဝမှာပထမဆုံးသရဲခြောက်ခံရတဲ့အဖြစ်အပျက်ပေါ့,နှစ်တွေကြာပြီဆိုပေမဲ့ပြန်တွေးကြည့်
ရင်မနေ့တစ်နေ့ကလိုမျိုးအာရုံထဲဆွဲနေတုန်းပါပဲရှင်,,,,,,,,,,,,,,,

ကျုပ်••ဘကြိုင်ပါ••••

aq15.jpg
{စ/ဆုံး}

{၁}

“””ဖြန်းး••••ဖြန်း•••••”””””
ထွန်းလူတို့မိသားစုထမင်းဝိုင်းလေးမှာ•••
တဖြန်းးဖြန်းအသံကြောင့်ခတ္တတိတ်ဆိတ်သွားလေသည်။
တကယ်တော့တံခါးခေါက်တာဖြစ်သည်။
တံခါးကဝါးထရံနှင့်လုပ်ထားတာမို့
“””ဒေါက်••ဒေါက်•••”””လို့မြည်ရမည့်အစား•••
တဖြန်းဖြန်းအသံထွက်ခြင်းဖြစ်သည်။
ကလေးပေါက်စနေလေးချီထသောမိပုက••
“””ကိုထွန်း••သွားကြည့်ပါဦးး
ဒီအချိန်ကြီးဘယ်သူလဲ”””
ဟုတ်သည်။
သူတို့ဒေသမှာ••ဒီအချိန်အပြင်ထွက်ဖို့ဆိုတာ••
ခဲယဉ်းလှသည်။ခုလိုစွေချင်တိုင်းစွေနေသော
မိုးရေထဲဆို••ပို၍ပျင်းရိဖွယ်ကောင်းလေသည်။
တကယ်တော့ဒီရွာလေးက•••
အရင်တစ်ချိန်ကစိုပြည်ခြင်းအတိရှိခဲ့ပေမယ့်
ခဲမဖြူကိုရှာဖွေတွေ့ရှိရာမှ
တရုတ်၊ကိုရီးယား၊ထိုင်းစသော
စီးပွားရေးသမား ဝိသမလောဘသားတွေ၏
ခောတ်မီယန္တရားတွေဖြင့်လာရောက်တူးဖော်မှုကြောင့်
နှစ်အနည်းငယ်အတွင်း
တစ်ရွာလုံးလည်း•••အင်းကြီးအင်းငယ်
အသွယ်သွယ်ဖြင့် အနှစ်သာရတွေခမ်းခြောက်ကာ
ဇကာပေါက်လိုဖြစ်နေလေပြီ။
ရွာဦးဘုန်းကြီးကျောင်းဝင်းကြီးတစ်ခုသာ
ဆရာတော်ခွင့်ပြုချက်မရသဖြင့်
ကျန်နေတာဖြစ်သည်။ လူနေအိမ်ခြေများ
ယခင်သီဟိုဉ်ပင်တွေနှင့် စိမ်းစိုနေသော
တောင်များမှာ•••
အင်း၊အိုင်ကြီးများအတိပင်။
ခေတ်မီယန္တရားများဖြင့်တူးဖော်ကြရာ
နှစ်အနည်ရငယ်အတွင်း မြေနေရာအကောင်းမကျန်တော့။
အကျိုးအမြတ်ပေါင်းများစွာကိုတိုင်းတစ်ပါးသားများက
ခေါင်းပုံဖြတ်ရရှိသွားပေမယ့်
ထွန်းလူတို့လို••ရွာသူရွာသားများမှာ
ရှိစုမဲ့စုတောင်ယာလေးများဆုံးသည့်အပြင်
ခဲကျွန်းနှင့်မလွတ်ဟုဆိုကာ
ပြောင်းရင်းရွှေ့ပေးရင်းနှင့်••အရင်တစ်စုတစ်စည်းတည်းသော
လူနေအိမ်ခြေများမှာ•••
ဟိုတစ်ဆောင်••ဒီတစ်ဆောင်ဖြင့်ကျိုးတိုးကျဲတဲ
ဖြစ်နေလေပြီ။ စိုက်စရာမြေယာ•••မကျန်တော့တာမို့
ခဲတူးဖော်ရေးတွင်ပိုင်ဆိုင်ခွင့်မရပေမယ့်••
အလုပ်ကြမ်းသမားများ••ခဲကျင်သမားများအဖြစ်ဝမ်းရေးကို
ဖြတ်သန်းရတော့သည်။
ဖိနှိပ်ခံများတော့ပြန်လည်တွန်းကန်လာသည်ထင့်။ကိုယ့်မြေပေါ်မှာ
ပွင့်ပွင့်လင်းလင်းမယူနိုင်တော့•••
လူခြေတိတ်ချိန်တွင်••အုပ်စုဖွဲ့ကာ
လက်ကျန်ခဲများကိုခိုးကျင်ကြလေသည်။
မိသည့်အခါများဆို••ခွေးပြေးဝက်ပြေးပြေးရတာမို့
တစ်ချို့များဆိုလုံချည်များပါကျန်ခဲ့သည်။
ထိုအခါမျိုးဆိုငိုအားထက်ရယ်အားသန်ရမလိုပင်။
“””တံခါးလေးဖွင့်တာကြာလိုက်တာကိုထွန်းရယ်””””
မိန်းမဖြစ်သူမိပုအသံကြောင့်
အတွေးများလွင့်စင်ကာ•••ဝါးထရံ
တံခါးကိုဖွင့်လိုက်သည်။
“””အူးးးးးးးဝူးးးးးးဝူးးးးးး””
ထိုစဉ်ခွေးအူသံကြောင့်ကြက်သီးများပင်ထလာလေသည်။ခွေးအူသံကဆွဲဆွဲငင်ငင်နိုင်လှလေသည်။
“”ကိုကြီးထွန်း•••ကျုပ်ပါ•••ဘကြိုင်”””
အမှောင်ထဲကမဲမဲ သဏ္ဌာန်ကဘကြိုင်ဟု
ဆိုလာသဖြင့်ဝါးလှေကားလေးမှ••အိမ်အောက်ဆင်းလိုက်သည်။
“”ဟာ•••ဒီချိန်ကြီး•••အင်္ကျီမပါ•••ဘာမပါ••••
ဘာလဲမင်းမိန်းမခင်နုအိမ်ပေါ်ကနှင်ချပြန်တာလားး”””
“”ထုံးစံအတိုင်းပေါ့••ကိုကြီးထွန်းရာ”””
ဘကြိုင်ကစိတ်ပျက်သံဖြင့်ညည်းညူပြောလေသည်။
တကယ်တော့ဘကြိုင်ကသူ့ညီတစ်ဝမ်းကွဲဖြစ်သည်။
ထိုစဉ်နှာခေါင်းဝသို့••ပုပ်အဲ့အဲ့အနံ့ကတိုးဝင်
လာလေသည်။ထွန်းလူက
“””ဟေ့ကောင်••မင်းရေမချိုးဘူးလားကွ”””
“”အိမ်ပေါ်ကဆင်းလာတာ••
နှစ်ရက်ရှိပြီဗျာ••ရေမချိုးပဲ••အရက်ချည်းသောက်နေတာ
ဒီလောက်တော့ရှိမှာပေါ့””
ထွန်းလူစိတ်ထဲထင်လို့လားမသိ•••
အမှောင်ထဲတွင်ဘကြိုင်အသားမှာပိုမိုနက်ကြုတ်နေပြီး
မျက်လုံးများကပိုတောက်နေသယောင်။
“”ထမင်းမစားသေးဘူးမှလား
အိမ်ပေါ်တက်ခဲ့ကွာ••တူတူစားရအောင်”””
“””နေပါစေကိုကြီး ကျုပ်တစ်ကိုယ်လုံးညစ်ပတ်နေတာ
မတက်တော့ဘူး••””
“””ငါ့ပုဆိုးလဲလည်းရတာပဲကွာ:-)”””
ဘကြိုင်က•••
“””နေပါစေဗျာ•••ကွပ်ပစ်မှာပဲအိပ်တော့မယ်”””
ဘကြိုင်ဆိုရင်ဇနီးကလည်းကြည့်မရတာမို့
ထပ်မခေါ်ဖြစ်တော့။ထမင်းတစ်ပန်းကန်နှင့်
နေ့လည်ကသူကွန်ပစ်ရာကရလာသော
ငါးကို••ဆီတစ်စက်နှစ်စက်ဖြင့်ချက်ထားသော
မိပုလက်ရာဖြင့်••ထည့်ပေးလိုက်သည်။
သူ့လုံချည်အဟောင်းတစ်လုံးလည်းပေးလိုက်သည်။
ဇနီးသည်ကဘယ်သူလဲ••ဘာညာမေးကာ
တဖျစ်တောက်တောက်လုပ်နေသေးသည်။
မိပုအလွန်လည်းမဟုတ်ပါ•••
ဘကြိုင်ဆိုတဲ့ကောင်က မိန်းမသာယူထားသည်။
လက်ကြောတင်းတဲ့ကောင်မဟုတ်။
ခင်နုလုပ်စာထိုင်စားကာ••အရက်ကလေးတမြမြနှင့်
ဖြစ်သလိုနေသည်။
တစ်ခါတစ်ခါခင်နုနင်ချလျှင်ဒီလိုပဲ
ရောက်ရောက်လာတတ်သည်။
အိမ်အောက်အဖီကလုံလုံခြုံခြုံရှိတာမို့
ဘကြိုင်လိုကြုံရာကျပမ်းနေသော:-)
သူအဖို့ကျောချစရာဟန်ကျလောက်သည်။
စားသောက်ပြီးဘကြိုင်ရှိရာအဖီအောက်ကိုကြည့်လိုက်တော့
အိပ်နေပြီ။ ထွန်းလူတို့လည်းတစ်နေ့တာ
ပင်ပန်းသမျှအိပ်စက်ခြင်းဖြင့်အနားယူတော့မည်။
မနက်လင်းတော့•••
ဘကြိုင်တစ်ယောက်ဘယ်အချိန်ထသွားသည်မသိ။
စတီးပန်ကန်နှင့်ညကသူပေးသောသူ့
လုံချည်ကတော့ကွပ်ပျစ်တွင်ဒီအတိုင်းရှိနေတာတွေ့ရသည်။
~~~~~~~~~~~~~~~~

{၂}

~~~~~~~~~
နေကအတားအဆီးမရှိပူနေတာမို့
အင်္ကျီပါးလေးသာဝတ်ထားသော
ကျောမှာမဲပြောင်နေလေသည်။
ခဲကျင်••သမားးရေပန်းထိုးသမားး
ပေါက်တူးကိုင်သမား••
များဖြင့်တာဝန်ကိုယ်စီမအားလပ်ကြ။
ခဲမိုင်းတွင်းထဲမှအပေါ်မော့ကြည့်လိုက်ရင်တော့•••
ထီးအနက်ကြီးဆောင်း၍မျက်စိနှလုံးသာပေါ်သော
နေပူဒဏ်ကိုကာကွယ်ထားသောအဝတ်အစားများနှင့်
နိုင်ငံခြားသားလုပ်ငန်းရှင်များနှင့်မန်နေဂျာ
များကအခန့်သားကြည့်နေတာတွေ့ရသည်။
ရေပန်းထိုးသော•••
ဖိုးထင်မှာ•••
ထွန်းလှနားကပ်ကာ••••
“”””ထွန်းလှရေ•••ဘကြိုင်မင်းဆီရောက်လာသေးလား
ညကငါ့နားလာအိပ်သွားတယ်••
သူ့မိန်းမနှင်ချပြန်ပြီထင်တယ်”””
“””ဟာ့••ငါ့ဆီလည်း••ဟိုနေ့ကရောက်လာတယ်”””
“”ဒီကောင်ကလည်းကွာ•••
မိန်းမရလာတာတော်အချိုးကမပြောင်းဘူး””
“”ဘယ်တတ်နိုင်မလဲကွာ သူ့အကျင့်နဲ့သူ”””
“””အေးကွာ”””
“””ဟိုနှစ်ယောက်စကားများမနေနဲ့လေ”””
အလုပ်သမားခေါင်းကိုစိန်မာန်မဲလိုက်တာကြောင့်
စကားစပြတ်သွားရသည်။
ဒီလိုနဲ့•••ဘကြိုင်မှာတစ်ပတ်အတွင်း
ဟိုအိမ်တက်လိုက်။ဒီအိမ်သွားလိုက်နှင့်
ဒီတစ်ခါမိန်းမနဲ့ပြန်ခေါ်တာကြာလှသည်ထင်မိသဒီ။
ဘကြိုင်အဓိက••သွားတဲ့နေရာက
သူနှင့်ပတ်သက်ရင်းနှီးသူများဆီသာဖြစ်သည်။
~~~~~~~~~~~~~~

{၃}

ဇာတ်သိမ်း
~~~~~~~~~~~~~

တစ်နေ့•••••••
နေဝင်ရီတစ်ရောအချိန်•••
ထွန်းလူမှာ•••အလုပ်ကပြန်လို့ခါးပင်မဆန့်သေး
ဖိုးထင်အပြေးအလွှားရောက်လာကာ••••
“””ဟေးးးထွန်းလူ•••ဟော••••ဟဲ”””
ဖိုးထင်မှာအပြေးလာခဲ့ပုံရသည်။
“”ဘာဖြစ်တာလဲကွ”””
“””ညက•••ညီပုတို့ညကတောလမ်းကနေခဲခိုးသွားတာ
တောထဲမှာအလောင်းတစ်လောင်းတွေ့လို့တဲ့
ညကကြောက်ပြီးသေချာမကြည့်ပဲ
ပြန်ပြေးလာကြတယ်တဲ့”””
“”ဟေ•••ဟုတ်လာ•••””””
“””အေးခုလူစုထားကြပြီ”””
ထွန်းလူလည်းမိပုကိုကလေးတွေဂရု
စိုက်ရန်မှာလိုက်ကာ
“”ဖိုးထင်””နှင့်လိုက်ခဲ့သည်။
အားလုံးလူတစ်ဆယ့်ငါးယောက်လောက်ရှိမည်။
ညီပုကိုတွေ့တော့••
“”ဟေ့ကောင်သေချာလို့လားကွာ•••”””
ညီပုက
“”သေချာတယ်ဗျာ•••ဒီကောင်တွေမေးကြည့်
ပုပ်တောင်နေပြီလားမသိဘူး
အနံ့ဆိုးတာဗျာ”””
အချိန်ဆွဲမနေတော့ဘဲ•••ညီပုတို့သွားခဲ့သော
လမ်းအတိုင်းတစ်ဖွဲ့လုံးရှေ့ဆက်လိုက်သည်။
ဝက်သစ်ချပင်ကြီးနားရောက်တော့•••
ညီပုက”””””ညကတွေ့တာဒီနားဗျ”””
“””ဟာ့•••ဘာမှမရှိပါလားးး””””
“””အနံ့လေးတော့ရရ•••••••”””
ဖိုးထင်ပြောရင်းခြေထောက်ကတစ်စုံတစ်ခု
တိုက်မိသလိုရင်မဲရိုင်းကြီး••ဝဲကနဲထပျံသွားတာမို့
ငုံ့အကြည့်••••
“””လခွမ်း••••ခေါင်းပြတ်ကြီးးးးး””””
ဖိုးထင်မှာငယ်သံပါအောင်အော်ကာ
ထခုန်လေတော့သည်။
ဟုတ်သည်အားလုံးဝိုင်းအုံကြည့်လိုက်ရာတစ်ကယ်ပင်
ခေါင်းပြတ်ကြီး။
အုပ်စုနဲ့ဆိုတော့အသည်းမငယ်ကြတော့။
အနံ့ကမခံသာအောင်ဆိုးတာမို့
နှာခေါင်းကိုပါလာသောအင်္ကျီများချွတ်ကာအုပ်လိုက်ကြသည်။
ခေါင်းပြတ်ကြီးမှာ•••
မျက်လုံးနေရာတွင်လောက်ကောင်ကြီးများမွစိထနေလေပြီ။
တစ်ချို့နေရာတွင်အသားစများပင်ပဲ့ပါနေတာမို့
ရုပ်ကိုခန့်မှန်းလို့မရတာမို့
မည်သူဆိုတာမပြောနိုင်ကြ။
သစ်ပင်ပေါ်တွင်ကြိုးကွင်းတွဲလောင်းတွေ့တာမို့
ဆွဲကြိုးချသေကြောင်းခန့်မှန်းရသည်။
ရက်ကြာလာတာမို့ဆွဲကြိုးချသေသည်နှင့်ဇက်ပြုတ်သွားပြီဖြစ်သည်။
ထို့ကြောင့်ခန္ဓာကိုယ်ဆွဲအားနှင့်••
ဆွဲကြိုးချသော••နိုင်လွန်ကြိုးအကြီးစားက
ပုပ်ပွလာသောအသားကိုဖြတ်တောက်ကာ•••
ခေါင်းတစ်ခြားကိုယ်တစ်ခြားဖြစ်သွားစေလေသည်။
“””ဟေ့•••တစ်ပိုင်းရှာကြပါဦး””””
“””ဒီမှာတွေ့ပြီ”””
တောင်ခါးပန်းစောင်းလိုနေရာလေးမှခေါင်းမပါသော
အလောင်းကိုတွေ့သွားချိန်မှာတော့ထွန်းလူမှာ•
ပါးစပ်ဟောင်းသွားသလို••
ဖိုးထင်အပါအဝင်••••
ဘကြိုင်ဒီတစ်ပတ်အတွင်းသွားခဲ့သော
ဘကြိုင်၏သောက်ဖော်သောက်ဖက်များပါပါးစပ်ဟောင်းသွားကြသည်။
ထို့နောက်တစ်ညီတစ်ညွတ်တည်းရေရွတ်လိုက်ကြသည်။
“””ဒါ••••ဒါ•••ဘ••••ကြိုင်••••”””””
ဟုတ်သည်။ခေါင်းမပါသော•••
အလောင်းကောင်တွင်ဝတ်ထားသော
လုံချည်မှာ•••အသားရောင်အစင်းနှင့်•••နဂိုအနီရောင်
ဖြစ်ဟန်တူသော••ကရင်လုံချည်•••အမဲရောင်
ဘက်ကူးနေပြီဖြစ်သော•••နီညိုရောင်။
ဘကြိုင်လာခဲ့သော•••
အိမ်တိုင်းထိုလုံချည်နှင့်ချည်း”””
ျတောင်ခါးပန်းစောင်းနားမှအလောင်းကောင်အား
သတ္တိကောင်းသောလူငယ်အချို့ကမယူကာ
ခေါင်းပြတ်အနားကပ်ထားလိုက်သည်။
အနံ့ကမခံသာအောင်ဆိုးတာမို့
ဝေးဝေးရှဲသွားကြသည်။
ရွာသား၃ယောက်အားရွာလူကြီးနှင့်•••
ဘကြိုင်၏ ဇနီးဖြစ်သူခင်နုထံအကြောင်းကြားစေလိုက်လေသည်။
များမကြာမီ•••ခင်နုနှင့်ရွာလူကြီးများရောက်လာလေသည်။
ခင်နုမှာ•••
“”””အဖြစ်ဆိုးလှချည်လား•••ကို ဘကြိုင်ရယ်•••
ရှင့်ကိုတကယ်သေလိုက်ဖို့ခင်နုမပြောပါဘူး
အီးးးးဟီးးးးး”””
ထို့နောက်ခင်နုမှာ•••ဘကြိုင်သည်အိမ်ကဆင်းသွား
သည်မှာတစ်ပတ်လောက်ရှိပြီဖြစ်ကြောင်း
ဒီကြားထဲအိမ်မပြန်ကြောင်းရှင်းပြလေသည်။
ဘကြိုင်အားစိတ်ဆိုးမာန်ဆိုးဖြင့်
“”နသ်သေမှအေးမယ်•••ပြန်မလာနဲ့”””
ဟုပြောမိကြောင်းပြေလေသည်။
ထို့ကြောင့်မူးမူးနှင့်ထင်သလိုလုပ်လိုက်ခြင်းဖြစ်တန်ရာသည်။
ခင်နုဆီတော့ပြန်မသွားပေမယ့်
ထွန်းလူ••ဖိုးထင်နှင့်သူသွားသော
သောက်ဖော်သောက်ဖက်မိတ်ဆွေများမှာပြန်စဉ်းစားရင်း
ကျောထဲစိမ့်လာခဲ့ကြသည်။
ထိုနေ့မှာပင်လူသေမှုမို့ရဲစခန်းအမြန်အကြောင်းကြားကာ
ခွင့်ပြုမိန့်ရသည်နှင့်
အလောင်းအားသရဏဂုံတင်ကာ•••
ပုပ်ပွနေပြီဖြစ်သော
အမြန်သဂြိုလ်လိုက်ရလေတော့သည်။
ဘကြိုင်အားးရေစက်ချအမျှဝေပြီးသည့်တိုင်•••
ထိုတောလမ်းအားယောင်၍ပင်အသုံးမပြုကြတော့ပေ။

{ကျွန်မတို့ဒေသကတစ်ချို့တစ်ဝက်သောဖြစ်ရပ်မှန်ပါ}

The end.
6:30Pm
M.M.K

လောဘကြီးသူနှင့်ကျောက်တုံးကြီးကလူ

aq14.jpg
(၁)
မနေ့ညကများသွားသဖြင့် လူကခေါင်းမူးပီး
မထနိုင်၊အရမ်းအဆော့မတ်သောသားဖြစ်သူကို
ငေါက်နေသော်မိန်းမဖြစ်သူကြောင့် ထလာရလေတယ်။

ဒီမိန်းမတော့ငေါက်လိုက်အုံးမှ,
“မင်းကွာစောစောစီးစီးဆူညံနေတာဘဲ ချော့မော့ပြော
ပါလားကလေးကို”
“အောင်မယ်အချိန်လည်းကြည့်အုံး နေမြင့်နေပီ, တော်
ကလေးဆိုးတာမမြင်ဘူးလား၊တူပါတယ်အဖေနဲ့သား
အဖေဖြစ်သူကလည်း ညတိုင်းအရက်ကလေးတမြမြနဲ့”
“မင်းကွာငါမှာအရက်သောက်တာဘဲရှိတာပါ မင်းတို့
အပေါ်တာဝန်ကျေပါတယ်ဟာ, မျက်နှာသစ်ပီးပီ ငါ
အပြင်သွားတော့မယ် ကလေးရိုက်မနေနဲ့”
“ဟွန်း ပြောပြောဆိုဆိုနဲ့မနက်စာမစားဘဲ အလုပ်သွားပြန်ပီ”

သူဘဲထမင်းမစားချင်အောင်လုပ်ပီးတော့၊မိန်းမတွေများ
ခက်ပ ဘာလိုလိုနဲ့ မော်လမြိုင်မှာတာဝန်ကျတာတောင်
ကြာပီဘဲ။ကျော်စွာစစ်တပ်မှာ တာဝန်ထမ်းဆောင်နေစဉ်
မနှင်းမြနဲ့လက်ထပ်ဖြစ်တယ်။သားလေးကိုယ်ဝန်ရှိမှ
မော်လမြိုင်ကိုပြောင်းလာရရာ၊မိဘများနဲ့ဝေးရသဖြင့်
မနှင်းမြမှာသိပ်မကြည်ပေ။လမ်းလျှောက်လာရင်း ဗိုလ်တွေ
နေတဲ့ကုန်းကြီးပေါ်တောင်ရောက်လာပီ၊ကုန်းဆိုပေမယ့်
သိပ်မမတ်ပါဘူး၊ကုန်းအဆင်းနားမှာ ကျောက်တုံးကြီး
ရှိတယ်၊နှစ်တောင်ကြာပီဆိုဘဲ ဒီကျောက်တုံးကြီးကို
နည်းအမျိုးမျိုးနဲ့ဖယ်ကြည့်သေးရာ ဖယ်မရသဖြင့် ဒီတိုင်း
ပစ်ထားလိုက်ရတော့တယ်။သူလည်းအတွေးတွေရပ်၍
တာဝန်ကျရာသို့ ခပ်သုတ်သုတ်လှမ်းလာလေတယ်။

ညနေခြောက်နာရီကျော်ရှိပေမယ့် ဆောင်းဝင်ခါစ
ဆိုတော့မှောင်ပီး အတော်ချမ်းနေလေပီ။
“ဟေ့ကောင် ကျော်စွာပြန်တော့မှာလား,နှင်းမြရိုက်မှာ
ဆိုးလို့လား,လက်ထဲမှာလည်း အချမ်းပြေတွေနဲ့ပါလား”
“ဟီး ဟုတ်ပဦးကြီး သောက်သွားပါအုံးလား”
“တော်ပါပီကွာ အသက်ကြီးမှမမိုက်ချင်တော့ဘူး မင်းလည်း
လူကမူးနေတာကို အရက်ပုလင်းဆွဲလာတယ်,ငယ်ငယ်
ရွယ်ရွယ်နဲ့လစ်နေအုံးမယ် သွားပီဟေ့” ဟုတ်ကဲ့ပါဗျာ,
(၂)
မူးမူးနဲ့လျှောက်လာရာ, ကျောက်တုံးနားမှာဘယ်သူပါလိမ့်
“ဟိတ် ဘယ်သူလဲကွ အိမ်အတူတူပြန်ရအောင်”
“ပြန်စရာမလိုပါဘူး ဒါ ငါအိမ်ဘဲလေကွ,ငါက လူမဟုတ်ဘူး”
ကျော်စွာစိတ်ရှုပ်သဖြင့် ခေါင်းကုတ်လိုက်ပီး,
“ကျူ ပ်က မကြောက်တတ်ဘူးဗျ ကဲအိမ်ပြန်လိုက်အုံးမယ်”
လူစိမ်းဖြစ်သူ မျက်နှာလေးသနားစဖွယ်ဖြင့်,
“နေပါအုံးကွာ မင်းကိုငါခင်တယ် အရက်လေးတိုက်စမ်းမှ”
ကျော်စွာလည်းအရက်သမားအချင်းချင်းဆိုတော့ သနားပီး
အရက်တိုက်ရာ ချက်ချင်းငယ်ပေါင်းကြီးဖော်လို ရင်းနှီး
သွားတယ်။
“သူငယ်ချင်းနောက်နေ့လည်း အရက်ယူလာကွာတူတူ
သောက်မယ် မင်းနဲ့ငါရေစက်ပါတယ်ကွ”
“စိတ်ချပါဗျာ နေ့တိုင်းအရက်ယူလာပေးမယ် တူတူ
သောက်ကြတာပေါ့”

ဤသို့ဖြင့် ကျော်စွာတစ်ယောက်,နေ့စဉ်ကျောက်တုံး
ကြီး၌အရက်သွားသောက်လေတယ်။ကျော်စွာအနေဖြင့်
ကျောက်ကုန်းကြီးမှာရှိသော်လူနှင့် စကားပြောလိုက်
သောက်လိုက်လုပ်နေသော်လည်း လူတွေအမြင်မှာတော့
ကျော်စွာတစ်ယောက်တည်းဘဲမြင်ကြရာ၊လူပြောများရင်း
သူမိန်းမနားထိရောက်သွားတယ်။

မနှင်းမြသူယောက်ကျားနိုးလာမှာ မစောင့်နိုင်ဘဲ
“ကိုကျော်စွာ ရှင်ကိုမေးစရာရှိလို့ထပါအုံး”
“ဘာလဲကွာ အစောကြီးရှိသေးတာကိုဟ”
“ကျူ ပ်ကိုပြောတဲ့လူတွေများနေပီ ရှင်ကျောက်တုံးနားမှာ
ဘယ်သူမှမရှိဘဲ စကားတွေပြောနေတာဆို”
ကိုကျော်စွာ သူမိန်းမအားအကြောင်းစုံရှင်းပြလိုက်တယ်။
သူမိန်းမကမယုံဘဲ အရက်ကြောင်ပါပီဆိုပီး ပွစိပွစိ
ပြောပီးငိုနေလေတယ်။ငါတတယ်ဘဲ အရက်ကြောင်တာလား,
(၃)
အရက်မသောက်ဘဲ ငူငူကြီးထိုင်နေသော်ကိုကျော်စွာအား,
“သူငယ်ချင်းအရက်သောက်လေကွာ ငါတစ်ယောက်တည်း
သောက်နေရပါလား” စိတ်ညစ်နေလို့ပါကွာ,
“ဘာစိတ်ညစ်တာလာ ငါကူညီပေးမယ်ပြောမှာသာပြော”
ကျော်စွာလည်း သူမိန်းမနဲ့လူတွေသူကိုအရူးလို့ထင်နေ
တဲ့အကြောင်းပြောပြပီး,
“ငါအရက်ကြောင်နေပီထင်တယ် မင်းကိုတတယ်မရှိဘဲ
ရှိတယ်မြင်နေတာထင်တယ် ” ဟာားး ဟားး ဟားးး,
ကျော်စွာစိတ်အလွန်တိုသွားပီး,
“သူများစိတ်ညစ်နေတာကို မင်းကဘာလို့ရယ်တာလဲ”
“တောင်းပန်ပါတယ်ကွာ ငါကိုမင်းကပါမယုံဖြစ်နေလို့ပါ
နေအုံးမင်းမိန်းမကို လက်ဆောင်ပေးလိုက်မယ်”
ကျောက်တုံးအောက်ထဲလက်နှိုက်ပီး ရွှေမန်ကျည်းသီး
တောင့်တစ်တောင့်ပေးလေတယ်။
“ရော့ယူသွား ငါတတယ်ရှိတယ်ဆိုတာသက်သေ
ပြလို့ရပီပေါ့ကွာ”
“ဟာဒါတတယ်ရွှေအစစ်ဘဲ ကျေးဇူးပါသယ်ချင်းရယ်”
ကျော်စွာတစ်ယောက်ဝမ်းသာအားရဖြင့် အိမ်ပြန်လာတယ်။

ငါယောက်ကျားထီပေါက်လာတာကြနေတာဘဲလူက
“ကိုကျော်စွာဘာဖြစ်လာတာလဲ” မိန်းမရော့,
“ဟာ ဒါ ဒါ ရွှေမန်ကျည်းသီးတောင့်ပါလား”
“ယုံပီမလား အယ်ဒါကျောက်တုံးကြီးက ငါမိတ်ဆွေပေးတာ”
မနှင်းမြ လောဘသံဖြင့် ,
“ယုံပါပီ ကိုကျော်စွာရယ် ရှင်ကို အရက်ကြောင်နေတယ်
ပြောမိတာတောင်းပန်ပါတယ်,နောက်ထပ်လည်း
ရအုံးမှာလား ဟင်” ဟာ အယ်ဒါကတော့,
ချက်ချင်းလေသံမာသွားပီး,
“ဒီမယ်ကိုကျော်စွာ အယ်ဒါတွေဘာတွေလုပ်မနေနဲ့,
ကျူ ပ်မှာတော်နဲ့ဒီကို လိုက်လာပီးကတည်းက,
ပိုက်ဆံမရှိလို့မိဘအိမ်တောင်မပြန်ရဘူး,ခုအခွင့်အရေး
ရတုန်းကျူ ပ်တို့ချမ်းသာလာအောင် များများတောင်းခဲ့”
ကိုကျော်စွာစိတ်ညစ်သွားပီး, မိန်းမကလည်းကွာ,
“အေးပါ ငါရအောင်တောင်းကြည့်ပါမယ် ထပ်မပြောပါနဲ့”
“ပြောရမယ် ကျူ ပ်တို့သားလေးနောင်ရေးအတွက်”
မိန်းမကို ဆက်မပြောနေဘဲ စိတ်ညစ်စွာနဲ့ဝင်အိပ်လိုက်တယ်။

အရက်ကိုတစ်ရှိန်ထိုးမော့ချလိုက်ရာ,
“သူငယ်ချင်းအဆင်မပြေသေးဘူးလားကွာ”
ကျော်စွာလည်းအားနာနာနဲ့ဘဲ သူမိန်းမပြောတဲ့ဟာ
ပြောလိုက်ရာ,
“မင်းမိန်းမကလောဘကြီးလှပါလား အလကားတော့
ဘယ်ရမလဲကွာ” ဟာမင်းမပေးလည်းရပါတယ်,
“မင်းဒီမှာအရက်သောက်နေအုံး ငါအပြင်သွားမလို့”
ပြောပီးပီးချင်းကျော်စွာရှေ့ကနေ ပျောက်သွားတယ်။
(၄)
မနှင်းမြစိတ်တွေလှုပ်ရှားနေတယ် သူယောက်ကျား
ရွှေမန်းကျည်းတောင့်အများကြီး ရလာလောက်မှာပါ။
အတွေးလွန်နေရာ မိမိရှေ့မှာလာရပ်သော်လူကြောင့်
လန့်သွားတယ်, ရှင် အိမ်ထဲကိုဘယ်လိုဝင်လာတာလဲ,
“ကျူ ပ်ကကျောက်တုံးကြီးနားမှာနေတဲ့သူဘဲ,ရော့ဒီမှာ
ခင်ဗျားလိုချင်တဲ့ ရွှေမန်ကျည်းသီးတောင့်တွေ”
မနှင်းမြပုံစံအား ကျေနပ်သလိုကြည့်ပီး,
“အလကားတော့မရဘူး ကျူ ပ်တောင်းဆိုတာလုပ်ပေးရမယ်”
ဝမ်းသာအားရဖြင့် “ကြိုက်တာတောင်းဆိုပါ ရှင်”
“ကိုကျော်စွာကို ကျူ ပ်စီမှာဘဲနေခိုင်းချင်တယ်”
မနှင်းမြလည်းလောဘကြောင့် ဘာမှမစဉ်းစားဘဲ,
“အို ရပါတယ်ရှင် ခေါ်ထားပါကျမကျေနပ်ပါတယ်”
ကဲ အာဆိုကျူ ပ်ပြန်ပီ, မနှင်းမြမှာ အပျော်လွန်ပီးကျန်
ခဲ့လေတယ်။

မနေ့ညကကိုကျော်စွာပြန်မလာပါလား အေးလေဟိုလူ
စီမှာအိပ်တာနေမှာပေါ့, “နှင်းမြရေ နှင်းမြ”
“ရှင် ဦးလေးတို့ဘာကိစ္စလဲရှင်”
“အေး နင်ယောက်ကျားကျောက်တုံးနားမှာသေနေတယ်”
” ရှင်” မနှင်းမြဟိုလူပြောသွားတဲ့ စကားကိုပြန်ကြား
ယောင်ပီးခုမှနားလည်ပီး အသည်းအသန်ငိုကြွေးတယ်။
ကိုကျော်စွာနာရေးတော့ ပီးသွားလေပီ,မနှင်းမြသားလေးကို
ဖတ်ပီးအိပ်နေရာ, “နှင်းမြ မင်းသိပ်ရက်စက်တယ်”
မနှင်းမြလန့်နိုးလာပီး ကိုကျော်စွာ ရှင်ပြန်လာတာလား,
“ငါပြန်မလာနိုင်တော့ဘူး မင်းကြောင့်ငါသားလေးနဲ့လည်း
ခွဲရတယ် မင်းငါကိုဥစ္စာပစ္စည်းတွေနဲ့လဲခဲ့လို့”
“ကျမတောင်းပန်ပါတယ် ကိုကျော်စွာရယ် ကျမအမှားပါ”
“ဘာမှလာမတောင်းပန်နဲ့ ငါသားလေးကိုနောက်ဆုံး
လာကြည့်တာ မင်းကိုအရမ်းမုန်းတယ် ငါသွားပီ”
ပျောက်ကွယ်သွားသော် ယောက်ကျားဖြစ်သူကိုနေရာအနှံ့
လိုက်ရှာနေရာ ,
“မေမေ ဘယ်သွားမလို့လဲမေမေကပါဖေကြီးလိုထားသွား
မလို့လား သားကြောက်တယ်”
သားအားအပြေးလှမ်းဖတ်ပီး,စိတ်ထဲ၌,မေမေထပ်မမိုက်
မဲတော့ပါဘူးသားရယ်,မနှင်းမြနောင်တရလာသော်လည်း
ကိုကျော်စွာပြန်ရှင်မလာနိုင်တော့ပေ။ (ပြီးပါပီ)
အမတစ်ယောက်ပြောပြသော် ဖြစ်ရပ်လေးအား
အခြေခံပီးရေးထားတာပါရှင်။ပြောပြသော်အမ
အရမ်းကျေးဇူးတင်ပါတယ်ရှင်။
စာဖတ်သူများလည်း ကျေးဇူးပါရှင်။
written by, ဇူးဇူး ငယ် (ဆူးငှက်) 21.7.2016

Writer’ ဇူးဇူးငယ်

ကြွေလွင့်သွားသော် ပန်းတစ်ပွင့်

aq13.jpg
(၁)
ကျမအိမ်ထဲတောင်မဝင်ရသေးဘူး အမေစီးကြိုပုံက,
“ညည်းတို့တူမလာပါပီအေ,ဆယ့်တန်းတောင်
ဖြေပီးပီးပုံစံကကြည့် ကလေးလိုလိုခွေးလိုလို
ရေတစ်ခါချိုးဖို့လည်း မနည်းပြောရတာ”

ကျမမျက်နှာကြီးကိုရှုံ့မဲ့လိုက်ပီး,
“အမေနော်, အန်တီတို့အလည်လာတာကို သမီး
အတင်းပြောနေတာ၊မုန့်ဖိုးမပေးရင်ဘယ်လိုလုပ်မလဲ။
အမေပိုပေးရမယ်မှတ်………”

အန်တီဖြစ်သူမှာရယ်မောပီး,
“ငါတူမဂျစ်တူးမလေးကို လာတိုင်းပေးမှာအန်တီက”
“အေးကြပ်ကြပ်အလိုလိုက်ကြ၊သူနဲ့ပေါင်းတဲ့ နှင်းရီလေးများ သပ်သပ်ရပ်ရပ်နဲ့ ချစ်ရာလေး……”
ကျမစိတ်ဆိုးပီး, အမေနော်နှင်းရီလိုလှအောင်
ပြင်ပီးသူလို ရည်းစားတွေအများကြီးထားပစ်မှာ……”
“ဘာ” ဒါအမေကိုပြောရမယ့်စကားလား,
“ကောင်မစုတ်လာခဲ့စမ်း” “ပြေးပီအမေရေ……”

အမေရဲ့ကြိမ်းမောင်းသံတွေနဲ့ဘဲ ကျမ ဘွဲ့တောင်ရခဲ့ပီ။
အရင်လိုဖြစ်သလိုနေတဲ့ ကောင်မလေး ဟုတ်တော့ဘူး၊
ရွှေယမင်းဆိုတဲ့နာမည်နဲ့လိုက်အောင် လှနေပါပီ။
အသက်25ကြရင် ပထမဆုံးစထားခဲ့တဲ့ချစ်သူနဲ့
လက်ထပ်တော့မယ်။

နှင်းရီတို့အိမ်ဘက်အလည်လာခဲ့ရာ,
“နှင်းရီနင်ဘယ်သွားမလို့လဲ ငါနင်စီအလည်လာတာ….”
“ငါ ယောက်ကျားနဲ့သွားတွေ့မလို့လေ မအားဘူး……”
“ဘာ အပျို လေးမတိုင်ဘဲ ဘာယောက်ကျားလဲ………”
ကျမကို စိတ်ပျက်သလိုကြည့်ပီး,
“ဟာ နင်ကလည်း ငါကိုကိုကိုယ့် ချစ်လွန်းလို့ခေါ်တာလေ…”
“ငါ လည်း ခတ်လူငယ်ပါ တစ်ခါတစ်လေချစ်စနိုးနဲ့
ခေါ်ပေါ့ဟာ၊လူတွေရှေ့မှာပါးစပ်မရဲနဲ့လေ၊ကိုယ့်က
မိန်းကလေး ငါနေရာမှာတစ်ခြားတစ်ယောက်သာဆိုရင်…”
“နင်တရား တွေကိုငါနားမထောင်နိုင်ဘူး၊နင်သာ
တစ်ယောက်တည်းထားပီး၊ တစ်ယောက်ကိုဘဲ
အရူးအမူးဖြစ်နေတာလေ၊ ငါရည်းစားတွေအများကြီးထဲမှာ
ကိုကိုလောက် ငါအပေါ် ဘယ်သူမှမကောင်းဘူး၊
ငါသူနဲ့လက်ထပ်ဖြစ်မှာပါစိတ်မပူပါနဲ့ ငါသွားပီ……”
(၂)
နှင်းရီတစ်ယောက် ကျမစေတနာကိုနားမလည်ဘဲ
ဘာမှကိုပြန်မပြောနိုင်အောင် ပြောပီးထွက်သွား
လေတယ်၊ကံကောင်းပါစေ သူငယ်ချင်း။

“ကျမအထင်တော့ အယ်ကောင်မလေး ဗိုက်ကြီးနေတာလား
မသိဘူး၊နှင်းရီနဲ့အမသမီးကိုမပေါင်းစေနဲ့………”
အလုပ်မှာစိတ်ပင်ပန်းလာရတဲ့အထဲ အိမ်ထဲဝင်လာချင်း
ကြားလိုက်ရသော်စကားသံကြောင့်,
“ဒီမယ် အားနေရင်တပြင်အိမ်မှာအတင်းသွားပြော
ကျမအိမ်ထဲမှာ လာမပြောနဲ့ခုပြန်…………”
“အမ ကျမပြန်လိုက်ပါအုံးမယ် …………”
“သမီးရယ် မျက်နှာပူလိုက်တာအေ ညည်း
သူငယ်ချင်း ဟုတ်လို့ပြောတာဘဲကို”
ကျမအမေကို တစ်ခွန်းဘဲပြန်ပြောလိုက်တယ်။
“အမေနှင်းရီနေရာမှာသမီးဆိုရင် ဆိုပီးတွေးလိုက်ပါ…”

အမေဘာမှမပြောနိုင်ခင် အိပ်ခန်းထဲ ဝင်လာလိုက်တယ်။
်ဟိုတစ်ခါထဲ၌ နှင်းရီနဲ့စကားသိပ်မပြောဖြစ်တော့ဘူး၊
ဒီည ငါသူစီသွားရမယ်။

” နှင်းရီရေ နှင်းရီ ” နှင်းရီတော်တော် ပိန်သွားတာဘဲ။
“အော် ယမင်းလာလေဟာအပြင်မှာထိုင်ပီး စကား
ပြောရအောင် ငါ အမေရွာပြန်မလို့…………”
ကျမ ငိုပီး, “နင်က ဘာလို့ပြန်မှာလဲဟာ”
“နင်လည်းကြားမှာပါ ငါကိုလူတွေပြောတာ၊ငါကိုယ်ဝန်ု
လွယ်ထားရတာ ခုနှစ်လရှိနေပီ………”
” ဘာ” မိုက်လှချည်လားသူငယ်ချင်းရယ်,

“ငါ ကောင်လေးကလည်း ဘယ်သူနဲ့ရမှန်းမသိတဲ့
ကိုယ်ဝန်ကိုတာဝန်မယူနိုင်ဘူးတဲ့ ရက်စက်လိုက်တာ…”
“တောက် မိုက်ရိုင်းလိုက်တာဟာ ………”
“ငါကလေးကိုဖျက်မချချင်ဘူး အာကြောင့်အမေနဲ့ရွာပြန်
မွေးမလို့ ငါကလေးအတွက်အရာရာ ရင်ဆိုင်မယ်……”
“နင်ကလေးကို မွေးရဲတာငါချီးကျူးပါတယ်ဟာ………”
“နင်ကငါအတွက်သူငယ်ချင်းကောင်းပါ၊နင်စေတနာ
တွေကို ငါစော်ကားမိတယ်ဟာ………”
ကျမတို့နှစ်ယောက်ဖတ်ပီးငိုမိကြလေတယ်။
(၃)
နှင်းရီရွာပြန်တာ နှစ်လကျော်လောက်ရှိလေပီ။
” ဟာ” ကိုစီကဖုန်းလာနေပါလား,
“ကို နေကောင်းလားအလုပ်ရောအဆင်ပြေရဲ့လား……”
“အဆင်ပြေတယ်ချစ် ကို သယ်ရင်းကတောင်ပြောတယ်၊
သဲကိုဟိုနေ့က ကလေးချီထားတဲ့မိန်းမတစ်ယောက်နဲု့
ဲအတူတွေ့တယ်တဲ့၊ ဘယ်သူလက်ထပ်ပီးကလေး၊
ရသွားတာလဲ………”
ဟာကိုကလည်း ဘယ်ကမိန်းမနဲ့ကလေးလဲ သဲဖြင့်
သိတောင်မသိဘူး………”
” အာဆို ကိုသယ်ရင်းအမြင်မှားတာ နေမှာပါချစ်……”
ကို ဖြင့်စကားပြောပီး အိပ်ချင်လာ၍ ဖုန်းချလိုက်လေတယ်။

လမ်းတစ်လျှောက်လုံး မှောင်မဲနေလေတယ်၊ယမင်း သူ
ရောက်နေတာ မြို့ မဟုတ် ရွာဖြစ်ပုံရသည်။
ပတ်ဝန်းကျင်ကို သေချာကြည့်လိုက်သော်အခါ
“ဟာ အုတ်ဂူတွေဖွေးနေပါလာ အမေ ကယ်တော်မူပါ…”
ကလေးငိုသံ “အူဝဲ အူဝဲ အူဝဲ အူဝဲ”
သချို င်း၌အဘယ်ကြောင့် ကလေးငိုသံဆူညံနေရတာလဲ။
နာနာဘာဝများ ဖန်ဆင်းခြောက်လန့်နေတာလား၊
ကြောက်စိတ်ကြောင့် ကျမတစ်ကိုယ်လုံးအေးစက်
တုန်နေတယ်။ ” ယမင်းရေ ယမင်း ယမင်း ”
ဒါ နှင်းရီအသံ, ဆနွင်းအနံ့များမွှန်ထူလာပီး၊အုတ်ဂူကို
ကျောပေးကာ မိန်းမတစ်ယောက်ရပ်နေသည်။

“ဘယ်သူလဲ ငါကိုမခြောက်နဲ့နော် ငါကြောက်တယ်”
ထိုမိန်းမသည်ငိုပီး, ” ငါပါ ယမင်းရယ်နှင်းရီပါ ”
” နင်ဘယ်လိုဖြစ်တာလဲ ငါကိုကြည့်ပါအုံး”
ကျမဘက် လှည့်လာသော်အခါ, “အောင်မယ်လေး”
” တောင်းပန်ပါတယ် ငါ ပင်ကိုယ်ရုပ်ပြမိတယ်”
” ဟာ နင်တတယ်ဘဲ နှင်းရီဘဲ ခုနနင်ရုပ်ကြီးက
ကြောက်ဖို့ကောင်းလိုက်တာ၊နင်ချီထားတာ
နင်ကလေးလား ငါကိုအကုန်ပြောပြပါဟာ………”

” ငါ ရွာရောက်လာပီး မွေးခါနီးတော့ သူလိုက်လာတယ်။
ပြသနာတတ်မှာဆိုးလို့ အမေတောင်မပြောမိဘူး၊အယ်
လူယုတ်မာက ရွာကလူတစ်ယောက်ကို အပီပေါင်းပီး၊
ငါနဲ့ဆက်သွယ်တယ်။တစ်နေ့ငါနောက်ဆုံး သူနဲ့သွားတွေ့
တာပေါ့ ငါကိုထက်မနှောက်ယှက်ဖို့ပြောမယ်ပေါ့၊
ရွာတံတားပေါ်မှာ သူနဲ့တွေ့တာ လူကလည်းရှင်းနေတယ်။

“အား ကျမဗိုက်နာလှပီ ကျမကိုကယ်ပါအိမ်ပြန်ပို့ပါ……”
“ကျနော်သူကို ခေါ်သွားလိုက်မယ်ဆရာ”
ကောက်ကျစ်စွာပြုံးပီး, “မင်းပါးစပ်ပိတ် ဒီမိန်းမ
ကလေးမွေးလို့မဖြစ်ဘူး ငါလက်ထပ်တော့မှာမို့
ဒီကောင်မနောက်လိုက်လာတာ၊နောက်ကျကလေးချီပီး
ငါကိုပြသနာလာရှာမှာဆိုးလို့…………”
နှင်းရီနာကျင်နေတဲ့ကြားက,
“ကျမတောင်းပန်ပါတယ် ရှင်ကလေးပါအိမ်ပြန်ပို့ပေးပါ၊
ရှင်နဲ့လာမပတ်သတ်စေရပါဘူး………”
” လာ မတောင်းပန်နဲ့ မင်းကိုတာဝန်မယူဘူးပြော
ကတည်းက ဖျက်ချပစ်ရမှာ ခုရော့သွားတော့”့
နှင်းရီအား တံတာအောက်ထဲတွန်းချလိုက်လေတယ်။
(၄)
“ဖြစ်မှ ဖြစ်ရလေသူငယ်ချင်းရယ်”
“ငါလေတံတားအောက်ကရေထဲမှာ နာကျင်မူတွေနဲ့
အားတင်းထားတယ်၊လူယုတ်မာတွေငါကိုထားပီး
ထွက်ပြေးသွားတာ၊လူတွေတွေ့ပီး ငါကိုရေထဲက
ကယ်တင်ပီး အိမ်ခေါ်ခဲ့ပေမယ့် ကလေးအပြင်ရောက်တာနဲ့
ငါရောသားလေးရော အသတ်မရှိတော့ဘူး ………”
ကျမသူငယ်ချင်းရဲ့ အဖြစ်ဆိုးကိုကြားပီး အသည်းအသန်
ငိုကြွေးမိလေတယ်။ကျမမျက်ရည်တွေ သုတ်လိုက်ပီး,
“ဟို လူယုတ်မာတွေကို သတ်မယ်၊ခုဘယ်မှာလဲ”

နှင်းရီအားရပါးရ ရယ်လေတယ်။
“ငါသူတို့နှစ်ယောက်လုံးကို မြို့ အပြန်မှာကားကို
ချောက်ထဲကျအောင် လုပ်ပစ်လိုက်တယ်၊ငါရှေ့မှာ
ငါနာကျင်သလို နာကျင်ပီးအသတ်ထွက်သွားတယ်၊
ခုငါသွားရတော့မယ်သူငယ်ချင်း နင်စီကိုငါသေပီချင်း
လာပါတယ်၊နင်ငါကိုမမြင်ရလို့ ခုနောက်ဆုံးအနေနဲ့
နှုတ်ဆက်ရပီးပီဆိုတော့ ငါဘဝကူးနိုင်ပီ…………”
“အေးပါ နင်ဘဝဆက်တိုင်းဒီလိုအဖြစ်ဆိုးမျိုး
မကြုံရပါစေနဲ့ဟာ …………”
နှင်းရီပြုံးပြပီး, လိပ်ပြာနှစ်ကောင်အဖြစ်ပြောင်းလဲ
သွားတယ်၊တစ်ကောင်ကအကြီး၊တစ်ကောင်ကအသေး
ကျမအနား၌ ခဏတာဝဲပီး ပျံသန်းသွားလေတယ်။

ကျမနေထွက်မှ နိုးလာတယ်၊အမေတောင်ဈေးသွားပီ
နေမှာ၊မျက်နှာသစ် ဘုရားရှိခိုးပီးမှာ အမေဈေးက
ပြန်လာရာ ရောက်ရောက်ချင်း,
“သမီးရယ် ညကနှင်းရီဆိုပီးယောင်နေလိုက်တာ၊သမီး
စိတ်မကောင်းမဖြစ်နဲ့ နှင်းရီလေ……………”
အမေစကားပင်မဆုံးသေးခင်,
“သမီးအကုန်သိပီးပါပီအမေရယ်…………”
(ပြီးပါပီ)
စာဖတ်သူများကို ကျေးဇူးတင်လျက်,
ဇူးဇူး ငယ် (ဆူးငှက်)
(23.7.2016)

Writer’ ဇူးဇူးငယ်(ဆူးငှက်)