Category Archives: ကျန်းမာရေး
သဘောင်္သီးစေ့က ဒီလိုအစွမ်းတွေပေးနိုင်တယ်ဆိုတာ သင်သိပါသလား
(၄) ၀က်ြခံ တွေကိုသက်သာစေတယ်
Unicode
သဘောင်္သီးစားရင် အစေ့တွေကိုအသုံးမလိုဘူးဆိုပြီးလွှင့်ပစ်လိုက်တာမျိုးကို အခုကစပြီးမလုပ်ပါနဲ့တော့။ သဘောင်္သီးရဲ့ အစေ့မှာလည်း များစွာသော အကျိုးကျေးဇူးတွေရှိနေတယ်ဆိုတာသင်သိသွားရင် အစေ့တွေကို ပစ်ချင်တော့မယ်မထင်ပါဘူး။ ကဲ သဘောင်္သီးအစေ့တွေက ဘာတွေအကျိုးရှိသလဲဆိုတာ ကြည့်ကြည့်ရအောင်…
(၁) အင်ဇိုင်းဓာတ်ကြွယ်ဝစေတယ်
သဘောင်္စေ့ကို ထောင်းတာမျိုးသို့ ပြုတ်ပြီးစားခြင်းဟာ အင်ဇိုင်းဓာတ်ကို ကြွယ်ဝစေပါတယ်။
(၂) အစာချေဖျက်မှုအားကောင်းတယ်
သဘောင်္စေ့ကို ပြုတ်ပြီးစားသုံးခြင်းက ခန္ဓာကိုယ်တွင်း အစာချေဖျက်မှုကို အားကောင်းစေပါတယ်။
(၃) အသည်းအားကောင်းစေတယ်
အသည်းရောဂါရှိတဲ့သူတွေအတွက် သဘောင်္စေ့ကတော့ ဆေးကောင်းတစ်ခွက်ပါပဲ။
(၄) ဝကြ်ခံ တွေကိုသက်သာစေတယ်
သဘောင်္စေ့ကို ပြုတ်ပြီးထောင်းပါ။ ထွက်လာတဲ့အဖက်လေးတွေကိုမျက်နှာပေါ်ပေါင်းတင်သလိုအနှံ့တင်ထားပြီး ၁ဝမိနစ်လောက်ကြာမှ ရေဆေးချပါ။ သင့်မျက်နှာပေါ်က ဝက်ခြံတွေပျောက်ခြင်းမလှပျောက်သွားတာကိိုတွေ့မြင်ရမှာပါ။
(၅) မိန်းကလေးတွေရာသီကာလနာကျင်မှုကို သက်သာစေတယ်
သဘောင်္စေ့ပြုတ် ကိုစားခြင်းကြောင့် ဓမ္မတာလာတဲ့ အခါ မိန်းကလေးတစ်ချို့ခံစားရတဲ့နာကျင်ခြင်းဝေဒနာကို သက်သာစေပါတယ်။
Credit – Treand Myanmar
သင့်မှာ ရှိကောင်းရှိနေနိုင်တဲ့ စိတ်ရောဂါအနုစားတွေ
စိတ်ရောဂါဆိုတာက စိတ်မူမမှန်တာပါ။ ပုံမှန်စိတ်မဟုတ်တာလို့လည်းခေါ်ပါတယ်။ဒီတော့ ပုံမှန်စိတ်မှာတစ်ခုခုထူးခြားလာတာမျိုး၊လွန်ကဲတာပဲဖြစ်ဖြစ် နိမ့်ဆင်းတာပဲဖြစ်ဖြစ် ပုံမှန်ထက်ပိုပြီး တစ်ခုခုထူးခြားလာပြီဆိုတာနဲ့ ဒါဟာ စိတ်ရောဂါထဲမှာအကျုံးဝင်သွားပါပြီ။ ဥပမာအားဖြင့် ဒေါသအလွန်ကြီးတဲ့လူတွေဟာ ဒေါသစိတ်ကိုမထိန်းချုပ်နိုင်တဲ့၊သာမန်လူတွေမှာဒေါသကိုထိန်းချုပ်တဲ့ စိတ်တစ်မျိုးသူ့ဆီမှာချို့တဲ့နေတဲ့ စိတ်ရောဂါဖြစ်နေတာပါ။လူတစ်ကိုယ်စိတ်တစ်မျိုးဖြစ်နေတာရယ် ကိုယ်ဖြတ်သန်းလာရတဲ့ ပတ်ဝန်းကျင်အနေအထား၊ဘဝအခြေအနေတွေရယ်က ကိုယ့်စိတ်ကိုပုံပြောင်းစေပါတယ်။ဒီတော့ လူတိုင်းနီးပါးမှာ စိတ်ရောဂါတစ်မျိုးမဟုတ်တစ်မျိုးကတော့ ရှိနေတာများပါတယ်။လူတွေမှာ မထင်မရှားကပ်တွယ်နေတတ်တဲ့ စိတ်ရောဂါအနုစားတွေကတော့…
စိတ်ကျရောဂါ
စိတ်ကျရောဂါက အသက်အရွယ်မရွေးဖြစ်တတ်ပါတယ်။ ပြီးတော့ ရောဂါအနုစားရှိသလို အရင့်စားလည်းရှိပြန်ပါတယ်။ ဒါ့အပြင် စိတ်ကျရောဂါဆိုတာက အဖြစ်အများဆုံးရောဂါတွေထဲမှာတစ်ခုအပါအဝင်ဖြစ်တဲ့အပြင် သူ့ကြောင့် လူပေါင်းများစွာအသက်ဆုံးရှုံးနေကြတဲ့ရောဂါလည်းဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ အားအင်ကုန်ခန်းလာမယ်၊စိတ်ပူပန်ရှုပ်ထွေးလာမယ်၊စိတ်အနှောက်အယှက်ဖြစ်လွယ်မယ်၊စိတ်ဓာတ်ကျမယ်၊အကြောင်းရေရေရာရာမရှိပဲ ဝမ်းနည်းကြေကွဲနေမယ်။ဒီိရောဂါက အနားယူချိန်တွေလျော့နည်းလာတဲ့အခါ၊အိပ်ရေးတွေပျက်တဲ့အခါ ဖြစ်တတ်ပါတယ်။ အိပ်ရေးပျက်တာများလွန်းလို့ ကော်ဖီလို လူကို လန်းဆန်းစေတဲ့ ပစ္စည်းတွေနဲ့ အသက်ဆက်နေရတဲ့အခါ ပိုပြီးပြင်းထန်စွာဖြစ်တတ်ပါတယ်။ စိတ်ကျရောဂါအနုစားဆိုရင် အလိုလိုပျောက်သွားတာမျိုးရှိနိုင်ပေမယ့် အနုစားထက်နည်းနည်းပြင်းမယ်ဆိုခဲ့ရင်တော့ စိတ်ကုဆရာဝန်နဲ့ဆွေးနွေးဖို့လိုအပ်နေပါပြီ။
စိတ်တက်ရောဂါ
စိတ်ကျရောဂါရှိသလို စိတ်တက်ရောဂါလည်းရှိပါတယ်။စိတ်တက်ရောဂါဆိုတာကတော့ တစ်ခုခုကြောင့်အလွန်အမင်းပျော်ရွှင်သွားတာ၊မူမှန်မဟုတ်တဲ့ပျော်ရွှင်ခြင်းမျိုးတွေခံစားနေရတာပါ။ သာမန်ကိစ္စရပ်လေးတစ်ခုကိုတောင် ကမ္ဘာတစ်ခုလုံးအပိုင်ရလိုက်သလိုမပြီးနိုင်မစီးနိုင်ပျော်နေတတ်တယ်ဆိုရင်တော့ သင့်မှာစိတ်တက်ရောဂါဖြစ်နေတာသေချာပါပြီ။ တစ်ခုခုကိုအလွန်အကျွံဝမ်းနည်းတတ်၊ပျော်ရွှင်တတ်တဲ့သူတွေ၊ပျော်နေရင်းနဲ့မှ ရုတ်တရက်တစ်ခုခုအကြောင်းစဉ်းစားမိပြီးဝမ်းပန်းတနည်းငိုကြွေးတတ်သူတွေဟာ စိတ်အတက်အကျမြန်တဲ့ရောဂါကိုခံစားနေရတာဖြစ်ပြီး အဲ့ဒီရောဂါဟာ ပြင်းလာရင် အသက်ဆုံးရှုံးနိုင်သည်အထိကြောက်ဖို့ကောင်းတာကြောင့် ကိုယ့်မှာအဲ့ဒီရောဂါရှိနေတယ်ထင်ရင် အနုစားကနေအပြင်းစားကိုမရောက်ခင်ဆရာဝန်နဲ့အမြန်ဆွေးနွေးပါ။ စိတ်ရောဂါကုဆရာဝန်ဆိုတာရူးလို့ပြတာချည်းပဲမဟုတ်ပါဘူး။ရူးမှာစိုးလို့ကြိုတင်ကာကွယ်တဲ့သဘောနဲ့လည်းပြလို့ရပါတယ်။ရှက်စရာမလိုပါဘူး။
စိတ်မွန်းကျပ်တဲ့ရောဂါ
ဒီရောဂါကို အင်္ဂလိပ်လို Normopathy လို့ခေါ်ပါတယ်။ စိတ်ပညာရှင်တွေရဲ့အဆိုအရ လူတိုင်းဟာ Normopathy အပျော့စားကိုသူတို့ရဲ့ငယ်ဘဝမှာခံစားခဲ့ရဖူးတယ်လို့ဆိုပါတယ်။ Normopathy ဆိုတာက လွယ်လွယ်ပြောရရင် လူတွေရဲ့အကြိုက်ကိုလိုက်လုပ်ပေးပြီးလူတွေစိတ်ကျေနပ်အောင်နေထိုင်ရင်းကိုယ့်ကိုယ်ကိုယ်ပျောက်ဆုံးသွားတတ်သူတွေဟာ ရုတ်တရက်တစ်ချိန်ချိန်မှာ ချုပ်တည်းထားသမျှတွေပွင့်ထွက်ပြီး ဆိုးရွားပြင်းထန်တဲ့အလုပ်တွေလုပ်မိတတ်တဲ့ရောဂါပါ။ Normopathy က လူတွေရဲ့အတွင်းထဲမှာအချိန်တွေအကြာကြီိးနေနေပြီိး တစ်ခါတစ်လေမှပေါ်လာတတ်တာကြောင့် ကိုယ့်ကိုယ်ကိုယ်တောင် အဲဒီိ့ရောဂါရှိလို့ရှိနေမှန်းသိမှာမဟုတ်ပါဘူး။ဒီရောဂါကတော့ အပေါ်ကရောဂါတွေလိုမဟုတ်ပါဘူး။အနုစားအခြေအနေမှာတောင် အန္တရာယ်ကြီိးမားတဲ့ရောဂါဖြစ်ပါတယ်။
စိတ်ကူကယ်ရာမဲ့ရောဂါ
မြန်မာလိုအဆင်ပြေအောင်ပေးထားရတဲ့နာမည်ကအတော်လေးဆန်းပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ သူ့ရဲ့ အဓိပ္ပါယ်ကိုတိကျစွာဖော်ပြလျက်ရှိပါတယ်။ဟုတ်ပါတယ်။ ကူကယ်ရာမဲ့စိတ်အခြေအနေကိုဖြစ်ပေါ်စေတဲ့ စိတ်ရောဂါပါ။သူ့ကို Abjection လို့ခေါ်ပါတယ်။ ဒီရောဂါကတော့ လူတိုင်းမှာမွေးကတည်းကပါလာတာဖြစ်ပြီး အသက်ကြီးတဲ့အခါမှာ ပတ်ဝန်းကျင်အခြေအနေတွေက ဒီရောဂါကိုလှုံ့ဆော်ပေးခဲ့ရင် ရောဂါအနုအရင့်လိုက်ပြီး လူကိုဒုက္ခပေးနိုင်တဲ့ရောဂါပဲဖြစ်ပါတယ်။ လူတွေက မွေးမွေးချင်းမှာ မိခင်ခန္ဓာကိုယ်ထဲကနေ အပြင်ရောက်လာချိန်မှာ မိခင်ခန္ဓာကိုယ်နဲ့ကိုယ့်ခန္ဓာကိုယ်နဲ့သပ်သပ်စီ၊တခြားစီ၊လုံးဝကွဲထွက်သွားလို့ခံစားလိုက်ရတဲ့အကြောက်တရားက Abjection ရောဂါရဲ့အစပါ။ အသက်ကြီးလာတဲ့အခါမှာ ပတ်ဝန်းကျင်အခြေအနေတွေရဲ့လှုံ့ဆော်မှုကြောင့်ဒီိရောဂါဟာ အနည်းနဲ့အများပြန်ပေါ်လာတတ်ပါတယ်။ ဥပမာ.. အဖေ၊အမေ၊တိမ်းပါးသွားတဲ့အချိန်တို့၊လောကကြီိးမှာဘယ်အရာမှမမြဲပါလားဆိုတာ နားလည်သွားချိန်မှာ ရင်ထဲကိုအရှိန်ပြင်းပြင်းနဲ့ဝင်ဆောင့်တဲ့အကြောက်တရားတို့ဟာ Abjection ရဲ့ ခေါင်းထောင်ထလာခြင်းပါ။
အသွင်ပြောင်းစိတ်ရောဂါ
ဒါကတော့ ယောက်ျားစိတ်ကနေမိန်းမစိတ်ကို အသွင်ပြောင်းသွားတာကိုပြောတဲ့ရောဂါမဟုတ်ပါဘူး။ဒီရောဂါရဲ့ထူးခြားချက်က အခြားစိတ်ရောဂါတွေလိုမျိုးခံစားရတာအတူတူချည်းပေမယ့် သူက အနုစားဆိုရင် အဲ့ဒီ့ရောဂါရှိသူကိုအခြားသူတွေက အားကျနေရပြီး ရောဂါရင့်လာမှ ကိုယ့်ကိုယ်ကိုယ်သတ်သေတာမျိုးတွေဖြစ်တတ်တဲ့ရောဂါပါ။ သူ့ကို sublimation လို့ခေါ်ပါတယ်။ ရောဂါရဲ့သဘောသဘာဝက ချစ်ဖို့ကောင်းပါတယ်။ အဲ့ဒါကတော့ စိတ်တွင်းမှာခံစားနေရတဲ့ ခံစားမှုတွေကို တစ်ခုခုအဖြစ်အသွင်ပြောင်းပစ်တတ်တဲ့ရောဂါပါပဲ။အသိသာအထင်ရှားဆုံးဥပမာကတော့… အနုပညာရှင်တွေပါ။အကုန်လုံးတော့မဟုတ်ပါဘူး။အနုပညာကိုဖန်တီိးသူတွေဖြစ်တဲ့.. သီချင်းရေးသူ၊စာရေးဆရာ၊ပန်းချီဆရာ၊သံစဉ်ဖန်တီးသူ၊ပန်းပုထုသူ..စသဖြင့် အဲ့ဒီိလိုအနုပညာတစ်ခုခုအဖြစ် ခံစားချက်တွေကိုအသွင်ပြောင်းပစ်လိုက်တတ်တဲ့သူတွေဟာ Sublimation ဆိုတဲ့စိတ်ရောဂါကိုခံစားနေရသူတွေဖြစ်ပါတယ်။
ခုပြောပြသွားတာတွေကတော့ လူတွေမှာအဖြစ်အများဆုံး စိတ်ရောဂါအနုစားတွေပါ။ အနုစားဆိုပေမယ့် စိတ်ရောဂါဆိုတာမျိုးက ခန္ဓာကိုယ်ကရောဂါတွေလိုဓာတ်မှန်ရိုက်ကြည့်ပြီးဘယ်ကလောက်အထိဖြင့်ကြီးထွားနေပြီဆိုတာမျိုး စမ်းသပ်သိရှိနိုင်တာမျိုးလုံးဝမဟုတ်တဲ့အတွက် နေ့တဓူဝအလုပ်တွေနဲ့ကိုယ်အလုပ်များနေတုန်းမှာ စိတ်ရောဂါကအတွင်းထဲမှာထုထည်ကြီးထွားနေတာလည်းဖြစ်နို်င်ပါတယ်။ဒါကြောင့်မပေါ့ဆပဲ စိတ်ကုဆရာဝန်နဲ့ မှန်မှန်တွေ့ဆုံဆွေးနွေးသင့်ကြောင်းအကြံကောင်းပေးပါရစေ။စိတ်ကုဆရာဝန်တွေကသိပ်ကိုဈေးကြီးနေခဲ့ရင်တော့ ကိုယ့်ရဲ့သက်ဆိုင်ရာဘုရားရဲ့တရားတော်တွေကိုနှလုံးသွင်းနေတာက အန္တရာယ်အကင်းဆုံးနဲ့အထိရောက်ဆုံးကုသနည်းပါပဲ။
Ref- IO9/We come from future site
Unicode Format
Ref- IO9/We come from future site
သင်စိတ်ဓာတ်ကျတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဒါတွေထိခိုက်ပါတယ်
စိတ်ဓာတ်ကျတယ်၊Depression ဝင်တယ်ဆိုတာ ခုခေတ်မှာ ခေတ်အစားဆုံးစကားလုံးဖြစ်နေပါတယ်။ အချို့ကတော့ တကယ် D ဝင်တာဖြစ်ပေမယ့် အချို့က D ဝင်တာကို cool ဖြစ်တယ်ထင်ပြီး တကယ်လည်းမဝင်ပဲနဲ့ D ဝင်သယောင်ကိုယ့်ကိုယ်ကိုယ်လှည့်စားရင်းကနေ တကယ်ပဲ D ဝင်ပြီးပြန်မထွက်နိုင်တော့မှ ပြဿနာတက်ရတာတွေလည်းရှိပါလေရဲ့။ ပြောချင်တာကတော့ Dဝင်တယ်ဆိုတာ စိတ်ရောဂါပါ။အပြင်းစားနဲ့အနုစားပဲကွာပါတယ်။ D ဝင်နေတဲ့သူတွေက စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဖေးမမှုကိုလိုအပ်နေတဲ့ စိတ်ရောဂါသည်တွေပါ။ ဒါကြောင့် D ဝင်တာမှာ cool ဖြစ်တာတစ်ခုမှမရှိပါဘူး။ D ဝင်တာဟာ အတုယူစရာတစ်ခုမဟုတ်ပါဘူး။ ဒါ့အပြင် စိတ်ဓာတ်ကျနေပြီ စိတ်ကျရောဂါဖြစ်နေပြီဆိုရင် အဲ့ဒါကိုခံစားနေရတဲ့လူကသူ့ကိုယ်သူသိချင်မှလည်းသိပါတယ်။ ဒါပေမယ့် D ဝင်နေပြီ၊စိတ်ဓာတ်တွေအလွန်အကျွံကျနေပြီ၊စိတ်ကျရောဂါဖြစ်နေပြီိဆိုတာကို ခန္ဓာကိုယ်ကသူ့နည်းသူ့ဟန်နဲ့ပြသပါတယ်။ဒါကြောင့် D ဝင်ရင်ဖြစ်လေ့ရှိတဲ့ ခန္ဓာကိုယ်လက္ခဏာတွေကိုဖော်ပြပေးလိုက်ပါတယ်။
မောပန်းလာမယ်
အမြဲလိုလိုမောပန်းနေမယ်။ဘာမှလည်းပင်ပင်ပန်းပန်းမလုပ်ရပဲနဲ့ကို ခဏခဏမောနေပြီဆိုရင်တော့ သင်ဟာ စိတ်ဓာတ်ကျနေတာပဲဖြစ်ပါလိမ့်မယ်။ ရောဂါနဲ့တိုက်ခိုက်နေရတဲ့ သူတွေတိုင်းကိုဆရာဝန်တွေက စိတ်တင်းထားနော်၊ကြံ့ကြံ့ခံနော်..လို့ပြောလေ့ရှိတာက စိတ်သာရှင်စောဘုရားဟောဆိုတဲ့အတိုင်း စိတ်ဓာတ်သန်မာဖို့အရေးကြီးလို့ပါ။ စိတ်ဓာတ်ကျနေမယ်၊စိတ်အားငယ်နေမယ်ဆိုရင် ခန္ဓာကိုယ်ကပါအလိုလိုမောပန်းလာတော့မှာပါပဲ။
ခေါင်းကိုက်လာမယ်
စိတ်ကျရောဂါဖြစ်နေတဲ့သူအများစုဟာခေါင်းကိုက်ရောဂါစွဲကပ်နေလေ့ရှိပါတယ်။ခေါင်းကိုအနည်းငယ်အားစိုက်လိုက်ရတာနဲ့ခေါင်းကိုက်လာတော့တာပါပဲ။ စိတ်ကျရောဂါကခန္ဓာကိုယ်ထဲက ဟော်မုန်းတွေကိုပြောင်းလဲစေတာကြောင့် ဟော်မုန်းမညီမျှမှုတွေဖြစ်လာစေပြီး ဦိးနှောက်ကိုသွားထိတဲ့အခါခေါင်းကိုက်ရောဂါဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။
အိပ်ချိန်မမှန်တာတွေဖြစ်လာမယ်
ညဆိုအိပ်လို့မရဘူး၊မနက်ဆိုတော်တော်နဲ့မထဘူးဆိုတဲ့ပြဿနာက စိတ်ကျရောဂါအနုစားရဲ့လက္ခဏာပါ။ သင့်ရဲ့အိပ်စက်အနားယူချိန်တွေက သင့်ရဲ့စိတ်ကျန်းမာရေးနဲ့တော်တော်များများကိုသက်ဆိုင်နေပါတယ်။ မနက်စောစောကြီးအမြဲနိုးနေပြီးပြန်အိပ်လို့မရတာ၊အလွန်အကျွံအိပ်ချင်နေတာ၊အိပ်မပျော်တာ၊ဆက်တိုက်အချိန်တွေအကြာကြီးအိပ်တာ စတာတွေဟာ စိတ်ကျရောဂါလက္ခဏာတွေပဲဖြစ်ပါတယ်။
အစာမကြေဖြစ်မယ်
အစာမကြေဖြစ်တိုင်း စိတ်ကျရောဂါဖြစ်နေပြီလို့ပြောလို့မရပါဘူး။ဒါပေမယ့်စိတ်ကျရောဂါက အနည်းငယ်စိုးရိမ်ရတဲ့အခြေအနေကိုတက်လှမ်းလာပြီဆိုရင်ဘာစားစားအစာမကြေတာမျိုးတွေဖြစ်လာတတ်ပါတယ်။ တစ်ခုခုကြောင့်စိတ်ဖိစီးနေရပြီဆိုရင်လည်း အစာမကြေရင်ပြည့်ရင်ကယ်ဖြစ်တတ်ပါတယ်။ ဒါမှမဟုတ် အစာအိမ်မှာပြဿနာတစ်ခုခုဖြစ်နေလို့အစာမကြေတာလည်းဖြစ်နိုင်သေးတာမို့ အစာမကြေတာဟာ စိတ်ကျရောဂါကြောင့်လားခန္ဓာကိုယ်နဲ့ပဲဆိုင်တဲ့ပြဿနာလားဆိုတာ ကျွမ်းကျင်တဲ့ဆရာဝန်ကမှခွဲခြားနိုင်မှာပါ။
အာရုံလွင့်မျောနေခြင်း
ဒီလိုအာရုံလွင့်မျောတာဟာစာရေးဆရာတွေပန်းချီိဆရာတွေအာရုံဝင်စားခြင်းနဲ့မတူပါဘူး။စာရေးဆရာတွေပန်းချီဆရာတွေက သူတို့ရဲ့လုပ်လက်စအလုပ်ကိုအာရုံဝင်စားတယ်ဆိုတာ အဲဒီတစ်ခုတည်းမှာပဲအာရုံစူးစိုက်နေလို့ ကျန်တာတွေသတိမထားမိတဲ့သဘောဖြစ်ပြီး စိတ်ကျရောဂါဖြစ်နေသူတွေရဲ့အာရုံလွင့်မျောခြင်းကတော့ ဘယ်အရာကိုမှရေရေလည်လည်သေချာဂဃနဏအာရုံစူးစိုက်မိခြင်းမရှိပဲနဲ့ စိတ်ကတွယ်ရာမဲ့လွင့်မျောနေတဲ့သဘောပါ။အဲ့ဒါက အာရုံစူးစိုက်လို့မရခြင်းနဲ့လည်းဆက်စပ်နေပြီး ဦိးနှောက်မြူထခြင်း Brain fog လို့အင်္ဂလိပ်လိုခေါ်ပါတယ်။
အထက်မှာဖော်ပြသွားတာတွေကတော့ စိတ်ဓာတ်တွေအောက်ဆုံးအထိထိုးကျနေတဲ့အခါ၊စိတ်ကျရောဂါဖြစ်တဲ့အခါ သင့်ခန္ဓာကိုယ်မှာထိခိုက်ပြောင်းလဲတဲ့အရာတွေပါ။ဒါတွေကိုသိထားခြင်းဖြင့် ကိုယ်စိတ်ကျရောဂါဖြစ်နေမယ်ဆိုရင်လည်းအလွယ်တကူရိပ်မိသိရှိနိုင်တဲ့အပြင် သင်ချစ်တဲ့သူတွေလည်းသိရှိစေဖို့ ဒီိ Article ကို တစ်ဆင့်ဝေမျှပေးဖို့မမေ့ပါနဲ့။
Unicode Format
အီး-စီးကရက်က ကိုယ်ခံအားစနစ်ကို ပျက်စီးစေ
အီး-စီးကရက် သောက်တာက အရင်က ယူဆထားတာထက် ပိုပြီး ခန္ဓာကိုယ်က အရေးပါတဲ့ ကိုယ်ခံအားစနစ် ဆဲလ်တွေကို ပျက်စီး စေတယ်လို့ လေ့လာမှု အသစ်တခုက ဆိုလိုက်ပါတယ်။
ဆေးလိပ် အစားထိုး အဖြစ် သောက်သုံးကြတဲ့ အီး-စီးကရက်ဟာ အဆုတ်က အရေးပါတဲ့ ကိုယ်ခံအားစနစ်ဆဲလ်တွေ အလုပ် မလုပ်အောင် တွန်းအားပေးပြီး အဆုတ်ကို ရောင်ရမ်းစေတယ်လို့ သုတေသီတွေက ပြောပါတယ်။
အီး-စီးကရက်တွေက ဘေးဥပဒ်ကင်းတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် မှတ်ယူထားတာကို ပြန်လည် သုံးသပ်ကြဖို့ သူတို့က သတိပေးပါတယ်။
ဒါပေမယ့် အီး-စီးကရက်က ရိုးရိုး ဆေးလိပ် သောက်တာထက် အန္တရာယ် ပိုနည်းပြီး အီး-စီးကရက်ကို အစားထိုးသုံးစွဲကာ ဆေးလိပ် ဖြတ်ဖို့ နှောင့်နှေးမနေသင့်ဘူးလို့ အင်္ဂလန် ပြည်သူ့ကျန်းမာရေး ဌာနကတော့ အကြံပြုထားပါတယ်။
ဘာမင်ဂမ် တက္ကသိုလ်က ပါမောက္ခ ဒေးဗစ်သစ်ကတ် ဦးဆောင်တဲ့ အသေးစားလေ့လာမှု ရလဒ်ကို ရင်အုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး စာစောင် တခုဖြစ်တဲ့ ‘သိုးရက်စ်ဂျာနယ်’ မှာ အွန်လိုင်း ပုံနှိပ် ဖော်ပြခဲ့ပါတယ်။
အရင်တုန်းက သုတေသနတွေကတော့ သောက်ရှုတာမလုပ်ခင် အီး-စီးကရက်မှာ ပါဝင်တဲ့ ဓာတုဒြပ်ပေါင်းတွေကို အဓိကထား လေ့လာခဲ့တာပါ။
အခု သုတေသနကတော့ ဆေးလိပ်မသောက်တဲ့ လူ ၈ ယောက်ရဲ့ အဆုတ်တွေက နမူနာ အသားစ တစ်ရှုးတွေကို ဓာတ်ခွဲခန်းထဲမှာ အီး-စီးကရက် အငွေ့တွေနဲ့ အသေးစိတ် စမ်းသပ် လေ့လာခဲ့ပါတယ်။
အဲဒီမှာ အီး-စီးကရက်အငွေ့တွေက အဆုတ်ကို ရောင်ရမ်းစေသလို အမှုန်တွေ၊ ဘက်တီးရီးယားတွေနဲ့ လူ့ ခန္ဓာကိုယ်ကို ဓာတ်မတည့်စေတဲ့ အရာတွေကို ဖယ်ရှားသန့်စင်ပေးတဲ့ အဆုတ်က အယ်ဗီရိုလတ်စ် အမြှေးပါးရဲ့ လုပ်ဆောင်မှုတွေကို ပျက်စီးစေတာ တွေ့ရှိရတယ် ဆိုပါတယ်။
ဒါမျိုးက ပုံမှန် ဆေးလိပ် သောက်သုံးသူတွေနဲ့ ကာလကြာရှည် အဆုတ်ဝေဒနာ ခံစားရသူတွေမှာ တွေ့ရတဲ့ တုံ့ပြန်မှုတချို့ နဲ့ တူညီတယ်လို့ ဆေးပညာရှင်တွေက ပြောပါတယ်။
ဒီ သုတေသနမှာ ၄၈ နာရီ အတွင်း ပြောင်းလဲမှုကို မှတ်တမ်းတင်ခဲ့တာပါ။ ဒါဟာ ဓာတ်ခွဲခန်း စမ်းသပ်ချက် ရလဒ်သာ ဖြစ်ပြီး ရေရှည် ကျန်းမာရေး သက်ရောက်မှုကို ပိုမိုနားလည်နိုင်အောင် နောက်ထပ် သုတေသန ထပ်လုပ်ဖို့ လိုသေးတယ်လို့ အကြံပြုထားပါတယ်။
အီး-စီးကရက်ရဲ့ အကျိုး၊ အပြစ်တွေကို သိနိုင်ဖို့ သုတေသနတွေ ထပ်လုပ်ဖို့လို
အီး-စီးကရက်ရဲ့ ကျန်းမာရေး အကျိုး၊ အပြစ်တွေကို ဘက်မလိုက်ဘဲ သုံးသပ်ထားတဲ့ စာတမ်းတစောင်ကို အင်္ဂလန် ပြည်သူ့ကျန်းမာရေးဌာနက ပြီးခဲ့တဲ့ ဖေဖော်ဝါရီတုန်းက ထုတ်ပြန်ခဲ့ဖူးပါတယ်။
အဲဒီ သုံးသပ်ချက်မှာ အီး-စီးကရက်က ရိုးရိုးဆေးလိပ်ထက် ပိုပြီး ကျန်းမာရေး ထိခိုက်မှုလျော့နည်းကြောင်း လုံလောက်တဲ့ အထောက်အထား တွေ တွေ့ရှိရတယ်လို့ ဆိုထားပြီး ဘေးပတ်ဝန်းကျင်က လူတွေကိုလည်း သက်ရောက်မှု လျော့နည်း စေတယ်လို့ ဆိုထားပါတယ်။ အီး-စီးကရက်က ဆေးလိပ်ဖြတ်ချင်သူတွေကို အကူအညီပေးရာမှာ အသုံးဝင် အောင်မြင်နေလို့ ဆရာဝန်လမ်းညွှန်ချက် ဆေးစာမှာ ပါဝင်သင့်တယ်လို့လည်း အကြံပြုခဲ့ပါတယ်။
အီး-စီးကရက်က သမားရိုးကျ ဆေးလိပ်တွေထက် ပိုစိတ်ချရတယ်လို့ ဆိုကြပေမယ့် ရေရှည်မှာ အန္တရာယ် ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ပါမောက္ခ သစ်ကတ်က ပြောပါတယ်။ အီး-စီးကရက်နဲ့ ဆိုင်တဲ့ သုတေသနတွေက ကနဦး အဆင့်မှာပဲ ရှိနေသေးတယ်လို့ သူက ထောက်ပြပါတယ်။
အီး-စီးကရက်က ၁၀၀ % အန္တရာယ် ကင်းတာ မဟုတ်ပေမယ့် ရိုးရိုး ဆေးလိပ် သောက်တာထက်တော့ ကျန်းမာရေး အရ ထိခိုက်မှု နည်းတယ်လို့ အင်္ဂလန် ပြည်သူ့ ကျန်းမာရေး ဌာနက ဆေးလိပ် ထိန်းချုပ်ရေးမှူး မာတင်ဒေါ့ရဲလ် က ဆိုပါတယ်။
ဆေးလိပ်စွဲနေသူတွေ အီး-စီးကရက် ပြောင်းသောက်ဖို့ စဉ်းစားနေရင် အချိန်မဆိုင်းဘဲ ပြောင်းသောက်သင့်တယ်လို့ သူက အကြံပြုပါတယ်။
BBC Burmese
https://www.bbc.com/burmese
လျစ်လျူရှုမထားသင့်တဲ့ နှလုံးရောဂါအစလက္ခဏာများ
နှလုံးရောဂါဟာ ကြောက်စရာကောင်းတဲ့ရောဂါတစ်ခုဖြစ်ပါတယ်။ ရုတ်တရက်ဝမ်းသာတာ ၊၀မ်းနည်းလွန်းတာ၊အံ့သြသင့်တာ၊ကြောက်လန့်တာစသဖြင့်အလွန်အကျွံခံစားရတဲ့အခါ နှလုံးဖောက်တာတွေဖြစ်လာတတ်ပါတယ်။အထူးသဖြင့်သင်ဟာ အသက် ၆၀၊ဒါမှမဟုတ် အသက် ၆၀ကျော်နေတဲ့သူတစ်ယောက်ဖြစ်ပြီး အ၀လွန်နေမယ်။ဆီးချိုရောဂါရှိနေမယ်၊ကိုလက်စထရောနဲ့ သွေးဖိအားများနေမယ်ဆိုရင် နှလုံးရောဂါဖြစ်နိုင်ချေပိုများပါတယ်။
သင့်မှာနှလုံးရောဂါရှိနေလားဆိုတာကိုဒီအချက်လေးတွေကိုကြည့်ပြီးသိနိုင်ပါတယ်။
၁။ရင်ဘတ်နာကျင်မယ်၊အောင့်မယ်
ဒီအချက်က နှလုံးရောဂါရှိနေတဲ့အကြောင်းအများဆုံးပြလေ့ရှိတဲ့လက္ခဏာ တစ်ခုပါ။နှလုံးရောဂါ ရှိနေတယ်ဆိုရင် မကြာခဏဆိုသလိုရင်ဘတ်နာကျင်မယ် ၊ရင်ဘတ်အောင့်မယ် ၊အသက်ရှုမ၀ဖြစ်မယ် ၊စိတ်မသက်မသာဖြစ်တတ်ပါတယ်။လူအများစုကတော့ ဆင်တစ်ကောင် သူတို့အပေါ်မှာတက်ထိုင်နေသလိုပဲခံစားရတယ်လို့သူတို့ရဲ့ခံစားချက်ကိုပြောပြခဲ့ပါတယ်။
၂။အော့အန်၊အစာမကြေ၊ရင်ပူမယ်၊ဒါမှမဟုတ်အစာအိမ်နာကျင်မယ်
ဒီလိုလက္ခဏာတွေကတော့ နှလုံးဖောက်လာတဲ့အခါဖြစ်လေ့ရှိပါတယ်။အမျိုးသမီးတွေမှာ ဒီလိုလက္ခဏာတွေပိုပြီးဖြစ်လေ့ရှိတယ်လို့သိရပါတယ်။တကယ်လို့သင်ဟာ အစာစားပြီးလို့ဒီလိုခံစားရတာပဲဖြစ်ဖြစ်၊အစာမစားခင်ခံစားရတာပဲဖြစ်ဖြစ် ဆရာဝန်ဆီအမြန်ဆုံးသွားပြဖို့မမေ့ပါနဲ့။
၃။လက်မောင်းနာကျင်မယ်
နောက်ထပ်လေ့လာချက်အရ နှလုံးရောဂါရဲ့လက္ခဏာတစ်ခုဟာ ခန္ဓာကိုယ်ဘယ်ဘက်တစ်ခြမ်း နာကျင်တာပဲဖြစ်ပါတယ်။အများအားဖြင့် ရင်ဘတ်နာကျင်တာကနေစပြီး လက်မောင်းဆီကို ပျံ့နှံ့နာကျင်စေတာပဲဖြစ်ပါတယ်။
၎။မကြာခဏမူးဝေမယ်
အစာနဲ့ရေကိုလုံလောက်စွာမစားထားတဲ့အခါ ခန္ဓာကိုယ်ကအားနည်းလာပြီးမကြာခဏဆိုသလို မူးဝေတာတွေဖြစ်တတ်ပါတယ်။ဒါပေမဲ့ မူးဝေနေတဲ့အချိန်မှာရုတ်တရက်ဆိုသလို အသက်ရှုမ၀ဖြစ်လာပြီး ရင်ဘတ်ကပါနာကျင်လာမယ်ဆိုရင်တော့ဆရာဝန်ဆီမြန်မြန်ပြေးသင့်ပါပြီ။
၅။လည်ချောင်းနဲ့မေးရိုးနာကျင်မယ်
အများအားဖြင့်ဒီလက္ခဏာဟာ နှလုံးရောဂါရဲ့လက္ခဏာတစ်ခုမဟုတ်ပါဘူး။ကြွက်သားတွေ နာကျင်တဲ့အခါ၊အအေးမိတုပ်ကွေးဖြစ်တဲ့အခါမှာသာဒီလိုဖြစ်လေ့ရှိပါတယ်။ဒါပေမဲ့ရောဂါ လက္ခဏာတွေကလည်းဆက်စပ်နေတဲ့အတွက်မပေါ့သင့်ပါဘူး။ရင်ဘတ်ကအရင်နာကျင်လာပြီး နာကျင်မှုက လည်ချောင်းနဲ့မေးရိုးကိုပျံ့နှံ့နာကျင်လာတယ်ဆိုရင်တော့ နှလုံးရောဂါလက္ခဏာ တစ်ခုဖြစ်လာနိုင်ပါတယ်။ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးဖို့လိုအပ်နေပါပြီ။
၆။အလွယ်တကူမောပန်းလာမယ်
လှေကားတက်တာ၊ကားပေါ်ကပစ္စည်းတွေချတာ၊ဟိုနားဒီနားသွားပြီးပင်ပန်းတာစသဖြင့် လေးလေးပင်ပင်အလုပ်ဘာမှမလုပ်ရပဲ ပင်ပန်းနွမ်းနယ်နေမယ်ဆိုရင်ဆရာဝန်နဲ့ပြသသင့် ပါတယ်။နှလုံးရောဂါလက္ခဏာတစ်ခုဖြစ်နိုင်သလို တခြားရောဂါလက္ခဏာတွေရဲ့အစဖြစ်နိုင်ပါတယ်။ မပေါ့ဆသေးပါဘူး။
၇။အိပ်နေရင်းဟောက်မယ်
အိပ်နေရင်းဟောက်တာ၊ယောင်တာကတော့ လူတိုင်းလိုလိုဖြစ်တတ်ကြတဲ့အရာတစ်ခုပါ။ဒါပေမဲ့ အရင်နဲ့မတူပဲ ကျယ်လောင်စွာဟောက်လာမယ်၊ အိပ်ပျော်နေရင်းလည်ပင်းညှစ်ခံရသလို ခံစားလာရမယ်ဆိုရင်တော့ သတိထားသင်ပါပြီ။အိပ်ပျော်နေရင်းဟောက်တာဟာ အသက်ရှုကြပ်လို့ဟောက်တာဖြစ်တဲ့အတွက် လွန်လွန်ကဲကဲဟောက်နေရင်တော့ သင့်ရဲ့နှလုံးကို ဖိအားတစ်ခုအနေနဲ့သက်ရောက်မှုရှိနိုင်ပါတယ်။အဲ့ဒါကြောင့်ဆရာဝန်နဲ့တိုင်ပင်ပြီးညအိပ်တဲ့အခါ အသက်ရှုလမ်းကြောင်းအဆင်ပြေချောမွေ့အောင်ဆွေးနွေးကြည့်သင့်ပါတယ်။
၈။ချွေးထွက်များမယ်
ပုံမှန်ချွေးထွက်တာလောက်ကတော့စိုးရိမ်စရာမရှိပါဘူး။ဒါပေမဲ့နေရင်းထိုင်ရင်း၊လှုပ်ရှားမှုမရှိပဲ လက်တွေ၊ခြေတွေထိချွေးတွေစီးကျနေမယ်ဆိုရင်တော့ဆေးရုံကိုမြန်မြန်သွားသင့်ပါပြီ။ကိုယ်တိုင်ကားမမောင်းမိဖို့သတိထားပါ။
၉။ခြေထောက်၊ခြေဖ၀ါး၊ခြေကျင်းဝတ်တွေရောင်ရမ်းမယ်
ဒီလက္ခဏာကိုတော့နှလုံးရောဂါရှိသူတွေမှာအများဆုံးတွေ့ရပါတယ်။သင့်ရဲ့နှလုံးဟာ အလုပ်ကောင်းကောင်းမလုပ်နိုင်တဲ့အတွက်ဒီလိုအကျိုးသက်ရောက်မှုတွေဖြစ်လာတာပါ။နှလုံးကသွေးကိုကောင်းကောင်းမစုပ်ယူနိုင်တဲ့အတွက် သွေးတွေက သွေးကြောတွေဆီပြန်ရောက်သွားပြီး အခုလိုရောင်ရမ်းမှုတွေဖြစ်လာစေတာပါ။
Source:WebMD
အသားအရည်ပြောင်းလဲမှုကနေတစ်ဆင့် သိနိုင်တဲ့ ရောဂါလက္ခဏာများ
သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ခန္ဓာကိုယ်အသားအရည်ပြောင်းလဲမှုကိုကြည့်ပြီး အလွယ်တကူသိနိုင်ပါတယ်။အသားအရည်ပေါ်မှာ ပြောင်းလဲမှုတစ်ခုခု ကိုမြင်တာနဲ့ကြိုတင် ကာကွယ်ဖို့ လိုနေပါပြီ။အဲ့ဒါကြောင့် အသားအရည်ပြောင်းလဲမှုပြဿနာတွေကဘာတွေလဲဆိုတာ ပြောပြပေးသွားပါမယ်။
၁။လက်မှာအမည်းကွက်လို ဖြစ်ပေါ်နေတယ်ဆိုရင်တော့ ကျောက်ကပ်ရောဂါရဲ့လက္ခဏာတစ်ခုပါတဲ့။သတိမထားမိပဲနေမယ်ဆိုရင် မကြာခင်မှာပဲ ကြွက်သားတွေနာကျင်ပြီးအရိုးတွေလွယ်ကူစွာကျိုးလာတာကိုခံစားရမှာပါ။ အဲ့ဒါကြောင့်လက်မှာအမည်းကွက်လေးတွေဖြစ်လာရင် ဆရာဝန်နဲ့ချက်ချင်းသွားပြသင့်ပါတယ်။
၂။လက်မှာ တဖြည်းဖြည်းနဲ့အသားအရောင်ကနေ အဖြူရောင်ဘက်ကိုပြောင်းသွားတယ် ဆိုရင်ဆရာဝန်နဲ့အမြန်ဆုံးပြပါ။မီလန်နိုဆိုက်စ်လို့ခေါ်တဲ့ဆဲလ်တွေကခန္ဓာကိုယ်အတွင်းက စနစ်တွေကို တိုက်ခိုက်နေတဲ့အတွက်ကြောင့်အဲ့ဒီနေရာတစ်ဝိုက်မှာရှိတဲ့ဆဲလ်တွေ ကပြန်မတွန်းလှန်နိုင်ပဲ အဖြူရောင်အဖြစ်ပြောင်းလာတာပဲဖြစ်ပါတယ်။ ဒါဟာလည်းကျောက်ကပ် အနီးတစ်ဝိုက်မှာဖြစ်ပေါ်နေတဲ့ရောဂါလက္ခဏာတစ်ခုပဲဖြစ်ပါတယ်။ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးတာကအကောင်းဆုံးဖြစ်မှာပါ။
၃။အသားအရည်ပေါ်မှာ အနီစက်တွေအများကြီးထွက်လာပြီဆိုရင် ဆရာဝန်နဲ့အမြန်ဆုံး သွားပြသင့်ပါပြီ။ မတည့်တဲ့အစားအစာစားမိတာဖြစ်စေ၊ဓာတုပစ္စည်းတွေနဲ့မတည့်တာဖြစ်စေ ခန္ဓာကိုယ်နဲ့ဓာတ်မတည့်တာကြောင့်အနီစက်တွေအများကြီးထွက်ပေါ်လာတာပဲဖြစ်ပါတယ်။
၎။သင့်လက်ချောင်းတွေကိုသတိထားကြည့်ပါ။အရင်ကထက်ပိုပြီးဖောရောင်လာတယ်ဆိုရင်ဆရာဝန်ဆီမြန်မြန်သွားသင့်ပါပြီ။အဲ့ဒါဟာ လည်ပင်းမှာအကြိတ်ဖြစ်လာတာကြောင့်တဖြည်းဖြည်း ကိုယ်ခန္ဓာအစိတ်အပိုင်းတွေယိုယွင်းပျက်စီးလာတာပဲဖြစ်ပါတယ်။အချိန်မီမကုသရင် တခြားအစိတ်အပိုင်းတွေကိုပါထိခိုက်နိုင်ပါတယ်။တခြားရောဂါလက္ခဏာတွေကတော့ တံတွေးထွေးတဲ့အခါမှာ ပုံမှန်ထွေးသလိုမဖြစ်ခြင်း၊အသားအရည်ခြောက်သွေ့ခြင်း ၊ဆံပင်တွေကျွတ်ခြင်းနဲ့ ရုတ်တရက်ကိုယ်အလေးချိန်ကျဆင်းခြင်းတို့ပဲဖြစ်ပါတယ်။
၅။ခန္ဓာကိုယ်မှာရှိနေတာထက် မှဲ့အသစ်တွေအများကြီးထွက်လာတာဟာ မျိုးရိုးလိုက်တာကြောင့်ဖြစ်နိုင်ပါတ်။နောက်ထပ်ဖြစ်နိုင်ချေတစ်ခုကတော့ ဟော်မုန်းမညီမျှမှုကြောင့်ဖြစ်ပါတယ်။မှဲ့တွေကပုံမှန်အားဖြင့် အန္တရာယ်မရှိပါဘူး။ဒါပေမဲ့ နာကျင်လာမယ်၊အရောင်နဲ့အရွယ်အစားပိုကြီးလာတာမျိုးဖြစ်လာရင်တော့ ဆရာဝန်ဆီသွားသင့်ပါပြီ။
၆။မျက်နှာမှာ ၀က်ခြံဖြစ်တာဟာ မျက်နှာအဆီအရမ်းပြန်လို့လည်းဖြစ်နိုင်သလို ဟော်မုန်းဓာတ် အပြောင်းအလဲကြောင့်လည်းဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲကအစာချေစနစ် မကောင်းတာကြောင့်လည်းဖြစ်နိုင်ပါတယ်။မျက်နှာမှာ ၀က်ခြံတွေအရမ်းများနေလို့ ပျောက်ကင်းချင်တယ်ဆိုရင် ပထမဆုံးဆရာဝန်နဲ့သွားပြဖို့ အကြံပေးချင်ပါတယ်။
၇။သင်က ပုံမှန်ထက်ပိုပြီးချိုင်းချွေးထွက်များနေတယ်ဆိုရင် လည်ပင်းကြီးရောဂါရဲ့လက္ခဏာတစ်ခု လို့ယူဆလို့ရပါတယ်။လည်ပင်းနဲ့ပတ်သက်တဲ့ရောဂါတစ်ခုဖြစ်တာကြောင့် အန္တရာယ်များပါတယ်။သတိထားမိတာနဲ့ ဆရာဝန်ဆီအမြန်ဆုံးသွားပြပေးသင့်ပါတယ်။
Credit – Trend Myanmar
အေအိုင်ဒီအက်စ် ရောဂါ – အိမ်ထောင်သည်တွေကြား ပွင့်လင်းမှုရှိရင် HIV ဗိုင်းရပ်စ် ကူးစက်မခံရအောင် ကာကွယ်နိုင်မလား
“ကိုယ့်စိတ်ထဲမှာတော့ ရှက်တာပဲ သိတယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ထိ ကြိုးစားဖူးတယ်။ သေသွားတဲ့သူအပေါ်မှာလည်း ဒေါသထွက်တယ်။ ခံလည်း ခံပြင်းတယ်။”
ရန်ကုန်မှာရှိတဲ့ ဇနီးတစ်ယောက်က သူ့ခင်ပွန်းကို နာနာကျည်းကျည်းပြောနေတာပါ။
မဇင်ဟာ သူ့ခင်ပွန်းသည်ဆီကနေ အေအိုင်ဒီအက်စ် ရောဂါ ကူးစက်ခံခဲ့ရပါတယ်။ ဒါပေမယ့် သူခင်ပွန်းကတော့ သူ့အတွက် ဒီရောဂါ အမွေထားခဲ့ပြီးတော့ ဒီလောကက ထွက်သွားခဲ့ပါပြီ။
“အမျိုးသားက ကားတိုက်မှုနဲ့ ဆုံးတယ်။ ဆုံးတဲ့အခါကျတော့ သူ့ကို အရေးပေါ် ပို့တော့ သူ့သွေးတွေ ဘာတွေ အကုန်လုံး ဆေးစစ်ကြည့်တဲ့အချိန်မှာ သူ့မှာ ဒီရောဂါရှိတယ်ဆိုတာ သိလိုက်ရတာ။”
ခင်ပွန်းသည် သေဆုံးတဲ့အချိန်မှာ မဇင်မှာ ကိုယ်ဝန်ရှိနေပါပြီ။ ခင်ပွန်းသည်မှာ အေအိုင်ဒီအက်စ် ရောဂါ ရှိခဲ့တဲ့အတွက် ဆရာဝန်တွေက မဇင်ကိုပါ ဆေးစစ်ခိုင်းတော့ သူ့မှာလည်း ရောဂါရှိနေတယ်ဆိုတာ နောက်ပိုင်းမှာ သိခဲ့ရပါတယ်။
ဒီသတင်းဆိုးသိရတဲ့ အချိန်မှာ ဆောက်တည်ရာမရဖြစ်နေတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအနေနဲ့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတဲ့အထိ စိတ်ကူးခဲ့တယ်လို့ မဇင်က ပြောပါတယ်။
“သေသွားရင်တော့ ကလေးရော ငါရော ဝဋ်ကျွတ်တယ်။ ဒီဒုက္ခတွေ မခံရတော့ဘူးပေါ့ လို့ စိတ်ထဲမှာဖြစ်တယ်။ အရှက်တကွဲလည်း မဖြစ်ဘူးပေါ့။ သူ့အပေါ်လည်း စိတ်နာတယ်။ နောက် ကိုယ့်မိဘတွေအတွက်လည်း ယူကျုံး မရဖြစ်တယ်။”
HIV ဗိုင်းရပ်စ်ပိုး ကူးစက်ပုံ အမျိုးမျိုးရှိပြီး အများဆုံးကတော့ မူးယစ်ဆေးထိုးအပ်ကနေ ကူးတာဖြစ်ပါတယ်။
မဇင်ရော သူ့ခင်ပွန်းပါ ဘွဲ့ရပညာတတ်တွေ ဖြစ်ပါတယ်။ ဒီရောဂါရဲ့ အန္တရာယ်ကြီးပုံကိုလည်း နှစ်ယောက်စလုံးက သိထားကြပါတယ်။ အဲဒီကြားတည်းကပဲ ဒီရောဂါရတဲ့အပေါ် မဇင်တစ်ယောက် သူ့အတွက်ရော၊ ဗိုက်ထဲက ကလေးအတွက်ပါ ဖြေမဆည်နိုင် ဖြစ်ခဲ့ရပါတယ်။
“နောက်ဆုံးတော့ ဗိုက်ထဲမှာရှိတဲ့ ကိုယ့်ရဲ့ကလေးကပဲ အနိုင်ယူသွားတယ်ပေါ့နော်။ ဘာမှ အပြစ်မရှိတဲ့ ကလေးက ကိုယ့်ကြောင့်တော့ အသေခံလို့ မဖြစ်ဘူး။ အဲတော့ ဘာပဲဖြစ်ဖြစ် ကြုံလာတဲ့အခက်အခဲကို ကလေးနဲ့အတူ ရင်ဆိုင်ရမယ်ပေါ့နော်။ အဲဒီလိုတွေးပြီးတော့ ခုချိန်ထိ အားတင်းပြီး နေတာ။”
ဒါပေမယ့် ဒီရောဂါရှိနေမှန်းကို ကလေးမွေးခါနီးကျမှ မဇင်က သူ့မိဘတွေကို ဖွင့်ပြောခဲ့တာပါ။ မိဘတွေက နောက်ဆုံး နားလည်ပေးကြပေမယ့် တချို့မိသားစုဝင် တွေကတော့ အတူနေဖို့ ငြင်းဆန်ကြပါတယ်။
ကလေး လသားအရွယ်မှာတော့ မဇင်ဟာ ကိုယ်နေတဲ့ အထက်မြန်မာပြည်က နယ်မြို့တမြို့ကနေ ရန်ကုန်ကို ပြောင်းရွေ့ပြီး ဆေးကုသမှုခံယူပါတယ်။
ကလေးအတွက်လည်း ကိုယ်ဝန်ဆောင်စဉ်ကတည်းက ကာကွယ်ဆေးထိုးပြီး စောင့်ကြည့် စစ်ဆေးခဲ့ပါတယ်။ အခု ကလေးက ၂ နှစ်နီးပါး ရှိနေပါပြီ။
ကလေးကို အကြိမ်ကြိမ် ဆေးစစ်ကြည်တဲ့ အခါမှာ ကံကောင်းထောက်မစွာပဲ ကလေးကတော့ ရောဂါ ကူးစက် မခံရ ပါဘူး။
ခင်ပွန်းသည်မှာ ဘာကြောင့် ဒီရောဂါ ရခဲ့မှန်း မသိရပေမယ့် ခင်ပွန်းသည်ဘက်က ပွင့်ပွင့်လင်းလင်း ထုတ်မပြောခဲ့တာကို ပြန်တွေးမိတိုင်း မဇင်အနေနဲ့ မခံစားနိုင်အောင် ဖြစ်ရပါတယ်။ သူ့ရဲ့ဘဝ ဘယ်လိုရှေ့ဆက်ရမှန်း မသိတဲ့ ခံစားမှုမျိုး ဖြစ်တဲ့အချိန်တိုင်း ခင်ပွန်းသည်ကို ဒေါသ ဖြစ်နေတုန်းပဲလို့ ဆိုပါတယ်။
ရန်ကုန်မြို့က HIV/AIDS ရောဂါသည်တွေကို စောင့်ရှောက်နေတဲ့ စင်တာမှာ ခိုလှုံနေသူတချို့
ခင်ပွန်းသည်ဆီကနေ ကူးစက်ခံရသူနောက်တစ်ယောက်
ရောဂါရှိမှန်း ဖွင့်မပြောခဲ့ရုံမက အကာအကွယ်မဲ့ လိင်ဆက်ဆံတဲ့ ခင်ပွန်းသည်ကြောင့် ရောဂါ ကူးစက်ခံရသူတွေ ထဲမှာ ဧရာဝတီတိုင်းအတွင်းက မအေးအေးအောင်လည်း ပါပါတယ်။
သူ့ခင်ပွန်းက ဘာကြောင့် ဒီရောဂါ ရခဲ့တယ်ဆိုတာ အသေအခြာ မသိနိုင်ပေမယ့် သူခင်ပွန်းကတော့ တက်တူးထိုးတာကြောင့် ဖြစ်နိုင်တယ်လို့ မအေးအေးအောင်ကို ပြောပါတယ်။
ခင်ပွန်းသည်က နောက်ထပ် ရောဂါတစ်ခုအတွက် ဆေးစစ်တဲ့အခါကျမှ အေအိုင်ဒီအက်စ်ရှိနေမှန်း ဇနီးသည် မအေးအေးအောင်က သိခွင့်ရခဲ့တာပါ။
ပထမ ခင်ပွန်းကနေ နောက်ခင်ပွန်းထိ ကူးစက်
မြန်မာနိုင်ငံမှာ AIDS ရောဂါ ရှိပြီဆိုရင် ပတ်ဝန်းကျင် အသိုင်းဝိုင်းက လက်မခံဘဲ ဖယ်ကျဉ်ထားချင်ကြတဲ့ အတွက် ရောဂါရှိတာကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဖို့ ခက်ခဲတတ်ကြပါတယ်။ ဒါပေမယ့် အိမ်ထောင်သည် အမျိုးသမီး အများအပြားကတော့ ခင်ပွန်းသည်တွေဘက်က ဖွင့်မပြောလို့ ရောဂါရရုံတင်မက သူကနေ တဆင့် နောက်ထပ် ကူးစက်နိုင်တဲ့ အန္တရာယ်တွေ ရှိနေပါတယ်။
မခင်မိုးဝေ ကတော့ ပထမခင်ပွန်းသည်ဆီကနေ ရောဂါရခဲ့ပြီး အခုအခါ နောက်ခင်ပွန်းသည် အထိပါ ဒီရောဂါပိုး ကူးစက်ခဲ့ပါတယ်။
ရောဂါပိုးက ဒီမှာတင် ရပ်သွားမယ်လို့ ပြောလို့ မရ သေးပါဘူး။ မခင်မိုးဝေမှာ နောက်ခင်ပွန်းသည်နဲ့ ရတဲ့ သူ့ကလေးကလည်း အခုမှ မီးဖွားခါစပဲ ရှိသေးတော့ ကလေးမှာ ရောဂါ ရှိမရှိအတွက်လည်း ရတက်မအေး ဖြစ်ရပါတယ်။
HIV/AIDS ဝေဒနာသည်တစ်ယောက်ကို ကျန်းမာရေးစစ်ဆေးပေးနေ
ခင်ပွန်းသည်နဲ့ ပွင့်ပွင့်လင်းလင်း ရှိဖို့လို
အိမ်ထောင်ဖက်တွေမှာ ရောဂါရှိမရှိ မသိကြတာက သူတို့က ဖွင့်မပြောတဲ့ အကြောင်းအပြင် သူတို့အပေါ် ဇနီးသည်တွေရဲ့ ယုံကြည်မှု လွန်ကဲတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ မဇင်က ပြောပါတယ်။
သူ့အနေနဲ့ ခင်ပွန်းသည်ကို လက်မထပ်ခင်ကတည်းက သေသေချာချာ လေ့လာတာ၊ ဆေးစစ်တာ၊ မေးမြန်းတာမျိုး မလုပ်ခဲ့မိဘူးလို့ ပြောပါတယ်။ ဒါကြောင့် လက်တွဲဖော်တွေ အနေနဲ့ ဒီကိစ္စ ပွင့်ပွင့်လင်းလင်းရှိသင့်တယ်လို့ သူက ပြောပါတယ်။
ကိုယ့်ရဲ့ မိသားစုအတွက်၊ ကိုယ့်ရဲ့မျိုးဆက်တွေအတွက် တစ်လင်တစ်မယားစနစ်က အကောင်းဆုံး ဖြစ်တယ်၊ တစ်သက်လုံး လက်တွဲသွားကြမယ့် အိမ်ထောင်ဖက် အပေါ် နှစ်ဦးနှစ်ဖက် သစ္စာရှိသင့်တယ်လို့ မဇင်က ပြောပါတယ်။
တကယ်လို့ လုံးဝ မနေနိုင်ဘူး ဆိုရင်တောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကို သုံးဖို့ လိုတယ်လို့ သူ့ဘဝနဲ့ ရင်းပြီး ရခဲ့တဲ့ အတွေ့အကြုံကို ဝေမျှရင်း အကြံပြုထားပါတယ်။
“ကိုယ်ကတော့ အသက်က သက်တမ်း တစ်ဝက်လောက် ရောက်နေပြီ။ ဒါပေမယ် ကျွန်မကလေးကိုတော့ ရောဂါသည်ရဲ့ ကလေးအနေနဲ့ လောကကို ရင်မဆိုင်စေချင်ဘူး။”
BBC Burmese
https://www.bbc.com/burmese
သာယာလှပတဲ့ သဘာဝတရားနဲ့ ဝန်းရံနေတဲ့ အမျိုးသမီးဟာ ပိုမိုသက်ရှည်ကျန်းမာနိုင်
စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ ဖိစီးမှုမရှိနေရတဲ့ ဘဝမျိုးမှာ ဘယ်သူမဆို နေပျော်သလို သက်ရှည်ကျန်းမာနိုင်ပါတယ်။ အမျိုးသမီးအနေနဲ့ သာယာလှပတဲ့ သဘာဝတရားနားမှာ ရှင်သန်နေထိုင်ခွင့်ရမယ်ဆိုရင်ပိုပြီး သက်ရှည်ကျန်းမာနိုင်ကြောင်း ကျွမ်းကျင်ပညာရှင်များက ဆိုပါတယ်။
အသက်ကြီးလာတဲ့အခါ လေထုညစ်ညစ်ပြီး ဆူညံတဲ့ မြို့ ပြအောက်မှာ ဘယ်သူမှမနေထိုင်ချင်တော့ပါဘူး။ သစ်ပင်တွေ၊ အသီးနှံ့တွေစိုက်ပျိုးပြီး မိမိခြံဝန်းလေးထဲ တိတ်ဆိတ် အေးချမ်းစွာပဲ နေလာချင်ကြပါတော့တယ်။
အမျိုးသမီးတွေအတွက် စိမ်းစိုလန်းဆန်းတဲ့ ခြံဝင်းဟာ စိတ်ဖိစီးမှုလျော့နည်းစေသလို အံ့သြစရာကောင်းတဲ့ ကျန်းမာရေးသုခတွေကိုလည်း ရရှိစေနိုင်ပါတယ်။
Related image
မိမိခြံထဲမှာ အသီးရွက်လေးတွေ ကိုယ်တိုင်စိုက်ပျိုးပြီး လတ်လတ်ဆတ်ဆတ် ခူးစားတာဟာ ပိုးသတ်ဆေးတွေဖြန်းထားတဲ့ အသီးနှံ့တွေထက်စာရင် အများကြီးကျန်းမာရေးအတွက်ကောင်းစေမှာပါ။
ဒီလိုနေထိုင်မှုဟာ မိန်းမသားများတင်မဟုတ်ပဲ ယောက်ျားသားများအတွက်ပါ ကျန်းမာရေးနဲ့ လျော်ညီတဲ့နေထိုင်မှုပုံစံပဲဖြစ်ပါတယ်။ ဒါကြောင့် သက်ရှည်ကျန်းမာချင်တယ်ဆိုရင် ရေရှည် ကိုယ်တိုင်နေထိုင်မယ့် ပုံစံအတွက် ကြိုတင်စီစဉ်မှုတွေ လုပ်ထားဖို့လည်းလိုပါတယ်။
Image result for women with nature
ဟုတ်လား ၊ မဟုတ်လားဆိုတာ အခုပဲစိမ်းစိုသာယာ လှပတဲ့ ခြံဝန်းကြီးကို ဖန်တီးလိုက်ကြပါစို့ !
မေမေလောင်းလျာလေးတွေ သိသင့်တဲ့ ကိုယ်ဝန်ဆောင်အယူအဆ အမှားတွေ
ကိုယ်ဝန်ဆောင်တယ်ဆိုတာ မိန်းကလေးတွေအတွက် အင်မတန်ဂုဏ်ယူစရာကောင်းတဲ့အချိန်ကာလပါပဲတဲ့။ မိသားစုတွေကလည်းဖူးဖူးမှုတ်ထားကြ ၊ဘာလုပ်ချင်လဲ ဘာစားချင်လဲချက်ချင်းဆိုတော့ ပျော်စရာအချိန်ကြီးပေါ့။ ဒီအချိန်မှာအရေးကြီးတာက ကိုယ့်ကိုချစ်လို့ သတိပေးကြတဲ့ ကိုယ်ဝန်နဲ့ပက်သက်တဲ့အယူအဆတွေကို သတိထားရပါမယ်။ အချို့က ကြားဖူးနားဝတွေကို တစ်ဆင့်နားနဲ့ပြန်ပြောပြတာတွေလည်းရှိပါတယ်။ အဲ့ဒါတွေထဲမှာ အမှန်တကယ်အသုံးဝင်တာတွေလည်းရှိသလို ကိုယ့်ကိုထိခိုက်စေတာတွေလည်းပါမှာပါပဲ။ စေတနာကိုအသိအမှတ်ပြုလို့ ရပါတယ်။ ဒါပေမယ့် ကြားကြားသမျှကို မျက်လုံးလေးဝိုင်းပြီးလိုက်ယုံနေဖို့တော့မလိုပါဘူး။ ကိုယ့်အသိညဏ်နဲ့ဝေဖန်ပိုင်းခြားပြီး ဘယ်ဟာကတော့ ဖြစ်နိုင်တယ် ဘာကတော့ ယုံတမ်းစကားဆန်တယ်ဆိုတာမျိုးသိထားရပါမယ်။ ကိုယ်တိုင်ဇဝေဇဝါဖြစ်နေတာမျိုးတွေကျ ဆရာဝန်ကိုမေးကြည့်တာအကောင်းဆုံးပါပဲ။
မမေလောင်းလျာလေးတွေသိထားသင့်တဲ့ ကိုယ်ဝန်ဆောင်အယူအဆအမှားတွေထဲက အရေးကြီးတာလေးတွေကို ထုတ်နှုတ်ဖော်ပြပေးလိုက်ရပါတယ်။
 နှစ်ယောက်စာမို့များများစားရမယ်
သူကတစ်ယောက်တည်းစာမဟုတ်ဘူး၊နှစ်ယောက်စာ များများစားရမယ်ဆိုတာမျိုးသင့်အုပ်ထိန်းသူတွေကပြောလေ့ရှိကြမှာပါ။ဒါပေမယ့် ဒါကအပြည့်အဝမမှန်ပါဘူး။သင်က ကိုယ်ဝန်ဆောင်မို့ပုံမှန်ထပ်ပိုစားသင့်တာဟုတ်ပါတယ်။ အများကြီးပြည့်အင့်နေအောင်စားရင်တော့ မလိုလားအပ်တဲ့ ကိုယ်အလေးချိန်တက်မှုတွေလည်းရှိလာနိုင်မှာဖြစ်ပြီး နဂိုကမှကလေးရှိလို့ သွားလာရတာလေးလံနေရတဲ့အထဲ ကိုယ့်ရဲ့တက်လာတဲ့အလေးချိန်အပိုကိုပါထပ်သယ်နေရသလိုဖြစ်လို့ ကျောကိုက်တာတွေ ခါးနာတာတွေပိုဖြစ်လာပါမှာသေချာပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်နေတုန်းအဝလွန်တာဟာ ပြင်ပရောဂါတော်တော်များများကိုလည်းဖိတ်ခေါ်နေသလိုဖြစ်တာကြောင့် နှစ်ယောက်စာဆိုပြီး ကျန်းမာရေးနဲ့မညီညွတ်တာတွေအများကြီးစားခြင်းကိုဆင်ခြင်သင့်ပါတယ်။
တတ်နိုင်သမျှငြိမ်ငြိမ်နေရမယ်
ဗိုက်ကြီးတကားကားနဲ့လျှောက်သွားနေတာကို မြင်ရတာစိတ်ညစ်တဲ့လူကြီးသူမတွေက ဒါမျိုးတွေပြောခဲ့ဟန်တူပါတယ်။ ကိုယ်ဝန်ရှိနေပြီမဟုတ်လား အလေးအပင်လည်းမမနဲ့ လှုပ်လည်းမလှုပ်နဲ့ နောက်ဆုံးအသက်ပါမရှုတော့နဲ့ဆိုတာမျိုးပြောချင်တဲ့သူတွေကခပ်များများပါ။ သူတို့ကတော့ သင့်အတွက်စိုးရိမ်လို့ ပြောတာဖြစ်ပေမယ့် မလှုပ်မရှားပဲနေတာဟာ ကလေးမွေးဖွားတဲ့အခါ မွေးရခက်စေသလို ကိုယ်လက်လှုပ်ရှားမှုမရှိတာကြောင့်အထဲကကလေးရဲ့ ကြီးထွားသန်စွမ်းနှုန်းကိုလည်းထိခိုက်စေပါတယ်။ ရေကူးတာ၊ယောဂကျင့်တာလိုမျိုး အပျော့စားလေ့ကျင့်ခန်းလေးတွေလုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဘယ်လိုအားစိုက်ရတဲ့အရာမျိုးမဆိုမလုပ်မိဖို့တော့ဂရုပြုပါ။
အိမ်မှာခွေးတွေကြောင်တွေမထားရဘူး
ဒါလည်းအပြည့်မမှန်တဲ့အချက်ပါ။ ခွေးတွေကြောင်တွေကထားလို့ရပါတယ်။ ခွေးလေးတွေကြောင်လေးတွေရဲ့ချစ်စဖွယ်အမုအရာလေးတွေကိုမြင်နေရခြင်းအားဖြင့် လူတွေရဲ့စိတ်ဖိစီးမှုတွေကိုလျှော့ချပေးတာမို့ ကျန်းမာရေးကိုအထောက်အကူဖြစ်ပြီး ကြောင်လေးတွေကထုတ်လွှတ်တဲ့ ဓာတ်တစ်မျိုးဟာ ကလေးသေးသေးလေးတွေကို ကိုယ်ခံအားမြင့်မားစေတာကြောင့် ကလေးအတွက်လည်းအထောက်အကူဖြစ်တာအမှန်ပါ။ သတိထားဖို့ကတော့ ကလေးပဲဖြစ်ဖြစ် ကိုယ်ဝန်ဆောင်မိခင်ပဲဖြစ်ဖြစ် ခွေးတွေကြောင်တွေနဲ့ ဖက်လှဲတကင်းမနေမိဖို့ပါပဲ။
ရေကိုစိမ်မချိုးရဘူး
ဒါကတော့ အခြေအနေပေါ်မူတည်ပါတယ်။ အလွန်အေးတဲ့ဒေသမှာ ရေအေးတွေချိုးတာမျိုးကိုတော့ရှောင်ရှားသင့်ပေမယ့် ရေနွေးနွေးလေးနဲ့ခပ်ကြာကြာလေးစိမ်တာကတော့ အကြောအချင်တွေပြေစေသလို စိတ်ဖိစီးမှုတွေလည်းပြေလျော့စေတာမို့ တစ်ပတ်တစ်ခါလောက်ချိုးပေးတာသင့်တော်ပါတယ်။
ဒါလေးတွေကိုသတိထားပြီး ကျန်းမာလှပတဲ့ သားသားမီးမီးလေးတွေဖန်ဆင်းမွေးဖွားနိုင်ကြပါစေလို့….
ကိုယ်အလေးချိန်ကျဖို့ ဘာကြောင့်ဒီလောက်ခက်ခဲရတာလဲ
အဝလွန်နေသူတွေဟာ ဝစပြုနေသူတွေထက် ကိုယ်အလေးချိန်ကျဖို့ပိုပြီးခက်ခဲကြပါတယ်တဲ့။စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာမှာပါ အတားအဆီးအခက်အခဲတွေအများကြီးရှိနေတာကြောင့်ပါ။ ဒါပေမယ့် တစ်နေ့တစ်လံပုဂံဘယ်ရွေ့မလဲဆိုသလို ဇွဲရှိရှိနဲ့လှေခွက်ချည်းကျန်အလံမလှဲပဲ ကြိုးစားသူတွေကတော့ အလွန်မတရားဝနေတဲ့ခန္ဓာကိုယ်တွေကနေ သွယ်လျလှပသွားကြတာ မျက်မြင်ပါပဲ။ ဝိတ်ချနေတဲ့သူတွေတိုင်းညည်းနေကြတာက ဝိတ်ကလည်း ကျပဲမကျနိုင်ဘူး၊ လေတိုက်တိုင်းကိုဝနေတာဆိုတာမျိုး။ ကိုယ်အလေးချိန်ဘာလို့မကျလဲဆိုတာသိမှ ကိုယ်အလေးချိန်ကိုထိထိရောက်ရောက် ဘယ်လိုချရမလဲသိမှာမဟုတ်လား။ ဒီတော့ ကိုယ်အလေးချိန်ကျစေတဲ့နည်းလမ်းလေးတွေရယ် ကိုယ်အလေးချိန်ကျဖို့ဘာကြောင့်ဒီလောက်ခက်ခဲရသလဲဆိုတဲ့ အကြောင်းရယ်ကိုဖော်ပြပေးသွားပါမယ်။ကိုယ်အလေးချိန်ကဘာကြောင့်ချလေဝလေဖြစ်နေရတာလဲဆိုတော့…
သင့်ရဲ့ ဇီဝကမ္မဖြစ်စဉ်
ဇီဝကမ္မဖြစ်စဉ်ဆိုတာ ခန္ဓာကိုယ်ဖြစ်ပျက်ပြောင်းလဲမှုနှုန်းပါ။ ဆဲလ်တွေရဲ့ စွမ်းအင်သုံးစွဲနှုန်း၊ အစာချက်နှုန်း၊စွမ်းအင်သိုလှောင်နှုန်းတွေဟာ တစ်ယောက်နဲ့တစ်ယောက် ကွဲပြားခြားနားကြပါတယ်။ ဒါကြောင့် သူများတွေက တစ်ပတ်နဲ့ဝိတ်ကျပေမယ့် ကိုယ်ကတစ်လလောက်လေ့ကျင့်ခန်းလုပ်မှ တစ်ပေါင်နှစ်ပေါင်လောက်ကျတယ်ဆိုတာမျိုးတွေရှိနေတာပါ။ ကိုယ့်ကိုယ်ကိုယ်သတိထားကြည့်ပါ၊ ဘယ်အချိန်ကအစာစားထားပြီး ဘယ်အချိန်ဆိုရင်ဆာနေပြီလဲ၊လှေကားဘယ်နှစ်ထစ်လောက်တက်လိုက်ရင်မောနေပြီလဲဆိုတာမျိုးသတိထားကြည့်ပြီး ခန္ဓာကိုယ်ရဲ့လိုအပ်ချက်ကိုမှန်းဆလို့ စားသုံးမှုတွေပြုလုပ်ပါ။ရိုးရှင်းတဲ့အခြေခံအချက်ကတော့ လိုအပ်တာထက်ပိုစားမိရင် စွမ်းအင်တွေသိုလှောင်ထားသလိုဖြစ်ပြီး ဝလာစေတယ်ဆိုတာပါပဲ။ အဲ…ဝိတ်ချမယ်ဆိုပြီး လိုတာထက်လျှော့စားပြန်ရင်လည်း ခန္ဓာကိုယ်က အရင်ကမစားခဲ့ရတာတွေအတွက်မှန်းပြီး အများကြီးပိုသိုလှောင်ထားမှာမို့ ပိုဝလာပါလိမ့်မယ်၊လူများ ဒီနှစ်မိုးခေါင်ရင် နောက်နှစ်တွေကျ ကြိုကြိုတင်တင်ရေတွေသိုလှောင်ထားကြသလိုပေါ့။ ကိုယ်တို့ခန္ဓာကိုယ်ထဲက ဆဲလ်တွေကလည်း ကိုယ်တို့လိုပဲ စဉ်းစားတတ်ပါတယ်။
စိတ်အခြေအနေ
ကိုယ်အလေးချိန်ဆိုတာ စိတ်အခြေအနေနဲ့လည်းအများကြီိးဆိုင်ပါတယ်။ လူကဘာမှမစားပေမယ့် သူ့အလိုလိုဝလာတယ်ဆိုတာ စိတ်ဖိစီးမှုတွေပိပြီး ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကနှေးကွေးသွားတာကြောင့် နေ့စဉ်စားသလောက်ကလေးကိုတောင် ကောင်းကောင်းလောင်ကျွမ်းအသုံးချနိုင်ခြင်းမရှိတော့ပဲ အဆီတွေအဖြစ်သိုလှောင်လိုက်တာမို့ တဖြည်းဖြည်းနဲ့လူကဝလာတာပါ။ စိတ်တွေအရမ်းလှုပ်ရှားနေတယ်ဆိုရင်လည်း လူကဘာမှစားမဝင်ပါဘူး။ဒါကြောင့်စိတ်ကိုတည်ငြိမ်အောင် ယောဂကျင့်တာလိုမျိုး တရားထိုင်တာလိုမျိုးတွေလုပ်ကြတာပါ။ယောဂကျင့်တာက ဘာမှလှုပ်လှုပ်ရှားရှားလည်းအဲ့လောက်မလုပ်ပဲနဲ့ ဘာလို့ဝိတ်ကျတယ်လို့ပြောနေကြတာတုန်းလို့မတွေးပါနဲ့။ စိတ်ပျိုတော့ကိုယ်နု စိတ်သာရှင်စောဘုရားဟောဆိုသလို လူဆိုတာ စိတ်ဆောင်နေတာမို့ စိတ်တည်ငြိမ်ရင်ဖြစ်ချင်တာတွေကိုအာရုံစူးစိုက်နိုင်ပါတယ်။ အာရုံစူးစိုက်နိုင်တဲ့အခါ မသိစိတ်က ခန္ဓာကိုယ်ကိုအမိန့်ပေးသလိုဖြစ်ပြီး ဖြစ်ချင်တာတွေအမှန်တကယ်ဖြစ်လာနိုင်ပါတယ်။
အမာရွတ်တစ်ရှုး (တစ်ရှုးအသေတွေ)
ခန္ဓာကိုယ်ထဲကအလုပ်မလုပ်တော့တဲ့တစ်ရှုးတွေပါ။အဲဒီတစ်ရှုးတွေဖြစ်ပေါ်လာပုံကတော့ အဆီတစ်ရှုးတွေအချင်းချင်းအကြောင်းအမျိုးမျိုးကြောင့်ပွတ်တိုက်ဖိနှိပ်မိကြတဲ့အခါ အလုပ်မလုပ်တော့တဲ့တစ်ရှုးအသေတွေဖြစ်ပေါ်လာပါတယ်။ အဲဒီတစ်ရှုးတွေဟာ အဆီအသစ်တွေသိုလှောင်နိုင်စွမ်းမရှိတော့သလို သိုလှောင်ပြီးသားအဆီတွေကိုလည်းပြန်ညှစ်ထုတ်ပေးနိုင်စွမ်းမရှိတော့ပါဘူး။ အလုပ်မလုပ်တော့တဲ့တစ်ရှုးတွေအဖြစ်အသွင်ပြောင်းသွားပါတော့တယ်။ အဲဒီလို တစ်ရှုးမျိုးတွေ ကိုယ်တွင်းအင်္ဂါအစိ်တ်အပိုင်းတွေနားမှာ ပေါများလာတဲ့အခါ အသည်းအဆီိဖုံးတာလိုမျိုးကြောက်စရာရောဂါတွေဖြစ်လာပါတယ်။ တရားခံကတော့ အဲဒီိတစ်ရှုးအသေတွေပါပဲ။ ဒါကြောင့်အဝလွန်တဲ့သူတွေမှာအဲဒီိလိုတစ်ရှုးအသေတွေပေါများနေတဲ့အတွက်ဘယ်လောက်လေ့ကျင့်ခန်းလုပ်လုပ် ဝိတ်ကမကျနိုင်တော့တာပါ။ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးကြည့်ပြီး ဝိတ်ကျဖို့ဆောင်ရွက်ပါ။