Category Archives: ချက်မယ်စားမယ်

ရာသီဥတု သာမာန်ထက် ပိုပူနေချိန်မှာ ဒီအစားအစာတွေ ရှောင်ဖို့လို

cut_and_cubed_mangos_1348x884.jpg
ဒီနှစ်နွေရာသီရဲ့ အပူချိန်ဟာ အရင်ကထက် ပိုတာ အားလုံးအသိပါ။ ဒီတော့ အားလုံးကအေးချမ်းတဲ့နေရာမှာနေ၊ အနားယူပြီး အစားအသောက်ကောင်းကောင်းကို သုံးဆောင်ချင်ကြမှာပါပဲ။ ဒါပေမယ့် Food Republic ရဲ့အဆိုအရ အချို့အစားအသောက်တွေဟာ အပူချိန်ကြောင့်ဖြစ်တဲ့ပြသနာတွေကို ပိုဆိုးစေနိုင်ပါတယ်။ ပူပြင်းတဲ့ရာသီဥတုမှာ ရှောင်ရှားဖို့နဲ့ သင့်ရဲ့ကိုယ်ပိုင်အတွေ့အကြုံတွေနဲ့ချိန်ဆကြည့်ဖို့ သူတို့ရဲ့အဲဒီ့အစားအသောက်စာရင်းကို လေ့လာကြည့်ပါ။
၁။ အနံ့အရသာပြင်းတဲ့ အစားအသောက်များ
အနံ့အရာသာပြင်းတဲ့ အစားအသောက်တွေမှာတွေ့ရတဲ့ capsaicin ဓာတ်ကိုစားသုံးမှုဟာ ခဏတာခန္ဓာကိုယ်အပူချိန်လွန်ကဲမှုနဲ့ ဆက်စပ်နေပါတယ်။ ခန္ဓာကိုယ်ပြင်ပမှာအရမ်းပူနေတဲ့အချိန်မှာ ခန္ဓာကိုယ်အတွင်းကအပူချိန်ကို လျော့နေစေဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းသင့်ပါတယ်။ အခြားတစ်နည်းနဲ့ပြောရရင်တော့ ပူစပ်တဲ့အချည်ရည်တွေကို အလွန်အကျွံစားသုံးနေတာက ရပ်တန့်ဖို့ဖြစ်ပါတယ်။
၂။ ဆီးရွှင်စေတဲ့အစားအသောက်များ
အမြဲရေဓာတ်နဲ့ပြည့်ဝနေတာကို သင်လိုချင်မှာပါ။ ဒါကြောင့် သင့်ခန္ဓာကိုယ်ထဲကရေတွေကို ထုတ်ပစ်မယ့် အစားအသောက်တွေကို ရှောင်ဖို့ အကြံပြုပါရစေ။ အဲဒီ့အစားအသောက်တွေမှာတော့ သင့်ခန္ဓာကိုယ်ကို အလားတူသက်ရောက်မှုဖြစ်စေတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ဆိုဒါ၊ သရက်သီး၊ စမုန်နက်၊ အာတီချုပ် နဲ့ ကညွတ်ရွက်တွေပါဝင်ပါတယ်။
၃။ ပရိုတိန်းပါဝင်မှုများသော အစားအသောက်များ
ပရိုတိန်းကိုအစားခြေဖျက်တဲ့အခါ သင့်ခန္ဓာကိုယ်ဟာ အလုပ်အများကြီးလုပ်ဖို့ လိုအပ်ပြီး thermogenesis လို့အမည်ရတဲ့ဖြစ်စဉ်မှာ အပူကိုဖြစ်ပေါ်စေပါတယ်။ သစ်သီးဝလံတွေလိုမျိုး ကာဗွန်ဟိုက်ဒရိတ်နည်းနည်းသာပါတဲ့အပြင် thermogenesis ဖြစ်စဉ်မှာ စွမ်းအင်နည်းနည်းသာသုံးပြီး အပူထုတ်မှုနည်းတဲ့ အစားအစာတွေကိုစားပါ။ Food Republic ရဲ့အဆိုအရ ကာဗွန်ဟိုက်ဒရိတ်နဲ့ယှဉ်ရင် ပရိုတိန်းကိုချေဖျက်ဖို့အတွက် စွမ်းအင် ၅၀ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်းအထိပိုကုန်ပါတယ်။ ဒီတစ်ခုကရတဲ့သင်ခန်းစာကတော့ “အသားကို လျှော့စားပါ”။
Ref:thekitchn.com

နုပျိုလှပစေတဲ့ အစားအစာ ၅ မျိုး

sweet_potatoes_jpg_653x0_q80_crop-smart
လူတိုင်းလိုလို ကိုယ်အသက်အရွက်ထက် ပိုမိုနုပျိုလှပချင်ကြပါတယ်။ ရုပ်ပြင်ခွဲစိတ်ခြင်း၊ ဈေးကြီးတဲ့ အလှအပပစ္စည်းလေး တွေကို ငွေကုန်ကြေးကျခံပြီး ဝယ်ယူပြင်ဆင်သူတွေထက်မနိမ့်ဘဲ ဘေးထွက်ဆိုးကျိုးလုံးဝမရှိတဲ့နုပျိုလှပမှုများကို ရရှိနိုင်တဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။
အသားအရေလင်းလက်တောက်ပစေတဲ့ အစားအစာများ
အသားအရေဝင်းလက်လာစေဖို့ ကျွမ်းကျင်ပညာရှင်များက အကြံပြုပေးထားတဲ့အစားအစာများမှာ –
၁။ ကန်စွန်းဥ 
လိမ္မော်ရောင်ကန်စွန်းဥမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဘီတာကရိုတိန်းဓါတ် (beta-carotene) အမြောက်အမြား ပါဝင်ပါတယ်။ဘီတာကရိုတိန်းဓါတ်ဟာ အရေပြားပေါ်မှရေဓါတ်ကို ထိန်းညှိပေးပါတယ်။ အဲဒီဓါတ်ဟာ အရေပြားခြောက်သွေ့မွဲခြောက်ခြင်းက ကာကွယ်ပေးပြီး အရေးပြားကို ပြန်လည်ဝင်းလက်စေပါတယ်။ ကန်စွန်းဥပုံမှန်စားသုံးပါက ပိုမိုနုပျိုပြီး အိစက်ညက်ညောတဲ့အသားအရေကို ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။
၂။ ဆော်လမွန်ငါး
ဆော်လမွန်ငါးမှာ အသားအရောင်ကိုပန်းနုရောင်သန်းစေတဲ့ astaksantin ဓါတ်ပါဝင်ပါတယ်။ အဲဒီဓါတ်က ကလပ်စည်းအမြှေးပါးများနှင့် DNA ကိုပျက်စီးစေပြီး အရေပြားကိုအိုမင်းရင့်ရော်စေတဲ့ လူကိုဘေးဥပါဒ်ဖြစ်စေသော free radicals မော်လီကျူးများကို တိုက်ထုတ်ချေမှုန်းပေးတယ်။ ဆော်လမွန်ငါးများကို ၅ ရက်တကြိမ်စားသုံးခြင်းဖြင့် နေရောင်ခြည်ဒါဏ်ကြောင့်အရေပြားခြောက်သွေ့ပွန်းပဲ့နာ(actinic keratosis) ၊ အရေပြားမှဲ့ခြောက်နာ၊ အရေပြား အစက်အပြောက်ရောဂါ၊ အသားအရေကြမ်းတမ်းတဲ့ရောဂါတွေကို ကာကွယ်ပေးပါတယ်။
၃။ ခရမ်းချဉ်သီး
ခရမ်းချဉ်သီးမှာ နေရောင်ခြည်ကြောင်းအရေပြားပျက်စီးမှုမှ ကာကွယ်ပေးတဲ့ အန်တီအောက်ဆီဒန့် လိုင်ကိုပင်း (lycopene) ဓါတ် ပါဝင်ပါတယ်။ လိုင်ကိုပင်းဓါတ် ခန္ဓာကိုယ်ထဲသို့အပြည့်အဝရောက်စေဖို့ ခရမ်းချဉ်သီးကို ရေနှင့်အနည်းငယ်ကြိုရပြီး သံလွင်ဆီနှင့်တွဲစားပါ။
၎။ လိမ္မော်သီး
လိမ္မော်သီးမှာဗီတာမင် စီ အမြောက်အများပါဝင်ပါတယ်။ ဗီတာမင် စီ ဟာ အသားဓါတ် ကိုလဂျန်ဓါတ်(collagen) ပြည့်ဝစေပြီး အရေပြားကိုနုပျိုလှပချောမွေ့စေပါတယ်။ ဒါအပြင် ရှောက်ချဉ်သီးမှာလည်း ဆဲလ်များသေကြေခြင်းနှင့် ခရမ်းလွန်နေရောင်ခြည်ဒါဏ်ထိတွေမှုကြောင်း အသားအရေပျက်စီမှုက ကာကွယ်ပေးပါတယ်။
၅။ အစိမ်းရောင် ဟင်းသီးဟင်းရွက်များ
ဟင်းနုနွယ်လိုမျိုး အစိမ်းရောင် ဟင်းသီးဟင်းရွက်များမှာ အသားအရေရောင်ရမ်းခြင်းနှင့် ရေရောင်ခြည်ကြောင်း အသားအရောင်ညှိမည်းခြင်းဒါဏ်မှကာကွယ်ပေးတဲ့ လူတိန်းဓါတ် (lutein) ပါဝင်ပါတယ်။
အရေပြားရောဂါဗေဒ ပညာရှင် Nicholas Perricone ပြောဆိုချက်အရ အစားအစာရဲ့အာနိသင်ဟာ အရေပြား ကျန်းမာရေးအတွက် တခြာဖြည့်စွက်အဟာရထက် ပိုမိုအစွမ်းရှိပါတယ်လို့ ပြောဆိုထားပါတယ်။
Ref:articlesofhealthcare

ငှက်ပျောသီးစိမ်းရဲ့ အာနိသင်

0c6336aa00000578-0-image-a-26_1424478819472_0.jpg

ငှက်ပျောသီးမှာ ကစီဓာတ်ကြွယ်ဝပြီး အစိမ်း မမှည့်သေးတဲ့ ငှက်ပျောသီးတွေမှာ ပိုလို့တောင် များပါတယ်။

ယင်းကစီဓာတ်များက ကိုယ်အလေးချိန်လျော့ချဖို့ အင်မတန်ကောင်းမွန်ပါတယ်။ ဒ့ါကြောင့် ကိုယ်အလေးချိန်ပိုတွေ လျော့ချလိုပါက ငှက်ပျောသီးစိမ်းကို အမြဲရွေးချယ်ပါ။ နောက် သူ့မှာ ပါတဲ့ အမျှင်ဓာတ်တွေက ကယ်လိုရီစားသုံးမှုနဲ့ ကိုယ်အလေးချိန်လျော့နည်းစေတဲ့ ဝအီမှု ခံစားချက် ပိုဖြစ်စေပါတယ်။ ပြီးတဲ့အပြင် ခန္ဓာကိုယ်အတွင်း အချိုဓာတ်ဖြစ်ပေါ်မှု လျော့နည်းစေပြီး ဆဲလ်အတွင်း ဂလိုးကို့စ် ဝင်ရောက်မှုကို ဟန့်တားပေးပါတယ်။

ငှက်ပျောသီးစိမ်းက အစာခြေလမ်းကြောင်း ထိန်းသိမ်းခြင်းအတွက် အလွန်ကောင်းပါတယ်။ ဝမ်းချုပ်ခြင်းကို သက်သာစေပြီး အကျိုးပြု ဘက်တီးရီးယားလို့ သိရတဲ့ probiotic အသုံးပြုကာ အစာခြေလမ်းကြောင်းကို ကျန်းမာကြံ့ခိုင်စေပါတယ်။ ငှက်ပျောသီးစိမ်းက ယင်းဘက်တီးရီးယားတွေဟာ အစာခြေစနစ်နဲ့ ပတ်သက်တဲ့ ပြသနာတွေ ဖြေရှင်းပေးနိုင်ပါတယ်။ ယင်း probiotic ဘက်တီးရီးယားတို့က အူမကြီးကင်ဆာဖြစ်ပွားမှု အန္တရာယ် လျော့နည်းစေပြီး Vitamin B6၊ C၊ calcium နဲ့ magnesium တွေ ပေါကြွယ်ဝပါတယ်။

မှတ်ချက်။        ။ ငှက်ပျောသီးစိမ်းကို ကာဗွန်ဟိုက်ဒရိုက် ပါဝင်လို့ ဆီးချိုရောဂါဝေဒနာရှင်တွေအတွက်တော့ အားမပေးပါဘူး။

ကင်ဆာရောဂါ ခုခံတိုက်ဖျက်ပေးတဲ့ အစားအစာများ

he_ts-kale_s4x3_jpg_rend__snigalleryslide.jpg

ကင်ဆာရောဂါကြောင့် သေဆုံးမှု ၆၀ ရာခိုင်နှုန်းကို ကျန်းမာရေးနဲ့ ပိုမိုညီညွတ်တဲ့ ဘဝနေထိုင်မှုပုံစံ ပြောင်းလဲ ကျင့်သုံးခြင်းဖြင့် ကာကွယ်တားဆီးနိုင်ကြောင်း သုတေသနပညာရှင်များ ယုံကြည်ထားပါတယ်။ မိမိနေ့စဉ် လှုပ်ရှားမှုကို ဒီကင်ဆာရောဂါ ခုခံတိုက်ဖျက်ပေးတဲ့ အစားအစာများနဲ့ လည်ပတ်စေဖို့ လိုပါတယ်။

ကိုက်လံ

ကိုက်လံမှာ lutein နဲ့ beta-carotene (ဗီတာမင်-အေ လို့လည်းခေါ်တယ်) တွေပါဝင်ပြီး ရင်သားကင်ဆာကို ကာကွယ်ပေးပါတယ်။

လက်ဖက်ခြောက်

လက်ဖက်ခြောက်မှာတွေ့ရတဲ့ အစွမ်းထက် antioxidant တွေက ရင်သား၊ ပရော့စတိတ်၊ အူမကြီး၊ အစာအိမ်နဲ့ အရေပြားကင်ဆာတွေ ကာကွယ်ပေးကြောင်း သိပ္ပံနည်းကျ အထောက်အထားမှာ ဖော်ပြထားပါတယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ ရင်သား၊ အဆုတ်နဲ့ အစာအိမ်ကင်ဆာရောဂါ ကာကွယ်ပေးတဲ့ lycopene အန်တီအောက်စီဒင် ပါဝင်ပါတယ်။ ချက်ပြုတ်ပြင်ဆင်ပြီးတဲ့ ခရမ်းချဉ်သီးနဲ့ စားမြိန်ရည်၊ စည်သွပ်ခရမ်းချဉ်သီးဗူး၊ ခရမ်းချဉ်သီးစွပ်ပြုတ်စတဲ့ ခရမ်းချဉ်သီးထုတ်ကုန်ပစ္စည်းတွေမှာ သာမန်ခရမ်းချဉ်သီးထက် lycopene ပိုများပါတယ်။

ဂေါ်ဖီထုပ်မျိုးဝင် ဟင်းသီးဟင်းရွက်များ

ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိမ်းစတဲ့ ဂေါ်ဖီထုပ်မျိုးဝင် ဟင်းသီးဟင်းရွက်တွေမှာ ကင်ဆာရောဂါအန္တရာယ် လျော့နည်းစေတဲ့ အန်တီအောင်စီဒင်းတွေ ပါဝင်တယ်။

ဝိုင်နီ

Resveratrol လို့ခေါ်တဲ့ အန်တီအောက်စီဒင်းတွေဟာ ကပ္ပါယ်အိတ်၊ အရေပြားနဲ့ ရင်သားကင်ဆာ ကာကွယ်ပေးကြောင်း တွေ့ရပါတယ်။ အမျိုးသမီးများအတွက် တစ်နေ့ ၅ အောင်စဖန်ခွက် (၁) ခွက်နဲ့ အမျိုးသားများအတွက် (၂) ခွက်သောက်ပေးဖို့ အကြံပြုထားပါတယ်။

အခွံမာသီးများ

မက်မွန်သီး၊ သစ်ကြားသီး၊ သစ်အယ်သီးစတဲ့ အခွံမာအသီးတွေမှာ ကင်ဆာရောဂါ အမျိုးအစားတချို့ကာကွယ်ပေးတဲ့ ဗီတာမင်-အီး ပါဝင်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာ တွေ့ရတဲ့ ပါဝင်ပစ္စည်းတချို့က အစာအိမ်၊ အူမကြီး၊ အစာပြွန်၊ သရက်ရွက်၊ အရေပြား၊ အဆုတ်နဲ့ ရင်သားကင်ဆာတွေ ကာကွယ်ပေးတယ်။ ကြက်သွန်ဖြူအမြွှာလေးတွေ ထုခြေလိုက်တဲ့အခါ ယင်းဒြပ်ပေါင်းမှု ဖြစ်ပေါ်ပါတယ်။

သံပုရာမျိုးဝင် အသီးများ

လိမ္မော်သီး၊ သံပုယိုသီး၊ သံပုရာသီးနဲ့ ရှောက်ခါးသီးကြီးတွေမှာ ကင်ဆာဖြစ်စေတဲ့ ဆဲလ်ပျက်စီးမှု ဟန့်တားပေးတဲ့ ဗီတာမင်-စီ များစွာ ပါဝင်ပါတယ်။

Ref: Foodnetwork

အင်းလေးဘီးမုန့်

htet_1.jpg

အင်းလေးဘီးမုန့်ကို ကျွန်မတို့ အင်းလေးသွားလည်စဉ်က တွေ့ခဲ့၊ မြည်းခဲ့ရပါတယ်။ အာလူးကတ်တလစ်နဲ့ အရသာအနည်းငယ်မျှဆင်ပါတယ်။ သို့သော် သူက ပိုစားလို့ကောင်းပါတယ်။ အာလူးနဲ့ လုပ်ရင် အာလူးဘီးမုန့်၊ ငါးနဲ့လုပ်ရင် ငါးဘီးမုန့်ပေါ့နော်။ ကျွန်မကတော့ (၂) မျိုးလုံး ရေးပေးလိုက်ပါတယ်။ ဒီနည်းကို လိုချင်တာနဲ့ သားကြီးတို့ ဆရာမကြီး အင်းလေးသူ အန်တီကို သေချာမေးထားရတဲ့ နည်းလေးပါ။

htet_2.jpg

►    မုန့်လုံးစပ်နည်း (Dough စပ်နည်း)

♦   ရှမ်းဆန် (သို့) ရိုးရိုးဆန်မှုန့်   –   ၄ ဘူး (Rice Cooker) ဆန်ချိန်ခွက်

♦   ကောက်ညှင်းဆန်မှုန့်   –   ၁ ဇွန်း

htet_3.jpg

►    ပြုလုပ်နည်း

၁။        အထက်ပါများကို ရေအနည်းငယ် (အကြမ်းပန်းကန်) တစ်ဝက်စာထည့်နယ်ပြီး ပေါက်စီအလုံးလေးများကဲ့သို့ လုံးပြီး ရေနွေးပွက်ပွက်ဆူ ထည့်ပြုတ်ပါ။ ပေါ်လာရင် ဆယ်ယူလာသော မုန့်အလုံးလေးများကို ကြက်ဥတစ်လုံးဖောက်ပြီး ရောကာ သမအောင် မုန့်သားညက်အောင် နယ်ပေးရပါမည်။

မှတ်ချက် ။   ။ ပူနေသော်လည်း ပူနေစဉ်နယ်မှ ဖြစ်မှဖို့ လက်အနေတော် အပူခံနိုင်လောက်ရင် စနယ်ပေးပါ။

၂။        နယ်ပြီး မုန့်များကို အလုံးသေးသေးတစ်ခုချင်းလုံးကာ ပြားနေအောင် တစ်ဖန် တလှိမ့်တုံးဖြင့် လှိမ့်ပေးရပါတယ်။

၃။        အပြားပေါ်မှာ အဆာထည့်ပြီး ခေါက်လိုက်ကာ အနားများကို လက်ဖြင့်ဖိ၍ သော်လည်းကောင်း၊ ပုံသဏ္ဌာန်ချပြီးသား ခွက်ဖြင့်သော်လည်းကောင်း ဖိချပေးရပါမယ်။

၎။        ပြီးမှ မုန့်များကို ဆီမြုပ်အောင် ကြော်ပေးရပါမည်။

၅။        အချဉ်အနေနဲ့ သံပရာ၊ ငရုတ်သီးရောစပ်ထားသော အချဉ် (သို့) ငရုတ်ဆီ စတာတွေနဲ့ တို့စားရင် အလွန်အရသာရှိသော အဆာပြေမုန့်တစ်ခု ရရှိပါမည်။

►    အထဲမှာ ထည့်ရန် အဆာများ

အာလူးဘီးမုန့်အတွက် အာလူးကို နူးနေအောင် ပြုတ်ပြီး ချေကာ ဆားအနည်းငယ် ရောထားပါ။ အာလူး အရောကို အဆာသွတ်နိုင်ပါတယ်။ ကြက်သွန်မြိတ် ကြိုက်ရင် ညှပ်ထည့်ပါ။

►    ငါးဘီးမုန့်အတွက်ကတော့

၁။        ငါးရဲ့အသားကို ပြုတ်ထားပါ။ ဆီနဲ့ အနည်းငယ် ကြော်ထားပါ။

၂။        ကြက်သွန်မြိတ်၊ ကြက်သွန်နီ အနည်းငယ် ပါးပါးစီလှီးထားပြီး ဆား၊ အသားမှုန့်တို့ထည့်ကာ ဆီပါလေကာဖြင့် ရောလုံးထားပါ။ ပြီးမှ ငါးပြုတ်ကြော်ဖြင့် ရောပြီး အဆာသွတ်နိုင်ပါပြီ။

ဒါကတော့ အင်းလေးဒေသ အစားအစာဖြစ်တဲ့ ဘီးမုန့်လုပ်နည်းလေး ဖြစ်ပါတယ်။

အညာမုန့်လုံးကြီး

htet_4

ဒါလေးကလည်း အညာမုန့်လေးပါ။ မုန့်လုံးကြီးဆိုပေမဲ့ ရန်ကုန်မှာ ရောင်းနေတဲ့ မုန့်လုံးကြီးတွေလို မတူဘဲ ပဲနဲ့ ဆုပ်ထားပြီး အထဲမှာ ထန်းလျက်ဌာပနာထားတာမျိုးပါ။ အညာဒေသမှာ မုန့်တွေကို ပဲလွန်းနဲ့ အဓိကထားပြီး စားသုံးပါတယ်။ မုန့်ပျားသလပ်မှာလည်း ပဲလွန်းထည့်တာ များပါတယ်။ ခုလဲ ပဲလွန်းကိုပဲ သုံးထားတာပါ။ ပဲလွန်းကို ရေကြိုမစိမ်ဘဲ ပြုတ်ပါတယ်။ အနူးပိုလွယ်လို့ပါ။

htet_5

►    ပါဝင်ပစ္စည်းများ

♦   ကောက်ညှင်းမှုန့်   –   150 g

♦   ဆန်မှုန့်   –   ထမင်းစားဇွန်း ၁ ဇွန်း

♦   ပဲလွန်း   –   ထမင်းစားဇွန်း ၂ ဇွန်း

♦   ရေနွေးနွေး   –   အကြမ်းပန်းကန်

♦   ထန်းလျက်   –   ၆ လုံး

♦   မြေပဲလှော်ပြီးသား   –   လက်တစ်ဆုပ်

htet_7

►    ပြုလုပ်နည်း

၁။        ပဲလွန်းကို နူးအိနေအောင် ပြုတ်ထားပေးရမယ်။

၂။        ကောက်ညှင်းမှုန့်နဲ့ ဆန်မှုန့်ကို ရေနွေးနွေးနဲ့ ရောပြီးနယ်ပေးထားပါ။ အခဲလေးတွေ အနေထားပဲရှိနေပါမယ်။

၃။        ထန်းလျက်နဲ့ မြေပဲလှော်ကို ရောထောင်းထားပါ။ ညက်နေပါစေ။

၎။        ခုနက မုန့်နှစ်အခဲလေးများကို ပဲပြုတ်ထားတာနဲ့ ရောပြီး သမအောင် နယ်ပေးပါ။ ဆားနည်းနည်းထည့်ပါ။

၅။        နယ်ပြီးသား မုန့်အနှစ်များကို လက်ဖဝါးပေါ် တစ်ဝိုင်းစာတင် ထန်းလျက်အရောကို ဌာပနာလက်နဲ့ ဆုပ်ပြီး အလုံလေးလုပ်ပေးပါ။ အထဲက ဌာပနာမထွက်အောင် ဆုပ်ပေးမှ စားကောင်းပါတယ်။

၆။        အလုံးလေးများကို ရေနွေးပေါင်းချောင်ဖြင့် မိနစ် ၂ဝ ခန့် ပေါင်းပေးပါ။ မုန့်သားကို ထိုးကြည့်လို့ အိနေရင် စားဖို့ အဆင်သင့်ပါပြီ။

၇။        မုန့်လုံလေးများ ပေါင်းပြီးရင် ပဲဆီလေးနဲ့ လိုက်သုတ်ပြီး မွှေးမွှေးနွေးနွေးလေး စားရင် အလွန်အရသာရှိပါတယ်။

ငါးရံ့တာရီယာကီ၊ ပန်းသီးစိမ်းထောပတ်သီးသုပ်၊ ထမင်းဖြူဆန်ပြုတ်နှင့် ရှမ်းချဉ်

USN_1.jpg

ဒီလမှာ ပရိသတ်များအတွက် ရွေးချယ်ပေးလိုက်တဲ့ ဟင်းလျာအတွဲကတော့ ‘ငါးရံ့တာရီယာကီ၊ ပန်းသီးစိမ်းနှင့် ထောပတ်သီးသုပ်၊ ထမင်းဖြူဆန်ပြုတ်နှင့် ရှမ်းချဉ်’ တို့ပဲ ဖြစ်ပါတယ်။ ငါးရံ့ကို ဂျပန်တာရီယာကီအနှစ်နဲ့ အိုးကပ်ကင်ထားတာဆိုတော့ ဆန်ပြုတ်နဲ့လိုက်ဖက်ပါတယ်။ ပန်းသီးစိမ်းနဲ့ ထောပတ်သီးသုပ်ကတော့ ဥရောပ အစားအစာ ပြင်ဆင်ပုံလေးနဲ့ ပြင်ဆင်ထားတာပါ။ ဆန်ပြုတ်ကလည်း ထမင်းဖြူကို ငါးပြုတ်ရည်နဲ့ကြိတ်ပြီး ပြင်ဆင်ထားတဲ့ ထမင်းဖြူဆန်ပြုတ်လေးပေါ့။ ဆန်ပြုတ်ကို အမြန်ပြင်ဆင်တဲ့ အလွယ်နည်းလေးဆိုပါတော့ တစ်ခါတစ်ရံ ထမင်းစားလိုစိတ်မရှိတဲ့အခါမျိုးတွေမှာ အခုလို လွယ်ကူမြန်ဆန်တဲ့ နည်းလေးတွေနဲ့  ထမင်းဖြူ ဆန်ပြုတ်လေး ပြင်ဆင်ပြီး ငါးရံ့တာရီယာကီလေးနဲ့ဆို ခံတွင်းတွေ့စေမှာပါ။ ပန်းသီးစိမ်းနဲ့ ထောပတ်သီးသုပ်ကတော့ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေ ရရှိနိုင်တာမို့ အာဟာရလည်းဖြစ် အစာကြေလည်း လွယ်စေမှာပါ။ ငါးရံ့ကလည်း ပရိုတင်း ပါဝင်မှုများတာမို့ ထမင်းဖြူဆန်ပြုတ်နဲ့ဆို အလွန်လိုက်ဖက်ပါတယ်။ ကဲ . . . Fusion ဟင်းလျာအတွဲလေးနဲ့ စိတ်ကျေနပ်မှု ရနိုင်ကြပါစေဗျာ။

USN_2.jpg

ငါးရံ့တာရီယာကီ

►   ငါးရံ့တာရီယာကီတွင် ပါဝင်ပစ္စည်းများ

♦   ငါးရံ့   –   ၁ဝ ကျပ်သား

♦   သံပရာသီး   –   ၁ လုံး

♦   ဆား   –   အနည်းငယ်

♦   ငရုတ်ကောင်း   –   အနည်းငယ်

♦   တာရီယာကီအနှစ်   –   ၂ ဇွန်း

♦   BBQ sauce   –   ၂ ဇွန်း

♦   သံလွင်ဆီ   –   အနည်းငယ်

♦   White Wine   –   ၂ ဇွန်း

►   ငါးရံ့တာရီယာကီ ချက်ပြုတ်ပုံအညွှန်း

၁။        ငါးရံ့ကို သံပရာသီး၊ ဆား၊ ငရုတ်ကောင်း၊ တာရီယာကီအနှစ်၊ BBQ Sauce တို့ဖြင့် အရသာသွင်းပါ။

၂။        ဒယ်အိုးထဲတွင် သံလွင်ဆီအနည်းငယ်ထည့်၍ ငါးရဲ့အသားလွှာကို ကင်ပါ။

၃။        တာရီယာကီအနှစ်၊ BBQ Sauce ၊ White Wine တို့ကို ထည့်၍ တည်ခင်းနိုင်ပါသည်။

ပန်းသီးစိမ်းထောပတ်သီးသုပ်

►   ပန်းသီးစိမ်းထောပတ်သီးသုပ်တွင် ပါဝင်ပစ္စည်းများ

♦   ပန်းသီးစိမ်း   –   ၁ လုံး

♦   ထောပတ်သီး   –   ၁ လုံး

♦   ကြက်သွန်နီ   –   ၁ လုံး

♦   ဒိန်ချဉ်   –   ၁ ဇွန်း

♦   မရောနိစ်   –   ၁ ဇွန်း

♦   ဆား   –   အနည်းငယ်

♦   ငရုတ်ကောင်း   –   အနည်းငယ်

♦   သံပရာသီး   –   အနည်းငယ်

►   ပန်းသီးစိမ်းထောပတ်သီးသုပ် ချက်ပြုတ်ပုံအညွှန်း

၁။        ပန်းသီးစိမ်း၊ ထောပတ်သီးတို့ကိုလှီး၍ ရေခဲရေဖြင့် အအေးခံထားပါ။

၂။        ကြက်သွန်နီ၊ ဒိန်ချဉ်၊ မရောနိစ့်၊ သံပရာရည်၊ ဆား၊ ငရုတ်ကောင်းတို့ဖြင့် ရော၍ သုပ်၍ စားသုံးနိုင်ပါသည်။

ကြက်သားနှင့် ကြက်အသည်း ကုန်းဘောင်ကြီးကြော်

ghy

ဒီလမှာ ပရိသတ်ကြီးအတွက် ရွေးချယ်ပေးလိုက်တဲ့ ဟင်းလျာလေးကတော့ တရုတ်အစားအစာ ပြင်ဆင်ချက်ပြုတ်နည်းကို အခြေခံပြီး တစ်ပွဲတည်းနဲ့ အာဟာရ အားလုံးပြည့်စုံတဲ့ ‘ကြက်သားနှင့် ကြက်အသည်းကုန်းဘောင်ကြီးကြော်’ ဟင်းလျာလေးပါပဲ။ ပြင်ဆင်ရတာလွယ်ကူပြီး အရသာလည်းထူးခြားတဲ့ ဟင်းလျာလေးမို့ လူကြီးလူငယ်မရွေး သုံးဆောင်နိုင်ပါတယ်။ ကြက်ရင်အုပ်သားက ပရိုတင်းပြည့်ဝသလို ကြက်အသည်းကလည်း ထူးခြားတဲ့ အာဟာရဖြည့်အစားအစာဖြစ်တာကြောင့် သီးနှံစုံနဲ့ တွဲဖက်လိုက်တော့ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေပါ ပြည့်ဝသွားတာပေါ့။ ကုန်းဘောင်ကြီးကြော်ကို မြန်မာတွေကြိုက်တဲ့ အစပ်အရသာလေး ဖြည့်စွက်ပြီး တစ်မူထူးခြားစွာနဲ့ ပြင်ဆင်ထားတာမို့ အကြိုက် တွေ့စေမှာပါ။ အစာကြေလွယ်ကူစေတဲ့ ဟင်းလျာလေးမို့ စားပြီးရင်လည်း အာဟာရပြည့်ဝစွာ ရရှိနိုင်ပါတယ်။ ကဲ . . . ရိုးရှင်းပြီး အရသာထူးခြားတဲ့ ‘ကြက်သားနှင့် ကြက်အသည်း ကုန်းဘောင်ကြီးကြော် ‘ လေး ချက်ကြည့်ကြရအောင်ဗျာ။

►    ပါဝင်ပစ္စည်းများ

♦   ကြက်ရင်အုပ်သား   –   ၁၆ဝ ဂရမ်

♦   ကြက်အသည်း   –   ၁ဝဝ ဂရမ်

♦   မုန်လာဥနီ   –   ၁ လုံး

♦   ရွှေပဲသီး   –   အနည်းငယ်

♦   ဗိုလ်စားပဲ   –   အနည်းငယ်

♦   ပန်းပွင့်စိမ်း   –   အနည်းငယ်

♦   ပန်းဂေါ်ဖီ   –   အနည်းငယ်

♦   ဆလတ်ရိုး   –   အနည်းငယ်

♦   တရုတ်နံနံ   –   အနည်းငယ်

♦   ငရုတ်သီးစိမ်း   –   ၅ တောင့်

♦   သံပရာသီး   –   ၁ လုံး

♦   ကြက်သွန်နီ   –   ၁ လုံး

♦   ကြက်သွန်ဖြူ   –   ၅ တက်

♦   ချင်း   –   အနည်းငယ်

♦   ငရုတ်ပွခြောက်   –   ၃ တောင့်

♦   ပဲငံပြာရည် (အငန်)   –   အနည်းငယ်

♦   ပဲငံပြာရည် (အချို)   –   အနည်းငယ်

♦   ခရုဆီ   –   အနည်းငယ်

♦   နှမ်းဆီမွှေး   –   အနည်းငယ်

♦   ပဲဆီ   –   ၃ ဇွန်း

♦   ဆား   –   အနည်းငယ်

♦   ငရုတ်ကောင်းမှုန့်   –   အနည်းငယ်

♦   ကြက်သားမှုန့်   –   အနည်းငယ်

♦   ရှလကာရည်   –   အနည်းငယ်

►    ချက်ပြုတ်ပုံအညွှန်း

၁။        ကြက်ရင်အုပ်သားနှင့် ကြက်အသည်းကို ဆား၊ ငရုတ်ကောင်းမှုန့်၊ ကြက်သားမှုန့်၊ ကြက်သွန်ဖြူ၊ ခရုဆီ၊ ပဲငံပြာရည် (အငန်)၊ ပဲငံပြာရည် (အချို)၊ ငရုတ်သီးစိမ်း၊ ရှလကာရည်၊ နှမ်းဆီမွှေး၊ သံပရာရည်တို့ဖြင့် အရသာသွင်းပါ။

၂။        ဟင်းသီးဟင်းရွက်များကို လှီးပါ။ ကြက်သွန်ဖြူ၊ ကြက်သွန် နီတို့ကိုလှီးပါ။

၃။        ပဲဆီအနည်းငယ်ထည့်၍ ငရုတ်ပွခြောက်ကို ကြွပ်အောင်ကြော်ပါ။

၎။        ကြက်ရင်အုပ်သားနှင့် ကြက်အသည်းကို ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ဖြင့် ဆီသတ်ပါ။

၅။        သန့်စင်ထားသော ဟင်းသီးဟင်းရွက်များကို ပဲဆီဖြင့်ကြော်ပါ။

၆။        ဆီသတ်ထားသော ကြက်သား၊ ကြက်အသည်းတို့ဖြင့် ရော ကြော်ပါ။

၇။        အရသာအတွက် ခရုဆီ၊ ပဲငံပြာရည် (အငန်)၊ ပဲငံပြာရည် (အချို)၊ ဆား၊ ငရုတ်ကောင်း၊ အသားမှုန့်တို့ထည့်ပါ။

၈။        တရုတ်နံနံ၊ နှမ်းဆီမွှေးအနည်းငယ်ထည့်၍ စားသုံးနိုင်ပါသည်။

ဝက်သားကြံမဆိုင် ပဲပြားဟင်းချို

bb

ကြံမဆိုင်ဟင်းချိုကတော့ လူတိုင်းကြိုက်တဲ့ တရုတ်ဟင်းချိုတစ်မျိုးပါ။ ခုကျွန်တော်ပြောပြမဲ့ ဟင်းချိုလေးကလည်း မြန်မာနိုင်ငံမှာချက်နေကြတဲ့ ကြံမဆိုင်ဟင်းချိုလေးနဲ့ တော်တော်လေးဆင်တူသလို ကွဲပြားနေတာလေးတွေလည်းရှိပါတယ်။ ချင်းနံ့လေးသင်းပြီး ချဉ်ချဉ်လေးနဲ့ သောက်ရတာအင်မတန်မှ အရသာရှိပါတယ်။ ကြံမဆိုင် (Salted Mustard Green) ကို ပါးပါးမလှီးဘဲ။ အတုံးကြီးကြီးတုံးထားပါတယ်။ အဲဒါကြောင့် ကြံမဆိုင်နဲ့ ပဲပြားတုံးလေးတွေကို မြိတ်ချဉ် (ပဲငံပြာရည်+ကြက်သွန်ဖြူ+ငရုတ်သီးစိမ်း)တို့ပြီး စားရတဲ့အရသာကလည်း ထူးလှပါတယ်။ ဟင်းရည်လေးသောက်လိုက် ပဲပြားလေးကိုတို့စားလိုက်နဲ့ ထမင်းမြိန်စေတဲ့ တရုတ်ဟင်းချိုလေးပါ။ ချက်နည်းလေးကို ကြည့်ကြရအောင် . . . ။

►    ပါဝင်ပစ္စည်းများ

♦   ကြံမဆိုင်   –   350 gm (အတုံးကြီးကြီးတုံးထားပါ)

♦   ဝက်သား   –   200 gm (ပါးပါးလှီးထားပါ)

♦   ပဲပြား   –   ၃ ပြား (ပဲပြားတပြားကို ၆တုံး တုံးပါ)

♦   ချင်း   –   45 gm (ပါးပါးလှီးထားပါ)

♦   ခရမ်းချဉ်သီး   –   ၃ လုံး (လေးခြမ်းခြမ်းပါ)

♦   မရမ်းသီးဆားရေစိမ်   –   ၃ လုံး

♦   ရေ   –   ၁.၈ လီတာ

♦   ကြက်သားမှုန့်   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

♦   ဆား   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

♦   ငရုတ်ကောင်းမှုန့်အဖြူ   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

♦   ကြက်သွန်ဖြူဆီချက်   –   အနည်းငယ်

►    ချက်ပြုတ်နည်း

ဟင်းချိုချက်မဲ့အိုးထဲကို ရေထည့်ပြီး ဆူအောင်တည်ပါ။ ပြီးရင် ဝက်သား၊ ချင်း၊ ကြံမဆိုင် (Salted Mustard Green)၊ မရမ်းသီး ဆားရေစိမ် (Salted Plum)၊ ပဲပြားထည့်ပြီး ဝက်သားနူးအောင်တည် ထားပါ။ ပြီးရင် ပဲပြား၊ ခရမ်းချဉ်သီး၊ ငရုတ်ကောင်းမှုန့်၊ ဆား၊ ကြက်သားမှုန့်ထည့်ပြီး ဆက်တည်ထားပါ။ ဒီဟင်းချိုချက်တဲ့အခါ ကြာမြင့်တဲ့အချိန်ကတော့ ၃၅ မိနစ်ခန့်ပါ။ စားသုံးမည်ဆိုပါက တစ်ယောက်စာအတွက် ပန်းကန်လုံးသီးသန့်စီမှာထည့်ပါ။ ပြီးရင် ကြက်သွန်ဖြူကြော်ထည့်ပြီး သုံးဆောင်ပါခင်ဗျာ။

ညနေစာ အိမ်လုပ် မြီးရှည်လေးပါ

ညနေစာ အိမ်လုပ် မြီးရှည်လေးပါ
နန်းကြီးဖတ်နဲ့ကြက်သားပြု တ်ထားတာရှိနေလို့ အလွယ်တစ်ကူ လုပ်စားဖြစ်သွားတယ်
ကော်မှုံ့ကို ဆား ဟင်းခတ်မှုံ့ ရေထည့်ဖျော်ပြီး မီးအေးအေးနဲ့ကျို လိုက်တယ်
ပဲပင်ပေါက်ကို ရေနွေးဖြော
ကြက်သွန်ဖြူ နဲ့ဂျင်းအနဲငယ်ထောင်း ရေဖျော်
အရောင်ဆီလုပ်ဖို့ ပန်းကန်လုံးတစ်ခုထဲ အရောင်တင်မှုံ့ထည့်
ဆီအပူပေးပြီး ဆီပူလာရင် မီးပိတ်လိုက်ပါတယ်
ပြီးမှ ပန်းကန်ထဲလောင်းချလိုက်တော့ အရောင်ဆီပေါ့နော်
(ငြုတ်ပုမထောင်းနိုင်တော့လို့ပါ အရောင်ပိုလှပါတယ်)
ငရုတ်သီးဆီကြော်ကတော့ ရှိပြီးသားမို့ လုပ်စရာမလိုတော့ဘူး
စားမယ့်ပန်းကန်ထဲမှာ တစ်ယောက်စာ မြီးရှည်ဖတ်ထည့်
ပဲပင်ပေါက် ကြက်သားမျှင် အရောင်ဆီ ကော်ရည်
ပဲငါးပိ(အစပ် ပဲငါးပိအမည်းက ခုနောက်ပိုင်း ဝယ်လို့မရလို့ပါ)
ဆီတို့ဖူးရေနဲ့ဖျော်ထားတာအနဲငယ်
ကြက်သွန်ဖြူ ဂျင်းရည်
ပါးပါးလှီး ကြက်သွန်မြိတ် တရုတ်နံနံနဲနဲ မုန်ညင်းချဉ်ထည့်နယ်ရုံပါ
ကြက်ပြု တ်ရည်ကို ပူအောင်ပြန်တည်ပြီး
ကြက်သွန်မြိတ်နဲ့ငရုတ်ကောင်းလှော်မှုံ့ ခပ်သောက်ပါတယ်
(ဟင်းခတ်မှုံ့က စားရင်ထည့်ပါ မစားရင် မထည့်ပါနဲ့နော်)
ငါးဖယ်လုံးတွေ ဘာတွေတော့ မထည့်တော့ပါဘူးရှင်