Category Archives: ဆောင်းပါးများ

ညဘက်လန့်လန့်နိုးတက်တဲ့အကျင့်ဆိုတာ


တစ်ချို့သူတွေက ဖြစ်တက်ကြပါတယ်။ အိပ်ချင်တာတောင်အိပ်ကောင်းခြင်းမအိပ်ရပဲ အိပ်ပျော်ရင်း ညလယ်ခေါင်မှနိုးလာတက်တာမျိုး၊ နိုးလာပြီးရင် အစောပိုင်းကလို စိတ်နှစ်ပြီး ပြန်အိပ်မပြောတော့တာမျိုး စသည်ဖြင့်တစ်ညတာလုံး လန့်လိုက် အိပ်လိုက်နိုးလိုက်နဲ့ အိပ်ရေးဝအောင်ကောင်းကောင်း မအိပ်နိုင်တဲ့သူတွေရှိကြပါတယ်။ဆိုတော့ အခုလို ညည နိုးနိုးနေတာ ဘယ်လို အကြောင်းတွေလဲဆိုတဲ့အနီးစပ်ဆုံးအချက်အနည်းငယ်ကိုဖော်ပြပေးလိုက်ပါတယ်…
(၁) စိတ်မဖြောင့်လို့
ညဘက် တစ်ရေးအိပ်လိုက်ပြန်နိုးနိုးလာလိုက်ဖြစ်တက်တဲ့သူတစ်ချို့ဟာ အကြောင်းကိစ္စတစ်ခု အပေါ် စိတ်မဖြောင့်ပဲစိုးရိမ်စိတ် ရှိနေတက်တဲ့သူမျိုးတွေဖြစ်ပါတယ်။တစ်စုံတစ်ခုကိုလုပ်ဖို့စိတ်မချတာမျိုး တွေကြောင့် အိပ်ချင်တာတောင်စိတ်ကမဖြောင့်ပဲ ခဏခဏ နိုးလာတက်ကြတာမျိုးပါ။
(၂) စိတ်ညစ်စရာရှိလို့
စိတ်ညစ်စရာတော်တော်များများ ရှိတဲ့လူတွေဟာလည်း လူကအိပ်ချင်နေရင်တောင် ရင်ထဲမှာစိတ်ညစ်စရာကိစ္စတွေများနေတာကြောင့် ညတိုင်း ကောင်းမွန်စွာအိပ်စက်နိုင်ခြင်း မရှိပဲ လန့်လန့်နိုးတက်ကြပါတယ်။ စိတ်ညစ်နေတဲ့သူတွေဟာ မျက်လုံးကမှိတ်နေရင်တောင် စိတ်က မချမ်းမြေ့တာကြောင့်ကောင်သော အိပ်စက်ခြင်းကို မခံစားနိုင်ကြပါဘူး။
(၃) ရုပ်ရှင်ကြည့်အိပ်လို့
အထူးသဖြင့် အိပ်မပျော်လို့ဆိုပြီး အိပ်ခံနီးကျမှ ရုပ်ရှင်ကြည့် အိပ်တက်တဲ့ လူတွေဟာ ရုပ်ရှင်ထဲက အကြောင်းအရာတွေကို စိတ်ထဲစွဲပြီး အိပ်ပျော်တဲ့ အခါ ရုပ်ရှင်ထဲကအကြောင်း
အရာတွေကို အိမ်မက်မက်တာ တစ်မျိုး ထယောင်ရမ်းပြီး အော်မိတာက တစ်ဖုံ စသည်ဖြင့် အနှောက်အယှက်များဝင်ကာ လန့်လန့််နိုးတာမျိုးဖြစ်စေတက်ပါတယ်။ ဖြစ်နိုင်ရင်ညဘက် စိတ်ကိုခြောက်ခြားစေမဲ့ကားမျိုး စိတ်ဒဏ်ရာရစေမဲ့ ကားမျိုးကို အိပ်ခံနီးမှ မကြည့်မိပါစေနဲ့။
(၄) အတွေးလွန်လို့
တစ်ချို့တွေကတော့စိတ်ညစ်စရာလည်းမရှိ စိတ်မဖြောင့်စရာလည်း မရှိပဲကြိုတွေးပြီး ပူတက်တဲ့ အဆတွေးလွန်ရောဂါကြောင့် ညဘက်ဆို ကောင်းကောင်းအိပ်မပျော်ပဲ တစ်ရေးနိုးထထ နိုးတက်ပြီး အတွေးတွေနယ်ချဲ့ကာ ပြန်အိပ်လို့မရတာမျိုးဖြစ်စေတက်ပါတယ်။
(၅) နောင်တရနေလို့
တစ်စုံတစ်ခု အပေါ် အမှားကျူးလွန်မိတယ် လို့တွေးထင်ပြီး စိတ်မသက်မသာလိပ်ပြာ မလုံပဲ ဖြစ်နေတက်သူတွေဟာ နောင်တရစိတ်တွေနဲ့ စိတ်ဖြောင့်ဖြောင့် မအိပ်နိုင်ကြပါဘူး။အမှားလုပ်မိတယ်လို့ခံစားရတာကြောင့် ကြောက်စိတ်တွေ နောင်တစိတ်တွေနဲ့ ညဘက်တွေဆို လိပ်ပြာမသန့်သလိုလန့်လန့်နိုးပြီး အိပ်မရတာမျိုးရှိတက်ပါတယ်။
ဆိုတော့ ကိုယ်ရော ညဘက်တွေလန့်လန့်နိုးတက်သူလား။ ဒါဆို ဘယ်လို အချက်တွေကြောင့် ကိုယ်အိပ်မပျော်တာဖြစ်မလဲ.. ဘယ်အချက်လေးတွေကို ပြုပြင်ရင်ညဘက်အိပ်ပျော်မလဲဆိုတာသိရှိပြီးကောင်းမွန်စွာ အိပ်စက်နိုင်ကြပါစလေို့ဆုတောင်းရင်း…

တစ်ချို့သူတွေက ဖြစ်တက်ကြပါတယ်။ အိပ်ချင်တာတောင်အိပ်ကောင်းခြင်းမအိပ်ရပဲ အိပ်ပျော်ရင်း ညလယ်ခေါင်မှနိုးလာတက်တာမျိုး၊ နိုးလာပြီးရင် အစောပိုင်းကလို စိတ်နှစ်ပြီး ပြန်အိပ်မပြောတော့တာမျိုး စသည်ဖြင့်တစ်ညတာလုံး လန့်လိုက် အိပ်လိုက်နိုးလိုက်နဲ့ အိပ်ရေးဝအောင်ကောင်းကောင်း မအိပ်နိုင်တဲ့သူတွေရှိကြပါတယ်။ဆိုတော့ အခုလို ညည နိုးနိုးနေတာ ဘယ်လို အကြောင်းတွေလဲဆိုတဲ့အနီးစပ်ဆုံးအချက်အနည်းငယ်ကိုဖော်ပြပေးလိုက်ပါတယ်…
(၁) စိတ်မဖြောင့်လို့
ညဘက် တစ်ရေးအိပ်လိုက်ပြန်နိုးနိုးလာလိုက်ဖြစ်တက်တဲ့သူတစ်ချို့ဟာ အကြောင်းကိစ္စတစ်ခု အပေါ် စိတ်မဖြောင့်ပဲစိုးရိမ်စိတ် ရှိနေတက်တဲ့သူမျိုးတွေဖြစ်ပါတယ်။တစ်စုံတစ်ခုကိုလုပ်ဖို့စိတ်မချတာမျိုး တွေကြောင့် အိပ်ချင်တာတောင်စိတ်ကမဖြောင့်ပဲ ခဏခဏ နိုးလာတက်ကြတာမျိုးပါ။
(၂) စိတ်ညစ်စရာရှိလို့
စိတ်ညစ်စရာတော်တော်များများ ရှိတဲ့လူတွေဟာလည်း လူကအိပ်ချင်နေရင်တောင် ရင်ထဲမှာစိတ်ညစ်စရာကိစ္စတွေများနေတာကြောင့် ညတိုင်း ကောင်းမွန်စွာအိပ်စက်နိုင်ခြင်း မရှိပဲ လန့်လန့်နိုးတက်ကြပါတယ်။ စိတ်ညစ်နေတဲ့သူတွေဟာ မျက်လုံးကမှိတ်နေရင်တောင် စိတ်က မချမ်းမြေ့တာကြောင့်ကောင်သော အိပ်စက်ခြင်းကို မခံစားနိုင်ကြပါဘူး။
(၃) ရုပ်ရှင်ကြည့်အိပ်လို့
အထူးသဖြင့် အိပ်မပျော်လို့ဆိုပြီး အိပ်ခံနီးကျမှ ရုပ်ရှင်ကြည့် အိပ်တက်တဲ့ လူတွေဟာ ရုပ်ရှင်ထဲက အကြောင်းအရာတွေကို စိတ်ထဲစွဲပြီး အိပ်ပျော်တဲ့ အခါ ရုပ်ရှင်ထဲကအကြောင်း
အရာတွေကို အိမ်မက်မက်တာ တစ်မျိုး ထယောင်ရမ်းပြီး အော်မိတာက တစ်ဖုံ စသည်ဖြင့် အနှောက်အယှက်များဝင်ကာ လန့်လန့််နိုးတာမျိုးဖြစ်စေတက်ပါတယ်။ ဖြစ်နိုင်ရင်ညဘက် စိတ်ကိုခြောက်ခြားစေမဲ့ကားမျိုး စိတ်ဒဏ်ရာရစေမဲ့ ကားမျိုးကို အိပ်ခံနီးမှ မကြည့်မိပါစေနဲ့။
(၄) အတွေးလွန်လို့
တစ်ချို့တွေကတော့စိတ်ညစ်စရာလည်းမရှိ စိတ်မဖြောင့်စရာလည်း မရှိပဲကြိုတွေးပြီး ပူတက်တဲ့ အဆတွေးလွန်ရောဂါကြောင့် ညဘက်ဆို ကောင်းကောင်းအိပ်မပျော်ပဲ တစ်ရေးနိုးထထ နိုးတက်ပြီး အတွေးတွေနယ်ချဲ့ကာ ပြန်အိပ်လို့မရတာမျိုးဖြစ်စေတက်ပါတယ်။
(၅) နောင်တရနေလို့
တစ်စုံတစ်ခု အပေါ် အမှားကျူးလွန်မိတယ် လို့တွေးထင်ပြီး စိတ်မသက်မသာလိပ်ပြာ မလုံပဲ ဖြစ်နေတက်သူတွေဟာ နောင်တရစိတ်တွေနဲ့ စိတ်ဖြောင့်ဖြောင့် မအိပ်နိုင်ကြပါဘူး။အမှားလုပ်မိတယ်လို့ခံစားရတာကြောင့် ကြောက်စိတ်တွေ နောင်တစိတ်တွေနဲ့ ညဘက်တွေဆို လိပ်ပြာမသန့်သလိုလန့်လန့်နိုးပြီး အိပ်မရတာမျိုးရှိတက်ပါတယ်။
ဆိုတော့ ကိုယ်ရော ညဘက်တွေလန့်လန့်နိုးတက်သူလား။ ဒါဆို ဘယ်လို အချက်တွေကြောင့် ကိုယ်အိပ်မပျော်တာဖြစ်မလဲ.. ဘယ်အချက်လေးတွေကို ပြုပြင်ရင်ညဘက်အိပ်ပျော်မလဲဆိုတာသိရှိပြီးကောင်းမွန်စွာ အိပ်စက်နိုင်ကြပါစလေို့ဆုတောင်းရင်း…

မနက်အိပ်ယာထတိုင်းစိတ်ရောလူပါပင်ပန်းနေတက်သလား

မနက်ရောက်လို့အိပ်ယာထတဲ့ အချိန်မှာ စိတ်မကြည်လင် မလန်းဆန်းတာမျို၊ နွမ်းနယ်နေတာမျိုးဖြစ်တက်ပါတယ်။ မနက်ထတဲ့ချိန်ဒီလိုကြီး မကြည်မလင်နဲ့ ပင်ပန်းနွမ်းနယ်မှုနဲ့ နိုးထတဲ့ နေ့တွေဟာ တစ်နေ့လုံးအတွက် စိတ်ရှုပ်ထွေးစေပြီး တစ်နေ့တာဟာ သာယာနိုင်တော့မှာမဟုတ်ပါဘူး။ ဒါကြောင့် မနက်စောစော အိပ်ယာထထချင်း စိတ်လေးလန်းဆန်း ကြည်နုးနေအောင်ဘယ်လို နည်းလမ်းလေးတွေကို လုပ်ဆောင်သင့်လဲ၊ ဘာတွေကိုရှောင်ရှားသင့်လဲဆိုတာ…

(၁) အိပ်ခံနီးအစားရှောင်ပါ
အိပ်ယာဝင်ခံနီး အချိန်ကြမှ အစားစာတာ မျိုးမလုပ်ပါနဲ့။ ဗိုက်အရမ်းစာလို့(ဒါမှမဟုတ်) ဆေးတစ်ခုခုသောက်ရမှာမို့လို့ အစားစားမှဖြစ်မယ်ဆိုရင် သိပ်ပြီး ဗိုက်တင်းသွားစေတာမျိုးမဟုတ်ပဲပေါ့ပေါ့ပါးပါး အစားစာမျိုးစားပါ။ ကဖိန်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ လိုအရာမျိုးတွေ၊ ၀ိုင်အနီရောင်လိုဟာမျိုးတွေကို ရှောင်ရှားပါ။ ဒီလိုအစားသောက်တွေကြောင့် အိပ်ချိန်ကို အိပ်ပျော်အောင် ကြိုးစားနေရပါလိမ့်မယ်။ ဒီလိုကြိုးစားပြီး အိပ်ရတာကြောင့်မနက်ရောက်တဲ့အခါကောင်းကောင်းမနိုးပဲစိတ်မကြည်မသာဖြစ်တက်ပါတယ်။
(၂) အိမ်သာဝင်ထားပါ
ညကိုယ်စအိပ်တော့မယ်ဆိုတဲ့ အချိန်ကို သတ်မှတပြီးရင် အိပ်ယာမ၀င်ခင်အချိန်မှာ အိမ်သာဝင်ထားပါ။ လူတော်တော်များများဟာ အိပ်ယာဝင်တော့မယ်လို့သတ်မှတ်ပြီးရင်ချက်ချင်းမအိပ်တက်ကြသေးပဲစာအုပ်ဖတ်တာ ၊ ဂိမ်းဆော့တာ၊ ဖုန်းသုံးတာ စတဲ့ ကိစ္စတွေကို အိပ်ယာပေါ်မှာ လုပ်လေ့ရှိပါတယ်။ ဒါကြောင့်အာ့လိုအရာတွေ အားလုံးပြီးသွားလို့တကယ်အိပ်တော့မယ်ဆိုတဲ့ အချိန်ရောက်ရင်အိမ်သာဝင်ထားပါ။ ဒီလိုမှမဟုတ်ပဲ အိပ်ယာပေါ်မှာစာဖတ်ရင်း အိပ်ပျော်သွားတဲ့အခါ ကျောက်ကပ်က တစ်ဖန်ပြန်လည်အလုပ်လုပ်တဲ့အချိန်ဖြစ်သွားတာကြောင့် ညဘက်အိပ်နေရင်းအိမ်သာသွားချင်လာတက်ပါတယ်။ ညဘက် အိမ်သာထသွားရခြင်းကြောင့်ပင်ပန်းပြီး မနက်ကို မလန်းဆန်းပဲနိုးလာစေပါတယ်။
(၃) ရည်ရွယ်ချက်တစ်ခုနဲ့နိုးထပါ
လူတိုင်းဟာ တစ်နေ့တာအတွက်တာဝန်တွေဝတ္တရားတွေမျိုးစုံကို လုပ်ကိုင်ဖို့ရှိပြီးသားပါ။ ကိုယ့်ရဲ့မနက်တိုင်းကို ကောင်းမွန်တဲ့အတွေးတွေ ကောင်းမွန်တဲ့ရည်မှန်းချက်တွေနဲ့ ငါဒီနေ့ဘာလုပ်ရမယ်၊ဘယ်သူနဲ့တွေ့ရမယ်ဆိုတဲ့ အတွေးမျိုးနဲ့ကောင်းမွန်စွာနိုးထပါ။ ဒီလိုနိုးထခြင်းဟာတစ်နေ့တာအတွက် အကောင်းဆုံးခွန်အားတစ်ခုလည်းဖြစ်ပါတယ်။
(၄) အားကစားတစ်ခုပုံမှန်လုပ်ပါ
မနက်အိပ်ယာထထခြင်းမှာ အားကစားတစ်မျိုးကို ပုံမှန်လုပ်ပေးပါ။ အိပ်ယာထထခြင်း စိတ်မကြည်လင်မှုကို ခံစားနေရရင်တောင် အားကစားတစ်ခုခုကို လုပ်လိုက်တာကြောင့် ကိုယ်ခန္ဓာကိုယ် ပေါ့ပါးလန်းဆန်းစေပြီး စိတ်ကို ကြည်လင်လန်းဆန်းစေပါတယ်။
မနက်တိုင်းကို ကောင်းမွန်ကြည်လင်စွာနိုးထနိုင်ပြီး နေ့ရက်တိုင်းကို ရည်ရွယ်ချက်ရှိရှိလျှောက်လှမ်းနိုင်ပါစေလို့ဆုတောင်းရင်း…..

စာဖတ်ဝါသနာပါတဲ့သူတွေကိုချစ်သူတော်ထားရပြီဆိုရင်

ကိုယ့်ချစ်သူဟာ စာအုပ်စာပေတွေကို ချစ်မြတ်နိုးတက်ပြီး စာဖတ်ရတာကို ၀ါသနာပါတဲ့သူလေးလား။ ဒါဆို သင်ဒီလိုစာဖတ်ဝါသနာ အိုးလေးတွေကို ချစ်သူတော်ထားရလို့ဘယ်လို အကျိုးကျေးဇူးလေးတွေခံစားရရှိနိုင်သလဲဆိုတာ ဖတ်ကြည့်ရအောင်…
(၁) တစ်ဖက်သားရဲ့စိတ်ကိုနားလည်လွယ်တယ်
စာများများ ဖတ်အားကောင်းတဲ့သူဟာ လူတော်တော်များများရဲ့စိတ်နေသဘောထားကို ကောင်းစွာနားလည်ခံစားနိုင်တဲ့ ပါဝါရှိတတ်ကြပါတယ်။ သူတို့ဖတ်ထားတဲ့စာအုပ်ထဲကအကြောင်းအရာတွေ စာအုပ်ထဲက ဇာတ်ကောင်တွေရဲ့စိတ်နေစိတ်ထားတွေ ကိုမြင်ပါများလာဖတ်ပါများလာပြီး လူတွေရဲ့ဖြစ်ရိုးဖြစ်စဉ်အချိန်အခါလိုက် အကြောင်းအရာလိုက်ခံစားတတ်တဲ့ ခံစားချက် များကို နားလည်လွယ်တက်ကြပါတယ်။ ဒါကြောင့် ကိုယ့်စိတ်ထဲမှာ ဘာတွေဘယ်လိုခံစားနေရတယ်၊ဘာတွေဘယ်လို ဖြစ်နေတယ်ဆိုတာ သိရှိခံစားပေးနိုင်သူမို့ ချစ်သူခရီးလမ်းဟာ နည်းလည်းမှုတွေနဲ့ဖြတ်သန်းနိုင်ပါတယ်။
(၂) ပွင့်လင်းပြီး လေ့လာသင်ယူလိုစိတ်များတယ်
စာအုပ်ချစ်သူတွေဟာ အနေအထိုင်အပြောအဆိုပွင့်လင်းကြည်လင်တဲ့သူမျိုးတွေပါ။ သူတို့ဟာ အသစ်သစ်တွေကို လေ့လာလိုက်စားရတာ ကြိုက်ပြီး ဘယ်အရာကိုမဆို သတိထားပြီး သင်ယူလိုစိတ်ကြီးမားတတ်ကြတဲ့ ပညာရှိလေးတွေဆိုလည်း မမှားပါဘူး။ သူတို့ရဲ့စူးစမ်းမှုနဲ့ညဏ်ပညာကြီးမှုကြောင့် သူတို့နဲ့ချစ်သူဖြစ်ရတဲ့သူတွေဟာ အချိန်တိုင်း ဂုဏ်ယူနေကြရမှာပါ။
(၃) အချိန်မဖြုန်းတက်ကြဘူး
စာဖတ်ရတဲ့ကြိုက်တဲ့သူတို့အဖို့ တစ်ခြား ဖျော်ဖြေ အပန်းဖြေရေးတွေဆိုတာ စာအုပ်တစ်အုပ်လုပ် စိတ်ဝင်စားဖို့မကောင်းပါဘူး။ စာဖတ်နေရရင်ကို ပင်ပန်းတာလေးတွေပြေပျောက်တတ်ကြတာမို့ ချစ်သူကောင်လေးဆို အပျော်ရှာမှာလမ်းမှားရောက်မှာ မပူရသလို ချစ်သူကောင်မလေးဆိုလည်း ငွေကြေးအများကြီးကုန်မှ အပျင်းပြေတတ်တာမျိုး တွေမရှိလာနိုင်တော့ပါဘူး။ ငွေကြေးပိုမိုစုဆောင်းမိပြီး စိတ်အေးချမ်းသာတဲ့ RSလေးတစ်ခုဖြစ်လာမှာပါ။
(၄) အကျိုးရှိတဲ့ ဗဟုသုတလေးတွေကိုပြောပြတတ်ကြတယ်
ကိုယ်ပျင်းနေတဲ့အချိန်လေးတွေမှာ ကိုယ့်ဘေးနားမှာနေပြီး သူဖတ်ထားတဲ့စာအုပ်အထဲက ဗဟုသုတ ရစရာလေးတွေ ကို ပြောပြတာမျိုး၊ ကိုယ်စိတ်ပင်ပန်းနေတဲ့ အချိန် စိတ်ဝင်စားစရာကောင်းတဲ့ပညာပေးပုံပြင်လေးတွေပြောပြပေးပြီး ဖေးမတတ်တာမျိုးဟာ စာဖတ်ဝါသနာအိုးလေးတွေရဲ့ချစ်သူတွေ မဖြစ်မနေခံစားရမဲ့ကောင်းကျိုးသုခလေးပါ။
(၅) မဝေဖန်တက်ပဲ အကြံပေးထောက်ပံ့တက်ကြတယ်
စာဖတ်များပြီး ဗဟုသုတများတဲ့သူတွေဟာ လူတစ်ဖက်သားရဲ့ အမှား လူတစ်ဖက်သားရဲ့အပြစ်ကို ထိုင်ကဲ့ရဲ့ဝေဖန်တက်တဲ့သူမျိုးမဟုတ်ပါဘူး။ ကိုယ့်ချစ်ရသူမှာ အမှားတွေ အပြစ်တွေရှိနေရင်တောင် ထောက်ပံ့အကြံပေးတက်ပြီး ဘေးကနေချစ်တဲ့စိတ်လေးနဲ့ ကူညီပေးတက်ကြတဲ့စာဂျပိုးလေးတွေပါ။
(၆) စဉ်းစားဆင်ခြင်တတ်တယ်
စာအုပ်စာပေရဲ့ကောင်းမွန်တဲ့အကျိုးကျေးဇူးကြောင့် ချစ်သူယောက်ျားလေးဆိုရင်လည်း ကိုယ့်တစ်ဘ၀လုံးအတွက် ယုံကြည်အားထားရတဲ့ဆင်ခြင်တုံတရားရှိတဲ့ယောက်ျားလေးဖြစ်နိုင်ပြီး မိန်းကလေးဆိုရင်လည်း လူတိုင်းကချစ်ခင်ပြီး ပွဲတိုင်းတင့်တယ်တဲ့ အေးချမ်းသိမ်မွေ့တယ်မိန်းကလေးဖြစ်နိုင်ပါတယ်။
ဆိုတော့ ကိုယ့်မှာ စာဖတ်ဝါသနာအိုး ချစ်သူလေးရှိနေပြီလား ၊ ရှိနေပြီဆိုရင်တော့ ဒီလို ချစ်သူမျိုးလေးတွေကို အမိအရဖမ်းဆုပ်ထားပြီး ပိုချစ်ပေးဖို့မမေ့ကြနဲ့နော်…

ပြတ်စဲပြီးသကာလဘယ်လိုနေရင်ကောင်းမလဲ

ကိုယ့်ချစ်ရသူကောင်လေး နဲ့ပြတ်စဲပြီးလောလော လတ်လတ် အချိန် မှာမိန်းကလေးတော်တော်များများ ဟာသွေးပူပြီး ဘယ်လိုနေလို့နေရမှန်းမသို စိတ်ထွေထွေပြားပြားနဲ့ခံစားနေတက်ကြပါတယ်။ ဆိုတော့ ပြတ်စဲပြီးလောလောလတ်လတ်ကာလဖြစ်တာကြောင့်ကိုယ့်ချစ်သူကောင်လေးနဲ့ပြန်အဆင်ပြေနိုင်သေးသလို တစ်သတ်လုံးအတွက်ပြီးသွားတာမျိုးလည်း ဖြစ်တက်ပါတယ်။ ဒါကြောင့် ဘယ်ပဲဖြစ်ဖြစ် အပြီးပိုင်ပြတ်သည်ဖြစ်စေ ခဏတစ်ဖြုတ် စိတ်အခန့်မသင့်လို့ပြတ်သည်ဖြစ်စေ ဘာကြောင့်ပဲဖြစ်ဖြစ်ပြတ်စဲပြီး လောလောလတ်လတ်သကာလမှာဘယ်လိုအကောင်းဆုံးနေထိုင်သွားမလဲဆိုတာ …
(၁) ကိုယ့်ချစ်သူကို ချက်ချင်းပြန်အတွဲပါနဲ့
နှစ်ဦးသဘောတူ ပြတ်ဆဲထားတာ ပူပူနွေးနွေး ရှိနေချိန်မှာ သူ့ဘက်က ပြန်လာရင်တောင်ပြန်မသွားပါနဲ့။ အနည်းဆုံး အချိန် သုံးလလောက်ယူစဉ်းစားပါ။ မဆင်မခြင်နဲ့ပြန်တွဲပြီး ခဏခဏ ပြတ်လိုက်တွဲလိုက်လုပ်နေတာထက်စာရင် သုံးလလောက်အချိန်ယူပြီး တစ်ယောက်ကို တစ်ယောက် အဲ့အချိန်ထိစိတ်ရှိနေသေးတယ်ဆိုမှ တစ်မျိုးစဉ်းစားပါ။
(၂) ချစ်သူအသစ်လည်း မရှာပါနဲ့
တစ်ယောက်နဲ့ပြတ်လို့နောက်တစ်ယောက်နဲ့တွဲလိုက်မယ်ဆိုတဲ့စိတ်မျိုး မမွေးပါနဲ့။ တစ်ယောက်နဲ့ပြတ်ဆဲပြီး မကြာသေးခင်မှာနောက်တစ်ယောက် ကချစ်ပါတယ်ဆိုတာတောင်ခဏလောက် အချိန်ယူပြီး မှ စဉ်းစားပါ။ တစ်ဒဏ်ရာကနေ နှစ်ဒဏ်ရာ မဖြစ်စေပါနဲ့။
(၃) အချစ်ဆိုတာနဲ့ဝေးဝေးမှာနေပါ
လက်ရှိမှာကိုယ့်ကို နာကျင်ပူလောင်မှုတွေပေးနေတဲ့ အချစ်ဆိုတဲ့ အရာကြီးနဲ့ဝေးဝေးမှာ ခဏလောက်သွားနေလိုက်ပါ။ ခဏလောက် ကိုယ့်ရဲ့ပူလောင်မှုတွေ မငြိမ်းချမ်းမှုတွေကို စွန့်လွှတ်ပြီး နောက် အပူတစ်ခု ထက် မရှာပဲ အချစ်ဆိုတာကြီးနဲ့ဝေးဝေးမှာ ခဏလောက် အနားယူလိုက်ပါ။
(၄) သူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ် ပျော်ပါ
ကိုယ့်ရဲ့RSဘ၀တုန်းက မတွေ့ခဲ့ရတဲ့သူငယ်ချင်းတွေ၊ ရှေးဟောင်းနှောင်းဖြစ်ပြောတက်တဲ့ ငယ်သူငယ်ချင်းတွေနဲ့တွေ့ပြီး ကြည်နူးစရာဖြူစင်တဲ့ အချိန်လေးတွေကို ပြန်လည်ဖန်တီးပါ။
(၅) ကိုယ်ပိုင် အချိန်တွေ အားရအောင်ယူပစ်လိုက်ပါ
ရည်းစားရှိနေတုန်းက ကိုယ့်အချိန်တွေထဲက ၃ပုံတစ်ပုံကျော်ကျော်လောက်ကသူ့အတွက် အချိန်ပေးခဲ့ကြရပါတယ်။ ဆိုတော့ပြတ်စဲပြီးသကာလ ပြန်ချစ်မယ်မချစ်ဘူး မဆုံးဖြတ်နိုင်စဉ်ကာလမှာတော့
ကိုယ့်ကိုယ်ပိုင် အချိန်တွေကို အတက်နိုင်ဆုံး ကိုယ်စိတ်ချမ်းသာအောင် ပျော်စရာကောင်းအောင် စိတ်အေးချမ်းသာအောင် ဖန်တီးကြိုးစားနေထိုင်သင့်ပါတယ်။
(၆) လှတပတနေပါ
မိန်းကလေးဆိုတာမျိုးဟာ ကိုယ့်ချစ်ရသူနဲ့ပြတ်စဲလိုက်ရတဲ့အချိန်မှာ ဘယ်လိုမှာ ပြင်ချင်ဆင်ချင်စိတ်မရှိနိုင်ပါဘူး။ ဒါပေမဲ့ကြိုးစားပြင်ဆင်ပြီး သပ်သပ်ရပ်ရပ်နေထိုင်လိုက်ရင်ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိလာနိုင်ပြီး အနည်းငယ်စိတ်သက်သာရစေနိုင်ပါတယ်။

စိတ်ခံစားချက်နက်ရှိုင်းပြီး လူတစ်ယောက်ပေါ်နှစ်နှစ်ကာကာချစ်တက်တဲ့မိန်းကလေးတွေဟာ ကိုယ့်ချစ်သူနဲ့ပြတ်စဲချိန်မှာတစ်ခြားသူတွေထက်ပိုခံစားနာကျင်ရပါတယ်။ ဒါပင်မဲ့ကိုယ့်ရဲ့မတည်ငြိမ်သေးတဲ့ RS ကိုတည်ငြိမ်အောင်ပြန်လည်စဉ်းစားရင်း ကိုယ့်ဘ၀ကို အနစ်မြုပ်မခံပဲ ရှင်သန်နိုင်ကြပါစေလို့ဆုတောင်းရင်း…

စိတ်ဓာတ်ကျနေတဲ့လူကို ပြောသင့်တဲ့စကားနဲ့ မပြောသင့်တဲ့စကား

လူတိုင်း ဘဝမှာစိတ်ညစ်စရာကိစ္စတွေ တစ်နည်းမဟုတ် တစ်နည်းနဲ့
ကြုံတွေ့ရင်ဆိုင်နေရတာပါပဲ။ ရှုပ်ထွေးလှတဲ့စိတ်ပိုင်းဆိုင်ရာ အခြေအနေ
တွေကို လူတိုင်းခံစားနေရပြီး တစ်ချို့ကကောင်းကောင်းဖြတ်ကျော်သွား
နိုင်သလို၊ တစ်ချို့စိတ်အားငယ်တဲ့လူတွေကြတော့လည်း ထိုဒဏ်ကိုမခံနိုင်ကြဘူး။

စိတ်ကျန်းမာရာဆိုင်ရာအဖွဲ့စည်းတစ်ခုမှ အမေရိကန်အရွယ်ရောက်ပြီးသား
လူငယ် ၁၆မီလီလျံလောက်ဟာ စိတ်ဓာတ်ကျခြင်းရောဂါကိုခံစားနေရပါတယ်။
စိတ်ဓာတ်ကျနေတဲ့လူကို အားပေးနှစ်သိမ့်တဲ့အခါ
စကားလုံးတွေသုံးတတ်ဖို့လိုပါတယ်။ တစ်ချို့ကစိတ်ရင်းကောင်းပေမယ့်
စကားအပြောအဆို မတတ်ကြဘူး။ စိတ်ဓာတ်ကျနေတဲ့လူကို
ပြောသင့်တဲ့စကားနဲ့ မပြောသင့်တဲ့စကားတို့ကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

ပြောသင့်တဲ့စကား 
၁။ ”ငါနင့်အတွက် အမြဲရှိတယ် ”
စိတ်ပညာရှင် Dr.John Grohol က ဒီလိုပြောပေးခြင်းဟာ စိတ်ဓာတ်ကျ
နေတဲ့လူကို ခံစားရသက်သာစေပြီး ကိုယ့်စကားဟာ သူ့အတွက်နားဝင်ချို
စေတယ်။ အဲ့ဒါမှ သူ့ကိုအလေးထား ဂရုစိုက်တဲ့လူရှိသေးပါလားဆို
ပြီး စိတ်သက်သာရာရမှာဖြစ်ပါတယ်။

၂။ ”တစ်ခုခုလုပ်ရအောင် ”
စိတ်ဓာတ်ကျတတ်တဲ့လူတွေက အတွေးတွေထဲမှာအမြဲမျောနေတတ်ပြီး
မကောင်းတဲ့အရာတွေကို ထပ်တလဲလဲစဉ်းစားမိနေတာပါပဲ။
အတွေးများခြင်းဟာ စိတ်ကျရောဂါကိုပိုဆိုးစေပါတယ်။ ဒီလိုအတွေးများ
တတ်တဲ့လူတွေကို မိသားစုနဲ့ သူငယ်ချင်းတွေမှ ကူညီပေးနိုင်ကြောင်း
စိတ်ကျန်းမာရေး ဆရာဝန်တွေကပြောပါတယ်။

၃။ ”နင်ဘယ်လိုခံစားနေရလဲဆိုတာ ငါမသိပေမယ့် နင့်အတွက်တော့ တော်တော်ခက်ခဲမယ့်ပုံပဲ ”
စိတ်ဓာတ်ကျခြင်းဟာ အတော်ရှုပ်ထွေးတဲ့အခြေအနေပါ။
ဇီဝဗေဒအရ၊ စိတ်ပိုင်းဆိုင်ရာ နဲ့ မျိုးရိုးဗီဇ အစရှိသဖြင့် အမျိုးမျိုးဖြစ်နိုင်
တာကြောင့် လိုင်စင်ရ ကျွမ်းကျင်ပညာရှင်တွေသာနားလည်နိုင်ပါတယ်။
သူငယ်ချင်းနဲ့ မိသားစုဝင်တွေသာ ဒီရောဂါကိုသက်သာအောင်ပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။

၎။ တစ်ခါတစ်လေ ဘာမှမပြောပဲ နားထောင်ပေးနေခြင်း
စိတ်ဝင်တစားနားထောင်ပေးတတ်တဲ့လူမျိုးတွေကို စိတ်ဓာတ်ကျနေသူ
တွေပိုအလိုရှိပါတယ်။ အထီးကျန်ပြီး တသီးတခြားလိုဖြစ်နေရတဲ့လူတွေ
အတွက် သူ့ရဲ့ခံစားချက်ကို ရင်ဘတ်နဲ့နားထောင်ပေးမယ့် လူမျိုးကို
ပိုခင်တွယ်ပါတယ်။

မပြောသင့်တဲ့စကား
” ဈေးဝယ်ထွက်လိုက် (သို့) အရက်သောက်… ”
စိတ်ညစ်ရင် ဈေးဝယ်ထွက်၊ အရက်သောက်လိုက်ခြင်းဟာ စိတ်ညစ်စရာ
တွေ တစ်ဝက်လောက်လျော့ကျသွားပြီလို့ထင်ရပေမယ့် ပိုဆိုးစေပါတယ်။
အစပိုင်းမှာတော့ စိတ်သက်တောင့်သက်သာရှိပေမယ့် ကြာရှည်မခံပါဘူး။

‘စိတ်ပျက်ဖို့ကောင်းလိုက်တာ ..”
စိတ်ဓာတ်ကျနေတဲ့လူကို ဒီစကားပြောလိုက်ခြင်းဟာ နောက်ထပ်
အပူတစ်ပူထပ်ပေးလိုက်သလိုပါပဲ။ စိတ်ပျက်လို့ပြောပြနေကာမှ သင်ကပါ
စိတ်ပျက်တယ်လို့ထပ်ပြောရင် သူ့အတွက်ပိုပူလောင်ရပါတယ်။

”စိတ်ညစ်မနေနဲ့..နင့်ထက်ဆိုးတဲ့လူတွေမှ တစ်ပုံကြီး ”
ချစ်သူ၊ ကျောင်းသင်ခန်းစာ ၊ အိမ် ၊အလုပ်နဲ့ ငွေရေးကြေးရေး ..အစရှိသဖြင့် များစွာသောကိစ္စတွေကြောင့်
စိတ်ဓာတ်ကျရတာမျိုးတွေဖြစ်တတ်ပါတယ်။ တစ်ခုသတိထားရမှာက
စိတ်ဓာတ်ကျနေတဲ့လူအတွက် အခြားလူတွေရဲ့အခြေအနေကို ထပ်ပြီး
သတိထားကြည့်ဖို့ ခက်ခဲပါတယ်။ သူ့စိတ်ခံစားချက်နဲ့ သူဆောက်တည်ရာ
မရဖြစ်နေချိန် အခြားလူကိစ္စတွေကိုသွားပြောမနေပါနဲ့။

လေယာဉ်နဲ့ခရီးဝေးစီးသွားတဲ့အခါသက်တောင့်သက်သာဖြစ်စေမဲ့နည်းလမ်းလေးတွေကိုသင်သိပြီးပြီလား…










Unicode

လေယာဉ်လေးနဲ့သွားရတာပဲ မသက်သာစရာရှိပါ့မလားလို့ မထင်လိုက်ပါနဲ့….လေယာဉ်နဲ့ပဲသွားသွား ကားနဲ့ပဲသွားသွား ဘာနဲ့သွားသွားခရီးကြာကြီးစီးရရင်တော့ သက်တောင့်သက်သာဖြစ်ဖို့ဆိုတာ ခက်ပါတယ်။

ဒါကြောင့် လေယာဉ်နဲ့ ခရီးစဉ်ဝေးဝေးကိုပဲဖြစ်ဖြစ် နီးနီးသွားတဲ့သူပဲဖြစ်ဖြစ် လေယာဉ်ပေါ်ကကာလမှာ သက်တောင့်သက်သာနဲ့လိုက်ပါစီးနှင်းနိုင်အောင် ဒီလိုအရာလေးတွေကို ဗဟုသုတရစရာအနေနဲ့သိထားသင့်ပါတယ်…

(၁) ခန္ဓာကိုယ်ကို သက်ထောင့်သက်သာနဲ့ဖော့ဖော့လေးထိုင်ပါ( ကိုယ်ကြီးလိမ်းစောင်းပြီး ထိုင်တာမျိုးရှောင်ပါ)

(၂) လေယာဉ်ပေါ်မှာ အစာစားပြီးရင် အိမ်သာလည်းမှန်မှန်တတ်အောင်ကြိုးစားပါ(မရရင်ဝမ်းပျော့ဆေးသုံးပါ) အထိုင်များတာကြောင့် ဝမ်းလေချုပ်ပြီးမအီမလည်အဖြစ်မခံပါနဲ့

(၃) မျက်လုံးအုပ်တဲ့ Mask ယူသွားပါ။ ကိုယ်အိပ်ချင်တဲ့ အချိန် အုပ်ပြီးသက်တောင့်သက်သာအိပ်လို့ရပါတယ်။

(၄) ကိုယ်ပိုင်ရေဘူးနဲ့ အဆာပြေမုန့်တစ်ချို့ကို အချိန်မရွေးစားသုံးလို့ရအောင်ဆောင်ထားပါ။

(၅) လန်းလန်းဆန်းဆန်းတက်တက်ကြွကြွနေပါ။

(၆) ကျောမှီ Seat Pad လေးတွေကိုအသုံးပြုပြီး ခါးနဲ့နောက်ကျောကိုသက်တောင့်သက်သာထိုင်ပါ။

(၇) ထိုင်ရုံကြီးပဲထိုင်မနေပဲပေါ့ပေါ့ပါးပါး လက်လွှဲခေါင်းလွှဲလေ့ကျင့်ခန်းမျိုးလေးတစ်ခုကို လုပ်ဆောင်ပေးပါ။

မိန်းကလေးတစ်ယောက်ကို ဘာလို့လေးစားတန်ဖိုးထားသင့်သလဲ

မိန်းကလေးဆိုတာ ယောက်ျားလေးတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အလင်းရောင်ခြည်တစ်ခုပါ။ မိန်းကလေးဆိုတဲ့ မိခင်တွေ ၀မ်းဗိုက်နဲ့ခက်ခက်ခဲခဲလွယ်ပြီး မွေးဖွားခဲ့လို့ ကိုယ်တွေအခုလိုအသက်ရှင်နေနိုင်တာပါ( ယောကျာ်းလေးရဲ့ကြိုးစားမှုမပါဘူးမပြောဘူးနော် 

 

မိန်းကလေးတစ်ယောက်ရဲ့တန်ဖိုးဆိုတာ အပျိုဘ၀မှာသူ့မိဘရဲ့ ဆုံးမသွန်သင်မှုအပေါ်မူတည်ပြီးတန်ဖိုးတတ်သလို ဇနီးမယားဘ၀မှာလည်း ယောကျာ်းရဲ့ တန်ဖိုးထားမှုပေါ်မူတည်ပြီး တန်ဖိုးရှိတဲ့မိန်းမသားအဖြစ်နေထိုင်ရတာပါ။ ဒီလိုပဲ ချစ်သူရည်းစားဘ၀မှာလည်းဒီမိန်းကလေးဘ၀ကံကောင်းတယ်မြင့်မားတယ် ဆိုတာ ကိုယ့် ရဲ့ချစ်သူအမျိုးသား ပေါ်မှာအများကြီးမူတည်ပါတယ်။




Unicode

မိန်းကလေးဆိုတာ ယောကျ်ားလေးတိုငး်အတွက် မရှိမဖြစ်လိုအပ်တဲ့ အလင်းရောင်ခြည်တစ်ခုပါ။ မိန်းကလေးဆိုတဲ့ မိခင်တွေ ဝမ်းဗိုက်နဲ့ခက်ခက်ခဲခဲလွယ်ပြီး မွေးဖွားခဲ့လို့ ကိုယ်တွေအခုလိုအသက်ရှင်နေနိုင်တာပါ( ယောကျား်လေးရဲ့ကြိုးစားမှုမပါဘူးမပြောဘူးနော်  )

မိန်းကလေးတစ်ယောက်ရဲ့တန်ဖိုးဆိုတာ အပျိုဘဝမှာသူ့မိဘရဲ့ ဆုံးမသွန်သင်မှုအပေါ်မူတည်ပြီးတန်ဖိုးတတ်သလို ဇနီးမယားဘဝမှာလည်း ယောကျား်ရဲ့ တန်ဖိုးထားမှုပေါ်မူတည်ပြီး တန်ဖိုးရှိတဲ့မိန်းမသားအဖြစ်နေထိုင်ရတာပါ။ ဒီလိုပဲ ချစ်သူရည်းစားဘဝမှာလည်းဒီမိန်းကလေးဘဝကံကောင်းတယ်မြင့်မားတယ် ဆိုတာ ကိုယ့် ရဲဲ့ချစ်သူအမျိုးသား ပေါ်မှာအများကြီးမူတည်ပါတယ်။

မိန်းကလေးတွေက တစ်ခါတစ်လေတစ်ဖက်စွန်းရောက်တတ်ပါတယ်။ ချစ်သွားပြီပတ်သတ်မိသွားပြီ သံယောဇဉ်ငြိတွယ်သွားပြီဆိုရင် ကိုယ်ချစ်တဲ့သူတွေအပေါ်ဘာပဲလုပ်ရလုပ်ရ လုပ်ပေးဖို့အဆင်သင့်ဖြစ်နေတတ်ကြတဲ့အမျိုးပါ။

ပြီးတော့စိတ်ထားနူးညံ့ဆုံးသောလူသားတွေပါ။ မိန်းမတိုင်းမှာ ပျိုပျိုအိုအို မိခင်စိတ် ကြင်နာတတ်တဲ့စိတ်အပြည့်ရှိတတ်ကြပြီးသားပါ။

ကိုယ့်ပတ်ဝန်းကျင်ကမိန်းကလေးတွေတင်မက ဘယ်မိန်းကလေးကိုမှမရိုမသေတန်ဖိုးမထားအလေးနက်မရှိမဆက်ဆံမိပါစေနဲ့။ မိန်းကလေးတိုင်းကသူ့တန်ဖိုးနဲ့သူရှိပြီးသားပါ။ စစရာနောက်စရာသရော် လှောင်ပြောင်စရာ လိုသဘောထားပြီး စလိုက်တဲ့ ကိုယ့်ရဲ့အပြုမူတွေ တန်ဖိုးမထားပဲအော်ငေါက်မိလိုက်တာတွေ နှိမ်ချိုးပြီးပြောဆိုလိုက်မိတာတွေ ပြောမယ်ကြံတိုင်း တန်ဖိုးထားတဲ့စိတ်လေးနဲ့ ဆင်ခြင်နိုင်ပါစေ…

ကိုယ်ဘယ်လောက်လုပ်ပေးပေးလူစုံရင်ကိုယ်ဘယ်လောက်ပျင်းကြောင်းပြောပြောပြတတ်တဲ့ မာမီမားသားတွေရှိတတ်ကြတယ်





Unicode

တစ်ခြားမာမီတွေတော့ မသိ မင်မင် မာမီကတော့ ဘာတွေဘယ်လောက်လုပ်ပေးပေး လူစုံရင် ပြောနေကြစကားက ဒီကောင်မလေးကသိပ်ပျင်းတာ ဆိုတာကြီးပဲ :-/

ကဲ အသွင်တူ အဆင်းတူ ခံစားချက်ခြင်းတူတဲ့ သူငယ်ချင်းတွေရှိရင်တော့ ပြီးဆုံးတဲ့အထိတိုက်ကြည့်ပြီး ဘယ်လောက် ယူတို့အဖြစ်နဲ့တူလည်းတိုက်ကြည့်လိုက်ကြနော်…

တကယ်တော့ မိဘဆိုတာ သားသမီးအပေါ်အမြဲ စိတ်ကောင်းပဲထားတတ်ကြတာပါ။ ဒါပင်မဲ့ အပြောကတော့ ခပ်ဆိုးဆိုးရယ် အထူးသဖြင့်အမေတွေပေါ့ သူတို့စိတ်ထဲချစ်ပါရဲ့နဲ့လည်းသိပ်ပြီးချစ်မပြဘူး။ သူတို့စိတ်ထဲကိုယ်လုပ်ပေးတာတွေကို ကျေနပ်နေပါရက်နဲ့လည်း အမလေးတော်ပါအေ ဆိုတာနဲ့ နိဂုံးချုပ်တတ်ကြတာ။ သူတို့ကိုယ့်အကြောင်းကိုပြောပြီးဆိုကတည်းက ဘယ်သူနဲ့ပြောပြောကိုယ်ကငပျင်းလေးကိုဖြစ်နေရော…

ဒီလိုအမေတွေရှိရင်သူတို့တွေကို အပြစ်မမြင်ပဲ ပိုချစ်ပေးလိုက်ကြပါ။ အပြောသာဆိုးနေပင်မဲ့ကိုယ်က အမေကလဲ ဆိုပြီးချွဲလိုက်တာနဲ့ရင်ထဲပန်းတွေဝေသွားတတ်ကြတာပါ။ ကိုယ်ကပါးလေးကိုင်လိုက် နှာဖူးလေးနမ်းလိုက်လုပ်ကြည့်ပါလား သွားစမ်းပါအေ မထိတထိနဲ့အသည်းယားအောင်မလုပ်စမ်းပါနဲ့ ကလေးကုလားနဲ့လို့ဆိုတတ်ပင်မဲ့ရင်ထဲ တော့ကြည်နူးနေတတ်ကြတာပါ။ ကဲ ဒီလိုအပြောလေးတွေနဲ့ ခပ်မာမာပွစိပွစိလုပ်တတ်တဲ့မေမေတွေကို ပိုင်ဆိုင်ထားတဲ့ Trend ပရိတ်သတ်ကြီးဘယ်နှစ်ယောက်လောက်ရှိမလဲ…

ကိုယ့်လုပ်ရပ်တိုင်းကို နောင်တကင်းစေဖို့










Unicode

လူတိုင်းနောင်တရမှာကို ကြောက်တတ်ကြတယ်ဆိုတာ သေချာပါတယ်။ လုပ်ချင်တာလုပ်လိုက်တဲ့ အချိန်မှာသာ ပျော်ရင်ပျော်မယ် နောင်တရရင်တော့ အသေအကြေခံစားတတ်ကြတာလူ့သဘာဝလို့ ဆိုရမှာပါပဲ။

ဒီတော့ ကိုယ့်ဘဝမှာဘယ်အရာပဲ လုပ်လုပ် နောက်ဆုံး မအောင်မြင်ပဲ မှားသွားပါတယ်ဆိုရင်တောင် နောင်တကင်းကင်းနဲ့ ကိုယ့်စိတ်လေး Free ဖြစ်နေစေဖို့ အတွက် ဘယ်လို Try သင့်သလဲ????

တစ်စုံတစ်ခုကို မလုပ်ခင်မှာ….

တစ်စုံတစ်ခုကို မလုပ်ခင်မှာ ဒီအရာကို ကိုယ်လုပ်ဖို့ရည်ရွယ်လိုက်တာဟာ ဘာကြောင့်လဲ၊ ဘယ်လိုရည်ရွယ်ချက်ကြောင့်ကိုယ်ဒီအရာကိုလုပ်မှာလဲ? တကယ်ရောစိတ်အားထက်သန်တဲ့အရာလားဆိုတာကိုတွေးပြီးမှလုပ်ပါ။

တစ်စုံတစ်ခုကို လုပ်ပြီးသွားတဲ့အချိန်…

လုပ်ပြီးချိန်မှာ ကိုယ်လုပ်ခဲ့ပြီးပြီး ဘယ်လိုအခြေနေမျိုးပဲဖြစ်ဖြစ်ကိုယ်လုပ်ခဲ့လိုက်တဲ့အရာအတွက် အမြဲ တာဝန်ယူနိုင်တယ်ဆိုတဲ့စိတ်လေးထားပါ။

တစ်စုံတစ်ခုကို လုပ်ပြီးလို့ Result ထွက်လာတဲ့အချိန်မှာ…

တစ်စုံတစ်ခုကိုလုပ်ပြီးလို့ ကိုယ်လုပ်လိုက်တဲ့အရာဟာ ကောင်းတဲ့ Result ထွက်မလာလည်း ဒီအရာပေါ် ကိုယ်ကြိုးစားခဲ့တာတွေ ပြန်တွေးပြီးဘယ်နေရာလိုသွားလည်းဘာတွေချို့ယွင်းသွားလည်းဆိုတဲ့ အဖြေကိုပြန်တွေးတတ်ဖို့ပဲလိုပါတယ်။

ဒီလိုနေတတ်ရင်တော့သင့် ဘဝမှာ အရင်ကထက်နောင်တတွေလျော့လာမှာအသေချာပါပဲ…

အိမ်ထောင်ကျပြီး ကလေးမယူတာဟာ အပြစ်တစ်ခု မဟုတ်ပါ

ယောင်္ကျားယူပြီး ကလေးမွေးကိုမွေးရမယ်ဆိုတဲ့ ကိစ္စဟာ တယူသန်ဆန်လွန်းပါတယ်။ နှစ်ဦးစလုံးက ကလေးလိုချင်တာမျိုး မဟုတ်ပဲ အိမ်ကမိဘတွေကြောင့် စီးပွားရေးအဆင်မပြေပဲ ကလေးယူလိုက်ရတယ်ဆိုတာမျိုး၊ ဒါမှမဟုတ် ကိုယ်က ကလေးမယူချင်ပဲ ယောင်္ကျားကအတင်းယူမယ်ဆိုလို့ ယူလိုက်ရတာမျိုးတွေဟာ ခုလို ခေတ်ကြီးထဲမှာ မရှိသင့်တော့ပါဘူး။ ကိုယ်က လိုလိုလားလားမရှိပဲ၊ ဒါမှမဟုတ် ကလေးယူဖို့အတွက်တောင် အချိန်မပေးနိုင်လို့၊ စသဖြင့် အခက်အခဲတွေ ရှိနေတယ်ဆိုရင်တော့ ကလေးမယူပဲ အိမ်ထောင်ရေးကို ပိုအဆင်ပြေအောင် ညှိုနှိုင်းနေထိုင်သင့်ပါတယ်။ ကိုယ့်သဘောမပါပဲ တစ်ဦးတစ်ယောက်ကြောင့် ကလေးယူရတဲ့အဖြစ်မျိုးတော့ အရောက်မခံပါနဲ့။ ဒီတော့ ကလေးမယူတာဟာ အပြစ်တစ်ခုမဟုတ်သလို အောက်မှာဖော်ပြထားတဲ့အချက်တွေအတိုင်းဆိုရင်တော့ ကလေးယူဖို့ကိစ္စကို သေချာစဉ်းစားသင့်ပါပြီ။

၁။ဒါကိုယ့်ခန္ဓာကိုယ်၊ ဒါကိုယ့်ဘ၀ပါ။

ကိုယ့်စိတ်ဆန္ဒပါမှ ကလေးယူပါ။ ကိုယ့်ဘ၀ကို ကိုယ့်စိတ်တိုင်းကျ ဖန်တီးပါ။ ဒီကလေးဟာ ကိုယ်တိုင်ဝမ်းနဲ့လွယ်ပြီး မွေးဖွားရမှာဖြစ်တာမို့ ကိုယ်တကယ်ကို လိုချင်တော့မှ ယူပါ။

၂။သင်ဟာ သိပ်အလုပ်ရှုပ်တဲ့သူလားဆိုတာ စဉ်းစားပါ။

တစ်နေ့တစ်နေ့ မနားရအောင် အလုပ်လုပ်ရတယ်။ နားရတဲ့အချိန်က အိပ်ချိန်လောက်ပဲ ရှိတယ်ဆိုရင် ဒီလိုလူမျိုးဟာ ကလေးယူဖို့ သေသေချာချာကို စဉ်းစားသင့်တဲ့အခြအနေပါ။

၃။သင်ဟာ လက်ရှိဘ၀လေးကို ကျေနပ်ပျော်ရွှင်တယ်။

ခုလက်ရှိဘ၀လေးဟာ သာယာတယ်။ ဘာအပူအပင်မှ မရှိဘူး။ ကိုယ့်ရဲ့ နေ့စဉ်ဘ၀လေးကို ကျေနပ်နေတယ်လို့ ခံစားမိရင် ကလေးယူခါနီး စဉ်းစားပါ။ ကလေးယူလိုက်မယ်ဆိုရင် ဒါတွေဟာ ပြောင်းလဲသွားနိုင်တယ်ဆိုတာကို စဉ်းစားပါ။

၎။ကလေးယူဖို့အတွက် ကိုယ့်အမျိုးသားကလွဲပြီး တခြားသူတွေ ဖိအားပေးခြင်းမျိုး လက်မခံပါနဲ့။

ကိုယ်နဲ့ကိုယ်ခင်ပွန်း နှစ်ယောက်ကြား ညှိထားတာက တစ်မျိုး၊ ဒါပေမယ့် တစ်ခြားအပြင်လူတစ်ယောက်ရဲ့ ဖိအားကြောင့် ကလေးမဖြစ်မနေ ယူလိုက်ရတာမျိုးဆို၇င် ကလေးရလာတဲ့အခါ စိတ်မတည်ငြိမ်တော့တာမျိုး၊ ကိုယ့်ဆုံးဖြတ်ချက်ကြောင့် မဟုတ်ဘဲ တစ်ခြားတစ်ဦးတစ်ယောက်ကြောင့် ဆိုတဲ့ အသိကြောင့်ပါ စိတ်ညစ်စရာတွေ ကြုံလာနိုင်ပါတယ်။

၅။ကလေးမမွေးတာကြောင့် လူရာမ၀င်ဘူးလို့ ထင်စရာ မလိုပါဘူး။

ယောင်္ကျားယူထားပြီး ကလေးမမွေးတာကြောင့် လူတွေက ကိုယ့်ကို ထင်ချင်သလို ထင်ကြပါစေ။ ဒါဟာကိုယ့်ဘ၀မို့ ကိုယ့်စိတ်ထဲရှိတဲ့အတိုင်း နေထိုင်တာ အကောင်းဆုံးပါပဲ။

၆။သင်ဟာ အဆင်သင့်မဖြစ်သေးဘူးဆိုရင် ကလေးမယူသင့်သေးပါဘူး။

ကိုယ့်အသက်က ငယ်လွန်းနေတယ်။ ဒါမှမဟုတ် ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ အစစအရာရာ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ယူဆရင် မျက်လုံးစုံမှိတ်ပြီး ကလေးယူလိုက်တာမျိုးတွေဘာတွေ မလုပ်ပါနဲ့။

၇။ကလေးတစ်ယောက်မွေးတော့မယ်ဆိုရင် ကုန်ကျစရိတ်တွေနဲ့ အနာဂတ်ကိုပါ ထည့်တွက်ပါ။

ကလေးယူချင်တာပဲ သိတယ်။ ကလေးမွေးပြီးတဲ့အခါ ဘယ်လို ပြုစုပျိုးထောင်ရမယ်ဆိုတာလည်း မသိဘူး။ ၀င်ငွေဆိုတာကလည်း လောက်လောက်ငှငှ မရှိသေးဘူးဆိုပါတော့။ ဒီလိုအချိန်မျိုးမှာ ကလေးယူဖို့ မစဉ်းစားသင့်သေးပါဘူး။

Ref:cosmopolitan.com