Category Archives: အချစ်ရေး
အမျိုးသားတွေဆီမှာ အမျိုးသမီးတွေ ရှာဖွေတတ်တဲ့ အရည်အချင်း (၅) ခု
မိန်းကလေးတွေအတွက် အရေးကြီးတာက သူတို့ လက်တွဲတဲ့ အမျိုးသားမှာ ဟာသဥာဏ်ရှိပြီး သူမကို အရယ်မောနေအောင် လုပ်နိုင်ဖို့ လိုပါတယ်။ အမျိုးသမီးတွေက လူရှေ့သူရှေ့မှာ ရယ်စရာဟာသ တစ်ခုခုကို ပြောဆိုတတ်တဲ့ ယောက်ျားလေးမျိုးကို သဘောကျပြီး ယေဘုယျအားဖြင့် ပျော်ပျော်နေချင်ကြပါတယ်။
၎။ ဗဟုသုတကြွယ်ဝခြင်း
Source: Menxp
Unicode
အရပ်အမောင်းရှည်တာ၊ အသားညိုတာ၊ ရုပ်ရည်ချောမောတာတွေအပြင် အမျိုးသမီးတွေဟာ ယောကျ်ားလေးတွေကို အကဲခတ်တိုင်းတာတတ်တဲ့ အရည်အချင်းတွေ အများကြီးရှိပါတယ်။ သင့်ဆီမှာ အဲဒီအရည်အချင်းတွေ ဘယ်လောက်ရှိသလဲ ကြည့်ရအောင်။
၁။ သင်ဟာ ပျော်ပျော်နေတတ်တဲ့ သူဖြစ်ခြင်း
မိန်းကလေးတွေအတွက် အရေးကြီးတာက သူတို့ လက်တွဲတဲ့ အမျိုးသားမှာ ဟာသဉာဏ်ရှိပြီး သူမကို အရယ်မောနေအောင် လုပ်နိုုင်ဖို့ လိုပါတယ်။ အမျိုးသမီးတွေက လူရှေ့သူရှေ့မှာ ရယ်စရာဟာသ တစ်ခုခုကို ပြောဆိုတတ်တဲ့ ယောကျ်ားလေးမျိုးကို သဘောကျပြီး ယေဘုယျအားဖြင့် ပျော်ပျော်နေချင်ကြပါတယ်။
၂။ မားမားမတ်မတ်ရပ်တည်နိုင်ခြင်း
အမျိုးသမီးတွေက ဆုံးဖြတ်ချက်ခိုင်မာတဲ့ ယောကျ်ားကို မလိုချင်ကြပါဘူး။ သူတို့က သူတို့အတွက်သာမဟုတ်ဘဲ အများအတွက်ပါ ရပ်တည်ပေးနိုင်တဲ့ ယောကျ်ားကို လိုချင်ကြတယ်။ တစ်ခုခုဆို ယောင်လည်လည်လုပ်တတ်တဲ့သူမျိုးကို သဘောမကျကြပါဘူး။ အချိန်အချကျရောက်လာလို့ အမှန်တရားအတွက် ရပ်တည်ရမယ့်အချိန်မှာ အဲ့ဒီတာဝန်ကို လုပ်ဆောင်နိုင်သူတစ်ဦးကိုသာ သူတို့ လိုချင်ကြတာပါ။
၃။ နားထောင်မှုစွမ်းရည် အပြည့်အဝရှိခြင်း
ဘဝဆိုတာ ရှည်လျားလှတဲ့ လမ်းခရီးတစ်ခုပါ။ အခါတလေမှာ အမျိုးသမီးတွေ တောင့်တတတ်တဲ့ တစ်ခုတည်းသောအရာက သူတို့စကားကို နားထောင်ပေးတဲ့သူ ဖြစ်ပါတယ်။ သူတို့ အမှားတွေကို လိုက်ထောက်နေရမှာ မဟုတ်ဘဲ လက်ခံ နားထောင်ပေးဖို့သာဖြစ်ပါတယ်။ ဒီအရည်အချင်းကို လျော့မတွက်လိုက်ပါနဲ့။ အရမ်းအရေးကြီးတဲ့ အရည်အချင်းတစ်ခုနော်…ကိုယ့်လူ။
၄။ ဗဟုသုတကြွယ်ဝခြင်း
ဗဟုသုတကြွယ်ဝနေမှုဟာ အမျိုးသမီးတွေ အလေးထားတဲ့ နောက်ထပ် အရည်အချင်းတစ်ခုဖြစ်ပါတယ်။ သူတို့ရင်ခုန်တဲ့သူက အားကစား၊ ကမ္ဘာ့အရေး၊ သမိုင်း၊ တေးဂီတ၊ စက်ရုံအလုပ်ရုံဆိုင်ရာ ဗဟုသုတ စတဲ့ လက်ရှိ ကမ္ဘာမှာဖြစ်ပျက်နေတဲ့ သတင်းမျိုးစုံ သိစေချင်ကြတယ်။ အခုခေတ်မှာ အမျိုးသမီးအားလုံးလိုလို ယောကျ်ားတွေမှာ ရှာဖွေတတ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ အဲဒီအချက်ဟာလည်း ယောကျ်ားတွေကို တထူးတခြား ဆွဲဆောင်မှုရှိစေတဲ့ အရည်အချင်း တစ်ရပ်လည်းဖြစ်ပါတယ်။
၅။ အမျိုးသမီးတွေကို အလေးထားခြင်း
အမျိုးသမီးမျိုးတွေအပေါ် လေးစားမှုထားသင့်ပါတယ်။ သူတို့ကို ယောကျ်ား၊ မိန်းမလို့ ခွဲခြားပြီး သဘောမထားသင့်ဘဲ တန်းတူဆက်ဆံသင့်ပါတယ်။ အမျိုးသမီးရဲ့ စိတ်ကူးအိမ်မက်တွေ၊ ကိုယ်ရေးကိုယ်တာတွေကို တန်ဖိုးထားပြီး လွတ်လပ်မှုရအောင် ဖန်တီးပေးသင့်ပါတယ်။ ရှေ့ရေးအတွက် အသက်မွေးကျောင်းလုပ်ငန်းတွေ ရွေးချယ်ဆုံးဖြတ်ရာမှာ အထောက်အကူပေးသင့်ပါတယ်။ သူမကိုု တန်ဖိုးထားတယ်၊ ချစ်တယ်လို့ ခံစားလာအောင် လုပ်ပေးပြီး သူမရှေ့မှာ အပြုအမူတွေကို ဂရုစိုက်သင့်ပါတယ်။
Source: Menxp
အထာကျကျလမ်းခွဲကြမယ် (လမ်းခွဲစကားဘယ်လိုပြောကြမလဲ…..)
တစ်ယောက်နဲ့တစ်ယောက်အမှန်တကယ်ပက်သက်ဆက်နွယ်နေပြီး သင့်ဘက်က လက်ထပ်ဖို့ထိအရှည်ကြီးတွေးထားပြီးမှ လမ်းခွဲဖို့ဖြစ်လာတာမျိုးကြုံဖူးကြလား။ တစ်စုံတစ်ယောက်နဲ့ရင်းနှီးပြီးမှ ကွဲကွာရမယ်..ပြီးတော့အဲဒီ့စီရင်ချက်ကိုချမှတ်ရမယ့်သူကလည်းကိုယ်ပဲဖြစ်နေတဲ့အခါ ခံစားချက်ကြီးကတစ်မျိုးကြီးပါ။ အကြောင်းတစ်ခုခုကြောင့်သင့်ချစ်သူနဲ့ သေချာပေါက်လမ်းခွဲမှဖြစ်တော့မယ်ဆိုရင်တော့ နှစ်ဦးနှစ်ဖက် မျက်နှာမပျက်အောင်နဲ့ ခံစားရသက်သာအောင် တည်တည်ငြိမ်ငြိမ်လေးလမ်းခွဲတတ်ဖို့လိုပါတယ်။ သူ့ကို ဘယ်လိုလမ်းခွဲစကားပြောရမလဲဆိုတာက ဘာကြောင့်လမ်းခွဲချင်တာလဲဆိုတာနဲ့ တိုက်ရိုက်ပက်သက်ပါတယ်။ သင်မကြိုက်တာတွေထပ်တလဲလဲလုပ်လို့ ဘယ်လိုမှထပ်ပြီးအခွင့်အရေးမပေးချင်လောက်အောင်စိတ်ပျက်သွားတာလား။ ဒါမှမဟုတ် သင်ကိုယ်တိုင်ကအသစ်တွေ့နေလို့ လမ်းခွဲချင်တာလား။ ဘာမှမဟုတ်ပဲဒီတိုင်းနေရင်းနဲ့ကို မပျော်တော့ဘူးဖြစ်လာလို့တစ်ယောက်တည်းနေချင်တာလား။ မချစ်တော့လို့လား။ အကြောင်းအရင်းကိုသေချာသိပြီိဆိုရင်တော့ လမ်းခွဲစကားပြောလို့ရပါပြီ။
လူကိုယ်တိုင်ပြောပါ
Message နဲ့လမ်းခွဲတာတွေဖုန်းနဲ့လမ်းခွဲတာတွေက သတ္တိနည်းရာကျပါတယ်။ကိုယ်က ရာဇဝင်လူဆိုးကို ဘဲတော်ထားမိလို့ တွေ့ပြီးလမ်းခွဲရင်ဟိုက ဓားထိုးပက်စက်လိုက်မှာကြောက်လို့ ကားတင်ပြေးမှာစိုးလို့ဆိုရင်တော့တစ်မျိုးပေါ့နော်။ မဟုတ်ရင်တော့ လူတွေ့ပြီးလမ်းခွဲတာက တစ်ဖက်သားကိုလေးစားရာကျသလို ပိုပြီးတော့ပြတ်သားစေပါတယ်။ ကြားခံနယ်တစ်ခုခုကလမ်းခွဲတဲ့အခါ သူကလည်း အပြင်မှာတွေ့ရင်စိတ်ပြောင်းဦးမှာပါဆိုပြီး တွေ့ဖို့ကြိုးစားတာတွေလုပ်နိုင်ပါတယ်။
ပြတ်ပြတ်သားသားကြေငြာပါ
ငါတို့လမ်းခွဲကြမလား၊ငါတို့လမ်းခွဲရအောင် ဆိုပြီး တိုင်ပင်တဲ့သဘောသက်ရောက်တဲ့စကားတွေထက် ငါနဲ့နင်နဲ့ပြတ်ပြီ၊ငါနင်နဲ့ဆက်မတွဲနိုင်တော့ဘူး ဆိုတာမျိုး ကိုယ့်ဆုံးဖြတ်ချက်ကိုကြေငြာတာကပိုထိရောက်ပါတယ်။ အယူခံဝင်ခွင့်ကိုပါပယ်ချလိုက်တာပါ။ ဟ ဘာလို့လဲဘာညာဆိုမှ အောက်ကအချက်တွေဆက်လုပ်ပါ။
အေးအေးလူလူအသိပေးပါ
နင်ငါနဲ့လုံးဝလာမပက်သက်နဲ့တော့ ဘာညာဗြူးဗြဲလုပ်တာတွေက ဓားနဲ့ထိုးခံရမယ့်အကွက်တွေပါ။ ဘာကြောင့်လမ်းခွဲချင်တာဆိုတာသေချာရှင်းပြပါ။ ဒီတိုင်းဟတ်ကော့ကြီးထားခဲ့တာထက်စာရင် အကြောင်းအရင်းလေးပြောခဲ့တော့ သူ့အနေနဲ့လည်းခံစားရသက်သာမှာပါ။ကိုယ်တစ်ချိန်ကချစ်ခဲ့ဖူးတဲ့လူကို ကြင်ကြင်နာနာဆက်ဆံပါ။ ဘယ်လိုကဘယ်လိုဖြစ်လို့ ငါတို့ရှေ့လျှောက် အဆင်မပြေလောက်တော့ဘူး။ ဝမ်းနည်းပါတယ်ပေါ့။ (နောက်လည်း အဆက်အသွယ်ဖြတ်ပြီးခြေရာလည်းပျောက်ရေလည်းနောက်လုပ်မယ့်အတူတူ သူလည်းလိုက်မရှာနေအောင် သေချာပြတ်ပြတ်သားသားပြောခဲ့ပါ။)
အေးအေးလူလူပြောတယ်ဆိုတာ အိညှောင့်အိညှောင့်ပြောခိုင်းတာမဟုတ်ပါဘူး။ ခပ်ယဲ့ယဲ့ပုံနဲ့သွားပြောနေရင်တော့ ဟိုကမူနေတယ်ပဲထင်သွားပါလိမ့်မယ်။ အေးအေးဆေးဆေးနဲ့ပြတ်ပြတ်သားသား သူ့မျက်လုံးတွေထဲကိုစိုက်ကြည့်ပြီးပြောပါ။သင်သူ့ကိုလုံးဝမချစ်တော့ဘူးဆိုတာ သူအသေအချာသိသွားပါစေ။
ပွင့်ပွင့်လင်းလင်းပြောပါ
အဖေကဘာဖြစ်လို့ အမေကဘာဖြစ်လို့ သူငယ်ချင်းတွေကဘာပြောလို့ ရောဂါဖြစ်နေလို့ နိုင်ငံခြားသွားမှာမို့လို့ ဆိုတာတွေက တစ်ဖက်သားကိုပိုခံစားရအောင်သက်သက်ကြီးညှဉ်းဆဲရာကျပါတယ်။ အသစ်တွေ့နေလို့ နင့်ကိုလမ်းခွဲပြီးမှ သူနဲ့တွဲလို့ရမှာမို့လို့ဆိုတာမျိုးက တစ်ခွန်းတည်းနဲ့ထိရောက်ပါတယ်။ နောက်ဆုံးပြောတဲ့စကားမှာ အလိမ်အညာတွေနဲ့မထားခဲ့ပါနဲ့။ တွဲလာတဲ့တစ်လျှောက်လုံးကိုယ်လိမ်လာခဲ့တာတွေ များရင်တောင်မှ နောက်ဆုံးစကားကိုတော့ အမှန်အတိုင်းသိခွင့်ပေးသင့်ပါတယ်။
လမ်းခွဲပြီးရင်နောက်ပြန်မလှည့်ပါနဲ့။မဟုတ်ရင်အဲဒီ့လူကိုသင်ဘယ်သောအခါမှ လမ်းခွဲလို့ရတော့မှာမဟုတ်ပါဘူး။ ဆေးယဉ်သွားတဲ့တီဘီပိုးတွေလိုပဲ ဘဝတစ်လျှောက်လုံးဒုက္ခပေးနေတော့မှာပါ။ ကိုယ်စိတ်ဆင်းရဲလွန်းလို့ လမ်းခွဲဖူးတဲ့လူကို စိတ်ပြန်လည်တာက အရင်တစ်ခေါက်ကဒဏ်ရာတွေကိုမေ့သွားလို့ပါ။ သံသရာမရှည်ပါစေနဲ့။ သူ့ဘက်ကတွယ်ကပ်နေလည်း စိတ်ယိုင်တဲ့အမူအရာမပြပါနဲ့။ ကြာရင်သူလည်းသဘောပေါက်သွားပါလိမ့်မယ်။ ဘယ်သူကမှဘယ်သူ့ကို တစ်သက်လုံးမချစ်နိုင်သလို ကိုယ့်ကိုမချစ်တော့တဲ့လူကို အချိန်တွေအကြာကြီးတွယ်ကပ်မနေနိုင်ပါဘူး။
အထာကျကျလမ်းခွဲနိုင်ကြပါစေ…
အချိန်တွေပြောင်းသွားလည်း ရင်ခုန်သံတွေမပြောင်းလဲစေဖို့
ချစ်သူစုံတွဲတွေကြားအဓိကဖြစ်နေတဲ့ပြဿနာကတော့ တွဲတာကြာလာတဲ့အခါ ရိုးသွားတာပါပဲ။ ချစ်တယ်ဆိုတာတောင်ရှိသေးရင်မချစ်တော့ဘူးဆိုတာလည်းရှိမှာပဲမဟုတ်လား။ နှစ်ပေါင်းကြာလာတဲ့အခါ… တစ်နှစ်လောက်ပဲတွဲမိပါစေဦး၊တစ်နှစ်ဆိုတဲ့အချိန်ထိ အေးအတူပူအမျှ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်၊အသေသတ်လိုက် ပြန်ခေါ်သွားကြလိုက်နဲ့ တွဲထားတဲ့လက်တွေမပြတ်ဖို့ဆိုတာလွယ်တာမှမဟုတ်တာပဲ။ဒီိတော့ ကိုယ်တစ်သက်လုံးလက်တွဲသွားတော့မယ်လို့ဆုံးဖြတ်ထားတဲ့လူနဲ့တွေ့တဲ့အခါ အချိန်တွေကြာလာတာနဲ့အမျှ သူ့ကိုမဆုံးရှုံးရစေဖို့ ကိုယ့်ဘက်ကသတိထားရမှာတွေရှိတာပေါ့နော်။ အဓိကက ကိုယ်သူ့ကိုလက်ထပ်ဖို့ဆုံးဖြတ်ဖူးတယ်ဆိုတာပါပဲ။ခုချိန်မှာ ကိုယ့်စိတ်ကဘယ်လိုပဲဖြစ်နေပါစေ၊သူ့ကိုပဲလက်ထပ်တော့မှာလို့ စိတ်ဒုံးဒုံးချထားဖူးတဲ့သူဆိုရင် လုံးဝလက်မလွှတ်ပါနဲ့။ နွေမိုးဆောင်းပြောင်းလဲသွားလည်း ရင်ခုန်သံတွေမပြောင်းလဲစေဖို့ သတိထားရပြီးအားစိုက်ထုတ်ရမယ့်အချက်လေးတွေကတော့…
စိတ်ပျက်ရတာတွေကိုလက်ခံပါ
စိတ်ပျက်တယ်ဆိုတာဖြစ်နိုင်တာပဲလို့သိထားပေးရင်ရပါပြီိ။ ဘယ်သူကမှပြီးပြည့်စုံနေတဲ့သူမဟုတ်ပါဘူး။တစ်ခါတစ်လေ ကိုယ့်စိတ်နဲ့ကိုယ်တောင်လွန်ဆွဲနေတာ၊တစ်ယောက်တည်းနဲ့တည့်အောင်နေဖို့တောင်ဒီလောက်ခက်တာ သူများကကိုယ့်စိတ်နဲ့တည့်အောင်လိုက်နေဖို့ဆိုတာဘယ်လွယ်မှာလဲ။သူလည်းကြိုးစားနေတာပဲမို့ကိုယ့်ဘက်က စိတ်ရှည်ပေးရပါမယ်။မုန်းနေတဲ့သူတွေမှမဟုတ်တာ ချစ်နေတာပဲကို။
ငြီးငွေ့တာကိုကြံ့ကြံ့ခံပါ
သူ့ဝတ်ပုံစားပုံတွေကလည်းဘာမှန်းမသိ၊ပြောတဲ့စကားတွေကလည်း အပ်ကြောင်းထပ်နေပြီ၊ရယ်သံကအစပျင်းဖို့ကောင်းသွားတာ..ဒါတွေကတွဲတာကြာတဲ့စုံတွဲတိုင်းဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စပါ။လူတွေက တစ်ယောက်နဲ့တစ်ယောက်သိပ်ပြီးရင်းနှီိးသွားကြတဲ့အခါ ငါဘာပြောလိုက်ရင်သူကတော့ဘာပြန်ပြောမှာပဲဆိုတာမျိုး ကြိုပြီးမှန်းလို့ကရနေပါတယ်။ဒီလိုဆိုတော့ သိပ်ပြီးစိတ်လှုပ်ရှားစရာမရှိတော့ဘူးပေါ့။တွဲစကလို ငါ ဒီလိုပြောလိုက်ရင်သူတော့စိတ်ဆိုးသွားမလားဆိုတာမျိုး စိတ်ခုန်ရတဲ့ကိစ္စတွေကမရှိတော့ နည်းနည်းတော့ပျင်းဖို့ကောင်းသွားတာပေါ့။ဒါပေမယ့် ပျင်းတယ်ဆိုပြီး လွယ်လွယ်လေးထားခဲ့လို့မရတဲ့အထဲမှာကိုယ်ချစ်တဲ့သူလည်းတစ်ခုအပါအဝင်ပါပဲ။ အစကတော့သူ့ကိုမှမရရင်သေရပါတော့မယ်ဆိုပြီး သေမလိုရှင်မလိုဖြစ်ခဲ့တဲ့ အချိန်တွေကိုပြန်တွေးကြည့်ပါဦး။
ရင်ခုန်စရာအခိုက်အတန့်တွေကို ပြန်လည်ဖန်တီိးယူပါ
ချစ်သူတွေဖြစ်စကတော့ အရာရာက ရိုမန်းတစ်နေတော့တာလေ ဘာမှအထွေအထူးလုပ်ယူစရာမလိုပဲနဲ့ကို  သူ့ကိုမြင်လိုက်တာနဲ့အလိုလိုကိုရင်တွေခုန်လာတာမျိုး (ဤတွင် Admin ၏ ခံစားချက်တွေထည့်ရေးနေတယ်လို့မထင်စေလိုပါ) နည်းနည်းကြာလာလို့ရင်ခုန်သံတွေအေးစက်လာချိန်မှာ ပြန်လည်ပူနွေးစေမယ့် အခိုက်အတန့်လေးတွေဖန်တီးယူပါ။ချစ်စခင်စက အတူသွားဖူးတဲ့နေရာတွေပြန်သွားကြည့်တာတို့ အတူကြည့်ဖူးတဲ့ရုပ်ရှင်တွေပြန်ကြည့်တာတို့ပေါ့။surprise ဆိုတဲ့ အရာတွေဖန်ဆင်းပေးနိုင်ရင်ပိုအဆင်ပြေပါလိမ့်မယ်။
တစ်ခါရန်ဖြစ်ပြီးတိုင်း သူ့ရဲ့ချစ်ဖို့ကောင်းတဲ့အချက်ငါးချက်ကိုချရေးထားပါ
ဘယ့်နှာကြီးတုံး။ရန်ဖြစ်ထားပါတယ်ဆိုမှ ချစ်ဖို့ကောင်းတာတွေကတွေးမိပါ့မလား။မုန်းစရာတွေပဲတန်းစီထွက်လာမှာပေါ့။ဟုတ်ပါတယ်။ဒါပေမယ့် သူနဲ့ရှေ့ဆက်မြဲချင်တယ်ဆိုရင် ဒီနည်းကအထောက်အကူပေးပါလိမ့်မယ်။သူ့ရဲ့ချစ်ဖို့ကောင်းတဲ့အချက်တွေ သူကိုယ့်အတွက်အနစ်နာခံဖူးတာတွေငါးချက်လောက်တွေးပြီးချရေးထားပါ။ရေးရင်းနဲ့ သူ့အပေါ်စိတ်ပြေလာပြီး ရန်ဖြစ်ရတဲ့အကြောင်းရင်းတွေကိုလည်းမှန်မှန်ကန်ကန်သုံးသပ်နိုင်ပါလိမ့်မယ်။ ချရေးစရာ ကောင်းကွက်တစ်ကွက်မှမရှိဘူးဆိုရင်တော့ ဒီလိုလူမျိုးဘာလို့အစကတည်းကတွဲနေမိပါလိမ့်ဆိုပြီးကိုယ့်နဖူးကိုယ်သာနာနာထုပါလေ။
အသစ်အဆန်းတစ်ခုခု အတူတူလုပ်ကြည့်ပါ
အသစ်အဆန်းဝါသနာပဲဖြစ်ဖြစ် ရေအတူတူသွားကူးတာ၊ဘတ်တံအတူရိုက်တာ ဒါမှမဟုတ်လည်း စာအတူတူဖတ်တာ၊နှစ်ယောက်လုံးတစ်ခါမှမရောက်ဖူးတဲ့နေရာတစ်ခုခုအတူတူသွားတာမျိုးလုပ်ကြည့်ပါ။ ဒါက နှစ်ယောက်စလုံးရဲ့စိတ်ကိုကြည်နူးစေပြီး တွယ်တာမြတ်နိုးမှုတွေပိုမိုမြဲမြံလာစေပါတယ်။
ချစ်ဖူးကြတဲ့သူတွေ ချစ်မြဲချစ်နေနိုင်ကြပါစေလို့ ဆုတောင်းရင်း…
ခုချိန်ထိလက်ခံယုံကြည်ထားဆဲအချစ်ဒဿနတွေက တကယ်တမ်းကျ အသုံးမ၀င်…
Unicode
တစ်ခါတစ်လေ ကိုယ်တွေငယ်ငယ်လေးကတည်းကသိလာတဲ့အစွဲဟာ မှားနေရင်တောင်ဖျောက်ရခက်တာတွေရှိပါတယ်။ဒီလိုပါပဲ အချစ်နဲ့ပတ်သက်ပြီးကိုယ်တွေလက်ခံယုံကြည်ထားပေမဲ့ တကယ်တမ်းကျတော့ အသုံးမဝင်တာတွေရှိပါတယ်။ကိုယ်တွေက လက်ခံယုံကြည်ပြီးကျင့်သုံးတဲ့အခါမှာတော့ အနည်းငယ်လွဲမှားမှုတွေဖြစ်ကုန်တော့တာပါပဲ။ဒီတော့ ဘယ်လိုအယူအဆ၊ဒဿနတွေက မှားယွင်းနေလဲဆိုရင်…
*ဆန့်ကျင်ဘက်ဖြစ်နေတာက ပိုပြီးဆွဲဆောင်မှုအားကောင်းတယ်
သူများနဲ့မတူ ထူးခြားနေတဲ့လူကို လူတွေက ပိုပြီးစိတ်ဝင်စားတတ်တာအမှန်ပါ။ဒါပေမဲ့တကယ်တမ်းချစ်ကြပြီဆိုရင်တော့ ကိုယ်နဲ့အကျင့်စရိုက်ချင်း၊စိတ်ထားချင်းတူညီတဲ့သူကိုပဲချစ်သွားတတ်ကြတာ မမေ့ပါနဲ့။ကိုယ့်ရဲ့ပင်ကိုယ်ပုံစံအတိုင်း ကိုယ်ချစ်တဲ့သူကို ချဉ်းကပ်တာအကောင်းဆုံးပါ။
*ပြောင်းလဲပစ်နိုင်တယ်လို့ယုံကြည်ထားကြတယ်
ကိုယ့်ကိုချစ်ရင် ပြောင်းလဲမှာပဲဆိုတာ သူ့ဘက်ကစိတ်မပါရင်အလကားပါပဲ။ပြောင်းလဲဖို့ကြိုးစားချင်တဲ့စိတ်မရှိတဲ့သူဟာ ကိုယ်ဘယ်လောက်ပြောပြောနှစ်တွေဘယ်လောက်ကြာကြာပြောင်းလဲမှာမဟုတ်ပါဘူး။ကိုယ်နဲ့ချစ်သူတွေဖြစ်ရင်၊ကိုယ်နဲ့လက်ထပ်ပြီးရင်ပြောင်းလဲယူလို့ရမှာပဲဆိုတဲ့အတွေးကိုမေ့လိုက်ပါ။ကိုယ်ဘယ်လောက်ပဲကြိုးစားပြောငး်လဲ ပြောင်းလဲ တစ်ဦးတစ်ယောက်ချင်းရဲ ့အကျင့်စရိုက်တွေ၊စိတ်သဘောထားတွေ၊ရွေးချယ်မှုတွေ၊အမူအကျင့်တွေကိုပြောင်းလဲလို့မရပါဘူး။
*ကိုယ့်လက်တွဲဖော်က အားလုံးပြည့်စုံနေရမယ်
မိန်းကလေးတစ်ချို့က ဒီစံသတ်မှတ်ချက်ကြီးကို ကိုင်စွဲနေတုန်းပါ။တကယ်တေ့ာ မိန်းကလေးတိုင်းလိုလို ကိုယ့်ချစ်သူလက်တွဲဖော်က အားလုံးပြီးပြည့်စုံနေတာလိုချင်ကြတာပါပဲ။ဒါပေမဲ့ ဒီလိုစံသတ်မှတ်ချက်ကြီးနဲ့တိုင်းတာရွေးချယ်နေတဲ့အချိန် သင့်အပေါ်တကယ်ကောင်းပေးနိုင်တဲ့သူ၊နားလည်ပေးနိုင်တဲ့သူကိုလက်လွှတ်လိုက်ရနိုင်တယ်ဆိုတာ မမေ့ပါနဲ့။ချစ်သူစုံတွဲဆိုတာ တစ်ယောက်လိုအပ်ချက်တစ်ယောက်ဖြည့်ဆည်းပေးလို့ တစ်ယောက်ကိုတစ်ယောက်နားလည်မှုနဲ့ရှေ့ဆက်ရတာမျိုးပါ။
*အချစ်မှာ သက်တမ်းကုန်ဆုံးရက်ရှိတယ်
တကယ်တမး်စစ်မှန်တဲ့အချစ်ကိုပိုင်ဆိုင်ထားတယ်ဆိုရင်သက်တမ်းကုန်ဆုံးရက်ဆိုတာ ဘာမှန်းတောင်သိမှာမဟုတ်ပါဘူး။တစ်ယောက်ကိုတစ်ယောက်အမြဲဂရုစိုက်နေတယ်။တစ်ယောက်အမြင်တစ်ယောက်ဖလှယ်တယ်။တစ်ယောက်ပြဿနာ တစ်ယောက်ဝိုင်းကူဖြေရှင်းပေးတယ်ဆိုရင် အဲ့ဒီစုံတွဲရဲ့အချစ်ရေးက သက်တမ်းကုန်ဆုံးရက်၊မချစ်တော့တဲ့တစ်နေ့ဆိုတာ ရှိပါတော့မလား။လမ်းခွဲပြတ်စဲကြတယ်ဆိုတာ တစ်ယောက်ကိုတစ်ယောက်တကယ်လည်းမချစ်သလို အဲ့လူက ကိုယ့်အတွက်မှန်ကန်တဲ့လူမဟုတ်တာကြောင့်လည်းပါပါတယ်။ဒီတစ်ယောက်နဲ့လွဲတိုင်း၊ချစ်သူရည်းစားတွေပြတ်စဲတာမြင်တိုင်း အချစ်ဆိုတာ သတ်မှတ်ရက်ရောက်ရင်ကုန်ဆုံးသွားတဲ့အရာလို့မယူဆစေချင်ပါဘူး။
*မြင်မြင်ချင်းအချစ်ဆိုတာရှိတယ်
မြင်မြင်ချင်းအချစ်ဆိုတာ တကယ်တော့မရှိပါဘူး။ဒါပေမဲ့ မိန်းကလေးတစ်ယောက်က ယောကျာ်းလေးတစ်ယောက်ကိုသဘောကျဖို့ဆိုရင်တောင်အချိန် ၄၅စက္ကန့်ယူရပါတယ်။တစ်ခါတည်းမြင်ပြီးကြိုက်သွားတာမဟုတ်ပဲ ၄၅စက္ကန့်အတွင်းကြိုက်သွားတာမျိုးကို မြင်မြင်ချင်းအချစ်ဆိုတာထက် အချိန်ခဏလေးအတွင်းပေါက်ဖွားလာတဲ့အချစ်လို့ပြောရင်ရမယ်ထင်ပါတယ်။လူတစ်ယောက်ကိုကြိုက်သွားဖို့ အချိန် ၄၅စက္ကန့်၊အကြည့် ၆ချက် အနည်းဆုံးလိုအပ်တယ်လို့ လေ့လာသူကျွမ်းကျင်ပညာရှင်တွေက ရှာဖွေတွေ့ရှိထားခဲ့တာပါ။
စံသတ်မှတ်ချက်တွေ၊အယူအဆတွေကိုမေ့ပြီး ကိုယ့်ရဲ ့ခံစားချက်အစစ်အမှန်၊ပုံရိပ်အစစ်အမှန်နဲ့သာအချစ်ကိုရှာဖွေပါ
Credit – Treand Myanmar
လုံခြုံစိတ်ချရတဲ့ ချစ်သူဘဝရအောင် ဘယ်လိုတည်ဆောက်ယူကြမလဲ
အချိန်ယူပါ
အနေအထိုင်ဆင်ခြင်ပါ
အတိတ်ဆိုတဲ့နေရာမှာ သူငယ်ငယ်က အနိုင်ကျင့်ခံရဖူးတာတို့ဘာတို့ကအစ အချစ်ဦးအတွက်ဘယ်လိုအနစ်နာခံပေးဖူးတယ်ဆိုတာတွေရော Facebook ရဲ့ On this day မှာတက်လာတဲ့ memories တွေပါပါဝင်ပါတယ်။တချို့ကရှိသေးတယ်၊ကိုယ်နဲ့မတွေ့ခင်တစ်နှစ်ကတွဲခဲ့တဲ့သူအကြောင်း Facebook မှာတင်ထားတာတွေပြန်တွေ့ရင် သဝန်တွေကောက်တိုပြီး သူ့ကိုကျတော့ အဲ့လိုတွေတင်ပေးတယ်၊ငါနဲ့ကျတော့မတင်ပေးဘူး၊သူ့ကိုပိုချစ်တာမဟုတ်လား ကနေစပြီး ခုထိချစ်နေတုန်းပဲမဟုတ်လား ဆိုတာရော နောက်ဆုံး..သွား အဲ့မိန်းမဆီပြန်သွားလိုက်တော့ဆိုတာနဲ့ အဆုံးသတ်လေ့ရှိကြပါတယ်။ ဒီတော့ ပြီးခဲ့တာတွေကိုပြန်အစဆွဲထုတ်ပြီးရစ်မယ့်အစား ရှေ့လျှောက်တွဲလက်တွေမြဲအောင်ဘယ်လိုနေကြရင်ကောင်းမလဲဆိုတာမျိုး တိုင်ပင်နေတာက အချိန်ကိုအကျိုးရှိစွာအသုံးချခြင်းမဟုတ်ဘူးလား။
အကောင်းမြင်ဝါဒထားပါ
Unicode
လုံခြုံစိတ်ချရတဲ့ခံစားမှုဆိုတာ ပင်လယ်ကမ်းခြေမှာလိုှုင်းစီးနေရင်းအောက်ကခြေထောက်လွတ်သွားလည်း ကိုယ့်ကိုယ်ကယ်မယ့်သူအဆင်သင့်ရှိနေတယ်ဆိုတဲ့ အားကိုးယုံကြည်မှုမျိုးနဲ့ ဘယ်အရာကိုလုပ်လုပ််ရဲတင်းနေခြင်းပါ။ ဒါက ပိုက််ဆံကပေးတဲ့ စိတ်ချရမှု၊ကိုယ်ကာယအားကြီးသန်မာခြင်းကပေးတဲ့ စိတ်ချရမှုတွေနဲ့တော်တော်လေးကွာပါတယ်။သူ့ထက် ရုပ်ရည်အားဖြင့်အပုံကြီးအားနည်းနဲ့ လူတစ််ယောက်ကိုလက်ထပ်ယူလိုက်တဲ့ အစ်မတစ်ယောက််ကို မေးကြည့်ဖူးတယ်။ဘာကြောင့် ဒီလူကိုယူလိုက်တာလဲပေါ့။ သူဖြေတဲ့အဖြေကစဉ်းစားစရာပဲ။ ပြီးတော့ လက်ခံနိုိင်စရာပဲ။သူ့ဘက်ကတော့ ငါ့ကိုဘယ်တော့မှစပြီး လမ်းခွဲမသွားဘူး ပစ်မသွားဘူးဆိုတဲ့ ခံစားချက်က အရမ်းကိုစိတ််လုံခြုံမှုရစေတယ်တဲ့။ စိတ်လုံခြုံမှုဆိုတာ အေးချမ်းမှု၊ပျော်ရွှင်မှုနဲ့ စိတ်ချလက်ချဖြစ်မှုတွေရောစပ်ထားတဲ့ခံစားချက်ပါ။သိပ်ကိုကံကောင်းတဲ့လူတွေမှ ရနိုင်တဲ့ ခံစားချက်မျိုးပေါ့။ ထားပါတော့။ဒီလိုနှစ်ဦးနှစ်ဖက်အပြန်အလှန်စိတ်လုံခြုံမှုရစေတဲ့ ကြည်နူးသာယာတဲ့ ချစ်သူဘဝမျိုးပိုင််ဆိုင်ဖို့ဘယ်လိုကြိုးစားကြမလဲဆိုတာလေးတွေဖော်ပြပေးထားပါတယ်။
အချိန်ယူပါ
အဓိကကတော့အချိန်ပါပဲ။အချိန်တွေအကြာကြီးတွဲလာတဲ့စုံတွဲတွေမှာ အပြန်အလှန်ယုံကြည်စိတ််ချမှုတွေပိုရှိကြတယ်။ချစ်သူဖြစ်စနှစ်လသုံးလမှာ သူကတော့ ငါ့ကိုဘယ်တော့မှ လမ်းခွဲမှာမဟုတ််တော့ပါဘူးဆိုတဲ့ခံစားချက်မျိုးဖြစ်လေ့ရှိကြပေမယ့် ဒါကတကယ့်စိတ်လုံခြုံမှုမဟုတ်ပါဘူး။ ဟော်မုန်းတွေတအားထွက်နေတဲ့အချိန််မှာဖြစ်ပေါ်တဲ့ မျက််ကန်းတစ္ဆေမကြောက်အချစ်မျိုးပါ။ အဲဒီ့အချိန်််မှာ ခန္ဓာကိုယ်က အောက်စီတိုဇင််လို့ခေါ်တဲ့ဟော်မုန်းတွေထုတ်လွှတ်မှုအားကောင်းနေတာမို့ သာမန်ရွက်ကြမ်းရေကျိုရုပ်နဲ့ သင့်ရည်းစားကိုလည်း လီမင်ဟိုထက်ချောတယ်ထင်ရင်ထင်နေနိုင်ပါတယ်။အပြစ်အနာအဆာတွေကိုရှာမတွေ့သေးတဲ့အချိန် တွေ့လည်းအသိအမှတ်မပြုပဲ ပြီးပြည့်စုံတယ်ပဲထင်နေတဲ့အချိန်ပေါ့။ တကယ့်တကယ်လုံခြုံစိတ်ချရတဲ့ခံစားမှုမျိုးရဖိုု့က အနည်းဆုံးအချိန်နှစ်နှစ်လောက်တော့လိုနုုိင်ပါတယ်။
အနေအထိုင်ဆင််ခြင်ပါ
စိတ်မကောင်းစရာပါပဲ။အနေအထိုင်ဆင်ခြင်တဲ့ကိစ္စဟာ ကိုယ််တစ်ယောက်တည်းနဲ့မပြီးပါဘူး။ တစ်ဖက်လူကလည်း ထပ်တူလိုက််လံလုပ်ဆောင်ပေးနိုင်မှပါ။စဉ်းစားကြည့်လေ။ကိုယ့်ချစ်သူက social ကျတယ်။ကောင်မလေးတွေနဲ့တရုံးရုံးတလုံးလုံးတထွေးထွေး အဲ့လိုဆိုရင်ဘယ်လောက်နှစ်တွေကြာလာလည်း ဘယ်သူက သူငါ့ကိုဘယ်တော့မှပစ်သွားမယ်မဟုတ်ပါဘူးလို့ယုံကြည်စိတ်ချနိုင်ပါ့မလဲ။
ပွင့်ပွင့်လင်းလင်းပြောဆိုဆက်ဆံပါ
ဒါကတော့ ချစ်သူစုံတွဲတိုိင်းလုပ်သင့်တဲ့အရာမို့ အကျယ်ပြောနေစရာလိုမယ်မထင်ပါဘူး။ အတိတ်ကတွဲခဲ့တဲ့သူတွေကအစ မိသားစုပြဿနာတွေအဆုံး ချစ်သူကိုပွင့််ပွင့်လင်းလင်းပြောဆိုတိုင်ပင်ပါ။လျို့ဝှက်ချက်ထားတယ်ဆိုတာ Facebook account password ကလွဲလို့မကောင်းပါဘူး။ A little secret is sexy ဆိုပေမယ့် a lot of secrets can kill your relationship slowly ပါ။ မဖြစ်စလောက်လျို့ဝှက်ချက်လေးတွေက ကိစ္စမရှိဘူးလိုု့ထင်ရပေမယ့် လျို့ဝှက်ချက်သေးသေးလေးတွေကစုပေါင်းပြီး လျို့ဝှက်ချက်အကြီးကြီးတစ်ခုအသွင်ဖြစ်လာတဲ့အခါ သင့်ချစ်သူကို သင်နဲ့အဝေးဆုံးကိုတွန်းပို့လိုက်ပါလိမ့်မယ်။
အတိတ်ကိုအတိတ်မှာထားခဲ့ပါ
အတိတ််ဆိုတဲ့နေရာမှာ သူငယ်ငယ်က အနိုင်ကျင့်ခံရဖူးတာတို့ဘာတို့ကအစ အချစ်ဦးအတွက်ဘယ်လိုအနစ်နာခံပေးဖူးတယ်ဆိိုတာတွေရော Facebook ရဲ့ On this day မှာတက်လာတဲ့ memories တွေပါပါဝင််ပါတယ်။တချို့ကရှိသေးတယ်၊ကိုယ်နဲ့မတွေ့ခင်တစ််နှစ််ကတွဲခဲ့တဲ့သူအကြောင်း Facebook မှာတင်ထားတာတွေပြန််တွေ့ရင် သဝန်တွေကောက််တိုပြီး သူ့ကိုကျတော ့အဲ့လိုတွေတင်ပေးတယ်၊ငါနဲ့ကျတော့မတင်ပေးဘူး၊သူ့ကိုိပိုချစ်တာမဟုတ်လား ကနေစပြီး ခုထိချစ်နေတုန်းပဲမဟုတ်လား ဆိုတာရော နောက်ဆုံး..သွား အဲ့မိန်းမဆီပြန်သွားလိုက်တော့ဆိုတာနဲ့ အဆုံးသတ်လေ့ရှှိကြပါတယ်။ ဒီတော့ ပြီးခဲ့တာတွေကိုပြန််အစဆွဲထုတ်ပြီးရစ်မယ့်အစား ရှေ့လျှောက််တွဲလက်တွေမြဲအောင်ဘယ်လိုနေကြရင််ကောင်းမလဲဆိိုတာမျိုး တိုင်ပင်နေတာက အချိန််ကိုအကျိုးရှိစွာအသုံးချခြင်းမဟုတ်ဘူးလား။
ပြဿနာကိုမီးခွက်ထွန်းပြီးမရှာပါနဲ့
တစ်ခါတစ်လေ ချစ်သူဘဝဟာ သိပ်ကိုသာယာဖြောင့်ဖြူးနေပြီး နေသာလေလာတဲ့နေ့ရက်တွေချည်းဖြတ်သန်းနေရတဲ့အခါ ပျင်းလာတာတို့ သူချစ်မှချစ်သေးရဲ့လားတို့ တောင်တောင်အီအီတွေလျှောက်တွေးပြီး မရှိတဲ့ပြဿနာကိုရှာတာ၊တစ်ဖက်လူသဝန်တိုအောင်တမင်နေထိုင်ပြတာမျိုးတွေမလုပ်မိပါစေနဲ့ ။ပြောပါပေရဲ့နော်။အဲ့ဒီ့အပြုအမူတွေဟာ အခန့်မသင့်ရင် အချိန််တွေအကြာကြီးချည်နှောင််ထားတဲ့ကြိိုးတွေကို ကတ်ကြေးထက်ထက်နဲ့ဖြတ်လိုက်သလို တိခနဲပြတ်သွားစေပါတယ်။
အကောင်းမြင်ဝါဒထားပါ
ဒါကတော့ တစ်ယောက်ထဲပဲနေနေ ချစ်သူပဲရရ လက်ကိုင်ထားကျင့်ကြံသင့်တဲ့အရာတစ်ခုပါ။သင့့်ချစ်သူကို အလကားနေရင်သံသယမျက််လုံးနဲ့လိုက်ကြည့််နေခြင်းက သင့်ကိုလည်းပူလောင်စေသလိုသင့်ချစ်သူကိုလည်း အသက်ရှုကျပ်စေပါတယ်။ကြာရင်ပင်ပန်းလာပြီး သင်နဲ့ဝေးရာကိုသူသေချာပေါက်ထွက်သွားပါလိမ့်မယ်။ဒါကြောင့် ဘာပဲဖြစ်ဖြစ် ရှင်းပြတာကိုနားထောင််တာ သူများဘက်ကဖြည့်တွေးပေးတာတွေက သင့်စိတ်ကိိုအေးချမ်းစေပြီး သင့်ချစ်သူကပိုချစ်တာလည်းခံရစေမှာပါ။
တကယ်တမ်းမှာ လုံခြုံစိတ်ချရတဲ့ချစ်သူဘဝမျိုးရဖို့မကြိုးစားခင် တည်မြဲတဲ့အချစ်ရေးရဖို့ အရင်ကြိုးစားရမယ့်အဆင့်ကိုတောင် မကျော်ဖြတ်နု်ိင်သေးသူတွေအများကြီးမို့ တစ်ခုခုအဆင်မပြေတိုင်း စိတ်ဓာတ်မကျပါနဲ့။မနက်ဖြန်ပေါင်းများစွာရှိနေပါသေးတယ်လို့…
သင့်ချစ်သူဟာ စိတ်ရောဂါသည်တစ်ယောက်ဆိုတာပြနေတဲ့အချက်တွေ
စိတ်ရောဂါဝေဒနာရှင်ဆိုတာ ယပ်တောင်ကြီးနားရွက်မှာထိုးပြီးသီချင်းတွေအော်ဆိုနေမှ စိတ်ရောဂါရှင်မဟုတ်ပါဘူး။အတွင်းထဲမှာလူမသိသူမသိစိတ်ရောဂါရှိနေတာမျိုးလည်းဖြစ်နိုင်ပါတယ်။ အချို့လူတွေမှာ စိတ်ရောဂါအနုစားရှိနေတာတွေလည်းဖြစ်တတ်ပါတယ်။ပုံမှန်ပဲဘာမှမထူးခြားဘူးဆိုပေမယ့် နည်းနည်းလေးတော့ စိတ်မူမှန်ဖို့ခက်ခဲနေတာတွေလည်းဖြစ်တတ်ပါတယ်။ စိတ်မငြိမ်တာကလည်းစိတ်ရောဂါပါပဲ။ ဒီတော့ သင့်ချစ်သူက စိတ်မငြိမ်တာလား၊စိတ်ရောဂါအနုစားရှိနေတာလား၊သင့်အတွက်အန္တရာယ်ရှိနိုင်လားဆိုတာဆန်းစစ်နိုင်စေဖို့ အနီးကပ်သတိထားကြည့်မှမြင်ရမယ့်စိတ်ရောဂါလက္ခဏာတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။
သူ့ရည်းစားဟောင်းတွေနဲ့ သူငယ်ချင်းဆက်ဖြစ်နေသေးတယ်
ဟုတ်ပါတယ်။ရည်းစားဟောင်းဆိုတာမျိုးက ဘယ်လိုမှကိုဆက်ဆံဖို့မကောင်းတော့တဲ့ဝါးပြီးသားပီကေပါ။ဆေးပညာသုတေသနပြုချက်တွေအရ ရည်းစားဟောင်းတွေနဲ့ သူငယ်ချင်းဆက်ဖြစ်နေတဲ့သူတွေဟာ စိတ်မူမမှန်သူတွေဖြစ်ကြပါတယ်။တချို့ကတော့ အကျိုးပြုစရာတွေမကင်းရာမကင်းကြောင်းတွေရှိနေလို့ ဆက်ဆံပြောဆိုနေရတာတွေရှိပါတယ်။ဒါပေမယ့်အဲ့ဒီ့လိုမဟုတ်ပဲ အလွတ်ကြီးကိုမှ သူငယ်ချင်းဖြစ်နေသေးတာဆိုရင်တော့ စဉ်းစားစရာပါပဲ။
သင်ကပဲအမြဲစချော့နေရတယ်
ဘာအမှားမှမလုပ်ပဲလိုက်လိုက်ချော့နေရတာကြီးကတော်တော်တော့ မုန်းစရာကောင်းပါတယ်။တစ်ခါနှစ်ခါကနေ အမြဲလိုလိုသင်ကချည်းလိုက်ချော့နေရပြီ၊ကိုယ်မှားလည်းချော့ သူမှားလည်းချော့ဆိုရင်တော့ တစ်ခုခုတော့မှားနေပါပြီ။ Relationship တစ်ခုဆိုတာက အပေးအယူမျှတရမှာပါ။ အယူချည်းပဲရှိပြီိး အပေးမရှိဘူးဆိုရင်တော့ အဲ့ဒီိ့လူရဲ့စိတ်အခြေအနေကပုံမှန်မဟုတ်ဘူးပဲပြောရမှာပါ။
သူကစိတ်ငြီးငွေ့လွယ်တယ်
သူ့ကိုသတိထားကြည့်ပါ။ဆိုင်တစ်ဆိုင်ဆိုင်မှာထိုင်လို့ ရှမ်းခေါက်ဆွဲမှာပြီးမှစိတ်ပြောင်းသွားပြီဆိုပြီး တို့ဟူးနွေးပြောင်းစားတာတို့ဘာတို့လုပ်ရင် သင်လည်းသတိထားပါ၊တစ်ချိန်ချိန်မှာသင့်ကိုလည်းစိတ်ပြောင်းသွားပြီဆိုပြီး ရှမ်းခေါက်ဆွဲလိုမထားခဲ့ဘူးလို့မပြောနိုင်ပါဘူး။နောက်တစ်ခုက အကြိုက်ခဏခဏပြောင်းတာပါ၊ဒီနေ့ဒီသီချင်းကြိုက်ပြီးနောက်နေ့ဟိုသီချင်းကြိုက်တယ်ဆိုတာမျိုးအကြိုက်တွေက ဖျတ်ခနဲဖျတ်ခနဲပြောင်းနေတာမျိုးဆိုရင်တော့ ဒါကစိတ်မူမမှန်တဲ့အထဲပါသွားပါပြီ။
ရည်မှန်းချက်ပန်းတိုင်မရှိဘူး
အနာဂတ်မှာဘာဖြစ်ရမယ်၊ဘယ်အရွယ်ရောက်ရင်ဘာဖြစ်ရမယ်ဆိုတာမျိုးရည်မှန်းချက်တွေ စိတ်ကူးအိပ်မက်တွေမရှိဘူး။သင်နဲ့အတူနှစ်ယောက်တစ်အိပ်မက်မက်ဖို့မပြောနဲ့ သူ့ဟာသူတောင်အိပ်မက်မရှိတဲ့သူ။ဘဝကိုဖြစ်သလိုဖြတ်သန်းနေတဲ့သူ။ဒီိလိုလူမျိုးတွေမှာ စိတ်ကျရောဂါလိုမျိုးစိတ်ရောဂါတွေခိုအောင်းနေတတ်တာများပါတယ်။ စိတ်ကျရောဂါရှိနေတဲ့သူတစ်ယောက်နဲ့တွဲမိနေလို့ကတော့ သင့်ကိုပါရောဂါကူးလာရုံအပြင်ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။သူတို့က ရေနစ်နေတာကို ကိုယ့်ဘာသာရေမကူးတတ်တဲ့အပြင်လာကယ်တဲ့သူကိုပါရေထဲဆွဲချတတ်သူတွေပါ။
လိမ်တတ်တယ်
လိမ်တာကိုဘယ်သူမှမကြိုက်ပါဘူး။ဘယ်သူမှလဲအလိမ်မခံချင်ကြပါဘူး။ လိမ်ထားတဲ့အရာက ကောင်းကောင်းဆိုးဆိုး အရေးပါပါမပါပါပါ။ စိတ်မူမမှန်တဲ့သူတွေက အာရုံစိုက်မှုအရမ်းကိုလိုချင်ပါတယ်။ဒါကြောင့် အသေးအဖွဲလေးတွေကအစ လိမ်နေတတ်တာပါ။ သူတို့က လိမ်ခြင်းအားဖြင့်ကိုယ့်ကိုယ်ကိုယ်ဖျော်ဖြေတာပါ။သင့်ချစ်သူက အသေးအမွှားလေးကအစ အမှန်မပြောတတ်ဘူးဆိုရင်တော့ သတိထားသင့်ပါပြီ။
Credit – Treand Myanmar
ပွေ့ဖက်ခြင်းတွေကနေ ပြောပြနေတဲ့ အဓိပ္ပာယ်လေးတွေ
အတွဲတွေကြားမှာ ချစ်လို့ဖက်သာ ဖက်နေပေမယ့် အဓိပ္ပာယ်လေးတွေသိထားတော့ ဖက်ရတာ
ပိုအရသာရှိတာပေါ့။ ဘယ်လိုဖက်ပုံဖက်နည်းတွေက ဘယ်လိုအဓိပ္ပာယ်တွေရှိလဲဆိုတာ ကြည့်လိုက်ရအောင် …
မွန်းကြပ်စေတဲ့ ပွေ့ဖက်ခြင်း
သင့်ရဲ့ချစ်သူက အတင်းကြပ်အောင်ပွေ့ဖက်ထားတယ်ဆိုရင် အဲ့ဒီနေ့မှာ သူ့အတွက် အဆင်မပြေမှုတွေ၊ စိတ်ပင်ပန်းမှုတွေရှိနေလို့ပါ။ ဒီလိုပွေ့ဖက်လာရင် သူ့ရဲ့စိတ်ဖိစီးမှုတွေကို အလိုက်တသိဖြေဖျောက်ပေးတတ်ပါစေ။
ပုံမှန် ပွေ့ဖက်ခြင်း
ဒါကတော့ တစ်ယောက်နဲ့တစ်ယောက်ကြား လေးစားမှုပြသတာမျိုးဖြစ်ပြီး အဲ့ဒီအခိုက်တန့်လေးမှာ
ရင်းနှီးမှုတွေပိုတိုးစေပါတယ်တဲ့။
အေးချမ်းတဲ့ ပွေ့ဖက်မှု
ပွေ့ဖက်ထားရင်း ခေါင်းလေးကိုပွတ်သပ်ပေးနေတဲ့ အဓိပ္ပာယ်ဟာ အားပေးနှစ်သိမ့်တဲ့ သဘောပါ။
ခက်ခဲတဲ့နေ့တွေမှာ ငါရှိတယ်.. ဘာမှမဖြစ်ဘူး.. အဆင်ပြေသွားလိမ့်မယ် ဆိုတဲ့အဓိပ္ပာယ်သက်ရောက်ပါတယ်။
သူငယ်ချင်း
ဒီလိုပွေ့ဖက်မှုမျိုးက သူငယ်ချင်းလိုခင်မင်မှုကိုလည်း ပြသလို နှစ်ယောက်ကြား လွတ်လပ်မှုတွေနဲ့
တည်ဆောက်ထားတဲ့ ဆက်ဆံရေး။ ချုပ်နှောင်မှုတွေကင်းတယ်လို့ အဓိပ္ပာယ်ရပါတယ်။
ကာကွယ်ခြင်း
ဒီလိုပွေ့ဖက်တာကို careless hug လို့လည်းခေါ်ပါတယ်။ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး။ မင်းကိုကာကွယ်ထားမယ်။ မင်းကိုပဲ ပွေ့ဖက်ချင်တယ်လို့ အဓိပ္ပာယ်ရပါတယ်။
နောက်သိုင်းဖက်ခြင်း
အနောက်ကနေ သိုင်းဖက်တယ်ဆိုရင် မင်းကိုလုံခြုံစေချင်တယ်။ သင့်ရဲ့ကောင်မလေးကို ဒီလိုအနောက်ကသိုင်းဖက်ပေးမယ်ဆို သင့်ရင်ခွင်ထဲမှာ သူမလုံခြုံသလိုခံစားရစေမှာပါ။
Credit – Treand Myanmar
ရှုပ်ထွေးလွန်းတဲ့ အချစ်မှာ အတ္တကို ရှေ့တန်းတင်မိရင်
အချစ်ဆိုတဲ့ အရာကတော့ ရှုပ်ထွေးလွန်းလို့ ဘယ်အရာမှ တကယ့်အချစ်စစ် ၊ အချစ်မှန်လဲဆိုပြီး
အဓိပ္ပာယ်မဖွင့်ချင်တော့ပါဘူး။ လူဆိုတာ ကိုယ်စီအတ္တတွေနဲ့ ကိုယ်မှန်တယ်ထင်ရင် ခေါင်းမာတတ်ကြတဲ့ အမျိုးတွေပါပဲ။ နောက်ဆုံးတော့ ငါဟာတစ်ယောက်တည်းပါလားဆိုတာ လက်ခံယူရမှာပါ။
နှမြောဖို့ကောင်းတာကတော့ ဒီလူဟာ မင်းအတွက်မှန်ကန်တဲ့ လက်တွဲဖော်လို့ ထင်နေပြီး သူ့အတွက် အချိန်တွေဖြုန်းမှန်းမသိ ဖြုန်းနေမိခဲ့တာပါပဲ။ တစ်ခါတစ်လေ မင်းဟာ သူ့အပေါ် တကယ်ချစ်ရဲ့လား ၊ မင်းရဲ့အတ္တကြောင့်လား ဆိုတာ ကိုယ့်ကိုကိုယ် ပြန်မေးသင့်ပါတယ်။
မသိစိတ်နဲ့ သိစိတ်က လွန်ဆွဲနေတတ်ပါတယ်။ သူ့ကိုချစ်တယ်လို့ ထင်ထားခဲ့ပေမယ့် တကယ်
တမ်းမှာ မင်းရဲ့လိုအပ်ချက်ကြောင့်ဆိုတာဖြစ်နေတတ်တယ်။ သူဟာ မင်းအပေါ်ဘယ်လောက်ဖြည့်ဆည်းပေးမလဲ၊ ဘယ်လောက်အချိန်ပေးမလဲဆိုတဲ့ အပေါ်မှာပဲသာယာနေပြီး မင်းဘက်က သူ့အပေါ် ပြန်ပြီးပေးဆပ်မှုမရှိတဲ့အခါ အပေးယူမမျှတတော့ဘူး။
Image result for broken couplee
လူတစ်ယောက်ရဲ့စိတ်ဆိုတာ အမျိုးမျိုးပြောင်းလဲနိုင်တယ်။ သူ့ကိုဘာလုပ်ရမယ်၊ ဘာဖြစ်ရမယ် ဆိုတဲ့ သတ်မှတ်ချက်တွေနဲ့ မင်းလိုက်မထိန်းချုပ်နိုင်ပါဘူး။ ချစ်ရင် ကိုယ့်ဘက်ကအကောင်းဆုံး ပေးဆပ်နိုင်ဖို့ပဲ စဉ်းစားပါ။ သူက မင်းအပေါ် သည်းမခံနိုင်တဲ့ ကိစ္စမျိုးတွေလုပ်လာတယ်။ ဒါကို လက်ခံမလား ။ လက်မခံနိုင်ဘူးလား ။ဒါဆို ကိုယ့်လမ်း ကိုယ်လျှောက်ဖို့သာစဉ်းစားပါ။ အသည်းကွဲလို့ မျက်ရည်ကျတာ တစ်ခါတည်းပဲ။ သူ့ကိုချစ်လို့ဆိုပြီး ကိုယ့်အတ္တကိုယ် အလိုလိုက်မိရင်တော့ အကြိမ်ကြိမ်အခါခါ မင်းငိုနေရမှာပါပဲ။
Related image
သူသာ တကယ်ချစ်ခဲ့မယ်ဆိုရင် မင်းရဲ့စိတ်ခံစားချက်တွေကို သူဂရုစိုက်မှာပါ။ ဘယ်သူမှ ကိုယ့်ကြောင့်မျက်ရည်ကျတာကို စိတ်ကောင်းမှာတော့မဟုတ်ဘူးလေ။ ဒီလောက်ထိ ခံစားရတာတောင်
ဘာမှမဖြစ်သလို အေးတိအေးစက်နေနိုင်တဲ့သူကို စိတ်ဆင်းရဲခံပြီး ဆက်တွဲမလား။ ဒီတော့ ကိုယ့်လမ်းကိုယ်ဖောက်ပြီး အနာဂတ်တွေကို မှေးမှိန်အောင် ဆက်မလုပ်ပါနဲ့တော့။ အချစ်စစ်ဆိုတာ
ဒီခေတ်ကြီးထဲ တကယ်ရှိ ၊ မရှိဆိုတာကတော့ ဝိုးတိုးဝါးတားပါပဲ။
သူသာတကယ်ချစ်ရင် ဒါတွေကိုတုံ့ဆိုင်းမနေပဲ သင့်အတွက်လုပ်ပေးမှာပါ..
အချစ်နဲ့ပတ်သတ်ပြီး ဘာဖြစ်ပါတယ် ၊ ညာဖြစ်ပါတယ်လို့တော့ အဓိပ္ပာယ်တွေ မဖွင့်ဆိုပြတော့ပါဘူး။ တကယ်တမ်း အချစ်ဆိုတဲ့ အရာကအဓိပ္ပာယ်ဖွင့်မရအောင် ရှုပ်ထွေးလွန်းပါတယ်။ သေချာတာတစ်ခုကတော့ လူတစ်ယောက်ဟာ အချစ်ဆိုတာအရာကို နက်နက်ရှိုင်းရှိုင်းခံစားမိပြီဆိုရင် ဒါတွေကိုလုပ်ဖို့ သူ့အတွက် ဝန်မလေးတော့ဘူး။ မတွန့်ဆုတ်တော့ဘူး။ တကယ်ချစ်လာပြီဆို သူ့အလိုလိုပြောင်းလဲလာတာလေးတွေ ရှိပါတယ်..
နားထောင်ပေးတယ်
နားထောင်တာနဲ့ ကြားရုံလေးကြားခြင်းမှာ ကွခြားချက်တွေအများကြီးရှိပါတယ်။ မင်းကိုမချစ်တဲ့လူက မင်းပြောတာကို ကြားနေတယ်ဆိုရုံလောက်သာ နားထောင်ပေးနေမှာဖြစ်ပါတယ်။ မင်းပြောနေတဲ့စကားတွေကို အလေးထား အာရုံစိုက်နားမထောင်နေပါဘူး။ တကယ်ချစ်တဲ့လူဟာ သင်ပြောတဲ့စကားကို အမြဲတမ်းသေချာနားထောင်ပေးပါတယ်။ ပြောတာကိုနားထောင်ပြီး အကြံဥာဏ်တွေပေးနိုင်တဲ့ လူမျိုးမှသာ သင့်အပေါ်တကယ်ချစ်တဲ့လူပီသပါတယ်။
ရန်ဖြစ်ပြီးရင်လည်း ပြန်တောင်းပန်ဖို့ဝန်မလေး
ရည်းစားစုံတွဲတွေမှ မဟုတ်ဘူး။ လူနှစ်ဦး နှစ်ယောက် ဆက်ဆံရေးမှာ စိတ်အခန့်မသင့်စရာ၊စကား ကတောက်ကဆများရတာလေးတွေရှိပါတယ်။ ချစ်တဲ့လူနဲ့ ဆက်ဆံတဲ့အခါ ရန်ဖြစ်ရတာတွေပိုများတာပေါ့။ မထင်မှတ်ထားတဲ့ အမူကျင့်ကြောင့် တစ်ယောက်က စိတ်ဆိုးပြီဆိုရင် တကယ်ချစ်တဲ့လူက ပြန်ချော့ဖို့လည်း ဝန်မလေးပါဘူး။ လူဆိုတာ ကိုယ်ချစ်တဲ့လူကြောင့်သာ စိတ်ဆိုးစိတ်ကောက်ဖြစ်ရတာပါ။ ကိုယ့်ကိုသူချစ်လို့ စိတ်ဆိုးတယ်ဆိုတာ သိနေရင် ဘာဖြစ်လို့ပြန်မတောင်းပန်နိုင်ရမှာလဲ ? သူ့ကို စိတ်ဆိုးတဲ့အတိုင်းပစ်ထားတော့မှာလား ? တကယ်ချစ်တဲ့လူကတော့ မြန်မြန်ပြေလည်သွားအောင်ပဲ ညှိယူကြပါတယ်။ အချိန်ကြာသွားရင် နှစ်ယောက်ကြား အဖုထစ်တွေဖြစ်သွားမှာ မလိုလားဘူးလေ။
အနစ်နာခံတတ်တဲ့စိတ်
တစ်ချို့ က တကယ်ချစ်လာရင် ပါးစပ်ကတဖွဖွမပြောပါဘူး။ အလုပ်နဲ့ပဲ သက်သေပြလိုက်ကြတယ်။ ချစ်ကြောင်းတဖွဖွပြောတယ်ဆိုတာ တစ်စိတ်တစ်ပိုင်းလောက်ပဲ အရေးပါတာပါ။ တစ်ခုခုဆို မင်းအတွက် သူအနစ်နာခံလိုက်တာတို့၊ သူ့အတွက် ဘာအကျိုးမှမရှိမှန်းသိပေမယ့် မင်းအတွက်ကောင်းမယ်ထင်လို့ သူ့လုပ်စရာတွေကို အချိန်ပြောင်းဖို့ အစီစဉ်တစ်ခုချလိုက်တာတို့ပေါ့။ သူ့အနစ်နာခံလိုက်လို့ မင်းပျော်သွားတာမြင်ရင် သူလည်း စိတ်ချမ်းသာတယ်။ ဘာမှတော့မဟုတ်ပေမယ့် ချစ်တဲ့စိတ်ကြောင့်သာ အရာရာဖန်တီးနိုင်တာပါ။
ဘာမဆို ရင်ဆိုင်ရဲ
တကယ်ချစ်တတ်လာပြီဆိုရင် မင်းအနားမှာပဲအမြဲရှိချင်ပြီး ဆုံးရှုံးရမှာကိုလည်း စိုးရိမ်လာတယ်။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် မင်းလက်ကို သူတွဲထားပြီး ရင်ဆိုင်သွားဖို့အသင့်ပါပဲ။ မင်းအတွက်ဆို သူတို့ဘာမဆို တိုက်ခိုက်ရဲတယ်။
မင်းရဲ့အောင်မြင်မှုအတွက် သူအမြဲဂုဏ်ယူ
မင်းရဲ့အောင်မြင်မှုကို ဂုဏ်ပြုဖို့ ဝန်မလေးဘူး။ အောင်မြင်နိုင်ဖို့အတွက် ဘာတွေလိုအပ်မလဲဆိုတာ ဘေးနားကကူညီပေးတယ်။ စိတ်ဓာတ်ခွန်အားတွေပေးတယ်။ အောင်မြင်လာပြီဆိုလည်း သူကိုယ်တိုင်အောင်မြင်သလိုပဲ ဝမ်းမြောက်ပေးတတ်တယ်။
အဆက်သွယ် ဘယ်တော့မှမပြတ်စေ
သင်ဘာလုပ်နေလဲ.. ဘယ်သူနဲ့ရှိနေလဲဆိုတာ အမြဲတမ်းအဆက်သွယ်မပြတ်အောင် နေပါတယ်။ ဖုန်းခဏခဏဆက်ပြီး ဘယ်သွားရင်သွားတယ်။ ဂရုစိုက်သွား၊ အိမ်စောစောပြန်လို့ ပြောနေခြင်းဟာ သူမင်းကိုစိတ်ပူလို့ပါ။ လမ်းမှာတစ်ခုတစ်စုံဖြစ်ရင်လည်း သူချက်ချင်းသိနိုင်အောင်ပေါ့။ ဒါကြောင့် သူကဖုန်းခဏ ခဏဆက်နေတာပဲဆိုပြီး စိတ်မညစ်နဲ့နော်။ တကယ်ချစ်ရင် အပြစ်လို့ကိုမြင်မှာမဟုတ်ပါဘူး။
မိသားစု၊ သူငယ်ချင်းတွေနဲ့ပါ သိကျွမ်းအောင်နေ
သူတကယ်ချစ်ရင် မင်းရဲ့သူငယ်ချင်းတွေနဲ့ခင်အောင်နေ ၊ မိသားစုဝင်တွေနဲ့ လိုက်တွေ့ဖို့ထိပါ သူဆုံးဖြတ်ထားပါတယ်။ မင်းရဲ့သူငယ်ချင်းတွေက ဘယ်လို၊ မိသားစုနဲ့လည်း မင်းရဲ့နေထိုင်မှုက ဘယ်လိုလဲဆိုတာ သူသိချင်ပါတယ်။ သူ့အတွက် မင်းနဲ့ပတ်သတ်တဲ့အရာအားလုံးဟာ စိတ်ဝင်စားစရာချည်းပါပဲ။ နောက်ပြီး သူဟာ သင့်ဘဝရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်နိုင်အောင် ကြိုးစားနေခြင်းပဲဖြစ်ပါတယ်။
ကိုယ့်အချစ်ရေးက ထင်ထားသလို ဖြစ်မလာတဲ့အခါ
အစပိုင်းမှာ အားလုံးက အရမ်းချစ်တတ်ကြတာပါပဲ။ ရင်ခုန်စိတ်လှုပ်ရှားစရာအချိန်တွေကိုး ။
မိန်းကလေးတွေက အရမ်းမျှော်လင့်ပါတယ်။ အဆုံးထိတွေးထားပြီး ဘဝတစ်ခုကို သူနဲ့ဘယ်လို
တည်ဆောက်မယ်ဆိုပြီး စိတ်ကူးတွေယဉ်ဖူးကြပါတယ်။ ဒါပေမယ့် ဘဝဆိုတာလည်း ထင်ထားသလိုဖြစ်မလာသလို လူဆိုတာလည်း ပြောင်းလဲတတ်တဲ့ အမျိုးပါ။
Image result for toxic love
ကိုယ်ကချစ်တဲ့စိတ်နဲ့ သူ့ရဲ့အကျင့်တွေကို မမြင်နိုင်ပေမယ့် ဘေးနားကကြည့်နေတဲ့လူ
တွေကြတော့ သိပါတယ်။ ဘေးလူကြောင့် ပြတ်သွားရတဲ့ အတွဲတွေရှိသလို ဘေးလူကြောင့် အမြင်မှန်ရပြီး ကိုယ့်လမ်းကိုယ် ဖြောင့်ဖြူးစွာလျှောက်နေကြတဲ့ လူတွေလည်းရှိပါတယ်။ အဓိက ကိုယ့်အနားမှာရှိတဲ့လူတွေကလည်း မှန်ကန်ဖို့ လိုပါတယ်။ ကိုယ့်မနာလိုဖြစ်နေတဲ့သူဆို အချစ်ရေးပျက်စီးအောင် လုပ်မှာပါပဲ။
ငါ အကောင်းဆုံးချစ်ပြမယ်။ ငါအကောင်းဆုံး တည်ဆောက်ယူမယ်လို့ တွေးထားပေမယ့် ကိုယ်လက်ဆွဲခေါ်တဲ့လူက ပါမလာခဲ့ရင် ဘာမှလုပ်လို့မရပါဘူး။ ကိုယ်က ဒီလမ်းသွားမယ်ဆို သူက ဟိုလမ်းလျှောက်ချင်သူ။ ညှိလို့မရတဲ့အခါ သိပ်စိတ်ပင်ပန်းရပါတယ်။ အမြင်တွေ ၊ သဘောထားတွေမတူတော့တဲ့အခါ တစ်ယောက် ခံစားချက်ကို တစ်ယောက်နာကျင်စေပါတော့တယ်။ အဖြေရှာမရတဲ့ ပြဿနာတွေနဲ့ပဲ အဆုံးသတ်လိုက်ရတာများပါတယ်။
Image result for 7 Healthy Relationship Habits Most People Think Are Toxic
အဆိုးဆုံးက အများက၀ိုင်းပြောနေချိန် နားမထောင်ခဲ့ပဲနဲ့ ကိုယ်တိုင် ဒီအချစ်ရေးကိုတည်ဆောက်နိုင်
တယ်လို့ ကြွေးကြော်ခဲ့သမျှ ကိုယ့်လူက ပါမလာတဲ့အခါ သိပ်ခံစားရပါတယ်။ ပြောချင်တာကတော့
ဒီလိုဆို ရှေ့ဆက်လို့အဆင်ပြေမှာမဟုတ်ပါဘူး။ တစ်သက်လုံး စိတ်ပင်ပန်းခံပြီး မနေပါနဲ့။ ဘဝမှာ စိတ်ချမ်းသာဖို့ အရေးကြီးဆုံးပါ။ သူ့အတွက် စိတ်ဆင်းရဲနေမယ့်အစား ကိုယ့်အပေါ်အပြည့်ဝချစ်ပြီး မျက်ရည်မကျစေမယ့် လူမျိုးနဲ့ သင်ဟာထိုက်တန်ပါသေးတယ်။