Category Archives: ကျန်းမာရေး

ဖွားဖက်တော်အရွယ်စား…..တကယ်အလုပ်ဖြစ်ရဲ့လား ?

သင့်ရဲ့ဖွားဖက်တော်အရွယ်အစားကြီးမားဖွံ့ဖြိုးလာစေမယ့် နည်းလမ်းတွေကို အင်တာနက်ပေါ်မှာ ရှာကြည့်ဖူးပါသလား ? ဒီကိစ္စကလည်း အင်တာနက်ပေါ်မှာ ရေပန်းစားတဲ့ခေါင်းစဉ်တစ်ခုဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ဖွားဖက်တော်ကြီးမားဖွံ့ဖြိုးလာဖို့နဲ့ပတ်သက်ပြီး သောက်ဆေး၊လိမ်းဆေးတွေနဲ့ ပန့်တွေ၊ ကိရိယာတွေအကြောင်း တင်ထားတဲ့ပို့စ်ပေါင်း သန်းကျော်လောက်အထိ တွေ့ရနိုင်ပါတယ်။

ဒါဆိုရင် ဒီနည်းလမ်းတွေက တကယ်ပဲအလုပ်ဖြစ်သလားဆိုတော့ အဖြေက ရိုးရှင်းပါတယ်။

အလုပ်မဖြစ်ပါဘူး။ ဒီနေ့ဒီအချိန်ထိ အမျိုးသားလိင်တံရဲ့အရွယ်အစားကို ကြီးမားလာအောင်ပဲဖြစ်ဖြစ်၊ ရှည်ထွက်လာအောင်ပဲဖြစ်ဖြစ် လုပ်ပေးနိုင်တဲ့ ဆေးဝါးတွေ၊ လိမ်းဆေးတွေနဲ့ ပစ္စည်းကိရိယာတွေ ဘာဆိုဘာမှ မရှိသေးပါဘူး။

ဘာကြောင့် မဖြစ်နိုင်တာလဲဆိုတာကို သိဖို့အတွက်ကတော့ လိင်တံထောင်မတ်ချိန်မှာဖြစ်ပျက်တဲ့ ဖြစ်စဉ်ကို သိထားဖို့လိုပါတယ်။ အမျိုးသားတွေရဲ့ လိင်တံမှာ ရေမြုပ်သဏ္ဍာန်တစ်ရှုးတွေနဲ့ဖွဲ့စည်းထားပြီး စိတ်ထကြွလာချိန် သွေးတွေစီးဝင်လာမှ တောင့်တင်းထောင်မတ်လာတာဖြစ်ပါတယ်။ လိင်တံအစိတ်အပိုင်းကို ဆီးခုံရိုးမှာ ဆက်သွယ်ထားတာဖြစ်တဲ့အတွက် အနေအထားပြုပြင်ဖို့က မလွယ်သလို လူပျိုဖော်ဝင်ကာစအချိန်မှ ရရှိတဲ့အရှည်ဟာ အမျိုးသားတစ်ယောက်အတွက် အရှည်ဆုံးအနေအထားပဲဖြစ်ပါတယ်။

>>>အိမ်ထောင်ဖက်ကို စိတ်ပိုကြွလာအောင်ဘယ်လိုဆွဲဆောင်မလဲ<<<

အမျိုးသားအများစုက ပုံမှန်လိင်တံအရွယ်အစားက ဘယ်လောက်ရှိလဲဆိုတာကို သေချာမသိကြပါဘူး။ ပါတနာရဲ့ အပြောစကား၊ အပြာကားတွေထဲက ဇာတ်ဆောင်တွေရဲ့အရွယ်အစားကို ကြည့်ပြီး ကိုယ့်ပစ္စည်းကို သေးငယ်တယ်လို့ ထင်နေတတ်ကြပါတယ်။ တကယ်တော့ သာမန်လိင်တံတစ်ခုရဲ့ အရွယ်အစားက (.)လက်မဖြစ်ပါတယ်။

သင့်ရဲ့လိင်တံအရွယ်အစားနဲ့ ပတ်သက်ပြီး စိတ္တဇဖြစ်နေရင် ဂရုစိုက်ရမယ့်အချက်တွေက သင့်ပစ္စည်းတ၀ိုက်မှာပဲ ရှိပါတယ်။ အဖြစ်အများဆုံးအချက်ကတော့ အဆီပိုတွေကြောင့် ဖြစ်ပါတယ်။ ၀မ်းဗိုက်နဲ့ ဆီးခုံမှာအဆီပိုတွေ စုစည်းနေတဲ့အခါမှာ လိင်တံက သေးသွားတယ်လို့ ထင်ရပါတယ်။ ဒါ့ကြောင့် ကိုယ်အလေးချိန်လျှော့ချမယ်ဆိုရင် လက်မအနည်းငယ်လောက်ရှည်ထွက်လာစေနိုင်ပါတယ်။

နောက်တစ်ချက်ကတော့ အမာရွတ်တစ်ရှုးတွေ စုပုံလာတာကြောင့် လိင်တံကောက်သွားတတ်တဲ့ Peyronie’s ရောဂါပဲဖြစ်ပါတယ်။ သင့်ရဲ့လိင်တံက ပုံမှန်ထက်ပိုပြီးကောက်လာပြီဆိုရင် ဆရာဝန်ဆီသွားပြဖို့ လိုနေပါပြီ။ သင့်ရဲ့ဆရာဝန်က လိုအပ်တဲ့ဆေးဝါးနဲ့ ကုထုံးတွေကိုအသုံးပြုပြီး ပုံမှန်ပြန်ဖြစ်အောင် ကုသပေးနိုင်ပါတယ်။ လိင်ပစ္စည်းအရောင်းဆိုင်တွေက တွေ့ကရာဆေးဝါးတွေ ၀ယ်သုံးနေမှာထက် ဆရာဝန်မှာကြားသမျှကို သေချာလိုက်နာဖို့လိုပါတယ်။

သင့်အနေနဲ့ လိင်တံကြီးမားဖွံ့ဖြိုးလာဖို့ထက် အိပ်ရာထဲမှာ စွမ်းဆောင်ရည်ပြည့်ဝချင်တာဆိုရင်တော့ သင့်ဖွားဖက်တော်ကို ဒုက္ခပေးစရာမလိုပါဘူး။ သင့်ရဲ့ခန္ဓာကိုယ်ကြံ့ခိုင်ရေး၊ ကိုယ်အလေးချိန်နဲ့ နှလုံးကျန်းမာရေးကောင်းမွန်နေမယ်ဆိုရင် အထူးကောင်းမွန်တဲ့ လိင်မှုဘ၀ကို ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် စိတ်သွားတိုင်းကိုယ်ပါစေနိုင်ဖို့အတွက် လိုက်နာရမယ့်အချက်တွေကတော့

တစ်ရက်ကို မိနစ်(၃၀) ဒါမှမဟုတ် တစ်ပတ်ကို မိနစ်(၁၅၀)ခန့် ခန္ဓာကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေ လုပ်ဆောင်ပါ။

အ၀လွန်နေသူ၊ ကိုယ်အလေးချိန်များနေသူဖြစ်ခဲ့မယ်ဆိုရင် ကိုယ်အလေးချိန်ရဲ့ ()ရာခိုင်နှုန်းကနေ (၁၀)ရာခိုင်နှုန်းအထိ လျှော့ချပါ။

အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ ပိုစားပါ။ အနီရောင်အသားတွေနဲ့ ပြုပြင်ထားတဲ့အသားတွေကို လျှော့စားပါ။ ပြည့်ဝဆီတွေကို ရှောင်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ဆီကို စားပါ။ သကြားနဲ့ အချိုဓာတ်များတဲ့ သောက်စရာတွေကို ရှောင်ပါ။

တစ်နေ့ကို အရက်()ခွက်()ခွက်ထက် ပိုမသောက်ပါနဲ့။

ဆေးလိပ်ဖြတ်ပါ။

နောက်ဆုံးအချက်အနေနဲ့ သတိပေးချင်တာက လိင်တံကြီးမားဖွံ့ဖြိုးလာဖို့ကိုပဲ အာရုံစိုက်မနေပါနဲ့။ အချိန်တိုအတွင်း ကြီးမားရှည်လျားလာအောင်လုပ်ပေးနိုင်တယ်ဆိုတဲ့ ဆေးခန်းတွေကိုလည်း ဝေးဝေးကရှောင်ပါ။ ကောင်းကျိုးထက် ဆိုးကျိုးများပြီး တစ်ဘ၀လုံး လူညွန့်တုံးသွားတဲ့အထိ ဖြစ်နိုင်ကြောင်း သတိပေးလိုက်ပါတယ်။

ဆေးလိပ်မဖြတ်နိုင်ကြသူများအတွက်အဆုတ်သန့်ရှင်းနည်း

  
ဆေးလိပ်သောက်ခြင်းမှာ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်သည်ကို သိကြသော်လည်း ဆေးလိပ်စွဲနေပြီး ဆေးလိပ်မဖြတ်နိုင်ကြသူများအတွက် အဆုတ်သန့်ရှင်းနည်း (ဝါ) အဆုတ်တွင်ကပ်နေသော နီကိုတင်းဆေးချိုး၊ ဆေးချေး(ကြေး)များ ကွာကျစေသည့်နည်းကို တင်ပြအပ်ပါသည်။ ထို့အပြင် ဆေးလိပ်စွဲမြဲစွာ သောက်သုံးခဲ့ပြီး ဆေးလိပ်ဖြတ်သူများလည်း အဆုတ် သန့်ရှင်းအောင် ပြုလုပ်ရန် သင့်လျှော်သောနည်း ဖြစ်ပါသည်။ နည်းစနစ်မှာ အောက်ပါနည်းဖြင့် ပြုလုပ်ရပါမည်-

လူတိုင်းနီးပါးသိရှိသော လောက်သေပင်မှ လောက်သေရွက် (၅) ကျပ်သား ခူးယူပြီး ရေမတ်ခွက် သုံးခွက်နှင့် ပြုတ်ကျိုပါ။ေ
ရမတ်ခွက်တစ်ခွက်စာကျန်လျှင် အအေးခံစစ်ယူပြီး ထိုပြုတ်ရည်အား တစ်နေ့တည်း ကုန်အောင် သောက်ပေးပါ။

ထိုသို့ (၅) ရက်ဆက်တိုက်သောက်ပေးလျှင် ဆေးချိုး၊ ဆေးချေး(ကြေး) များကွာကျပြီး အဆုတ်သန့်ရှင်းသွားပါလိမ့်မည်။ ဆယ်ရက်ခန့်အထိ ဆက်တိုက် ပြုလုပ် သောက်နိုင်ပါသည်။
ဆေးချိုး(ကြေး) များ ကွာကျသွားလျှင် အသက်ရှူ ၍ ပိုမိုကောင်းမွန် လာပြီး သိသာစွာ လန်းဆန်း ပေါ့ပါး လာပါလိမ့်မည်။
အထက်ပါနည်းစနစ်က အဆုတ်တွင် အနာပေါက်သူ၊ တီဘီရောဂါကိုပင် တစ်လမှ သုံးလအထိ ဆက်တိုက်မှန်မှန် သောက်ပေးခြင်းဖြင့် အဆုတ်နာရောဂါ သက်သာပျောက်ကင်းသူ ရှိခဲ့ပါသည်။
ထို့အပြင် မည်သည့်ဘေးထွက်ဆိုးကျိုးမျှမရှိဘဲ အဆုတ်ကို စင်ကြယ် ကောင်းမွန်စေပါသည်။

ရေယုံအတွက် ဆေးနည်းများ

  
ရေယုံပေါက်လို့ စိတ်ညစ်နေရင် အောက်ပါ သဘာဝဆေးနည်းများဖြင့် ကုသနိုင်ကြပါတယ်။ 
(၁) ကင်းပုံအရွက်ကို အရည်ညစ်ယူ၍ ၄င်းအရည်ဖြင့် မကြာခဏ တို့ပေးပါ။
(၂) တမာရွက်ကို မီးရှို့ပြာချပြီး ၄င်းပြာကို အုန်းဆီနဲ့ လိမ်းပေးပါ။ 
(၃) ရွှေဖရုံရွက်ကို မီးရှို့ပြာချပြီး ၄င်းပြာကို အုန်းဆီနဲ့ လိမ်းပေးပါ။
(၄) အုန်းသီးအခွံကို မီးရှို့ပြီး ထွက်လာတဲ့အဆီနဲ့ တို့ပေးပါ။ 
(၅) လေးညှင်းပွင့်ကို ကျောက်ပြင်နဲ့သွေး၊ ၄င်းအရည်ကို ကွမ်းစားထုံးနဲ့အတူ လိမ်းပေးပါ။ 
(၆) ခွေးတောက်ရွက်ကို ကြိတ်ချေပြီး အနာပေါ် အုံပေးပါ။ 
၎င်းဆေးနည်းတွေထဲက ကိုယ်နဲ့အဆင်ပြေလွယ်ကူတဲ့ နည်းများနဲ့ ကုသနိုင်ကြပါတယ်။ ဘေးထွက်ဆိုးကျိုးမရှိတဲ့ သဘာဝဆေးနည်းများဖြစ်လို့ စိတ်ရှည်ရှည်လေးတော့ လုပ်ပေးရပါတယ်။ 
ရေယုံကို ဆပ်ပြာ၊ နှုတ်ခမ်းနီအမျိုးမျိုးနဲ့ရေ မထိအောင် ဂရုစိုက်ပေးပါ။ 
Credit_စောနွဲ့ နေဆိုင် (ပူတာအို)

ကိုးကား – ဆရာကြီးကြည်လွင်မြင့်

နှစ်ပတ်အတွင်း လက်မောင်းကြီးနည်း

တစ်ယောက်ယောက် ကသင့်ကိုအကောင်း ဆုံးလေ့ကျင့်ခန်း ဆိုပြီးလေ့ကျင့်ခန်း တစ်ခုတည်းကို ပုံမှန်လုပ်ဖို့ပြော လာမယ်။ သင်ကလည်း ဘ၀င်ကျသွားမယ် ဆိုရင်တော့ ပြဿနာရှိနေပါပြီ။ လူတိုင်းမှာ မတူညီတဲ့ ကြွက်သားအပိုင်းတွေ၊ ကြွက်သားအမျှင် အတိုအရှည်တွေ၊ ကြွက်သားအမျှင် ဖွဲ့စည်းပုံတွေ ရှိပါတယ်။ ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက်မှာဖြစ်လာတဲ့ အကျိုးအာနိသင်ချင်းမတူညီပါဘူး။ ဒါကြောင့်လေ့ကျင့်ခန်းနည်းပေါင်းစုံကိုလေ့ကျင့်ပြီး သင့်အတွက်အကောင်းဆုံးဖြစ်မယ့်လေ့ကျင့်ခန်းကိုရွေးချယ်ပါ။

 

ကောင်မလေးက သင့်ရဲ့စွဲဆောင်မှုအောက်မှာ ၀ပ်လျှိုးလာအောင် သင်လုပ်နိုင်ပါတယ်။ ဒါပေမဲ့ စူပါဟီးရိုးတွေလို လက်မောင်းနဲ့ကောင်မလေးကို မချီနိုင်ဖို့လိုတယ်။ သူချော်လဲတိုင်း ထိန်းပေးနိုင်ပါတယ်လို့ ကတိက၀တ်ပြုနိုင်ဖို့လိုပါတယ်။ ဒါဆိုရင်ရပြီ။

သင့်လက်မောင်းအတွက်ပဲတစ်နေကုန်စိတ်နှစ်ထားလိုက်ပါ။

လက်မောင်းကြွက်သား၊ လက်ရုံးကြွက်သား၊ လက်မောင်းရင်းနောက်ဘက်ကြွက်သား နဲ့လက်ဖျံကြွက်သား စတာတွေအားလုံးကိုနေ့ချင်းညချင်း ကြီးထွားလာအောင်မလုပ်နိုင်ဘူးဆိုတာကိုတစ်ကမ္ဘာလုံးကကိုယ်ကာယ ကျွမ်းကျင်ပညာရှင်တွေဟာ လက်ခံထားပါတယ်။ သင်ဟာ လန်းဆန်းနေမယ်၊ ခန္ဓာကိုယ်ထဲမှာ ဂလိုင်ကိုဂျန်ပမာဏ ကလည်း ပြည့်နေမယ်ဆိုရင် လက်မောင်းကြီးအောင် စလုပ်ဖို့အချိန်ကောင်းပါပဲ။ ဒါဟာလက်မောင်းအတွက် အထူးပြုဖော်ပြပေးထားတဲ့ ကိုယ်ကာယလေ့ကျင့်ခန်းတစ်ခုလည်းဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အချိန်မောပန်းရကျိုးနပ်စေလောက်တဲ့မြန်ဆန်တဲ့တိုးတက်မှုတွေကိုတွေ့ရမှာပါ။

အလေးတိုင်ထူထူ(အလေးတုံးလက်ကိုင်)နဲ့လက်မောင်းလေ့ကျင့်ခန်းလုပ်ပါ။

ကြွက်သားထုထည်အကြီးဆုံးနဲ့ခွန်အားအမြင့်ဆုံးကိုရဖို့အတွက်ဆိုရင်အလေးတုံးလက်ကိုင်ထူထူနဲ့လေ့ကျင့်ပါ။ အလေးတုံးလက်ကိုင်ထူထူဟာ လက်မောင်း ဖွံ့ဖြိုးနှုန်းနဲ့ အပေါ်ပိုင်းခွန်အားအတွက် အထောက်အကူကောင်းဖြစ်သလို ပုံမှန်လက်ကိုင်တွေနဲ့ လေ့ကျင့်တဲ့သူတွေထက် အကျိုးရှိစေမှာဖြစ်ပါတယ်။

လက်ဖျံကြွက်သားတွေကိုလေ့ကျင့်ပါ။

လူတွေကိုအထင်ကြီးစေမယ့်အပိုင်းကလက်ရုံးကြွက်သားတစ်ခုတည်းမဟုတ်ပါဘူး။ ရည်မှန်းချက်ပန်းတိုင်ကိုရောက်ရှိစေဖို့ဆိုရင်လက်ဖျံကြွက်သားကိုလေ့ကျင့်ဖို့လည်း လိုအပ်ပါတယ်။ လက်ဖျံကြွက်သားလေးတွေကသေးနေမယ်ဆိုရင်တော့လက်ရုံးကြွက်သားနဲ့လက်မောင်းရင်းနောက်ဘက် ကြွက်သားတွေကိုဘယ်လိုပဲကျင့်ကျင့်နောက်ဆုံး လက်မောင်းသေးသေးလေးနဲ့ပဲအဆုံးသတ်သွားလိမ့်မယ်။

တံတောင်ဆစ်တွေကိုကျစ်နေအောင်လုပ်ပြီး တန်ဖိုးထားပါ။

တံတောင်ဆစ်တွေကိုကျစ်နေအောင်လုပ်ဖို့နဲ့တန်ဖိုးထားဖို့ကသိပ်အရေးကြီးတဲ့အချက်နှစ်ချက်ပါပဲ။ တံတောင်ဆစ်နေရာတွေကကျစ်နေမှလက်မောင်းဟာ ပိုကြီးသယောင်၊ ပိုသန်မာသယောင်ဖြစ်မှာပါ။ တံတောင်ဆစ်တွေကိုတန်ဖိုးထားပါဆိုတာကတော့အနာတရကင်းအောင်နေဖို့ပြောတာပါ။ ဒါဟာ သိပ်အရေးကြီးပါတယ်။ တံတောင်ဆစ်အနာတရတစ်ခုခုဖြစ်သွားမယ်ဆိုရင်ချည့်လာတာမျိုး ဒါမှမဟုတ်ပုံမှန်မဟုတ်ဘဲသိပ်ကြီးသွားတာမျိုးတွေဖြစ်တတ်ပါတယ်။

လေ့ကျင့်နည်း များများနဲ့လေ့ကျင့်ပါ။

တစ်ယောက်ယောက်ကသင့်ကိုအကောင်းဆုံးလေ့ကျင့်ခန်းဆိုပြီး လေ့ကျင့်ခန်းတစ်ခုတည်းကိုပုံမှန်လုပ်ဖို့ပြောလာမယ်။ သင်ကလည်း ဘ၀င်ကျသွားမယ်ဆိုရင်တော့ ပြဿနာရှိနေပါပြီ။ လူတိုင်းမှာမတူညီတဲ့ ကြွက်သားအပိုင်းတွေ၊ ကြွက်သားအမျှင်အတိုအရှည်တွေ၊ ကြွက်သားအမျှင်ဖွဲ့စည်းပုံတွေရှိပါတယ်။ ဒါကြောင့်တစ်ယောက်နဲ့တစ်ယောက်မှာဖြစ်လာတဲ့အကျိုးအာနိသင်ချင်းမတူညီပါဘူး။ ဒါကြောင့်လေ့ကျင့်ခန်းနည်းပေါင်းစုံကိုလေ့ကျင့်ပြီး သင့်အတွက်အကောင်းဆုံးဖြစ်မယ့်လေ့ကျင့်ခန်းကိုရွေးချယ်ပါ။

(Ref:Mensxp)