မိန်းကလေးများ သတိပြု ဖတ်သင့် မှတ်သင့်သော အချက်များ

၁။ ။ ညအချိန်မှာ ဓါတ်လှေကားနဲ့ အထပ်မြင့် အဆောက်အဦကို လူစိမ်းယောကျာ်း တစ်ဦးနဲ့ နှစ်ယောက်တည်း တူတူတက်ရဖို့ အခြေအနေကြုံလာခဲ့မယ်ဆိုရင်…

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ဓါတ်လှေကားထဲကို ဝင်လိုက်ပါ… ပြီးရင် ကိုယ်သွားရမယ့် အထပ်ထိ အထပ်တိုင်းရဲ့ ခလုတ်ကို အကုန်နှိပ်လိုက်ပါ… ဥပမာ ကိုယ်သွား ရမယ့်အထ ပ်က ၉ လွှာဆိုရင် ၁ကနေ ၉ အထိ အကုန်နှိပ်ထားလိုက်ပါ… အထပ်တိုင်းမှာ ရပ်မယ့် ပွင့်မယ့် ဓါတ်လှေကားထဲမှာ သင့်ကိုဘယ်သူကမှ တစုံတရာ ထိခိုက်အောင် ပြုလုပ်ရဲမှာ မဟုတ်ပါဘူး….

၂။ ။ မိမိတစ်ယောက်တည်း အိမ်မှာ ရှိနေစဉ် လူစိမ်းတစ်ဦးဝင်လာပြီး ကိုယ့်ကို တစုံတရာ ဒုက္ခပေးဖို့ ဝင်လာခဲ့မယ်ဆိုရင်…

ကျွမ်းကျင်သူများရဲ့ အဆိုအရ မီးဖိုထဲကိုပြေးပါ… ဘာလို့လဲဆိုတော့ ငြုတ်သီးမှုန့် ဘယ်မှာထား တယ်… ဓါးကဘယ်နေရာမှာ ထားတယ်ဆိုတာကို သင်က လူစိမ်းထက်ပိုသိလို့ပါပဲ… ဒီပစ္စည်းတွေ က လူတစ်ယောက်ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်တဲ့ လက်နက်တွေ ဖြစ် တဲ့အတွက် မိမိ ကိုယ်ကို ခုခံနိုင်အောင် အခွင့်အရေးများစွာ ရစေမှာ ဖြစ်လို့ပါပဲ… ဒါမှမဟုတ် အိုးခွက်ပန်းကန်တွေနဲ့ ပစ်ပေါက်ပြီး အော်ဟစ်အကူအညီတောင်းဖို့ အချိန်တစ်ခု ရစေနိုင်ပါတယ်… သင့်ရဲ့အော်ဟစ် အကူအညီတောင်းသံဟာ ခိုးကြောင်ခိုးဝှက်ဝင်လာသူ ဒုစရိုက်သားတွေ အတွက် အကြောက်ဆုံးအရာ တစ်ခုဆိုတာ မမေ့ပါနဲ့…

၃။ ။ ညအချိန်မတော် တစ်ယောက်တည်း Taxi စီးရဖို့ ဖြစ်လာခဲ့ရင်…

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ကားထဲကို မဝင်ခင် ကားနံပတ်ကို မှတ်သား ထားပါ… ပြီးရင် ကိုယ့်ရဲ့မိသားစု ဒါမှမဟုတ် သူငယ်ချင်း တစ်ဦးဆီကို ဖုန်းဆက်ပြီး မိမိ ဘယ်ကား နံပတ်၊ ဘာကားအရောင်နဲ့ ဘယ်အချိန် ဘယ်နေရာကနေ Taxi စီးလာပြီ ဖြစ်ကြောင်း ကားဒရိုင်ဘာ နားလည်တဲ့ ဘာသာစကားနဲ့ ဖုန်းပြောပါ… တကယ်လို့ ဘယ်သူ့ကိုမှ ဖုန်းခေါ်လို့ မရလည်း ဖုန်းဆက်လို့ ရတဲ့ ပုံစံနဲ့ ဟန်ဆောင် ပြောပါ… ကားဒရိုင်ဘာဟာ သူ့ရဲ့ အချက်အ လက်တွေ ကို နောက် ထပ်သိတဲ့ လူတစ်ဦးဦးရှိနေကြောင်း သိနေတဲ့အတွက် မကောင်းမှု တစုံတခု လုပ်ဖို့ အတော် ဝန်လေးသွားပါလိမ့်မယ်… သင့်ကို မကောင်းတာ တခုခုလုပ်ရင် သူ့မှာလည်း ဒုက္ခရောက်နိုင် တာကြောင့် သင့်သွားလိုတဲ့နေရာကိုသာ တန်းတန်းမတ်မတ် ပို့ပေးပါလိမ့်မယ်… ဒီလိုနည်းနဲ့ Potential Attacker တစ်ယောက်က သင့်ရဲ့ Protector တစ်ယောက် ဖြစ်သွား ပါလိမ့်မယ်…
၎။ ။ အကယ်၍ Taxi Driver က လူရှင်းတဲ့လမ်း သို့မဟုတ် သင်သွားမယ့် နေရာနဲ့ မဆိုင်တဲ့လမ်း ထဲကိုမောင်းဝင်သွားခဲ့ရင်… သင်အန္တရာယ် ဧရိယာထဲရောက်ရှိနေပြီလို့ ခံစားရရင်…

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ သင့်လက်ကိုင်အိတ်ရဲ့ လက်ကိုင် သို့မဟုတ် လည်ပင်းမှာ ပတ်တဲ့ ပဝါအရှည်ကို အသုံးပြုပြီး ကားမောင်းသူရဲ့ လည်ပင်းကို နောက်ကနေ ရစ်ပြီး ခပ်တင်းတင်း ဆွဲထားလိုက်ပါ… သင့်မှာ လက်ကိုင်အိတ်ရော ပဝါရှည်လို လည်ပင်းကို ရစ်နိုင်တဲ့ ပစ္စည်းတစ်ခုမှ မပါရင်တော့ ကားမောင်းသူရဲ့ အင်္ကျီကော်လံနှစ်ဖက်ကနေကိုင်ပြီး ခုံနောက်ကနေ တင်းတင်းဆွဲထားလိုက်ပါ… အင်္ကျီအပေါ်ဆုံး ကြယ်သီးက ခုနက ပစ္စည်းတွေလိုပဲ ကားမောင်းသူကို လည်ပင်းအစ်စေပြီး သင့်ကို အန္တရာယ်က လွတ်ဖို့ အခွင့်အရေးတခုခု ရရှိစေနိုင်ပါတယ်…
၅။ ။ ညအချိန် တစ်ယောက်ယောက် နောက်ကနေ လိုက်ခြင်းခံရရင်…

ကျွမ်းကျင်သူများရဲ့ အဆိုအရ ဆိုင်တစ်ဆိုင် ဒါမှမဟုတ် အိမ်တစ်အိမ်ထဲကို ဝင်လိုက်ပါ… သင်ကြုံတွေ့နေ ရတဲ့ အခက်အခဲကို ရှင်းပြပြီး အကူအညီရယူပါ… ညဥ့်နက်လို့ ဆိုင်တွေလည်း မဖွင့်၊ အိမ်ထဲလဲ ဝင်ဖို့ မလွယ်ကူရင် ATM စက်ခန်းထဲကို ဝင်လိုက်ပါ… ATM box တွေတိုင်းလိုလို လုံခြုံရေး Camera တပ်ဆင်ထားပြီး၊ စောင့်ကြည့်နေတဲ့ လုံခြုံရေးအမြဲရှိနေတတ်တဲ့ အတွက်ပါပဲ… လူသိမခံလိုတဲ့ ဒုစရိုက်သမားတွေအတွက် ဒီလိုပြုလုပ်ခြင်းများဟာ သင့်အတွက် လုံခြုံမှုဖြစ်စေ မှာ ဖြစ်ပါတယ်…
————-===————-

ဒီစာလေးကို တွေ့မိဖတ်မိတဲ့အခါ မိန်းကလေးများအတွက် အမှန်တကယ် အသုံးဝင်တဲ့ အချက်တွေဖြစ်နေတဲ့အတွက် ဘာသာပြန် မျှဝေပေးလိုက်ပါတယ်…

သင်လည်း သင်ဂရုစိုက်တဲ့ အစ်မ၊ ညီမ၊ သူငယ်ချင်း မိန်းကလေး များအ တွက် ပြန် လည်လက် ဆင့်ကမ်း မျှဝေပေးကြပါ လို့လေးစားစွာ တိုက်တွန်းတင်ပြရင်း…

အင်ဒိုသို့ လူကုန်ကူးခံ မြန်မာရေလုပ်သား ၁၄ ဦး၏ လစာနှင့်နစ်နာကြေးယခုလကုန်ရမည်

ရန်ကုန်၊ ဧပြီ ၂၀-အင်ဒိုနီးရှားသို့ လူ ကုန်ကူးခံရသည့် မြန်မာရေလုပ်သား ၁၄ ဦးအတွက် လုပ်ခလစာနှင့် နစ်နာ ကြေးကို သက်ဆိုင်ရာကုမ္ပဏီများထံ မှ ဧပြီလကုန်တွင်ရရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

ယခုရမည့်လုပ်ခလစာနှင့် နစ်နာ ကြေးငွေ သည် မြန်မာနိုင်ငံသို့ ပြန် လည်ရောက်ရှိခဲ့သည့် ရေလုပ်သား တစ်ထောင်ကျော်အနက်မှ ၁၄ ဦး အတွက်သာ ပြန်လည်ရရှိခြင်းဖြစ် ကြောင်းသိရသည်။

” အင်ဒိုနီးရှား တူရယ်တရားရုံး မှာတရားစွဲထားတဲ့ ၁၄ ဦးအတွက် တူရယ်တရားရုံးကို နစ်နာကြေး တွေရောက်နေပြီ။ မြန်မာနိုင်ငံ ကို တော့ ဧပြီလနောက်ဆုံးပတ်လောက် လာပြီးပေးမယ်လို့ပြောတယ်။ နေ့ ရက်အတိအကျတော့ တရားဝင်စာ မရောက်သေးဘူး” ဟု ရန်ကုန်တိုင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲ တပ်ဖွဲ့မှ ရဲမှူးရဲဝင်းအောင်က ဧပြီ ၂၀ ရက်တွင်ပြောသည်။

နစ်နာကြေးငွေမည်မျှရရှိမည် ကို အကြောင်းကြားခြင်းမရှိသေးသော် လည်း တစ်ဦးလျှင်ခန့်မှန်း မြန်မာ ငွေကျပ်သိန်း ၅၀ ကျော်ရရှိနိုင်ကြောင်း ရဲမှူးရဲဝင်းအောင်ကဆိုသည်။

လက်ရှိတွင်လည်း အဆိုပါအ မှုအတွက် ထိုင်းနိုင်ငံသားငါးဦးနှင့် အင်ဒိုနီးရှားနိုင် ငံသား သုံးဦးတို့ကို တူရယ်တရားရုံးမှ ပြစ်ဒဏ် စီရင်ပြီး ဖြစ်ကာ ကျန်ရှိနေသည့် တရားခံများ ကိုလည်း တရားစွဲဆိုနိုင်ရေး အင်ဒို နီးရှားနိုင်ငံရှိ ဥပဒေဆိုင်ရာ အစိုးရ မဟုတ်သော အဖွဲ့နှင့်ပူးပေါင်း ၍ ပြင် ဆင်မှုများဆောင်ရွက်လျက်ရှိကြောင်း လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့မှသိရသည်။ 

ZCH

အမေရိကန်-မက္ကစီကို နယ်စပ်ကို ဖြတ်သန်းဖောက်လုပ်ထားသည့် ကိုက် ၈၀၀ ရှိ ဥမင်လှိုဏ်ခေါင်းတွင် ကိုကင်း ၂ တန်တွေ့ရှိ

  
ကယ်လီဖိုးနီးယားပြည်နယ်နှင့် မက္ကစီကိုနယ်စပ်တွင် မူးယစ်ဆေးမှောင်ခိုကုန်ကူးရန် ဖောက်လုပ်ထားသော မိုင်ဝက်ခန့်အရှည်နီးပါးရှိ ဥမင်လှိုဏ်ခေါင်းတစ်ခုကို ဖက်ဒရယ်အေးဂျင့်များက ရှာဖွေတွေ့ရှိခဲ့ကြောင်း အမေရိကန် ရှေ့နေများရုံးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။ ရှာဖွေတွေ့ရှိထားသမျှတွင် အရှည်ဆုံး ဖြစ်လာနိုင်ဖွယ်ရှိသည့် ဥမင်လှိုဏ်ခေါင်းအတွင်းမှ ကန်ဒေါ်လာ ၂၂ သန်းတန်ဖိုးရှိ ကိုကင်း ၂ တန်နှင့် ဆေးခြောက် ၇ တန်ခန့် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ အရှည် ကိုက် ၈၀၀ ခန့်ရှိသည့် ဥမင်လှိုဏ်ခေါင်းသည် မက္ကစီကိုနိုင်ငံ၊ တီဂျူနာမြို့ရှိ အိမ်တစ်အိမ်မှ စတင်ခဲ့ပြီး ဆန်ဒီရေဂိုမြို့ရှိ အိုတေ မာဆာမြို့အနီးနားတ၀ိုက်တွင် အဆုံးသတ်သည်။

Ref:CNN

ဂုဏ်သိက္ခာကို ဒီထက်ထိခိုက်လာမယ်ဆိုရင် ဆက်သွယ်ရေး ဥပဒေအရ လုပ်စရာရှိတာလုပ်သွားမယ်ဆိုတဲ့ မိုးယံဇွန်

  

နွေးနွေး – တွေ့ဆုံမေးမြန်းသည်။

လတ်တလောတွင် လူမှုကွန်ရက် စာမျက်နှာပေါ်၌ ပျံ့နှံ့နေသော အချစ်ရေးပြဿ နာများနှင့်ပတ်သက်ပြီး သရုပ်ဆောင်မိုးယံဇွန် ကို အခုလိုပဲမေးမြန်းဖြစ်ခဲ့ပါတယ်။ 

မေး- လတ်တလော လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့နေတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ ပြောပြ ပေးပါဦးနော်။
ဖြေ- အဲဒီကိစ္စက အမှန်အတိုင်းပြောရရင် တော်တော် ရယ်ရတဲ့ကိစ္စပါ။ ပထမ တုန်းက ကျွန်တော်တို့နှစ်ယောက် ရဲ့ စုံတွဲပုံတွေ တက်လာ တယ်။ နောက်ပြီးတော့ ကျွန်တော် တို့နှစ်ယောက် အပြန်အလှန် စကားပြော တဲ့ပုံစံမျိုးနဲ့ တစ်ဖက်က ကျွန်တော့်ဓာတ်ပုံနဲ့ အကောင့်တစ်ခုတက် လာ တယ်။ အဲဒါကို ကျွန်တော်တို့နှစ်ယောက်က မသိ ချင်ယောင်ဆောင်နေ ခဲ့ပေမယ့် နောက်ပိုင်းကျတော့ ဗီဒီ ယိုဖိုင်ပုံစံ မျိုးလုပ်ပြီးတော့ ကျွန်တော်တို့နှစ်ယောက် ရန် ဖြစ်တဲ့ပုံ စံမျိုးနဲ့အသံ ဖိုင်ကိုတင်လိုက်တာပါ။
မေး- အဲဒီအသံဖိုင်မှာဆိုရင် ရိုင်းရိုင်းစိုင်းစိုင်းတွေ လည်း ပြော ထားတာတွေတွေ့ ရတယ်နော်။

ဖြေ- အားလုံးသေချာစဉ်းစားကြည့်မယ်ဆိုရင် အဖြေ ကပေါ်ပါတယ်။ ကျွန်တော်ရော ကျွန်တော့်ကောင်မ လေးရောက အနုပညာရှင်တွေပါ။ ကျွန်တော့်ကောင်မ လေးက အဲဒီထဲမှာပြောထားသလိုမျိုး ဖိနပ်မ၀ယ်ပေး လို့ အဲဒီလောက်အထိ ရိုင်းရိုင်းစိုင်းစိုင်းပြော ပါ့မလား။ ကျွန်တော် မ၀ယ်ပေးရင်တောင် သူဘာသာ အဲဒီဖိနပ် အရံ ၁၀၀ လောက်ကို ၀ယ်စီးနိုင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့နှစ်ယောက်ကြား မှာ နှစ်ဖက် မိဘဆွေမျိုး အသိုင်းအ၀ိုင်းကရှိတယ်။ ကျွန်တော်က အဲဒီလို မျိုးရိုင်း ရိုင်းစိုင်းစိုင်းပြောရင် သူကရောလက်ခံမလား။ ကျွန် တော့်ကိုအဲဒီလိုမျိုး သူကပြောရင်ရော ကျွန်တော်က လက်ခံမလား။ စဉ်းစားကြည့်ပေါ့ဗျာ။ ကျွန်တော်တို့ကို အခုလိုမျိုးလုပ်တဲ့သူက ဘာရည်ရွယ်ချက်နဲ့လုပ်တယ်ဆို တာကိုတော့မသိပါဘူး။ ဒါပေမဲ့ အဲဒီအသံဖိုင်က ကျွန်တော် တို့မဟုတ်ဘူးဆိုတဲ့ အမှန်တရားကိုတော့ အားလုံးသိ စေချင်ပါတယ်။ 

ကျွန်တော်တို့နှစ်ယောက်တွဲနေတာ ခြောက်နှစ်ကျော်သွားပါပြီ။ အခုလည်း အဆင်ပြေနေ ပါတယ်။ ရန်လည်းမဖြစ်ပါဘူး။ ကျွန်တော်တို့ နှစ်ယောက် က လူသတိမထားမိအောင်နေတာကလွဲရင် ကျန်တာ အားလုံး ကျွန်တော်တို့အဆင်ပြေပါတယ်။
မေး- အခုဖြစ်ပျက်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ဘယ် လိုမျိုးတွေဆက်လုပ်သွားဖို့အစီအစဉ်ရှိလဲ။

ဖြေ- ဒီထက်ပိုပြီးတော့ အခြေအနေတွေဆိုးလာရင်တော့ ကျွန်တော်တို့ ဘက်က ဥပဒေအရလုပ်သွားဖို့ အစီအ စဉ်ရှိပါတယ်။ အခုအခြေအနေကို ကျွန်တော်တို့စောင့် ကြည့်နေတာပါ။ အခုချိန်မှာ ဆက်သွယ်ရေးဥပဒေက လည်းပြဋ္ဌာန်းပြီးသားဖြစ်တဲ့ အတွက် အခုကိစ္စက ကျွန် တော်တို့နှစ်ယောက် ရဲ့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာအပြင် ကျွန် တော်တို့ နှစ်ဖက်မိဘတွေနဲ့ ပတ်ဝန်း ကျင်အသိုင်း အ ၀ိုင်းကိုပါ ထိခိုက်လာတာဖြစ်တဲ့အတွက် ကျွန်တော်တို့ ဘက်ကတော့ အကျယ်အကျယ်မဖြစ်ချင်ပေ မယ့်လည်း ဒီထက်ဆိုး လာရင်တော့ လုပ်စရာရှိတာကိုလုပ်သွား မှာပါ။
မေး- နည်းပညာပိုင်းဆိုင်ရာတွေ တိုးတက်လာတာနဲ့ အမျှ ကောင်း တာနဲ့ ဆိုးတာက ဒွန်တွဲနေတဲ့အပေါ်မှာ အနုပညာရှင်တစ်ယောက် အနေနဲ့ အမြင်လေးကို ပြောပြပေးပါဦး။

ဖြေ – အခုကိုယ်တိုင်ကြုံရတော့မှာပဲ အရမ်းကို အံ့သြရတယ်။ အနုပညာ ရှင်တွေဆိုတော့ ကောင်းတာလည်း ပြောကြမယ်။ မကောင်းတာ လည်း ပြောကြမှာပဲလေ။ ဒါပေမဲ့ လူ တွေရဲ့သဘော သဘာဝ အတိုင်း ကောင်း တာကိုသာ စကားလုပ် မပြောရင်နေ မယ်။ မကောင်း တာကတော့ ချက်ချင်း စက္ကန့်ပိုင်းအတွင်း ပျံ့နှံ့သွား တတ်တယ်။ အင်တာနက်ပေါ်မှာဆိုရင် အချိန်ကုန် ငွေ ကုန် ခံပြီးတော့ သူများအကြောင်း ကို မဟုတ်တာပြောဖို့ လုပ်ဖို့ ကြိုးစားနေတဲ့ သူတွေလည်း အများကြီးပါ။ နည်း ပညာပိုင်းဆိုင်ရာ တိုးတက် လာတာ မှန်ပေမယ့် လည်း ကောင်း တာလည်း လူတွေပဲလုပ်တာလေ၊ မကောင်းတာ လည်း လူတွေပဲလုပ်တာဆိုတော့ ကျွန်တော်ကတော့ နည်းပညာပိုင်းတိုး တက်လာတဲ့အပေါ်မှာ ကောင်းတဲ့အ ရာတွေကိုပဲ လုပ်ပြီးတော့ ကိုယ့်အတွက် တိုးတက်ရာ ကိုပဲ ရှာစေချင်ပါတယ်။

“မသေခင်လင်လိုချင်တဲ့ ထိုင်းရုပ်သံမင်းသမီးရဲ့ ကြော်ငြာဆိုင်းဘုတ် ရဲက ဖြုတ်ချပစ်ခဲ့”

  
မသေခင် အပျိုစင်ဘ၀ကို စွန့်လွှတ်သွားချင်တဲ့ ထိုင်းရုပ်သံမင်းသမီးတယောက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဆိုင်းဘုတ်ကြီးထောင်ပြီး ယောကျာ်းတယောက်အလိုရှိတဲ့အကြောင်း ကြော်ငြာခဲ့ပါတယ်။ အာရန်ယာ’ဖွီ’မက်တွမ်သောင် ဆိုတဲ့ ထိုင်းရုပ်သံမင်းသမီးက သူမရဲ့ ရွှေရင်နှစ်မြွှာကို မပေါ့်တပေါ်နဲ့ အတွင်းခံ ၀တ်စုံဝတ်ပြီး ကြော်ငြာခဲ့ရာမှာ အောက်က စာတန်းထိုးထားတာကတော့ ‘သင့်ကို အလိုရှိသည်’ဆိုတာပဲဖြစ်ပါတယ်။ 

ကျန်တဲ့ စာတွေကတော့ သူမရဲ့ဖုန်းနံပါတ်နဲ့အတူ အသက် ၄၀ ရှိတယ်။ အပျိုစင်တဦးဖြစ်တယ်။ ဖွီအာရန်ယာက ခင်ပွန်းယောကျာ်း တယောက်ရှာနေတယ်စတဲ့ ကြော်ငြာတွေ ဖြစ်ပါတယ်။ 
”ငါမသေခင် ချက်ချင်း အလိုရှိသည်”ဆိုတဲ့ စာတန်းလည်း ပါဝင်ပါတယ်။

တကယ်တော့ အသက် ၄၅ နှစ်ရှိ နေတဲ့ ရုပ်သံမင်းသမီးဟာ အောင်သွယ်လုပ်ပေးတဲ့ အေဂျင်စီနဲ့ အွန်လိုင်းပေါ်မှာ အောင်သွယ်လုပ်ခဲ့တာ မအောင်မြင်တဲ့အတွက် အခုလိုဆိုင်းဘုတ်ငှားပြီး ကြော်ငြာ ခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စကို အရေးတကြီး သဘောထားတယ်လို့ မင်းသမီးက မီဒီယာတွေကို ပြောခဲ့တယ်။ ဒါပေမဲ့လည်း အများ ပြည်သူမြင်ကွင်းမှာ မတော်မလျော်တွေ ပြသခဲ့တဲ့အတွက် ရဲက ကြော်ငြာအေဂျင်စီကို ထိုင်းဘတ်ငွေ ၅၀၀ ဒဏ်ရိုက်ခဲ့ပြီး ကြော်ငြာဆိုင်းဘုတ်ကို ဖြုတ်ခိုင်းတယ်။ 
“ကြော်ငြာထဲက အမျိုးသမီးကို ဘာရည်ရွယ်ချက်နဲ့ ဒီလိုလုပ်သလဲဆိုတာ ကျွန်တော်တို့ မေးခွန်းထုတ်ချင်ပါတယ်”လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်တဦးက ပြောခဲ့တယ်။

တေဇာဝင်းDaily Mail

နာမည်ကြီး ရန်ကုန် အင်းစိန်အကျဉ်းထောင်သမိုင်း

  

၁၈၅၂ခုနှစ်က နေ၁၈၅၃ခုနှစ်အတွင်းပုဂံမင်းလက်ထက် မှာ အင်္ဂလိပ်_မြန်မာဒုတိယစစ်ပွဲဖြစ်ပွားပြီးရန်ကုန်အပါဝင် မြန်မာပြည်အလယ်ပိုင်းဟာ ဗြိတိန်လက်အောက် ကျရောက်သွားခဲ့တယ်။

အင်္ဂလိပ်မြန်မာပြည်အောက်ပိုင်းနဲ့အလယ်ပိုင်းကိုသိမ်းပိုက်ထားတဲ့အတွက် မခံနိုင်လို့ထချသူတွေ၊သောင်းကျန်းသူတွေ စတဲ့သူတွေရဲ တိုက်ခိုက်တဲ့တိုက်ပွဲငယ်တွေနဲ့မကြာခဏရင်ဆိုင်ရတယ်။

ဒီအခါ အင်္ဂလိပ်ဟာ အုပ်ချုပ်ရေးငြိမ်ဝပ်ပိပြားဖို့အတွက် အကျဉ်းထောင်စနစ်ကို စတင်ပါတော့တယ်။အဲ့ဒီကတစ်ဆင့် အုပ်ချုပ်ရေးစနစ်ခိုင်မာတောင့်တင်းအောင် အခြေချဖို့ ဂတ်တွေ၊ရုံးတွေ၊ထောင်တွေကိုစတင်တည်ထောင်ပါတယ်။

၁၈၆၄ခုနှစ်မှာ အကျဉ်းထောင်ဌာနကို စတင်ဖွင့်လှစ်ခဲ့ပြီး ဆေးမင်းကြီးလက်အောက်မှာ ထားရှိအုပ်ချုပ်စေတဲ့အပြင် မြို ရွှာသန့်ရှင်းရေးနဲ့ ကျောက်ဆေးထိုးဌာနတွေကိုလည်း တစ်ချိန်တည်းကြီးကြပ်စေခဲ့တယ်။၁၈၇၂ခုနှစ်မှာ ယခင်ဆေးမင်းကြီးအုပ်ချုပ်နေရာကမှ အကျဉ်းထောင်ဌာနကို ထောင်မင်းကြီးသီးသန့်ခန့်ထားပြီး အုပ်ချုပ်စေခဲ့တယ်။အဲ့ဒီလိုနဲ့ မြန်မာပြည်မှာခေတ်မီအကျဉ်းထောင်စနစ်မရှိခဲ့ရာကနေ ၁၈၆၁ခုနှစ်မှာတော့ ရန်ကုန်ထောင်ကို တည်ဆောက်ခဲ့ပြီးတဲ့နောက် မြန်မာမှာသာမက အရှေ့ တောင်အာရှမှာပါအကြီးဆုံးဖြစ်တဲ့ အင်းစိန်ထောင်ကြီးကို သီပေါမင်းပါတော်မူကြီး၎နှစ်အကြာ ၁၈၈၉ခုနှစ်မှာ စတသ်တည်ဆောက်ခဲ့ပါတော့တယ်။

အကျဉ်းထောင်မတည်ဆောက်မီ အင်းစိန်မြို့နေရာဟာ ရွှာငယ်သာသာမျှသာရှိပါသေးတယ်။အင်းစိန်မြို့ကို စတင်တည်ဆောက်ခဲ့တဲ့နေရာဟာ ယခု ရွှာမရွှာကြီးဖြစ်ပါတယ်။

ရွှာမရွှာကြီးတစ်ဝိုက်သစ်တောကြီးတွေဖုံးလွှမ်းနေပြီးမင်္ဂလာဒုံတောနဲ့ဆက်စပ်နေပါတယ်။ယခုလက်ရှိမင်္ဂလာဒုံကို အထက်မင်္ဂလာဒုံဆိုပြီးတစ်မျိုး၊ယခု အင်းစိန်မြို့နေရာကို အောက်မင်္ဂလာဒုံဟူ၍ တစ်နည်းေ ခ်ါဝေါ်ကြတယ်။အင်းစိန်အကျဉ်းထောင်ကို ၁၈၈၉ခုနှစ်မှာစတင်တည်ဆောက်ခဲ့ပြီး၁၈၉၂ခုနှစ် ဇူလိုင်လမှာ စတင်ဖွင့်လှစ်ခဲ့ကြောင်းသိရှိရတယ်။

အကျဉ်းထောင်မတည်ဆောက်ခင် ယခုအင်းစိန်ထောင်ဝင်းကြီးတည်ရှိရာမြေနေရာမှာ သရက်ခြံ၊ကနစိုခြံ၊ပိန္နဲခြံကြီးတွေအုပ်ဆိုင်းနေပြီး ဗြိတိသျှအစိုးရ က မြေတွေကိုလျှော်ကြေးပေးပြီးသိမ်းကာ အကျဉ်းထောင်ဧရိယာကိုသတ်မှတ်ခဲ့တယ်။အင်းစိန်ထောင်ကိုအုတ်ရိုး၂ထပ်တည်ဆောက်ပြီးတဲ့နောက် ထောင်အတွင်းမြေညှိပြီး အိပ်ဆောင်တွေဆောက်လုပ်ဖို့ပြင်ဆင်ခဲ့တယ်။အဲ့ဒီအချိန် ရန်ကုန်ထောင်ကို အသုံးပြု နေပြီး ဖြစ်တဲ့အတွက် ရန်ကုန်ထောင်က၆လအောက်အပြစ်ကျတဲ့ အကျဉ်းသားတွေကိုခေါ်ယူပြီးအင်းစိန်ထောင်တည်ဆောက်ရေးမှာ ခိုင်းစေခဲ့တယ်။အလုပ်သနားအကျဉ်းသား၄၀၀ခန့်ရှိတယ်လို့သိရတယ်။အဲ့ဒီအချိန်ကအုတ်ရိုးကြီး၂ထပ်အတွင်း မှာ အဆောက်အဦိးတွေမပြီးစီးသေးတဲ့အတွက် အလုပ်သမားတွေဟာ ဒီအတိုင်းနေထိုင်ပြီးအိပ်ကြရတယ်။

အိပ်ဆောင်၆လုံးတည်ဆောက်ရာမှာ အကျဉ်းသားတွေအပြင် ပြင်ပကအင်ဂျင်နီယာနဲ့ဗိသုကာပညာရှင်တွေဦးစီးပြီး ဆောက်လုပ်ခဲ့ကြတာဖြစ်တယ်။ထောင်ရဲ့ လုံခြုံရေးနဲ့ အကျဉ်းသားလုံခြုံ ရေးအတွက်အင်းစိန်ထောင်အရှေ့ ဘက်နေရာကို အဆောက်အဦးတန်းလျားတွေဆောက်ပြီး ပုလိပ်တွေကိုထားပြီးစောင့်ကြပ်စေခဲ့တယ်။

အဲ့ဒီအချိန်က တွဲဘက်ထောင်ခေါ် ယခုသီးသန့်ထောင် မဆောက်ရသေးဘဲ အဲ့ဒီနေရာမှာအလုပ်သမားအကျဉ်းသားတွေနဲ့ပုလိပ်တွေအတွက် သီးနှံစိုက်ပျိုးတဲ့တောင်ယာခင်းဖြစ်တယ်။ထောင်အုတ်ရိုး၂ထပ်နဲ့အိပ်ဆောင်တွေကိုဆောက်လုပ်တာဟာ ၄နှစ်နီးပါးကြာတယ်။

အုတ်ရိုးကြီးတည်ဆောက်ပြီးတဲ့အခါ အုတ်ရိုးနံရံကြီးကို မြေနီရောင်ဆေးသုတ်ခဲ့တယ်။အင်းစိန်ဗဟိုအကျဉ်းထောင်ကြီးဟာ အင်းစိန် လှိုင်းမြစ်သွား ကမ်းနားလမ်းပေါ်မှာတည်ရှိပါတယ်။ထောင်ဝင်းတစ်ခုလုံး စုစုပေါင်းအကျယ်အ၀န်းမြေဧရိယာဟာ ၁၆၅.၇၆၈ဧကရှိပါတယ်။

အဲ့ဒီအကျယ်အ၀န်းမှာ တွဲဘက်ဧရိယာအကျယ်အ၀န်းဟာ ၁၄.၇၂၉ဧကရှိပြီး အမှု့ ထမ်းနေအိမ်တွေ၊စိုက်ပျိုးခင်းမြေဧရိယာ ၄၆.၂၉၃ စတဲ့ ဒါတွေအားလုံးကိုနုတ်လိုက်ပါက အင်းစိန်ထောင် ရဲ့ မြေဧရိယာထောင်သီးသန့်အကျယ်ဟာ ၁၀၄.၇၄၆ဧက ရှိပါတယ်။အင်းစိန်ထောင်တည်ရှိပုံဟာ အင်းစိန်လှိုင်မြစ်ကမ်းနားလမ်းကိုမျက်နှာပြု တည်ဆောက်ထားပြီး လမ်းဘေးကထောင်ခြံစည်းရိုးက ကပ်လျက်ရှိပြီးလမ်းမကနေ အတွင်းထောင်ဘူးဝ မျက်နှာစာအထိ ပေပေါင်း၁၁၆၀ပေကွာဝေးပါတယ်။ဗြိတိသျှအစိုးရဟာ အင်းစိန်ထောင်တည်ဆောက်တဲ့အချိန်မှာ မြန်မာပြည်တစ်ပြည်လုံးရဲ့ အခြားသောမြို့တွေမှာပါအကျဉ်းထောင်အချို့ကိုတည်ဆောက်ထားပြီးဖြစ်နေတာကြောင့် အင်းစိန်ထောင်ကိုသူတို့စိတ်တိုင်းကျ စနစ်တကျပုံစံရေးဆွဲပြီး တည်ဆောက်ခဲ့တာဖြစ်ပါတယ်။အင်းစိန်ထောင်ကိုအပေါ်ကနေ စီးပြီးကြည့်ရင်ရှေးဟောင်းတိုင်ကပ်နာရီပုံသဏ္ဍန်ရှိတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။အုတ်ရိုး၂ထပ်ရှိပြီးအပြင်အုတ်ရိုးက ၁၈ပေမြင့်တယ်။

အတွင်းအုတ်ရိုးက၇ပေမြင့်တယ်။အတွင်းအုတ်ရိုးနဲ့အပြင်အုတ်ရိုးကြား ပေ၁၉၀ကွာထားတယ်။နာရီအထိုင်အကွက်ထဲမှာ ထောင့်၁၆ထောင့်ရှိပါတယ်။နာရီဒိုင်ကွက်ပုံစံထဲမှာ အကျဉ်းသားအိပ်ဆောင် အဆောက်အဦးတွေကို အကွက်ချပြီး ၂ထပ်ပုံစံစနစ်တကျ တည်ဆောက်ထားတယ်။အိပ်ဆောင်တွေရဲ့ အလယ် ကွက်လပ်ဗဟိုမှာ ၆၃ပေမြင့်တဲ့ ဗဟိုမျှော်စဉ်တစ်ခုရှိပြီး အဲ့ဒီမျှော်စဉ်ကိုပတ်ပြီး စားဖိုဆောင်ကြီးကို ဆောက်လုပ်ထားတယ်။

အဲဒီမျှော်စဉ်ကို ဗဟိုပြု ပြီး၂ထပ်အိပ်ဆောင်များကို နာရီလက်တံသဖွယ် ပတ်ဝိုင်းပြီးဆောက်လုပ်ထားတယ်။ရည်ရွယ်ချက်က အကျဉ်းသား၊အချုပ်သားတွေထမင်းစားသောက်ချိန်မှာ အိပ်ဆောင်တွေကနေ တစ်ဆောင်ချင်းတန်းစီထွက်ပြီး ဖိုဝိုင်းကြီးမှာ ထမင်းပုံစံတွေကို အလွယ်တကူယူနိုင်ကြစေဖို့ အတွက်ပဲဖြစ်ပါတယ်။နောက်ရည်ရွယ်ချက်က အိပ်ဆောင်တွေပေါ်မှာ ရန်ဖြစ်ခြင်း၊အုတ်ရိုးကျော်၍ထွက်ပြေးခြင်း စတဲ့လုံခြုံ ရေးဆိုင်ရာကိစ္စတွေကိုလည်းမျှော်စဉ်ပေါ်က တာဝန်ကျအစောင့်က အားလုံးကိုမြင်နိုင်စေဖို့ဖြစ်ပါတယ်။ထောင်အရှေ့ ဘူးဝတံခါးကြီးကနေ ဖိုကြီးဗဟိုမျှော်စဉ်အထိတစ်ဖြောင့်တည်းလမ်းဖောက်ထားပြီးအဲ့ဒီမျှော်စဉ်ကြီးကိုပတ်ပြီးထောင်အနောက်ဘက်တံခါးအထိ လမ်းကို တောင်မြောက်တစ်တန်းတည်းဖောက်ထားတယ်။လမ်းမကြီးရဲ့ တစ်ဖက်တစ်ချက်မှာလည်း၉ပေမြင့်တဲ့အုတ်တံတိုင်းကာရံထားပြီးအုတ်တံတိုင်းအရှေ့ဘက်တစ်လျှောက်မှာ အဆောက်အဦး၎ခုရှိပြီးတစ်ခုနဲ့တစ်ခုကြား ၇ပေအုတ်နံရံတွေကန့်ပြီးကာရံထားတယ်။အင်းစိန်ထောင်တည်ဆောက်ချိန်မှာ အစိုးရဟာ သူတို့သိမ်းပိုက်ထားတဲ့ မြန်မာပြည်အောက်ပိုင်းနဲ့အလယ်ပိုင်းဆိပ်ကမ်းမြို့တွေဖြစ်တဲ့ စစ်တွေ၊မော်လမြိုင်၊မြိတ်၊ပုသိမ်နဲ့ရန်ကုန်စတဲ့ မြို့တွေမှာထောင်တွေကိုတည်ဆောက်ခဲ့ပြီး ဖြစ်ရာ ရန်ကုန်မြို့နဲ့၁၂ကွာဝေးတဲ့အင်းစိန်မြို့မှာ ထောင်ကြီးတစ်ခုဖွင့်လှစ်ပြီး အကျင့်စာရိတ္တပြု ပြင်ရေး Reformation အတွက်ပါတည်ဆောက်ခဲ့တယ်လို့ ယူဆရတယ်။ဒါကြောင့်အင်းစိန်ထောင်ကြီးကို ၁၈၉၂ခုနှစ် ဇူလိုင်လမှာ စတင်ဖွင့်လှစ်အသုံးပြု 

အဲ့ဒီတုန်းက အင်းစိန်ထောင်မှာရှိတဲ့အကျဉ်းသားတွေဟာ ခဲ့ပါတယ်။ရာဇ၀တ်မှု့ တစ်ကြိမ်တစ်ခါသာကျူးလွန်တဲ့ အကျဉ်းသား(Causal Prisoner) ၊ရာဇ၀တ်မှု့ ကိုတစ်ကြိမ်ထက်ပိုပြီးကျူးလွန်တဲ့အကျဉ်းသား(Habitual Prisoner) နဲ့ တရားမအကျဉ်းသား(Civial prisoner) တို့ကိုထားရှိစေခဲ့တယ်။

အင်းစိန်ထောင်စတင်ဖွင့်လှစ်ချိန်မှာ အကျဉ်းဌာနမင်းကြီးအဖြစ် ပထမဆုံးဆောင်ရွက်ခဲ့သူဟာ Surgeon. Licut Colonel Davicisno ဖြစ်ပါတယ်။၁၉၄၂အင်္ဂလိပ်တပ်တွေမြန်မာပြည်ကဆုတ်ခွာပြီးဂျပန်တွေအုတ်ချုပ်တဲ့ခေတ်မှာ အင်းစိန်အကျဉ်းထောင်အပါဝင်မြန်မာနိုင်ငံက အကျဉ်းထောင်တွေကို ဂျပန်တွေကလက်နက်တိုက်အဖြစ်အသုံးပြု ခဲ့တယ်။ဂျပန်တွေထွက်ပြီးအင်္ဂလိပ်ပြန်အ၀င် ၁၉၄၆ခုနှစ်မှာတော့ အင်းစိန်ဗဟိုအကျဉ်းထောင်ကိုပြန်လည်ဖွင့်လှစ်အသုံးပြု ပြန်တယ်။

၁၉၄၈မြန်မာပြည်လွတ်လပ်ရေးရပြီး ပါလီမာန်ဒီမိုကရေစီ အုပ်ချုပ်ရေးခေတ်ဦးမှာ ကရင်တွေကအင်းစိန်ဗဟိုအကျဉ်းထောင်ကို အင်းစိန်တိုက်ပွဲမှာအကျဉ်းထောင်ကိုသိမ်းပိုက်ပြီးအကျဉ်းသားအားလုံးကို
လွှတ်ပေးလိုက်ကာ အင်းစိန်ထောင်ကိုခံတပ်သဖွယ်အသုံးပြု ခဲ့ပြန်တယ်။နောက်ပိုင်းရန်ကုန်ထောင်မှာအချုပ်သားနဲ့ပြစ်ဒဏ်၆လအောက် အကျဉ်းသားတွေကိုသာထားပြီး နှစ်ကြီးအကျဉ်းသားအားလုံးကို အင်းစိန်ထောင်သို့ပေးပို့ကာ ထိန်းသိမ်းစေခဲ့တယ်။အင်းစိန်ထောင်ဟာ အကျဉ်းဦးစီးဌာနလက်အောက်မှာရှိတဲ့ အကျဉ်းထောင်တွေထဲက မြန်မာနိုင်ငံမှာ အကြီးဆုံးဗဟိုအကျဉ်းထောင်ဖြစ်ပါတယ်။အင်္ဂလိပ်ဖွဲ့စည်းပုံနဲ့ အင်္ဂလိပ်ထောင်လက်စွဲစာအုပ်အရ အကျဉ်းသားအင်အား အယောက် ၅၀၀၀ကိုသာ လက်ခံထိန်းသိမ်းဖို့သတ်မှတ်ထားသော်လည်း မဆလခေတ်နဲ့ စစ်တပ်မင်းဆက်ခေတ်တွေမှာ အဖမ်းအဆီးရက်စက်ခဲ့တဲ့အတွက် လက်ရှိအခြေနေအရ အကျဉ်းသား၁သောင်းခွဲနီးပါး ထိန်းသိမ်းထားတဲ့အကျဉ်းထောင်ဖြစ်ပါတယ်။

၁၉၆၂ ဦးနေ၀င်းအာဏာသိမ်းပြီးတဲ့နောက် အရေးခင်းဆန္ဒပြမှု့ တွေမှာပါဝင်တဲ့ကျောင်းသားကျောင်းသူတွေနဲ့ နိုင်ငံရေးသမားတွေရဲ့ စံမြန်းရာ အင်းစိန်တောရဖြစ်လာခဲ့ပါတော့တယ်။ဘာပြစ်မှု့ မှာမကျူးလွန်တဲ့အပြင် အပ်တိုတစ်ချောင်းမပါတဲ့ကျောင်းသားကျောင်းသူတွေဟာ အင်းစိန်တောရ (ကျောင်းသားများပေးထားသောအမည်)မှာ အင်္ဂလိပ်အရှင်သခင် ၊မြန်မာတွေပြောပြောနေတဲ့ မဟာဂုတ်သွေးစုပ်သူ၊ သွေးခွဲသမား၊ပြည်ပရန် စတဲ့ဝေါဟာရတွေရဲ့ ပိုင်ရှင် အင်္ဂလိပ်တွေကတောင် မလုပ်ခဲ့တဲ့ အင်မတန်ရက်စက်တဲ့နှစ်ရှည်ထောင်ဒဏ် နှစ်၃၀၊နှစ်၅၀ဆိုတာတွေ၊ အင်မတန်ကြမ်းတမ်းပြီးတိရိစ္ဆာန်တောင်မစားတဲ့အစားစာတွေကိုကျွေးပြီး နိုင်ငံရေးသမား ကျောင်းသူကျောင်းသားတွေကို နှိပ်စက်ခဲ့တယ်။
အင်္ဂလိပ်ခေတ်မှာ မကြားဖူးသမျှသော အကြောင်းအရာနဲ့ရက်စက်မှု့ အပေါင်းသရဖူဆောင်းစေခဲ့တဲ့အဖြစ်ပျက်အားလုံးဟာ အမျိုးသားဖက်ဆစ်တွေရဲ့ လက်ထက်မှာသာဖြစ်ခဲ့ရတာပဲဖြစ်ပါတော့တယ်။

မြန်မာနိုင်ငံအကျဉ်းထောင်သမိုင်းစာအုပ်မှ ကောက်နုတ်ဖော်ပြသည်။
==========

Credit; people voice

ကျုပ်ပြောမယ်….ဒေါ်အောင်ဆန်းစုကြည်

  
ဒီမယ်ကျုပ်ပြောမယ်
ဒေါ်အောင်ဆန်းစုကြည်
ခင်ဗျား မျက်လုံးခွဲတယ်

နားနေရမယ် လို့

ဆရာဝန်ပြောတယ်
ခင်ဗျား မနားဘုး

သင်္ကြန်ရက်တွေမှာ

ရုံးတက်ပြီး

အလုပိတွေလုပ်နေတယ်
ဒုတိယအကြိမ်

ယာဘက်မျက်လုံးခွဲတယ်

တပတ်ပဲကွာတယ်

ပထမ ဝဲဘက်ခွဲတဲ့နေ့နဲ့
နားနေရပါ့မယ်လို့

ဆရာဝန်ပြောတယ်

ခင်ဗျား နားမထောင်ခဲ့ဘူး

တိုင်းပြည်

ပြည်သူကို နှစ်သစ်ကူး

စကားပြောခဲ့တယ်
အခုလည်း

ဆေးရုံတက်

ပြည်သူတွေကို

ဘာအခမ်းအနားမှမပါပဲ

လိုက်ပြီး အားပေးစကားတွေ

ပြောနေပြန်ပြီ
ခင်ဗျား တော်တော်ခေါင်းမာပါလား
ခင်ဗျားကတော့ ထင်မှာပေါ့

ငါ့ ကိုယ် ငါ ပိုင်တယ် လို့
မပိုင်ဘူးဗျ

ခင်ဗျားကိုပိုင်တာက ပြည်သူ

လူထု

ဘာလို့လည်းသိလား

ခင်ဗျား က လူထုခေါင်းဆောင် လေ

ပြည်သူတို့ရဲ့အမေလေ
ပြည်သူတွေ က

ခင်ဗျား ကို

အရိပ်တကြည့်ကြည့်နဲ့

နေနေကြတာဗျ

သူတို့က အချိန်ရတိုင်း

ခင်ဗျား မျက်နှာကို Scan ဖတ်

နေကြတာ
မဲဆွယ်ကာလတုန်းကလည်း

တပြည်လုံးမမောနိုင်

မပန်းနိုင် ခင်ဗျားသွားလာနေခဲ့တယ်
သူတိုခမျာ ခင်ဗျားအတွက်

စိတ်ပူကြ

စိုးရိမ်ကြ နဲ့

စားကောင်းခြင်းမစားနိုင်

အိပ်ကောင်းခြင်းမအိပ်နိုင်
ရန်ကုန် နေအိမ်ပြန်ရောက်မှပဲ

သူတို့ခမျာ

ဟင်း ချနိုင်ရှာတော့တယ်
အခုလည်း

ခင်ဗျားစီးနေတဲ့ကားကို

ပြည်သူတွေက

မလုံခြုံဘူး ဆိုပြီး

စိတ်ပူနေကြရတယ်
သူတို့က

အမေရိကန်သမတစီးတဲ့

ကျည်ကာ ကားမျိုးစီးစေခြင်

ကြတယ်
ပိုက်ဆံစုပြီးဝယ်ပေးကြဘို့အထိ

ပြောကြဆိုကြတယ်
ဘာပြုလို့လည်း သိလား

ခင်ဗျားကို ဆုံးရှုံးရမှာကို

သူတို့တော်တော်ကြောက်နေကြတယ်
သူတို့မှာ

စားစရာ

နေစရာ

ဝတ်စရာ

မဖူလုံကြပါဘူး

အဲတာကို သူတို့မပူကြပဲ

ခင်ဗျားအတွက်ကိုပဲ

ပူပန်နေကြရတယ်
သင်္ကြန်ရုံးပိတ်ရက်

ုပြည်သူတွေနားကြ

ပျော်ရွှင်နေကြချိန်မှာ

ခင်ဗျားက

မျက်စိ၂လုံးကို

တပတ်ခြားပြီးခွဲတယ်
ရုံးတွေပြန်ဖွင့်တာနဲ့

အင်တိုက် အားတိုက်

အလုပ်လုပ်တော့မှာကို

ကျုပ်က ကြိုသိနေတယ်
မလုပ်ပါနဲ့ဗျာ

ပြည်သုကို သနားပါ
ခင်ဗျားအဖေ

ဗိုလ်ချုပ် ခေါင်းမာခဲ့လို့

ပြည်သုူတွေခမျာ

ဆုံးရှုံးလိုက်ရပြီ
ဖအေ့သမီး

ဖအေလို ခေါင်းမာတာ

သိပါတယ်
ဖအေလိုတော့

အဖြစ်မခံနိုင်ဘူးဗျာ
သူတို့အတွက်

နိုင်ငံအတွက်

ခင်ဗျားက

တန်ဘိုးမဖြတ်နိုင်တဲ့

ရတနာပါ
၆၉ နှစ်ကြာမှ

ဒီရတနာကို ရခဲ့ကြတာပါ
အချိန်ရှိတိုင်း

ခင်ဗျား ကျန်းမာဘို့

ဘေးကင်းဘို့ ကို

သူတို့ တဖွဖွနဲ့ 

ဆုတောင်းနေကြရတာပါ
ပြည်သူတွေ

စိတ်ပူအောင်မလုပ်ပါနဲ့ဗျာ

သူတို့ခမျာ

အခုမှ

အလင်းရောင်လေးစရလာတာပါ

ဒီအလင်းရောင်လေး

ပျောက်ကွယ်သွားမှာကို

သေမလောက်ကြောက်ကြပါတယ်
နတ်မောက်သား

နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒအား ရှင်းလင်းပြောကြားမည်

  
နေပြည်တော် ဧပြီ ၂၀

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီ ၂၂ ရက် မွန်းလွဲ၂ နာရီတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၌ မြန်မာနိုင်ငံ ဆိုင်ရာ ပြည်တွင်းပြည်ပ အခြေစိုက် သံတမန်များနှင့် တွေ့ဆုံ ၍ မြန်မာ နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒနှင့် စပ်လျဉ်းပြီး ရှင်းလင်းပြောကြား မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန နိုင်ငံရေးရာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုရှိန် ကပြောကြားသည်။
သံတမန်တွေနဲ့ တွေ့ဆုံရှင်းလင်းပွဲကို တက်ရောက်ဖို့ ရန်ကုန်မြို့ အခြေစိုက်သံရုံး ၄၆ ရုံး၊ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်ရုံး တစ်ရုံးနဲ့ ပြည်ပအခြေစိုက်သံရုံး ၄၆ ရုံး စုစုပေါင်း ၉၃ ရုံးကို ဖိတ်ကြားခဲ့ရာမှာ ယနေ့ အချိန်အထိ သံရုံး ၇၃ ရုံးမှ ပါဝင်တက်ရောက်ကြ မယ်လို့ ပြန်ကြား ထားပါတယ်။ အဲဒီမှာ သံအမတ်ကြီးများ သို့မဟုတ် ဒုတိယသံရုံး အကြီးအကဲများ ပါဝင် တက်ရောက်ကြမှာ ဖြစ်ပါ တယ်ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုရှိန်က ပြောကြားသည်။

  
မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒဟာ မိမိနိုင်ငံရဲ့ အမျိုးသားအကျိုး စီးပွားကို ကာကွယ်စောင့်ရှောက် ဖော်ဆောင်တာဖြစ်ပြီး အမျိုးသားလုံခြုံရေး၊ အမျိုးသား စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ တရားမျှတပြီး တည်ငြိမ် အေးချမ်းတဲ့ ကမ္ဘာ့ ပတ်ဝန်းကျင် တိုးတက်ဖြစ်ထွန်းရေးကို ဦးတည်ထားရှိပါတယ်။ လွတ်လပ် မှု၊ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှု၊ ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းအစဉ် အလာများကိုအလေးထားမှု၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို အလေး ထားမှုစတဲ့ အချက်တွေကို တန်ဖိုးထားတဲ့ မူဝါဒဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ အနာဂတ်နိုင်ငံတော် ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းတွေ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်း အားထုတ်မှုတွေ၊ မိမိပြည်တွင်းရေး လိုအပ်ချက်တွေကို ပြည်ပနိုင်ငံ တကာရဲ့ စံချိန်စံညွှန်းတွေ နဲ့ ညှိနှိုင်း မှုတွေပြုလုပ်ပြီး အပြန်အလှန် အားဖြင့် နိုင်ငံ တကာ ဖြစ်စဉ်တွေကနေပြီး မိမိနိုင်ငံ ပြည်တွင်းရေး သက်ရောက်မှုတွေ ကို စောင့်ကြည့်လေ့လာကာ အမျိုးသားရေး အကျိုးစီးပွားနဲ့ ယှဉ်ပြီး ရပ်တည် ဆောင်ရွက်ခြင်းတွေကို ဆက်လက်ဖော်ဆောင်လျက် ရှိပါတယ် ဟု မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒနှင့် ပတ်သက်၍ ၎င်းက ဆက်လက်ပြောကြားသည်။

  
ထိုသို့ဆောင်ရွက်ရာတွင် ယခင်ကကဲ့သို့ သာမန်နှစ်နိုင်ငံဆက်ဆံရေး (bilateral relation) တိုးတက်ခိုင်မာရေး ဦးတည်ချက် တစ်ခုတည်း သာမဟုတ် တော့ဘဲ ဒေသတွင်းနိုင်ငံ များနှင့် ပေါင်းစပ်ပြီး (regional integration) နှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး (multilateralism) တို့ကိုလည်း ပိုမိုပြီး နိုးကြားတက်ကြွစွာ ပူးပေါင်း ဆောင်ရွက်ရန် ဖြစ် လာကြောင်း၊ ထို့ကြောင့် ASEAN၊ ASEAN +3၊ ACMECS၊ CLMV၊ BIMSTEC၊ LMI၊ GMS၊ ACD၊ Mekong-Lancang၊ Mekong-Korea နဲ့ Mekong-Japan စသည့် ဒေသဆိုင်ရာ အဖွဲ့အစည်း များနှင့်လည်း ပူးပေါင်းပြီးဆောင်ရွက်နေကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုရှိန်က ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁ အရ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေး ဝါဒကို ကျင့်သုံးလျက်ရှိပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး (၅) ရပ်ဖြစ်သည့် တစ်နိုင်ငံ၏ နယ်မြေတည်တံ့မှုနှင့် အချုပ် အခြာအာဏာ ပိုင်ဆိုင်မှုကို တစ်နိုင်ငံက လေးစားရန်၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကျူးကျော် တိုက်ခိုက်မှု မပြုလုပ်ရန်၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပြည်တွင်းရေး ကိစ္စများတွင် ဝင်ရောက် စွက်ဖက်ခြင်းမပြုရန်၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ တန်းတူ ရည်တူ ရှိရန်နှင့် နှစ်ဦး နှစ်ဖက် အကျိုးဖြစ်ထွန်းစေရန်နှင့် ငြိမ်းချမ်းစွာ အတူယှဉ် တွဲနေထိုင်ရန် အချက် များကို အခြေခံပြီး လုပ်ငန်းစဉ် (၈)ရပ် ချမှတ် ကျင့်သုံးလျက်ရှိသည်။

နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က မိမိတို့အစိုးရ သည် နိုင်ငံခြားရေး မူဝါဒအရ တစ်ကမ္ဘာလုံးနှင့် ခင်မင်ရင်းနှီးစွာဖြင့် ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်သည့်နေရာတွင် အိမ်နီးချင်းနိုင်ငံများကလည်း ပူးပေါင်း ဆောင်ရွက်မည်ဟု ယုံကြည်ပါကြောင်း ဧပြီ ၅ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိအား လက်ခံတွေ့ဆုံရာ၌ ထည့်သွင်း ပြောကြားခဲ့ခြင်းသည် မြန်မာနိုင်ငံ၏ အစဉ်အဆက် ကျင့်သုံး ခဲ့သော နိုင်ငံခြားရေး မူဝါဒကို ထင်ဟပ် ဖော်ပြလျက် ရှိသကဲ့သို့ မြန်မာနိုင်ငံခြားရေး မူဝါဒမှာ ပိုမို၍ သွက်လက် လှုပ်ရှား လာခဲ့ရာ ဧပြီ ၂၂ ရက်တွင် သံတမန်များနှင့်တွေ့ဆုံ ရှင်းလင်း နိုင်ခြင်း အားဖြင့် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးနှင့် အမျိုးသားအကျိုးစီးပွား မြင့်မားရေး အတွက် မြန်မာ့နိုင်ငံခြားရေး မူဝါဒဖြင့် မြှင့်တင်သွားနိုင်မည်ဖြစ်သည်။

ရန်ကုန်တွင် နေအိမ်နှင့်ဈေးဆိုင်များ ဖောက်ထွင်းခံရမှု ဆက်တိုက်ဖြစ်

ရန်ကုန်၊ ဧပြီ ၂ဝ

သင်္ကြန်ကာလ ရုံးပိတ်ရက်များတွင် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အချို့မှ ခရီးရက်ရှည်ထွက်သည့် နေအိမ်နှင့် ဈေးဆိုင်ခန်းများ ဖောက်ထွင်းခိုးယူခံရမှု နေရာအနှံ့ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

“သင်္ကြန်ကာလ ပိတ်ထားတဲ့ ဈေးဆိုင်ခန်းအချို့နဲ့ မိသားစုလိုက် အိမ်တံခါးပိတ်ပြီး ခရီးဝေးထွက်တဲ့ နေအိမ် အချို့ ဖောက်ထွင်းခိုးယူခံရမှုတွေ ခုရက်ပိုင်း မြို့နယ်အနှံ့ ရဲစခန်းတွေမှာ အမှုဖွင့် တိုင်ကြားမှုတွေ ဆက်တိုက် ဖြစ်လာတယ်၊ ခိုးမှုကျူးလွန်သူတွေကို အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးနိုင်ဖို့ သက်ဆိုင်ရာ နယ်မြေအလိုက် စုံစမ်း စစ်ဆေးမှုတွေ ဆောင်ရွက်နေပါတယ်”ဟု အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ဖောက်ထွင်းခံရသည့် နေအိမ်နှင့် ဆိုင်ခန်းများမှာ ကမာရွတ်၊ သာကေတ၊ ဒလ၊ တာမွေ၊ လှိုင်၊ စမ်းချောင်းနှင့် ရွှေပြည်သာ မြို့နယ်တို့တွင် ဖြစ်ပြီး သင်္ကြန်ကာလအတွင်း ခရီးဝေး သွားရာမှ သင်္ကြန်အပြီး ပြန်လည်ရောက်ရှိချိန် နေအိမ်နှင့် ဆိုင်ခန်းများ ဖောက်ထွင်းခံရသည်ကို သိရှိခဲ့ပြီးနောက် ဧပြီလ ၁၈ ရက်နှင့် ၁၉ ရက်နေ့တို့တွင် သက်ဆိုင်ရာနယ်မြေ ရဲစခန်းများ၌ အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးများ ထံမှ စုံစမ်း သိရှိရသည်။

“သင်္ကြန်ကာလမှာ ဈေးတွေနဲ့ လူစည်ကားရာ နေရာတွေမှာ လုယက်မှု၊ ခိုးမှုတွေ မဖြစ်ရအောင် အစောင့် လုံခြုံရေး၊ လှည့်ကင်း၊ ဝပ်ကင်းတွေ တာဝန်ပေးအပ်ခဲ့တယ်။ လက်ရှိ ခိုးမှုနဲ့ တိုင်ကြားတဲ့ နေအိမ်နဲ့ ဈေးဆိုင်ပိုင်ရှင်တွေက အစောင့်မထားဘဲ ခရီးရက်ရှည်သွားနေချိန်မှာ ဖောက်ထွင်းခံရတယ်လို့ သိရပြီး လတ်တလော တိုင်ကြားချက်အရ သင်္ကြန်ကာလမှာ အိမ်နဲ့ ဆိုင် ဖောက်ထွင်းခံရမှု ၁ဝ မှုကျော်ရှိတယ်၊ သက်ဆိုင်ရာ ရဲစခန်းတွေက ခိုးမှုနဲ့ ပတ်သက်လို့ မသင်္ကာသူတွေကို ခေါ်စစ်ဆေးနေတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

၂ဝ၁၆ ခုနှစ် ရန်ကုန်သင်္ကြန်ကာလတွင် မှုခင်းဖြစ်ပွားမှု ၈ဝ ဖြစ်ပွားခဲ့ရာ ယင်းအနက် ခိုးမှု ၅ မှုမှ ပြစ်မှုကျူးလွန် သူများကို ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ မြို့နယ်အနှံ့မှ ခိုးမှု၊ ခါးပိုက်နှိုက်မှုများနှင့် ပတ်သက်၍ မသင်္ကာသူ ၅ဝ ဦးကျော်ကို ရဲတပ်ဖွဲ့က စစ်ဆေးအရေးယူမှုများ ဆောင်ရွက်ခဲ့ပြီး ယခင်နှစ်များထက် ရန်ကုန်တွင် သင်္ကြန်ကာလ မှုခင်းဖြစ်ပွားမှုကို သိသာလျော့နည်းစွာ ကျဆင်းစေရန် ဆောင်ရွက်နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ မှုခင်းစာရင်းများအရ သိရှိရသည်။

ငါးဖယ်ခြစ် အချဉ်ချက်

ချက်တာတော့ကြာပြီ မရေးဖြစ်တာပါ တစ်ချို့ဟင်းတွေလဲ ချက်ရင်းမေ့သွားလို့ ပုံလေးတွေ မရိုက်ထားပဲဖြစ်မိသွားတယ်ဗျာ ဆောရီးပါ…… အခုတော့ ငါးဖယ်ခြစ် အချဉ်ချက်လေး ချက်စားမယ် အချဉ်ချက်ဆိုပေမယ့် တအားကြီးချဉ်တာမဟုတ်ပဲ ချိုချဉ်လေး နဲ့  စားလိုက်ရင်မအီအောင်ပေါ့….ငါးဖယ်ခြစ်ကတော့ ဒီမှာရပါတယ် မြန်မာဆိုင်မှာေ၇ာင်းပါတယ် တစ်ကီလိုကို ၇.၅ ဒေါ်လာပါ ကျနော် အဲ့နေ့ နှစ်ထုပ် ဝယ်လာတယ် နှစ်ကီလိုပေါ့ဗျာ လုပ်ကတာတော့ နဲနဲတော့လက်ရှုပ်တာပေါ့ဗျာ ကျနော်ကကြိုက်တော့ ချက်စားရတာပေါ့ ငါးဖယ်မချက်ခင် ငါးဖယ်ခြစ်ကို ငါးဆုပ် လေးတွေလုံးပါမယ် လိုအပ်မှာတွေကတော့…..

 

  1. ငါးဖယ် ခြစ်ပြီးသား၂ ကီလို…
  2. ဆား သင့်ရုံ
  3. နနွင်း…
  4. ချင်း
  5. ကြက်သွန်ဖြူ ဥကြီး နှစ်လုံး နုတ်နုတ်စင်း (သို့) ထောင်း( ကြက်သွန်ဖြူကို ရက်ရှည်ထားမယ်ဆို မထည့်ပါနဲ့ )

အားလုံးစုံပြီဆို ငါးဖယ်ကို လုံးဖို့လုပ်ပါ့မယ်…..

ပြီးသွားရင်တော့ အစာတွေနဲ့ ငါးဖယ်ကို နှံ့နေအောင်နယ်ပါမယ် ပြီးရင် ငါးဖယ် အလုံးကြီးဖြစ်အောင်လုပ်ပပါ့မယ် လုံးသွားပြီဆိုရင်တော့ ပန်ကန်ထဲမှာ ငါးဖယ်လုံးကို ပေါက်လိုက် လုံးလိုက် အခါ ငါးဆယ်လောက်လုပ်ပါ ဗလလဲတက်တာပေါ့ ဒါမှ ငါးဖယ်က အကြောတင်းပြီး မာပြီး စီးလာမှာဖြစ်ပါတယ်….

ကျနော် ပုံထဲမှာ ပြထားတဲ့ အတိုင်းလုံးပြီး စီးသွားပြီဆိုရင်တော့ စတင်လုံးပါ့မယ် လုံးတာကတော့ ကိုယ်ကြိုက်တဲ့အနေပေါ့ လုံးရင် စီးကပ်တဲ့အတွက် ဆီလေးကိုလက်ကိုဆွတ်ပြီးတော့လုံးပါ…..

ကျနော်ကတော့ အဲလိုမျိုး ပြားလိုက်တယ်ဗျာ ငါးဖယ်ပြားပေါ့ ဟဟ…. အိုခေ …ပြီးသွားပြီဆိုရင်တော့ ကြော်မယ်ပေါ့ ငါးဖယ်ကြော်ရပြီဆိုရင်တော့ ကြိုက်သလို လုပ်စားလို့ရပါတယ် …. ခု အရင်ကြော်ပါ့မယ်….
ကြော်မဲ့အိုးထဲကို ဆီထည့်ပါ့မယ် ဆီပူလာပြီဆိုရင်တော့ ငါးဖယ်ပြားလေးတွေထည့်ကြော်ပါ့မယ် မီးအပြင်းကြီးနဲ့မကြော်ပါနဲ့ ငါးဖယ်ပြားလေးတွေ ဖောင်းပြီး ပွတက်လာပါလိမ့်မယ် ပြီးတော့ အဝါရောင်လေးသန်းပြီး မွှေးလာပါလိမ့်မယ် ထက်အောက်လှန်ပေးပါ အဝါရောင်လေးသန်းပြီး မွှေးလာပြီဆိုရင်တော့ ဆယ်ထည့်လို့ရပါပြီ….

ဒါဆိုရင်တော့ ငါးဖယ်ကြော်မွှေးမွှေးလေး ရပြီပေါ့ ဒီအတိုင်းစားလဲရတယ် အစာသွပ်လဲရတယ် ဟင်းပြန်ချက်စားလဲ၇ပါတယ်ဗျာ…ကျနော်ကတော့ ဟင်းပြန်ချက်မယ်ဆိုတော့ ငါးဖယ်ဆီပြန်အချဉ်ချက်လေးပေါ့ဗျာ…ရိုးရိုးရှင်းရှင်းလေးပါ … ပါဝင်မှာတွေကတော့…..

  1. ကြက်သွန်နီ ဥကြီးနှစ်လုံး ပါးပါး နှစ်ပြန်လှီးထားပါ (အရှည်လိုက်ရယ် ကန့်လန့်ဖြတ်ရယ်ပါ)
  2. ကြက်သွန်ဖြူ ဥကြီး တစ်လုံး ထောင်းထားပါ
  3. ငရုတ်သီး အစိမ်းမှုန့်
  4. ချင်း လက်တစ်ဆစ်ကိုထောင်းထားပါ
  5. မန်းကျည်းမှည့် ကွမ်းသီး နှစ်လုံးစာလောက် ရေစိမ်ထားပါ
  6. ငါးပြာရည်
  7. သကြား (အချို့မှုန့် မသုံးပါ)
  8. ပဲဆီ

ချက်မည့်အိုးထဲကို ပဲဆီထည့်ပြီး ဆီပူလာအောင်လုပ်ပါ ဆီပူလာပြီဆိုရင်တော့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းထောင်းထားတာကို အ၇င်ထည့်ပါ မွှေးလာအောင်အရင်မွှေပါ မွှေးလာပြီဆိုရင်တော့ ငရုတ်သီး အစိမ်းမှုန့် အနေတော်လေးထည့်ပါ တအောင့်လောက် မွှေပြီးပြီဆိုရင်တော့ မွှေးပြီးဆီးငွေ့လေးပြန်လာ၇င်တော့ စောနက ကြော်ပြီးသား ငါးဖယ်ခြစ်ကိုထည့်ပါ မွှေပါ ငါးပြာရည် သကြားထည့်ပါ မီးအများကြီးမသုံးပါနဲ့  တအောင့်လောက် မွှေးလာအောင် မွှေပေးပါ အနံ့လေး မွှေးလာပြီ ဆီလေးနဲနဲ ပြန်လာပြီဆိုရင်တော့ မန်းကျည်းရည် ထည့်ပါ တအားကြီးမထည့်ပါနဲ့ ထည့်ပြီးရင် မွှေပေးပါ မြည်းကြည့်ပါ မချဉ်သေးကထပ်ထည့်နိုင်သည် မီးလေးလျှော့ပြီး ငါးမိနစ်သို့ ၁၀ မိနစ်ခန့် နှပ်ထားပေးပါ အဖုံးအုပ်လို က အုပ်ထားနိုင်သည်….အရည်လေးတွေခန်းသွားပြီ အနှစ်ဖြစ်လာပြီးဆီပြန်လာပြီဆိုရင်တော့ မီးပိတ်လို့၇ပါပြီ ခင်ဗျာ…..

ကဲဒါဆိုရင် ချင်းနံ့ ကြက်သွန်ဖြူနံ့ သင်းသင်းလေးနဲ့ မအီမဲ့ ချိုချိုချဉ်ချဉ်အ၇သာ ငါးဖယ်ဟင်းတစ်ခွက်ရပြီပေါ့ဗျာ….. တစ်ချို့ကြတော့ မန်ကျည်းသီးနေရာမှာ ခရမ်းချဉ်သီးထည့်ပါတယ် ရပါတယ် ခင်ဗျာ ကြက်သွန် ငရုတ်သီး ဆီသတ်ပြီးဆိုရင်တော့ ငါးဖယ်အ၇က်မထည့်ပဲ ခရမ်းချဉ်သီးကို အ၇င်ထည့်မွှေပြီး ငါးပြာရည် သကြားထည့်ပြီး အနှစ်၇သည့်အထိမွှေပါ အနှစ်၇ခါနီးမှ ငါးဖယ်ထည့်ပြီး ၅ မိနစ်သို့  ၁၀ မိနစ်အထိ ထားပြီးနှပ်ထားပေးပါ မီးတော့လျော့ထားပါ…ရပြီဆိုရင် နံနံပင်အုပ်ပြီး မီးပိတ်နိုင်ပါပြီ….

ဒါကတော့ ငါးဖယ်ခြစ် ခရမ်းချဉ်နှပ်လေးပါ … စားကောင်းမယ်လိုထင်ပါတယ်…..ကျနော်ချက်ရင်တော့ ကောင်းမှာပေါ့ဗျာ ဟဲဟဲ …. ကဲအားလုံးပဲ စားနိုင်သောက်နိုင် လိုအင်တွေပြည့်နိုင်ပါစေပေါ့ဗျာ….. ကျောင်းရွာသား…….

Latest News For You