အပန်းမကြီးဘဲ ပျောက်လွယ်သည့့်ကျီးပေါင်းရောဂါအတွက် ဆေးနည်း

  

ကျီးပေါင်းရောဂါအတွက် ဆေးနည်းတင်ပေးပါရန်

စောနွဲ့ နေဆိုင်-ပူတာအိုသို့ မကြာခဏ

ဆေးနည်းများတောင်းဆိုလာကြသော

ဝေဒနာရှင်များအတွက် လက်တွေ့ပျောက်ကင်းခဲ့သည့်

ဆေးနည်းကို အများဖတ်ရှုနိုင်ရန်

ရေးသားမျှဝေပေးလိုက်ပါသည်။

.

ဘယ်ဘက်လက် မလှုပ်နိုင်အေင်

ခံစားလာရသဖြင့် ကိုယ်တစ်ခြမ်း

လေဖြတ်သလိုဖြစ်လာသည့် ကိုအဏ္ဏ၀ါလိုင်းသည် ဆရာဝန်နှင့်ကုသသော်လည်း မပျောက်သဖြင့်

မြန်မာတိုင်းရင်းဆေးနည်းဖြင့် အနှိပ်ခံကြည့်ရာ

ကျီးပေါင်းရောဂါဖြစ်နိုင်ကြောင်း၊

ဓါတ်မှန်ရိုက်ကြည့်ရန် အကြံပေးသဖြင့်

ရိုက်ကြည့်ရာ လည်ဆစ်ရိုးတွင် ကျီးပေါင်းတက်နေကြောင်း

တွေ့ရှိရသဖြင့် မိတ္ထီလာဆေးရုံသို့

တက်ရောက်ကုသခဲ့သည်။

.

အရိုးအဆစ်တို့တွင် ကျီးပေါင်းတက်လာသဖြင့်

အာရုံကြောများကို ဖိထားကာ အာရုံကြောများ မလှုပ်ရှားနိုင်ပါက လေဖြတ်နိုင်သည့်အပြင်

အချိန်မရွေး သေသွားနိုင်ကြောင်း သိရှိရသဖြင့်

ဆေးရုံမှ ကုသနည်းအတိုင်း ကုသခဲ့သည်။

သက်သာ၍ ဆေးရုံကဆင်းပြီး မကြာခင်မှာပဲ

ပြန်ဖြစ်လာ၍ မန္တလေးဆေးရုံကြီးသို့ ကုသခဲ့ပြန်သည်။

အနည်းငယ် သက်သာလာသော်လည်း မပျောက်ခဲ့ပါ။

.

သင်္ကြန်အတွင်း ပြင်ဦးလွင် ရွှေဟင်္သာကျောင်းတွင်

မိတ်ဆွေများနှင့်အတူ သင်္ကန်းဝတ်ကြရာ

ကျောင်းထိုင်ဆရာတော်မှ ကျီးပေါင်းဆေးနည်းကို

ညွန်ပေးသဖြင့် ကုသခဲ့ရာ အံ့သြလောက်အောင်ပင်

ကျီးပေါင်းရောဂါသည် လျှင်မြန်စွာ သက်သာခဲ့ပြီး

ဆက်တိုက်ပြုလုပ်ကြည့်ရာ လုံးဝပျောက်ကင်းခဲ့ပါသည်။

.

ဆေးနည်း

– – – – – – –

(၁) ဆေးဆိုင်များမှ ဆားခါး

(Epsom Salt) ကို (၂၅) ကျပ်သားခန့် ၀ယ်ယူပါ။

.

(၂) ဆားခါးကို အ၀တ်သန့်သန့်ဖြင့်

ကြပ်ထုပ် ထုပ်ထားပါ။

.

(၃) ရေနွေးပူပူတည်ထား၍

ဆားခါးအထုပ်ကို ရေနွေးအိုးအဖုံးပေါ်ကို

တင်ထား၍ အပူပေးကာ

ကျီးပေါင်းတက်နေသည့်နေရာကို

မိမိခံနိုင်သလောက် ကြပ်ထုပ်ထိုးပေးပါ။

.

(၄) အထုပ် ၂ ထုပ် ပြုလုပ်ထားပြီး

တစ်ထုတ်ထိုးနေချိန် ကျန်တစ်ထုပ်ကို

အပူပေးထားပြီး တစ်လှည့်စီ အသုံးပြုနိုင်ပါသည်။

.

(၅) ကြပ်ထုပ်တစ်ခါထိုးလျှင်

အနည်းဆုံး မိနစ်(၄၀)ခန့်ကြာအောင် ထိုးပေးပါ။

.

(၆) ကြပ်ထုပ်ထိုးနေစဉ်

အတက်စာများကိုမစားပဲ

ရှောင်နိုင်လျှင် ပိုကောင်းမည်။

၎င်းဆေးနည်းအတိုင်း

စိတ်ရှည်ရှည်ဖြင့် မကြာခဏ ပြုလုပ်ပေးပါက

ကျီးပေါင်းရောဂါသည် လျှင်မြန်စွာ

ပျောက်ကင်းသွားပါမည်။
Credit: အဏ္ဏ၀ါလိုင်း

Sammy Sosa

တာဝန်ယူနိုင်မှ ခွေးမွေးပါဟု ရန်ကုန်မြို့တော်ဝန် ပြော

  

ရန်ကုန်မြို့တွင် ခွေးလေခွေးလွင့်များ တနေ့တခြား များပြားလာနေသည့်အတွက် တာဝန်ယူနိုင်မှ ခွေးမွေးစေချင် ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက မှတ်ချက်ပြုခဲ့သည်။ 

ဧပြီ ၁၉ ရက်က ၎င်း၏ လူမှုကွန်ရက်ဖေ့ဘွတ်ခ်စာမျက်နှာတွင် မြို့တော်ဝန်က အထက်ပါအတိုင်း မှတ်ချက်ပြု ခဲ့ခြင်း ဖြစ်သည်။

”တချို့တွေဟာ အိမ်မရှိဘဲခွေးမွေးချင်ပါတယ်။ ဒီလိုနဲ့ပဲ ခွေးလေးတွေဟာ တကောင်စ၊ နှစ်ကောင်စနဲ့ အစုအဖွဲ့ ဖြစ်လာပါတယ်။ ဒီအခါ ခွေးလေခွေးလွင့်သဘောမျိုး ဖြစ်သွားပြီး ရှင်းရတဲ့အခါ သူ့အသတ်သတ်သလို ဖြစ်သွား ပါတယ်” ဟု ၎င်းက ရေးသားခဲ့သည်။ 

အစိုးရ၀န်ထမ်းများအနေဖြင့် တနေရာမှတနေရာသို့ ပြောင်းရွှေ့ရသည့်အခါ မိမိတို့မွေးထားသည့် ခွေးများ၊ ကြောင်များကို ခေါ်ဆောင်သွားလေ့မရှိကြောင်း မြို့တော်ဝန်က ဆက်လက်ရေးသားခဲ့သည်။ 
”မြန်မာနိုင်ငံဖြစ်ရက်နဲ့ ကျူးကျော်ဘ၀ အမည်တပ်ခံရလို့ ဘယ်လိုဖြေရှင်းရမလဲလို့ ဦးစားပေး စဉ်းစားနေချိန်မှာ ခွေးလေခွေးလွင့်များအတွက်လည်း စဉ်းစားရပြန်တယ်။ ခွေးဂေဟာတွေကလည်း အကန့်အသတ်ရှိနေပြန်ပါ သေးတယ်။ ခွေးတွေကို တတ်နိုင်သမျှတော့ သားကြောဖြတ်ဖို့ လုပ်လိုက်သည့်တိုင် အင်တိုက်အားတိုက်တော့ မလုပ်နိုင်ပါဘူး။ အကိုင်အတွယ်လည်း ခက်ပါတယ်။ အကန့်အသတ်ရှိနေလို့ပါ။ အကောင်းဆုံးကတော့ ခွေးမွေး မယ်ဆိုရင် ကိုယ့်ခွေးကိုယ် တာဝန်ယူနိုင်ရင် ခွေးလေခွေးလွင့် ပြဿနာကင်းသွားပါမယ်။ အခုတော့ ရှိနေဆဲ ခွေးလေခွေးလွင့်တွေအတွက် အကောင်းဆုံးစဉ်းစားနေပါတယ်”ဟု ဦးမောင်မောင်စိုးက ဆက်လက်ရေးသားခဲ့ သည်။ 

ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ကြီးဖြစ်ပြီး မြန်မာနိုင်ငံတွင် လူဦးရေ အများဆုံးမြို့ကြီးလည်း ဖြစ်သည်။ ရန်ကုန်မြို့တွင် ခွေးလေခွေးလွင့်များ တနေ့တခြား များပြားလာနေပြီး ခွေးကိုက်ခံရမှုများရှိလာနေ သည့် အတွက် ခွေးရူးရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသည့်ကလေးများ ရန်ကုန်ကလေးဆေးရုံကြီးသို့ နေ့စဉ်နီးပါး လာရောက်ကုသမှုခံယူနေရကြောင်း အဆိုပါဆေးရုံမှ သိရှိရသည်။ 

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ခွေးလေခွေးလွင့် များကို ရှင်းလင်းရာတွင် ယခင်က အဆိပ်ကျွေးပြီး သုတ်သင်သည့်နည်းလမ်းဖြင့် အများဆုံးရှင်းလင်းခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီထံမှ သိရှိရသည်။ 

နန္ဒမျိုးဆောင်

တရုတ်နိုင်ငံအရှေ့ပိုင်းတွင် ဓါတုသိုလှောင်ရုံတစ်ခုတွင် မီးလောင်မှုဖြစ်ပွား

  

ရှန်ဟိုင်း ဧပြီ ၂၂

တရုတ်နိုင်ငံအရှေ့ပိုင်း၊ ကျင်းကျန်းမြို့ရှိ ဓါတုပစ္စည်းနှင့် လောင်စာဆီများ သိုလှောင်ထားသော Jiangsu Deqiao သိုလှောင်ရုံတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း၊ သို့သော် မီးလောင်ကျွမ်းမှု ကို ထိန်းချုပ်နိုင်ပြီ ဖြစ်ပြီး ထိခိုက်မှု တစ်စုံတစ်ရာမရှိကြောင်း ဒေသအစိုးရနှင့် မီဒီယာများက ပြောသည်။ ပြီးခဲ့သော နှစ်သြဂုတ်လတွင် မြောက်ပိုင်းမြို့ တီရန်ကျင်းရှိ ဓါတုပစ္စည်းများ သိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၆၅ ဦးသေဆုံးခဲ့ရသည့်အပြင် အဆိပ်သင့်ညစ်ညမ်းမှုများကြောင့် စိုးရိမ် ထိတ်လန့်မှုများ ရှိခဲ့သည်။ ကျင်းကျန်းအစိုးရက မီးလောင်မှုကို ထိန်းချုပ်နိုင်ခဲ့ ဖြစ်ကြောင်းနှင့် ဒဏ်ရာရ၊ သေဆုံးသူ မရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ သို့သော် အွန်လိုင်းတွင် တွေ့ရှိရသောဓါတ်ပုံများ၌ မီးသည် သိုလှောင်ကန်ဟု ယူဆရသောနေရာမှ ဆက်လက်လောင်ကျွမ်းနေဆဲဖြစ်ပြီး မီးခိုးလုံးကြီးများ ဆက်လက်ထွက်ပေါ်နေလျှက်ရှိသည်။

Ref:CNA

*** ငါသေသွားခဲ့ရင် ***

  
• ငါ့ကို ထွေးပွေ့ မထားပါနဲ့ ..

ဘာခံစားချက်မှ မရှိတော့လို့ပါ..
• ငါ ကြိုက်တတ်တဲ့ ပစ္စည်းတွေ ယူမလာပါနဲ့ ..

ငါ သုံးလို့ မရတော့လို့ပါ ..
• ငါ သိချင်ခဲ့တဲ့ အဖြေတွေ လာပြောဖို့ 

မစဉ်းစားပါနဲ့ ..

မနားဆင်နိုင်တော့လို့ပါ ..
• ငါ့ ကို တောင်းပန်ဖို့ စကားမဆိုပါနဲ့တော့ ..

ခွင့်လွှတ်ဖို့ ပြန်နိုးမထ နိုင်တော့လို့ပါ ..
** အတူရှိနေချိန်လေးကို အကောင်းဆုံး ဖန်တီးပေးကြပါ **

ပျော်ရွှင်သော ဘဝလေးတွေ ပိုင်ဆိုင်ကြပါစေ

( ကိကိ ) 

Photo credit : Line

ယောက္ခမကို ဘယ်တော့မှ မပြောရမယ့် စကားများ

  

အိမ်ထောင်ရေးအဆင်ပြေဖို့အတွက် လိုက်နာရမယ့်စည်းမျဉ်းတွေနဲ့ ရှောင်ကြဉ်ရမယ့် စည်းကမ်းတွေ အများကြီးရှိတတ်ပါတယ်။ နှစ်ဦးနှစ်ဖက် အပေးအယူမျှရင်တောင် အသိုင်းအဝိုင်းရဲ့ လွှမ်းမိုးမှုက အရမ်းအရေးကြီးပါတယ်။ အဲ့ဒီထဲမှာ ကိုယ့် ယောက်ျားရဲ့ အမေနဲ့ အဆင်ပြေဖို့ အတတ်နိုင်ဆုံး ကြိုးစားဖို့ လိုပါတယ်။ ယောက္ခမနဲ့ အဆင်ပြေချင်တဲ့ ချွေးမများအနေနဲ့ ရှောင်ကြဉ်ရမယ့် စကားတွေရှိပါတယ်။ ဒီစကားလေးတွေကတော့-

-ကျွန်မယောက်ျားအကြောင်း ကျွန်မပိုသိပါတယ်ဆိုတဲ့ စကားမျိုး ယောက္ခမရှေ့မှာ သွားပြောလိုက်မိရင်တော့ သူနဲ့ကိုယ့်ကြားမှာ အကြီးဆုံး ရန်ပွဲကို အစပျိုးလိုက်သလို ဖြစ်မှာပါ။ ဒါက သူ့အမေနေရာကို ကိုယ်က အစားထိုးယူလိုက်ပြီး အမေက သားဖြစ်သူအတွက် အရေးမပါတော့အောင် ကိုယ်ကဖန်တီးနေသလို အထင်ရောက်သွားမှာ ဖြစ်ပါတယ်။

-ကျွန်မတို့ အိမ်ထောင်ရေးမှာ ဝင်မပြောပါနဲ့ ဆိုတဲ့ စကားမျိုးကလည်း လုံးဝမပြောသင့်တဲ့ စကားဖြစ်ပါတယ်။ ယောက္ခမဖြစ်သူက ပြောတဲ့အကြောင်းအရာကို ကိုယ်က လိုက်မလုပ်နိုင်ပေမဲ့ သူကလည်း မိဘတစ်ဦးဖြစ်တဲ့အတွက် လေးစားမှုရှိရပါမယ်။ သူ့အယူအဆကိုလက်မခံကြောင်း ပါးစပ်က ထုတ်ပြောလိုက်တာက လူကြီးတစ်ဦးရဲ့ စိတ်ခံစားချက်ကို ထိခိုက်စေနိုင်တယ်ဆိုတာကို ထည့်စဉ်းစားသင့်ပါတယ်။
-ကျွန်မအမေချက်တဲ့ လက်ရာက ပိုကောင်းတယ် ဆိုပြီး ယောက္ခမဖြစ်သူ ရှေ့မှာ ပြောလိုက်တာက သူ့စေတနာကို အသိအမှတ်မပြုဘူးဆိုတဲ့ သဘောပဲဖြစ်ပါတယ်။လောကမှာ ကိုယ့်အမေချက်တဲ့ အစားအသောက်ကသာ ကိုယ့်အတွက် အကောင်းဆုံးဖြစ်တယ်ဆိုတာ အမှန်ပဲ ဖြစ်သလို သူ့သားဖြစ်သူအတွက်လည်း သူ့အမေရဲ့ လက်ရာက အကောင်းဆုံး ဖြစ်တဲ့အတွက် သားဖြစ်သူကို သူ့စိတ်ကြိုက် ချက်ကျွေးခွင့် ပြုထားလိုက်ပါ။ဘယ်တော့မှ ကိုယ့်အမေဖြစ်သူနဲ့ နှိုင်းယှဉ်ပြီး မပြောမိပါစေနဲ့။

-ယောက္ခမ ဖြစ်သူဝယ်လာတဲ့ လက်ဆောင်ကို မကြိုက်ဘူးလို့ မပြောမိပါစေနဲ့ ။ဝယ်လာတဲ့ ပစ္စည်းက ကိုယ့်အကြိုက် မဟုတ်တဲ့ ပစ္စည်းတစ်ခု ဆိုရင်တောင် လိုလိုလားလား လက်ခံပေးလိုက်ပါ။နောက်မှ ကိုယ်မသုံးချင်လည်း ထားလိုက်လို့ရပါတယ်။ လက်ဆောင်ကို ဝမ်းပန်းတသာ လက်ခံပေးလိုက်ခြင်းအားဖြင့် ယောက္ခမဖြစ်သူကို ပျော်ရွှင်စေရုံမက အကောင်းဆုံး ချွေးမတစ်ယောက်လည်း ဖြစ်စေမှာ ဖြစ်ပါတယ်။
Ref:timesofindia.indiatimes

ခင်သူဇာ – Trend Myanmar

ဒေါ်အောင်ဆန်းစုကြည်နှင့် သံတမန်များ တွေ့ဆုံပွဲ ပြီးဆုံး

   
 
နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံခြား သံတမန် များ တွေ့ဆုံမှုမှာ ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး တွေ့ဆုံပွဲတွင် ပါဝင်ခဲ့သူ ဂျပန်သံအမတ်ကြီးက ယခုတွေ့ဆုံပွဲကို အကောင်းမြင်ပြီး ဂျပန်နှင့် မြန်မာအကြား ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲနေမှုများကို ဂျပန်နိုင်ငံက ထောက်ခံကြောင်း မီဒီယာများသို့ ပြောကြားခဲ့သည်။
ဓာတ်ပုံ – ထက်နိုင်ဇော်

မျှော်လင့်ခြင်း မီးအိမ်

  
ဘဲဥပုံရုံးခန်းမှာ ကြိုဆိုလက်ခံတွေ့ဆုံရချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိတ်ဆိတ်တဲ့ဂုဏ်သိက္ခာက ကျွန်တော့်ကို သိမ်းပိုက်ခဲ့ပါတယ်။ သူမဟာ ပျော့ပျော့ ပျောင်းပျောင်း ညင်ညင်သာသာ စကားဆိုတတ်ပေမယ့် သူမချစ်တဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီ ဆောင်ကြဉ်းပေးဖို့အတွက် နေအိမ်အကျယ်ချုပ် ၁၅ နှစ်ကြာ ပိတ်လှောင်ထားခဲ့ပေမယ့် ခိုင်မာတဲ့ စိတ်ဓါတ်တွေနဲ့ ရှင်သန်နေခဲ့သူ ဖြစ်ပါတယ်။ 

နောက် နှစ်လအကြာ သူမရဲ့ ရန်ကုန်မြို့မှာ ရှိတဲ့ ရိုးရှင်းတဲ့ နေအိမ်ကို အလည် ရောက်တဲ့အချိန်မှာ သူမကိုယ်သူမ မေတ္တာ၊ ကရုဏာနဲ့ပတ်သက်ပြီးတော့ ဗုဒ္ဓရဲ့ တရားဓမ္မတွေကို လေ့လာနေတာ တွေ့ခဲ့ရပါတယ်။

အကျဉ်းစံဘဝကနေ လွှတ်တော်အမတ်၊ ပါတီခေါင်းဆောင် ဆိုတဲ့ ခရီးကို လျှောက်လှမ်းလာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြို အောင်ပွဲကို ရရှိခဲ့ပါတယ်။ ဒေါ်စုဟာ အခုဆိုရင် နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း ပထမဦးဆုံးသော အရပ်သားအစိုးရကို ပဲ့ထိန်းမောင်းနှင်နေပြီ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံဟာ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတုန်းပါပဲ။ မြန်မာနိုင်ငံရဲ့ အောင်မြင်မှုဟာ နှစ်ပေါင်းရှည်ကြာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ အဆုံးသတ်နိုင်မှု၊ တိုင်းရင်းသားမျိုးနွယ်စုအားလုံး၊ ဘာသာအားလုံးအတွက် လူ့အခွင့်အရေး တွေ ရရှိနိုင်မှုအပေါ်မှာ မူတည်နေပါတယ်။ ဒါပေမယ့်လည်း ဒီမိုကရေစီဟာ အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ ကတိကဝတ်တွေ၊ သာယာဝပြောမှုတွေကို ဆောင်ကြဉ်းပေးနိုင်ဖို့ အသင့်ရှိနေပါပြီ။

ကျွန်မတို့ လူသားတွေဟာ လိုအင်ဆန္ဒအမျိုးမျိုးနဲ့ မပြည့်စုံမှုတွေ ဖြစ်နေတယ် လို့ သူမက ပြောပါတယ်။ ဒီလို လိုတမပြည့် မပြည့်စုံမှုတွေ ရှိနေပေမယ့်လည်း ဒီမိုကရေစီဟာ ကျွန်မတို့အားလုံးအတွက် မျှော်လင့်ခြင်းမီးအိမ်လေးတစ်ခု အဖြစ် တည်ရှိနေဆဲ ဖြစ်ပါတယ် လို့လည်း သူမက ပြောခဲ့ပါတယ်။ 

အခုချိန်မှာတော့ အရင်ကလို မဟုတ်တော့ပါဘူး။ လေဒီဟာ သန်း ၅၀ ကျော် ပြည်သူတွေဆီ တရားမျှတခြင်းတွေ ရရှိစေဖို့၊ ကမ္ဘာတစ်ဝှမ်းက ပြည်သူ သန်းပေါင်းများစွာအတွက် မျှော်လင့်ခြင်း မီးအိမ်လေး ဖြစ်လာနေပါပြီ။

တိုင်းမ်မဂ္ဂဇင်းကရွေးချယ်သည့် ကမ္ဘာ့သြဇာအကြီးမားဆုံး လူပုဂ္ဂိုလ် တစ်ရာတွင် နံပါတ်သုံး နေရာ ရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည်အကြောင်း အမေရိကန်သမ္မတ အိုဘားမားရေးသားထားသည့် ရုပ်ပုံလွှာ အဖွဲ့အနွဲ့ ဖြစ်သည်။

[ဘားရက်အိုဘားမား၊ ၄၄ ဆက်မြောက် အမေရိကန်သမ္မတ]

(Credit – Myanmar State Counsellor Office)

ဘီယွန်ဆေး အကြောင်းတွေကို ဘာသာရပ်တစ်ခု အဖြစ် သင်ကြားသွားမယ့် တက္ကသိုလ်

အမေရိကန် ပြည်ထောင်စု ၊ နယူးဂျာစီ ပြည်နယ် ၊ နယူးဘရန်းစ်ယစ်ခ် မြို့ မှာရှိတဲ့ Rutgers တက္ကသိုလ်ဟာ ကမ္ဘာကျော် အဆိုတော် ဘီယွန်ဆေး အကြောင်းတွေကို ဘာသာရပ်တစ်ခုအဖြစ် သင်ကြားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ထို ဘာသာရပ်မှာ ပါဝင်မယ့် သင်ခန်းစာ အမည်ကတော့ “Politicizing Beyonce” ဖြစ်ပြီး လက်ရှိ ထို တက္ကသိုလ်မှာ ကျောင်းဆရာ အဖြစ် လုပ်ကိုင်နေတဲ့ Kevin Allred က သင်ကြားပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ထို ဘာသာရပ် အတွက် သင်တန်းမှာတော့ အဆိုတော် ဘီယွန်ဆေး ရဲ့  သီချင်းတွေပဲ ထပ်ခါတလဲလဲ နားထောင်ခိုင်းမှာ မဟုတ်ပါဘူး။

အဓိက သင်ကြားပေးသွားမှာက လူမျိုး တွေအကြောင်း ၊ ယောကျာင်္းမိန်းမ ကွာဟမှုတွေအကြောင်း နောက်ပြီး ဘီယွန်ဆေး နဲ့ ဆက်စပ်နေတဲ့ မိန်းမ၀ါဒီ(Feminism) တွေအကြောင်း တို့ပဲ ဖြစ်ပါတယ်။ နိုင်ငံရေး နဲ့ ပတ်သက်ပြီး လူမည်း တွေ ၊ အမျိုးသမီး တွေ ရဲ့  ပါဝင်ပတ်သက်မှုတွေကိုလည်း ဘီယွန်ဆေး ကို ဥပမာ ပေးပြီး ဆက်စပ် အကြောင်းအရာတွေကို သင်ကြားပေးမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ထို သင်တန်းကို သင်ကြားပေမယ့် Kevin Allred ကတော့ သူ့ကိုယ်သူ လိင်တူဆက်ဆံသူ လူဖြူ ယောကျာင်္း တစ်ယောက်ဖြစ်တယ်လို့ သူ့ရဲ့  ကိုယ်ပိုင် ၀က်ဘ်ဆိုက်မှာ ရေးသားထားတာကိုတွေ့ရပါတယ်။

ညမအိပ်မီ မိုဘိုင်းဖုန်းသုံးခြင်းကြောင့် မျက်စိကင်ဆာဝေဒနာ ခံစားသွားရတဲ့ အမျိုးသား

မကြာသေးမီက အသက် ၄၀ အရွယ် အမျိုးသားမှာ မျက်စိကင်ဆာရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ မိုဘိုင်းလ်ဖုန်းစခရင်မ်မှ LED မီးအလင်းရောင်ဟာ မျက်ကြောလွှာဆဲလ်တွေအဖို့ အန္တရာယ်ရှိပြီး အထူးသဖြင့် မီးမှိန်မှိန်အောက်မှာ မိုဘိုင်းဖုန်း အချိန်အကြာကြီး အသုံးပြုတဲ့အခါ အမြင်အာရုံ ထိခိုက်လွယ်စေတယ်လို့ သုတေသနပြုချက်က ဖော်ပြခဲ့ပါတယ်။

အီလက်ထရွန်ရောင်ခြည်တန်းတွေဟာ လူ့မျက်စိကို တိုက်ရိုက်ချိန်ရွယ်တဲ့အခါ မျက်လုံးကို ခြောက်သွေ့စေနိုင်ပြီး ကင်ဆာရောဂါနဲ့ မျက်စိတောင် ကန်းသွားစေနိုင်ပါတယ်။ အဲဒီအမျိုးသားဟာ မျက်လုံးနီရဲပြီး ရှင်းရှင်းလင်းလင်းမမြင်ရတဲ့အခါ ဆရာဝန်ဆီသွားပြခဲ့တာဖြစ်ပါတယ်။

ညမအိပ်မီ မိုဘိုင်းဖုန်းကို ခန့်မှန်းခြေ နာရီဝက်ထက်မနည်း အသုံးပြုလေ့ရှိကြောင်း သိရပါတယ်။ သူ့အဖြစ်နဲ့ ပတ်သက်ပြီး ဝမ်းနည်းစရာက ခေတ်မီဆေးပညာနဲ့ ပြုပြင်ကုသမရတော့ခြင်းဖြစ်ပါတယ်။ အထူးသဖြင့် မီးရောင်မှိန်မှိန်အောင်မှာ ဖုန်းစခရင်မ်၊ တီဗွီ သို့မဟုတ် ကွန်ပျူတာမောနီတာ စိုက်ကြည့်ခြင်း ရှောင်ကြဉ်ပါက သူ့ရဲ့ အမြင်အာရုံတချို့ တဖြည်းဖြည်း ပြန်ရကောင်း ရနိုင်တယ်လို့ ယူဆရပေမယ့် ထိခိုက်ပျက်စီးဆုံးရှုံးမှုက ကံဆိုးတဲ့ ဒီလူအဖို့ အမြဲတစေဖြစ်ပါတယ်။

၁၃ ထပ်မြင့်တဲ့ တိုက်ခန်းပေါ်ကို တွယ်တက်ပြီး ဒုက္ခရောက်နေတဲ့ ခွေးလေးကို ကယ်တင်ခဲ့သူ အမျိုးသား

ကိုလံဘီယာ နိုင်ငံမှာရှိတဲ့ အဆောက်အဦးတစ်ခုကနေ မှတ်တမ်းတင်ထားခဲ့တဲ့ ဗီဒီယို တစ်ခုမှာတော့ လူတစ်ယောက်ဟာ ၁၃ ထပ်မြင့်တဲ့ တိုက်ခန်းတစ်ခုကို တွယ်တက်ပြီး ပြုတ်ကျလုနီးနီး ဖြစ်နေတဲ့ ခွေးလေး တစ်ကောင်ကို ကယ်တင်ခဲ့တယ်လို့ သိရပါတယ်။

ထို ဗီဒီယိုကို ရိုက်ကူးထားတာကတော့ အိမ်နီးချင်းတစ်ယောက်ဖြစ်ပြီး Diego Andres Davila Jimenez ဆိုသူဟာ သူနေထိုင်တဲ့တိုက်ခန်းရဲ့  အပေါ်ထပ်က အိမ်နီးချင်းတွေ မွေးထားတဲ့ Luna ဆိုတဲ့ ခွေးလေးတစ်ကောင် တိုက်ခန်း ရဲ့ အပြင်ဘက် ၀ရန်တာကနေ တွဲလောင်းကျနေတာကို တွေ့ရှိသွားတဲ့အတွက် သူ့ရဲ့ ၁၃ ထပ်တိုက်ခန်း ပြတင်းပေါက်ကနေ တွယ်တက်ပြီး ခွေးလေးကို ကယ်တင်ခဲ့တဲ့ ဗီဒီယိုပဲ ဖြစ်ပါတယ်။

Jimenez ကိုယ်တိုင် ပြောပြခဲ့တာကတော့ ခွေးလေး Luna ဟာ သူ့ရဲ့ နောက်ခြေထောက်တစ်ချောင်းနဲ့ ၀ရန်တာ သံတိုင်တွေ ညပ်မိနေတဲ့အတွက် ၀ရန်တာပေါ်ကနေ တွဲလောင်းကျနေခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“မြေပြင် ပေါ်မှာ ရှိတဲ့ လူတွေကတော့ အော်ဟစ်နေကြပါတယ်။ အခန့်မသင့်လို့ ပြုတ်ကျလာရင်လည်း သူတို့က အောက်ကနေ မွေ့ယာတစ်ခုနဲ့ စောင့်နေကြပါတယ်။ အမှန်တစ်ကယ်ကတော့ ကျွန်တော်လည်း ကြောက်ပါတယ်။ အဲဒါကြောင့် အောက်ကိုတောင် ငုံ့မကြည့်ခဲ့ပါဘူး” လို့ Jimenez က ဆိုပါတယ်။

Jimenez ရဲ့  ပြောကြားချက်အရတော့ သူဟာ Luna ဆိုတဲ့ ခွေးလေးနဲ့အတူ အိမ်နီးချင်းရဲ့  ၀ရန်တာပေါ်ကို ဘေးကင်းစွာရောက်သွားချိန်မှသာ ကယ်ဆယ်မှုဟာ ဘယ်လောက်အန္တရာယ်ကြီးခဲ့တယ်ဆိုတာ သတိပြုမိခဲ့တယ်လို့ သိရပါတယ်။
“ကျွန်တော် Luna လေးကို ကယ်ပြီးတော့ အောက်ကိုငုံ့ကြည့်လိုက်တဲ့အချိန်မှာ ကျွန်တော့် ကောင်မလေးက ဒေါသထွက်နေပါပြီး အဲဒီမှာ နေဖို့ ၊ ပြန်မဆင်းလာဖို့ အော်ပြောခဲ့ပါတယ်။ ကျွန်တော့်အမေကလည်း ကျွန်တော့်ကို ဆူခဲ့ပါတယ်” လို့ Jimenez က ဆိုပါတယ်။

သူဟာ ထို တိုက်ခန်း ၀ရန်တာပေါ်မှာ အိမ်ရှင်တွေ ပြန်လာတဲ့အထိ တစ်နာရီခန့် စောင့်ဆိုင်းခဲ့ရတယ်လို့လည်း သိရပါတယ်။

Ref:upi.com

Latest News For You