မီဒီယာနဲ့ အစိုးရ (သို့မဟုတ်) ပြည့်မျက်စိနားနဲ့ ပြည့်နှလုံးသား

  

အစိုးရသစ် တက်လာပြီးတဲ့နောက် မီဒီယာနဲ့ အစိုးရငြိတဲ့ အဖြစ်အပျက်တွေ၊ မီဒီယာက အစိုးရသစ်အပေါ် ဝေဖန် ရေးသားတဲ့အခါ မီဒီယာများက တစ်ချက်တစ်ချက် လက်လွန်တာတွေ ရှိသလို အစိုးရသစ်ကို အထိမခံချင်တဲ့စိတ်နဲ့ ဆိုရှယ်မီဒီယာကနေ ကက်ကက်လန် ပြန်ရန်တွေ့ကြတာတွေလည်း အတွေ့ရများလာပါတယ်။ ဒီလို ရန်တွေ့ရာမှာလည်း နုနယ်သေးတဲ့ ဒီမိုကရေစီအစိုးရ အပေါ် အပြစ်မြင်ရ ကောင်းလားဆိုပြီး စိတ်ရင်းစေတနာ အမှန်နဲ့ မခံမရပ်နိုင် ဖြစ်ကြသူတွေရှိသလို မီဒီယာနဲ့ အစိုးရကို သွေးခွဲဖို့ အကွက်ချောင်းနေသူတွေက အကောင့်သစ်တွေ နေ့ချင်းညချင်းဖွင့်ပြီး ၀င်ဆွမ်းကြီးလောင်းကြတာလည်း မမြင်ချင်မှ အဆုံးပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီအစိုးရကို အထိမခံနိုင်အောင် ချစ်ကြသူတွေများတယ် ဆိုတာကတော့ “တမင်အောင့်ကာ နမ်းနေသူတွေ” မနည်းမနော ပါနေတဲ့တိုင်အောင် မင်္ဂလာရှိတယ်လို့ ဆိုရမှာပေါ့နော်။ ဟိုအရင်က စားရမဲ့သောက်ရမဲ့ထိ အလုခံရသူချင်း အတူတူ အရိုးအရင်းမျှော်ပြီး လုသူဘက်က ၀င်ဆဲတတ်တဲ့ အခင်းအကျင်းမျိုးနဲ့ယှဉ်ရင် ကျေနပ်စရာမို့ ကိုယ်တိုင် အထုအထောင်းခံရတောင် အညောင်းတောင် ပြေသေးလို့ စိတ်ဖြေတတ်ရင် ဖြေပြေတာပေါ့ ခင်ဗျာ။

ဒီနေရာမှာ ဒီနေ့ အလွန်ခေတ်စားတဲ့ မီဒီယာဆိုတဲ့ စကားလုံးဟာ ဘယ်လို ပေါ်ပေါက်လာပါလိမ့်လို့ လေ့လာကြည့်တော့ ဒီစကားလုံးဟာ လက်တင်စကား “မီဒီယံ”က ဆင်းသက်လာတာဖြစ်ပြီး ကြားခံဖျန်ဖြေတဲ့ အဖွဲ့အစည်း၊ ဒါမှမဟုတ် အရာဝတ္ထုလို့ အဓိပ္ပာယ်ရပါသတဲ့။ အင်္ဂလိပ်ဘာသာထဲ ရောက်လာပြီးတဲ့နောက် လွန်ခဲ့တဲ့ ရာစုနှစ် နှစ်ခုလောက်ကတည်းက “သတင်းစာများ”ကို ရည်ညွှန်း သုံးနှုန်းလာပါသတဲ့။ ၁၉၂၀ လောက်ကစပြီး မူလက ဗဟုဝုစ်(Plural )အဖြစ်ကနေ အစုပြ ဧက၀ုစ် (Singular Collective)အဖြစ် ပြောင်းလဲသုံးစွဲကြပါသတဲ့။ ဒီကနေ Medias လို အသုံးတွေ ဖြစ်လာတာပါပဲ။

မီဒီယာဆိုတာက ပါးရှန်(ယခုအီရန်)မှာ ဟီရိုဒိုတပ်ဘုရင်က စသုံးတယ်ဆိုတဲ့ အဆိုလည်း ရှိပါတယ်။ ပါရှန်တို့ရဲ့ မိဒ်စ်(Midies) အင်ပါယာခေတ်မှာ မီဒီယာဆိုတာက တစ်ယောက်နဲ့ တစ်ယောက်နဲ့ သတင်းစကားပေးဖို့ ကိုယ်ပြောချင်တဲ့သူဆီ ပြောချင်တဲ့ အကြောင်းအရာကို သွားရေးရတဲ့ နံရံကို ခေါ်တာလို့ ဆိုပါတယ်။ (စာတိုက်ရဲ့ခေတ်ဦးလို့ ဆိုကြသဗျ၊ ဒါပေမဲ့ ဖေ့စ်ဘွတ် ရဲ့ခေတ်ဦးဆို ပိုမှန်မလား မသိဘူးနော်)။ သတင်းစကားပါးရာဆိုတဲ့ အဓိပ္ပာယ်ကနေ အများပြည်သူလူထုဆီ သတင်းစကားဖြန့်တဲ့ လုပ်ငန်းအဖြစ် ပြောင်းလဲ ခေါ်ဝေါ်လာတာဆိုတာတော့ သေချာပါတယ်။

ဒီနေ့မှာတော့ မီဒီယာဆိုတာဟာ နိုင်ငံအုပ်ချုပ်ရေးမှာ စတုတ္ထမဏ္ဍိုင်အဖြစ်တောင် နေရာပေး အသိအမှတ်ပြုလာတဲ့ ကာလမှာ သာမန် စီးပွားရေး လုပ်ငန်းတစ်ခုသာ မဟုတ်ဘဲ နိုင်ငံရေးရာတွေမှာလည်း အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပုံကို အစိုးရများကရော ပြည်သူများကပါ လက်ခံနားလည်နေကြပါပြီ။ ပြီးခဲ့တဲ့ အစိုးရကြီးကတောင် “ပြည်သူ့မျက်စိ ပြည်သူ့နား”ပါပဲလို့ ဆိုခဲ့တာ ကြားဖူးလိုက်သေးသဗျ။ 

ဒါပေမဲ့ အဲဒီ ပြည်သူ့မျက်စိ၊ ပြည်သူ့နားလို့ သိမှတ်ထားတဲ့ကြားက “ပြည်သူ့မျက်စိဘ၀မှာ အထက်လှန် မျက်စောင်းထိုးကြည့်မှု”၊ “ပြည်သူ့နား အဖြစ်နဲ့ မကြားသင့်တာတွေ ဇွတ်နားထောင်ပြီး ပြန်ပြောမှု” စတာစတာတွေနဲ့ တရားစွဲ ထောင်ချ လုပ်ခဲ့တာတွေကြောင့် သမိုင်းမှာ အမည်းစက်တွေ ဖြစ်ခဲ့တာပေါ့ခင်ဗျာ။ တကယ်တော့ မီဒီယာနဲ့ အစိုးရဆိုတာကလည်း အပြန်အလှန် ထိန်းကျောင်း တည့်မတ်သွားကြရတာမို့ ဘယ်နိုင်ငံမှာမဆို မီဒီယာနဲ့ အစိုးရ တစ်ကွေ့ကွေ့မှာ ငြိကြတာဆိုတာ ဖြစ်တတ်တာပါပဲ။ ဒီမိုကရေစီနိုင်ငံကြီးဆိုတဲ့ အမေရိကန်နိုင်ငံမှာတောင် မီဒီယာက ဖော်ထုတ်မှုကြောင့် အမေရိကန်သမ္မတ နစ်ကဆင်က အတိုက်အခံပါတီအပေါ် ဥပဒေမဲ့ ကျင့်ကြံခဲ့တာတွေ ပေါ်သွားပြီး ရာထူးက ဆင်းပေးလိုက်ရတဲ့ သမိုင်းရှိခဲ့တာပဲလေ။

ဒီတော့ မီဒီယာဆိုတာက ပြည်သူ့နား ပြည်သူ့မျက်စိ ဖြစ်ခဲ့ရင် အစိုးရဆိုတာကလည်း ပြည်သူ့ ဦးနှောက် ပြည်သူ့နှလုံးသား ဖြစ်မှာ သေချာပါတယ်။ အနောက်တိုင်း ဆေးပညာမှာကတော့ စိတ်ဆိုတာဟာ ဦးနှောက်မှာ တည်တယ်လို့ ယူဆကြပြီး ဗုဒ္ဓဘာသာ အယူအဆ အရတော့ ဟဒယနှလုံးမှာ တည်တယ်လို့ ဆိုပါတယ်။ ဒီတော့ ဦးနှောက်ဖြစ်ဖြစ် နှလုံးသားပဲဖြစ်ဖြစ် နားနဲ့ မျက်စိရဲ့ အကူအညီနဲ့ ခရီးတွင်အောင် လျှောက်ရမှာဆိုတာ အထူးပြောစရာ လိုမယ် မထင်ပါဘူး။ ဒီလိုပဲ ဦးနှောက်ရဲ့ ဆင်ခြင်မှု၊ နှလုံးသားရဲ့ စာနာမှုများနဲ့ မျက်စိတို့၊ နားတို့ကို ထိန်းကွပ်ပြီး မြင်သင့်တာကို မြင်အောင်ကြည့်ဖို့၊ ကြားသင့်တာကို သိအောင်လုပ်ဖို့ကလည်း လိုနေမှာပဲ ဖြစ်ပါတယ်။ ဒီလို အပြန်အလှန် တန်ဖိုးထားပြီး ခရီးဆက်ပါမှလည်း နိုင်ငံနဲ့ လူမျိုးအတွက် ရည်မှန်းချက်တူဖြစ်တဲ့ အောင်မြင်ခြင်း ပန်းတိုင်ကို ရောက်နိုင်ကြမှာပါ။   

မကြာသေးခင်က နှစ်သစ်ကူး ကာလတွင်းမှာပဲ မီဒီယာနဲ့ အစိုးရကိုယ်စားပြု အဖွဲ့အစည်းတချို့နဲ့ ၀ိရောဓိဖြစ်ခဲ့တဲ့ အဖြစ်အပျက် တချို့ ရှိခဲ့ပါတယ်။ ပဋိပက္ခအထိ မဖြစ်အောင် နှစ်ဖက်စလုံးက အပြန်အလှန် ထိန်းသိမ်းပေးခဲ့ကြလို့ အကျယ်အကျယ် မငြိမ်းဖွယ်တော့ မဖြစ်ခဲ့တာလို့ ဆိုနိုင်ကောင်းပါတယ်။ တစ်ဖက်မှာလည်း သင်္ကြန်တွင်း ကာလ ဖြစ်နေတဲ့အတွက် ပရင့်မီဒီယာတွေ အားလုံးလိုလို ပိတ်ထားတဲ့ အတွက်လည်း သတင်းမှတ်တမ်း အနေနဲ့တော့ ပုံနှိပ်မီဒီယာမှာ သိပ်ကြီးကြီးကျယ်ကျယ် ရှိခဲ့ပုံမပေါ်ပါဘူး။

 ပထမတစ်ခုက မန္တလေးမှာ ဖြစ်ခဲ့တာဖြစ်ပြီး မန္တလေးသင်္ကြန် ဗဟိုမဏ္ဍပ် ဖွင့်ပွဲကို စကိုင်းနက်က လိုက်ဖ်ထုတ်လွှင့်ရာမှာ တင်ဆက်သူများက ၀န်ကြီးချုပ်နဲ့ အပြိုင်စကားပြောပြီး ထုတ်လွှင့်ရုံမက စည်းကမ်းမဲ့ စင်ပေါ်တက်ခဲ့တယ်ဆိုပြီး ဖေ့စ်ဘွတ် ဆိုရှယ်မီဒီယာမှာ စွပ်စွဲရေးသားတာတွေ ဖတ်ခဲ့ရပါတယ်။ စကိုင်းနက်က ထုတ်လွှင့် တင်ဆက်သူတစ်ဦးက သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ ၀န်ကြီးချုပ်က သတ်မှတ်အချိန်ထက် စောပြီး မိန့်ခွန်းပြောခဲ့လို့ ဖြစ်ရတဲ့ သဘော စိတ်ဆိုးမာန်ဆိုး ရှင်းပြတာကိုလည်း ဖတ်ခဲ့ရပါတယ်။ တကယ်တော့ အားနည်းချက် ဆိုတာလည်း နှစ်ဖက်စလုံးမှာ ရှိနိုင်ပါတယ်။ အစိုးရအနေနဲ့ကလည်း သက်တမ်းနုသေးပြီး အုပ်ချုပ်ရေးယန္တရားကို အခုမှ စကိုင်တွယ် မောင်းနှင်ခါစမှာပဲ ရှိပါသေးတယ်။ ဒီအတွက် လိုက်ဖ်လွှင့်မှုမှာ အံမကျဖြစ်ခဲ့ရင် မီဒီယာက လေးလေးစားစား တင်ပြညှိနှိုင်းဖို့သာရှိပါတယ်။ 

ဒီဟာကို တင်ဆက်သူ ဆရာလေးက စိတ်ဆိုးမာန်ဆိုးနဲ့ တုံ့ပြန်ရာမှာ မသုံးသင့်တဲ့ စကားလုံးတွေ ထုတ်သုံးသွားတာ သတိထားမိလိုက်ပါတယ်။ “ထဘီခြုံ မဟုတ်ဘူး”တို့၊ “၀န်ကြီးချုပ်ကို ကြောက်လန့်ရအောင် သူကသရဲလား”တို့၊ “စစ်တပ်ကပဲ အစိုးရလုပ်လုပ်၊ ဆရာဝန်ပဲ အမတ်ဖြစ်ဖြစ်၊ ထောင်ထွက်ကပဲ ၀န်ကြီးဖြစ်ဖြစ် ဘယ်သူမဆို မီဒီယာက တစ်သားတည်းပဲဗျ” တို့၊ “ဆရာတို့ တစ်ဖက်ပိတ်တွေ”တို့ အတော်အံ့သြစရာတွေ ဖတ်လိုက်ရပါတယ်ဗျာ။ ဒါတွေကိုဖတ်ပြီး အငြိမ်းစားကျောင်းအုပ်ကြီးတစ်ယောက်က “သြော်၊ ဒီကလေးနှယ်၊ သူ့ကို သင်ပေးခဲ့တဲ့ ဆရာတွေကိုတောင် စော်ကားနေရှာတာကိုး”လို့ စိတ်မကောင်းစွာ ပြောရှာတယ်။ ၀န်ကြီးချုပ်ကိုတောင် သရဲမဟုတ်လို့ ကြောက်စရာ မဟုတ်ပါဘူး ပြောနေတဲ့ ဒီပုဂ်္ဂိုလ်လေးဟာ လွန်ခဲ့တဲ့ အစိုးရကာလမှာတုန်းက အခုလို ဖေ့စ်ဘွတ်ကနေ “ဗိုလ်ချုပ်ဟောင်းက ၀န်ကြီးချုပ်ဖြစ်ဖြစ်” ဆိုတာမျိုး မပြောခဲ့ရဲမှာတော့ သေချာပါတယ်။ တစ်ခုခုကို “သရဲ”မှတ်ပြီး ကြောက်နေခဲ့သလားတော့ မဆိုနိုင်ဘူးပေါ့။ 
နောက်ဖြစ်ရပ် တစ်ခုကတော့ လွန်ခဲ့တဲ့ ဒီဇင်ဘာလက ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်နဲ့ တနင်္သာရီက အမတ်တွေ တွေ့တဲ့ပွဲမှာ လက်အုပ်ချီသူတစ်ဦးကို ဒေါ်စုက “လက်အုပ်ချီစရာ မလိုဘူး၊ ဘုန်းကြီးတစ်ပါးမှ မပါဘူး”ဆိုတာမျိုး ပြောခဲ့တာကို အကြောင်းပြုပြီး ဆရာငြိမ်းချမ်းအေးက “လူအချင်းချင်း ရှိခိုးရခြင်း ကင်းဝေးရပါစေ” ဆိုတဲ့ ဆောင်းပါးကို ရေးပြီး လေးဒီးစ်ဂျာနယ်မှာ ရေးခဲ့တယ်လို့ မှတ်မိပါတယ်။ ဘယ်သူမှ ဘာမှမပြော၊ ဘာမှလည်း အထူးအထွေ မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ အခု သင်္ကြန်ကာလမှာ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ဖေ့စ်ဘွတ်က ဓာတ်ပုံကို အကြောင်းပြုပြီး ငြိမ်းချမ်းအေးက သူ့ဆောင်းပါးကို မိုးမခမှာ ပြန်တင်ပါတယ်။ အဲဒါကို လေးဒီးစ်ကလည်း သူတို့ဖော်ပြခဲ့ဖူးပြီးသား ဆောင်းပါးမို့ ပြန်ဖော်ပြခဲ့ပုံ ပေါ်ပါတယ်။ 

ဆိုလိုတာက ဒီဓာတ်ပုံကြောင့် ဒီဆောင်းပါးရေးခဲ့တာ မဟုတ်ဘူးဆိုတာပါ။ ဒါပေမဲ့ တစ်ဖက်က ကြည့်ရင်တော့ အထင်လွဲစရာတွေ ဖြစ်ခဲ့ပြီး “တရားစွဲမယ်”တို့၊ “တိုင်းရင်းသား စည်းလုံးညီညွတ်ရေး”တို့ စတဲ့ စကားမျိုးတွေနဲ့အတူ သတင်းစာ ရှင်းလင်းပွဲတို့ ဘာတို့အထိ ဖြစ်သွားပုံရပါတယ်။ လေးဒီးစ်ဂျာနယ်က တိုက်ပိတ်ထားပြီး အယ်ဒီတာများ ကိုယ်စီ ခရီးလွန်နေတာမို့ အချိန်မီ မရှင်းနိုင်ခဲ့ ဖြစ်ပုံရပါတယ်။ ဘာပဲဖြစ်ဖြစ် အခုတော့ ဆရာငြိမ်းချမ်းအေးက သွားရှင်းပြလိုက်လို့ ပြီးသွားပါပြီလို့ ဆိုကြပါတယ်။

အမှန်တော့ အစိုးရရော မီဒီယာရောက ပြည်သူကို ကိုယ်စားပြုပြီး ပြောဆိုရသူတွေလို့ ယုံကြည်တတ်ကြသူတွေပါ။ ယုံကြည်တဲ့ အတိုင်းလည်း မှားတယ်လို့ မဆိုသာပါဘူး။ ဒီလိုပဲ ကိုယ်က လမ်းညွှန်ထိန်းချုပ်ရမယ်လို့ နှစ်ဖက်စလုံးက အပြန်အလှန် ယုံကြည်တတ်ကြ ပါတယ်။ ဒါကြောင့်လည်း အတူလျှောက်ရာ လမ်းပေါ်မှာ ငြိတတ်တာက ပြည်တွင်းပြည်ပ သာဓကတွေ အများကြီးရှိပါတယ်။ ဒီမိုကရေစီ ခေတ်ပါလို့ ဂုဏ်ယူကြတဲ့ ဖဆပလခေတ်မှာ အာဏာရ ပါတီဝင်တွေက သတင်းစာတွေကို ရိုက်ချိုးခဲ့တဲ့ အမည်းစက်မျိုး လွန်ကျူးခဲ့ဖူးတယ်။ ဒီလိုပဲ သတင်းစာကလည်း အာဏာရပါတီ သိက္ခာကျမယ့် သတင်းဆို ဟုတ်ဟုတ်မဟုတ်ဟုတ်၊ ပုံကြီးချဲ့ခဲ့သလို ၀န်ကြီးချုပ်ကို ၀တ္ထုဇာတ်ကောင်လုပ်ပြီး သရော်တဲ့ ၀တ္ထုရှည်မျိုး မဂ္ဂဇင်းမှာ ထည့်တာမျိုးလည်း လုပ်ရဲခဲ့ကြတယ်။ 

အစိုးရကလည်း မီဒီယာကို သည်းခံပြီး ခွင့်လွှတ်ရတာတွေ အများကြီးရှိတယ်။ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းဟာ မဲဆွယ်ခရီးမှာ မဲဆန္ဒရှင် အမျိုးသမီးကြီးတစ်ဦးအပေါ် စိတ်ဆိုးမာန်ဆိုး အပုပ်ချပြောတဲ့စကား အမှတ်မထင် စကားပြောမိုက်ထဲ ၀င်သွားရာမှာ လိုက်ဖ်လွှင့်နေသူက မဖြတ်ဘဲလွှင့်ပေးခဲ့လို့ အရှက်ကွဲပြီး ရွေးကောက်ပွဲ ရလဒ်အထိ ထိခိုက်ခဲ့ရတယ်။ ဒီလိုပဲ နိုင်ငံတကာ ခေါင်းဆောင်တွေအပေါ် သံမဏိမယ်ပဲလို့ တင်းမာပြတ်သားတဲ့ မာဂရက် သက်ချာဟာ သူ့ပြည်တွင်းမီဒီယာ ဘီဘီစီက ဖောက်ကလန်စစ်ပွဲမှာ သူ့တပ် အရေးနိမ့်မှုကို ဖွင့်ချကြေညာခဲ့တာကို မတားနိုင်ဘဲ အောင့်ခံခဲ့ရရှာတာပါပဲ။ ဒီလိုပဲ ၀န်ကြီးချုပ်ဦးနုလည်း ထွန်းနေ့စဉ် ဦးထွန်းဖေက “ဘ၀ရှင်မင်းတရားကြီး”လို့ ကင်မွန်းတပ်တာကို ခံရတာပါပဲ။

ဒီလို အစိုးရဘက်က သည်းခံရတာ ရှိသလို မီဒီယာများဘက်ကလည်း ဒီမိုကရေစီ အစိုးရမို့လို့ ကိုယ့်မှာ ပြောပိုင်ဆိုပိုင်ခွင့် ရှိနေလို့ ကို ရိုင်းရိုင်းပျပျ ကြမ်းကြမ်းတမ်းတမ်း ထိထိခိုက်ခိုက် မပြောမရေးဖြစ်ဖို့ ဂရုပြုဖို့ လိုပါလိမ့်မယ်။ ဦးနှောက်တို့ နှလုံးသားတို့က နားတို့ မျက်စိတို့ဆီကရတဲ့ သတင်းအချက်အလက်များနဲ့ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ဖို့ ကြိုးစားရမှာ ဖြစ်သလို နားတို့ မျက်စိတို့ကလည်း ဦးနှောက်ကို ဆုံးဖြတ်ချက်လွဲအောင်၊ နှလုံးသားကို ကြမ်းတမ်းမည်းညစ်အောင် တွန်းပို့တာ၊ အချွန်နဲ့မတာ၊ အကြပ်ကိုင်တာ စသည်တွေအစား လမ်းကြောင်းမှန်ကို စေတနာနဲ့ ထိန်းကျောင်းပေးဖို့ကို အာရုံပြုသင့်ပါတယ်။

ရှိမှန်းတောင် မသိတဲ့ အစိုးရမျိုးက အဖိုးတန်သလိုပဲ အစိုးရကို ထိမ်းကျောင်းနေမှန်း မသိသာစေဘဲ သူ့အလုပ်သူ ပါးပါးနပ်နပ် လုပ်သွားတဲ့ မီဒီယာမျိုးကသာ နိုင်ငံဝန်ကို တကယ်ထမ်းနိုင်မှာပါ။ ကျွန်တော်တို့တစ်တွေ တန်ဖိုးထားမြတ်နိုးရတဲ့ ဦးနှောက်တွေ၊ နှလုံးသားတွေ၊ နားမျက်စိတွေ အပေးအယူမျှမျှနဲ့ နိုင်ငံတော်ဆိုတဲ့ ခန္ဓာကိုယ်ကြီးကို ပန်းတိုင်အရောက် အမြန်သယ်ပို့နိုင်ပါစေလို့ ဆုတောင်းကြစို့လားဗျာ။
ရီနေနိုင်

The Ladies News

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကွမ်းတောရွာ ရှင်မာကုခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်း အနူးအညွတ်မေတ္တာရပ်ခံနေသည့်ကြားမှ အင်အား ၅၀၀ခန့်ဖြင့် ၂၃-၄-၂၀၁၆ စနေနေ့ နံနက်ပိုင်းတွင် စေတီတည်ဆောက်နေဟု သိရ

   
    
    
 

မိုးသီးကြွေကျခြင်း၊ မိုးကြိုးပစ်ခြင်းနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေးနှိုးဆော်ချက်

မြန်မာနိုင်ငံတစ်ဝန်း အထူးသဖြင့် မြန်မာနိုင်ငံအထက်ပိုင်းဒေသများနှင့် အလယ်ပိုင်း ဒေသများတွင် မိုးတိမ်တောင်များဖြစ်ပေါ်ပြီး မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသီးကြွေကျခြင်းတို့ဖြစ်ပေါ်နေသဖြင့် လူ၊ တိရိစ္ဆာန်များသေကြေပျက်စီးခြင်း၊ လူနေအိမ်နှင့် အဆောက်အအုံများပျက်စီးခြင်းတို့ဖြစ်ပေါ်နေသည့်အတွက် အောက်ပါ အချက်များကို အထူးသတိပြုလိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။

၁) တိမ်မဲလာခြင်း၊ လေပြင်းလာခြင်း၊ မိုးသည်းထန်လာခြင်း၊ မိုးခြိမ်းပြီးအတော်ကြာမှ လျှပ်ပြက်လာခြင်း၊ အပူထုထဲတွင် လေအေးများကိုခံစားရခြင်းသည် မိုးသီးမုန်တိုင်း၏လက္ခဏာများဖြစ်သဖြင့် ထိုသို့ဖြစ်ပေါ်လာပါက အထူးသတိပြုနေထိုင်ရန်။

၂) ကျေးလက်တောရွာများတွင် လယ်ကွင်း၊ ကွင်းပြင်ထဲတွင်နေထိုင်ခြင်းမှ ရှောင်ရှားရန်။ တတ်နိုင်သမျှအိမ်ထဲတွင်သာနေထိုင်ရန်။

၃) မဖြစ်မနေအိမ်ပြင်သို့ထွက်ရမည်ဆိုပါက ဆိုင်ကယ်စီးဦးထုပ်ကဲ့သို့ ဦးထုပ်အမာများဆောင်းရန်၊ အဝတ်ထူများဝတ်ဆင်ရန်၊ မိမိကိုယ်ကိုအကာအကွယ်များပြုလုပ်သွားရန်။

၎) အိမ်ထဲတွင်နေထိုင်စဉ်လည်း ခိုင်ခံ့သည့်အမိုးအကာအောက်တွင် တတ်နိုင်သမျှနေထိုင်ပါ။ နှစ်ထပ်အိမ်များဖြစ်ပါက အိမ်အောက်ထပ်တွင်နေရန်။

၅) အိမ်မွေးတိရစ္ဆာန်နှင့် ကျွဲနွားများအတွက် ခိုလှုံစရာစီစဉ်ပါ။ မိုးသီးကြီးများသည် တိရိစ္ဆာန်များကို အသက်အန္တရာယ်အထိဖြစ်စေနိုင်ရာ မိုးရွာနေချိန် မိမိတို့လည်းအပြင်မထွက်နိုင်သဖြင့် ကြိုတင်စီစဉ်ရန်။

၆) မိုးရွာသွန်းနေစဉ်၊ မိုးခြိမ်းနေစဉ်၊ လျှပ်စီးလက်နေချိန်များတွင် ဖုန်းများကိုအသုံးမပြုရန်။

၇) တီဗီ၊ ရေဒီယို၊ လျှပ်စစ်ထမင်းအိုး၊ လျှပ်စစ်မီးပူနှင့် ကွန်ပျူတာစသည့် လျှပ်စစ်နှင့်ဆိုင်သည့်ပစ္စည်းများကို ခလုတ်ပိတ်၍ ပလပ်ဖြုတ်ထားရန်။

၈) သစ်ပင်၊ ဓာတ်တိုင်နှင့် သံ၊ သတ္တုပစ္စည်းများအနီးတွင်မနေရန်၊ လျှပ်စစ်စီးကူးလွယ်သည့်ပစ္စည်းများနှင့်ဝေးရာတွင် နေထိုင်ရန်။

Suorce: လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

ဖောင်းပြင်တွင် လေပြင်းတိုက်ခတ်ပြီး မိုးသီးများကြွေကျခဲ့သဖြင့် အိမ်ခြေ ၁၅၀ ခန့် အမိုးများပျက်စီး

   
    
 
ဖောင်းပြင်မြို့နယ် မိုင်းချောင်းကျေးရွာအုပ်စုတွင် ဧပြီလ ၂၃ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က လေပြင်းများ တိုက်ခတ်ပြီး မိုးသီးများ ကြွေကျခဲ့သဖြင့် အိမ်လေးလုံးပြိုကျခဲ့ကာ အိမ်ခြေ ၁၅၀ ခန့် အမိုးများ ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ထို့ပြင် အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ကျွဲတစ်ကောင်သေဆုံးခဲ့ပြီး လူတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသည့် လူနာမှာ မစိုးရိမ်ရသည့်အခြေအနေဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

(ဓာတ်ပုံ- ဝင်းမင်းသိန်း)

ပျောက်ဆုံးကလေးငယ်ကို ဦးခေါင်းပြတ်သေဆုံးလျက် ပြန်လည်တွေ့ရှိ

  မသေဆုံးမီက မြင်တွေ့ရသည့် ကလေးငယ်

သာကေတမြို့နယ် ၂/မြောက်ရပ်ကွက် သဒ္ဓါရုံ (၁)လမ်း၌ နေထိုင်သည့် အသက်(၆)နှစ်အရွယ် ကလေးငယ်တစ်ဦး ပျောက်ဆုံးခဲ့ပြီး ၁ဝ ရက်အကြာ တွင် ဒေါပုံမြို့နယ် ပုဇွန်တောင် ချောင်းအတွင်း ဦးခေါင်းပြတ် လျက် သေဆုံးနေသည့် အ လောင်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။
ဧပြီ ၂၂ ရက် မွန်းလွဲ ၃ နာရီခန့်တွင် ခေါင်းမပါသော က လေးငယ် အလောင်းကို ရှာဖွေ တွေ့ရှိခဲ့ပြီး ကလေးငယ် ပျောက် ဆုံးသွားသည့်နေ့၌ ၀တ်ဆင်ထား သည့် အ၀တ်အစားဖြစ်ကြောင်း ၎င်းကပြောသည်။

‘‘ကလေး ပျောက်သွားတာ က ၁၁ ရက်နေ့က ပျောက်သွား တယ်။ သတင်းစာမှာလည်း လူ ပျောက်ကြော်ငြာ နှစ်ခါထည့်ထား တယ်။ သူငယ်တန်းဖြေထားတာ အောင်တယ်။ ဒီနှစ် တစ်တန်း တက်ရမှာပါ။ ရွှေဆိုလို့ နားကပ် ပဲ ၀တ်ထားတာပါ။ အလောင်းကို တော့ ဆေးရုံမှာ စစ်ဆေးနေပါ တယ်’’ဟု မိသားစုဝင်တစ်ဦးက ပြောသည်။ူ

ဧပြီ ၁၁ ရက်တွင် အဆိုပါ လမ်း၌ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ ကျင်းပပြုလုပ်နေပြီး သေဆုံးသွား သည့် ကလေးငယ်မှာ လမ်းအ တွင်း ကစားနေသည်ကို တွေ့ရှိခဲ့ ပြီးနောက် ညနေ (၆)နာရီကျော် တွင် ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါလမ်း၌ နေထိုင်သူတစ်ဦး ကပြောသည်။

‘‘ကလေးပျောက်သွားပြီး မိ သားစုတွေကလည်း ကြော်ငြာ လည်းထည့်တယ်။ ဗေဒင်တွေနတ်တွေ မေးတော့ ၀င်ပူးပြီးပြောတာလည်းရှိတယ်။ သူ့ကို အမျိုးသမီးနှစ်ယောက်က ခေါ်သွားတယ်။ ပြီးတော့ အ၀တ်အုပ်တယ်။ နားကပ်ချွတ်ပေးတော့လည်း ငါတို့လိုချင်တာ နားကပ်မဟုတ်ဘူး ပြောတယ်။ ဒါကတော့ ၀င်ပူးပြီးပြောတာကို ကြားရတာပါ’’ဟု လမ်းအတွင်းနေထိုင်သူ အမျိုး သမီးတစ်ဦးကပြောသည်။

ကလေးငယ်ဦးခေါင်းဟု ယူ ဆရသော ဦးခေါင်းခွံကို အ လောင်းတွေ့ရှိခဲ့သည့် အနီးနား တွင် ဧပြီ ၂၃ ရက်က ရှာဖွေတွေ့ ရှိခဲ့ပြီး အသားမရှိတော့၍ ကလေး ဦးခေါင်းခွံ ဟုတ်၊ မဟုတ် စစ်ဆေးနေကြောင်း ကလေးငယ်၏ မိသားစုဝင်တစ်ဦးကပြောသည်။

‘‘ကလေးသူခိုးတွေရှိတယ်။ ကလေးပျောက်တယ်ဆိုပြီး သ တင်းတွေကြားရတယ်။ ဒါတွေအ ပြင်မှာ တကယ်မဟုတ်ဘူးဆိုပြီး ရေးကြပြောကြတယ်။ အခုတော့ ကလေးက သေနေတာတောင် ခေါင်းမပါတော့ဘူး။ ဘာကြောင့် အခုလို လုပ်ဖြစ်တာလဲဆိုတာ တော့ သိချင်ပါတယ်’’ဟု ၎င်းက ပြောသည်။

သင်ဘယ်တော့မှချမ်းသာမှာမဟုတ်ဘူးဆိုတာ သေချာစေတဲ့အချက် (၉) ချက်

  

လူတိုင်းလိုလိုချမ်းသာချင်ကြပါတယ်။ ချမ်းသာအောင်လည်း အချိန်တိုင်းကြိုးစားနေကြပါတယ်။ ဒါပေမယ့် ဘာလို့ လူတိုင်းမချမ်းသာတာလဲ။ အချို့ကတော့ ဘဝပေးကုသိုလ်ဆိုပြီးပြောကြပါလိမ့်မယ်။ ဒါပေမယ့် တကယ်တော့မဟုတ် ပါဘူး။ မချမ်းသာရခြင်း အကြောင်းအရင်းကတော့ အခြေခံလိုအပ်ချက် လေးတွေကိုတောင် မပြုပြင်နိုင်လို့ပါ။ အောက် မှာပါ အချက်တွေထဲက တစ်ချက်ချက်ကို သင်လုပ်နေပြီဆိုရင်တော့ သင်ချမ်းသာဖို့ဆိုတာ အတော်လေးကိုဖြစ်နိုင်ချေ နည်းသွားပါပြီ။
(၁)သင်ဟာ ပိုက်ဆံ စုခြင်းကို အရမ်းဝါသနာပါပြီး ပိုက်ဆံပိုမရှာနိုင်ဘူး။

ပိုက်ဆံ စုခြင်းက ချမ်းသာဖို့ကြိုးစားတဲ့နေရာမှာ အရေးကြီးပါတယ်။ ဒါပေမယ့် ပိုက်ဆံစုတာချည်းပဲ အာရုံစိုက်နေလို့ မရပါဘူး။ စုတာကိုပဲ အာရုံစိုက်နေရင် သင်လက်ရှိရနေတဲ့ ပိုက်ဆံထက်ဘယ်လို ထပ်ရှာရမလဲကို သင်စိတ်မဝင်စား နိုင်တော့ပါဘူး။ အကယ်၍ ချမ်းသာတဲ့သူတွေလိုတွေးမယ်ဆိုရင် သင်ပိုက်ဆံကုန်သွားမှာကို စိတ်မပူသင့်တော့ပါဘူး။ ပိုက်ဆံပိုရှာနိုင်အောင်ပဲ ဂရုစိုက်သင့်ပါတယ်။
(၂) သင်ရင်းနှီးမြုပ်နှံခြင်းမလုပ်သေးဘူး။

ပျမ်းမျှအားဖြင့် ချမ်းသာသူတွေဟာ သူတို့ဝင်ငွေရဲ့ ၂၀%ကိုပြန်လည်ရင်းနှီးမြုပ်နှံပါတယ်။ တကယ်တော့ ဘဝမှာ စောစောရင်းနှီးမြုပ်နှံနိုင်လေ ကောင်းလေလေပါပဲ။ အများကြီးမရင်းနှီးနိုင်ရင်တောင် ဖြေးဖြေးချင်းကစလို့ရပါတယ်။ ဒါပေမယ့် စီးပွားရေးလုပ်ငန်းတစ်ခုခုပေါ်မှာ ရင်းနှီးမမြပ်နှံနိုင်သေးရင် သင့်ကိုယ်သင်တိုးတက်အောင် အရင်ရင်းနှီး မြုပ်နှံပါ။ လစာထဲက အနည်းငယ်ကိုဖယ်ပြီး သင့်အရည်အချင်းတွေ တိုးတက်အောင် ပြုလုပ်တဲ့နေရာမှာ သုံးစွဲပါ။
(၃) တည်ငြိမ်တဲ့လစာဝင်ငွေပေါ်မှာ သင်သာယာနေတယ်။

သာမန်လူတော်တော်များများဟာ သူတို့ရဲ့အချိန်အတွက် ငွေပေးချေခြင်းကို ခံယူလိုလေ့ရှိပါတယ်။ ဥပမာ တစ်လ ကို ဘယ်လောက်၊ တစ်ပတ်ကိုဘယ်လောက်၊တစ်နာရီကိုဘယ်လောက်စသဖြင့်ပေါ့။ ဒါပေမယ့် ချမ်းသာသူတွေက တော့ ဖြစ်ပေါ်လာတဲ့ရလဒ်ပေါ်မူတည်ပြီး ပိုက်ဆံ ရှာပါတယ်။ များသောအားဖြင့် သူများဆီမှာလည်း အလုပ်လုပ် လေ့မရှိပါဘူး။ သူတို့က Self-employedလို့ခေါ်တဲ့ ကိုယ့်ဘာသာကိုယ်အလုပ်ပြန်ခန့်ထားတာမျိုးပဲလုပ်ပါတယ်။ လစာအပေါ်သာယာနေခြင်းဟာ ချမ်းသာခြင်းဆီကိုသွားရာမှာ နှောင့်နှေးစေပါတယ်။
(၄) သင်ကသင်မတတ်နိုင်တဲ့ပစ္စည်းတွေဝယ်လေ့ရှိတယ်။

သင့်ရဲ့လိုအပ်ချက်တိုင်းကို လိုက်လံဖြည့်ဆည်းနေရင် သင်ဘယ်တော့မှ ချမ်းသာမှာမဟုတ်ပါဘူး။ အကယ်၍ ပုံမှန်ထက် ဝင်ငွေတိုးတက်လာရင် သင့်ကိုယ်သင် ပိုမိုကောင်းမွန်တဲ့ Lifestyleတစ်ခုကို မပြောင်းလိုက်ပါနဲ့အုံး။ ဒါဟာ ခက်ခဲတဲ့ အချက်ဖြစ်ပြီးတော်တော်များများမလုပ်နိုင်ပါဘူး။ သန်းကြွယ် သူဌေးတစ်ယောက်ဖြစ်တဲ့ Grant Cardoneက”ရင်းနှီး မြုပ်နှံမှုတွေက ဝင်ငွေသေသေချာချာမဝင်သေးပဲနဲ့ ကျွန်တော်ကား အကောင်းစားမပြောနဲ့ နာရီအကောင်းစားတောင် မဝယ်ခဲ့ပါဘူး”လို့ဆိုခဲ့ပါတယ်။ သင်လည်း လစာတိုးတာနဲ့ iPhoneကောက်ပြီး မဝယ်ပါနဲ့အုံး။

(၅) သင်ဟာ သင့်အိမ်မက်နောက်ကိုလိုက်ရဲတဲ့ သတ္တိမရှိဘူး။

အကယ်၍ ဘဝမှာ အောင်မြင်ချင်ရင် မိမိလုပ်နေတာကို အရင်ဆုံး ချစ်မြတ်နိုးဖို့လိုပါတယ်။ ဒါ့ကြောင့် သင်ဘာကိုချစ် မြတ်နိုးတယ်ဆိုတာလည်း သိဖို့လိုသလို အိမ်မက်တွေနောက်ကို လိုက်ရဲတဲ့ သတ္တိလည်းရှိဖို့လိုပါတယ်။ ဒါပေမယ့် လူ တော်တော်များများကတော့ မိဘရဲ့ရည်မှန်း ချက်နောက်ကိုလိုက်နေ တာများပါတယ်။
(၆) သင်ဟာ Comfort Zoneထဲက မထွက်ရဲဘူး။

ကိုယ်ပိုင်စီးပွားရေးလုပ်ရင် လက်ရှိဝင်နေတဲ့ လစာလေး မဝင်တော့မှာ စိုးရိမ်ကြတာများပါတယ်။ ဒီလိုနဲ့ သူများအိမ် မက်တွေကိုပုံဖော်ပေးရင်းနဲ့ပဲ သင့်ဘဝကုန်ဆုံးသွားပါလိမ့်မယ်။ အကယ်၍ ဘဝမှာချမ်းသာချင်ရင် စွန့်စားရဲတဲ့သတ္တိ ရှိရပါတယ်။ သက်တောင်သက်သာ ရှိတဲ့နေရာမှာပဲ နေထိုင်နေရုံနဲ့တော့ မချမ်းသာလာပါဘူး။
(၇) သင့်ပိုက်ဆံတွေကို ဘယ်လိုအသုံးချမယ်ဆိုတာ ကြိုတင်ပြင်ဆင်ထားခြင်း မရှိဘူး။

အကယ်၍ ချမ်းသာချင်တယ်ဆိုရင် ပိုက်ဆံ ကို ဘယ်လိုအကျိုးရှိရှိအသုံးချရမယ်ဆိုတာ သိဖို့လိုပါတယ်။ သင်ရလာတဲ့ ဝင်ငွေကို ဘယ်နေရာတွေမှာသုံးမယ်။ ဘယ်လောက်ကိုစုမယ်၊ ဘယ်လောက်ကိုရင်းနှီးမြုပ်နှံရမှာသုံးမယ် စသဖြင့်သေ သေချာချာသိဖို့လိုပါတယ်။
(၈) သင်ကသုံးလို့ပိုတာကိုစုတယ်။

သင်က လစာရတာနဲ့ ဘာတွေသုံးရမလဲ စစဉ်းစားပါတယ်။ ပြီးမှလကုန်လို့ ကျန်တာကိုစုတယ်ဆိုရင်တော့ သေချာပါ တယ်။ သင့်မှာ ဘာမှကျန်မှာမဟုတ်ပါဘူး။ ကျန်လည်း နည်းနည်းပါပဲ။ တကယ်တော့ အရင်စုပြီးမှ ပိုတာကို သုံးရမှာ ပါ။ ဝင်ငွေ၁၀%ကိုဖြစ်ဖြစ်စုပါ။ ပြီးမှပိုတာကို ဘာတွေသုံးမလဲ စဉ်းစားပါ။

(၉) သင်ကချမ်းသာခြင်းဆိုတာ မဖြစ်နိုင်ပါဘူးလို့ထင်နေတယ်။

လူတော်တော်များများက ချမ်းသာခြင်းဆိုတာ ကံကောင်းတဲ့သူတွေဆီကိုပဲ ရောက်ရှိလေ့ရှိတဲ့အရာလို့ ခံယူထားပါ တယ်။ ဒါ့ကြောင့်လည်း အဲ့ဒိလူတော်တော်များများက ဘယ်တော့မှ မချမ်းသာပါဘူး။ မိမိကိုယ်ကိုမှ မယုံရင် ဘာမှ လုပ်လို့မရပါဘူး။ ကြိုးစားသူတိုင်း အတွက်နေရာ ရှိပါတယ်။ သင့်အတွက်လည်းနေရာရှိပါတယ်။
အကယ်၍ အထက်ပါအချက်တွေထဲက တစ်ချက်ချက် သင့်မှာရှိနေပြီဆိုရင်တော့ သင်ပြင်ဆင်သင့်ပါပြီ။အကယ်၍ ချမ်းသာချင်တယ်ဆိုရင်ပေါ့။

Ref : မိုးရှင်း (I.M.T)

ကလေးသတို့သမီးနှင့်အိမ်တွင်းအကြမ်းဖက်မှု

  
”တကယ်လို့များ လူတွေကမင်းခင်ပွန်းရောလို့ မေးခဲ့ရင် သူသေသွားပြီလို့ ဖြေရမှာပဲ”ဟု အသက် ၁၆နှစ်အရွယ်ရှိ အက်စမာကပြောသည်။ အက်စမာကို ၄င်း၏ခင်ပွန်းက ဘင်္ဂလားဒေ့ရှ်ရှိညစ်ပတ်ပြီးဆင်းရဲသော ဆင်ခြေဖုံး ရပ်ကွက်ထဲတွင် စွန့်ပစ်ထားခဲ့သည်။ ခင်ပွန်းဖြစ်သူက စွန့်ပစ်ခဲ့ပေမယ့် အက်စမာကတော့ ဘဝကို အရှုံးမပေးဘဲ အနာဂတ်ကို ရင်ဆိုင်ဖို့ ခြေလှမ်းတွေပြင်နေပါပြီ။

”လက်မထပ်ခင်တုန်းက ကျွန်မရဲ့ ဘဝဟာကြမ်းတမ်းခဲ့ ပါတယ်။ လက်ထပ်ပြီးတော့လည်း ထူးပြီးတော့ ကောင်း မလာခဲ့ပါဘူး။ ကျွန်မရဲ့ခင်ပွန်းက ကျွန်မကို အမြဲရိုက်နှက် လေ့ရှိပြီး သူအရက်သောက်တဲ့ ညတွေဆိုရင် ရိုက်နှက် ရုံမက ခေါင်းကိုပါ ဓားနဲ့ မွှန်းတယ်။ အခုထိ အမာရွတ် တွေရှိနေတုန်းပါပဲ”ဟု ၁၆နှစ်အရွယ် အိမ်ရှင်မတစ်ဦးဖြစ်သူ အက်စမာက ပြောသည်။

အက်စမာကို ဘဟိုလာမြို့၌ မွေးဖွားခဲ့ပြီး၎င်းတို့ မိသားစုပိုင်ဆိုင်သည့်အိမ်နှင့်ယာမြေများသည် ရေလွှမ်း မိုးမှုကြောင့် ပျက်စီးခဲ့ရသည်။ ထို့နောက်အလုပ်သစ်နှင့်အိမ်ရာအသစ်ရှာဖွေရန် ဒါကာမြို့သို့ ပြောင်းရွှေ့ခဲ့သည်။ အက်စမာ၏ ဖခင်မှာ နားမကြားသူတစ်ဦးဖြစ်သည့်အတွက် အလုပ်တစ်ခု ရရှိရန်မလွယ်ကူခဲ့ပေ။ ၄င်းတို့မိသားစု၏စားဝတ်နေရေးမှာ လွန်စွာခက်ခဲကြမ်းတမ်းခဲ့ရသည်။ အက်စမာအတွက် ထိုထိုသော အခက်အခဲများကြားမှလွတ် မြောက်ရန်တစ်ခုတည်းသော မျှော်လင့်ချက်မှာ လက်ထပ် ခြင်းပင်ဖြစ်သည်။ အငယ်ဆုံးမောင်လေးကို အစာဝဝ လင်လင်ကျွေးမွေးနိုင်ရေး သူလက်ထပ်ရန်ဆုံးဖြတ်ခဲ့ သည်။ ၄င်းတို့ မိသားစုရှိရာဒါကာမြို့သို့ ပြောင်းရွှေ့ပြီး မကြာမီ အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးက သူ့ကို လက်ထပ်ရန် ကမ်းလှမ်းခဲ့သည်။ ထိုစဉ်က သူ၏အသက်မှာ ၁၅ နှစ်သာရှိသေးသည်။ သူ၏ မိဘများက လည်း လက်ထပ်ရန် သဘောတူညီခဲ့သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌ သမီးမိန်းကလေးကို ဝန်ထုပ်ဝန်ပိုးတစ်ခုကဲ့သို့ ရှုမြင်ကြကာ ငယ်ရွယ်စဉ်ဆယ်ကျော်သက် အရွယ်မှာပင် အိမ်ထောင်ချပေးကြသည်။

အက်စမာ၏ ခင်ပွန်းက ဒေါင်ရီကြေး (သတို့သမီးဘက်မှ ခင်ပွန်းဘက်သို့ တင်တောင်းရသည့် ငွေကြေးဥစ္စာပစ္စည်း) တာကာ ၂ဝဝဝဝ တောင်းဆိုခဲ့သည်။ သို့သော်အက်စမာ၏ မိသားစုက ထိုမျှလောက်သောငွေကြေးပမာဏကို ပေးရန် မည်သို့မျှပင် စွမ်းဆောင်နိုင်ခြင်းမရှိပေ။ ဒေါင်ရီကြေးမရသည် ကို အကြောင်းပြုကာ ၄င်း၏ခင်ပွန်းက နေ့စဉ်ရိုက်နှက် တော့သည်။ 

ငါးလကြာပေါင်းသင်းပြီးနောက် အက်စမာတို့ဘက်မှ ဒေါင်ရီကြေးကို အကျေပေးဆောင်ခြင်းမပြုပါက သူ့အနေ ဖြင့် အိမ်မှထွက်ခွာတော့မည်။ အက်စမာကို ထားခဲ့တော့ မည်ဟု ခင်ပွန်းဖြစ်သူက ပြောဆိုခဲ့သည်။ 

”သူအိမ်က တကယ်ထွက်သွားပြီးနောက် သူ့ကို တစ်ကြိမ်တစ်ခါမှ ပြန်မတွေ့ရတော့ပါဘူး။ သူထပ်ပြီး လက်ထပ်သလားဆိုတာလည်း မသိရဘူး။ ကျွန်မကတော့ သူ့ကို ထပ်ပြီး မတွေ့ချင်တော့ဘူး။ ဘာလို့လဲဆိုတော့ ကျွန်မ အရိုက်မခံချင်တော့ဘူးလေ”ဟု အက်စမာက နာကျင်စွာပြောသည်။ 

အက်စမာလိုမျိုး အဖြစ်အပျက်မျိုးမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌ ဖြစ်လေ့ဖြစ်ထရှိသည့် သာမန်ကိစ္စတစ်ခုပင်ဖြစ် သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ကလေး အရွယ်ဖြင့် လက်ထပ်ပေးမှုအများဆုံးနိုင်ငံပင်ဖြစ်သည်။ တရားဥပဒေအရ အမျိုးသမီးငယ်များကို အသက် ၁၈ နှစ်မပြည့်မီ လက်ထပ်ပေးခြင်းမပြုရန် တားမြစ်ထားသည်။ သို့သော် ဘင်္ဂလားဒေ့ရှ်အမျိုးသမီးငါးဦးလျှင် တစ်ဦးမှာ အသက် ၁၅ နှစ်မပြည့်မီ တချို့ဆိုလျှင် အသက် ၁၄၊ ၁၃ နှစ်အရွယ်၌ပင် လက်ထပ်ပေးခြင်းခံနေရသည်။ 

အမျိုးသမီးများကို ကလေးအရွယ်၌ပင် လက်ထပ်ပေး ခြင်းသည် သူတို့၏ ဘဝတစ်လျှောက်လုံး နာကြည်းဖွယ် အကြမ်းဖက်မှုများနှင့် ကြုံတွေ့နိုင်ကြောင်း ကလေးသူငယ် ထိမ်းမြားလက်ထပ်ခြင်းကို ဆန့်ကျင်သည့် အဖွဲ့က ပြော သည်။ ကလေးငယ်များအားလက်ထပ်ပေးမှု၊ ကလေး သတို့သမီး ပပျောက်ရေး အဘက်ဘက်မှ ကြိုးစားနေသော် လည်း ၆၆ ရာခိုင်နှုန်းသော မိန်းကလေးငယ်များမှာ အသက် ၁၈ နှစ် မပြည့်မီ လက်ထပ်ပေးခြင်းခံရဆဲဖြစ်သည်။

ဒေါင်ရီကြေး (သတို့သမီးဘက်မှ ခင်ပွန်းဘက်သို့ တင်တောင်းရသည့် ငွေကြေးဥစ္စာပစ္စည်း) 

ဒေါင်ရီကြေးပေးဆောင်ရသည့် အလေ့အထမှာ တရားဝင်သတ်မှတ်ထားသည့် အရာတစ်ခုမဟုတ်သော် လည်း ယနေ့ထိတိုင် လက်ခံကျင့်သုံးနေကြဆဲဖြစ်သည်။ ဒေါင်ရီကြေးဆိုသည်မှာ သတို့သမီးဘက်မှ သတို့သားဘက် သို့ပေးရသည့် လက်ဆောင်ပမာဏဖြစ်ပြီး လက်ထပ်ပြီး သည့် နောက်ပိုင်း၌လည်း ဆက်လက်တောင်းခံခွင့်ရှိသည်။ သတို့သမီးဘက်မှ ပေးဆောင်နိုင်ခြင်းမရှိလျှင် ရိုက်နှက် နှိပ်စက်သည်အထိပါ ပြုမူလာကြသည်။ အိမ်တွင်းအကြမ်း ဖက်မှုများဖြစ်လာသည်။ မိန်းကလေးငယ်များကို ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ပြုပေးရခြင်းမှာ ဒေါင်ရီ ကြေးပေးရသည့် ပမာဏနည်းပါးသည့် အတွက်ဖြစ်ပြီး ထိုအခြင်းအရာကပင် မိန်းကလေးများကို ကလေးအရွယ် ငယ်ငယ်ရွယ်ရွယ်နှင့်ပင် အိမ်ထောင်ချပေးရန် တွန်းအား တစ်ရပ်ဖြစ်လာခဲ့သည်။

ပညာရေးနိမ့်ကျလာခြင်း

မိန်းကလေးငယ်များကို အိမ်ထောင်ချပေးခြင်းဖြင့် ကျောင်းပညာရေးကို ဆုံးခန်းတိုင်မရောက်နိုင်တော့ပေ။ ကျောင်းပညာရေးမရှိသည့်အတွက် လူမှုဆက်ဆံရေး နယ်ပယ်တွင် ဝင်ဆံ့နိုင်တော့ခြင်း မရှိပေ။ ပညာရေး နိမ့်ပါးသည့်အတွက် အလုပ်အတွက် ရွေးချယ်စရာ နည်းပါးလာသည်။ ၄၅ ရာခိုင်နှုန်းသော အိမ်ထောင် သည်အမျိုးသမီးငယ်များမှာ အလယ်တန်းပညာရေးအဆင့် ကိုပင် ဆုံးခန်းတိုင်အောင်သင်ယူခွင့်မရကြပေ။ သတို့သမီး ငယ်များအတွက် အလုပ်မှာ ခင်ပွန်းဖြစ်သူ၏ အိမ်၌ အိမ်မှုကိစ္စများ လုပ်ရန်သာရှိတော့ပြီး ထိုသို့ ဆောင်ရွက် ခြင်းဖြင့် ကလေးသူငယ်ကျွန်ပြုခိုင်းစေမှုကို အားပေးရာ ရောက်သည်။ မိသားစု၏ ဝင်ငွေရှာဖွေပေးနိုင်ခြင်း မရှိသည့်အတွက် ဆင်းရဲမှုမှ ရုန်းထွက်ရန် ခက်ခဲလာ သည်။

ကျန်းမာရေးရှုထောင့်

စောစီးစွာ အိမ်ထောင်ပြုခြင်းဖြင့် ကလေးငယ်ဘဝဖြင့် ပင် ကိုယ်ဝန်ဆောင်ရတော့မည်ဖြစ်သည်။ ဆယ်ကျော်သက်မိန်းကလေးငယ်သုံးပုံတစ်ပုံမှာ စောစီးစွာ ကိုယ်ဝန် ဆောင်ကြပြီး အသက် ၁၅ နှစ်ခန့်မှ ၁၉ နှစ်ကြား မိခင်လောင်းများဖြစ်ကြသည်။ ဆယ်ကျော်သက် မိခင် လောင်းများမှာ ကလေးမွေးဖွားရာ၌ အရွယ်ရောက်ပြီး မိခင်လောင်းများကဲ့သို့ မလွယ်ကူပေ။ အသက်ဆုံးရှုံးနိုင် သည်။ အသက်မဆုံးရှုံးသော်လည်း ဆယ်ကျော်သက် မိခင်တစ်ယောက်အနေဖြင့် မိမိ၏ ကလေးငယ်ကို ပြုစု စောင့်ရှောက်ရန် ဗဟုသုတများ လိုအပ်နေသေးသည်။

အက်စမာကတော့ ခင်ပွန်းဖြစ်သူက စွန့်ပစ်ထား ခဲ့သော်လည်း အရာအားလုံးကို အသစ်ကပြန်စနိုင်ရန် ကြိုးပမ်းခဲ့သည်။ သို့သော် အသက် ၁ဝ နှစ်ဖြင့် ကျောင်း ထွက်ခဲ့ရသူတစ်ဦး ဖြစ်သည့်အတွက် သူ့၌ ရွေးချယ်စရာ များများစားစားတော့ မရှိခဲ့ပေ။ သူ၏ စိတ်အားထက် သန်မှုကြောင့် အထည်ချုပ်စက်ရုံတွင် အလုပ်ရရှိခဲ့သည်။ သူ၏အနာဂတ်ရည်မှန်းချက်မှာ စက်ရုံကြီးကြပ်ရေးမှူး တစ်ယောက်ဖြစ်ရန်ပင်ဖြစ်သည်။ 

”အခုဆိုရင် ကျွန်မအဖေ၊ အမေနဲ့ မောင်လေးတို့ကို ကျွန်မထောက်ပံ့နိုင်ပြီ။ ကျွန်မအိမ်မှုကိစ္စတွေကိုလည်း မလစ်ဟင်းစေရပါဘူး။ကျွန်မယောက်ျားတစ်ယောက်လို ငွေရှာနိုင်ပြီး မိန်းမတစ်ယောက်လို အိမ်ထောင်ထိန်းသိမ်း နိုင်ပါပြီ”လို့ အက်စမာကတက်ြ<ွကသည့်လေသံဖြင့်ပြောသည်။ 

အက်စမာသည် သတ္တိကောင်းပြီး အရည်အချင်းပြည့်ဝ သော မိန်းကလေးတစ်ဦးပင်ဖြစ်သည်။ အက်စမာကဲ့သို့ သော အဖြစ်မျိုးနှင့် ကြုံတွေ့ခဲ့ရသော အမျိုးသမီးငယ်ဘယ် လောက်များများရှိနေပြီလဲ။ သူတို့ကရော အက်စမာလိုဘဝ ကို အရှုံးမပေးဘဲ ပြန်လည်ထူထောင်နိုင်ကြလား။ နစ်မွန်း သွားခဲ့ရတဲ့ဘဝလေးတွေ၊ အိမ်တွင်းအကြမ်းဖက်မှုကို ခေါင်းငုံ့ခံနေရတဲ့ ကလေးတွေရော ဘယ်အချိန်မှာ အဆုံးသတ်မှာလဲ မိန်းကလေးငယ်တွေရဲ့ဘဝကို ကယ် တင်ဖို့၊ ကလေးအရွယ်နဲ့အိမ်ထောင်ချပေးမှုတွေ ပပျောက် ဖို့ ဘာတွေဆက်လုပ်ရဦးမလဲ…။

Ref;BBC

ဦးရွှေမန်းနှင့် ဗဟိုကော်မတီဝင် ၁၆ ဦးကို USDP က ထုတ်ပယ်

  

အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ဥက္ကဌဟောင်း ဦးရွှေမန်းကို ပါတီက ထွက်ခွာခွင့်ပြုလိုက်ကြောင်း ယင်းပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးတင့်ဇော်က ဧရာဝတီသို့ ပြောသည်။

“ထုတ်တယ်ဆိုတာထက် ထွက်ခွာခွင့်ပြုလိုက်တာပါ။ သူနဲ့ သူရဦးအောင်ကို၊ ဦးမောင်မောင်သိမ်းတို့ အပါအ၀င် အားလုံး ၁၇ ဦးပါ”ဟု ပြောသည်။
ဦးရွှေမန်းကို ထုတ်ပယ်သည့် ဆုံးဖြတ်ချက်သည် သမ္မတဟောင်း ဦးသိန်းစိန် ကြံ့ခိုင်ရေးပါတီသို့ ရုံးပြန်တက်ပြီး နောက်ပိုင်းမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

(ဧရာဝတီ)

Latest News For You