All posts by dpakyaw

I am Blogger. I am just Learning

ရရှားပါးလွန်းသဖြင့် သင်္ကြန်ဆိုတာ ရွာနဲ့ မသက်ဆိုင်ဟု အညာရွာတချို့မှ ရွာခံများ ပြော

  
မကွေးတိုင်း ဒေသကြီး၊ ချောက်မြို့နယ်၊ ဂွေးချိုကျေးရွာ အုပ်စု၊ မန်ကျီးစောက် ကျေးရွာတွင် နွေရာသီ ရေအခက်အခဲဖြစ်ခြင်းကြောင့် မဟာသင်္ကြန်ပွဲတော်ကို ကျင်းပနိုင်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။

အဆိုပါကျေးရွာတွင် ရေရှားပါးမှုကြောင့် အလှူရှင်များ လာရာက်မှသာ ရေကားတစ်စီးငွေ၆၀၀၀ ကျပ်ဖြင့် တစ်အိမ်ထောင်လျင် ရေ၃ပုံး ခွဲတမ်းကျ ဝယ်ယူနိုင်သည်။

  
“အဲဒီလို ဝယ်ခွင့်ရတာတောင် ဒီနှစ်ပဲရှိသေးတယ်။နွေရာသီရောက်လာရင်လက်ယက်တွင်းတွေကလည်းခမ်း ရေကရှားဆိုတော့ 

  
သင်္ကြန်ဆိုတာ ကျွန်တော်တို့ ရွာလေးနဲ့ဘာမှမဆိုင်ပါဘူး။ရေကစားခွင့်မရပဲ အခုလိုနေလာရတာလည်း ကြာပါပြီ” ဟု ဒေသခံ တစ်ဦးက ပြောသည်။

သတင်း နှင့် ဓာတ်ပုံ- အောင်ဌေးလှိုင်/မြန်မာတိုင်းမ်

အိမ်ထောင်ရှင်အမျိုးသမီးတွေ ဘာ့ကြောင့် လိင်ဆက်ဆံလိုစိတ် နည်းပါးကြသလဲ


ပန်းရောင်ဗိုင်ရာဂရာအကြောင်း သင်ကြားပြီးလောက်ပြီပေါ့။ Filbanserin လို့ အမည်ရတဲ့ ဒီဆေးဟာ အမျိုးသမီးတွေရဲ့ လိင်ဆန္ဒကို မြှင့်တင်ပေးတဲ့ ဆေးတစ်မျိုးဖြစ်ပြီး အမေရိကန်စားသောက်ကုန်နှင့်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့  က နှစ်ကြိမ်တိုင်တိုင် ပယ်ချပြီးနောက် သြဂတ်စ် ၁၈ ရက်မှာ တရားဝင်ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။ အသက် ၁၈ နှစ်ကနေ ၄၄ နှစ်အရွယ် အမျိုးသမီး ၁၁ ရာခိုင်နှုန်းနီးပါးဟာ စိတ်အနှောင့်အယှက်ဖြစ်စရာ လိင်ဆက်ဆံမှုပိုင်းပြဿနာတွေ ကြုံတွေ့ နေရတယ်လို့ ဆိုပါတယ်။
အမျိုးသမီးရဲ့ လိင်စိတ်ကုန်ခန်းမှု၊ လိင်ဆက်ဆံမှုပိုင်းဆိုင်ရာအပြုအမူ တစ်ခုခုကို စိတ်ဝင်စားမှုလျော့နည်းခြင်း၊ သာယာမှု မရှိခြင်း၊ စိတ်နိုးကြွမှုမရှိခြင်းတို့ ဟာ ခြောက်လထက် ပိုမိုကြာမြင့်နေမယ်ဆိုရင် Filbanserin ဆေးက ကုသမှု ပေးမှာဖြစ်ပါတယ်။ တကယ်လို့ ဒီဆေးက မထိရောက်သလို၊ လိင်စိတ်ကုန်ခန်းမှုကလည်း ဆက်လက်ဖြစ်နေမယ်ဆိုရင် အောက်ပါအချက်တွေထဲက တစ်ချက်က သင့်ရောဂါရဲ့အရင်းအမြစ်လားဆိုတာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြည့်သင့်ပါတယ်။

၁။ သန္ဓေတားဆေး

လိင်ဆက်ဆံလိုစိတ်ကို testosterone လို မဟော်မုန်းက တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထားပါတယ်။ တစ်ခါတစ်လေမှာ သားဆက်ခြားနည်းတွေက testosterone ထုတ်လုပ်မှုပမာဏကို လျော့နည်းစေပြီး လိင်ဆက်ဆံလိုစိတ် ကိုပါ လျော့ကျစေပါတယ်။ ဒါပေမယ့် ဒီသက်ရောက်မှုဟာ အမျိုးသမီးငယ်တွေထက် သွေးဆုံးခါနီး အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဒီအချက်ကြောင့်ဆိုရင်တော့ သန္ဓေတားတဲ့နည်းလမ်းကို ပြောင်းသုံးကြည့်ပါ။ ဥပမာ စအိုက ထည့်ရတဲ့ IUD ခေါ် သန္ဓေတားပစ္စည်း ဒါမှမဟုတ် ဖော်စပ်ထုတ်လုပ်ပုံ မတူညီတဲ့ သန္ဓေတားဆေးကို ပြောင်းသုံးကြည့်ပါ။

၂။ သင့်ရဲ့စိတ်အခြေအနေ

စိတ်ဓာတ်ကျမှုကနေ ဖြစ်နိုင်သလို စိတ်ကြွဆေးတွေ မှီဝဲတာကလည်း သင့်ရဲ့လိင်ဆက်ဆံလိုစိတ်ကို ကုန်ဆုံးစေပါတယ်။ ပြင်းပြင်းထန်ထန်စိတ်ဓာတ်ကျတာကပဲ လိင်စိတ်ကုန်ခန်းစေတာ မဟုတ်ဘဲ နေ့ စဉ်ကြုံ တွေ့ နေရတဲ့ စိတ်ဖိစီးမှုတွေကလည်း လိင်စိတ်လျော့နည်းစေပါတယ်။ စိတ်ဖိစီးမှု များလာပြီဆိုရင် စိတ်နှိုးဆွတဲ့ ဟော်မုန်း cortisol နဲ့ adrenaline တို့ ထွက်ရှိလာပြီး သင့်ရဲ့ လိင်ဆက်ဆံမှုပိုင်းဆိုင်ရာတုံ့ ပြန်မှုစနစ်တွေကို ထိခိုက်စေပါတယ်။ ဒီအဖြစ်ကိုတော့ အိပ်စက်ခြင်းက ကူညီပေးနိုင်ပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် တစ်နာရီလောက် ပိုအိပ်ပေးလိုက်ရင် လိင်ဆက်ဆံမှု ၁၄ ရာခိုင်နှုန်း ပိုမိုမြင့်တက်လာတယ်လို့ ဆိုပါတယ်။

၃။ သင့်ရဲ့ အတွေးအခေါ်

မိန်းကလေးတော်တော်များများဟာ တစ်ပတ်ကို လိင်ဆက်ဆံမှု ဘယ်နှစ်ခါပြုရမယ် စတဲ့ ပြတ်သားတဲ့ ခံယူချက်တွေရှိပါတယ်။ တကယ်လို့ ဒီအရေအတွက်ထက် များသွားရင် နည်းသွားရင် စိတ်ပူပန်မှုဖြစ်တတ် ကြပါတယ်။ စိတ်ပူပန်မှုဆိုတာ စိတ်နိုးကြွမှုနဲ့ ဆန့် ကျင်ဘက်အရာပါပဲ။ သင့်ရဲ့ စိတ်ဆန္ဒကို အတင်းထိန်းချုပ် တာမျိုးက သင့်ရဲ့လိင်ဆန္ဒကို ဟန့် တားစေနိုင်ပါတယ်။
၎။ သင့်ရဲ့ အချစ်ရေး၊အိမ်ထောင်ရေးအခြေအနေ
သက်တမ်းရှည်ကြာတဲ့အချစ်ရေးတစ်ခုမှာ တစ်ခါတစ်လေ သင်ဆန္ဒမပါတာမျိုးကို ကြုံတွေ့ ရနိုင်ပါတယ်။ ပထမဦးဆုံးအကြိမ် အတူနေတုန်းက ဦးနှောက်ကနေ စိတ်သာယာမှုပေးတဲ့ ဓာတုပစ္စည်းတွေ ထုတ်ပေးပြီး ကာမဆန္ဒ တပ်မက်မှုကလည်း မြင့်တက်လာပါတယ်။ ဒါပေမယ့် အချိန်ကြာလာတဲ့အခါ ဆန္ဒကင်းမဲ့သလို ဖြစ်လာပါတယ်။ ပထမဦးဆုံးအကြိမ်က ခံစားမှုမျိုးကို ပြန်တွေးကြည့်ပါ။ သင်တို့ ရဲ့ အချစ်ရေးက ပျက်စီးသွားတာမဟုတ်ဘဲ ဒါဟာ သိပ္ပွံနည်းကျအချက်တစ်ချက်သာ ဖြစ်ပါတယ်။
Ref: cosmopolitan
Ye Wint – Trend Myanmar

ဂေး ခြေင်္သေ့များ သို့မဟုတ် လိင်တူချစ်သော ခြင်္သေ့ထီးများ———-

   
    
    
 www.dpakyaw.com/story
Botswana အမည်ရ အာဖရိက ကုန်းတွင်းပိတ် နိုင်ငံမှာ ဆာဖရီ သဘာဝ ဥယျာဉ်ကြီး ရှိပါတယ်။ ယင်း ဥယျာဉ်ထဲမှာ တောရိုင်း တိရစ္ဆာန် မျိုးစုံ ကြင်လည် ကျက်စားပြီး လိင်တူ ချစ်ကြတဲ့ စုံတွဲ ခြင်္သေ့ အထီးနှစ်ကောင်ကို ယခုလို မြင်တွေ့ရပါတယ်။

ဘယ်လ်ဂျီယံမှ ဓာတ်ပုံဆရာ တစ်ဦးမှာ တောထဲလည်ပတ်စဉ် မိတ်လိုက်ရန် ကြိုးစားနေတဲ့ ခြင်္သေ့ အထီး နှစ်ကောင်ကို မြင်တွေ့ခဲ့ပြီး ယခုလို မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ ပါတယ်။ ယင်း ခြင်္သေ့ နှစ်ကောင်ဟာ ကိုယ်စဉ် ခြင်္သေ့မ နဲ့ သားသမီး အကောင်ပေါက်များ ရှိကြပါတယ်။ ဒါပေမယ့် သူတို့ဟာ ပြီးခဲ့တဲ့ တစ်ပတ်ကစလို့ ကိုယ်စီ အကျင့် စရိုက်များ ပြောင်းလဲသွားပြီး အမ ခြင်္သေ့တွေကို ဂရုမစိုက်တော့ပဲ သူတို့ပါ သူတို့ ပျော်ရွှင်နေတာကို မြင်တွေ့ရ ပါတယ်။
ဆေးပညာ လေ့လာသူများရဲ့ ပြောဆိုချက်အရ သက်ရှိ မျိုးနွယ်ပေါင်း ၁၈၀၀ လောက်မှာ Homosexual လို့ခေါ်တဲ့ လိင်တူ စိတ်ဝင်စားမှု ဟိုမုန်း ရှိနိုင်ကြောင်း ဆိုပါတယ်။ ဒါကြောင့်မို့ လူသားတွေတင်မှာ မကပဲ တိရစ္ဆာန်တွေပါ လိင်တူ ချစ်ကြိုက်တာဟာ ရှားပါးပေမယ့် ယခုလို တစ်ခါတစ်ရံ မြင်တွေ့ရကြောင်း ဆိုပါတယ်။
Ref : dailymail

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဘယ်ဘက်မျက်စိ ယနေ့ခွဲစိတ်မည်

  

နေပြည်တော်.ဥတ္တရသီရိမြို့နယ်.မျက်စိ.နား.နှာခေါင်း.လည်ချောင်အထူးကုဆေးရုံသို့. နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်.ဘယ်ဘက်မျက်စိ.ခွဲစိတ်မှုခံယူရန်အတွက်.၁၆ရက်ဧပြီ.နံက်.၀၉းဝဝနာရီအချိန်ရောက်ပါသည်..ဦးဝင်းထိန်လည်းမျက်စိခွဲစိတ်မှုခံယူမည်ဖြစ်ပါသည်။ နေပြည်တော်ကောင်စီဥက္ကဌဒေါက်တာမျိုးအောင်..နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူးချုပ်.ဦးဝင်းနိုင်ဦးအပါအဝင်တာဝန်ရှိသူများစောင့်ရှောက်မှုပေးရန်ရောက်ရှိနေကြပါသည်။

ယနေ့မျက်လုံးခွဲစိတ်မှုတွင်.ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ NLD .အတွင်းရေးမှုအဖွဲ့ဝင်.ဦးဝင်းထိန်၏မျက်လုံးခွဲစိတ်မှုပြုလုပ်မည်ဖြစ်ကြောင်းသိရပါသည်။

ထွန်း(နေပြည်တော်)

ပုံစာ-ဆေးရုံသို့ရောက်ရှိလာသောဒေါ်အောင်ဆန်းစုကြည်၏ယာဉ်တန်း

သမ္မတ ဦးထင်ကျော် နှစ်သစ်ကူးနှုတ်ခွန်းဆက် စကား ပြောမည်

  

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ပြောကြားမည့် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားကို ဧပြီ ၁၇ ရက် (မြန်မာနှစ် သစ်ကူးနေ့)နံနက် ၇ နာရီ၊ မွန်းတည့် ၁၂ နာရီ၊ ညနေ ၃ နာရီနှင့် ည ၈ နာရီ သတင်း အပြီးတို့တွင် MRTV News Channel နှင့် မြန်မာ့ အသံ ရေဒီယို အစီအစဉ်တို့မှ ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လားရှိုးတွင် အများပြည်သူများ အပန်းဖြေ အနားယူသည့် ရေအေးချောင်းအနီးမှ လောင်းကစားဝိုင်းများ ဖမ်းဆီးရမိ

သင်္ကြန်ကာလအတွင်း မှုခင်းကျဆင်းရေးအတွက် လားရှိုးမြို့နယ်တွင် အလေးထား ဆောင်ရွက်လျက် ရှိရာ ဧပြီလ ၁၄ ရက်နေ့၊ နေ့လယ်ပိုင်း (၁၁) နာရီကျော် အချိန်ခန့်က လားရှိုးမြို့နယ်၊ ဟူးမွန်ကျေးရွာအုပ်စု၊ ဟတ်ကာကျေးရွာ အနီးရှိ အများပြည်သူများ သင်္ကြန်တွင်း အပန်းဖြေနေသော ရေအေးချောင်း အနီးတွင် လောင်းကစား ၆ ကောင်ခုံဝိုင်းများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ခြောက်ကောင် လောင်းကစားရာတွင် အသုံးပြုသည့် သံကိုင်းတပ် အံစာတုံးဆွဲသည့် အဖုံးပါ အပြာရောင် သစ်သားဆွဲခုံများ၊ ဆင်၊ ကျား၊ ကြက်၊ ပုဇွန်၊ လိပ်၊ ငါးရုပ်ပုံများ ပါသည့် ပန်းချီကားချပ်များ၊ အံစာတုံးများ၊ လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် အခြား ဆက်စပ်ပစ္စည်းများ၊ လောင်းကစားငွေများနှင့် အတူ လောင်းကစားဒိုင် ပြုလုပ်သူ ဇော်မင်းဟိန်း (၂၆)နှစ်အား ဖမ်းဆီးရမိခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သွားသည့် အခြား လောင်းကစားဒိုင် ပြုလုပ်သူများ/လောင်းကစားသူများ(စုံစမ်းဆဲ) တို့အား ဥပဒေအရ အရေးယူနိုင်ရန် အမှုဖွင့်လှစ် ထားရှိပြီး စစ်ဆေးလျက်ရှိကြောင်း ပြည်နယ် ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အလားတူ သင်္ကြန်ကာလအတွင်း ရေပက်ကစားသူများ အေးချမ်းပျော်ရွှင်စွာ ရေပက်ကစားနိုင်ရေးအတွက် ပြည်နယ် ဒုတိယ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုး ကိုယ်တိုင် ဦးစီးဦးဆောင်ပြုကာ နယ်မြေလုံခြုံရေး၊ ရေကစားသူများ ဘေးအန္တရာယ် ကင်းရှင်းရေးတို့အတွက် လှည့်ကင်းများ အချိန်ပြည့် ဆောင်ရွက်လျက် ရှိနေပြီး ရေကစားသူများ အန္တရာယ် မဖြစ်စေရေးအတွက် တုတ်၊ ဓါး၊ လက်နက် ယူဆောင်လာမှုများ မရှိစေရေး စစ်ဆေးဆောင်ရွက်လျက် ရှိနေကြောင်း သိရသည်။
Writer:
ထွန်းနေလှိုင် (နောင်ပိန်)

ရဲတပ်ဖွဲ့ဝင်တစ်ဦး ပြည်လမ်းရှိ မဏ္ဍပ်များရှေ့ ယာဉ်ကြောရှင်းလင်းဆောင်ရွက်နေစဉ် ခြေထောက်အား ကားတက်ကြိတ်မှုကြောင့် အရိုးအက်ဒဏ်ရာရ

TIME 100 အကြို လူထု စစ်တမ်းထဲ ဒေါ်အောင်ဆန်းစုကြည် တတိယနေရာ စွဲ

 

အခု နှစ် မှာတော့ အမေရိကန် ဒီမိုကရက် ပါတီကို ကိုယ်စားပြုပြီး သမ္မတ လောင်းဖြစ်ဖို့ ကြိုးစား နေတဲ့ ဘာနီ ဆဲန်ဒါးစ် က နံပါတ်တစ် နေရာ ယူ ခဲ့ ပါတယ်။

အမေရိကန် အခြေစိုက် TIME မဂ္ဂဇင်းကနေ နှစ်စဉ် TIME 100 ဆိုပြီး နယ်ပယ် အသီးသီး က ဩဇာညောင်း လွှမ်းမိုး နိုင်သူ အယောက် ၁၀၀ စာရင်း ကို အယ်ဒီတာ အဖွဲ့က တရားဝင် မထုတ်ပြန်ခင် ပြုလုပ် မြဲ ဖြစ်တဲ့ စာဖတ်သူတွေ အကြိုက် ရွေးချယ် ကြတဲ့ စာရင်း ထဲ ဒေါ်အောင်ဆန်းစုကြည် က နံပါတ် ၃ နေရာ ချိတ် ပါတယ်။

၂၀၁၁ တုန်းကတော့ လူအများရဲ့ ရွေးချယ် မှု မှာ ဒေါ်အောင်ဆန်းစုကြည် က နံပါတ်တစ် နေရာ ရခဲ့ ပေမယ့် အခု နှစ် မှာတော့ အမေရိကန် ဒီမိုကရက် ပါတီကို ကိုယ်စားပြုပြီး သမ္မတ လောင်းဖြစ်ဖို့ ကြိုးစား နေတဲ့ ဘာနီ ဆဲန်ဒါးစ် က နံပါတ်တစ် နေရာ ယူ ခဲ့ ပါတယ်။

နယ်ပယ် အသီးသီး က သူတွေ ကို အများ က စိတ်ကြိုက် ရွေးကြတဲ့ ပွဲ ဖြစ်လို့ ခေတ်ရေစီး အလိုက် သန်ရာ သန်ရာ မဲ ပေး ကြတာ ကနေ အခုလို နံပါတ် ၃ နေရာ ရ နိုင်အောင် သန်း နဲ့ချီ တဲ့ လူတွေ ဆီက မဲ ရခဲ့တာ ဖြစ်တယ်လို့ မဲပေးဖို့ ဆော်ဩ ခဲ့သူ လည်း ဖြစ်တဲ့ ဂျပန် နိုင်ငံ အခြေစိုက် ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံသူ တစ်ဦး က ဘီဘီစီ ကို ပြောပါတယ်။

အခုလို အများက မဲ ပေး ရွေးတဲ့ စာရင်း မှာ မစ္စတာ ဆဲန်ဒါးစ် ရဲ့ နောက် ဒီနှစ် အတွက် ဒုတိယ နေရာ မှာ ရှိနေတာ ကတော့ တောင်ကိုရီးယား က ခေတ်ပေါ် ဂီတဝိုင်း ကေပေါ့ပ် အဖွဲ့ တစ်ခု ဖြစ်တဲ့ Big Bang ပဲ ဖြစ်ပါတယ်။

TIME 100 စာရင်း ကတော့ မဂ္ဂဇင်း အယ်ဒီတာ အဖွဲ့ရဲ့ သီးသန့် ရွေးချယ်မှု ဖြစ်ပြီး၊ ဘယ်သူတွေ ပါဝင် သင့် သလဲ ဆိုတာ ကို ယခင် အယောက် ၁၀၀ စာရင်းဝင် တွေ နဲ့ နိုင်ငံတကာက တိုင်းမဂ္ဂဇင်း ကလောင်ရှင် တွေက အကြံ ပြုကြတာ ဖြစ်ပါတယ်။

BBC Burmese

ရန်ကုန်သင်္ကြန် ထိခိုက်မှု များကြောင့် ၄ ဦးသေဆုံး၊ ၅ဝဝ နီးပါး ဒဏ်ရာရ

 

ရန်ကုန်ဆေးရုံကြီးကို တွေ့ရစဉ်။ Photo: Zarni Htun/RFA

ဒီနှစ်သင်္ကြန်အကြိုနေ့ကနေ ပထမအကြတ်နေ့အထိ ရန်ကုန်ဆေးရုံကြီးကို ထိခိုက်ဒဏ်ရာတွေကြောင့် ရောက်ရှိ လာတဲ့ လူနာပေါင်း ၅ဝဝ နီးပါးလောက်ရှိတယ်လို့ ရန်ကုန်ဆေးရုံအုပ်ကြီးက ပြောပါတယ်။

ရောက်ရှိလာတဲ့ လူနာအများစုဟာ ယာဉ်မတော်တဆမှုတွေနဲ့ ထိခိုက်ဒဏ်ရာရရှိတာတွေက အများဆုံးဖြစ်တယ်လို့ ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကို က ပြောပါတယ်။
Continue reading ရန်ကုန်သင်္ကြန် ထိခိုက်မှု များကြောင့် ၄ ဦးသေဆုံး၊ ၅ဝဝ နီးပါး ဒဏ်ရာရ

မယားငယ်နှင့် ရန်ဖြစ်ပြီး ဆွဲကြိုးချ သေဆုံး

ဘားအံ ဧပြီ ၁၄

၁၄-၄- ၂၀၁၆ရက်နေ့ ညနေ(၆)နာရီ၊ မိနစ်(၃၀)အချိန် ကရင်ပြည်နယ် ဘားအံမြို့နယ်၊ ကော့မုတာကျေးရွာမှာ အမျိုးသားတဦီး  မယားငယ်နှင့် ရန်ဖြစ်ပြီး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါတယ်။

အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်း  ကော့မုတာကျေးရွာ အုပ်ချုပ်ရေးမှူးက ဖုန်းဆက် အကြောင်းကြား တာကြောင့် အခင်းဖြစ်နေရာကို ထုံးအိုင်နယ်မြေ ရဲစခန်းမှူး ရဲအုပ်ညီညီမိုးနှင့်အဖွဲ့ မှ သွားရောက် စစ်ဆေးရာ ကော့မလောက်ရွာရှိ နော်ပေါင်စိန် ရာဘာခြံအတွင်းမှာ ဘန်ပွေးသစ်ပင်အမြင့် (၈)ပေ(၆) လက်မ ခန့်  ကြိုးအရှည်(၄)ပေ(ခွဲ)(ကြိုးအစိမ်းရောင်) (လုံးပတ်တစ်လက်မခန့်)ရှိ ဒူးထောက် ထိုင်လျှက် ကြိုးဆွဲချသေဆုံး နေသော ကော့ထမလိန်းလေးရွာနေဦးနာဖု၊ အသက်၅၅နှစ်(ဘ)ဦးဖာထွီး၊ ကျဘမ်းလုပ်ကိုင်သူဖြစ်ကြောင်း စစ်ဆေးတွေရှိခဲ့သည်။

ဖြစ်စဉ်အားစုံစမ်းရာ ဦးနာဖုမှာ မယားငယ်ဖြစ်သူ ဒေါ်မုတောကြည်နှင့်စကားများ ရန်ဖြစ်ပြီး နေအိမ်မှထွက်သွားခဲ့ရာမှ ဆွဲကြိုးချသေဆုံးခဲ့ခြင်း ဖြစ်ပါတယ်။

အဆိုပါ အလောင်းအား ကော့မလောက်ရွာနေ ဆိတ်ကျောင်းသား ဝင်းနိုင်မှ စတင်တွေ့ရှိ၍ အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားချက်အရ သိရှိရခြင်းဖြစ်ပြီး အလောင်းတွင်ပြင်ပဒဏ်ရာ တစုံတစ်ရာမတွေ့ရှိဘဲ၊ ကျားအင်္ဂါမှ သုတ်ရည်ထွက်၊ လျှာထွက်၊ လက်သဲပြာစသည့် လက္ခဏာများဖြင့် သေဆုံးကြောင်း စစ်ဆေးသိရှိရသဖြင့် အသေးစိတ် ထပ်မံစစ်ဆေးနိုင်ရန် ဘားအံဆေးရုံသို့ ရဲဆေးစာဖြင့် ပို့ဆောင်ထားရှိခဲ့ပြီး ဖြစ်စဉ်အပေါ်ရဲအုပ်ညီညီမိုးမှ ဦးနာဖုသေဆုံးခြင်းမှာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် ဆက်လက်စစ်ဆေးနိုင်ရန်ထုံးအိုင်နယ်မြေ ရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၃/၂၀၁၆)ဖြင့် ရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း (ဘားအံသတင်း Facebook )မှာ ဖော်ပြထားချက်အရ သိရပါတယ်။