ဒေါ်အောင်ဆန်းစုကြည် ရုံးတက်ကာ အရေးကြီးကိစ္စရပ်များဆောင်ရွက်

 နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မဟာသင်္ကြန် အကြတ်နေ့ဖြစ်သော ယနေ့(ဧပြီ ၁၄ ရက်) မွန်းလွဲ ၂ နာရီ ၄၅ မိနစ်မှ ညနေ ၆ နာရီ ၁၀ မိနစ်အထိ ရုံးတက်ကာ အရေးကြီးကိစ္စရပ်များဆောင်ရွက်ခဲ့ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ညာဘက်မျက်လုံးခွဲစိတ်ထားမှုအခြေအနေမှာ ကောင်းမွန်ပြီး အလင်းရောင်အနည်းငယ်စူးရှသည်မှအပ စာများ ကောင်းမွန်စွာဖတ်ရှုနိုင်ကြောင်းကိုလည်း ယင်းထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ဓာတ်ပုံ – နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး

တန်ခူး

အော် တန်ခူး တန်ခူး အတော်မြူးမဝတဲ့ လတန်ခူး နှစ်သစ်ကိုကူး

ခေတ်သစ် ထူးဖို့ အတော် အရေးမလှတဲ့ နွေတန်ခူး

အတာရေဖြန်း သဒ္ဓါဝေလှမ်းတဲ့ မောင့်မေဦး

နှစ်သစ်ရောက်မှ ခေတ်စနစ် ဟြေက် ဇစ်မြစ်ကိုဖောက်

ဆန်းသစ်မရောက်အောင် စောင့်ထိန်းကြကွဲ့ ခင်ပျိုဦး မျိုး

ဖြောက်ဖျက် အကျိုး မရောက်တဲ့ ဒီသင်္ကြန်မြူး လူညွှန့် ခူးလို့ လည်ဖို့ မထူးကွဲ့

ဒီနှစ်ကူး ခိုး ခိုက်ခိုက် မိုး မိုက်မိုက် ကြိုး ကြိုက်ကြိုက် ရိုး ရိုက်ရိုက်ပါ ဖိုး ဖိုက်ဖိုက် တိုး တိုက်တိုက် လို လိုက်လိုက် ဆို ဆိုက်ဆိုက်ကာ ငို ငိုက်ငိုက် ရော် ရမ်းရမ်း ဖော် ဖွဲဖွဲ တော် တွဲတွဲ နေ မော် မွဲမွဲ လို့

ယင်း ယားယား ဖျင်း ဖျားဖျား တွင်း တွားတွား မှ ဒု ဒုက္ခ ပုပ်ထုပ်မရမှ လုပ် လုပ်ဟ လို့မအော်နဲ

့ စုတ်စုတ်ပဲ့တဲ့ ဒင်းလိုလူ ဟဟားဟားလို့ ရယ် ဒင်းလိုလူ

ဟြေဖို့မတန်ဖူး သွား သွားစို့ကွယ်

ထာဝရအိမ်

ဒီပကျော်(နည်းပညာ)

ဒီပကျော် (နည်းပညာ)မှ စာပေ အနုပညာ မြတ်နိုးသူများ၊ မြန်မာ့အရေးနှင့် နိုင်ငံတကာအရေး စိတ်ဝင်စားသူများ၊ ကျန်းမာရေး လိုက်စားသူများ၊ အလုပ်အကိုင် အခွင့်အလမ်းများကို ရှာဖွေနေသူများ၊ ဖက်ရှင်နှင့် အလှဒီဇိုင်း ဖန်တီးသူများ၊ အိုင်တီ ပညာရှင်များ အားလုံးအတွက် အသုံးဝင်ပြီး အကျိုးရှိစေမည့် လတ်တလော သတင်းများကို သုတ ရသ ကဏ္ဍ စုံလင်စွာဖြင့် ထည့်သွင်းပေးထားပါသည်။
ဆောင်းပါများပေးပို့လိုပါလျှင် contact@dpakyaw.com  (သို့) fb မှတစ်ဆင့် ပေးပို့လိုပါလျှင် Myanmar Media Group သို့ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

ခြေလှမ်းများ ( နိုင်နိုင်းစနေ)

 
ဒီခြေလှမ်းပဲ
အမှန်တရားဆီ ရွေ့လျားနေတယ်
ဒီခြေလှမ်းပဲ
ချောက်နက်ဆီ တွန်းပို့နေတယ်။

ဒီခြေလှမ်းပဲ
ဆင်းရဲတွင်းက ရုန်းထွက်နေတယ်
ဒီခြေလှမ်းပဲ
နွံနစ်အောင် ဆွဲခေါ်နေတယ်။

ဒီခြေလှမ်းပဲ
အရှေ့နေထွက်ရာဖက် ချီတက်နေကြတယ်
ဒီခြေလှမ်းပဲ
အနောက် နေ၀င်ရာဖက် ဦးတည်ချင်ကြတယ်။

ဒီခြေလှမ်းပဲ
ကုဋေတစ်သန်း အဖိုးတန်တယ်
ဒီခြေလှမ်းပဲ
တစ်ကွက် အရွေ့မှားရင် အစားခံရတယ်

ရှေ့နဲ့နောက် လွန်ဆွဲနေတဲ့ ဒီခြေလှမ်းတွေမှာ
ချွေးတွေရှိတယ်၊ သွေးတွေရှိတယ်
ရည်ရွယ်ချက်ရှိတယ်၊ ပန်းတိုင်ရှိတယ်
မြတ်နိုးခြင်းရှိတယ်၊ စွန့်လွတ် သီးခံခြင်းတွေရှိတယ်
လောဘရှိတယ်၊ အတ္တရှိတယ်
ဒေါသရှိတယ်၊ ရန်ညှိုးရှိတယ်
ဆာလောင်မှုတွေရှိတယ်။

ဆူးညှောင့် အတားအဆီးတွေကြောင့်
အကြိမ်ကြိမ် ခလုတ်တိုက် လဲပြိုခဲ့လည်း
ဒီခြေလှမ်းတွေမှာ အားမာန်ရှိတယ်
ပန်းတိုင်ကို မရောက်မချင်း

ကျောက်ဖြူခရိုင်၊ စနဲမြို့နယ်အတွင်း ဆိုင်ကယ်ချင်း တိုက်မိရာမှ လူငယ် ၂ ဦး သေဆုံးမှုဖြစ်ပွား

ဓာတ်ပုံ – ခိုင်ဥာဏ်လင်း

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ စနဲမြို့နယ်အတွင်း ဆိုင်ကယ်ချင်း တိုက်မိရာမှ လူငယ် ၂ ဦး သေဆုံးမှုဖြစ်ပွား ခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ၀ါးနတ်ချွိန် ကျေးရွာမှ မင်းနိုင်နှင့် မောင်ထွီးဖြူတို့နှင့် ကျေးရွာမှ ဇော်မျိုးအောင်၊ လှရွှေတင်တို့ စီးလာသော ဆိုင်ကယ်နှင့် ဧပြီလ ၁၃ ရက်နေ့ နေ့လည် ၂ နာရီခန့်က ရမျက်အုပ်စုနှင့်၊ မင်းပြင် အုပ်စုကြား၊  ဘောရာဘာရွာ အနီးတွင် မျက်နှာချင်းဆိုင် တိုက်မိရာမှ ၄ ယောက်စလုံး ဒဏ်ရာရှိခဲ့ခြင်းဖြစ်ပြီး မင်းနိုင် ၊ အသက် ၂၈ နှစ်ခန့်မှာ စနဲဆေးရုံတွင် သေဆုံးသွားခဲ့ပြီး ဇော်မျိုးအောင်အား ကျောက်ဖြူဆေးရုံသို့  ပို့ဆောင်သော်လည်း လမ်းတွင် သေဆုံးသွားသဖြင့် စနဲဆေးရုံသို့ ပြန်လည်ယူဆောင်

Continue reading ကျောက်ဖြူခရိုင်၊ စနဲမြို့နယ်အတွင်း ဆိုင်ကယ်ချင်း တိုက်မိရာမှ လူငယ် ၂ ဦး သေဆုံးမှုဖြစ်ပွား

အိမ်ရှင်မ ရဲ့ တစ္ဆေ

—————————————
ရွှေတောင်ကြားလမ်း ဗဟန်းမြို့နယ် ၊ ရန်ကုန် Dec 31st, 2010 3:05 AM ရွှေတောင်ကြားလမ်း ဗဟန်းမြို့နယ် ၊ ရန်ကုန် ဆောင်းည၏ အအေးဓါတ်နှင့်အပြိုင် အမှောင်ထုက အခန်းငယ်လေးအား တိတ်ဆိတ်စွာ ကြီးစိုးနေခဲ့သည်။ ထိုညက သူသေဆုံးသွားခဲ့လေသည်။ ။
____________________
ရွှေတောင်ကြားလမ်း ဗဟန်းမြို့နယ် ၊ ရန်ကုန်
Dec 30th, 2010 11:06 PM
ရွှေတောင်ကြားလမ်း ဗဟန်းမြို့နယ် ၊ ရန်ကုန် ရန်ကုန် ၏ ဆောင်းတွင်းက ယ္ခင်နှစ်များထက် ထူးကဲစွာ တစ်စိမ့်စိမ့်အေးစက်လွန်းနေသော်လဲ မွန်းကျပ်နေသည့် အခန်းငယ်ထဲတွင် သူကတော့ ထုံးစံအတိုင်း ခေါက်ရိုးကျိုးနေသော ရင်ခုန်သံကို ပြန်လည်ကြားယောင်နေရင်း ည ၏ အမှောင်ထုထဲ ငြိမ်သက်စွာ ချွေးစေးများပြန်နေခဲ့သည်။ စိတ်ကို အပြင်းအထန်တင်းထားရလွန်းမှန်း သိသာစွာ မျက်နှာပေါ်မှ တဆတ်ဆတ်လှုပ်ခါထောင်ထနေသည့် မေးကြောများ ၊ နဖူးကြောများ ၊ တင်းနေအောင် ကိုက်ထားသော နှုတ်ခမ်းများ ဖြင့် စာရေးစားပွဲပေါ်က LED Screen ကို မျက်အိမ်များ ကျဉ်းမြောင်းသွားသည်ထိ သူ မလှုပ်မယှက် စိုက်ကြည့်နေမိသည်။

PNG လေယာဉ်ပျက်ကျမှုမှာ ၁၂ ဦးသေ

             အခု ပျက်ကျသွားတဲ့ လေယာဉ်နဲ့ ဆင်တူတဲ့ လေယာဉ် အမျိုးအစား (Credit: ABC licensed)

ပါပူဝါ နယူးဂီနီနိုင်ငံ အလယ်ပိုင်းမှာ ဆင်းသက်ဖို့ ကြိုးစားတဲ့ လေယာဉ်ငယ် တစ်စီး မတော်တဆမှု ဖြစ်ရာကနေ လူ ၁၂ ဦး သေဆုံးခဲ့ရပါတယ်။

သြစတြေးလျ နိုင်ငံသား လေယာဉ်မှူး မောင်းနှင်တဲ့ လေယာဉ်ဟာ Kiunga လေဆိပ်နဲ့ မနီးမဝေးမှာ ပျက်ကျသွားတာ ဖြစ်ပါတယ်။

မနေ့တုန်းက ဖြစ်ခဲ့တဲ့ မတော်တဆမှုအတွင်း လေယာဉ်မှူးအပါအဝင် အားလုံး သေဆုံးရတာ ဖြစ်ပါတယ်။

လေယာဉ် စက်အင်္ဂျင်ချို့ယွင်းမှုကြောင့် ပျက်ကျရတာလို့လည်း ပြောဆိုနေကြပါတယ်။

သြစတြေးလျ နိုင်ငံခြားရေး ဌာနကလည်း လေယာဉ် မောင်းသမားဟာ သြစတြေးလျ နိုင်ငံသား ဖြစ်ပြီး သေဆုံးတဲ့အထဲမှာ ပါဝင်တယ်လို့ အတည်ပြု ပြောဆိုခဲ့ပါတယ်။

ခရီးသည်တွေကတော့ ပါပူဝါ နယူးဂီနီနိုင်ငံသားတွေပဲလား တခြားနိုင်ငံသားတွေ ပါသေးလား ဆိုတာ မသိရသေးပါဘူး။

ABC Radio Australia

ယောက်ျားတွေဆီကနေ မိန်းမတွေ သင်ယူရမယ့် အချက်များ

ယောက်ျားနဲ့ မိန်းမဆိုတာ ဒင်္ဂါးပြားရဲ့ မျက်နှာနှစ်ဖက်လို အကောင်းဆုံး တွဲဖက်တွေ ဖြစ်ပါတယ်။ ဆန့်ကျင်ဘက် လိင်နှစ်မျိုး ဆိုတာကြောင့် အရာရာမှာ မတူညီတာ များပါတယ်။ ဒါပေမဲ့ တစ်ယောက်ဆီကနေ တစ်ယောက်သင်ယူနိုင်မယ့် အရာတွေရှိပါတယ်။ ဒီလို အပြန်အလှန်သင်ယူနိုင်မယ်ဆိုရင် ဘဝတစ်ခု ဖြတ်သန်းဖို့အတွက် အဖိုးတန်တဲ့ သင်ခန်းစာတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။
၁။ယောက်ျားတွေရဲ့ အရာရာတိုင်းကို ယုတ္တိဗေဒနည်းအရဆုံးဖြတ်လုပ်ကိုင်တတ်တာကို အတုယူဖို့ လိုပါတယ်။ မိန်းကလေး အများစုက အလိုလိုသိစိတ်ကိုပဲ ယုံပြီး ကိုယ့်စိတ်အထင်နဲ့ ဆုံးဖြတ်တတ်ကြတာ များတာကြောင့် အမှားကြုံတာ များပါတယ်။
၂။စိတ်ခံစားချက်ကို ဦးစားမပေးတတ်တဲ့ ယောက်ျားတွေရဲ့ စရိုက်က လက်တွေ့ကျပြီး ကြောင်းကျိုးဆင်ခြင်နိုင်စွမ်းများစေပါတယ်။ ဦးနှောက်ရှေ့မှာ နှလုံးသားက အရင်ရောက်နေတတ်တဲ့ မိန်းကလေးတွေ အတွက် တခါတရံ အကြီးဆုံး အမှားတွေ ကျူးလွန်မိတတ်တာ သဘာဝပဲ ဖြစ်ပါတယ်။
၃။အသေးအဖွဲလေးတွေတိုင်းအတွက်လည်း သောကမများတတ်သူ ယောက်ျားလေးတွေရဲ့ ဘဝက ပိုပြီး နေပျော်တဲ့ ဘဝမျိုးဖြစ်ပါတယ်။ မနက်စာစားတာမေ့တဲ့ ကိစ္စလောက်ကို ကိစ္စကြီးတစ်ခုလို ဖြစ်ပြီး အကြိမ်ကြိမ် မှာနေတတ်တဲ့ မိန်းကလေးတွေရဲ့ အကျင့်က သေးသေးလေးပေမဲ့ စိတ်ထဲမှာ ဖိအား အမြဲပေးခံနေရသလို ပေါ့ပါးလွတ်လပ်တဲ့ အရသာကို ခံစားရမှာ မဟုတ်ပါဘူး။
၎။လိုအပ်တဲ့ အခါမှ အတင်းပြောတတ်တဲ့ ယောက်ျားတွေကို မိန်းကလေးတွေ အတုယူဖို့ လိုပါတယ်။မိန်းကလေးတွေက သမိုင်းမတင်မီခေတ်ကတည်းက အတင်းပြောတတ်တဲ့ သတ္တဝါတွေဖြစ်ပါတယ်။အတင်းလုံးဝ မပြောရဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။နှစ်ဦး နှစ်ဖက် မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်တတ်တဲ့အတွက် အတင်းပြောတာကို ယောက်ျားလေးတွေလို လျှော့ပြီး ပြောတာ အကောင်းဆုံး ဖြစ်ပါတယ်။
၅။မြှောက်ပင့်ပြောတဲ့သဘောကို မကြိုက်ဘဲ အစစ်အမှန်ကိုပဲ အလေးထားတဲ့ ယောက်ျားလေးတွေက အမှန်ကို ဖုံးကွယ်ပြီး နားဝင်ချိုအောင် ပြောတတ်တဲ့ စကားတွေကိုပဲ သာယာတတ်တဲ့ မိန်းကလေးတွေထက် အလိမ်ခံရတဲ့ အရေအတွက် ပိုနည်းမှာ ဖြစ်ပါတယ်။ဒါကြောင့် ယောက်ျားလေးတွေလိုပဲ အစစ်အမှန်ကို ရင်ဆိုင်နိုင်ဖို့ သင်ယူရမှာ ဖြစ်ပါတယ်။

၂၀၁၆ သင်္ကြန်သံချပ်တွေ အသွင်ပြောင်း

အရပ်သားအစိုးရသစ် တက်လာပြီး ပထမဆုံးအကြိမ် ကျင်းပတဲ့ ရန်ကုန်သင်္ကြန်မှာ သံချပ်အဖွဲ့ ၁၀ ဖွဲ့ထက်မနည်း ဖျော်ဖြေနေကြပေမဲ့ သံချပ်အများစုဟာ ဖိနှပ်ချုပ်ချယ်မှုတွေ ပိုများတဲ့ စစ်အစိုးရ လက်ထက်မှာတုန်းကလို လှောင်ပြောင်သံချပ်ထိုးစရာ အချက်လက်တွေ နည်းလာနေတယ်လို့ သံချပ် လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။
သံချပ်တိုင်တဲ့အဖွဲ့တွေကတော့ ပြုပြင်ဖို့လိုတဲ့ အချက်တွေကို ထောက်ပြစရာတွေကို ဇောင်းပေးပြီး သံချပ်ထိုးကြတယ်လို့ ပြောပါတယ်။ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
မြန်မာ့ရိုးရာအတာသင်္ကြန်ရဲ့ ထုံးစံတွေနဲ့အညီ သံချပ်ယဉ်ကျေးမှုကို အားကောင်းလာအောင် ပြန်လည် လုပ်ဆောင်သွားမယ်လို့ သင်္ကြန်ကာလမတိုင်ခင် ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။ ဒီနှစ် ရန်ကုန်သင်္ကြန်မှာ သံချပ်အဖွဲ့ ၁၀ ဖွဲ့ထက်မနည်း လိုက်လံ ဖျော်ဖြေနေတဲ့အထဲမှာ “သာဓုပါဗျာ”သံချပ်အဖွဲ့က သူတို့ရဲ့ပျက်လုံးတွေနဲ့ ပတ်သက်လို့  ဟာသသရုပ်ဆောင် လူရွှင်တော် မောင်မေတ္တာပြောတာက –
“ဥပမာဗျာ – ပြည်သူ့လွှတ်တော်မှာပါ ဟိုတလောတုန်းက အစည်းအဝေးလုပ်တော့ဗျာ အဲဒီမှာ တောင်းဆိုတာတွေက များတယ်ဗျ။ တောင်းတာက ဘာများသလဲဆိုတော့ –
လွှတ်တော်ကြီးမှာ တင်ပြရတာ ရီချင်စရာ….
ကတ္တရာလမ်းတွေ ပေ ခိုးတောင်းတာ စည်ပင်ပါ….
သြော် ရီရတာ၊ ရီရတာ သင်္ကြန်ကျတော့ အကုန်လိုက်ပြောမှာ….
ဟေ့ အဆဲခံရတော့မယ်ဟေ့။ အဆဲခံရတော့မယ်….
ဟဲဟဲ အဲ့လိုလေးတွေပေါ့။ အဲတော့ ဒီမိုကရေစီအတွက် လူတွေက အသက်ပေးသွားကြတယ်ဗျ။ ကလေးတွေ၊ ကျောင်းသူကျောင်းသားတွေ၊ ရဟန်းရှင်လူပြည်သူတွေ၊ အသက်ပေးသွားကြတယ်။ အဲဒီအသက်ပေးသွားကြတဲ့ ၀ိဥာဉ်တွေက လွှတ်တော်ထဲရောက်တယ်။ လွှတ်တော်ထိုင်ခုံအောက်မှာ ရှိနေတယ်။ တခါတခါ အစိပ်သားတွေ ထထပြီး မတ်တပ်ရပ်တယ်။ အဲဒီဝိဥာဉ်တွေ ထထခြောက်လို့ သူတို့ မတ်တပ် ထထရပ်တာ။ အဲ့လို ရီစရာလေးပေါ့။”
ဒါပေမဲ့လည်း ရန်ကုန်သင်္ကြန်မှာပျက်တဲ့ သံချပ်အဖွဲ့တွေဟာ လှောင်ပြောင်သံချပ်ထိုးစရာ အချက်လက် နည်းလာနေတယ်လို့ သံချပ်တွေ လေ့လာစောင့်ကြည့်နေတဲ့ ကိုသီဟသွေးက ပြောပါတယ်။
“ပြဿနာက ဘာလဲဆိုတော့ဗျာ အစိုးရကအသစ်ဖြစ်လာတဲ့အပေါ်မှာ အရင်လို ဦးသိန်းစိန်အစိုးရတို့၊ စစ်အစိုးရတို့လို သံချပ်ထိုးစရာ ထောက်စရာအကွက်က လောလောဆယ် မရှိကြဘူးဗျ။ အစာပလာနည်းတာပေါ့ဗျာ နော်။ ပစ်မှတ်တွေကလည်း နည်းသွားတယ်။ နည်းသွားတဲ့အခါကျတော့ တားဂတ်က လောလောဆယ် ၂ ခုပဲရှိတယ်။ ကျနော်တွေ့ရတာ အဲဒါ အဓိကကတော့ ငြိမ်းချမ်းရေးကိစ္စရယ်၊ လွှတ်တော်ထဲမှာ တပ်မတော်သား အစိပ်သားကျန်ခဲ့တဲ့ ကိစ္စတွေပေါ့နော် အဲဒီနှစ်ခုကိုပဲ သူတို့တွေ ပယ်ပယ်နယ်နယ် သူတို့မှာ ပြောစရာရှိတာပေါ့။ အရင်လောက်တော့ အများကြီး ပြောစရာမရှိတော့တဲ့ အနေအထားမျိုး သံချပ်ထိုးစရာမရှိတော့တဲ့ အနေအထားမျိုးတွေ ဖြစ်နေတယ်ဗျ။”
NLD အစိုးရနဲ့ပတ်သက်ပြီးလည်း သူတို့အဖွဲ့က ထောက်ပြ သံချပ်ထိုးခဲ့တယ်လို့ လူရွှင်တော် မောင်မေတ္တာ က ပြောပါတယ်။
“အာဏာရတဲ့အစိုးရလို့ပြောရင် သုံးတဲ့အသုံးနှုန်းက မှားနေတယ်ဗျ။ လက်သန်းကိုယ်စီ ညီညီညာညာနဲ့ သက်သေပြခဲ့တဲ့အတွက်ကြောင့်မို့ ပြည်သူတင်မြှောက်ထားတဲ့ ပြည်သူ့ကျေးကျွန်၊ ပြည်သူ့အစိုးရ အဲ ကျနော်တို့သံချပ်မှာဗျာ ဘာပြောသလဲဆိုရင် နိုင်ငံတော်တံဆိပ်ကို အလေးပြုဖို့ပေါ့။ နိုင်ငံတော်တံဆိပ်ရှိတယ်ဗျာ။ မြန်မာနိုင်ငံက အစကတည်းက နိုင်ငံတော်တံဆိပ်ဟာ မပြောင်းလဲဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ မြန်မာနိုင်ငံရဲ့အလံ ပြောင်းနေတာ ၃ ခါရှိပြီ။ ၃ ခုစလုံး နိုင်ငံသူနိုင်ငံသားတွေ အလေးပြုခဲ့သလို၊ နိုင်ငံတော်တံဆိပ်ကို နိုင်ငံအကြီးအကဲများကလည်း အလေးပြုပေးပါဆိုတဲ့အကြောင်း ပြောချင်တယ်ဗျာ ဒါပဲ။”
သံချပ်အဖွဲ့တွေကို လူတွေ စိတ်ဝင်စားမှုရှိပေမဲ့ ဟိုအရင် အနှစ် ၃၀ ကျော်က သံချပ်ခေတ်ကိုတော့ မမီနိုင်သေးဘူးလို့ ကိုသီဟသွေးက မြင်ပါတယ်။
“သံချပ်အဖွဲ့တွေဟာ နားထောင်ကြပါတယ်။ ဒါပေမဲ့ ကျနော်တို့ ဟိုတုန်းကလိုမျိုး မဆလခေတ်တခေတ်လုံး အစဉ်အလာရှိခဲ့တဲ့ သံချပ်တွေ အဲဒီလို ကာလကိုတော့ မမီသေးဘူးဗျ။ ဒါပေမဲ့ အခုကျတော့လည်း သူတို့တွေ လှည့်ပြီးတော့ ဖျော်ဖြေကြတဲ့အခါ လူတွေရဲ့ စိတ်ဝင်စားမှုတွေ အထိုက်အလျောက်တော့ ရှိပါတယ်။”
အရင်နှစ်တွေထက် လုံခြုံရေးရော စည်းကမ်းပါ တင်းကျပ်ထားတဲ့ ဒီနှစ် အတာသင်္ကြန်အတွက် “သာဓုပါဗျာ” သံချပ်အဖွဲ့က နှစ်သစ် ဆုမွန် တောင်းလိုက်တယ်လို့ မောင်မေတ္တာ က ဆိုပါတယ်။
“မြန်မာနိုင်ငံလုံးသာမက တကမ္ဘာလုံး ပစ်ခတ်မှုတွေ ငြိမ်းချမ်းပါစေ။ မနာလိုမှုတွေ ကင်းဝေးကြပါစေ။ စုစုစည်းစည်းနဲ့ ကမ္ဘာကြီးကိုလှအောင် ဆောင်ရွက်နိုင်သော ကမ္ဘာသူကမ္ဘာသားများ ဖြစ်သလို မြန်မာနိုင်ငံကို လှအောင် မြန်မာနိုင်ငံကို ကမ္ဘာ့အလယ်မှာ ထည်ဝါအောင် ဆောင်ရွက်နိုင်သော ပုဂ္ဂိုလ်အကြီးအကဲများ စုပေါင်းမိကြပါစေ။ ညီညွတ်ကြပါစေ။ အရောင်မခွဲဘဲ လူတစုတည်း ဆိုတဲ့စိတ်ထက် မြန်မာတ၀ှမ်းလုံး စိတ်ကို ဆောက်တည်ပြီး တိုင်းပြည်ကောင်းကျိုး ပြုနိုင်ကြပါစေလို့ ဆုတောင်းချင်ပါတယ်ဗျာ။”
ဒီနှစ်သင်္ကြန်မှာ တကသ ကျောင်းသားအဖွဲ့ကလည်း ခွပ်ဒေါင်းမျိုးဆက်ဆိုတဲ့ နာမည်နဲ့ သံချပ်အဖွဲ့တဖွဲ့လည်း လိုက်လံဖျော်ဖြေနေပြီး အစိုးရကို သရော်တဲ့ သံချပ်တွေ ထိုးကြတယ်လို့ သိရပါတယ်။
voa burmese

Latest News For You