Category Archives: ဆောင်းပါးများ

အိုးမဲ့အိမ်မဲ့ဖြစ်ဖူးတဲ့ ကျိကျိတက်ချမ်းသာတဲ့ ဆယ်လီများ

ဆယ်လီအများအပြားဟာ အရမ်းဆင်းရဲတဲ့ ဘဝကနေ လာခဲ့တာပါ။ အိမ်သေးသေးလေးထဲမှာ အပူပေးစနစ်မရှိ၊ စားစရာမရှိတဲ့ ဘဝမျိုးမှာ နေခဲ့ရတဲ့ ဆယ်လီတွေ ရှိပါတယ်။ တချို့ဆိုရင် နေစရာတောင် မရှိခဲ့ကြပါဘူး။ အဲဒီဘဝကနေ ကမ္ဘာကျော်ဆယ်လီတွေ ဖြစ်တဲ့အထိ ကြိုးစားခဲ့သူတွေပါ။

၁။ အာနိုး

  
အာနိုးကို ကလေးကအစ သိပါတယ်။ အခုဆိုရင် သူက သန်းကြွယ်သူဌေးကြီးဖြစ်နေပါပြီ။ အာနိုးဟာ ရုပ်ရှင်တွေ၊ ကာယဗလမောင်ပြိုင်ပွဲတွေ အများကြီး ပြုလုပ်ခဲ့သူဖြစ်တဲ့အပြင် ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးလည်း ဖြစ်ခဲ့ဖူးသူပါ။ ဒါပေမဲ့ သူဘဝက အရာအားလုံး ပန်းခင်းလမ်းဖြစ်ခဲ့တာ မဟုတ်ပါဘူး။ အာနိုးဟာ သြစတြီးယားမှာ မွေးဖွားခဲ့ပြီး ဘဝတိုးတက်ဖို့အတွက် အမေရိကကို ပြောင်းလာခဲ့ပါတယ်။ သူ အမေရိကကို ရောက်ချိန်မှာ နာမည်တစ်လုံးကလွဲလို့ ဘာမှ ပါမလာခဲ့ပါဘူး။ ဒါပေမဲ့ ကံလေးနည်းနည်းကောင်းလာချိန်မှာ ပန်းရံအလုပ်လုပ်ကိုင်ရင်း ဝင်ငွေနည်းနည်းရလာပြီး ကာယဗလမောင် ပြိုင်ပွဲတွေ ဝင်ပြိုင်လို့ အနိုင်ရလာရာကနေ သရုပ်ဆောင်လောကထဲ ဝင်ရောက်လာသူပါ။ ကြွက်သေတစ်ကောင် အရင်းပြုရင်း ချမ်းသာတယ်ဆိုတာ အာနိုးရဲ့ ဘဝလိုမျိုးပါပဲ။
၂။ ဟီလာရီဆွန်း

  
ဟောလိဝုဒ် အကယ်ဒမီဆုရှင် ဟီလာရီဆွန်း အသက် ၁၆ နှစ်အရွယ်မှာ အယ်လ်အေမှာ သူမရဲ့မိခင်နဲ့အတူ ကားထဲမှာ နေခဲ့တာပါ။ အဲဒီမတိုင်ခင်ကလည်း ဝါရှင်တန်မှာ သူမနဲ့ သူမမိသားစုဟာ နောက်တွဲယာဉ်ရပ်နားစခန်းမှာ နှစ်ပေါင်းများစွာ နေခဲ့ဖူးပါတယ်။ လှပပြီး ပါရမီရှိတဲ့ မင်းသမီးဟာ ကံကောင်းလာတဲ့တစ်ချက် အခွင့်အရေးကို ဆုပ်ကိုင်လို့ ၁၉၉၄ ခုနှစ်မှာ The Next Karate Kid ဇာတ်ကားနဲ့ အောင်မြင်လာခဲ့ပါတယ်။ သူမဟာ ချမ်းသာရုံတင်မကဘဲ နာမည်ကြီး တင်းနစ်သမားဟောင်း ရူဘန်တောရက်စ်နဲ့ ၂၀၁၆ ခုနှစ် မတ်လမှာ စေ့စပ်လိုက်ပါတယ်။ အယ်လ်အေမှာ ကားထဲနေခဲ့ရတဲ့ ဘဝနဲ့ အခု သူမဘဝက မိုးနဲ့မြေလို ကွာခြားနေပါပြီ။
၃။ ဆလင်းဒီယွန်

  
ပိုက်ဆံတစ်ပြားမှမရှိဘဲ ကလေး ၁၅ ယောက်ရှိနေတဲ့ ဘဝကို စဉ်းစားကြည့်လိုက်ပါ။ ဆလင်းဒီယွန်ရဲ့ မိဘနှစ်ပါးဟာ သူတို့ရဲ့ သားသမီး ၁၅ ယောက်ကို ဂီတကလွဲလို့ ပေးစရာ ဘာမှ မရှိခဲ့ပါဘူး။ ဘဝက ခက်ခဲကြမ်းတမ်းပေမဲ့ သူတို့မိသားစုဟာ အတူလက်တွဲ ရင်ဆိုင်ခဲ့ကြတယ်။ ဆလင်းဒီယွန်ရဲ့ အသံက ငယ်ငယ်ရွယ်ရွယ်နဲ့ အရမ်းကို ကောင်းနေခဲ့ပြီး သူမရဲ့ ပထမဆုံး အယ်လ်ဘမ်ကို ထုတ်ချိန်မှာ သူမအသက် ၁၄ နှစ်ပဲ ရှိပါသေးတယ်။ အခုတော့ သူမဟာ သူမရဲ့မိသားစုတစ်စုလုံးကို စောင့်ရှောက်နိုင်လောက်အောင် ချမ်းသာနေပါပြီ။ အခုဆိုရင် အကောင်းဆုံး အယ်လ်ဘမ်ဆု အကြိမ်ကြိမ်ရပြီး လက်စ်ဗီးဂက်စ်မှာ ရှိုးပွဲ ပုံမှန် လုပ်နေတဲ့ ဆလင်းဒီယွန်အတွက် ငွေကြေးနဲ့ ပတ်သက်ပြီး ဒီတစ်သက် စိုးရိမ်စရာ မလိုတော့ပါဘူး။
၎။ အီမီနမ်

  
ရက်ပါ အီမီနမ်ဟာ ဆင်းရဲချို့တဲ့စွာ ကြီးပြင်းခဲ့တယ်ဆိုတာ အားလုံး သိပြီးသားဖြစ်မှာပါ။ သူ့ရဲ့ရုပ်ရှင်ကားဖြစ်တဲ့ Eight Mile ဟာဆိုရင် သူနဲ့ သူ့မိသားစု ဒက်ထရိုက်မှာ ဆင်းဆင်းရဲရဲနေထိုင်ခဲ့ရတာကို အခြေခံပြီး ရိုက်ကူးခဲ့တာပါ။ အဲဒီမှာနေတုန်းက နောက်တွဲယဉ်ထဲမှာ သူ့ရဲ့အမေနဲ့အတူ နေထိုင်ခဲ့ပါတယ်။ အဲဒီနောက် သူနဲ့ သူ့ဇနီးဟာ သမီးလေးကို သူတို့ထက် ကောင်းမွန်တဲ့ ဘဝ ရရှိစေဖို့ မနားမနေ အလုပ်လုပ်ခဲ့ကြပါတယ်။ ကံကောင်းစွာပဲ သူ့ရဲ့ အနုပညာပါရမီက သူ့ကို အခက်အခဲတွေကြားက ဆွဲထုတ်နိုင်ခဲ့တယ်။ အခုဆိုရင် အီမီနမ်ဟာ ဒေါ်လာ သန်း ၁၀၀ ကျော် ပိုင်ဆိုင်နေပြီလို့ ပြောကြတယ်။
၅။ ဂျင်မ်ကာရေး

  
ဟာသမင်းသား ဂျင်မ်ကာရေးဟာ အခုဆိုရင် မမှန်းဆနိုင်လောက်အောင် ချမ်းသာနေပါပြီ။ သူ့ရဲ့ ရုပ်ရှင်များစွာက အောင်မြင်မှုတွေ ရရှိခဲ့တဲ့အတွက် ငွေကန်ထဲမှာ လက်ပစ်ကူးလို့တောင် ရနေပါပြီ။ ဒါပေမဲ့ သူဟာ သူ့ရဲ့ဆယ်ကျော်သက်ဘဝကို သူ့မိဘတွေနဲ့အတူ ဗင်န်ကားတစ်စီးထဲမှာ နေထိုင်ရင်း ကုန်ဆုံးခဲ့တာပါ။ မိသားစုရဲ့ အဓိကဝင်ငွေကို ရှာဖွေပေးတဲ့ သူ့ရဲ့ဖခင် အလုပ်ပြုတ်သွားပြီးတဲ့နောက် သူတို့မှာ အိမ်ကအစ အားလုံး ဆုံးရှုံးခဲ့ရပါတယ်။ ကာရေးဟာ မိသားစုကို ကူညီဖို့အတွက် ကျောင်းထွက်ခဲ့ရတယ်။ ၁၉၈၅ ခုနှစ်မှာတော့ ရုပ်ရှင်လောကထဲ ဝင်ရောက်ပြီး အောင်မြင်လာပါတယ်။ ဂျင်မ်ကာရေးက အခုထိ အောင်မြင်နေဆဲဖြစ်ပြီး ဒီနှစ်ထဲမှာ သူ့ရဲ့ဇာတ်ကားသစ် ၂ ကား ထပ်ထွက်ဖို့ ရှိပါတယ်။
၆။ လီယိုနာဒို ဒီကက်ပရီယို

  
ဟောလိဝုဒ်မှာ ကြီးပြင်းတယ်လို့ ကြားရတာ သဘောကျစရာကောင်းပေမဲ့ ဟောလိဝုဒ်မှာ ဘယ်လိုရှင်သန်ရတယ်ဆိုတဲ့အပေါ် မူတည်ပါသေးတယ်။ ဟောလိဝုဒ်မှာ ဆိုးသွမ်းတဲ့ဘဝတွေနဲ့ ဥပဒေမဲ့ ဖြစ်ရပ်တွေရှိပါတယ်။ လီယိုနာဒိုကတော့ အသိဆုံးဖြစ်မှာပါ။ သူဟာ ဟောလိဝုဒ်ရဲ့ ရာဇဝတ်မှုပြည့်နှက်နေတဲ့ အပိုင်းမှာ ကြီးပြင်းခဲ့ရတယ်လို့ ပြောကြပါတယ်။ အခုဆိုရင် လီယိုဟာ ဒီနှစ်မှာ ပထမဆုံးရရှိတဲ့ အော်စကာဆုအပါအဝင် ဆုပေါင်း ၈၀ ခန့် ရရှိထားပြီးပါပြီ။ ဆုပေါင်း ၂၀၀ ကျော်အတွက် ဆန်ခါတင်ရွေးချယ်ခံခဲ့ရဖူးတဲ့ လီယိုနာဒို ဒီကက်ပရီယိုဟာ အခုဆိုရင် ဒေါ်လာ သန်း ၂၀၀ ကျော် ပိုင်ဆိုင်နေတာ အံ့သြစရာ မရှိပါဘူး။
၇။ ဂျနီဖာလိုပက်စ်

  
သူမမိခင်က သူမကို ကောလိပ်တက်စေချင်ပြီး သူမကတော့ ပရော်ဖက်ရှင်နယ် အကသမားတစ်ဦးဖြစ်ချင်တာကြောင့် မိခင်နဲ့ ရန်ဖြစ်ခဲ့ပြီးတဲ့နောက် ဂျေလိုဟာ အိမ်ပေါ်က ဆင်းခဲ့ပါတယ်။ သူမရဲ့ အိပ်မက်တွေကို အကော်အထည်ဖော်မယ်လို့ ဆုံးဖြတ်လိုက်တဲ့ ဂျေလိုဟာ လက်ထဲမှာ ငွေလည်း သိပ်မရှိသလို နေစရာ နေရာလည်း မရှိခဲ့ပါဘူး။ အိုးမဲ့အိမ်မဲ့ဘဝနဲ့ အကခန်းမထဲက ခုံတန်းလျားတစ်ခုမှာ နေထိုင်ခဲ့ရတယ်။ ကံကောင်းစွာပဲ သူမဟာ နေစရာအိမ်မရှိတဲ့ဘဝမှာ အကြာကြီး မနေခဲ့ရဘဲ ဥရောပမှာ သူမရဲ့ ပထမဆုံး ကပွဲကို တင်ဆက်ခဲ့ရပြီး မကြာခင်မှာပဲ In Living Color ဇာတ်လမ်းတွဲမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။ အဲဒီနောက် သူမရဲ့ အနုပညာလုပ်ငန်းက တဟုန်ထိုး အောင်မြင်လာပြီး မင်းသမီး၊ အကမယ်နဲ့ အဆိုတော် အဖြစ် ကျော်ကြားလာပါတယ်။ အခုတော့ သူမမိခင်ဟာ သူမရဲ့ရွေးချယ်မှုအတွက် ဝမ်းသာနေမှာ သေချာပါတယ်။

(Duwun)

Source & Photos : Life

တစ်မိနစ်အတွင်း ကျန်းမာရေးပိုကောင်းလာစေမည့် နည်းလမ်းများ

ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ဖို့အတွက် တစ်ဘ၀လုံးကို သတိပြုဆင်ခြင်နေဖို့ မလိုပါဘူး။ အခုကစပြီး အချိန် ()မိနစ်အတွင်းမှာ ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်နိုင်စေဖို့ နည်းလမ်း(၂၁)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ HDL ကိုလက်စထရောဓာတ်မြင့်တက်စေမည့် စားစရာများစားပါ။

လေ့လာမှုတွေအရ တစ်နေ့ကို အငံမပါတဲ့ သီဟိုဠ်သရက်စေ့ / အောင်စလောက်စားပေးမယ်ဆိုရင် ()ပတ်အကြာမှာ High Density Lipoprotein အမည်ရ ခန္ဓာကိုယ်အတွက်ကောင်းကျိုးဖြစ်စေတဲ့ ကိုလက်စတရောဓာတ် ()ရာခိုင်နှုန်းတိုးတက်လာတာတယ်လို့ ဆိုပါတယ်။

၂။ သွားကို အခြောက်တိုက်ပါ။

သွားတိုက်တံမှာ သွားတိုက်ဆေးမထည့်ပဲ သင့်ရဲ့သွားတွေကို ခြောက်သွေ့နေတဲ့သွားတိုက်တံနဲ့ စက္ကန့်(၃၀)လောက် တိုက်ပေးပါ။ ဒီလိုလုပ်ပေးတာက သွားချေးတွေကို ပြောင်စေနိုင်ပြီး သွားဖုံးသွေးယိုခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။ နူးညံ့တဲ့သွားတိုက်တံအခြောက်ကို သုံးပြီး သွားတွေရဲ့ အတွင်းပိုင်းကို အရင်တိုက်ပါ။ ပြီးမှ အပြင်ဖက်ကိုတိုက်ပါ။ ပလုပ်ကျင်းပါ။ ပုံမှန်အတိုင်း သွားတိုက်ဆေးနဲ့ တိုက်ပါ။

၃။ နားတွေကို လေ့ကျင့်ပေးပါ။

အသက်ကြီးပြီး အဖိုးအဖွားအရွယ်ရောက်တဲ့အထိ နား အကြားအာရုံတွေကောင်းနေချင်တယ်ဆိုရင် တေးဂီတနဲ့ နားကို လေ့ကျင့်ပေးဖို့လိုပါတယ်။ ပထမဆုံး အသံအတိုးအကျယ်ကို သာမန်ကြားနိုင်ရုံလာက်သာ ထားရှိပါ။ ပြီးရင် ကြားနေရတဲ့ ဂီတသံစဉ်တွေထဲက တူရိယာသံတစ်ခုထဲကိုပဲ အာရုံစိုက်နားထောင်ပါ။ ဒီလေ့ကျင့်ခန်းက နေ့စဉ်နဲ့အမျှအသံတွေကို အသေးစိတ်ကြားသိနိုင်စွမ်းရှိလာအောင် ကူညီပေးနိုင်မှာဖြစ်ပါတယ်။

၎။ စွမ်းအားဖြည့်ပါ။

ပင်ပန်းနွမ်းနယ်လာတဲ့အခါမှာ လန်းဆန်းသွားစေဖို့ ကော်ဖီမသောက်ပါနဲ့။ သံပုရာအရသာ ဆိုဒါရည် တစ်ခုခု သုံးဆောင်ပြီး စွမ်းအားဖြည့်ပါ။

၅။ နေ့လည်စာ ဘာစားလဲ မှတ်ထားပါ။

နေ့လည်စာကို ဘာတွေစားခဲ့လဲဆိုတာကို မှတ်မိနေတာက ညနေပိုင်းမှာ အခြားသရေစာတွေစားချင်စိတ်ကို လျော့နည်းသွားစေပါတယ်။ ဒါ့ကြောင့် အချိန်မဟုတ်ပဲတစ်ခုခုစားချင်လာရင် မနက်စာ ဒါမှမဟုတ် နေ့လည်စာ ကို ဘာနဲ့စားခဲ့လည်း ပြန်စဉ်းစားလိုက်ပါ။

၆။ အနမ်းတွေနဲ့ ညှို့ငင်ပါ။

ချစ်သူကို အနမ်းမပေးခင်မှာ သင့်နှုတ်ခမ်းတွေကို ပူရှိန်းအဆီတစ်မျိုးမျိုးသုတ်လမ်းထားမယ်ဆိုရင် အထိအတွေ့နဲ့ အနံ့အရသာကောင်းကို ရရှိမှာဖြစ်ပါတယ်။ ပူရှိန်းဟာ ခန္ဓာကိုယ်ကိုလှုံ့ဆော်ပေးနိုင်ပြီး ၀င်လေထွက်လေနွေးနွေးနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာ တစ်ကိုယ်လုံးကို စိတ်ကြွလာစေမှာဖြစ်ပါတယ်။

၇။ မကောင်းတဲ့အတွေးများ ရှင်းထုတ်ပါ။

အလိုလိုမကောင်းမြင်နေတတ်တဲ့ အတွေးတွေက စိုးရိမ်ကြောင့်ကျမှုကို ဖြစ်စေပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာ စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းတွေကို ထွက်လာစေပါတယ်။ ဒါ့ကြောင့် မကောင်းတဲ့စိတ်ကူးတစ်ခု ပေါ်လာပြီဆိုတာနဲ့ ချရေးလိုက်ပြီး မေ့ပစ်လိုက်ပါ။ နောက်မှ ဒီအတွေးတွေ ဘယ်ကလာလဲဆိုတာကို ပြန်ဆန်းစစ်ပြီး အတွေးမှန်အောင်ပြင်ဆင်ပါ။

၈။ ကြင်ဖက်ကို ချီးကျူးပါ။

အိမ်ထောင်ရေးမသာယာမှုက နာမကျန်းဖြစ်နိုင်ချေ (၃၅)ရာခိုင်နှုန်းပိုများလာစေနိုင်ပြီး သက်တမ်း()နှစ် တိုသွားစေနိုင်ပါတယ်။ သာယာတဲ့အိမ်ထောင်ရေးဖြစ်ဖို့က သင့်ရဲ့ကြင်ဖက်နဲ့ ပတ်သက်ပြီး လေးစားချစ်ခင်ရတဲ့ အကြောင်းတွေကို ချီးကျူးစကားပြောပေးရုံပါပဲ။

၉။ ပါးပါးလှီးပါ၊ နည်းနည်းစားပါ။

စားစရာတွေကို အတုံးလိုက်မလှီးပဲနဲ့ အချပ်လိုက်ပါးပါးလှီးတာက နည်းနည်းစားရုံနဲ့ တင်းတိမ်သွားစေနိုင်ပါတယ်။ တကယ်တော့ အချပ်လိုက်ပါးပါးလှီးထားတာက စားစရာတွေကို ပိုကြီးတယ်လို့ ထင်ရစေပြီး သိပ်မစားရပဲနဲ့ ၀သွားတာကြောင့်ဖြစ်ပါတယ်။

၁၀။ ဆေးသောက်လွယ်အောင် လုပ်ပါ။

အရသာဆိုးတဲ့ ဆေးဝါးတွေ သောက်သုံးရမယ်ဆိုရင် မသောက်ခင် စက္ကန့်ပိုင်းလောက်မှာ ရေခဲတုံးလေးတစ်ခုကို ငုံထားလိုက်ပါ။ ရေခဲရဲ့အအေးဓာတ်က အရသာကို မသိအောင် ခေတ္တလုပ်ထားပေးနိုင်တာကြောင့် အလွယ်တကူဆေးသောက်လို့ ရမှာဖြစ်ပါတယ်။

၁၁။ ခေါင်းကိုက်တာကို ထိရောက်စွာဖြေရှင်းပါ။

ခေါင်းကိုက်နေပါသလား။ ibuprofen ဆေးသောက်ပြီး ကဖင်းဓာတ်ပါဝင်တဲ့ လက်ဖက်ရည် ဒါမှမဟုတ် ကော်ဖီတစ်ခုခုထပ်သောက်လိုက်ပါ။ ခေါင်းကိုက်ဝေဒနာကို မြန်မြန်ပျောက်ကင်းသွားစေမှာဖြစ်ပါတယ်။

၁၂။ များများဝါးပါ။

လိမ္မော်သီးဖျော်ရည်သောက်မယ့်အစား လိမ္မော်သီးစားပါ။ အသီးဖျော်ရည်တွေ သောက်သုံးမယ့်အစား အသီးတစ်ခုလုံးကို စားပါ။ ဒီလိုဝါးစားရတာက တင်းတိမ်မှုကဖြစ်စေနိုင်ပြီး စားလိုက်တဲ့အစာတွေကို ချေဖျက်ဖို့ အချိန်ပိုယူရတာကြောင့် ဗိုက်မဆာပဲအချိန်ကြာကြာနေနိုင်မှာ ဖြစ်ပါတယ်။

၁၃။ အချဉ်များများစားပါ

ချဉ်တဲ့အရသာရှိတဲ့ စားစရာတွေမှာ acetic acid ဓာတ်များတာကြောင့် ကစီဓာတ်တွေကို ပြိုကွဲစေပြီး သွေးအတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းထားနိုင်မှာဖြစ်ပါတယ်။

၁၄။ ခေါင်းအုံးကို လဲလှယ်ပါ။

သင့်ခေါင်းအုံးကို ခေါက်ချိုးချိုးပြီး လွှတ်ပေးလိုက်ပါ။ ပြန်ကန်ထွက်လာမယ်ဆိုရင် အဆင်ပြေပါတယ်။ ဒီလိုမဟုတ်ပဲ ခေါက်လျက်သားပဲဖြစ်နေမယ်ဆိုရင်တော့ ခေါင်းအုံးအသစ်လဲပါ။ ဒီခေါင်းအုံကို အိပ်တဲ့အခါမှာ သင့်ဦးခေါင်းနဲ့ လည်ပင်းကို အဆင်ပြေအောင် ခုထားပေးနိုင်မှာမဟုတ်ပါဘူး။

၁၅။ ကားမောင်းရင် ခါးမနာအောင်

ကားအကြာကြီးမောင်းရတဲ့အတွက် ခါးမနာရအောင် နောက်ကြည့်မှန်ကို အပေါ်နည်းနည်းထောင်ထားလိုက်ပါ။ ဒါဆိုရင် ခန္ဓာကိုယ်ကို ခပ်လျှောလျှောထိုင်မိတော့မှာမဟုတ်ပဲ နောက်ကားကိုမြင်ရဖို့ မတ်မတ်ပဲထိုင်နေရမှာ ဖြစ်ပါတယ်။

၁၆။ လက်ဖက်ရည်ကို အချဉ်ညစ်သောက်ပါ။

လက်ဖက်ခြောက်ခပ်ထားတဲ့ လက်ဖက်ရည်(ရေနွေးကြမ်း)အအေးပဲဖြစ်ဖြစ် အပူပဲဖြစ်ဖြစ် သောက်တဲ့အခါမှာ သံပုရာရည်ညစ်သောက်ပါ။ သံပုရာသီးမှာ ပါဝင်တဲ့ အက်ဆစ်ဓာတ်က လက်ဖက်စိမ်းမှာပါဝင်တဲ့ ဓာတ်တိုး ဆန့်ကျင့်ပစ္စည်းတွေကို ပိုထွက်လာစေတာကြောင့် ဖြစ်ပါတယ်။

၁၇။ ထမင်းစားပွဲမှာ ပန်းအိုးထိုးပါ။

အထူးသဖြင့် မနက်စားစားသောက်တဲ့အချိန်မှာ ဒေစီပန်း၊ ကျူးလစ်ပန်း၊ နှင်းဆီပန်းနဲ့ အခြားပန်းတွေကို ပန်းအိုးတစ်ခုနဲ့ ထိုးထားတာက ခံစားမှုကို ကောင်းစေမှာဖြစ်ပါတယ်။ မနက်ပိုင်းမှာ လန်းဆန်းလှပတဲ့ ပန်းတွေကို တွေ့မြင်ရတာက လူတွေကို ပိုပြီးပျော်ရွှင်ကျေနပ်စေပြီး ခွန်အားပြည့်ဝစေနိုင်ပါတယ်။

၁၈။ ပိုးမွှားတွေကို ရှင်းထုတ်ပါ။

သင့်မီးဖိုခန်းထဲက ပန်းကန်ဆေးရေမြုပ်ဖတ်မှာ ဘက်တီးရီးယာသန်းပေါင်းများစွာ ရှင်သန်ပေါက်ဖွားနေထိုင်ပါတယ်။ စိုစွတ်မှုနဲ့ အစားအသောက်အစအနတွေကြောင့် အီးကိုလိုင်လို ပိုးမွှားတွေ များစွာပေါက်ဖွားနေတာဖြစ်ပါတယ်။ ဒါ့ကြောင့် ရေမြုပ်ဖတ်တွေကို မိုက်ခရိုဝေ့ဗ်မီးဖိုထဲ စက္ကန့်(၃၀)လောက် အပူပေးတာ ဒါမှမဟုတ် ရေနွေးဆူဆူနဲ့ ()မိနစ်လောက်ပြုတ်ပြီး ပိုးမွှားတွေကို ရှင်းထုတ်နိုင်ပါတယ်။

၁၉။ ဗီတာမင် G မှီဝဲပါ။

ဗီတာမင် G ဆိုတာ သင့်ရဲ့စိတ်သဘောထားကို ပြုပြင်တတ်ဖို့ ဆိုလိုတာပါ။ လက်ရှိဘ၀ကို အသိအမှတ်ပြုပြီး ကျေနပ်နိုင်တာက စိတ်ဖိစီးမှုကိုလျော့ပါးစေပြီး ပျော်ရွှင်ကျန်းမာစေနိုင်ပါတယ်။ လက်ရှိကျန်းမာရေး၊ စားစရာ၊ မိသားစု၊ မိတ်ဆွေ စသဖြင့် အားလုံးကို အသိအမှတ်ပြုပြီး ကျေးဇူးသိတတ်ပါစေ။

၂၀။ အိပ်ပျော်အောင် အိပ်ပါ။

အိပ်ပျော်သွားဖို့ ခက်နေပါသလား။ ခြေအိတ်တွေ လက်အိတ်တွေ စွပ်ထားလိုက်ပါ။ လေ့လာမှုတွေအရ ခြေတွေ လက်တွေ နွေးထွေးနေရင် အမြန်ဆုံးအိပ်ပျော်သွားစေတယ်လို့ ဆိုပါတယ်။ ခြေတွေ လက်တွေ နွေးနေတာက ခန္ဓာကိုယ်အတွင်းပိုင်း အပူချိန်ကို လျော့ကျသွားစေနိုင်တာကြောင့် ပုံမှန်အိပ်ပျော်ဖို့ ကြာချိန်ထက် ထက်ဝက်လောက်လျော့နည်းပြီး အိပ်ပျော်သွားနိုင်တယ်လို့ ဆိုပါတယ်။

၂၁။ တစ်မိနစ်စောင့်ပါ။

အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုခု ချခါနီးမှာ နောက်ဆက်တွဲကိစ္စတွေကို အချိန်()မိနစ်လောက်ယူပြီး စဉ်းစားပါ။ ၀ိုင်နောက်တစ်ခွက်သောက်ဖို့၊ အလုပ်ကနေထွက်ဖို့၊ ဆေးတစ်လုံးမျိုချဖို့ကနေစပြီး ကလေးကို အော်ဖို့အထိ တစ်ခုခုလုပ်ခါနီးတိုင်းမှာ တစ်မိနစ်စောင့်ပြီး စဉ်းစားပါ။



အောင်မြင်ချင်ပါသလား?? သူတို့ကို နားမထောင်ပါနဲ့

တစ်ချိန်တုန်းကဆိုရင် ကျွန်တော်ဟာ အတိုင်ပင်ခံတွေထားပြီး ဒေါ်လာ သောင်းပေါင်းများစွာ သုံးပြီးတော့ သူတို့ပြောတဲ့အောင်မြင်မှု လမ်းမှန်ကို သွားခဲ့ပါတယ်။ သူတို့က တခြားသူတွေ သွားခဲ့တဲ့ နည်းလမ်းတွေကို ပြောပြတာပါ။ တခြားသူတွေလို ကြော်ငြာပါတယ်။ တခြားသူတွေလို အဝတ်အစား ကောင်းကောင်း ဝတ်ပါတယ်။ တခြားသူတွေလို Marketing လုပ်ပါတယ်။

ဒါပေမယ့် မကြာသေးခင်မှာတော့ သူတို့နည်းလမ်းတွေအတိုင်း လုပ်ခဲ့တာကို ရပ်လိုက်ပါတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒါဟာ ကျွန်တော့်နည်းလမ်း မဟုတ်လို့ပါပဲ။

တခြားသူတစ်ယောက်ယောက်က သင့်ကို အောင်မြင်အောင် ဘာလုပ်ရမယ်၊ ညာလုပ်ရမယ် ပြောလာရင် သူတို့ကို ပါးစပ်ပိတ်နေခိုင်းလိုက်ပါ။ သင်က သင့်သမိုင်း သင်ရေးနေတာပါ။ သင်က သင်ကိုယ်တိုင် ဖြစ်နိုင်တဲ့ခေတ်မှာ တခြားသူတစ်ယောက်ရဲ့ ကိုယ်ပွား အဖြစ်မခံပါနဲ့။

သင်က ဘယ်သူလဲ? သင် ဘာလုပ်ချင်တာလဲ? ဘယ်နေရာကို သွားချင်တာလဲ? သင့်ပန်းတိုင်က ဘာလဲ? အဲ့ဒိအချက်အလက်တွေနဲ့ အကြံပေးသူတွေ သင့်ကို ပြောပြတဲ့ အောင်မြင်မှု ပုံပြင်တွေနဲ့ ဘယ်လောက် ဆက်စပ်နေသလဲ? ဖြေကြည့်ပါ။

ကျွန်တော့်အတွက်ဆို ကျွန်တော် စီးပွားရေး လုပ်သမျှဟာ ကျွန်တော့်ကို ကျေနပ်စေနိုင်တဲ့ အချက်အလက် သုံးခုကြောင့်ပါပဲ။ ကိုယ့်ငွေ ကိုယ်ရှာနိုင်တဲ့ စွမ်းအား ရှိတယ်၊ စီးပွားရေး ကြီးထွားလာမယ်၊ အဲဒီလို ကြီးထွားလာတာ ကြည့်ရတာ ပျော်တယ် တို့ပါပဲ။ အဲဒိအချက်တွေနဲ့ ကျွန်တော် သွားချင်တဲ့နေရာကို ဆုံးဖြတ်တာပါ။ အဲဒိအချက် သုံးချက်ထဲက နှစ်ချက် ကိုက်ညီနိုင်တဲ့ လုပ်ငန်းဆို ကျွန်တော် လုပ်ပါတယ်။ တစ်ချက်ထဲ ကိုက်ရုံနဲ့ ငွေဘယ်လောက် ရရ မလုပ်ပါဘူး။

အဲ့ဒါကြောင့် သင့်ကို ဘာကပျော်စေလဲ ဆိုတာကို သိအောင် ရှာပြီး သင်ကိုယ်တိုင် စိတ်ကျေနပ်တဲ့ အချက်အလက်တွေ ထုတ်ပါ။ အဲဒါက ဘာကြောင့် အရေးကြီးလဲဆိုတော့ ကျွန်တော် ကျွန်တော့်ရဲ့ အချက် သုံးချင်နဲ့ မကိုက်တဲ့ လုပ်ငန်း လုပ်မိတိုင်း အရှုံးနဲ့ပဲ ရင်ဆိုင်ရလို့ပါ။

သင် ရောင်းနေတာ ဘာလဲ?? လူတိုင်းဟာ တစ်စုံတစ်ခုတော့ ရောင်းနေတာချည်းပါ။ ဒါပေမယ့် ကျွန်တော်တို့ ရောင်းနိုင်တဲ့ထဲက အကောင်းဆုံး အရာကတော့ သင့်ရဲ့ ထုတ်ကုန်ကို ပိုပြီး သမိုင်း အရှိန်အဝါ ကြီးကြီး မားမားနဲ့ ရောင်းဖို့ပါပဲ။

Domino ဟာ ပီဇာ မရောင်းပါဘူး။ ဆာနေတဲ့ ကျောင်းသားတွေ၊ ပင်ပန်းနေတဲ့ အလုပ်သမားတွေအတွက် အမြန်စာ ရောင်းတာပါ။ Apple က ရောင်းနေတာ စမတ်ဖုန်းတွေ မဟုတ်ပါဘူး။ လူမှုရေး အသိုင်းအဝိုင်းမှာ ပိုဝင်ြ့ကွားစေမယ့် ပန်းသီးတံဆိပ် ရောင်းတာပါ။

ကျွန်တော့်နည်းလမ်းဟာ ကျွန်တော့်အတွက်တော့ အကောင်းဆုံးပါပဲ။ ကျွန်တော်ဟာ ကျွန်တော့်သမိုင်းကို ရေးနိုင်တဲ့ပုံစံနဲ့ ကျွန်တော် ရေးချင်တာကို ရေးနေတာပါပဲ။ ကျွန်တော့်ကို တားမြစ်နေတဲ့ တစ်ခုတည်းသောအရာက ပါတ်ဝန်းကျင်က ပြောနေကြတဲ့ဒီလိုမလုပ်နဲ့၊ ဟိုလူတောင် ဟိုလိုလုပ်လို့ ချမ်းသာတာ၊ ဟိုလိုလုပ်ပါလားဆိုတဲ့ စကားတွေပါပဲ။ အဲ့ဒိ စကားတွေကိုသင့်စီးပွားရေးကို သင့်ဘာသာ ပုံစံသစ် တည်ထောင်ခြင်းကနေ တားဆီးခွင့် မပေးလိုက်ပါနဲ့။

ဝက်သတ်သမား ဒကာ မောင်စိန်

  
ဒကာ မောင်စိန်ဟာ ဝက်သတ်ပြီးအသက်မွေးတယ် တစ်နေ့တော့ သူ့ဒကာမကြီးက စဉ်းစားတယ် သူ့ယောက်ျားဟာ ဝက်သတ်ပြီး အသက်မွေးလာတာ အသက်တွေလည်း ကြီးလာပြီ။ ဒီတိုင်းသာ သေရင် မြေကြီးလက်ခတ်ရင်သာ လွဲမယ်, ငါ့ယောက်ျားတော့ ငရဲကျမှာ သေချာနေပြီ။အဲဒီအချိန် သဲအင်းဂူဆရာတော်ဘုရားကြီးလည်းပေါ်ထွန်းနေတော့ ဆရာတော်ကြီးဆီမှာ အပါယ်လေးဘုံ လွတ်တဲ့တရား သွားတောင်းမှပဲဆိုပြီး ဆရာတော်ကြီးဆီ လင်မယားနှစ်ယောက်ရောက်လာတယ် ..

တရားထိုင်ခိုင်းတဲ့အခါကျတော့ မောင်စိန်ဟာနာရီဝက်လောက်လည်း ရှိရော တခါတည်းဝေဒနာတွေ တက်လာတယ်  ဝေဒနာတွေက ပြင်းတာကိုး, တစ်ကိုယ်လုံး ဓားတွေ လှံတွေ အထိုးခံရသလိုပဲတဲ့, ဝက်တွေ ထိုးခဲ့တာကိုးဆရာတော်ကြီးက ဝဋ်ကြွေးတွေ, သံသရာမှာသွားမဆပ်နဲ့ , ခန္ဓာနဲ့ဆပ်, ဒီတရားနဲ့ ဆပ်တဲ့ ..

မောင်စိန် နာလွန်းလို့ အသံပါထွက်လာတယ် အဲဒီအသံကလည်း ဝက်တွေ သေခါနီးေ ကြာက်လန့်တကြား အော်တဲ့အသံမျိုး,

အီ အီ အီဆိုပြီးတော့ ..

 ဆရာတော်က မပြင်ခိုင်းဘူး
အီ အီလို့ မအော်နဲ့, စိတ်ပြောင်းပေးတာ,

ဖောက်ပြန်နေတယ်, ရုပ်တရားတွေဟာ အချိန်တိုင်း

ဖောက်ပြန်နေတယ်, အီအီလို့ မအော်နဲ့,

နာမ်တရားက သွားခံစားတာ, ခံစားပြီး

ပျက်သွားတာပဲ, ခံစားပျက် ခံစားပျက်

အီအီလို့ မအော်နဲ့ ဝဋ်ကြွေးတွေ ဝဋ်ကြွေးတွေ

ဘယ်သူမှ မလုပ်ခဲ့ဘူး, ကိုယ်လုပ်ခဲ့တာ,

ဝဋ်ကြွေးတွေ ခန္ဓာနဲ့ရင်းပြီး ဒီဥာဏ်နဲ့ ဆပ် ..

အီအီလို့ မအော်နဲ့, မောင်စိန်အလကားကောင်
ဒီဝေဒနာတွေ ဖြစ်နေတယ်, မောင်စိန်ဘာမှ

လုပ်ပေးလို့မရဘူး, ငါမရှိဘူး ဝဋ်ကြွေးတွေ,

ငါမပိုင်ဘူး ဖောက်ပြန်နေတာ, ငါနဲ့ဘာမှ

မပက်သက်ဘူး အကြောင်းအကျိုးတွေ

ငါ့ပစ္စည်း မဟုတ်ဘူး ခံစားပြီးပျက်နေတာ
မောင်စိန်ကို တခါတည်း 3 ရက်တိတိ တရားထိုင်ခိုင်းပါတယ် မောင်စိန် အိမ်ပြန်သွားတယ်။ မဂ်ကျတယ် ဖိုလ်ကျတယ်ဆိုတာစိတ်ကလေးပြောင်းသွားတာပဲ။ ငါရှိတဲ့ စိတ်ကနေ ငါမရှိဘူး,ဒီစိတ်ပြောင်းသွားတာပဲ

ငါ့ခြေ ငါ့လက် ငါ့ခေါင်း ငါပိုင်ဆိုင်တဲ့ စိတ်ထဲ ငါမရှိဘူး ငါမပိုင်ဘူး။ ဒီစိတ်ကလေး ပြောင်းသွားတာပဲ ..

ဒါကိုသိတော့ မောင်စိန်ဟာ သူ့အိမ်မှာ ဘာမြင်မြင် ဘာကြားကြား ဒါပဲကျက်တော့တာပဲ ငါမရှိဘူး, အချိန်တိုင်း ဖောက်ပြန်နေတာပဲ, အချိန်တိုင်း

ပျက်စီးနေတာပဲ, အချိန်တိုင်း ဓာတ်ကြီးလေးပါးပဲအချိန်တိုင်း အကြောင်းအကျိုးပဲ, မောင်စိန် ဒါပဲကျက်နေတယ်, သူသိတာက ဒီစိတ်ပြောင်းသွားရင် အပါယ်လေးပါးလွတ်မယ်

ငါမခံရတော့ဘူး ..

ဝမ်းသာတဲ့စိတ်လည်း ခေါ်ကျက်မှာပဲ, ဝမ်းနည်းတဲ့စိတ်လည်း ခေါ်ကျက်မှာပဲ, ဝေဒနာတွေပေါ်လည်း ခေါ်ကျက်မှာပဲ ဖောက်ပြန်တဲ့တရားမှာလည်း 
ငါမပါဘူး, ခံစားတဲ့တရားမှာလည်း ငါမပါဘူး, အဲဒီငါမရှိတဲ့တရားကို သေတဲ့အထိ ကျက်သွားတယ် ..

သူသေသွားပြီ, သူ့ဒကာမကြီးက ဤသည့်စားဖွယ် အမယ်မယ်နဲ့ ဆရာတော်ကြီးဆီ သက်ပျောက်ဆွမ်းလာကပ်တယ် ..

ဆရာတော်ကြီးက ပြုံးပြီး
ဘယ်သူ့အတွက်လဲတဲ့, ဒကာမောင်စိန်အတွက်ပါ ဘုရား, သူ့ကိုရည်စူးပြီးတော့ ဆရာတော်ဘုရားဆီ သက်ပျောက်ဆွမ်း လာကပ်တာ, ဆရာတော်ကြီးက ဘာပြောလဲဆိုတော့ မောင်စိန်အတွက်ဆို မကပ်နဲ့တော့ , မောင်စိန် နတ်ပြည်သွားပြီ,

နင်တို့ ကုသိုလ်ယူချင်ရင်တော့ ကပ်သွားတဲ့ ..

ဒကာမကြီးက ပျော်တာပေါ့, သူ့ယောက်ျား အပါယ်လေးဘုံက လွတ်သွားပြီ

ငါမရှိတဲ့စိတ်က အပါယ်လေးဘုံ သွားမယ့်ကံကို ဖျက်ဆီးပစ်လိုက်တယ် ..

မေးစရာရှိတာက ဝက်တွေနေ့တိုင်း သတ်တဲ့ပုဂ္ဂိုလ်,
အကောင်ပေါင်းများစွာ သတ်တဲ့ပုဂ္ဂိုလ်ေ သာတာပန်ဖြစ်ပါမလား

 အဲတော့ မောင်စိန်ထက်ဆိုးတဲ့ေ နာက်တစ်ယောက် ရှိသေးတယ် အဂုင်္လိမာလကြီး,လူတွေသတ်လိုက်တာ, မောင်စိန်ရော အင်္ဂုလိမာလကြီးရော

လွတ်တာက ကံကြီးငါးပါး မထိုက်ခဲ့ဘူး ..

ဘုရားသွေးစိမ်းတည်အောင် မလုပ်ခဲ့ဘူး,သံဃာသင်းမခွဲခဲ့ဘူး, အမိ အဖ မသတ်ခဲ့ဘူး,သောတာပန်စတဲ့ အရိယာတွေကို မသတ်ခဲ့ဘူး အဲဒီကံကြီးငါးပါး မထိုက်တဲ့ ပုဂ္ဂိုလ်ဟာ မောင်စိန်လိုပဲ။ငါမရှိဘူးဆိုတဲ့ စိတ်ကို ပိုင်ဆိုင်ခွင့်ရှိပါတယ်

ငါမရှိတဲ့ တရားရဲ့ တန်ခိုးဟာ နတ်ပြည်သွားတာပဲ ..ဘာနဲ့ နှိုင်းပြလည်းဆိုတော့။ အလွန်တရာ ကြီးမားတဲ့ ရေကန်ကြီးတစ်ခုရှိတယ်, အင်းလေးကန်ထက်အဆပေါင်းများစွာ ကြီးတဲ့ရေကန်ကြီးပေါ့ အဲဒီကန်ကြီးထဲကို နှီးဖျားလေး ထိုးစိုက်ပြီြး ပန်ထုတ်လိုက်တယ် နှီးဖျားလေးမှာ ရေလေးကပ်နေတယ်

 ဒီရေစက်လေးဟာ အလွန်တရာ

ကြီးမားတဲ့ ရေကန်ကြီးနဲ့ စာရင် မရှိသလောက်

နှိုင်းယှဉ်စရာမဟုတ်တဲ့ ရေလေးပါ ..ဆိုလိုတာက ငါ့ခြေ ငါ့လက် ငါ့ခေါင်း ငါပိုင်ဆိုင်

နေတဲ့ စိတ်ကို ရရှိထားတဲ့ ဒုက္ခဟာ

အလွန်တရာကြီးမားတဲ့ ရေကန်လောက်ရှိတယ်

မောင်စိန်ကဲ့သို့ ငါမရှိတဲ့စိတ်ကို ပိုင်ဆိုင်ထားသူရဲ့

ဒုက္ခဟာ နှီးဖျားမှာ ကပ်နေတဲ့ ရေလောက်ပဲ

ရှိတယ်

 ပုထုဇဉ်တွေရဲ့ ဒုက္ခမရှိတော့ဘူး ရဟန္တာတွေလို သန္တိသုခ မဟုတ်သေးဘူး, ကာမသုခပဲ ရသေးတဲ့ ဒုက္ခပါ ..ဆရာတော်ကြီးက ထပ်ပြီးရှင်းတယ်ေ သာတာပန်များဟာ လူ့ပြည်နတ်ပြည်

ခုနစ်ဘဝလောက်ပဲ ရှိတော့တယ် ဆရာတော်ကြီးက အရောဆိုတာကို လက်မခံဘူး။ လူ့ပြည်က နတ်ပြည်သွားလိုက်, နတ်ပြည်ကလူ့ပြည်လာလိုက် , ဒါကိုအရောခေါ်တယ် ..

ဆရာတော်ကြီးက ဘာပြောလဲဆိုတော့
အရောမဟုတ်ဘူး, ဆီဈေး ဆန်ဈေးတက်သလိုသောတာပန်လည်း ဈေးတက်တယ်တဲ့ ..အဲဒီပုဂ္ဂိုလ်ဟာ ကာယအပေါ်မှာ,ဝေဒနာအပေါ်မှာ, စိတ္တအပေါ်မှာ , ဓမ္မအပေါ်မှာ အချိန်တိုင်း ငါမရှိဘူး, ရှင်းနေတယ်,ရုပ်ပေါ်မှာလည်း ရှင်းနေတယ်, နာမ်ပေါ်မှာလည်းရှင်းနေတယ်, မကျေနပ်တာတွေ, အထင်လွဲတာတွေလွမ်းတာတွေ ဆွေးတာတွေ မုန်းတာတွေပေါ်မှာလည်း ငါမရှိဘူး, အချိန်တိုင်း ခံစားပြီးပျက်နေတာပဲ, တားမရဘူး,အကြောင်းအကျိုးတွေ, ငါမပိုင်ဘူး,ဝဋ်ကြွေးတွေပဲ ဝေဒနာပေါ်မှာလည်း ဒီတိုင်းပဲ, ဓမ္မပေါ်မှာလည်း ဒီတိုင်းပဲ ..

ငါမရှိဘူးဆိုတဲ့ တရားဟာ သူပိုင်ပစ္စည်းဖြစ်နေပြီ, ဘယ်သူ့ကြည့်ကြည့် ငါမရှိဘူး,အဲဒီပုဂ္ဂိုလ်ဟာ လူ့ပြည်မှာနေတဲ့အချိန် တစ်ဘဝ,နတ်ပြည်မှာ 6 ဘဝ, ပေါင်း 7 ဘဝပဲနေတော့မယ်

မောင်စိန်မရှိတော့တာ မဟုတ်ဘူး, မောင်စိန်ဈေးတက်သွားတယ် ..

မောင်စိန်ဟာ ဝက်ထိုးတဲ့ကံကြောင့် အပါယ်ဲသွားမယ့်ကံရယ်, လူ့ပြည်ကံရယ် မရှိတော့ဘူး, လူရဲ့ ပဋိသန္ဓေဆီ မလာတော့ဘူး ..

ဒါန သီလဆိုတဲ့ ကံသမားတွေ ရှိတယ် ဒါန သီလသမားတွေလည်း နတ်ပြည်သွားတယ်။နတ်တို့ရဲ့ ကာမဂုဏ်ခံစာြး့ပီး ဟိုမှာမေ့သွားပြီ, ဆက်ပြီး အားထုတ်မှာ မဟုတ်ဘူး ..

လူ့ပြည် ပြန်လာကြဦးမယ်, သူတို့က အရောသမား
တွေ, ကံသမားတွေက အရောသမားတွေ, 

မောင်စိန်က ဥာဏ်သမား, မောင်စိန်က

မရောတော့ဘူး, သေခါနီးဝေဒနာနဲ့ 

ရင်ဆိုင်ရတဲ့အခါ ဒီတရားကပဲ ကျော်သွားတာ,

ဒီဥာဏ်ကသာလျှင် ကျော်သွားတာပဲ …

မှော်ဘီ(သဲအင်းဂူ)ကျောင်းဆရာတော် ဦးပုညသေဋ္ဌ
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
credit … အနှိုင်းမဲ့စာတိုပေစများ


bl


အပြာကားစွဲလမ်းခြင်း








ကုထုံး



အပြာကားစွဲလမ်းမှုပြဿနာ အဖြေရှာ

အင်တာနက်မပေါ်မှီခေတ်ကာလက အပြာဇာတ်လမ်းတွေဟာ တစ်သက်တာလူပျိုကြီးတွေနဲ့ အထီးကျန်အမျိုးသားတွေအတွက်ပဲ စိတ်ဖြေစရာတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုခေတ်လို World Wide Web ထွန်းကားလာပြီး သတင်းအချက်အလက်နဲ့ ဖျော်ဖြေရေးတွေ လက်တကမ်းရယူနေနိုင်ချိန်မှာ လိင်အသားပေးအပြာဇာတ်လမ်းတွေရဲ့ ကိစ္စကလည်း ပိုမိုကျယ်ပြန့်လာနေပါပြီ။

အပြာကားစွဲလမ်းခြင်း
အပြာကားတွေကို မကြည့်ရမနေနိုင်အောင် စွဲလမ်းတဲ့အခြေအနေကို လောင်းကစားစွဲတာ၊ အရက်စွဲတာတို့လို စိတ်အခြေအနေမူမမှန်မှုတစ်ခုအဖြစ်နဲ့ သတ်မှတ်ထားခြင်းမရှိသေးပေမယ့် အရေးတကြီးဆွေးနွေးရမယ့် အခြေအနေတော့ ဖြစ်နေပါပြီ။ အမျိုးသားတစ်ယောက်အနေနဲ့ အပြာဇာတ်လမ်းတွေကို တရားလွန်စွဲလမ်းမှု လွန်ကဲနေမှုရှိမရှိကို သိနိုင်ဖို့ဆုံးဖြတ်ရမှာက အခြားစွဲလမ်းမှုတွေနဲ့တူညီပါတယ်။ အပြာဇာတ်လမ်းတွေ ကြည့်တာ၊ ဖတ်တာ၊ စဉ်းစားတာတွေကို သင့်ရဲ့အလုပ်အကိုင်၊ လူမှုဆက်ဆံရေးနဲ့ မိသားစုဘဝအတွက် အနှောက်အယှက်ဖြစ်လာပြီဆိုရင် ပြဿနာရှိနေပါပြီ။ တချို့သော အပြာကားစွဲလမ်းသူတွေဟာ အပြာကားကြည့်ပြီးလှုံ့ဆော်မှုမရှိရင် ချစ်တင်းနှောဖို့တောင်မှ အခက်အခဲရှိနေတတ်ပါတယ်။ ဒီအခြေအနေကတော့ တော်တော်ဆိုးရွားနေပြီလို့ ဆိုနိုင်ပါတယ်။ တချို့လူတွေဟာ အပြာကားတွေကို စိတ်အားထက်သန်စွာနဲ့ ရှာဖွေကြပါတယ်။ ဒီလိုဖြစ်ရတာဟာ ခဏတာစိတ်သာယာဖို့မဟုတ်ပဲ စိတ္တဇတစ်ခုလို့ အစွဲတစ်ခုဖြစ်နေလို့ပဲ ဖြစ်ပါတယ်။

ဘေးထွက်ဆိုးကျိုးများ
လေ့လာမှုတွေအရ တွေ့ရှိထားတဲ့ ဆိုးကျိုးတွေကတော့ အပြာကားစွဲလမ်းသူတွေရဲ့ ထက်ဝက်လောက်က သူတို့ရဲ့လိင်ဆက်ဆံဖက်တွေနဲ့ ချစ်တင်းနှောမယ်ဆိုရင်တောင် လိင်တံထောင်မတ်ခြင်းမရှိဖြစ်နေတတ်တယ်လို့ ဆိုပါတယ်။ တစ်ချို့တွေကတော့ အပြာကားကြည့်နေချိန်မှာ စိတ်ထကြွနေပေမယ့် တကယ်လက်တွေ့လုပ်မယ်ဆိုရင် စိတ်မပါတာမျိုးဖြစ်နေတတ်ပါတယ်။ ဒါ့ကြောင့် အပြာကားစွဲလမ်းမှုဟာ လက်တွေ့ဘဝအိမ်ထောင်ရေးကို ထိခိုက်စေနိုင်ပါတယ်။

အလွယ်တကူရရှိနိုင်မှု
အခုခေတ်မှာ အပြာရုပ်ရှင်တွေ၊ စာအုပ်တွေက လက်တကမ်းထက်တောင်မှ ပိုပြီးနီးနီးကပ်ကပ်ရှိနေပါတယ်။ အရင်ကလို အပြာရုပ်ရှင်တွေရောင်းတဲ့ဆိုင်ထဲကို မရဲတရဲသွားစရာမလိုတော့သလို နှစ်သက်ရာအမျိုးအစားကို စိတ်ကြိုက်ရွေးချယ်ရယူနိုင်တဲ့ အခွင့်အရေးရှိနေပြီဖြစ်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အဓိကအကြောင်းရင်းခံက အင်တာနက်ကြောင့်လို့ ဆိုနိုင်ပါတယ်။ လေ့လာမှုစစ်တမ်းတွေအရ အသက်(၁၀)နှစ်ကနေ (၁၇)နှစ်အတွင်း အင်တာနက်သုံးစွဲသူ လူငယ်တွေရဲ့ (၄၂)ရာခိုင်နှုန်းဟာ လိင်အသားပေးအပြာအကြောင်းအရာတွေနဲ့ ပတ်သက်မှုရှိနေတယ်လို့ ဆိုပါတယ်။

စိတ်ဝင်စားမှုမြင့်တက်လာခြင်း
အရက်စွဲနေသူတွေက တဖြည်းဖြည်းနဲ့ အရက်ပမာဏများများကို ပိုသောက်လာသလိုပါပဲ။ အပြာကားစွဲလမ်းသူတွေဟာလည်း ပိုပြီးအစွန်းရောက်၊ သာမန်မဟုတ်တဲ့ လိင်ဆက်ဆံမှုပုံစံတွေကို ပိုတောင့်တလာကြပါတယ်။ ဒီလို စိတ်ကူးယဉ်ဆန်တဲ့အကြောင်းအရာတွေကို ပိုမိုစွဲလမ်းလာတာက တကယ့်လက်တွေ့ဘ၀ အိမ်ထောင်ရေးနဲ့ လိင်မှုရေးရာမှာ ထိခိုက်စေနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုထားပါတယ်။ ဘာကြောင့်လဲဆိုတော့ တကယ်လက်တွေ့ဘဝမှာ အပြာရုပ်ရှင်တွေထဲကလို ဖြစ်လာမှာ မဟုတ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

ကုထုံး
ဒီလို အပြာကားစွဲလမ်းမှုကို ပျောက်ကင်းစေဖို့အကောင်းဆုံးနည်းလမ်းကတော့ ကုသနိုင်မယ့် ကျွမ်းကျင်ပညာရှင်နဲ့ သွားရောက်တွေ့ဆုံဆွေးနွေးကြည့်ဖို့ပဲဖြစ်ပါတယ်။ လိင်စွဲလမ်းခြင်းနဲ့ အပြာကားစွဲလမ်းခြင်းတို့ကို စိတ်ရောဂါတစ်ခုအနေနဲ့ သတ်မှတ်ထားခြင်းမရှိပေမယ့် လူတစ်ယောက်ရဲ့ လိင်မှုရေးရာနဲ့ လူမှုရေးကို ထိခိုက်စေနိုင်တာကြောင့် ဂရုစိုက်ဖို့လိုပါတယ်။ စိတ်ပညာရှင်တွေ၊ စိတ်ရောဂါကုဆရာဝန်တွေက ဒီလိုစွဲလမ်းမှုတွေကို သက်သာသွားအောင် ဆွေးနွေးကုသပေးနိုင်ပါတယ်။

CV နဲ့  Resume ဘာကွာခြားသလဲ

  
CV နဲ့  Resume ဘာကွာခြားသလဲကျွန်တော်တို့ တွေ့ နေရတဲ့ အလုပ်ခေါ်စာတွေ မှာ တစ်ခါ တစ်ရံ CV နဲ့ လျှောက်ခိုင်းပြီး တစ်ခါ တစ်ရံ Resume နဲ့ လျှောက်ခိုင်းတာမျိုး တွေ့ ရပါတယ်..လူတော်တော်များများကတော CV နဲ့  Resume ကို တူတူလို့ ထင်ပြီး တင်လိုက်ကြတာပါပဲ ..ကျွန်တော်လည်း အဲ့လို မျိုး တင်ခဲ့မိတာ တော်တော်များပါတယ်..အယင်ကဆို နားလည်ထားတာက CV ဆိုတာ British usage, Resume ဆိုတာ US usage ဆိုပြီးတောင် ထင်ထားမိတာပါ။အခုနောက်ပိုင်းကျမှ CV နဲ့  Resume မတူတာကို ပိုပြီးနားလည်လာပါတယ်…. CV နဲ့  Resume မှာ ကွဲပြားခြားနား ချက်တော်တော် ရှိပါတယ်..တူမလို ထင်ရပေမယ့် တကယ်တော့ မတူပါဘူး…
CURRICULUM VITAE သို့  ‘CV’
CV ဆိုတာ Latin စကားအရ “Course of Life” လို့ ဖွင့် ဆိုထားပါတယ်…. သူ က Professional documentation တစ်ခုဖြစ်ပြီး သူ့ အထဲမှာ CV ပိုင်ရှင် ရဲ့  အချက်အလက် အသေးစိပ်ပါပါတယ်… ပုံမှန် ပြည့်စုံတဲ့ CV တစ်ခုမှာ CV ပိုင်ရှင်ရဲ့ ပညာရေး၊ သင်ကြားရေး အတွေ့ အကြုံ၊ သုတေသနအတွေ့ အကြုံ၊ စာတမ်းပြုစုထားမှု၊ စာတမ်း တင်ပြထားမှု၊ ဆု၊ ဘွဲ့ ထူး များ ရရှိထားမှု၊ scholarship ထောက်ပံ့ခံရမှု စတဲ့အသေးစိပ်အချက်အလက်များပါပါတယ်…သင့် အနေနဲ့ Linkedin profile ကို သုံးပါက သတိထားမိမှာပါ… Linkedin ရဲ့  format က CV format ကို ယူထားတာပါ။
RESUME ခေါ် ‘Résumé’
လူတော်တော်များများက resume လို့ ဆိုလိုက်ယင် CV လို့ ထင်ကြပါတယ်… အခုနောက်ပိုင်း company တော်တော် များများ ရဲ့  HR သမားတွေက Resume စတိုင်နဲ့ ရေးထားတဲ့ အလုပ်လျှောက်လွာတွေကို ပိုပြီးသဘောကျလာပါတယ်..
Resume မှာ ပါဝင်တာကတော့ သင့်ရဲ့ လုပ်ငန်းအတွေ့ အကြုံ များ ၊ ကျွမ်းကျင်မှုများ၊ လျှောက်မည့် အလုပ်နဲ့ ကိုက်ညီမယ့် လုပ်ဆောင်နိုင်ရည်များ စသည်တို့ ပါဝင်ပါတယ်… သူ့ ကို ကြည့်လိုက်တာ နဲ့  သင့် ရဲ့ အရည်အချင်း ကျွမ်းကျင်မှုများနဲ့ လျှောက်တဲ့ အလုပ်ကိုက်ညီမှု ရှိမရှိကို သိနိုင်ပါတယ်…

အဓိကကွာခြားချက်များ

အဓိကကွာခြားချက်များကို သိထားခြင်းဖြင့် အလုပ်ခေါ်စာကိုကြည့်ပြီး ဘာကို တင်သင့်လဲ ဆိုတာ သိရှိလာမှာပါ။

CV အသုံးပြုရမည့် နေရာများ
CV ရဲ့ သဘောသဘာဝအရ အသေးစိပ်ကျမှုကို ဦးစားပေးပါတယ်… အဲ့ဒါဆို CV ကို အဓိက လိုတဲ့အလုပ်တွေက ပညာရေးနဲ့ ဆိုင်တဲ့ အလုပ်တွေ များတတ်ပါတယ်..ဥပမာ professor တစ်ယောက် က university တစ်ခုမှာ လျှောက်မယ်ဆိုယင် သူ့ ရဲ့  education life တစ်လျှောက် အလုပ် လုပ်နေတဲ့ ကာလတစ်လျှောက် ဘာ သုတေသနတွေ လုပ်ခဲ့လဲ…ဘာ ဆုတွေ ရခဲ့လဲ..ဘယ်ကျောင်းတွေမှာလုပ်ခဲ့လဲဆိုတဲ့ အသေးစိပ်အချက်အလက်တွေ လိုအပ်ပါတယ်..
ကျောင်းအလုပ်တွေအပြင် CV ကို အတောင်းများတဲ့ လုပ်ငန်းတွေကတော့ မိမိရဲ့ နောက်ကြောင်းကို အသေးစိပ် သိဖို့ ရာလိုအပ်တဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်..ဥပမာ တပ်မတော်အရာရှိ၊ ရေနံတွင်း အင်ဂျင်နီယာ၊ အစိုးရ အရာရှိ။ စသည်တို့ ပါ။

အလားတူ စကော်လာရှစ်တော်တော်များများနဲ့ ကျောင်းဝင်ခွင့်တော်တော်များများက CV ကို တောင်းလေ့ ရှိပါတယ်…

Resume ကတော့ အလုပ် ရှာသူတော်တော်များများ အတွက် မရှိမဖြစ် ရှိရမယ့် အရာပဲဖြစ်ပါတယ်.. Resume မှာ သင့် ရဲ့  ပညာအရည်အချင်းပါမယ်… အလုပ် အတွေ့ အကြုံပါမယ်… အဲ့ဒီ ပညာအရည်အချင်းနဲ့ အတွေ့ အကြုံကို ဖော်ပြရာမှာ ရှိသမျှ ပညာ အရည်အချင်း အတွေ့ အကြုံများကို ဖော်ပြစရာမလိုပါ။ ကိုယ်လျှောက်မယ့်အလုပ်နဲ့ ကိုက်ညီတဲ့အရာများကို သာ ဖော်ပြရပါမယ်….အလုပ်လျှောက်သူတော်တော်များများကို Resume ကို သေချာ မရေးကြပါဘူး…အလုပ် အမျိုးအစားပေါ်မူတည်ပြီးကိုယ့်ရဲ့  resume က ပြောင်းလဲ မှု ရှိရမှာပါ…အခုအခါမှာ Resume ကို profit ကော non-profit အဖွဲ့ အစည်းတွေမှာ တော်တော် များများ သုံးလာကြပါတယ်…အလုပ်ရှင်တွေအနေ နဲ့ လဲ Resume ကို ပိုပြီး တောင်းဆိုလာကြပါတယ်..

အောက်မှာ ဖော်ပြထားတာတွေကတော့ CV နဲ့ Resume မှာ ပါဝင်ရမယ့် အချက်တွေပါပဲ။CV တစ်ခုနဲ့ တစ်ခု ဖွဲ့ စည်း တည်ဆောက်ပုံကွာခြားတတ်ပါတယ်။ ဒါပေမယ့် အဓိက ပါဝင်ရမယ် အချက်တွေကို အောက်မှာ ဖော်ပြထားပါတယ်။

1. Name and contact information (အမည်နှင့် ဆက်သွယ်ရန်လိပ်စာ)
2. Areas of interest (မိမိ စိတ်ဝင်စားသော လုပ်ငန်းနယ်ပယ်)

3. Education, Thesis and Dissertations (ပညာအရည်အချင်း၊ စာတမ်းပြုစုထားပါက ပြုစုထားသော စာတမ်း)

4. Grants, Honors and Awards (ရရှိခဲ့ဘူးသော ဆုများ၊ ဘွဲ့ ထူးများ)

5. Publications and presentations (ဖြန့် ချည် ခဲ့ဘူးသော စာတမ်းများ)

6. Employments and Experience till date. (လုပ်ခဲ့သော အလုပ်အကိုင်များနှင့် အတွေ့ အကြုံများ)

7. Scholarly and Professional memberships (မင်ဘာ ၀င်ရောက်ထားသော အသင်းအဖွဲ့ များ)

8. References and Citations (though very rare) (အပေါ်မှ အချက်များကို ထောက်ခံပေးနိုင်တဲ့ အချက်အလက်များ) Resure မှာဆိုယင်တော့ CV ကဲ့သို့ အသေးစိပ် ဖော်ပြခြင်း မျိုး သိပ်မရှိတတ်ပါဘူး။ Resume တစ်ခု မှာ ပါသင့်တဲ့အချက်တွေကို အောက်မှာဖော်ပြထားပါတယ်။

1. Name and contact information (အမည်နှင့် ဆက်သွယ်ရန်လိပ်စာ)
2. Education (ပညာ အရည်အချင်း)

3. Work experiences (လုပ်ငန်း အတွေ့ အကြုံ)

4. Relevant skills and expertise (လျှောက်မည့် အလုပ်အကိုင်နှင့် ပက်သက်သော ကျွမ်းကျင်ပိုင်နိုင်မှု)

ကိုဟိန်း (Prospect Myanmar)

ဘဝ၏အချစ်ဆုံးသူ

  
  ……ဒေါက်

……ဒေါက် 

……ဒေါက်
 ဆူညံနေတဲ့ စာသင်ခန်းတစ်ခုလုံး တိတ်ဆိတ်သွားတယ်။သူတို့လေးစားရတဲ့ဆရာ ဝင်လာတာမို့ပါ။ဆရာ့အချိန်ဆို သာမာန်ထက် ကျောင်းသားဦးရေ ပိုများတတ်တယ်။ဆရာဟာ ကျောင်းသားဗဟိုပြု အတွေးခေါ်ဆိုင်ရာ အပြင်ဗဟုသုတလေးတွေ ပြောဆိုသင်ကြားတတ်လို့ ကျောင်းသားတွေ ပိုစိတ်ဝင်စား ပျင်းစရာ မကောင်းလို့ဖြစ်မယ်။

တခါတလေ ဆရာ့အချိန်တချို့မှာဆိုရင် text book ထဲကဟာ တစ်လုံးမှမပါ။ စဉ်းစားစရာ ပုံပြင်လေးတွေ ပြောရင်းသာ ပြီးသွားတယ်။ကဗျာလေးတွေ ဟာသလေးတွေနဲ့လည်း ကုန်ဆုံးသွားတတ်ပါတယ်။ဒါကြောင့် ကျောင်းသားတွေဟာ ဆရာကို ကြောက်လန့်မနေဘဲ ချစ်ခင်ရိုသေကြတယ်…။

”မင်္ဂလာပါ ဆရာ”
“မင်္ဂလာပါ လူကြီးမင်းတို့…!”
ဆရာဟာ ကျောင်းသားတွေကို ဘယ်တုန်းကမှတပည့်တွေလို့ မခေါ်ဘူး…။

”လူကြီးမင်းများ”လို့သာနုတ်ဆက်တတ်တယ်။
”ဆရာနဲ့ ကျောင်းသားဆိုတာ အပြန်အလှန် သင်ကြားနေသူတွေလို့” တခါတုန်းက သူ့ခံယူချက်ကို ပြောပြဖူးတယ်။

”ဒီနေ့တော့ လူကြီးမင်းတို့ထဲက ရိုးသားပြီး စိတ်ခိုင်တဲ့သူတစ်ဦး state ပေါ်လာခဲ့ပေးဖို့ အကူညီတောင်းပါရစေ”

”ဟေးးးးရွှီးးးးးးးးးး
 ဖြောင်းးးးးးးးဖြောင်းးးးးးးးး”
ဆရာစကားအဆုံးမှာ ကျောင်းသားတွေအားလုံး သဘောကျသွားတယ်။ဒီနေ့ ဆရာစာမသင်တော့မှာ သေချာပြီလေ။

”သမီးကို ကူညီခွင့်ပြုပါ ဆရာ” 
ဆိုတဲ့ အသံနဲ့အတူ ရှေ့ဆုံးအတန်းမှာ ထိုင်နေတဲ့သွက်လက်ပြီး သတ္တိရှိပုံရတဲ့ ကျောင်းသူတစ်ဦးလက်ကလေးထောင်ပြီး ‘ထ’လာတယ်။

”ဖြောင်းးးးဖြောင်းးးဖြောင်းးးးး”
ဆရာအပါအဝင် အခန်းထဲက ကျောင်းသားတွေအားလုံး ကျောင်းသူလေးရဲ့ ရဲရင့်မှုကို ဂုဏ်ပြုပေးလိုက်ကြတယ်…။
နောက်တော့
state ပေါ်ရောက်လာတဲ့ ကျောင်းသူလေးကို ဆရာဟာ မြေဖြူတောင့် ကမ်းပေးလိုက်တယ်။ အားလုံး ဆရာလုပ်သမျှကို စိတ်ဝင်တစားကြည့်နေကြတယ်။

”Blackboard မှာ သမီးဘဝရဲ့ အချစ်ဆုံးသူငါးဦးကို ရေးလိုက်ပါ သမီး”

”ဟုတ်ကဲ့”
၁။မိဘ
၂။ချစ်သူ
၃။မောင်လေး
၎။အခန်းဖော်
၅။သူငယ်ချင်း
”ဝိုးးးးးဟားးးးးးးဟီးးးးးး”
ကျောင်းသူလေးရေးအပြီးမှာ တခန်းလုံးပွဲကျသွားတယ်။
”ဟုတ်ပြီသမီး…။
သမီးစိတ်ထဲမှာ ဒီချစ်ရတဲ့သူတွေအားလုံးနဲ့ ခရီးတစ်ခုထွက်ရတယ်လို့ ဆက်တွေးကြည့်ပါဦး…!”
”ဟုတ်ဆရာ
ဟိ…ဟိ မျက်စိထဲတောင်ပေါ်လာနေပြီ”
ကျောင်းသူလေးနည်းတူ အားလုံးစိတ်ထဲမှာလည်း ကိုယ်ချစ်ရသူတွေနဲ့ ခရီးထွက်နေရလိုတွေးမိပြီြး ပုံးရောင်သန်းနေကြတယ်။

ခဏနေတော့ ဆရာက ဆက်ပြောတယ်။
”လမ်းမှာသမီးတို့ accident ဖြစ်တယ်ဆိုပါဆို့!အဲဒိထဲက တစ်ဦး မဖြစ်မနေ သေရမယ်ဆိုရင် သမီးဘယ်သူ့ကိုရွေးမလဲ”
”ရှင်…!”

ကျောင်းသူလေးရဲ့တအံ့တသြရေရွတ်သံနဲ့အတူအားလုံးဟာ ထိတ်လန့်တကြား ဆရာ့ကိုကြည့်မိတော့တယ်…။ထို့နောက်မှာတော့ ကျောင်းသူလေးဟာ လက်ထဲကဖြေဖြူ နဲ့
၎။အခန်းဖေါ်
ဆိုတဲ့နေရာကိုကြက်ခြေခတ်လိုက်တယ်။ဆရာထပ်ပြောပြန်တယ်။”accident မှာ အသက်ရှင်ကျန်တဲ့သူတွေ အားလုံးဟာလည်း သေလုမျောပါးဒဏ်ရာရကုန်ကြတယ် ဆိုပါစို့…။ 

ခဏနေတော့ လူနာတင်ကား ရောက်လာတယ်။ဒါပေမယ့် ကားနဲ့မဆန့်လို့ သုံးဦးသာ သမီးအနေနဲ့ ရွေးချယ်ခွင့်ရှိမယ်ဆို ဘယ်သူ့ကို ထားရစ်ခဲ့မလဲ?”
ကျောင်းသားကျောင်းသူအားလုံးစိတ်ထဲမှာ  accidentကြီးပဲ တကယ်ဖြစ်နေသလိုလို… အားလုံးရွေးချယ်ရခက်တဲ့ အခြေအနေအတွက် သူတို့စိတ်တွေ နောက်ကျိရှုပ်ထွေးလာကြတယ်…။
၅။သူငယ်ချင်း
ဆိုတဲ့နေရာကို ကြက်ခြေခတ် ထပ်ခတ်လိုက်ပြီးတဲ့နောက်မှာတော့ ကျောင်းသူလေးဟာ မျက်ရည်တွေ ဝဲတတ်လာတယ်။ ဒါပေမယ့် ဆရာဟာ သူ့စကားကို ဆက်ပြောပြန်တယ်။

”သူတို့ အားလုံးဟာ အရေးပေါ်အခြေနေမို့ အသက်ကယ်ဆေးမဖြစ်မနေထိုးပေးဖို့လိုအပ်တယ်။မဟုတ်ရင် လမ်းပေါ်မှာတင် အသက်ဆုံးရှုံးတော့မှာ ဖြစ်တယ်။ကံဆိုးချင်တော့ အရေးပေါ်အသက်ကယ်ဆေးက နှစ်လုံးတည်းပဲ ပါလာတယ်ဆိုရင် ဘယ်သူကို
သမီးထပ်ပြီး အဆုံးရှုံးခံဦးမလဲ”
”ဟာ”
စာသင်ခန်းထဲရှိ ကျောင်းသားအားလုံး ဆို့နင့်ကုန်ကြတယ်။ ဆရာ့စကားသံဟာ သူတို့နှလုံးသားတွေကို တရစ်ရစ် ဖျစ်ညှစ်နေသလိုလို……။
ဖြစ်နိုင်ရင် ဆရာ့စာသင်ချိန်ပြီးချင်လှပြီ……။
”ခွင့်မလွှတ်ပါနဲ့……ခွင့်မလွှတ်ပါနဲ့………” လို့ ကျောင်းသူလေးဟာ သူမနုတ်ကလည်း တတွတ်တွတ်ရွတ် မျက်ရည်တွေကျနေရင်းက

၃။မောင်လေး  ဆိုတဲ့နေရာမှာ မြေဖြူ ကိုင်ထားတဲ့ သူမလက်ကို လှုပ်ရမ်းလိုက်တယ်။

”သမီးရဲ့မောင်လေးကို ကားပေါ်မှာတင် အသက်ဆုံးရှုံးလိုက်ရတယ်။”
”ရှင်…”
” အဟင့်…ဟင့်”
ကျောင်သူလေး ဆရာ့စကားကြောင့် ငိုလေပြီ။
ဆရာ့စကားသံ ထွက်လာတာကိုပင် အားလုံးစိတ်ထဲ မနှစ်မြို့တော့…။
သူတို့အားလုံးစာသင်ခန်းနဲ့ဝေးရာကို ပြေးထွက်ချင်လောက်အောင် မွန်းကြပ်နေကြပြီ။တချို့လည်း မျက်ရည်တွေစီးကျလို့…။
ဆရာဆက်ပြောပြန်တယ်။
”ဆေးရုံကိုရောက်တဲ့အခါ နှစ်ဦးစလုံးဟာ ချက်ချင်း ခွဲစိတ်ခန်းဝင်နိုင်ဖို့ လိုအပ်တယ်။ ခက်တာက ဆေးရုံမှာ အရေးပေါ်ခွဲစိတ်ခန်းက တစ်ခုထဲရှိတယ်။ ဒီလိုဆို သမီးဘယ်သူ့ကို သေစေဖို့ ချန်ထားခဲ့ဦးမလဲ”
”အီး…ဟီးးးးးးးး
ဆက်မရွေးလို့မရတော့ဘူးလား
ဆရာရယ်။ သမီးဘယ်လို့မှမခံစားနိုင်တော့လို့ပါ။
တောင်းပန်ပါတယ်နော်………”
ကျောင်းသူလေး ရိုက်ကြီးတငင်ငိုပြီး တောင်းပန်ပေမယ့် ဆရာဟာ သူ့ခေါင်းကိုဖြေညှင်းစွာ ခါရမ်းလိုက်တယ်…!
”ဟင်………”
အခန်းထဲက ကျောင်းသားတွေအားလုံး ဆရာ့ကိုမဖြစ်စဖူး နာနာကျည်းကျည်း လှမ်းကြည့်မိတယ်။ 
ဒါပေမယ့် သူတို့နုတ်ကတော့ ဘာသံမှမထွက်ကြ…။
တစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီးေ။ ကျာင်းသူလေး ဘာဆက်လုပ်မလဲဆိုတာကိုသာ သူတို့ ရင်တထိတ်ထိတ် စောင့်မျှော်နေကြတယ်။
”အားးးးးးးးးးးး”
ကျောင်းသူလေးဟာ အရုပ်ကြိုးပြတ် ထိုင်ချလိုက်တော့တယ်။နာကြင်မှုကြောင့် သူမ မျက်လုံးများဟာ ကြောင်စီနေတယ်။အဆုံးစွန်ထိလောင်ကြွမ်းပြစ်လိုက်ရတဲ့ မီးစာလို…။Blackboard ကို အားလုံး ထိတ်လန့်တကြားလှမ်းကြည့်မိတော့
၁။မိဘနေရာမှာ ကြက်ခြေခတ်ကလေး…!
…ဒေါက်

…ဒေါက်  
…ဒေါက်”
ဆရာစာသင်ခန်းမှ ပြန်ထွက်ခွါသွားလေပြီ…။
ကျောင်းသူကျောင်းသားအားလုံး ဘယ်သူမှဆရာ့ကို မနုတ်ဆက်မိကြ……

လေးစားလျက်။

zar ni nyunt lwin

” ငွေကသင့်ငွေဖြစ်ပေမဲ့ သံယံဇာတ အရင်းအမြစ်က လူ့အဖွဲ့အစည်း ပိုင်ဖြစ်တယ် “

  
ဂျာမဏီ နိုင်ငံမှာ အစားအသောက်တွေမှာပြီး ကုန်အောင်မစားဘဲ ပစ်စလက်ခတ် ချန်သွားတဲ့ မြန်မာတွေကို (Social Security Guard)ရောက်ချလာပြီး ဒဏ်ငွေ 50 Mark ဆောင်ခိုင်းပြီး ပြောသွားတဲ့ စကား ….

” ခင်ဗျားတို့စားနိုင်သလောက်အစားအသောက် ကြိုက်တာကို ကြိုက်သလောက် မှာစားလို့ရတယ်၊ ငွေကြေးဥစ္စာ ဆိုတာ ခင်ဗျားတို့ ပိုင်ဆိုင်တဲ့အရာတော့ ဟုတ်တယ်၊ဒါပေမဲ့ သံယံဇာတအရင်းအမြစ် ဆိုတာ အများပိုင်ဥစ္စာဖြစ်တယ်၊ ဆာလောင်မွတ်သိပ်နေတဲ့သူတွေ အများကြီးပဲ ရှိနေကြတယ်၊ခင်ဗျားတို့ သံယံဇာတတွေကိုတော့ ပစ်စလက်ခတ် လုပ်စရာအကြောင်းမရှိဘူး ” …တဲ့။

သြော် … ဒါကြောင့်လဲ ဂျာမနီ ဥရောပမှာ အချမ်းသာဆုံး အတိုးတက်ဆုံးဖြစ်တဲ့အပြင်ဒေဝါလီခံကာနီး ဒုက္ခရောက်နေတဲ့ ဂရိလိုနိုင်ငံတွေ ကယ်တင်နိုင်ခဲ့တယ်…
ဆီးရီးယား လစ်ဗျားက စစ်ပြေးဒုက္ခသည် တစ်သန်းလောက် လက်ခံပြီးကျွေးထားနိုင်တယ်…။မြန်မာတချို့ အစားအသောက် ကုန်အောင်စားရင် ခေတ်မမီဘူးထင်ကြတယ်။

( အလှူအိမ်တွေသွားကြည့် ပိုသိသာပါတယ် )

အမျိုးသမီးလေးတွေဆိုရင် ပိုဆိုး…

မြန်မာတွေ ပြင်ကြရမယ့် အကျင့်တွေကတော့ အများကြီးပါ….။

“Money is yours but resources belong to the society”
” ငွေကသင့်ငွေဖြစ်ပေမဲ့ သံယံဇာတ အရင်းအမြစ်က လူ့အဖွဲ့အစည်း ပိုင်ဖြစ်တယ် ”
+++++++++++++++++++

Credit ~ ထူးခြားဖြစ်စဉ်

အောင်မြင် ချမ်းသာတဲ့သူ အများစုကျင့်သုံးလေ့ရှိတဲ့ နေ့စဉ်အမူအကျင့်များ

  
အောင်မြင်တိုးတက်ပြီး ချမ်းသာအောင် လုပ်ဖို့ဆိုတာ အပြောလွယ်သလောက် အလုပ်အင်မတန် ခက်ပါတယ်။ ငွေကြေးချမ်းသာပြီး အောင်မြင်နိုင်မယ့်နည်းလမ်းတွေအကြောင်းရေးသားထားတဲ့ စာအုပ်မျိုးစုံ၊ သင်တန်းမျိုးစုံရှိနေပေမဲ့ လက်တွေ့အောင်မြင်တဲ့ သူက ၁ ရာခိုင်နှုန်းလောက်တောင်မရှိပါဘူး။ သူတို့ ဘာလို့အောင်မြင်လာကြတာလဲ။သေချာတာကတော့ သူတို့မှာ စိတ်တန်ခိုးတွေ ရှိနေလို့မဟုတ် ပါဘူး။သူတို့က ချမ်းသာစေမယ့် အမူအကျင့်တွေကို တန်ဖိုးထားကျင့်သုံးကြလို့ပဲ ဖြစ်ပါတယ်။ သူတို့ကျင့်သုံးတဲ့ အမူအကျင့်တွေကတော့-…..(၁)သူတို့ကို သူတို့ မေးခွန်းထုတ်ပြီး စိန်ခေါ်မှုတွေကို ရဲရဲရင်ဆိုင်ပါတယ်။ ဘာလုပ်သင့်လဲ ။ဘာဖြစ်လာနိုင်မလဲဆိုတာကို ကြိုတင်ဆန်းစစ်ပြီး ဘယ်လိုကိစ္စမျိုးကြုံလာလာ မဖြစ်ဖြစ်အောင်လုပ်လေ့ရှိပါတယ်။
(၂)အနာဂတ်မှာပဲ အမြဲနေထိုင်တတ်ပါတယ်။အတိတ်က ဖြစ်ခဲ့တာကို သင်ခန်းစာယူပြီး အနာဂတ်အတွက်မျှော်မှန်း အကွက်ချဆောင် ရွက်တတ်ပါတယ်။ သူများထက် အခွင့်အရေးပိုရအောင် ရှေ့ကို မျှော်ပြီးကြည့်ခြင်းဖြစ်ပါတယ်။
(၃)နေ့စဉ် လေ့ကျင့်ခန်းပုံမှန်လုပ်လေ့ရှိသလို ကျန်းမာရေးနဲ့ ညီညွတ်အောင်လည်း စားသောက်နေထိုင်တတ်ပါတယ်။
(၄)ပပလွှားလွှားမနေဘဲ သိုသိုသိပ်သိပ်နေလေ့ရှိတယ်။ အတတ်နိုင်ဆုံး နည်းနည်းသုံးပြီး များများစုဆောင်းတယ်။
(၅)စိတ်ခွန်အားရရှိဖို့အတွက် အတွေးအခေါ်တိုးတက်စေဖို့ နေ့စဉ်စာဖတ်လေ့ရှိတယ်။
(၆)အသစ်အဆန်းတစ်ခုခုကို နေ့စဉ်လေ့လာသင်ယူနိုင်အောင် ကြိုးစားတယ်။
(၇)သူတပါးကို ကျေးဇူးတင်ကြောင်းသိအောင် ပြတတ်တယ်။ကိုယ့်ဘက်က သူများရဲ့ အသိအမှတ်ပြုမှုကို လိုချင်တဲ့အတွက် သူများရဲ့လုပ်ဆောင်ချက်အပေါ်မှာလည်း အလေးအနက်ထား တုံ့ပြန်လေ့ရှိတယ်။
(၈)TV တွေ ၊လူမှု မီဒီယာတွေနဲ့ အချိန်ကုန်ခံနေလေ့မရှိဘူး။ ကိုယ့်ဘ၀ တိုးတက်စေမယ့် အတွေးအခေါ် အကြံအစည်တွေနဲ့ အချိန်ဖြုန်းရတာ ပိုတန်ဖိုးရှိတယ်လို့ ခံယူထားတတ်ကြတယ်။
(၉)မနက်စောစော အိပ်ယာထတတ်တယ်။ မနက်စောစောထတဲ့အတွက် ဦးနှောက်က ကြည်လင်လန်းဆန်းနေပြီး နုပျိုလတ်ဆတ်နေတဲ့အတွက် ဖန်တီးနိုင်စွမ်းနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေ၊ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ဖို့အတွက် မနက်ခင်းအချိန်က အကောင်းဆုံးဖြစ်တယ်ဆိုတာကို သိရှိလက်ခံထားတတ်ကြတယ်။
(၁၀)နေ့တိုင်း မိတ်ဆွေသစ်တစ်ဦး ရအောင်ရှာလေ့ရှိတယ်။ မိတ်ဆွေဆိုတာ စိတ်ဓာတ်ခွန်အားတင်မက အကြံကောင်း နည်းလမ်းကောင်းကိုပါ ညွှန်ပြပေးနိုင်တဲ့သူတွေလို့ယူဆပြီး မိတ်ဆွေကောင်း ရှာလေ့ရှိတယ်။
Photo Credit : usnews
Posted By : Wai Phyoe

“ကိုယ့်ကိုယ်ကိုယ် ပျက်စီးစေနိုင်သော အချက် ၇ ချက် နှင့် ၄င်းအချက်များကို ကျော်ဖြတ်နိုင်မယ့် နည်းလမ်းများ”

  
“ကိုယ့်ကိုယ်ကိုယ် ပျက်စီးစေနိုင်သော အချက် ၇ ချက် နှင့် ၄င်းအချက်များကို ကျော်ဖြတ်နိုင်မယ့် နည်းလမ်းများ”(The 7 Self Sabotages And How To Overcome Them) 

(အေးအေးဆေးဆေး အချိန်ပေးနိုင်တဲ့အချိန်မှ ဖတ်ပါ။)
သင့်မှာ ဒီအချက်တွေထဲက တစ်ခုခုရှိနေရင် ကိုယ့်ကိုယ်ကိုယ် မရည်ရွယ်ပဲ ဖျက်ဆီးမိသူ ဖြစ်နေနိုင်ပါတယ် … 
အဲဒါတွေကတော့ … 
1. I don’t know what I really want
ကိုယ်လိုချင်တာ ဘာမှန်းမသိတာ

2. I don’t deserve it
ကိုယ့်ကိုယ်ကိုယ် လိုချင်တာနဲ့ မထိုက်တန်ဘူးထင်တာ

3. I don’t have time, money or resources.
ကိုယ့်မှာ အချိန်၊ ငွေနဲ့ လိုတဲ့ အရင်းအမြစ်တွေ မရှိဘူးထင်တာ

4. It’s too difficult
ကိုယ်လိုချင်တာဖြစ်ဖို့ အရမ်းခက်တယ်လို့ ထင်တာ

5. I have to do it my way
ဘယ်သူ့အကြံဥာဏ်မှ မယူပဲ ကိုယ့်ဟာကိုယ်ပဲ လုပ်မယ်စဉ်းစားတာ

6. They don’t want me to …
ကိုယ်ဖြစ်ချင်တာထက် အခြားသူတွေ ဖြစ်ချင်တာပဲ စဉ်းစားတာ

7. I am afraid
ဆုံးရှုံးရမှာကို လိုတာထက် ပိုကြောက်တာ

……………………………………………………………

ဒါတွေဖတ်ပြီးရင် ကိုယ့်ကိုယ်ကိုယ် တွေးကြည့်ပါ 

– သင်ရော ကိုယ့်ကိုယ်ကိုယ် ဖျက်စီးမိနေပြီလား၊
– အပေါ်ထဲက အချက်ဘယ်နှစ်ချက်တိုက်ဆိုင်လဲ၊

– ဘယ်လိုကျော်ဖြတ်မယ် စဉ်းစားလဲ၊

– အဲဒါလေးတွေ တွေးပြီးပြုပြင်ဖို့ အထောက်အကူဖြစ်စေမယ့် အချက်လေးတွေပါ တင်ပေးလိုက်ပါတယ်။ ကိုယ်နဲ့ဆိုင်တာကို ရွေးချယ်ဖတ်လို့ရပါတယ်။ မအားလပ်လို့ တစ်ဦးချင်း Reply မလုပ်ပေးနိုင်တာ ခွင့်လွှတ်စေချင်ပါတယ်။ 

========================
1. I don’t know what I really want
ကိုယ်လိုချင်တာ ဘာမှန်းမသိတာ

သင့်ဘ၀အတွက် အရေးကြီးတဲ့ ရည်မှန်းချက်များ မချမှတ်မှီ အရေးတကြီး ချက်ချင်းလုပ်ရမှာကတော့ သင်အမှန်တကယ် ဘာကိုလိုချင်သလဲဆိုတာပါပဲ။ ကျွန်တော်တို့ လူတော်တော်များများမှာ Goal Conflict တွေ ရှိပါတယ်၊ သင်သတိမထားမိတာသာ ဖြစ်ပါမယ်၊ သင်ဟာတစ်ပြိုင်တည်းမှာ အများကြီးရဖို့ ကြိုးပမ်းနေမယ်၊ ဒါမှမဟုတ် သင်ဟာ မတူညီတာတွေ အများကြီးကို တစ်ခါတည်းလိုချင်နေမယ်၊ ပြီးတော့ အဲဒီလို အာရုံပြန့်ပြားမှုတွေကြောင့် ဘာမှ မစတင်နိုင်ဘူးဖြစ်နေမယ်။ 
ဒုတိယအနေနဲ့ကတော့ သင်လိုချင်တဲ့ Goal ဟာ လက်တွေ့မကျတာပါပဲ၊ ကောင်းမွန်တဲ့ Goal တွေဟာ သင့်ဘ၀ကောင်းမွန်စွာ နေထိုင်နိုင်ဖို့ အခြားသူများ ကောင်းမွန်စွာ နေထိုင်နိုင်ဖို့ကို အထောက်အပံ့ပေးပါတယ်။ တစ်ခါတစ်ရံမှာ ကျွန်တော်တို့တွေ ချမှတ်တဲ့ Goal တွေရယ် လိုချင်တာတွေရယ်ဟာ ကိုယ့်ဟာကိုယ်ဖျက်စီးတာတွေ ဖြစ်နေတတ်ပါတယ်။ သင်ဟာ သင့်ရဲ့ ကောင်းမွန်စွာနေထိုင်မှုကို ပျက်စီးစေမယ့် အလုပ်တွေကို စတင်ဖို့ စိတ်အားတက်ကြွနေတတ်ပါတယ်။ အဲဒါကြောင့် သင့်အနေနဲ့ သင်လိုချင်တဲ့ Goal တွေရဲ့ နောက်ကွယ်မှာ တိမ်မြှုပ်နေတဲ့ အကြောင်းရင်းတွေကို သင့်ဘ၀မှာ ယုံကြည်ရသူတွေနဲ့တိုင်ပင်ပြီး သင်လိုချင်တဲ့ Goal ဟာ ကောင်းမွန်တဲ့ Goal ဟုတ် မဟုတ်နဲ့ ရအောင်ကြိုးစားသင့် မသင့်ကို တိုင်ပင်သင့်တယ်။ 
သင့်အနေနဲ့ သင့်ရဲ့ အလုံးစုံ အခြေအနေကောင်းမွန်မှု အတွက် သင့်လိုချင်တဲ့ Goal တွေကို မဖြစ်မနေ ခြုံငုံလေ့လာရပါမယ်။ ကျွန်တော်တို့ အားလုံးဟာ ကိုယ့်ဘ၀ရဲ့ အရေးကြီးတဲ့ ကဏ္ဍအားလုံးကို ပြန်လည်ဆန်းစစ်ပြီး စိတ်ပိုင်း၊ ရုပ်ပိုင်း၊ ခံစားမှု၊ ယုံကြည်သက်ဝင်မှု၊ လူမှုဆက်ဆံရေး၊ အတတ်ပညာများ တတ်ကျွမ်းမှု အစရှိသော ဧရိယာအသီးသီးအတွက် ကောင်းမွန်ပြီး မျှတမှုရှိအောင် ကြိုပမ်းရန်လိုအပ်ပါတယ်။ ယထာဘူတကျပြီး ကောင်းမွန်တဲ့ Goal တွေဟာ သင့်ဘ၀ရဲ့ ကျန်ရှိနေတဲ့အပိုင်းတွေကို ပြည့်စုံစေလိမ့်မယ်။ သင့်ရဲ့အခြား Goal တွေနဲ့ အံ့ဝင်ခွင်ကျဖြစ်လိမ့်မယ်၊ ပြီးတော့ အဲဒါတွေကြောင့် သင့်ကိုယ်သင့် တန်ဖိုးထားမှုကို မြင့်တက်လာစေလိမ့်မယ်။ ဒါ့အပြင်တော့ သင့်မှာ ဆွဲဆောင်မှုကောင်းတဲ့ Goal ရှိလေလေ သင်ရဲ့လုပ်ဆောင်မှုအရည်အသွေးတွေက မြင့်တက်လေလေပါပဲ၊ အဲဒါကြောင့် သင်ရွေးချယ်မယ့် Goal ဟာ သင့်အနေနဲ့ စိတ်အားထက်သန်ပြီးတဲ့ အရာဖြစ်ဖို့အရေးကြီးပါတယ်။ 
========================
2. I don’t deserve it
ကိုယ့်ကိုယ်ကို လိုချင်တာနဲ့ မထိုက်တန်ဘူးထင်တာ

ကိုယ့်ကိုယ်ကို လိုချင်တဲ့ ရည်မှန်းချက်နဲ့ မထိုက်တန်ဘူးထင်တဲ့ စိတ်တွေဟာ များသောအားဖြင့် မသိစိတ်ထဲကနေ လာပါတယ်။ အဲဒါဟာ လူတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကို လေးစားမှု၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ ကိုယ့်ကိုယ်ကိုတန်ဖိုးထားမှုတွေနဲ့ သက်ဆိုင်ပါတယ်။ ကိုယ့်ကိုယ်ကို လေးစားတန်ဖိုးထားမှုဟာ သင့်ရဲ့ ရည်မှန်းချက်တွေကို ရယူဖို့မှာ အရမ်းကို အရေးကြီးပါတယ်။ သင့်အနေနဲ့ သင်နဲ့ ထိုက်တန်တယ်လို့ သင့်ကိုယ်သင် ယူဆတဲ့အရာတွေကိုပဲ ရယူနိုင်အောင် ကြိုးပမ်းနိုင်ပြီး ထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ကိုယ့်ကိုယ်ကို လေးစားမှု၊ တန်ဖိုးထားမှုမရှိတဲ့သူတွေဟာ သူတို့ရဲ့ အောင်မြင်မှုကို ရရှိအောင် ကြိုးပမ်းမှုတွေကို ကိုယ့်ဟာကိုယ် ဖျက်ဆီးပါလိမ့်မယ်။ ကိုယ့်ကိုယ်ကို လေးစားတန်ဖိုးထားမှု မရှိတဲ့အခါမှာ သင့်ရဲ့အတွင်းစိတ်ကနေပြီးတော့ ကိုယ့်ကိုယ်ကိုယ် သံသယတွေ၊ မယုံကြည်မှုတွေကနေတဆင့် အောင်မြင်ဖို့ရည်မှန်းချက်တွေ ရရှိမှာကို တားဆီးပါတယ်။ 
နောက်ထပ်ဖြစ်နိုင်ခြေရှိတဲ့ ပြဿနာကတော့ သင့်ရဲ့မသိစိတ်ကနေပြီးတော့ သင်အောင်မြင်မှုကိုရရှိတာ၊ ချမ်းသာတာဟာ အပြစ်ရှိတယ်လို့ ထင်မြင်ယူဆနေတတ်တာပါပဲ။ တစ်ချို့လူတွေဟာ အောင်မြင်မှုကို ရရှိဖို့လုပ်ရတာ ရှက်စရာကောင်းသလိုလို အပြစ်ရှိသလိုလို ခံစားတတ်ကြတယ်။ တစ်ခါတစ်လေကျရင် မကောင်းတဲ့ကံတွေပြီးရင် ကောင်းတဲ့ကံတွ အလိုလို လာမလိုလို လည်း ပြောတတ်ကြပါသေးတယ်။ အဲဒီလိုစကားတွေက ကိုယ့်ကိုယ်ကို ဖျက်ဆီးနေတဲ့ စကားလုံးတွေ အနေနဲ့ သတ်မှတ်နိုင်ပါတယ်။ အဲဒါတွေဟာ ကိုယ့်ကိုယ်ကို အောင်မြင်အောင် ကြိုးစားမှုအတွက် ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်ထင်တဲ့စိတ်တွေ၊ ရှက်ရွံ့တဲ့စိတ်တွေလည်း ဖြစ်ပြီး ရှေ့ဆက်သွားဖို့ မစဉ်းစားခင် အဲဒီစိတ်တွေကို အရင်ပြုပြင်ဖို့ လိုအပ်ပါတယ်။ 
ပြီးခဲ့တဲ့ကာလတွေမှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ပြန်လည်တွေးတောခြင်းဟာ နောက်ထပ်အောင်မြင်မှုတွေရဖို့ သင့်ရဲ့ အရည်အချင်းတွေပေါ်မှာ ယုံကြည်မှုတည်ဆောက်နိုင်ဖို့အတွက် အထိရောက်ဆုံးနည်းလမ်းတွေပါပဲ။ ကျန်ခဲ့တဲ့ကာလတွေမှာ သင်ဘယ်လိုအခက်အခဲတွေကို ကြုံတွေခဲ့ရသလဲနဲ့ အဲဒါတွေကို ဘယ်လိုဖြတ်ကျော်ခဲ့သလဲဆိုတာတွေကို စဉ်းစားပါ။ သင့်အနေနဲ့ ယခင်က ကြုံတွေရတဲ့ အခက်အခဲတွေကို ကျော်ဖြတ်နိုင်တဲ့အချိန်၊ အောင်မြင်မှုတွေကို ရရှိတဲ့အချိန်တွေမှာ ဘယ်လိုခံစားရလဲ။ အခုနောက်ထပ်လိုချင်တဲ့ ရည်မှန်းချက်တွေကို ရရှိဖို့ အခက်အခဲတွေကို ဖြတ်ကျော်ဖို့တွေကလည်း အရင်ဖြစ်စဉ်တွေ အတိုင်းပါပဲ။
ကိုယ့်ကိုယ်ကိုယ် အနှောက်အယှက်ပေးတဲ့ စိတ်တွေကို ဖယ်ရှားပစ်ဖို့ နောက်ထပ်လေ့ကျင့်ခန်းကတော့ အဲဒီစိတ်တွေကို အပြုသဘောဆောင်တဲ့စိတ်တွေနဲ့ အစားထိုးဖို့ပါပဲ။ သင့်ရဲ့အတွေးထဲမှာ အပျက်သဘောစိတ်တွေ ၀င်လာတာနဲ့ တန်းပြီး သတိထားမိအောင် လေ့ကျင့်ပြီး အပြုသဘောဆောင်တဲ့ စိတ်တွေနဲ့ အစားထိုးပါ။ 
========================
3. I don’t have time, money or resources.
ကိုယ့်မှာ အချိန်၊ ငွေနဲ့ လိုတဲ့ အရင်းအမြစ်တွေ မရှိဘူးထင်တာ

တိုနီရော်ဘင်ကပြောပါတယ်။ အခြားအရာတွေအားလုံးထက် ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တွေက အရေးကြီးပါတယ်။ ကျွန်တော်တို့ ရဲ့ ဘ၀ပေးအခြေအနေတွေက ကျွန်တော်တို့တော်တော်များများ ရဲ့ ခရီးပန်းတိုင်ကို မသတ်မှတ်နိုင်ဘူး။ ကျွန်တော်တို့အများစုရဲ့ ဆင်ခြေတွေက ဟိုဟာမရှိလို့ ဒီဟာမရှိလို့ ဆိုတဲ့အပေါ်မှာ အခြေခံပါတယ်။ တစ်ချို့လူတွေက အခွင့်အရေးပိုရတယ်၊ ဗီဇအရပိုတော်တယ်၊ ပညာရေး၊ ပတ်ဝန်းကျင်၊ ငွေကြေးနဲ့ မိသားစုအနေအထားတွေမှာ သာတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် မဖြစ်နိုင်ဘူးထင်ရတဲ့ အိပ်မက်တွေကို ရအောင်လုပ်သွားသူတွေမှာ ရှိတဲ့ အရင်းအမြစ်တွေဟာ သာမန်လူတစ်ယောက်ရဲ့ ဘ၀အခြေအနေနဲ့ မကွာခြားလှပါဘူး။ သူတို့မှာ ပိုမြင့်တဲ့ IQ မရှိဘူး၊ သူတို့ပညာပိုမတတ်ဘူး၊ သူတို့မှာ နောက်ခံအင်အား သင်တို့ထက်ပိုမရှိပါဘူး။ သူတို့မှာ အိပ်မက်ကြီးကြီးမက်ဖို့နဲ့ အဲဒါတွေကို ရအောင် လုပ်ဖို့ တိတိကျကျ နည်းလမ်းတွေကို ရိုးရိုးရှင်းရှင်းပဲ လေ့လာသင်ယူပြီး အသုံးချသွားကြတာပါ။ 
ဘ၀မှာ လုပ်ချင်တာတွေ လုပ်ဖို့ပဲ အချိန်တွေ လုံလုံလောက်လောက်ရှိပါတယ်။ အများအားဖြင့် အဖြစ်များကြတဲ့ ပြဿနာတစ်ခုက Goal Conflict ဆိုတဲ့ ဘာကိုလိုချင်မှန်း ကွဲကွဲပြားပြား မသိကြတာပါ။ ဒါက ဘာကိုဆိုလိုလဲဆိုတော့ တစ်ပြိုင်တည်းမှာ တစ်ခုခုနဲ့တစ်ခု သဘောတရားမတူတဲ့ ရည်မှန်းချက်တွေထားရှိတာပါပဲ။ ဥပမာ – လူတစ်ယောက်ဟာ တစ်ချိန်တည်းမှာ စွန့်စားမှုလည်းမလုပ်ချင်ဘူး၊ လွတ်လပ်မှုလည်း လိုချင်နေတာမျိုးပါ။ ဒီလိုဖြစ်တာက တစ်ခါတစ်ရံမှာ သဘာဝကျတတ်ပေမယ့် ကိုယ်လုပ်ရမယ့်အလုပ်ကို ပြီးဆုံးအောင် မလုပ်နိုင်ပဲ ဆင်ခြေပေးတဲ့အနေနဲ့လည်း သုံးတတ်ကြပါတယ်။ အချိန်ကို စီမံခန့်ခွဲခြင်း၊ ကိုယ့်ဘ၀မှာ တန်ဖိုးထားတဲ့အရာတွေကို သတ်မှတ်ခြင်းနဲ့ ကိုယ့်ဘ၀ကို အချိန်ကာလအလိုက် လုပ်ချင်တာတွေ သတ်မှတ်ခြင်း စတဲ့ လေ့ကျင့်ခန်းများကို ပြုလုပ်တာဟယ ဒီအခြေအနေမျိုးကို ကျော်လွှားနိုင်ပါတယ်။ 
တစ်ခုသတိရဖို့လိုတာက သင်ဘယ်အရာကို လိုချင်လိုချင် ရအောင်လုပ်နိုင်ဖို့ ရာခိုင်နှုန်းများပေမယ့် သင်လိုချင်သမျှ အရာအားလုံးကိုတော့ မရရှိနိုင်ပါဘူး။ သင့်အနေနဲ့ သင်လိုချင်တာကို ရဖို့ ကြာလွန်းတယ် ထင်တဲ့အချိန်မှာ အလွန်များပြားသော အောင်မြင်မှုရရှိသူတွေဟာ အသက်အရွယ်ကြီးလာတဲ့အထိ သူတို့လိုချင်တာကို အာရုံစိုက်လုပ်ရင်း ရရှိသွားကြတာကို မမေ့စေချင်ပါဘူး။ 
========================
4. It’s too difficult
ကိုယ်လိုချင်တာဖြစ်ဖို့ အရမ်းခက်တယ်လို့ ထင်တာ

လူတစ်ယောက်ဟာ သူဖြစ်ချင်တာတွေကို သတ်မှတ်နိုင်ပြီထားဦး၊ အဓိက အဟန့်အတားကတော့ ဇွဲလုံ့လ ၀ီရိယနဲ့ကြိုးပမ်းအားထုတ်မှုမှ ပျက်ကွက်နေတာပါပဲ။ လူတော်တော်များများဟာ ပျင်းကြတယ်၊ ကျွန်တော်တို့ရဲ့ သဘာဝကိုက စိတ်ဖိစီးမှုများပြီး ရေရှည်အာရုံစိုက်ရမယ့် ကိစ္စတွေကို ရှောင်ရှားချင်ကြပြီး ချက်ချင်းလက်ငင်း ပျော်စရာကောင်းပြီး လွယ်ကူတဲ့ကိစ္စတွေကို အလေးသာတတ်ကြတယ်။ ကိုယ့်ကိုယ်ကို စည်းနဲ့ကမ်းနဲ့ နေဖို့လူတစ်ယောက်အတွက် အခက်ခဲဆုံးက ချက်ချင်းလက်ငင်း ပျော်ရွှင်မှုတွေက လက်ယပ်ခေါ်နေတဲ့အချိန်မျိုးမှာ တစ်ခုတစ်ခုကို စူးစိုက်ပြီး အာရုံပြုနေဖို့ပါပဲ။
တစ်ခုရှိတာက ဘ၀မှာ တန်ဖိုးထားရမယ့်အရာတွေကို ရရှိဖို့ဆိုရင် အလုပ်လုပ်ဖို့ လိုပါတယ်။ ခက်ခဲတဲ့ကာလတွေမှာ ကိုယ့်ရဲ့ အပျက်သဘောဆောင်တဲ့စကားတွေကို အပြုသဘောဆောင်တဲ့စကားနဲ့ အစားထိုးပြောင်းလဲခြင်းဟာ အရမ်းကို အကျိုးရှိတဲ့ကိစ္စဖြစ်ပါတယ်။ သင်လုပ်ရမယ့် အလုပ်တွေကို လမ်းရှည်တစ်ခု ခရီးစဉ်တစ်ခုလို့မြင်ကြည့်ပါ။ သင်အခုဘယ်နေရာကို ရောက်နေလဲ။ ဘယ်နေရာကို ဦးတည်ထားလဲ။ သင့်အနေနဲ့ ရုတ်တရက် လမ်းကြောင်းပြောင်းလိုက်မယ်ဆိုရင် အဲဒီလမ်းကြောင်းက သင့်ကို ဘယ်ကိုရောက်ရှိစေနိုင်မလဲ။ အကယ်၍ သင်လိုချင်တဲ့ အောင်မြင်မှုက အချိန်ယူပြီး ခက်ခဲမယ်ဆိုရင်တောင်မှာ သင့်ကိုယ်သင် သတိပေးရမှာက အဲဒီကိုသွားတဲ့လမ်းကြောင်းပေါ်မှာ ဆက်နေထိုင်ခြင်းရဲ့ တန်ဖိုးပါပဲ။ ခက်ခဲတဲ့အရာဆီကို သွားလိုက်ရင် ခက်ခဲတာ မရှိတော့ဘူးဆိုတဲ့စကားရှိပါတယ်။ အဲဒါက ဘာကိုဆိုလိုလဲဆိုတော့ ရှေ့ဆက်သွားဖို့အတွက် လူတစ်ယောက်အနေနဲ့ သူ့ရဲ့အတွင်းမှာရှိတဲ့ နက်ရှိုင်းတဲ့အားအင်တွေကို အသုံးပြုရမယ်ဆိုတာပါပဲ။ ခက်ခဲတဲ့ကာလတွေအတွက် ကြီးမားတဲ့ သတ္တိတွေ ဆုံးဖြတ်ချက်တွေ၊ ကျားကုတ်ကျားခဲ ကြိုးစားရမှုတွေ၊ ကျောထောက်နောက်ခံရှာထားရမှုတွေလည်း လိုအပ်ပါတယ်။ မိမိကို အမှန်တကယ်စေတနာရှိသူတွေရဲ့ အထောက်အပံ့တွေ၊ ကျိုးကြောင်းဆီလျော်စွာဆွေးနွေးပေးမှု၊ အားပေးမှုတွေကလည်း ဒီနေရာမှာ အလွန်အရေးကြီးပါတယ်။
========================
5. I have to do it my way
ဘယ်သူ့အကြံဥာဏ်မှ မယူပဲ ကိုယ့်ဟာကိုယ်ပဲ လုပ်မယ်စဉ်းစားတာ

အရည်အချင်းရှိပြီး ပါးနပ်တဲ့လူတွေ တစ်ခါတစ်ရံမှာ ဘာကြောင့် သူတို့ကိုယ် သူတို့ ပျက်စီးစေမယ့် မိုက်မဲတဲ့အရာတွေကို ပြုလုပ်တတ်ကြပါတယ်။ ဘ၀ရဲ့အစိတ်အပိုင်းအချို့မှာ အောင်မြင်အောင်လုပ်နိုင်ပြီး နောက်ပိုင်းမှာ မိမိကိုယ်ကိုယ်ဖျက်ဆီးသလိုဖြစ်သူတွေ၊ ကျောင်းမှထွက်ရသူတွေ၊ အလုပ်ပြုတ်သူတွေ၊ အဖမ်းခံရသူတွေ၊ မိသားစုကို ဆုံးရှုံးရသူတွေ၊ စီးပွားပျက်သူတွေ၊ စွပ်စွဲပြစ်တင်ခံရပြီး မျက်နှာပေးခြင်း မခံရတော့သူတွေမှာ တူညီမှုတွေရှိနေကြောင်းကို လေ့လာဆန်းစစ်သူတွေက တွေ့ရှိခဲ့ကြပါတယ်။
သူတို့မှာရှိတဲ့ အခြားသူတွေအပေါ်ဘယ်လိုထိခိုက်လဲ မစဉ်းစားဘူး၊ အခြားသူတွေရဲ့ အကြံဥာဏ်၊ သဘောထားတို့ကို ဂရုမစိုက်ဘူး မိမိယူဆတဲ့လမ်းအတိုင်းပဲလုပ်မယ်ဆိုတဲ့ စိတ်နေစိတ်ထားဟာ ဆိုးဝါးတဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်စေပါတယ်။ ပြဿနာအများအပြားဟာ မိမိစဉ်းစားတဲ့လမ်းကြောင်းအတိုင်း လုပ်ကိုလုပ်မယ်ဆိုတာကို လိုတာထက်ပိုဆုံးဖြတ်ထားတဲ့သူတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ ဒီအယုအဆဟာ တစ်ကိုယ်ကောင်းဆန်မှု၊ ပုန်ကန်လိုမှု၊ ခေါင်းမာမှု၊ တစ်ကိုယ်တည်းနေမှု၊ စိတ်မရှည်မှု၊ မဖြစ်မနေလုပ်ရမှု၊ မူးယစ်ဆေးဝါးစွဲနေမှု စသည်တို့အပြင် စိတ်ပိုင်းဆိုင်ရာနှင့် ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများကနေ ပေါ်ထွက်လာတတ်ပါတယ်။ 

ဘယ်လိုအကြောင်းရင်းကြောင့်ပဲ ဖြစ်ဖြစ် သင့်အနေနဲ့ သင်ဟာ ဘယ်သူ့အကြံဥာဏ်မှ မယူပဲ၊ မည်သူ့ သဘောထားမှ မစဉ်းစားပဲ၊ အခြားသူများကို ထိခိုက်နိုင်မှုကိုပါ ဂရုမစိုက်ပဲ သင်ရွေးချယ်တဲ့လမ်းကိုသာ ရွေးချယ်ပြီးတော့ သင်လိုချင်တဲ့အရာကို ရမယ်လို့ စဉ်းစားနေပြီဆိုရင် အဲဒါဟာ အရေးကြီးတဲ့ အကြောင်းအရာဖြစ်နေပါပြီ။

========================

6. They don’t want me to …
ကိုယ်ဖြစ်ချင်တာထက် အခြားသူတွေ ဖြစ်ချင်တာပဲ စဉ်းစားတာ

သင့်ကိုယ်သင်မကြာခဏမေးသင့်တဲ့ မေးခွန်းတစ်ခုက သင်ဟာသင် အမှန်တကယ်လိုချင်တဲ့ ဘ၀မှာ နေနေတာလား၊ အခြားသူတွေ သင့်ကိုဖြစ်စေချင်တဲ့ ဘ၀မှာ နေနေတာလား။ ဒီမေးခွန်းကို ဖြေဖို့ ပျက်ကွက်တာဟာ သင့်ရဲ့အောင်မြင်အောင်ပြုလုပ်မည့် အစီအစဉ်တစ်ခုလုံးကို ပျက်စီးစေနိုင်ပါတယ်။ 

အခြားသူတွေအပေါ် အလွန်အမင်းထည့်သွင်း စဉ်းစားခြင်းဟာ သင့်ရဲ့ စိတ်အားတက်ကြွမှုနဲ့ လုပ်ဆောင်မှုတွေ အပေါ်မှာ နှောင့်နှေးကြန့်ကြာစေပါတယ်။ ဒါ့အပြင် အဲဒါဟာ သင့်ဟာသင်မလုပ်တာကို အခြားသူတွေကြောင့်ဆိုပြီး စွပ်စွဲပစ်တင်နေဖို့ ဖြစ်စေပါတယ်။ သင်အောင်မြင်ရင် အခြားသူတွေ မနာလိုဖြစ်မှာ စိတ်ဆိုးမယ်၊ စိတ်မကောင်းဖြစ်မယ်၊ အလွန်အမင်း ဆင်းရဲချို့တဲ့သွားမယ် ဆိုတဲ့ မဆီမဆိုင် အကြောင်းပြချက်တွေနဲ့ပါ။ အဲဒီအကြောင်းပြချက်တွေဟာ သင့်ရဲ့လုပ်ပိုင်ခွင့်နဲ့ လုပ်နိုင်စွမ်းအားကို ကန့်သတ်ထားပါတယ်။ အချို့သူတွေက သင့်ရဲ့ ရှုံးနိမ့်မှုတွေကို ပြစ်တင်ရှုံ့ချတတ်တယ်ဆိုရင် ဒီလိုလူတွေက သင့်ရဲ့ အောင်မြင်မှုကို တားဆီးထားမယ့်သူတွေပါပဲ။ ဒါကို လက်ခံမယ်ဆိုရင် သင်ဟာ သင့်ရဲ့ ကိုယ်ပိုင်လုပ်ပိုင်ခွင့်ကို အခြားသူတွေကို လွှဲအပ်ထားသလိုဖြစ်ပြီး ကိုယ့်ကိုယ်ကို လုံးဝဖျက်ဆီးပစ်တာနဲ့ တူတူပါပဲ။ 
လူသားတွေမှာ ရှိတဲ့ ကြီးမားတဲ့ လိုအပ်ချက်တစ်ခုဟာ အခြားသူတွေဆီက ခွင့်ပြုချက်တောင်းယူတာပဲ။ အခြားသူတွေ ခွင့်မပြုမှာကို စိုးရိမ်တာက ကိုယ့်ကိုယ်ကို ကြီးကြီးမားမား ဖျက်ဆီးခြင်းတစ်မျိုးဖြစ်ပါတယ်။ အခြားသူတွေ သင့်ကို ဘယ်လိုထင်မလဲဆိုတာကို စိုးရိမ်စိတ်ကြောင့် သင်ရှေ့မတိုးနိုင်တဲ့အချိန်မှာ သင့်ဘ၀သင် တိုးတက်အောင်လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်ထားတဲ့စိတ်ဟာ အခြားသူတွေဆီက ခွင့်ပြုချက်ရယူမှဖြစ်မယ်ဆိုတဲ့ စိတ်နဲ့ အတင်းအကျပ် အစားထိုးခြင်း ခံရပါတယ်။ သင့်ဘ၀မှာ ရှိတဲ့သူအများစုဟာ သင့်ကို ကူညီချင်ကြပါတယ်။ ပြီးတော့ သင့်ကို ဘယ်လိုကူညီရမယ်ဆိုတာကို သဘောမပေါက်ကြပါဘူး။ သင့်အနေနဲ့ သင့်မိသားစု၊ သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များ၊ အခန်းဖော်များကို သင့်ကို ဘယ်လိုကူညီတာ အကောင်းဆုံးဖြစ်မယ်ဆိုတာ သင်ပြပေးလို့ ရပါတယ်။ မိသားစုနဲ့ သူငယ်ချင်းတွေအပြင် Personal Coaches, Counselors, Mentors, Teachers စသူတွေကို ရှာဖွေ အကြံဥာဏ်ယူခြင်းဟာလည်း သင့်အတွက် အထောက်အကူဖြစ်မှာပါ။ ========================
 7. I am afraid
ဆုံးရှုံးရမှာကို လိုတာထက် ပိုကြောက်တာ

ကြောက်စိတ်ဟာ အောင်မြင်မှုအတွက် နံပါတ် ၁ အဖျက်သမားဖြစ်ပါတယ်။ ကြောက်စိတ်ရှိနေတာဟာ အကြောင်းရင်းရှိပါတယ်။ ဘေးရန်များမှ ကာကွယ်ပေးဖို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ ကြောက်စိတ်တွေဟာ အကြိမ်တော်တော်များများမှာ လိုအပ်တာထက်ပိုပြီး ပြင်းထန်ပါတယ်။ လူတော်တော်များများဟာ ဘာကိုကြောက်လို့ကြောက်မှန်း မသိတာပါ။ သူတို့တွေ ပြောင်းလဲမှုတွေကိုကြောက်ကြတယ်။ ရှုံးနိမ့်မှု၊ အောင်မြင်မှု၊ ခွင့်ပြုချက်မရမှု၊ အပြစ်တင်ခံရမှု၊ နာကျင်မှု နဲ့ ရုန်းကန်ရမှုတွေပါ။ ကြောက်ရွံ့ခြင်းဟာ လူတွေကို မပျော်ရွှင်မှုနဲ့ အဆင်မပြေမှုတွေမှာ ဆက်ပြီးရှိစေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြောင်းလဲမှုဟာ အခုလက်ရှိအခြေအနေထက် ပိုဆိုးကောင်းဆိုးသွားနိုင်တဲ့ ဘာမှန်းမသိတဲ့အခြေအနေကို ဦးတည်တယ်လို့ လူတွေက နားလည်ပါတယ်။ သင့်ရဲ့ကြောက်ရွံ့ခြင်းတွေဟာ ယုတ္တိရှိချင်ရှိရှိမယ်၊ မရှိချင်မရှိပါဘူး။ သင့်အနေနဲ့ အမှန်တကယ် စွန့်စားရမှုဟာ ဘယ်လောက်ကြီးမားတယ်ဆိုတာကို သိနိုင်ဖို့ အမှန်တကယ်ရှိနေတဲ့ အခြေအနေကို လေ့လာဆန်းစစ်ဖို့ လိုအပ်ပါတယ်။
မိမိအမြင်တွေကို ပြန်လည်ပြောင်းလဲယူခြင်းဆိုတဲ့ နည်းစနစ်က ရှုံးနိမ့်မှုဆိုတဲ့စကားလုံးကို အတွေ့အကြုံမှ သင်ယူခြင်းဆိုတဲ့ စကားလုံးနဲ့ အစားထိုးပါတယ်။ တစ်နည်းပြောရလျှင် ရှုံးနိမ့်မှုဆိုတာဟာ သင်လိုချင်တဲ့ရလာဒ်ကို မရတဲ့ဖြစ်ရပ်တစ်ခုပါပဲ။ ရှုံးနိမ့်မှုနဲ့ ပတ်သက်ပြီး ကြောက်စရာကောင်းတဲ့ ယုံကြည်မှုတစ်ခုကတော့ ငါမအောင်မြင်ခဲ့ဘူး၊ အဲဒါကြောင့် ငါဟာ မအောင်မြင်တဲ့သူပဲလို့ မြင်တာပါ။ အတွေ့အကြုံမှ သင်ယူခြင်းဆိုတဲ့ စကားလုံးကို သုံးရတဲ့ ရည်ရွယ်ချက်ဟာ ရှုံးနိမ့်မှုဆိုတာဟာ ခရီးလမ်းဆုံးတစ်ခုမဟုတ်ပဲ ကြီးမားတဲ့ အောင်မြင်မှုကို သွားတဲ့လုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုဆိုတာကို သင့်ကို နားလည်စေချင်တာပါပဲ။ ဒီအယူအဆဟာ အောင်မြင်မှုအတွက်လည်း အသုံးပြုလို့ရပါတယ်။ သင့်ရဲ့လက်ရှိအောင်မြင်မှုတွေဟာ ခရီးလမ်းဆုံးမဟုတ်ပဲ အခြားပိုမြင့်မားတဲ့ အောင်မြင်မှုတွေကို ရယူဖို့ ခရီးမှတ်တိုင်တွေဖြစ်ပါတယ်။ 
ရှုံးနိမ့်ခြင်း၊ မအောင်မြင်ခြင်းတွေအပေါ်မှာ စိုးရိမ်စိတ်တွေကို စိတ်ရှည်ခြင်း၊ အချိန်ယူကြိုးစားခြင်းနည်းတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး ကျော်ဖြတ်နိုင်ပါတယ်။ လွယ်ကူရိုးရှင်းတဲ့အလုပ်ကလေးတွေမှာ အောင်မြင်မှုလေးတွေ လေးစားလောက်စရာ စပြီးရလာပြီဆိုရင် သင့်ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေဟာ မြင့်တက်လာနိုင်ပြီး ပိုမိုကြီးမားတဲ့အောင်မြင်မှုတွေဟာ အမှန်တကယ်ဖြစ်ပေါ်လာနိုင်ပါတယ်။ မိမိရည်မှန်းချက်ကို ရအောင်လုပ်မယ်လို့ ဆုံးဖြတ်ခြင်းဟာ အဲဒီ ရည်မှန်းချက်အမှန်တကယ်ဖြစ်လာသည်ဖြစ်စေ မဖြစ်လာသေးသည်ဖြစ်စေ မိမိကိုယ်ကို လေးစားကြည်ညိုစိတ်ကို ဖြစ်ပေါ်စေပါတယ်။ သင့်ရဲ့ အရည်အချင်းတွေအပေါ်မှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု မြင့်လာလေလေ ပိုပြီးကြီးမားတဲ့အခက်အခဲတွေကို ရင်ဆိုင်ဖို့ အသင့်ဖြစ်လေလေပါပဲ။
တစ်ကြိမ်ဖတ်ရုံ Share ရုံထက် တစ်နေရာရာမှာ ကူးထားပြီး စိတ်ဓါတ်ကျတိုင်း ပြန်ဖတ်ရင် အကျိုးရှိမယ်ထင်ပါတယ်။ ညီ၊ ညီမအရွယ် လူငယ်တွေအတွက် အကျိုးရှိမယ်ဆိုတာ ယုံကြည်လို့ အချိန်မရတဲ့ကြားထဲက ကြိုးစားပြီး တင်ပေးလိုက်ပါတယ်။  
Credit to KoNaingGyiNotes